Ubuntu 9.10 User's Guide ( 8 ) ( 9 ) ( 10 )

Leave a Comment
( ၈ ) အခြားသော Languages များအား ရယူအသုံးပြုခြင်း။ 


ဒီအကြောင်းအရာက အဓိကသိပ်တော့ မကျပါဘူး။ မြန်မာလူမျိုးတစ်ယောက် အနေနဲ့ အများဆုံး အသုံးပြုလှ အင်္ဂလိပ်စာ - အင်္ဂလိပ်စကားပေါ့။ ဒါကို ကျွန်တော်လည်း သိသလို လူတိုင်းလည်း သိပါတယ်။ ဒါပေမယ့် တစ်ချို့သော ဘာသာစကား ( ၂ ) မျိုး ( ၃ ) မျိုး ကျွမ်းကျင်တတ်ကျွမ်းသူ - တစ်ခြားဘာသာ စကား တစ်မျိုးမျိုးကို လေ့လာနေပြီး လက်ရှိကိုယ်သုံးနေတဲ့ ကွန်ပြူတာမှာလည်း ဘာသာစကား ကျွမ်းကျင်မှု အထောက်အကူပြု အနေနဲ့ သက်ဆိုင်ရာ ဘာသာစကားကို ထည့်သွင်းချင်သူတွေ အတွက် ရည်ရွယ် ဖော်ပြလိုက်ပါတယ်။



Linux ရဲ့ ကောင်းမွန်တဲ့ နောက်တစ်ချက်က အပေါ်မှာ ကနဦး ဖော်ပြခဲ့ပြီးသလို ကိုယ်ကြိုက်နှစ်သက်ရာ ဘာသာစကားကို desktop မှာပဲ ဖြစ်ဖြစ် applications မှာပဲ ဖြစ်ဖြစ် ရွေးချယ် အသုံးပြုနိုင်ခြင်းပါ။ ဒါတင်မက ကိုယ်ရိုက်သမျှ စာလုံးတိုင်းကို မှန်မှား စစ်ဆေးပေးမယ့် spelling correctors တွေဆိုတာလည်း အသင့်ပါဝင်ပြီးသားဖြစ်လို့ စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ ဒါကို အသုံးပြုဖို့ အတွက် ဆိုရင်တော့ Control Center ထဲက Language Support ကို ရှာပါ။ ဒီလိုရှာလို့လည်း ရပါတယ်။

System > Administration > Language Support







Firefox, Openoffice.org, Thunderbird တို့လို Software တွေက ကိုယ့်စက်မှာ Language တစ်ခုခု ပြောင်းလဲလိုက်တာနဲ့ သူတို့ကလည်း Local ကို လိုက်ပြီး UI language packs တွေ အကုန်ပြောင်းလဲ ပေးသွားပါလိမ့်မယ်။


( ၉ ) Package architecture များအား Force ပေး၍ Install လုပ်ဆောင်စေခြင်း။


တကယ်လို့ ကျွန်တော်တို့ သုံးနေတာ Ubuntu 64 bit ဒါပေမယ့် ကိုယ်သုံးမယ့် ( ကိုယ် install လုပ်ဆောင်မယ့် ) software package က 32 bit ဆိုရင် ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ။ အဲလိုသာ 64 bit Ubuntu မှာ 32 bit Software package ကို install လုပ်ဆောင်လို့ကတော့ Gdebi-gtk က ခုလို Error message ပြပါလိမ့်မယ်။

Error: Wrong architecture 'i386'



ဒီ ပြဿနာက များသောအားဖြင့် Skype, Eclipse, IBM Lotus Symphony လူကြိုက်များတဲ့ Game တစ်ခုဖြစ်တဲ့ World of Goo တို့မှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကတော့ အောက်ဖော်ပြပါပုံစံအတိုင်း အတိုင်း package architecture ကို command line ကနေ တွန်းအားပေးပြီး install လုပ်ဆောင်ခိုင်းရမှာ ဖြစ်ပါတယ်။

sudo dpkg -i --force-architecture NameOfPackage.deb


ဥပမာ -



sudo dpkg -i --force-architecture skype-debian_2.0.0.72-1_i386.deb

( ၁၀ ) အနှစ်ချုပ်။

ကုန်ပြီလား Ubuntu အကြောင်း ... ?? ဟုတ်ကဲ့ .. မကုန်သေးပါဘူး ... Linux နဲ့ ပတ်သတ်ပြီး လေ့လာစရာတွေ တစ်ပုံတစ်ပင် ကျန်ပါသေးတယ်။ ကျွန်တော် ရေးထားတာ မဟုတ်တဲ့ မိသားစုထဲက ညီအစ်ကို မောင်နှမတွေထဲကနေ Linux အကြောင်းကို အားတက်သရော ရေးသား ဆွေးနွေးထားကြတာတွေ ဒီအောက်မှာ စုစည်း ဖော်ပြထားပါတယ်။ အချိန်ရရင် ရသလို လေ့လာကြည့်ကြပါဦး။

Ubuntu Linux , အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း , Linux မြန်မာဘာသာ သင်ခန်းစာများ , Linux OS အကြောင်းသိကောင်းစရာများ , Linux OS Install လုပ်ဆောင်ခြင််း , Linux keyboard shortcuts

Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန် အကြောင်းကို ဒီနေရာမှာ အဆုံးသတ်ရင်း နောက် တစ်ရက်အကြာမှာ ထွက်ရှိတော့မယ် Ubuntu 10.04 LTS (Lucid Lynx) ကို လက်ကမ်းကြိုဆိုကြရအောင်ပါ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts