Ubuntu 9.10, Karmic Koala >> Ubuntu 10.04 LTS, Lucid Lynx

ဒီနည်းလမ်းက တစ်ချို့သူတွေ လက်ရှိသုံးနေတဲ့ Ubuntu 9.10, Karmic Koala ကနေ >> Ubuntu 10.04 LTS, Lucid Lynx ကို ပြောင်းလဲချင်တဲ့အခါ Upgrade လုပ်ဖို့ နည်းလမ်း မသိရှိသေးသူတွေ အတွက်ပါ။ သိပ်လည်း ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။ Newbies တွေအတွက် သီးသန့် ရည်ရွယ်ပါတယ်။ ဒီနည်းလမ်းကို နောက်အမည် တစ်မျိုးနဲ့ Network upgrade လို့လည်း ခေါ်ပါတယ်။ ဒီ Upgrade လုပ်ငန်းစဉ်ကို မလုပ်ဆောင်ခင် ကြိုတင်အသိပေးထားချင်တာက ကိုယ့်အတွက် အရေးကြီးတဲ့ ဖိုင်တွေကို Backups လုပ်ဆောင်ထားဖို့အကြံပြုထားချင်ပါတယ်။ ဥပမာ အနေနဲ့ -


- /var/www/ content, - /home/user config files စတာတွေ ဖြစ်ပါတယ်။

Upgrade လုပ်ငန်းစဉ် စတင်ဖို့အတွက် System -> Administration -> Update Manager ကိုသွားပါ။ အဲ့နောက်မှာ Check buttom ကို နှိပ်ပြီး latest updates တွေ ရှိမရှိ စစ်ဆေးလိုက်ပါ။ တကယ်လို့များ updates တစ်ချို့ ရှိနေမယ် ဆိုရင် သူ့တို့ကို အရင် install လုပ်ပြီး နောက်ထပ်တစ်ကြိမ် Check buttom ကိုထပ်နှိပ်ပါ။ ခုတစ်ကြိမ်မှာတော့ ညာဘက်အပေါ်ထောင့်နားမှာ ခုအောက်မှာ ဖော်ပြထားသလိုမျိုး နောက်ထပ် Ubuntu Release ရရှိနေပြီ ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ အောက်က ပုံကို ဆက်ကြည့်ကြည့်ပါ။


Upgrade ဆိုတာကို နှိပ်လိုက်တဲ့ အချိန်မှာ ခုလို release notes ကိုတွေ့ရပါလိမ့်မယ်။ 
 


အဲနောက်မှာမှ Upgrade လုပ်ငန်းစဉ် စတင်ဖို့ အပေါ်ပုံမှာ မြင်နေရတဲ့ အတိုင်း Upgrade ဆိုတာကို နှိပ်ရမှာ ဖြစ်ပါတယ်။


ဒီလောက်ပါပဲ။

KznT.


Customize Your Ubuntu Applications

apt:shotwell
Ubuntu မှာပါလာတဲ့ default applications တွေက လူအများစုအတွက်တော့ သုံးလို့ အဆင်ပြေပါတယ်။ ဒါပေမယ့်လည်း ပြင်ဆင်ပြီးမှ သုံးစွဲချင်တယ် ဆိုသူများအတွက်တော့ သုံးလို့လည်း အဆင်ပြေ default applications တွေနဲ့လည်း မခြား စွမ်းဆောင်ရည်ရှိတဲ့ applications မျိုးတွေကို ပြောင်းလဲ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ အောက်မှာ ကျွန်တော် ဖော်ပြသွား မယ့် အကြောင်းအရာတွေက အကောင်းတကာ့ အကောင်းဆုံးပါလို့ မဆိုလိုပေမယ့် လတ်တလောမှာ လူကြိုက် အများဆုံး လူသုံးအများဆုံးတွေကို အခြေခံပြီး ရွေးချယ် တင်ပြထားတဲ့ အစားထိုးဖြည့်စွက်စရာ Ubuntu applications တွေပဲ ဖြစ်ပါတယ်။

Empathy အစား Pidgin

Pidgin နဲ့ Empathy က အသုံးပြုပုံချင်း လုပ်ဆောင်ပုံချင်း တော်တော်လေးကိုဆင်တူပါတယ် - ဥပမာအနေနဲ့ ပြောရရင် သူတို့ ( ၂ ) ခုလုံးက တစ်ခြား IM services တွေနဲ့ communicate လုပ်နိုင်ဖို့အတွက် libpurple ကိုသုံးကြပါတယ်။ ဒါ့အပြင် Empathy က Pidgin လုပ်ဆောင်နိုင်တာတွေ အားလုံးနီးပါး လုပ်ဆောင်နိုင်တယ် ဆိုပေမယ့်လည်း ( တစ်ချို့နေရာ တွေမှာ Pidgin ထက် သာတာတွေလည်း ရှိပါတယ် )  users တော်တော်များများကတော့ ကိုယ့်အတွက်လည်း သုံးနေကြဖြစ်ပြီး - အသားလည်းကျ နေတဲ့ Pidgin ကိုပဲ သုံးဖို့ ဆန္ဒရှိကြပါတယ်။ Empathy ကနေ Pidgin ကို ပြောင်းသုံးတာ ဘာမှ ထူးထြွေပီး ပြဿနာလည်း မရှိပါဘူး။ အသုံးပြုရတဲ့ပုံစံရော နောက်ပြီး Empathy မှာ တုန်းက Account ဖြည့်ရတဲ့ ပုံစံကော အားလုံး လိုလို တော်တော်များများ ဆင်တူပါတယ်။


image

PiTiVi အစား OpenShot

ကျွန်တော်မနေ့က ဒီနေရာမှာ PiTiVi အကြောင်း မိတ်ဆက်ဖူးပါသေးတယ်။ PiTiVi ကို Ubuntu 10.04 မှာ Default application အဖြစ် ထည့်သွင်းသွားမယ်လို့ တရားဝင်လည်း ကြေငြာလိုက်ရော အသုံးဝင်ပြီး stable လည်း ဖြစ်တဲ့ video editor တစ်ခု Ubuntu မှာ ပါဝင်လာတော့မယ်ဆိုပြီး users တော်တော်များများ ပျော်ခဲ့ရပါတယ်။ ဒါပေမယ့် users တစ်ချို့အတွက်တော့ PiTiVi က သူတို့လိုချင် - လုပ်ချင်တာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အရမ်းကို basic ကျနေတာရယ် - windows မှာ သုံးနေကျ video editing software တွေနဲ့ နိှုင်းယှဉ်လိုက်ရင် features တွေ နည်းနေတာတွေကြောင့် နောက်တစ်ခုကို ပြောင်းသုံးဖို့ ဆန္ဒရှိလာကြပါတယ်။ ဒါဆိုရင်တော့ တစ်ခြား မသုံးပါနဲ့။ OpenShot ကိုသုံးကြည့်ပါ။

ဖန်တီးနိုင်စွမ်း နှင့် လုပ်ဆောင်နိုင်မှု ရိုးရှင်းပါသည်။

OpenShot မှာ users တွေအသုံးချချင်တဲ့ features တော်တော်များများ ပါဝင်ပါတယ်။ video effects တွေ editing tools တွေ – အားလုံးလိုလိုက သုံးရလွယ်ကူအောင် ပြင်ဆင်ပေးထားပါတယ်။


ပါဝင်သော Features များ -






  • Over 30 video effects, 28 transitions and 10 audio effects





  • Green-screen/Chrome Key support





  • Title editor





  • Dynamic Tiling





  • Simple export presets
OpenShot ကို install လုပ်ဆောင်ချင်မယ် ဆိုရင်တော့ Ubuntu ထဲ ဝင်ပြီး အောက်ဖော်ပြပါ button ကို Click တစ်ချက် ပေးလိုက်ယုံပါပဲ -

image[3]

F-Spot အစား Shotwell

Shotwell ဆိုတာ F-Spot နေရာမှာ အစားထိုးနိုင်လောက်အောင် အရည်အသွေးပြည့်မီှတဲ့ photo editor တစ်ခုပါပဲ။ အရည် အသွေးပြည့်မှီယုံတင်လား မဟုတ်သေးပါဘူး။ သူက photo editor/fixer နဲ့ ပတ်သတ်ရင် ပိုပြီး အသုံးချရလွယ်ကူသလို photo တွေကို စုဖွဲ့တဲ့ နေရာမှာလည်း အောက်ဖော်ပြပါ အတိုင်း အသုံးတည့်လှပါတယ်။


သူ့မှာပါဝင်တဲ့ ထူးခြားတဲ့ Features ကတော့ ပုံတွေကို date အလိုက် စုစည်းယူလို့ ရသလို - ဒါမှမဟုတ် tags အလိုက် - စုစည်းယူ လို့လည်း ရပါတယ်။ ဒါ့အပြင် ကိုယ့်ဆီမှာ ရှိနေတဲ့ ဓာတ်ပုံတွေကို Flickr, Facebook, Picasa တို့ဆီလည်း တိုက်ရိုက် upload တင်လို့ ရပါတယ်။ editing tools တြွေဖစ်တဲ့  rotate, crop, reduce red-eye, saturation, tint နဲ့ temperature တွေလည်း ပါဝင်ပါတယ်။ ShotWell ကို install လုပ်ဆောင်ချင်မယ် ဆိုရင်တော့ အပေါ်မှာ ပြောထားခဲ့တဲ့ အတိုင်း Ubuntu ထဲ ဝင်ပြီး အောက်ဖော်ပြပါ button ကို Click တစ်ချက် ပေးလိုက်ယုံပါပဲ -

image[13]

Bottom panel အစား dock

Ubuntu မှာပါတဲ့ bottom panel ကို ကြည့်ရတာ စိတ်ထဲမှာ သိပ်မလန်းဘူးလို့ ယူဆရင်တော့ သူ့အစား အလန်းဇယား ဖန်တီးပေးမယ့် Dock ဆိုတာ ရှိပါတယ်။ အောက်ကပုံကို ကြည့်ကြည့်ပါ။

Selection_29(004)[3]

Docky is မှာ ဆိုရင် Gmail, weather, တွေအပါအဝင် တစ်ခြား applications တွေထဲက ကိုယ် အသုံးချချင်တာကိုလည်း သူ့ထဲကို ဆွဲခေါ်ပြီး ထည့်ထားလို့ ရပါတယ်။ Ubuntu တင်တိုင်း ကျွန်တော်ကတော့ သူ့ကို မဖြစ်မနေ ထည့်သုံးပါတယ်။ တော်တော်လေးလည်း ဆွဲဆောင်မှု ရှိပြီး တကယ်လည်း အသုံးဝင်လို့ပါ။ နောက်ပြီး Dock ကို လိုချင်လို့ ထပ်ပေါင်းချင်သေးတယ် ဆိုရင်လည်း screen ရဲ့ လေးဘက်လေးတန်မှာ နောက်ထပ် အပို Dock တွေ ထပ်ထည့်ထားလို့ ရပါသေးတယ်။ အထဲထဲမှာ Panel ထဲမှာရှိနေတဲ့ အသုံးမလိုတဲ့ shortcuts တွေကို ဖျက်ဖို့ကလည်း မခက်ပါဘူး။ panel ရဲ့ အပြင်ဘက်ကို drag and drop ဆွဲထုတ်ပြီး Remove လုပ်လို့ ရပါတယ်။ တကယ်လို့ bottom panel ကို ဖျက်ချင်တာမျိုးလား - ဒါကလည်း မခက်ပါဘူး bottom panel ကို right click ပေးပြီး " delete " လုပ်လို့ ရပါတယ်။

image[33]

OpenOffice အစား ZohoWebOffice

တကယ်လို့များ Ubuntu မှာ ထည့်သွင်းပေးထားပြီးသား feature လည်း စုံတဲ့ Office suite ကို အသုံးမပြုချင်ဘူး ဆိုရင် သူ့အစား တစ်ခြား GoogleDocs ဒါမှမဟုတ် ZohoWebOffice ကို အသုံးပြုလို့ ရပါတယ်။ သူတို့ ( ၂ )ခုလုံးကို Ubuntu မှာ ရှိတဲ့ ကိုယ်သုံးတဲ့ Browser မှာ standalone windows အဖြစ်နဲ့ ချိတ်ဆက်နိုင်အောင် shortcuts တွေအနေနဲ့ installed လုပ်ဆောင်ထားလို့ရပါတယ်။

Selection_001[5]


image

Firefox အစား Google Chrome*

Firefox ကတော့ Browsers တွေထဲမှာ king လို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါပေမယ့်လည်း ခုနောက်ပိုင်းမှာတော့ Firefox ကို ခြေတိုင်းလာတဲ့ နောက် Browser တစ်ခု ရှိနေပါပြီ။ သူကတော့ Google Chrome ပါ။ တစ်ခြား Browsers တွေ အများကြီး ရှိနေပေမယ့် ခုချိန်မှာ users တော်တော်များများက Firefox နေရာမှာ အစားထိုးဖို့ ရွေးမယ်ဆိုရင် Chrome ကိုပဲ ရွေးချယ်ကြတာ များလာပါတယ်။ Chrome စစထွက်စဉ်က Firefox နဲ့ ယှဉ်ရင် မြန်တာ သိသာတာလေး တစ်ခုကလွဲရင် Extensions ပိုင်းဆိုင်ရာ တွေကတော့ Firefox ရဲ့ ပြည့်စုံမှုကို မမှီခဲ့ပါဘူး။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ Firefox ကိုအံတုနိုင်တဲ့ Extensions တွေ Chrome မှာ မနည်းမနော ရှိနေပါပြီ။ ဥပမာပြောရရင် ( adblockers, flashblockers, Gmail alerts, Last.fm radio, စသဖြင့် ဖြစ်ပါတယ်။ )




Google Chrome မှာ နောက်ထပ် ကောင်းတာ တစ်ချက်က သူ့မှာ  Flash ကို pre-installed လုပ်ဆောင်ထားပြီးသား ပါရှိတာပါ။ အဲ့ကြောင့်မို့လို့ Browser တစ်ခါ လုပ်ပြီးတိုင်း flash installer လိုက်ရှာရတဲ့ ဒုက္ခကနေ ကင်းဝေးပါတယ်။ installed လုပ်ဆောင် ပြီးတာနဲ့ Chrome လေးကိုဖွင့် Youtube ကြည့်ကြည့် MySpace သွားသွား အားလုံး အသင့်ပါပဲ။



image

*နောက်တစ်ခု အနေနဲ့ repositories ထဲမှာ Chromium ဆိုတာလည်း ရှိပါတယ်။ ဒါပေမယ့် သူ့မှာတော့ Flash ကို pre-installed လုပ်ဆောင်ထားတာ မပါဝင်ပါဘူး။

Totem အစား VLC

Totem movie player ကတော့ users တော်တော်များများ မကြိုက်ကြပါဘူး။ ကျွန်တော်လည်း မကြိုက်ပါဘူး။ သူ့အစား ကျွန်တော် VLC ပဲသုံးသလို အတော်များများကလည်း VLC သုံးဖို့ကိုပဲ အားသန်ကြတာတွေ့ရပါတယ်။ သူ့မှာ plug-ins  တွေလည်း မနည်းမနောပါသလို တစ်ခြား functions တွေလည်း မနည်းမနောပါဝင်ပါသေးတယ် - 



image

Rhythmbox အစား Banshee



Users တော်တော်များများက Banshee ကို အကြောင်းအမျိုးမျိိုးနဲ့ ရွေးချယ်ကြပါတယ်။ Banshee မှာ ဆိုရင် Plug-ins မျိုးစုံ ၊ Online content တွေနဲ့ ချိတ်ဆက်နိုင်ဖို့ ဖန်တီးပေးထားတဲ့ Tools အမျိုးမျိုး ၊ ကိုယ့်ရဲ့ Library ကို ပုံစံအမျိုးမျိုးနဲ့ ရှုမြင်နိုင်မှု  အပြင် mobile phones တော်တော်များများ အတွက်လည်း သူက support ပေးပါတယ်။ ဒါ့အပြင် သူ့မှာ UbuntuOne Music Store လည်းပါဝင်ပါတယ်။



image

Default picture viewer အစား ViewNior

Ubuntu မှာ Default ပါဝင်ပြီးသား image viewer ကလည်း ကောင်းပါတယ်။ ဒါပေမယ့် သူ့လိုမျိုးပဲ အသုံးပြုရလွယ်ကူပြီး ပေါ့ပါး မြန်ဆန်တဲ့ နောက် viewer တစ်ခု ရှိပါသေးတယ်။ သူကတော့ ViewNior ပါ။




ViewNior က မြန်ဆန်တယ် ၊ တိကျတယ် ၊ image formats တော်တော်များများကိုလည်း supports ပေးတယ်။ နောက်ပြီး simple editing tools တြွေဖစ်တဲ့ crop လုပ်တာ rotate လုပ်တာလောက်လေးအတွက်နဲ့ တစ်ခြား applications တွေဆီ ကိုယ့်ပုံကို ပြောင်းပို့ပြီး လုပ်ဆောင်နေရတာမျိုးတွေလည်း မလိုအပ်ပါဘူး။ 


တစ်ခုရှိတာက သူ့ကို Ubuntu repositories ထဲမှာ မပါဝင်ပါဘူး။ သူ့ကို သုံးချင်တယ် ဆိုရင် Terminal ထဲကနေ install လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Terminal သုံးရမှာ စိတ်ညစ်တဲ့ သူတွေ အတွက်တော့ သိပ်အဆင်မပြေဘူးပေါ့ - ဒါပေမယ့်လည်း လက်မလျော့ပါနဲ့ ဒီအောက်မှာ ဖော်ပြထားတာတွေကို Terminal မှာ copy / Paste လုပ်ပြီး သုံးကြည့်ပါ - အဆင်ပြေပါလိမ့်မယ်။ 
  • sudo add-apt-repository ppa:xsisqox/ppa
  • sudo apt-get update && sudo aptitude install viewnior

KznT.

Birthday Presents !!

Happy Birthday Nge !!

ဒါကတော့ ငယ့် အတွက် ကို့ရဲ့ မွေးနေ့လက်ဆောင်ပါ -




တစ်ခြား ပစ္စည်းတွေ အများကြီးထဲက ဒီ လော့ကက်ကို ရွေးပေးဖြစ်တာ - ကို့ စိတ်ထဲမှာ စိတ်ကူး တစ်ခု ရှိလို့ပါ။ - အဲတာ ဘာလဲဆိုတော့ ဒီ လော့ကတ်လေးလိုပဲ ကို ငယ့် ရင်ဘတ်နဲ့ အနီးဆုံးနေရာမှာ ကို အမြဲ နေခွင့်ရချင်တယ်။ နောက်ပြီး ဒီ လော့ကတ်လေးကို ငယ်သေသေချာချာ ကြည့် - သူ့မှာ အနားခြောက်ဖက်ပါတယ်။ ဒါက ကိုတို့ ( ၆ ) နှစ်တာ ဖြတ်သန်းခဲ့ပြီး သွားတဲ့ ချစ်သူ သက်တမ်းရဲ့ မှတ်တိုင် တစ်ခု အဖြစ်လည်း ကိုယ်စားပြုတယ်။ နောက်တစ်ခု အနေနဲ့ တစ်ခြားပစ္စည်းတွေ အများကြီး ထဲက ဒါလေးကို ရွေးပေးဖြစ်တာ - မွေးနေ့မှာ အမှတ်တရ ဖြစ်စေချင်လို့ပါ။ ငယ့်ကို ကို အရမ်းချစ်တယ်။ ခြောက်နှစ်တာ ဖြတ်သန်းခဲ့ပြီးတဲ့ ကာလ အတွင်းမှာ ငယ့်အပေါ် ပြောမှားဆိုမှား ရှိခဲ့တာ - ကို့ဘက်က အနိုင်ယူသလို ဖြစ်ခဲ့တာ - ငယ် စိတ်ကတောက်ကဆ ဖြစ်အောင် ကို လုပ်ခဲ့မိတာတွေ ရှိခဲ့ရင် ငယ့်မွေးနေ့မှာ ကို့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ်။ ကို ငယ့်ကို ချုပ်ချယ်ခဲ့တာ - ဟိုမသွားနဲ့ ဒီမသွားနဲ့လို့ မပြောပေမယ့် အဲလို အဓိပ္ပါယ်မျိုး သက်ရောက်တဲ့ စကားသံမျိုးတွေ ကို ပြောဖြစ်ခဲ့တာ ကိုယ့်ကိုယ်ကိုယ်လည်း သိပါတယ်။ အဲ့အတွက်လည်း ကို တောင်းပန်ပါတယ်ငယ်။ ကို ငယ့်ကို အရမ်းချစ်လို့ပါ။ ဆုံးရံှုးရမှာ ကြောက်လို့ပါ။ ကို့ကို နားလည်ပေးပါနော်။

ငယ့် မွေးနေ့မှာ ငယ် အကြားချင်ဆုံး ဖြစ်မယ့် စကားတစ်ခွန်းလည်း ထပ်ပြောချင်ပါသေးတယ်။

ငယ့်ကို အရမ်းချစ်တယ် - နောင်တစ်ချိန်မှာ ကို့ရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာကြောင့် ငယ် စိတ်မဆင်းရဲ စေရပါဘူးလို့ ငယ့်မွေးနေ့ မှာ ကို ကတိပေးပါတယ်။

နောက်ဆုံး အနေနဲ့ ကျန်တာတော့ ငယ့်မွေးနေ့ အတွက် ကို့ ဆုတောင်းပါ -

၂၀၁၀ ခုနှစ် မေလ ( ၁ ) ရက်နေ့မှာ ကျရောက်တဲ့ ကို့ရဲ့ ချစ်ဇနီး ငယ် - အသက် ( ၂၅ ) နှစ်ပြည့် မွေးနေ့ကနေ စပြီး နောင်နှစ်ပေါင်းများစွာတိုင် - သာယာချမ်းမြေ့တဲ့ မိသားစု ဘဝကို ချစ်ခင်ပွန်း ကိုနဲ့ တူတူ လက်တွဲ ဖြတ်သန်းနိုင်ပြီး - အိမ်ထောင့်တာဝန်ကျေပွန်သော - နှစ်ဖက်မိဘများ အပေါ်သိတတ်နားလည်သော - အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်း စောင့်ရှောက်နိုင်သော - အမျိုးကောင်းသမီး တစ်ယောက်အဖြစ် သက်ဆုံးထိတိုင် ကိုနဲ့အတူ ဖြတ်သန်း ရပ်တည်နိုင်ပါစေလို့။

ချစ်ခြင်းအားဖြင့်
ကို
မေ ( ၁ ) ၂၀၁၀။

Hands on with Ubuntu 10.04 Lucid Lynx

Ubuntu 10.04 ထွက်ပါပြီ။ နောက်ထွက် version နဲ့ အတူ "Lucid Lynx" မှာ ပိုပြီး ထူးခြားကောင်းမွန်လာအောင် ဖန်တီးထားတာတွေလည်း ပါလာပါတယ်။ တကယ့် ကျွမ်းကျင် ပညာရှင်တွေရဲ့ ဦးဆောင်မှု အောက်မှာ "Lucid Lynx" က ဘာတွေများ ထူးခြားလာပါသလဲ ?? ကျွန်တော် သဘောကျတာတော့ တော်တော်များလာပါတယ်။ အကုန်လိုက်ပြောနေရင်တော့ ကုန်နိုင်မယ် မထင်ဘူး။ ဥပမာ ပြောရရင် Twitter တို့ Facebook  တို့လို Social Media တွေကို အသုံးပြုသူ Users တွေအတွက် အလွယ်တကူ အသုံးချနိုင်အောင် စီစဉ်ပေးထားတဲ့ သဘောကျစရာ Social Manager, နောက် လိုတရ Great Music Store, အရင် Versions တွေထက် သိသိသာသာလေးကို မြန်လာတဲ့ Boot speed, ... စသဖြင့် တော်တော်ကြီးကို သုံးလို့ ကောင်းသွားပါတယ်။ အတိုချုံး ပြောရင် သိပ်ပြီး ဖတ်မကောင်းမှာ စိုးလို့ နဲနဲ ချဲ့ ပြောကြည့်ပါ့မယ်။


Installation Design

ကျွန်တော့် အကြိုက်ပြောရရင် အရင် Ubuntu ကို သုံးပေမယ့် Screen ကို စမြင်ရပြီ ဆိုတာနဲ့ ပထမဆုံးတွေ့ရတဲ့ လိမေ္မာ်ရောင်လိုလို အရောင်မွဲခြောက်ခြောက်ကြီးကို မကြိုက်မိဘူး။ ခုကျတော့ Installation စကတည်းက ခုလို Design နဲ့ တော်တော်လေး လန်းနေပြီ။



Fastest Boot Speed


အခွေထည့် Partition လေးဘာလေး ဟိုပိုင်းဒီပိုင်း ပိုင်းပြီး Install ဆိုပြီး နှိပ်လိုက်တာ ကော်ဖီသွားဖျော်ပြီး ပြန်လာတော့ Installation Process က ပြီးသွားပြီ - ဟာာာ မြန်တာ။



Extreme boot screen


Boot Screen ကတော့ အရင် ပုံနဲ့ လားလားမှကို မဆိုင်ဘူး - ကျွန်တော်စိတ်ထင် တော်တော်ကြီး လန်းသွားသလိုပဲ -




Smartness Menu


ဟိုကြည့်ဒီကြည့် လျှောက်ကြည့်လိုက်တယ်။ အရမ်းကြီး ပြောင်းလဲသွားတာမျိုးမဟုတ်ပေမယ့် ပိုပြီး Smart ဖြစ်သွားသလိုပါပဲ။ Linux မှာ Windows ထက်ပိုပြီး သဘောကျမိတာက ခုလိုမျိုး သုံးရလွယ်အောင် စီစဉ်ပေးထားတာပါ။ အမြင်ရှင်းတယ် - သပ်ရပ်တယ် - ဘယ်နေရာမှာ ဘာရှိမယ် ဆိုတာ တစ်ခါမှ မသုံးဖူးတဲ့ သူဆိုရင်တောင် မြင်လွယ် သိလွယ်ပါတယ် -







Pretty Login / Logout


ဒီလိုလေး လုပ်ပေးထားပါတယ် - အရင်ကထက် သပ်သပ်ရပ်ရပ်နဲ့ ပို ကြည့်ကောင်းသွားတဲ့ အပြင် - သုံးရတာလည်း ပိုလွယ်သွားသလို ခံစားရပါတယ်။ -







Lovely Desktop

ပထမဆုံးအနေနဲ့ ကျွန်တော် အင်တာနက် ချိတ်လိုက်ပါတယ်။ နောက်ပြီး System ကို Update လုပ်လိုက်တယ်။ အဲတာပြီးတော့ Desktop Effects လေးတွေ သုံးလို့ရအောင် Graphic card driver ကို System > Administration > Hardware drivers ကနေ install လုပ် - Restart ပေးပြီး Desktop Effects ကို Enable ပေးလိုက်တော့ တော်တော်ကြီးကို လန်းသွားပါပြီ။ နောက်ပြီး ကိုယ်သုံးနေကျ Software Packages တွေကို Applications > Ubuntu Software Center ကနေ install လုပ် - အဲ့နောက်မှာတော့ ကိုယ်သုံးနေကျ Applications လေးတွေလည်း တော်တော်စုံသွားပါပြီ။ Desktop background လေးပြောင်း - သုံးနေကျ VLC လေးတင်ပြီး Jessica Folcker ရဲ့ How Will I Know ( Who You Are ) သီချင်းလေးဖွင့်လိုက်ပါတယ်။




Stable Zawgyi

ကျွန်တော် တစ်ခုမေ့နေတာ - မြန်မာဖောင့် သုံးနေကျ ဇော်ဂျီ မတင်ရသေးဘူး။ မြန်မာမိသားစုထဲ ဝင်တော့ fonts တွေက ဝူးဝူးဝါးဝါး ပြနေတာကို တွေ့မှ မြန်မာဖောင့် တင်ရ ဦးမယ် ဆိုတာ သတိရမိတယ်။ အဲတာနဲ့ Zawgyi2008 တင်လိုက်ပါတယ်။ ရင်တထိတ်ထိတ်ပဲ - Versions ပြောင်းတာဆိုတော့ လျောလျောရှုရှုမှ ဖြစ်ပါ့မလားလို့။ ( .deb installer တွေရှိတာ သိပေမယ့် .deb တွေက Stable မဖြစ်သေးဘူးထင်လို့ ကျွန်တော်မသုံးဖြစ်ဘူး။ ) Terminal မှာ install လုပ်ရမယ့် အဆင့် ( i ) နှိပ်ရမှာကို လူက ယောင်တောင်ပေါင်တောင်နဲ့ ( q ) ဆိုပြီး နှိပ်လိုက်တာ - Quit သွားတယ်။ စစချင်း မသိဘူး အဲတာကို - ငါ Fonts stall လုပ်ပြီးလို့ Quit သွားတယ် ဒီလိုပဲ ထင်တာ - အဲတာနဲ့ မြန်မာမိသားစုထဲ ပြန်ဝင်တော့ မမြင်ရပြန်ဘူး။ မြန်မာဖောင့်က။ လူက ခေါင်းကြီးသွားတယ်။ သေပြီဆရာပေါ့။ Browser's preferences ထဲ ဝင်ပြင်တော့လဲ Zawgyi က ပျောက်နေတယ်။ keyboard ကို Assign လုပ်ဖို့ လိုသေးတာပဲ ဆိုပြီး keyboard ကို ဝင်ကြည့်ပြန်တော့ မြန်မာကို ရွေးလိုက်တယ် - မြန်မာလက်ကွက်က ရှိမနေဘူး။ အဲတာနဲ့ ငါမှားတာ ဆိုတာ သတိထားမိပြီး နောက်တစ်ခေါက် ပြန် Install လုပ်လိုက်တယ်။ ဒီတစ်ခါတော့ Zawgyi2009 Install လုပ်တာ လျောလျောရှုရှုပဲ အဆင်ပြေသွားပါတယ် ... မြန်မာဖောင့်နဲ့ ပတ်သတ်ပြီး Ubuntu 10.04 မှာ ပြဿနာ မရှိဘူး ဆိုတော့ စိတ်ထဲလည်း တော်တော် ကျေနပ်သွားမိပါတယ်။

kznt@pututu:~$ cd ~/Desktop
kznt@pututu:~/Desktop$ tar xzf burma-keyboard-tk-0.1.1.tar.gz
kznt@pututu:~/Desktop$ cd burma-keyboard-tk
kznt@pututu:~/Desktop/burma-keyboard-tk$ sudo python burma-keyboard-nogui.py
[sudo] password for kznt: password ရိုက်ရန်

System platform : Linux [ OK ]
Your Linux Distro is Ubuntu 10.04 lucid.
Choose a font...
This is a list of font folder names.

['mm3', 'zawgyi2009', 'zawgyi2008']

Enter your fontfolder name: zawgyi2009
Are you going with zawgyi2009 font? Y/n y
You confirmed zawgyi2009 font to install or uninstall.
You choose zawgyi2009 font.
Font : Zawgyi-One_v4.30_November_14_20.ttf [ OK ]
Xkeyboard : zawgyi Keyboard [ OK ]

[i] install, [r] remove, [h] layout help,
[l] logs, [q] exit : i

Start Uninstallation...
Skip Restoring backup file : You do not have a backup file.
Previous package removal done successfully!

Start Installation...
Installing directories...
Installing directories done.
Installing zawgyi font...
Installing zawgyi font done.
Backuping original mm xkb file...
Backuping original mm xkb file done.
Installing zawgyi xkeyboard...
Installing zawgyi keyboard done.
Installation is finished!

You may need to Log out or Restart your system to correct your keyboard.

[i] install, [r] remove, [h] layout help,
[l] logs, [q] exit : q

Have a nice day, Good bye!

kznt@pututu:~/Desktop/burma-keyboard-tk$

အဲလိုနဲ့ မြန်မာဖောင့် install လုပ်ပြီးသွားတော့ Restart တစ်ကြိမ်ပေးလိုက်ပါတယ်။ မြန်မာမိသားစုထဲ ပြန်ဝင်တော့ ခုလိုမြင်ရပါပြီ။



Music Store and Ubuntu One Syncing


Ubuntu Desktop တိုင်းအတွက် Ubuntu One ဆိုတဲ့ cloud syncing service ကနေ free 2GB ပေးတယ် ဆိုတာကို ကျွန်တော် သိပေမယ့် သူ့ကို ကျွန်တော် သေသေချာချာ မသုံးဖြစ်သေးပါဘူး။ အခုသိရသလောက်တော့ Music Store ကနေ music တွေကို ဝယ်ထားလိုက်ပြီ ဆိုရင် Ubuntu One space နဲ့ သူက automatically synced လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါတင်မက Ubuntu တင်မထားတဲ့ တစ်ခြား ကွန်ပြူတာ အနည်းဆုံး ( ၃ ) လုံးကနေလည်း ဒီသီချင်းတွေကို Download ချနိုင်မယ်လို့လည်း သိရပါတယ်။ Dropbox ရဲ့ Ubuntu version လို့တောင် ပြောရမလိုပါပဲ။ ဘာပဲ ပြောပြော ခုလို Music Store ရှိနေတာ သီချင်းတွေအားလုံး ကိုယ့်လက်တစ်ကမ်းမှာ ရှိနေသလို မျိုးပဲပေါ့။




Gwibber

နောက်တိုး အနေနဲ့ Social networks တွေလို့ ပြောလို့ ရတဲ့ Twitter, Facebook, Flickr တို့ နောက် ကိုယ့် သူငယ်ချင်း အပေါင်းအသင်းတွေကနေ သဘောကျလို့ Share ပေးထားတဲ့ Feed တွေနဲ့ ပတ်သတ်ပြီး ကိုယ်ကိုယ်တိုင်က သိပ်သုံးလေ့ မရှိဘူး ဆိုရင်တော့ Gwibber အကြောင်းက သိပ်သိစရာ မလိုပါဘူး။ ဒါပေမယ့်လည်း အဲ့ဒီ့ Social networks တွေကို လတ်တလောမှာ သုံးနေတဲ့ သူ ဆိုရင်ကတော့ Ubuntu 10.4 နဲ့ အတူပါဝင်လာတဲ့ Gwibber အကြောင်းက သိထားမှ ကောင်းပါလိမ့်မယ်။ Gwibber ကိုသုံးပြီး ဘယ်သူတွေ ဘာတွေ လုပ်နေလဲ - ခုဆို desktop notifications ကနေ တဆင့် တစ်ချိန်တည်း တစ်ပြိုင်တည်း သိနေရပြီ။



Simple scan

အရင်တုန်းက Ubuntu မှာ Open source Photoshop အဖြစ် သုံးခဲ့တဲ့ GIMP ရယ် နောက်ပြီး buttons တွေ sliders တွေမျိုးစုံနဲ့ တစ်ချိန်က သုံးရစွဲရ အဆင်မပြေတဲ့ XSane ရယ်ကို Ubuntu 10.04 မှာ ချန်ထားခဲ့ပြီး အသုံးပြုရလွယ်တဲ့ ရိုးရိုးရှင်းရှင်း Simple Scan ကိုထည့်သွင်းပေးလိုက်ပါတယ်။ GIMP နဲ့ XSane ကို သုံးရစွဲရ အဆင်မပြေဘူးလို့ ကျွန်တော် ပြောခဲ့ပေမယ့် သူတို့တွေက မကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ ဆိုလိုတာက အဲ့ applications တွေဟာ ဘယ်လိုသုံးရမယ်ဆိုတာ တိတိကျကျ သိတဲ့ သူတွေ အတွက်ပဲ သုံးလို့ ကောင်းပါတယ်။ ဂဃနဏ မသိရင်သုံးရတာ လက်ပေါက်ကပ်ပါတယ်။ အဲတာကြောင့် သုံးရအဆင်မပြေဘူးလို့ ပြောတာပါ။


PiTiVi Video Editor


Ubuntu မှာ အသစ်ပါဝင်လာတဲ့ PiTiVi Video Editor က video format အားလုံးကို support မပေးပေမယ့် အသုံးပြုတဲ့ နေရာမှာတော့ drag-and-drop ၊ copy-paste ဆိုတာကို သိယုံနဲ့တင် သူ့ကို အလွယ်တကူ အသုံးပြုလို့ ရပါတယ်။ ခုစစချင်းမှာ ဒီလောက်ကြီး ကောင်းတာမျိုး မဟုတ်သေးပေမယ့် နောက်ထပ်ထွက်လာမယ့် Release တွေမှာ ဒီ့ထက်ပိုပြီး ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။ 



ဒါကတော့ လတ်တလော Ubuntu 10.04 မှာ ကျွန်တော် သဘောကျမိတာလေးတွေ အကျဉ်းချုံးပြီး မျှဝေတာပါ။ နောက်ထပ် တွေ့ရှိချက်တွေ - အသုံးဝင်တာတွေ ကျွန်တော် တွေ့ခဲ့ဦးမယ် ဆိုရင်လည်း ခုလိုပဲ ဖော်ပြပေးသွားပါ့မယ်။


KznT.

Ubuntu 9.10 User's Guide ( 8 ) ( 9 ) ( 10 )

( ၈ ) အခြားသော Languages များအား ရယူအသုံးပြုခြင်း။ 


ဒီအကြောင်းအရာက အဓိကသိပ်တော့ မကျပါဘူး။ မြန်မာလူမျိုးတစ်ယောက် အနေနဲ့ အများဆုံး အသုံးပြုလှ အင်္ဂလိပ်စာ - အင်္ဂလိပ်စကားပေါ့။ ဒါကို ကျွန်တော်လည်း သိသလို လူတိုင်းလည်း သိပါတယ်။ ဒါပေမယ့် တစ်ချို့သော ဘာသာစကား ( ၂ ) မျိုး ( ၃ ) မျိုး ကျွမ်းကျင်တတ်ကျွမ်းသူ - တစ်ခြားဘာသာ စကား တစ်မျိုးမျိုးကို လေ့လာနေပြီး လက်ရှိကိုယ်သုံးနေတဲ့ ကွန်ပြူတာမှာလည်း ဘာသာစကား ကျွမ်းကျင်မှု အထောက်အကူပြု အနေနဲ့ သက်ဆိုင်ရာ ဘာသာစကားကို ထည့်သွင်းချင်သူတွေ အတွက် ရည်ရွယ် ဖော်ပြလိုက်ပါတယ်။



Linux ရဲ့ ကောင်းမွန်တဲ့ နောက်တစ်ချက်က အပေါ်မှာ ကနဦး ဖော်ပြခဲ့ပြီးသလို ကိုယ်ကြိုက်နှစ်သက်ရာ ဘာသာစကားကို desktop မှာပဲ ဖြစ်ဖြစ် applications မှာပဲ ဖြစ်ဖြစ် ရွေးချယ် အသုံးပြုနိုင်ခြင်းပါ။ ဒါတင်မက ကိုယ်ရိုက်သမျှ စာလုံးတိုင်းကို မှန်မှား စစ်ဆေးပေးမယ့် spelling correctors တွေဆိုတာလည်း အသင့်ပါဝင်ပြီးသားဖြစ်လို့ စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ ဒါကို အသုံးပြုဖို့ အတွက် ဆိုရင်တော့ Control Center ထဲက Language Support ကို ရှာပါ။ ဒီလိုရှာလို့လည်း ရပါတယ်။

System > Administration > Language Support







Firefox, Openoffice.org, Thunderbird တို့လို Software တွေက ကိုယ့်စက်မှာ Language တစ်ခုခု ပြောင်းလဲလိုက်တာနဲ့ သူတို့ကလည်း Local ကို လိုက်ပြီး UI language packs တွေ အကုန်ပြောင်းလဲ ပေးသွားပါလိမ့်မယ်။


( ၉ ) Package architecture များအား Force ပေး၍ Install လုပ်ဆောင်စေခြင်း။


တကယ်လို့ ကျွန်တော်တို့ သုံးနေတာ Ubuntu 64 bit ဒါပေမယ့် ကိုယ်သုံးမယ့် ( ကိုယ် install လုပ်ဆောင်မယ့် ) software package က 32 bit ဆိုရင် ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ။ အဲလိုသာ 64 bit Ubuntu မှာ 32 bit Software package ကို install လုပ်ဆောင်လို့ကတော့ Gdebi-gtk က ခုလို Error message ပြပါလိမ့်မယ်။

Error: Wrong architecture 'i386'



ဒီ ပြဿနာက များသောအားဖြင့် Skype, Eclipse, IBM Lotus Symphony လူကြိုက်များတဲ့ Game တစ်ခုဖြစ်တဲ့ World of Goo တို့မှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကတော့ အောက်ဖော်ပြပါပုံစံအတိုင်း အတိုင်း package architecture ကို command line ကနေ တွန်းအားပေးပြီး install လုပ်ဆောင်ခိုင်းရမှာ ဖြစ်ပါတယ်။

sudo dpkg -i --force-architecture NameOfPackage.deb


ဥပမာ -



sudo dpkg -i --force-architecture skype-debian_2.0.0.72-1_i386.deb

( ၁၀ ) အနှစ်ချုပ်။

ကုန်ပြီလား Ubuntu အကြောင်း ... ?? ဟုတ်ကဲ့ .. မကုန်သေးပါဘူး ... Linux နဲ့ ပတ်သတ်ပြီး လေ့လာစရာတွေ တစ်ပုံတစ်ပင် ကျန်ပါသေးတယ်။ ကျွန်တော် ရေးထားတာ မဟုတ်တဲ့ မိသားစုထဲက ညီအစ်ကို မောင်နှမတွေထဲကနေ Linux အကြောင်းကို အားတက်သရော ရေးသား ဆွေးနွေးထားကြတာတွေ ဒီအောက်မှာ စုစည်း ဖော်ပြထားပါတယ်။ အချိန်ရရင် ရသလို လေ့လာကြည့်ကြပါဦး။

Ubuntu Linux , အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း , Linux မြန်မာဘာသာ သင်ခန်းစာများ , Linux OS အကြောင်းသိကောင်းစရာများ , Linux OS Install လုပ်ဆောင်ခြင််း , Linux keyboard shortcuts

Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန် အကြောင်းကို ဒီနေရာမှာ အဆုံးသတ်ရင်း နောက် တစ်ရက်အကြာမှာ ထွက်ရှိတော့မယ် Ubuntu 10.04 LTS (Lucid Lynx) ကို လက်ကမ်းကြိုဆိုကြရအောင်ပါ။

KznT.

Ubuntu 9.10 User's Guide ( 7 )

( ရ ) Ubuntu တွင် Fonts များ Install လုပ်ဆောင်ခြင်း။

( ၁ ) Red Hat Liberation Fonts
Liberation Fonts  ဆိုတာ Microsoft systems က အများဆုံး အဓိကထား အသုံးပြုတဲ့ Times New Roman, Arial, နဲ့ Courier New ဆိုတဲ့ fonts တွေ နေရာမှာ အစားထိုးနိုင်မယ် ဆိုပြီး Red Hat ကနေ အဆိုပြုထားတဲ့ fonts တွေ ဖြစ်ပါတယ်။

sudo apt-get install ttf-liberation


( ၂ ) Microsoft Fonts
လူတစ်ယောက်နဲ့ တစ်ယောက်က အကြိုက်ချင်း မတူကြဘူး။ Liberation Fonts က Microsoft Fonts တွေ နေရာမှာ အပြည့်အဝနေရာယူနိုင်ပါတယ်လို့ ပြောထားပေမယ့်လည်း Microsoft Fonts ကိုမှ အသုံးပြုချင်သူတွေ အတွက် အောက်ဖော်ပြပါ အတိုင်း လုပ်ဆောင်ပါ။

sudo apt-get install ttf-mscorefonts-installer

ပြီးခဲ့တဲ့ Ubuntu versions တွေမှာတုန်းက ttf-mscorefonts-installer package တွေကို msttcorefonts ဆိုပြီး အမည်ပေးခဲ့ပါတယ်။ တကယ်လို့ ubuntu-restricted-extras ကိုပဲ ဖြစ်ဖြစ် non-free-codecs meta-packages ကိုပဲ ဖြစ်ဖြစ် installed လုပ်ဆောင်ခဲ့ပြီးသား ဆိုရင် ttf-mscorefonts-installer ကလည်း ကျွန်တော်တို့ရဲ့ system ထဲမှာ installed လုပ်ဆောင်ပြီးသား ဖြစ်ပါတယ်။

( ၃ ) Zawgyi-one နှင့် Ubuntu
Ubuntu မှာ မြန်မာ Fonts တွေ ပေါ်ဖို့ မြန်မာလို ရိုက်နိုင်ဖို့ ဆိုတာကတော့ အရင်က ပြဿနာရှိခဲ့ပေမယ့် ခုတော့ ပြေလည်နေပါပြီ။ ကျကျနန လမ်းညွှန်ထားတဲ့ ဆိုဒ်တွေ - စာအုပ်တွေဆိုတာလည်း မနည်းမနော ရှိနေပါပြီ။ တစ်ခုရှိတာက ခုနောက်ပိုင်း zawgyi ကို windows မှာလိုမျိုးပဲ double-click ပေးယုံနဲ့ တစ်ခါတည်း install လုပ်ပြီးသား ဖြစ်မယ် ဆိုပြီး .deb package တစ်ခုထွက်တာတွေ့တယ်။ ဒါပေမယ့် ကျွန်တော် စမ်းသုံးကြည့်တော့ သိပ်သဘောမကျဘူး။ ဘာလို့လည်း ဆိုတော့ အဲ့ဖောင့်သွင်းပြီး မြန်မာဆိုဒ်တွေကို ကြည့်တဲ့အခါ လျောလျော ရှုရှုနဲ့ fonts အားလုံး သေသေချာချာ မြင်ရပေမယ့် စာရိုက်တဲ့ အခါကျတော့ လက်ကွက်က ကျွန်တော် Windows မှာ အရင်သုံးနေကျ Zawgyi-one 2008 က လက်ကွက်တွေနဲ့ မတူတာ သွားတွေ့ရတယ်။ ကိုယ်တွေက မြန်မာဖောင့်ရိုက်လာတာ ဇော်ဂျီလက်ကွက်နဲ့ အသားကျနေပြီ ဆိုတော့ အဆင်မပြေတော့ဘူး။ Keyboard Layout မှာ သွားကြည့်တယ် ဘာတွေများ ဘယ်နေရာတွေ ပြောင်းသွားလို့လဲပေါ့။ ပြထားတာတော့ ဘာမှ ထူးထူးခြားခြား မရှိဘူး။ သူပြထားတဲ့ keyboard layout မှာတော့ 2008 လိုမျိုးပဲ ရရစ်လေး တစ်ချောင်းငင်လေးလောက် စသဖြင့် နဲနဲလေးပဲ ကွဲတာ ... ဒါပေမယ့် keyboard ကနေရိုက်လိုက်တော့ လုံးလုံးကြီးကို ကွဲနေတာ ဥပမာပြောရရင် ကကြီးကို ရိုက်မယ်ဆိုရင် u ကို ရိုက်ရမယ်။ keyboard မှာ ပြထားတာလည်း u နေရာမှာပဲ ဒါပေမယ့် တကယ်ရိုက်လိုက်တော့ကျ u နေရာမှာ ကကြီး မရှိဘူး။ တစ်ခြား စာလုံးကြီး ဖြစ်နေတယ်။ ကိုယ့်စက်က ဖြစ်တာလား။ လူတိုင်းဒီလို ဖြစ်သလား။ ကျွန်တော် တိတိကျကျ မသိဘူး။ ဒါပေမယ့် တစ်ခြား Ubuntu မှာ zawgyi လုပ်နည်းတွေ သိနေသေးတော့ အဲ့ မေးခွန်းကို လိုက်မစဉ်းစားတော့ဘူး။ အရင် ကိုယ်သုံးနေကျ Terminal ထဲကနေပဲ ဝင်ပြီး Run လိုက်တယ်။ အဲတော့မှ အဆင်ပြေသွားတယ်။ Install လုပ်နည်းအဆင့်ဆင့်နဲ့ ဘယ်လိုလုပ်ဆောင်ရတယ် ဆိုတာ ဒီနေရာမှာ မဖော်ပြတော့ပါဘူး။ ဒီအောက်က ပေးထားတဲ့ Link မှာ Zawgyi-one ကို Ubuntu မှာ ဘယ်လို install လုပ်ဆောင်တယ်ဆိုတာ တိတိကျကျ ရေးသားပေးထားတဲ့ လမ်းညွှန်ချက် စာအုပ်တွေ ကျွန်တော် စုဆောင်းပေးထားပါတယ်။ အဲ့တာကို Download ချပြီး ဖတ်ကြည့်ပါ။ ပါဝင်မယ့် PDF ( ၄ ) ခုကတော့ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်။

  • Zawgyione 2009 on Ubuntu 9.10 Karmic
  • zawgyi_keyboard_2009 Layout
  • keyboard-layout-manual[11022009]
  • how-to-install-myanmar-font-on-ubuntu910

Ubuntu with Zawgyi-one.rar (1.1 MB)
http://www.multiupload.com/QDPSJKRJXV

ဒါကတော့ ကျွန်တော် Zawgyi-one 2009 ကို Ubuntu 9.10 karmic မှာ တင်တုန်းက လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်နည်း အသေးစိတ်ပါ။ အဲ့တုန်းက ရှေ့မှာ .deb ဆိုတဲ့ ကောင်တစ်ကောင် install လုပ်ထားပြီးသား ဖြစ်နေလို့ zawgyi-one 2009 ကို install ထပ်လုပ်တော့ အရင်ရှိပြီးသား .deb ကနေ သွင်းထားတဲ့ zawgyi ကို uninstall လုပ်တဲ့ အဆင့် တစ်ခု ပိုပါနေပါတယ်။ ကျန်တာကတော့ ပုံမှန်ပါပဲ။

kznt@Linuxlife:~$  cd ~/Desktop
kznt@Linuxlife:~/Desktop$ tar xzf burma-keyboard-tk-0.1.1.tar.gz
kznt@Linuxlife:~/Desktop$  cd burma-keyboard-tk
kznt@Linuxlife:~/Desktop/burma-keyboard-tk$ sudo python burma-keyboard-nogui.py
[sudo] password for kznt:

System platform : Linux [ OK ]
Your Linux Distro is Ubuntu 9.10 karmic.
Choose a font...
This is a list of font folder names.

['mm3', 'zawgyi2009', 'zawgyi2008']


Enter your fontfolder name: zawgyi2009
Are you going with zawgyi2009 font? Y/n y
You confirmed zawgyi2009 font to install or uninstall.
You choose zawgyi2009 font.
Font : Zawgyi-One_v4.30_November_14_20.ttf [ OK ]
Xkeyboard : zawgyi Keyboard [ OK ]


[i] install, [r] remove, [h] layout help,
[l] logs, [q] exit : i


Start Uninstallation...
Removing previous installed zawgyi font directory...
Removing previous installed zawgyi doc directory...
Restoring mm backup file...
Restoring origianl or backup mm file done.
Previous package removal done successfully!

Start Installation...
Installing directories...
Installing directories done.
Installing zawgyi font...
Installing zawgyi font done.
Backuping original mm xkb file...
Backuping original mm xkb file done.
Installing zawgyi xkeyboard...
Installing zawgyi keyboard done.
Installation is finished!

You may need to Log out or Restart your system to correct your keyboard.

[i] install, [r] remove, [h] layout help,
[l] logs, [q] exit : q

Have a nice day, Good bye!

kznt@Linuxlife:~/Desktop/burma-keyboard-tk$

( ၄ ) အခြား Fonts များအား Ubuntu တွင် install လုပ်ဆောင်ခြင်း။
- Nautilus ထဲရှိ Home folder အား ဖွင့်ပါ။
- Nautilus View menu မှ  "Show Hidden Files" option အာ Enable ပေးပါ။



 - ".fonts" ( dot ပါပါရမည်။ ) ဆိုတဲ့ အမည်နဲ့ folder တစ်ခု တည်ဆောက်ပါ။


- အခြားလိုအပ်သော Fonts မှန်သမျှအား အသစ်ဖန်တီးလိုက်သည့် folder တွင်းသို့ copy ကူးထည့်ပါ။
- တစ်ချို့ applications တွေအတွက် - restart ပေးဖို့ လိုပါလိမ့်မယ်။

ဆက်ရန် ...

Ubuntu 9.10 User's Guide ( 6 )

  • ( ၆ ) အသုံးမလိုသော software များအား Uninstall နှင့် cleanup လုပ်ဆောင်ပါ။

အသုံးမလိုတဲ့ packages တွေကို စက်ထဲမှာ မထားတာလည်း ကိုယ့်ရဲ့ ကွန်ပြူတာ သန့်ရှင်းရေးနဲ့ Performance ကောင်းမွန်ရေးအတွက် အခြေခံအကျဆုံး လုပ်ဆောင်သင့်တဲ့ အချက် တစ်ခုပဲ ဖြစ်ပါတယ်။ ကွန်ပြူတာနဲ့ ဆက်နွယ်နေကြတဲ့ သူတိုင်း ကိုယ့်ကွန်ပြူတာထဲမှာ install လုပ်ထားပြီး တကယ်တမ်း ဟုတ်တိပတ်တိ မသုံးဖြစ်တဲ့ packages တွေ - softwaes တွေဆိုတာ ရှိနေတတ်ကြပါတယ်။ သူတို့တွေကို ကျွန်တော်တို့ ရှင်းလင်းပစ်ခြင်း အားဖြင့် ကိုယ့်အတွက် တကယ်လိုအပ်မယ့် packages တွေကို နေရာပေးနိုင်သလို - အနည်းဆုံး အသုံးလိုတာတွေ သိမ်းဆည်းထားနိုင်ဖို့ Free space တစ်ခုတော့ ရနိုင်ပါတယ်။ ဒါတင်မက အသုံးမလိုတဲ့ သုံးလေ့မရှိတဲ့ packages တွေကို Uninstalling လုပ်ဆောင်ထားခြင်း အားဖြင့် နောက်ပိုင်းမှာ အဲ့ဒီ့ packages နဲ့ ပတ်သတ်ပြီး အမြဲပေးသွားရမယ့် updates တွေအတွက် နေရာလျော့ချပြီးသားလည်း ဖြစ်သွားပါတယ်။ Ubuntu Linux မှာ ဘာတွေက ကျွန်တော်တို့အတွက် အသုံးမလိုဘူးလဲ။ Users တစ်ယောက်နဲ့ တစ်ယောက် အသုံးချပုံခြင်း မတူညီကြလို့ ဒီလူက ဒီဟာ မသုံးဘူးဆိုပေမယ့် တစ်ခြား သူက ဒါကိုပဲ အသည်းစွဲ ဖြစ်ချင်လည်း ဖြစ်နေနိုင်ပါတယ်။ အဲတာကြောင့် လူသုံးနည်းပြီး လူကြိုက်လည်း နည်းတာတွေကို ဦးတည်ချက်ထားပြီး ဘယ်လို ရှင်းမလဲ ဆိုတာ ဆွေးနွေးသွားပါ့မယ်။



ယေဘုယျအားဖြင့် ကျွန်တော်အပါအဝင် Users အတော်များများ Evolution, F-spot, Rhythmbox, Tomboy နဲ့ gnome-games တွေကို သိပ်သုံးလေ့ မရှိကြပါဘူး။ ( သူတို့ကို ရှင်းထုတ်ပစ်ခြင်း အားဖြင့် ခန့်မှန်းခြေ 145MB လောက် disk space ပြန်လည် ရရှိလာမှာ ဖြစ်ပါတယ်။ )

sudo apt-get remove evolution evolution-common evolution-couchdb evolution-exchange evolution-indicator evolution-plugins evolution-webcal f-spot gnome-games gnome-games-common rhythmbox tomboy

တကယ်လို့ ကျွန်တော်တို့မှာ Palm smartphone ဒါမှမဟုတ် သူနဲ့ ဆက်စပ်နေတဲ့ တစ်ခြားအသုံးကိစ္စ မရှိဘူး ဆိုရင် Palm Pilot sync tools နဲ့ သူနဲ့ ဆက်နွယ်နေတာတွေကို ဖြုတ်ထားနိုင်ပါတယ်။

sudo apt-get remove gnome-pilot gnome-pilot-conduits libgnome-pilot2 libpisync1 libpisock9

Mono ကို ရှင်းမှာလား ( ဒါမှမဟုတ် မရှင်းဘူးလား)

F-spot နဲ့ Tomboy ဆိုတဲ့ mono ကိုသုံးထားတဲ့ applications နှစ်ခုဟာ karmic koala တွေမှာ default အနေနဲ့ ပါဝင်ပြီးသား applications တြွေဖစ်ပါတယ်။ တကယ်လို့ သူတို့တွေကို မသုံးချင်ဘူးဆိုရင်တော့ သူတို့ကို ရှင်းထုတ်လိုက်ခြင်း အားဖြင့် 30MB ကနေ 50MB ကြား free space ရရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း အကျယ်နဲနဲ ထပ်ချဲ့ရရင် mono ကို remove လုပ်တယ်ဆိုတာ ideological အရ မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတာတော့ အကျယ်မချဲ့ခဲ့တော့ပါဘူး။ ဒီနေရာကနေ သာ တစ်ချက် သွားဖတ်ကြည့်ပါ။ မကောင်းဘူးတွေ ကောင်းတယ်တွေ ဆိုတာထက် Free Software ဆိုနေမှတော့ Users တွေ ကြိုက်တာကို ရွေးချယ်ပိုင်ခွင့် ရှိတာမျိုးပဲ မလား။ အဲ့ကြောင့်မို့ Remove လုပ်ချင်သူများ ခုလိုလုပ်ပါ။

sudo apt-get purge libmono* libgdiplus cli-common

( ဘာလုပ်ရမှန်း ကိုယ့်ကိုယ်ကို သေသေချာချာ မသိသေးရင် mono ကို Remove မလုပ်ပါနဲ့။ )

မသုံးဖြစ်သော packages များအား Clean လုပ်ပါ။

ကျွန်တော်တို့ရဲ့ System ထဲမှာ ကိုယ်မသုံးဖြစ်တဲ့ libraries တွေ ( တစ်နည်းအားဖြင့် programs and commands များ ) ပြည့်နှက်နေပါတယ်။ အဲလိုမျိုး တစ်စစီ ဖြစ်နေတဲ့ libraries တွေကို ရှင်းလင်းပေးဖို့အတွက် package deborphan ဆိုတာ ရှိပါတယ်။ သူက တစ်စစီ ဖြစ်နေတဲ့ libraries တွေကို ရှာဖွေပေးပြီး ရှင်းလင်းပေးဖို့ စွမ်းဆောင်နိုင်ပါတယ်။ သူ့ကို GtkOrphan လို့လည်း ခေါ်ပါတယ်။ 

sudo apt-get install deborphan gtkorphan




GtkOrphan ကိုဖွင့်ဖို့အတွက် Control Center ထဲမှာ ရှိတဲ့ "Remove orphaned packages" ကို ရှာဖွေပါ။

System > Administration > Remove orphaned packages

( ဘာလုပ်ရမှန်း ကိုယ့်ကိုယ်ကိုယ် သေသေချာချာ မသိသေးရင် GtkOrphan ကို မသုံးပါနဲ့။ )

အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းတွေက Clean တာတော့ Clean တာပါပဲ။ ဒါပေမယ့် Clean မတတ်ရင် ရှော့ ရှိပါတယ်။ အဲတာကြောင့် ခု နောက်ဆုံး အနေနဲ့ ရှော့ မရှိတဲ့ Clean နည်းကို နောက်ဆုံး ဖော်ပြလိုက်ပါတယ်။

sudo apt-get autoremove
sudo apt-get clean

ဆက်ရန် ....

Related Posts