Ubuntu 9.10 User's Guide ( 6 )

Leave a Comment
  • ( ၆ ) အသုံးမလိုသော software များအား Uninstall နှင့် cleanup လုပ်ဆောင်ပါ။

အသုံးမလိုတဲ့ packages တွေကို စက်ထဲမှာ မထားတာလည်း ကိုယ့်ရဲ့ ကွန်ပြူတာ သန့်ရှင်းရေးနဲ့ Performance ကောင်းမွန်ရေးအတွက် အခြေခံအကျဆုံး လုပ်ဆောင်သင့်တဲ့ အချက် တစ်ခုပဲ ဖြစ်ပါတယ်။ ကွန်ပြူတာနဲ့ ဆက်နွယ်နေကြတဲ့ သူတိုင်း ကိုယ့်ကွန်ပြူတာထဲမှာ install လုပ်ထားပြီး တကယ်တမ်း ဟုတ်တိပတ်တိ မသုံးဖြစ်တဲ့ packages တွေ - softwaes တွေဆိုတာ ရှိနေတတ်ကြပါတယ်။ သူတို့တွေကို ကျွန်တော်တို့ ရှင်းလင်းပစ်ခြင်း အားဖြင့် ကိုယ့်အတွက် တကယ်လိုအပ်မယ့် packages တွေကို နေရာပေးနိုင်သလို - အနည်းဆုံး အသုံးလိုတာတွေ သိမ်းဆည်းထားနိုင်ဖို့ Free space တစ်ခုတော့ ရနိုင်ပါတယ်။ ဒါတင်မက အသုံးမလိုတဲ့ သုံးလေ့မရှိတဲ့ packages တွေကို Uninstalling လုပ်ဆောင်ထားခြင်း အားဖြင့် နောက်ပိုင်းမှာ အဲ့ဒီ့ packages နဲ့ ပတ်သတ်ပြီး အမြဲပေးသွားရမယ့် updates တွေအတွက် နေရာလျော့ချပြီးသားလည်း ဖြစ်သွားပါတယ်။ Ubuntu Linux မှာ ဘာတွေက ကျွန်တော်တို့အတွက် အသုံးမလိုဘူးလဲ။ Users တစ်ယောက်နဲ့ တစ်ယောက် အသုံးချပုံခြင်း မတူညီကြလို့ ဒီလူက ဒီဟာ မသုံးဘူးဆိုပေမယ့် တစ်ခြား သူက ဒါကိုပဲ အသည်းစွဲ ဖြစ်ချင်လည်း ဖြစ်နေနိုင်ပါတယ်။ အဲတာကြောင့် လူသုံးနည်းပြီး လူကြိုက်လည်း နည်းတာတွေကို ဦးတည်ချက်ထားပြီး ဘယ်လို ရှင်းမလဲ ဆိုတာ ဆွေးနွေးသွားပါ့မယ်။



ယေဘုယျအားဖြင့် ကျွန်တော်အပါအဝင် Users အတော်များများ Evolution, F-spot, Rhythmbox, Tomboy နဲ့ gnome-games တွေကို သိပ်သုံးလေ့ မရှိကြပါဘူး။ ( သူတို့ကို ရှင်းထုတ်ပစ်ခြင်း အားဖြင့် ခန့်မှန်းခြေ 145MB လောက် disk space ပြန်လည် ရရှိလာမှာ ဖြစ်ပါတယ်။ )

sudo apt-get remove evolution evolution-common evolution-couchdb evolution-exchange evolution-indicator evolution-plugins evolution-webcal f-spot gnome-games gnome-games-common rhythmbox tomboy

တကယ်လို့ ကျွန်တော်တို့မှာ Palm smartphone ဒါမှမဟုတ် သူနဲ့ ဆက်စပ်နေတဲ့ တစ်ခြားအသုံးကိစ္စ မရှိဘူး ဆိုရင် Palm Pilot sync tools နဲ့ သူနဲ့ ဆက်နွယ်နေတာတွေကို ဖြုတ်ထားနိုင်ပါတယ်။

sudo apt-get remove gnome-pilot gnome-pilot-conduits libgnome-pilot2 libpisync1 libpisock9

Mono ကို ရှင်းမှာလား ( ဒါမှမဟုတ် မရှင်းဘူးလား)

F-spot နဲ့ Tomboy ဆိုတဲ့ mono ကိုသုံးထားတဲ့ applications နှစ်ခုဟာ karmic koala တွေမှာ default အနေနဲ့ ပါဝင်ပြီးသား applications တြွေဖစ်ပါတယ်။ တကယ်လို့ သူတို့တွေကို မသုံးချင်ဘူးဆိုရင်တော့ သူတို့ကို ရှင်းထုတ်လိုက်ခြင်း အားဖြင့် 30MB ကနေ 50MB ကြား free space ရရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း အကျယ်နဲနဲ ထပ်ချဲ့ရရင် mono ကို remove လုပ်တယ်ဆိုတာ ideological အရ မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတာတော့ အကျယ်မချဲ့ခဲ့တော့ပါဘူး။ ဒီနေရာကနေ သာ တစ်ချက် သွားဖတ်ကြည့်ပါ။ မကောင်းဘူးတွေ ကောင်းတယ်တွေ ဆိုတာထက် Free Software ဆိုနေမှတော့ Users တွေ ကြိုက်တာကို ရွေးချယ်ပိုင်ခွင့် ရှိတာမျိုးပဲ မလား။ အဲ့ကြောင့်မို့ Remove လုပ်ချင်သူများ ခုလိုလုပ်ပါ။

sudo apt-get purge libmono* libgdiplus cli-common

( ဘာလုပ်ရမှန်း ကိုယ့်ကိုယ်ကို သေသေချာချာ မသိသေးရင် mono ကို Remove မလုပ်ပါနဲ့။ )

မသုံးဖြစ်သော packages များအား Clean လုပ်ပါ။

ကျွန်တော်တို့ရဲ့ System ထဲမှာ ကိုယ်မသုံးဖြစ်တဲ့ libraries တွေ ( တစ်နည်းအားဖြင့် programs and commands များ ) ပြည့်နှက်နေပါတယ်။ အဲလိုမျိုး တစ်စစီ ဖြစ်နေတဲ့ libraries တွေကို ရှင်းလင်းပေးဖို့အတွက် package deborphan ဆိုတာ ရှိပါတယ်။ သူက တစ်စစီ ဖြစ်နေတဲ့ libraries တွေကို ရှာဖွေပေးပြီး ရှင်းလင်းပေးဖို့ စွမ်းဆောင်နိုင်ပါတယ်။ သူ့ကို GtkOrphan လို့လည်း ခေါ်ပါတယ်။ 

sudo apt-get install deborphan gtkorphan




GtkOrphan ကိုဖွင့်ဖို့အတွက် Control Center ထဲမှာ ရှိတဲ့ "Remove orphaned packages" ကို ရှာဖွေပါ။

System > Administration > Remove orphaned packages

( ဘာလုပ်ရမှန်း ကိုယ့်ကိုယ်ကိုယ် သေသေချာချာ မသိသေးရင် GtkOrphan ကို မသုံးပါနဲ့။ )

အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းတွေက Clean တာတော့ Clean တာပါပဲ။ ဒါပေမယ့် Clean မတတ်ရင် ရှော့ ရှိပါတယ်။ အဲတာကြောင့် ခု နောက်ဆုံး အနေနဲ့ ရှော့ မရှိတဲ့ Clean နည်းကို နောက်ဆုံး ဖော်ပြလိုက်ပါတယ်။

sudo apt-get autoremove
sudo apt-get clean

ဆက်ရန် ....

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts