CISCO Ebooks Collection


အပေါ်မှာ တင်ပေးထားတဲ့ စာအုပ်တွေနဲ့ တူမတူတော့ ကျွန်တော် တစ်အုပ်ချင်း တိုက်မစစ်ပေးလိုက်နိုင်တာ တောင်းပန်ပါတယ် - စာအုပ်တွေက တော်တော်များနေလို့ပါ။ အရေးတကြီး လိုနေမယ့် ဒါမှမဟုတ် လေ့လာချင်တဲ့ ညီအစ်ကို မောင်နှမတွေ အတွက် လေ့လာလို့ လွယ်အောင် ကျွန်တော့်မှာ စုထားသမျှ စာအုပ်တွေ တင်ပေးလိုက်ပါတယ်။ တစ်အုပ်ချင်း ခွဲတင်မပေးနိုင်တာကိုတော့ နားလည်ပေးပါ - ကျွန်တော့်လည်း တစ်ခြား အလုပ်လေးတွေ ရှိသေးလို့ပါ။ တကယ်လို့ အောက်ဖော်ပြပါ စာအုပ်အားလုံးကို Download ချမှ ကိုယ်လိုချင်တဲ့ စာအုပ်လေး ၄ - ၅ အုပ်လောက်ပဲ ရမှာ မျိုး ဖြစ်နေရင်တော့ ကျွန်တော့် MF mail levendreams@myanmarfamily.org ကို ကိုယ်လိုချင်တဲ့ စာအုပ်လေးတွေရဲ့ နာမည်ရွေးထုတ်ပြီး အကူအညီ တောင်းခံနိုင် ပါတယ်။ ( အမှန်တကယ် လိုအပ်သူများအတွက်သာ ဖြစ်ပါတယ်။ )



Download ပြီးဆုံးရင် ရရှိမယ့် စာအုပ်စာရင်းကတော့ အောက်ဖော်ပြပါ အတိုင်းပါ။ ဒါ ခေါင်းစဉ်တစ်ခုက တစ်အုပ်တည်း မဟုတ်ပါဘူး သူ့အောက်မှာ တစ်ချို့ folder တွေက အထဲမှာတင် စာအုပ် ၄ - ၅ အုပ်ခွဲထားတာတွေ ပါပါသေးတယ်။

A Security Blueprint for Enterprise Networks\
Administering Cisco QoS\
Administering Cisco QOS for IP Networks\
Advanced Ip Services for Cisco Networks\
Books\
Building Cisco Remote Access Networks\
CCNA.Exam.Cram.Exam.640-802\
ccnpdoc\
Cisco - CCNA Exam 640-607 Certification Guide\
Cisco - cse official student guide\
Cisco - Vulnerabilities-The Past,The Present and The Future (2003 )\
Cisco Internetworking Design Guide\
Cisco Internetworking Technology Overview\
CISCO Internetworking Technology Overview (RUS)\
Cisco IOS Desktop Switching Software Configuration Guide\
Cisco IOS Reference Guide\
Cisco IOS(TM) Software Quality of Service Solutions\
Cisco network essentials\
Cisco network photos\
Cisco Packetized Voice And Data Integration (PDF book)\
CISCO Press - Cisco AS5x00 Case Study for Basic IP Modem Services\
Cisco press - Data Center Design and Implementation\
CISCO Press - Designing ATM MPLS Networks\
Cisco Press - Internetwork Troubleshooting Guide\
Cisco Press - Internetworking Case Studies\
Cisco Press - Internetworking Terms and Acronyms\
Cisco Press - Introduction to Cisco Router Configuration\
Cisco Press - Intrusion Detection Planning Guide\
Cisco Press - Overview of Access VPNs and Tunneling Technologies\
Cisco Press - PIX device Management\
Cisco Press - SNA FrameRelay\
Cisco Press - Token Ring Switching\
Cisco Press - Troubleshooting Internetworking Systems\
Cisco Press - WAN QUICK START SELF-PACED COURSE PREPARATION GUIDE\
Cisco Press ICND\
Config.Cisco.VoIP\
ConfigCISCOroutersForISDN\
Enabling Enterprise Miltihoming with Cisco IOS Network Address Translation (NAT)\
html\
ICND-2004\
Internet Routing Architectures 2nd Edition\
Intoduction\
Osbourne Cisco Multicast Routing and Switching\
Overview\
QUE - Practical Cisco Routers\
Routing TCPIP Vol 1\
Routing TCPIP Vol 2\
SNMP_COOK\
SYBEX CCNP CCIP BSCI STUDY GUIDE\
SYBEX CCNP SWITCHING STUDY GUIDE\
Syngress - Building a Cicso Network for Windows 2000\
Syngress - CCNP Study Guide\
Syngress - Cisco Security Specialist_s Guide to PIX Firewall\
Syngress Media - 70 Cisco Voice Over IP\
Tech Info - CISCO 1700 router\
Tech Info - CISCO 2900 switch\
Tech Info - CISCO 3640 Gatekeeper\
Tech Info - CISCO 7206 Router\
Tech Info - CISCO Aironet\
Tech Info - CISCO As5300 Gateway\
Tech Info - CISCO PIX\
Tech Info - CISCO Video\
Upgrading Software for the Cisco Secure PIX Firewall\
Voip Documenation\
Wiley & Sons - Frame Relay for High Speed Networks\
Wiley & Sons - Load Balancing Servers, Firewalls and Caches\
Wiley & Sons - The CISSP Prep Guide\
Wireless CWNA Exam PW0 - 100 Official Study Guide\

( OR )

CISCO.part1.rar (95.4 MB)
http://www.multiupload.com/L325HH5WHG
CISCO.part2.rar (95.4 MB)
http://www.multiupload.com/CPK6V4R180
CISCO.part3.rar (95.4 MB)
http://www.multiupload.com/O1RTH9M0Y9
CISCO.part4.rar (95.4 MB)
http://www.multiupload.com/MZ6G43IOU8
CISCO.part5.rar (95.4 MB)
http://www.multiupload.com/0AO7PUSDZN
CISCO.part6.rar (70.6 MB)
http://www.multiupload.com/HARN6970NW
( OR )

KznT.

Permanently Delete ur Facebook Account

Originally Posted by တီဘွား
Facebook account ကို Delete လုပ်ချင်လို့ပါ။ ဘယ်လိုလုပ်ရမလဲဆိုတာမသိလို့ပါ                  
Facebook account ကို Delete လုပ်ဖို့ နည်းလမ်းကတော့ ( ၃ ) - ( ၄ ) နည်း ရှိပါတယ်။ အတိုဆုံးနဲ့ အလွယ်ဆုံးနည်းလမ်း တစ်မျိုးတည်းကိုပဲ ညွှန်လိုက်ပါ့မယ်။



အဆင့် ( ၁ ) >> ဒီဖော်ပြပါ URL http://www.facebook.com/help/contact...delete_account ကို Copy - paste လုပ်ပြီး ကိုယ်ဖျက်ချင်တဲ့ Account ထဲကို Login ဝင်လိုက်ပါ။


အဆင့် ( ၂ ) >> အောက်မှာ ပြထားတဲ့ ပုံအတိုင်း တွေ့ရပြီ ဆိုရင် "Submit" ကို နှိပ်ပြီး သူ့ ညွှန်ကြားချက် အတိုင်းဆက် သွားပါ။



ပုံမှန်အတိုင်း ကိုယ့်ကို ဒီ account ရဲ့ တကယ့် ပိုင်ရှင် ဖြစ်မဖြစ် password နဲ့ သူရိုက်ခိုင်းတဲ့ စာလုံးလေး နဲနဲပါးပါး တူအောင် ရိုက်ပေးရုံပါပဲ။


အဆင့် ( ၃ ) >> ကိုယ် အဲလို ဖျက်ပြီးသွားတာနဲ့ ကိုယ့် Email ထဲကို " နောက် ၁၄ ရက်နေရင် မင်း Facebook account ကို ဖျက်ပစ်လိမ့်မယ် " ဆိုတဲ့ စာတစ်စောင် ဝင်လာပါလိမ့်မယ်။ လတ်တလောမှာ Delete လိုက်တယ် ဆိုပေမယ့် Faceboook account က တကယ် မပျက်သေးပါဘူး။ ဒီ account ပျက်ဖို့ နောက်ထပ် ၁၄ ရက်စောင့်ရဦးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် သူပြောထားတဲ့ ၁၄ ရက်အတွင်းမှာ Facebook ထဲကို ဘယ်အကြောင်းနဲ့ ဖြစ်ဖြစ် ပြန်ဝင်ဖို့ မကြိုးစားပါနဲ့။ တကယ်လို့ သူပြောထားတဲ့ ၁၄ ရက် အတွင်းမှာ ကိုယ်က အဲ့ဒီ့ account ထဲကို အကြောင်းတစ်စုံတစ်ရာ ကြောင့် ပြန်ဝင်ဖြစ်တယ် ဆိုရင် သူက ကိုယ့်ကို သံယောဇဉ် မပျက်သေးဘူး - ဒီ account နဲ့ ပတ်သတ်ပြီး နောက်ထပ် လုပ်ဆောင်စရာတွေ ရှိသေးတယ်လို့ ယူဆတဲ့ အနေနဲ့ Delete လုပ်တော့မှာ မဟုတ်ပါဘူး။ Account က ဒီအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်

>> account ရဲ့ တကယ့် ပိုင်ရှင် ဖြစ်မဖြစ် password နဲ့ သူရိုက်ခိုင်းတဲ့ စာလုံးလေး နဲနဲပါးပါး ရိုက်ပြီး submit လုပ်လိုက်ပြီးတည်းက Facebook account ထဲကို သူသတ်မှတ်ထားတဲ့ ၁၄ ရက် မပြည့်မချင်း ဘယ်တော့မှ ဝင်လို့ ရမရ ပြန်မစမ်းကြည့်ပါနဲ့ - နောက် ကိုယ့် browser က cache တွေနဲ့ cookies တွေအားလုံးကိုလည်း ဖျက်ပစ်ပါ။ ဒါမှ အလွယ်တကူ ပြန်ဝင်ဖြစ်လို့ မမြင်ရမတွေ့ရ ဖြစ်သွားမှာဖြစ်ပါတယ်။
>> နောက်တစ်ချက်က ကိုယ်လည်ပတ်သွားလာနေကျ Website တွေမှာ ပြထားတဲ့ Facebook Share button တို့ Like button တို့ကို click မပေးမိပါစေနဲ့။ ဒါကလည်း account ထဲကို ပြန်ဝင်တာ မဟုတ်ပေမယ့် ဒီ account ကို ပြန်အသုံးပြုနေတယ် ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။
>> နောက်ဆုံး တစ်ချက်ကတော့ Facebook account ရှိယုံနဲ့ သူ့ site မှာ account လုပ်စရာ မလိုပဲ သုံးလို့ ရတဲ့ Facebook Connect sites တွေမှာ အဲ့ဒီ ကိုယ်ဖျက်ထားတဲ့ Facebook account နဲ့ login မဝင်ပါနဲ့ signup လည်း မလုပ်ပါနဲ့။

အဆင့် ( ၄ ) >> သူသတ်မှတ်ထားတဲ့ ( ၁၄ ) ရက်ကို ကိုယ်စဖျက်တဲ့ ရက်ကနေ စမှတ်ထားပြီး စောင့်ကြည့်ပါ။ ၁၄ ရက်ပြည့်ပြီ ဆိုရင် ကိုယ့် Facebook account ထဲမှာ ရှိသမှ posts, comments, တွေက အစ တစ်ခြား info တွေအဆုံး အားလုံး ထာဝရ ဖျက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

KznT.

Did u need extra space in Gmail ??

Google ကနေ Gmail အတွက် free storage space ကို 7.5 GB ဆိုပြီး ပေးထားတဲ့ ပမာဏ ဟာ သာမန် Emails စီစစ် လက်ခံသူတစ်ယောက် အတွက်တော့ တော်ယုံတန်ယုံ ဘယ်တော့မှ ပြည့်မသွားနိုင်လောက်တဲ့ ပမာဏပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေက Emails တွေကို ပုံမှန်ဖျက်လေ့ မရှိ - ကိုယ့်ဆီလာတဲ့ messages တွေထဲက ပမာဏ မနည်းတဲ့ Attachments ကိုယ်စီနဲ့ လာတဲ့ စာတွေကိုလည်း ကိုယ်က လက်ခံထား - ဆိုဒ်တစ်ကာကို ဝင် အဲ့ဆိုဒ်မှာ Account လုပ်လိုက်လို့ Email တောင်းရင်ပဲ ဖြစ်ဖြစ် - Software download ချဖို့ Email တောင်းရင်ပဲ ဖြစ်ဖြစ် ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစား မနေပဲ ဒီ Email တစ်ခုတည်း ကို ပေး - ( အဲလို လုပ်လိုက်တော့ အဲ့ ဆိုဒ်တွေကနေ ကိုယ့် Mail box ထဲကို Spam တွေ နေ့တိုင်း ညတိုင်းမရေမတွက်နိုင်အောင်ပို့ ) - စသဖြင့် လုပ်ဆောင်နေမယ်ဆိုရင်တော့ 7.5 GB မဟုတ်ဘူး 750 GB ပေးလည်း storage space က လောက်မှာ မဟုတ်ပါဘူး။ အထက်ဖော်ပြပါအတိုင်း လုပ်ဆောင်နေမယ်ဆိုရင်တော့ Google ကနေ မကြာခင်မှာ ခုလို အသိပေးလာပါလိမ့်မယ်။





ဒီလို အသိပေးလာပြီ ဆိုရင်တော့ ကိုယ့်ရရှိထားတဲ့ storage limit ကို မကျော်လွန်အောင် ကျွန်တော်တို့ Account ထဲက messages သန့်ရှင်းရေးကို အမြန်ဆုံး ပြုလုပ်ကြရပါမယ်။

Messages သန့်ရှင်းရေး မည်သည့် အတွက်ကြောင့် ပြုလုပ်သင့်သနည်း။

ဖော်ပြပါအတိုင်း သတ်မှတ်ထားတဲ့ storage limit ကို ရောက်ရှိလာပြီ ဆိုရင် ကိုယ့်အတွက် အသုံးမလိုတဲ့ Messages အဟောင်း တွေကို မဖျက်မမျှ ကိုယ့် Account ကနေ စာပို့လို့ မရတော့ပါဘူး - နောက်ပြီး ကိုယ့် Account ဆီ လာတဲ့ messages မှန်သမျှ ဟာ Mail box ထဲကို ဝင်မှာ မဟုတ်တော့ပဲ ပို့လွှတ်သူဆီကို ပြန်ပို့ခံရပါမယ် - စသဖြင့် Action ဝင်လာမှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က ကိုယ့် မိသားစု သူငယ်ချင်း အားလုံးနဲ့ အဆက်ဖြတ် ခံလိုက်ရသလိုပါပဲ -

သင်၏ Mail Quota နောက်တစ်ကြိမ် မဆုံးရံှုးရ စေရန် ကာကွယ်ပါ။

တကယ်လို့ ကိုယ့်ရဲ့ Gmail က storage space ပြည့်သွားပြီ ဆိုရင် ဖြေရှင်းလို့ ရတဲ့ နည်းလမ်း ( ၂ ) ခုရှိပါတယ်။ - အဲ့ဒီ နည်း လမ်းတွေကတော့ storage space ကို Google ကနေ ထပ်မံ ဝယ်ယူပါ။ 20 GB ကိုမှ တစ်နှစ်ကို $ 5.00 USD ပဲ ကျမယ့် plan ဟာ တကယ်တမ်း သုံးမယ်ဆို သုံးပျော်တယ်လို့ ပြောလို့ ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အဲ့နည်းလမ်းကို ရွေးချယ်ဖို့ ခက်ခဲမယ့် သူတွေ အတွက် နောက်နည်းလမ်း တစ်ခုကတော့ ပမာဏများပြီး ကိုယ့်အတွက် အသုံးမလိုတဲ့ Emails တွေကို Gmail ထဲကနေ ဖျက်ထုတ်ပစ်ပြီး storage space ပြန်ရယူဖို့ပါ။ 

အခုနည်းလမ်း ( ၂ ) မျိုးထဲက ပိုက်ပိုက်ပေးစရာမလိုပဲ Free ရပြီး လုပ်ဆောင်ရလည်း လွယ်ကူတဲ့ ဒုတိယနည်းလမ်းကို အသုံးပြု ဖို့ ရွေးချယ်လိုက်ပါမယ်။

အဆင့် ( ၁ ) : ကိုယ့်ရဲ့ Gmail account ထဲဝင်ပြီး ( Settings > Forwarding and POP/IMAP ) ကနေ IMAP ကို Enable ပေးလိုက်ပါ။ အဲ့နောက်မှာ Outlook ကို ကျွန်တော်တို့ Configuration လုပ်ရပါမယ်။ Gmail ကို Outllok 2007 မှာ ဘယ်လို Setup လုပ်သလဲ ဆိုတာ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။ ( ကျွန်တော်က Outlook ကို ဥပမာ ပေးတဲ့ သဘောပါ။ မိသားစုဝင်တွေ အနေနဲ့ ကိုယ် ကြိုက်နှစသက်ရာ Mail client - Thunderbird, Live Mail, စသဖြင့် ) အသုံးပြုနိုင်ပါတယ်။ ဘာကြောင့် သူတို့တွေကို သုံးမှာလဲ - ?? ဘာကြောင့်လဲ ဆိုရင် ဒီ Mail client တွေကို သုံးပြီး Gmail message တွေကို download ချချင်လို့ ဖြစ်ပါတယ်။ ဘာကြောင့် Mail client တွေကို သုံးပြီး Gmail message တွေကို download ချဖို့ စီစဉ်နေတာလဲ ??  ဘာကြောင့်လည်း ဆိုရင် ထောင်နဲ့ချီနေတဲ့ Messages တွေရဲ့ ကြားထဲမှာ ဘယ် Messages တွေက  ကျွန်တော်တို့အတွက် လိုအပ်သလဲ - ဘယ် Messages တကယ်မလိုအပ်ဘူးလဲဆိုတာ Gmail  ထဲမှာ အလွယ်တကူ ရှာဖွေစီမံခန့်ခွဲနိုင်ဖို့  ဆိုတာ တော်တော်လေး ခက်ပါတယ်။ ဒါ့ကြောင့် Mail client တစ်ခုကို သုံးပြီး ကိုယ့်အတွက် တကယ်လိုအပ်တဲ့ Messages နဲ့ တကယ်မလိုအပ်တဲ့ Messages တွေကို အလွယ်တကူ ခွဲထုတ်နိုင်အောင် ကျွန်တော်တို့ စီစဉ်ရတာပါ။ တစ်ခု သိထားရမှာက Gmail message တွေကို Mail client တစ်ခုခု သုံးပြီး Download ချတဲ့ အခါမှာ full message ခေါ် Message တစ်ခုလုံးကို Download ချဖို့မလိုပါဘူး - တကယ်လို့ အဲလိုသာ Download ချလိုက်မိရင် ကိုယ့် Mail box ထဲမှာ စာများရင် များသလို - ကိုယ့် Internet speed က ခနော်နီ ခနော်နဲ့ နိုင်ရင်နိုင်သလို တစ်ရက် မက နှစ်ရက်မကနဲ့ မပြီးဆုံးနိုင်မယ့် လုပ်ငန်းစဉ်ကို အစပျိုးလိုက်မိသလို ဖြစ်သွားပါလိမ့်မယ်။


အဆင့် ( ၂ ) : Outlook 2007 မှာ ကိုယ့် Email account ကို Setup လုပ်ပြီးပြီ ဆိုတာနဲ့ Alt+Ctrl+S ( သို့မဟုတ် ) Tools > Options > Mail Setup > Send/Receive ကို နှိပ်ပြီး Send/Receive settings page ကို သွားလိုက်ပါမယ်။ အဲလို ခေါ်လိုက်တဲ့ အခါ Send/Receive Groups ဆိုတဲ့ Box တစ်ခု ပေါ်လာပြီး အဲကနေမှ တစ်ဆင့် Edit ကို ဝင်လိုက်ရင် အောက်ဖော်ပြပါအတိုင်း Box တစ်ခု ပေါ်လာပါလိမ့်မယ်။




Gmail Inbox ထဲက mails အားလုံးကို ရယူတဲ့ နေရာမှာ သူ Default ပေးထားတဲ့ " Download complete item including attachments " အစား  "Download headers only." ကို ပြောင်းလဲ ရွေးချယ်ပေးပြီး OK ကိုပေးပါ။ ( ကျွန်တော် လောလောဆယ် သုံးနေတာ Outllok 2007 ဖြစ်ပါတယ်။ Outllok 2003, 2010 များနဲ့ အနည်းငယ် ကွဲလွဲမှု ရှိနိုင်ပါတယ်။ )


အဆင့် ( ၃ ) : အားလုံးပြင်ဆင်ပြီးသွားရင် Microsoft Outlook folder နဲ့ Gmail ကို ချိတ်ဆက် sync လုပ်ဆောင်နိုင်ဖို့ အတွက် ကိုယ့် Email client က Send/Receive button ဒါမှမဟုတ် Shortcut key > F9 ကို နှိပ်ပါမယ်။ ကျွန်တော့် Gmail account ရဲ့ Mail box ထဲမှာ ဆိုရင် messages က သိပ်များသေးတာ မဟုတ်ပါဘူး။ ကျွန်တော် နေ့တိုင်း မလိုတာနဲ့ တန်းဖျက် ပစ်တတ်တာ ကြောင့်လည်းပါပါတယ်။ ဒီအဆင့်မှာ ကိုယ့် Mail box ထဲမှာ ရှိတဲ့ messages ပမာဏ များရင် များသလောက် နဲနဲ စောင့်ရပါလိမ့်မယ်။ ( ကျွန်တော့် messages 1090 စောင်ကို Send/Receive လုပ်တုန်းကတော့ ၁၅ စက္ကန့်လောက် စောင့်လိုက်ရပါတယ်။ ) ဒါတောင် ကျွန်တော်တို့က "Download headers only." ကို ရွေးထားလို့ သိပ်မကြာတာပါ။ တကယ်လို့ ရှိတဲ့ mails ကလည်း များ - နောက်ပြီး " Download complete item including attachments " ကိုလည်း ရွေးထားမယ်ဆိုရင် တော်ယုံနဲ့ ပြီးမှာ မဟုတ်တော့ပါဘူး။ 



အဆင့် ( ၄ ) : Outlook ထဲမှာ ရှိနေတဲ့ Gmail folder ထဲက Mails အားလုံးကို မြင်ရဖို့ အတွက် အရင်ဆုံး View > Reading Pane ကို > Off လိုက်ပါမယ် - ဒါဆို ဒီအောက်က ပုံစံအတိုင်း မြင်ရပါပြီ။ ကျွန်တော် ဒီနေရာမှာ Messages တွေအားလုံးကို View > Arrange by ကနေ Date အလိုက် စီခိုင်းလိုက်ပါတယ်။ တစ်ခြား ကိုယ်နှစ်သက်သလို အရွယ်အစား ( size ) အလိုက် - အကြောင်းအရာအလိုက် ( Subject ) - ဘယ်သူ့ဆီက ( from ) - ဘယ်သူ့ဆီကို ( to ) - ကိုယ် Add ထားတဲ့ Email accounts တွေ အလိုက် ( E-mail Account ) စသဖြင့် နှစ်သက်သလို စဉ်ခိုင်းလို့လည်း ရပါတယ်။



အထက်ဖော်ပြပါအတိုင်း ကိုယ့် Email messages တွေကို စဉ်ပြီးပြီ ဆိုရင် ကိုယ်ဖျက်ထုတ်မယ်လို့ စိတ်ကူးထားပြီး အစီအစဉ် မကျဖြစ်နေတဲ့ messages မျိုးတွေကို  Control key နဲ့ ပေါင်းရွေး နောက် အားလုံးကို drag ဆွဲပြီး အောက်ဖော်ပြပါအတိုင်း Outlook ထဲက Gmail အောက်မှာ ရှိတဲ့  sub-folder ခွဲ Trash ထဲကို ထည့်လိုက်ပါမယ်။ re-sync လုပ်တာ သေချာသွားအောင် F9 ဒါမှမဟုတ် Send/Receive button ကို ထပ်နှိပ်လိုက်ပါ။



အဲလိုမျိုးနဲ့ ခေါင်းစဉ် အသီးသီးအောက်က ကိုယ်မလိုအပ်တဲ့ Messages တွေကို Outlook ထဲမှာ Trash ရှိရာဆီ ထည့်ပြီးသွားပြီ ဆိုရင် Gmail ထဲကို Browser ကနေ Login ဝင်လိုက်ပါ။ ကျွန်တော်တို့ Outlook ထဲမှာ Trash ရှိရာဆီ ရွေးချယ်ဖျက်ထုတ်လိုက် တဲ့ Email messages အားလုံးဟာ Gmail ထဲမှာလည်း Trash ထဲ ရောက်ပြီးသား ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ လုပ်ရိုးလုပ်စဉ် အတိုင်း Trash ကို Empty Trash now လုပ်လိုက်ပါ။

မဖျက်ဆီးခင် သိမ်းဆည်းခြင်း။

တကယ်လို့ ကိုယ်ဖျက်ထုတ်ပစ်မယ့် Gmail messages တွေထဲက တစ်ချို့ကို သံယောဇဉ်မပျက်သေးလို့ backup လုပ်ထားချင်သေးတယ် ဆိုရင် Outlook ထဲက သိမ်းထားချင်တဲ့ Messages တွေပေါ်မှာ right click ထောက်ပြီး "Mark to Download Messages" ကို ရွေးပေးလိုက်ပါ။



အဲလို လုပ်ဆောင်ထားလိုက်တာနဲ့ နောက်တစ်ခေါက် re-sync လုပ်တဲ့ အချိန်မှာ Outlook ကနေပြီး file attachments အပါအဝင် full message တစ်ခုလုံးကို Download လုပ်ဆောင်ထားပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်ဆောင်ရမှာက အဲလို Download လုပ်ဆောင်ပြီးသွားတဲ့ Messages ကို Desktop ပေါ် Drag ဆွဲပြီးတော့ပဲ ဖြစ်ဖြစ် တစ်ခြား local folder တစ်ခုထဲကိုပဲ ဖြစ်ဖြစ် ပြောင်းပြီး သိမ်းထားလိုက်ယုံပါပဲ။ ( ဒီအကြောင်းအရာကို ကိုသီဟန်စိုး တစ်ခါ ဒီနေရာမှာ မေးခဲ့ဖူးပြီး အဲ့တုန်းကတော့ သူကလည်း အလျင်လိုနေတာမို့လို့ ကျွန်တော်လည်း ပြည့်ပြည့်စုံစုံ မဖော်ပြလိုက်နိုင်ပဲ တစ်ခြားနည်းလမ်း တစ်ခုဆီပဲ လမ်းညွှန် လိုက်ရပါတယ်။ )


အပေါ်မှာ storage space ပြန်လည်ရယူဖို့ Gmail messages သန့်ရှင်းရေး အကြောင်းကို အဆင့်လိုက် ဖော်ပြပြီးခဲ့ပေမယ့် Gmail အကြောင်းကို ကျွမ်းကျင် နားလည်တဲ့ users တွေအနေနဲ့ နောက်ထပ် complain တက်စရာ နည်းလမ်း တစ်ခု ရှိနေပါ သေးတယ်။ သူတို့တွေက storage space ပြန်လည်ရယူဖို့ ဖြေရှင်းတဲ့ အချိန်မှာ Desktop mail client ကို အသုံးမပြုချင်ကြ တဲ့ သူမျိုးတွေလို့ပဲ ဆိုကြပါစို့ - ဒါဆို ဒီအောက်က နည်းလမ်းကို ဆက်ပြီး လေ့လာကြည့်ပါ။ 


Outlook, Thunderbird, Live Mail, စတဲ့ Desktop mail client တွေ အသုံးအပြုချင်ဘူး - တစ်ခါမှလည်း မသုံးဖူးဘူး - အသစ်တွေ လိုက်စမ်းနေရမှာ စိတ်လည်း ရှုပ်တယ် - အဲတာမျိုးတွေ တစ်ခုမှ မလိုပဲ Gmail messages သန့်ရှင်းရေး မှာ သုံးလို့ရမယ့် တစ်ခြား နည်းလေးများ မရှိတော့ဘူးလား - ဟုတ်ကဲ့ ရှိပါတယ်။ Storage limit ပြည့်လုမတတ်ဖြစ်နေတဲ့ Mail box ကို ဒီအောက်က နည်းတွေနဲ့ ရှင်းကြည့်ပါ။


» Query string >> "has:attachment" ဆိုပြီး Search mail ရဲ့ ဘယ်ဘက်က Box မှာ ရိုက်ပြီး ရှာလိုက်ပါ။ attachment ပါတဲ့ Mails မှန်သမျှကို သူ ပြပါလိမ့်မယ်။ ဒီ String ကို ဒီ့ထက်ပိုပြီး ထပ်ပြီး တိကျအောင် ခိုင်းစေလို့ ရပါသေးတယ်။ ဥပမာ ပြောရရင်  "has:attachment from:me label:sent" - အဲလို ရိုက်ပြီး ရှာခိုင်းလိုက်ရင် ကိုယ်ပို့ခဲ့တဲ့ messages တွေထဲက attachment ပါတဲ့ messages တွေကို သူ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ ထဲကနေမှ ရွေးထုတ်ပြီး ကိုယ် Delete လုပ်ချင်တဲ့ messages တွေကို ဖျက်ထုတ်ပစ်ပါ။


» Query string >> filename:pdf သို့တည်းမဟုတ် filename:xls ဆိုတာကတော့ messages တွေမှာ ပါတဲ့ attachments တွေထဲကမှ file type တစ်ခုချင်းစီကို သီးသန့် အသေးစိတ် ရည်ညွှန်းလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီ့ စာလုံးကို အပေါ်မှာ ပြခဲ့တဲ့ Query string >> "has:attachment from:me label:sent" နဲ့ ပေါင်းလိုက်တဲ့ အခါ ကိုယ်ပို့ခဲ့တဲ့ messages တွေထဲက attachment တွေထဲမှာ PDF files တွေ - xls files တွေချည်းပဲ ပါတဲ့ messages တွေကို ချည်းပဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်။


» တစ်ခါတစ်လေ Gmail inbox ပြတဲ့ messages ပမာဏ အရမ်းနည်းနေတယ်လို့ ယူဆရင် တစ်မျက်နှာကို messages အရေအတွက် အများဆုံး ၁၀၀ ပြအောင် လုပ်ဆောင်လို့လည်း ရပါတယ်။ ဒီ setting က messages ပေါင်းများစွာကို တစ်ချိန်တည်း တစ်ပြိုင်တည်း Select လုပ်ပြီး ဖျက်ချင်တဲ့ အခါမှာ အရမ်း အသုံးဝင်ပါတယ်။



» Query string >> "before:2009/01/01 label:sent" ဆိုပြီး ရှာမယ် ဆိုရင်တော့ January 1, 2009 မတိုင်ခင်က ကိုယ်ပို့ခဲ့တဲ့ messages တွေ အားလုံးကို ဖော်ပြလာမှာ ဖြစ်ပါတယ်။ ဒီ Query string က >> ကိုယ်ပို့ခဲ့တဲ့ စာအဟောင်း တွေကို ဖျက်ပစ်ချင်ရင် အသုံးဝင်ပါတယ်။

» တကယ်လို့ ကိုယ်က ဖတ်နေကျ Blogs တွေ Websites တွေကနေ messages တွေရဖို့ subscribed လုပ်ထားတယ်ဆိုရင် သူတို့တွေက နောင်တစ်ချိန်မှာလည်း ပြန်ဖတ်မယ့် Messages မျိုးတွေ မဟုတ်တော့လို့ ခုလို Space လိုအပ်နေချိန်မှာ ဖျက်ပစ်ဖို့ အသင့်တော်ဆုံးပါပဲ။ Query string >> from:mail-address@list.com - ကနေ messages တွေကို ရှာဖြွေပီး အကုန် ဖျက်ထုတ်ပစ်လိုက်ပါ။

» ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ GMail search operators တွေက ရှာခိုင်းတဲ့ အတိုင်း ကောင်းကောင်း အလုပ်မလုပ် တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုဆိုရင်တော့ အပေါ်ဆုံးမှာ ဖော်ပြခဲ့ပြီးတဲ့ Outlook, Thunderbird စတဲ့ Mail client တစ်ခုခု သုံးပြီးတော့သာ messages တွေ ဖျက်ဖို့ လုပ်ဆောင်ပါ။

» GMail နဲ့ Outlook ရဲ့ ကွာခြားသွားချက်က - ကျွန်တော်တို့ messages တွေ ဖျက်ထုတ်ပစ်ဖို့ရှာတဲ့ နေရာမှာ Gmail ထဲမှာ ဆိုရင် Attachments တွေရဲ့အရွယ်အစားအလိုက် messages တွေကို ရှာဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Outlook ထဲမှာတော့ မျိုးစုံအောင် အလွယ်တကူ စိတ်ကြိုက်ရှာလို့ ရပါတယ်။ ဒီအကြောင်းကို အပေါ်မှာ ဖော်ပြခဲ့ပြီးသားမို့ ထပ်မရှင်းတော့ပါဘူး။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေထဲက အချက်တစ်ချို့ဟာ Gmail Storage space မလုံလောက်မှု နဲ့ ကြုံတွေ့နေရတဲ့ မိသားစုဝင်များ အတွက် အတိုင်းအတာ တစ်ခုထိ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။

KznT.

Firefox 3^ + Stylish

ဒီအကြောင်းအရာကို ရေးရင် ကောင်းမလား - မကောင်းဘူးလားနဲ့ ( ၃ ) ရက်လောက် စဉ်းစားပြီး ရေးဖြစ်ခဲ့ပါတယ်။ ဘာကြောင့် လဲ ဆိုရင် အတွေးအခေါ်ပိုင်း မပါပဲ လေ့လာဖို့လွယ်တဲ့ How to ဖြစ်နေလို့ပါ။ နောက်တစ်ချက်က တော်တော်များများ သိထားပြီး သား အကြောင်းအရာ တစ်ခုလဲ ဖြစ်နေနိုင်သလို - သိထားပြီးသား မဟုတ်ရင်တောင် ဒီလောက်ကြီးထိ အရေးမကြီးပါဘူးလို့ ယူဆလို့ ရတဲ့ အကြောင်းအရာ တစ်ခုမို့လို့လည်း ဖြစ်ပါတယ်။ ဒါဆို ဒီ အကြောင်းအရာကို ဘာကြောင့်ရေးသလဲ - ဟုတ်ကဲ့ Browser တစ်ခုမှာ ကိုယ့်အတွက် တကယ်အသုံးမလိုပဲ ပါဝင်လာတဲ့ Toolbars တွေ - Menus တွေ နဲ့ Buttons တွေအားလုံး ကိုဖယ်ထုတ်ပြီး မိမိရဲ့ surfing area ကို ကျယ်ပြောစေလိုသူ - Websites တွေ Blog တွေ ဖတ်တဲ့ နေရာမှာ စာသားတွေ အားလုံးကို နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ ဖတ်ရှု့လေ့လာလိုသူတွေ အတွက် မိမိစက်က Browsers ရဲ့ Default configurations ကို ပြင်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။



အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ကျွန်တော့် Browser မှာ ဆိုရင် Default အနေနဲ့ Menu Bar - Navigation Toolbar - Bookmarks Toolbar  - Google Toolbar  - ImageShack  Toolbar နဲ့ Tab Bar ဆိုပြီး အားလုံးက တကယ်လည်း မလိုအပ်ပဲ Browser မှာ အခန့်သား နေရာယူထားတဲ့  Toolbars တွေ - Menus တွေ - Buttons တွေနဲ့ ပြည့်နှက်နေပါတယ်။ နဂိုကမှ သေးလွန်းလှတဲ့ ကျွန်တော့် Screen မှာ သူက တစ်လက်မခွဲလောက် နေရာယူထားတော့ စာဖတ်တဲ့ အချိန် - စာရေးတဲ့ အချိန် - တစ်ခြား လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တဲ့ အချိန်မှာ ပြည့်ဝတဲ့ Browsing area ကို မရရှိပဲ တော်တော်လေးကို အကျပ်တွေ့ရပါတယ်။ ကျွန်တော့်လိုပဲ မလိုလားအပ်တဲ့ Toolbars တွေ - Menus တွေ - Buttons တွေ ကြောင့် Browsing area ကို ကျယ်ကျယ်ပြန့်ပြန့် မရရှိနိုင်ကြတဲ့ မိသားစုဝင်များလည်း တစ်ယောက်စ နှစ်ယောက်စ ရှိကြမှာပါ။ အဲလိုခက်ခဲနေသူတွေ အတွက်  Mozilla မှာ ပြင်ဆင်နိုင်တဲ့ ပြင်ဆင်နည်း တစ်ချို့ကို အောက်မှာ ဖော်ပြပေးသွားပါ့မယ်။ အားလုံးကိုယ့်စိတ်ကြိုက်  လိုအပ်တာပဲ ရွေးထုတ် ပြင်ဆင်ပြီးသွားရင် ပြောင်းလဲသွားမယ့် ပုံသဏ္ဍန်ကတော့ အောက်ဖော်ပြပါ ပုံအတိုင်းပါ။


အထက်မှာ ဖော်ပြထားတဲ့အတိုင်း ပြောင်းလဲပစ်ဖို့ဆိုရင် ကျွန်တော်တို့တွေအတွက် မလိုအပ်တဲ့ buttons တွေ Menus တွေ Toolbar တွေက ဘာတွေလဲ ဆိုတာ အရင်ဆုံး စဉ်းစား ရွေးချယ်ထားဖို့လိုပါတယ်။ Firefox ရဲ့ နဂိုပုံစံအနေအထားဟာ ပုံမှန်အားဖြင့် ခုလို အနေအထားမျိုး ဖြစ်ပါတယ်။



အားလုံး ပြင်ဆင်ပြောင်းလဲ ပြီးသွားပြီ ဆိုရင် ရရှိလာမယ့် ပုံစံအသစ်က အောက်ဖော်ပြပါအတိုင်း ဖြစ်သွားပါလိမ့်မယ်။ အပေါ်မှာ ဖော်ပြထားတဲ့ ပုံမှာ Firefox ဟာ အမှန်တကယ် မလိုအပ်ဘဲ Menus - Toolbar တွေ - Buttons တွေနဲ့ Vertical space ကို အများအပြား ယူထားပြီး ဒီအောက်က ပုံကတော့ Browsing area ကို ပိုမိုကျယ်ပြန့်သွားအောင် မလိုအပ်တဲ့ အရာအားလုံးကို ဖြုတ်ထုတ်ပြီး လိုအပ်တာတွေကိုပဲ တစ်စုတစ်စည်းထဲအဖြစ် ယခင်က Menu bar ရှိရာနေရာမှာ ပေါင်းစည်းထားတာ အားလုံး သတိပြုမိကြပါလိမ့်မယ်။



အထက်ပါအတိုင်း ပြင်ဆင်နိုင်ဖို့ အတွက် ကျွန်တော်တို့ အဆင့် ( ၄ ) ဆင့်နဲ့ လုပ်ဆောင်ရပါမယ်။


အဆင့် ( ၁ ) - Firefox versions မြှင့်တင်ခြင်း။


တကယ်လို့ ကိုယ့်စက်မှာရှိနေတဲ့ Firefox Stable version 3 သို့အဟုတ် 3.6.6 ထက်နိမ့်နေခဲ့မယ်ဆိုရင် ဒီနေရာကနေ Download ချပြီး install လုပ်ဆောင်ပေးဖို့လိုပါတယ်။ 


အဆင့် ( ၂ ) - Stylish extension အား install လုပ်ဆောင်ခြင်း။



ပထမဆုံး ကျွန်တော်တို့ Firefox အတွက် Stylish extension ကို ဖော်ပြပါနေရာကနေ install လုပ်ဆောင်ပေးပါ။ ပြီးရင် Firefox ကို Restart ပေးပါ။ ဒါက လောလောဆယ် အခြေအနေမှာ Firefox add-on ကို install လုပ်ဆောင်ပြီးတဲ့ အဆင့်ပဲ ရှိသေးပါတယ်။ နောက်တစ်ဆင့် အနေနဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ features တစ်ချို့ အဲ့ဒီ့ User Styles add-on ထဲကို ထည့်သွင်းပေးရပါဦးမယ်။


အဆင့် ( ၃ ) - Stylish extensions များ User Styles အတွင်းသို့ ထည့်သွင်းခြင်း။

Firefox ကို မိမိစိတ်ကြိုက်ပုံသွင်းဖို့ style code တွေကို ကိုယ့်ဘာသာ ရေးသားပြီး css ထဲမှာ ထည့်သွင်းရင်လည်း ရသလို - ဒီ့ထက်ပိုမိုလွယ်ကူအောင် အောက်ဖော်ပြပါ Stylish extensions တွေကို အလွယ်တကူ ထည့်သွင်းသွားလို့လည်း ရပါတယ်။ 




အဲလို ထည့်သွင်းပြီးသွားရင် အောက်ဖော်ပြပါအတိုင်း Stylish extensions တွေအားလုံးကို edit လုပ်လို့ ရမယ် နောက် enable - disable စသဖြင့် စိတ်ကြိုက် ထိန်းချုပ်လို့လည်း ရမှာ ဖြစ်ပါတယ်။



ခု အထက်ဖော်ပြပါ Stylish extensions တွေကို ထည့်သွင်းဖို့ အရင်ဆုံး ကျွန်တော်တို့ စဉ်းစားရမှာ buttons တွေ အားလုံးထဲက ဘယ် buttons တွေ - Menus တွေကို ကျွန်တော်တို့ မလိုဘူးလဲ - ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် Menu bar မှာ ပါတဲ့ Edit နဲ့ Help menus ဆိုတာ ကျွန်တော်တို့အတွက် မလိုဘူး - နောက် Enter ခေါက်ရင်ရနေတဲ့ Location bar က Go button နဲ့ Search box က magnifying glass က မလိုဘူး - နောက် Stop နဲ့ Reload buttons - အဲ့နှစ်ခုကို တစ်ခုတည်း အဖြစ် ကျွန်တော်တို့ ပေါင်းပစ်လိုက်လို့ ရတယ်။ နောက် throbber ဒါတွေကို ကျွန်တော်တို့ အရင်ရှင်းပစ်ရပါမယ်။ ဒါတွေ အားလုံး လုပ်ဆောင်ဖို့က ဒုတိယ အဆင့်ပါ။ ဒါတွေ လုပ်ဆောင်ဖို့ အောက်ဖော်ပြပါအတိုင်း အသေးစိတ် လုပ်ဆောင်ပါမယ်။ 

Stop နှင့် Reload buttons နှစ်ခုအား တစ်ခုတည်း အဖြစ် ပေါင်းစည်းခြင်း [Install] — Firefox မှာ Page တစ်ခုကို loading လုပ်တဲ့ အချိန်မှာ ဆက်ပြီး Loading မလုပ်ချင်တော့ရင် ရပ်ပစ်နိုင်တဲ့ Stop button ဆိုတာ ရှိပါတယ်။ ဆိုရရင် အဲ့ဒီ့ Stop နဲ့ Reload buttons မလိုအပ်ပဲနဲ့ Horizontal space ကို နေရာပိုယူနေတာပါ။  အဲ့ဒီ့ buttons ( ၂ ) ခုကို အောက်ဖော်ပြပါ ပုံအတိုင်း တစ်ခုတည်း အဖြစ် ပေါင်းစည်းနိုင်တဲ့ script ရှိပါတယ်။ အဲ့ဒီ့ Script ကို Install ဆိုတဲ့ နေရာကနေ install လုပ်ဆောင်လိုက်ပါ။ Install လုပ်ဆောင်ပြီးသွားရင် အောက်ဖော်ပြပါ ပုံက ဒုတိယမြောက် အနေအထားအတိုင်း buttons နှစ်ခုကနေ တစ်ခုတည်း အဖြစ်ပေါင်းစည်းသွားပါလိမ့်မယ်။



Unread tab names များအား italic style အဖြစ်ဖန်တီးခြင်း [Install] — လတ်တလောမှ ကိုယ်ဖတ်နေတဲ့ Web စာမျက်နှာကလွဲရင် တစ်ခြား ကိုယ်မဖတ်တဲ့ စာမျက်နှာတွေကို italic style အဖြစ် ဖန်တီးထားခြင်း အားဖြင့် tabs တွေ အများကြီး ဖွင့်ထားတဲ့ အချိန်မှာ ဖတ်နေတဲ့ tab နဲ့ မဖတ်တဲ့ tabs တွေကို ကွဲပြားရှင်းလင်းစွာ တွေ့မြင်နိုင်ပါတယ်။


https:// sites များအတွက် location bar အား အဝါရောင်ဖြင့် ဖော်ပြခြင်း [Install] — Firefox 2 မှာတုန်းက encrypted connection တွေကို browse လုပ်တဲ့ အချိန်မှာ address bar တစ်ခုလုံး အဝါရောင် ပြောင်းသွားတာ သတိထားမိကြမှာပါ။ အဲ့တုန်းက အခြေအနေအတိုင်း အခု Firefox 3 မှာလည်း https:// web sites တွေ browser လုပ်တဲ့ အချိန် location bar မှာ မိမိ သတိထားမိလွယ်အောင် yellow address bar အဖြစ် ဖန်တီးနိုင်ပါတယ်။



Bookmark မှတ်သားရာတွင် keyword ထည့်သွင်းမှတ်သားနိုင်စေရန် ဖန်တီးခြင်း [Install] — ဒီ user style ကိုထည့်သွင်း ထားခြင်း အားဖြင့် Bookmark မှတ်သားတဲ့ နေရာမှာ keyword ထည့်သွင်းနိုင်ဖို့ နေရာလွတ်တစ်ခု အောက်ဖော်ပြပါအတိုင်း Edit Bookmark dialog မှာ ဖြည့်သွင်းပါဝင်လာမှာ ဖြစ်ပါတယ်။



Tab rows နှစ်ခု ဖော်ပြစေခြင်း [Install] — Web စာမျက်နှာကို ဖွင့်ရင်း ကြည့်ရင်းနဲ့ သက်ဆိုင်ရာ စာမျက်နှာမှာ ချိတ်ဆက်ထားတဲ့ Links တွေကို Tabs အသစ်တွေ ဖွင့်ပြီး ကြည့်ရင်းကြည့်ရင်း ကနေ တစ်ခါတစ်ရံမှာ ကိုယ်ဖွင့်ထားတဲ့ tabs တွေကို ၁၅ ခု အခု ၂၀ လောက်ထိ ဖြစ်လာတာ သတိထားမိကြပါလိမ့်မယ်။ အဲလို အခြေအနေမှာ ကိုယ်နောက်တစ်ကြိမ် ထပ်ကြည့်ချင်တဲ့ tab ရှိရာဆီ ရောက်ရှိနိုင်ဖို့ ရှာရတာ တော်တော်လေး လုပ်ရကိုင်ရ ခက်တတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ အတွက်က ပုံမှန် Tab row တစ်ခုတည်းကို နှစ်ခု ဖြစ်အောင် အောက်ဖော်ပြပါအတိုင်း ဖန်တီးယူလိုက်ပါ။ ဒါဆိုရင် ကိုယ်နောက်တစ်ကြိမ် ပြန်ကြည့်ချင်တဲ့ tab ကို ရှာဖွေတဲ့ နေရာမှာ အရင်ကထက်ပိုပြီး မြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်။






Location bar မှ Go button နှင့် Search box မှ magnifying glass အား Hide ထားခြင်း [Install] — Location bar မှာ ကိုယ်သွားချင်တဲ့ web address ကို ရိုက်ထည့်ပြီး Enter ခေါက်ရင် ကိုယ်လိုချင်တဲ့ နေရာရောက်တယ်ဆိုတာ အားလုံးသိပါတယ်။ ဒါဆို အောက်မှာ မြင်နေရတဲ့ Location bar က Go button က ဘာလုပ်ဖို့ ကျွန်တော်တို့ လိုဦးမှာလဲ - ဒါ့အပြင် ညာဘက်အပေါ် ထောင့်က Search box မှာရှိတဲ့ မှန်ဘီလူးကရော ?? သူကလည်း အလှထည့်ထားတာပါ။ သူမရှိပဲလည်း နေလို့ ဖြစ်ပါတယ်။ သူတို့တွေကို ဖြုတ်ထုတ်ပစ်ခြင်း အားဖြင့် ကျွန်တော်တို့လိုအပ်နေတဲ့ Browser space တွေ ပိုမို ရရှိလာစေပါတယ်။


အဆင့် ( ၄ )



အဲတာတွေ လုပ်ဆောင်ပြီးရင် ကျွန်တော်တို့တွေ အတွက် မလိုအပ်တဲ့ Buttons တွေ - Menus တွေနဲ့ Toolbars တွေ အားလုံးကို ဖယ်ရှားပစ်ဖို့ စီစဉ်ရပါမယ်။


"Throbber" အား ဖယ်ရှားခြင်း [Install] — Web page တစ်ခုကို Loading လုပ်နေတဲ့ အချိန်မှာ Loading လုပ်နေတ့ဲ အခြေအနေကို tab တစ်ခုချင်းစီမှာ အောက်ဖော်ပြပါအတိုင်း မြင်နေရမှာ ဖြစ်တဲ့ အပြင် Browser ရဲ့ ညာဘက် အပေါ်ထောင့်မှာလည်း မြင်နေရမှာ ဖြစ်ပါတယ်။ tab တစ်ခုချင်းစီမှာ loading ရဲ့ အခြေအနေကို မြင်နေရမှတော့ ကျွန်တော်တို့အတွက် ညာဘက် အပေါ်ထောင့်က pinwheel က ထပ်ပြီးတွေ့နေဖို့ မလိုပါဘူး - သူ့ကို ဖျောက်ထားလို့ ရပါတယ်။



Edit နှင့် Help menus အား Hide ထားခြင်း [Install] — Firefox ရဲ့ Menu bar မှာရှိတ့ဲ Menus တွေထဲက Edit နဲ့ Help ကတော့ ကျွန်တော်တို့ တစ်ခါမှ မသုံးဖြစ်ဆုံး Menus တွေပါ။ ဒါကြောင့် သူတို့ကို Menu bar မှာနေရာပေးထားတာကနေ တစ်ခြား တကယ်အသုံးလိုတဲ့ Buttons တွေအတွက် အပိုနေရာ တစ်ခုရအောင် ဖြုတ်ထားနိုင်ပါတယ်။ တကယ်လို့ လိုအပ်တဲ့ အချိန်မှာ ပြန်ခေါ်ချင်တယ်ဆိုရင်လည်း ဒါတွေ အားလုံးက Tools > Add-ons ထဲက User Styles ထဲကနေ Enable ပြန်ပေးလို့ ရပါတယ်။






"Open all in tabs" item အား Hide ထားခြင်း [Install] — Toolbar မှာ ရှိနေတဲ့ Bookmarks folders တွေထဲက "Open all in tabs" option တကယ်တမ်း ဆန်းစစ်ကြည့်ရင် ဘယ်သူမှ သုံးလေ့ မရှိကြပါဘူး။ အဲတာကိုလည်း ဖြုတ်ထားနိုင်ပါတယ်။



Bookmarks Toolbar အား Auto-Hide ထားခြင်း [Install] — Browser ရဲ့ Vertical space ကို ပိုရဖို့အတွက် bookmarks toolbar ကို Auto-hide ခိုင်းထားလို့ ရပါတယ်။ အသုံးလိုတဲ့ အချိန် bookmarks toolbar နေရာကို Mouse လေးနဲ့ ပွတ်ဆွဲလိုက်တဲ့ အချိန် bookmarks toolbar က အလိုလို ပြန်ပေါ်လာမှာ ဖြစ်ပါတယ်။




အထက်ဖော်ပြပါ လုပ်ဆောင်ချက်တွေ အားလုံးထဲက မိမိနှစ်သက်ရာ Stylish extensions တွေကို ထည့်သွင်းပြီးပြီဆိုရင် Toolbar ပေါ်မှာ Right click ထောက်ပြီး Customize ကို ဝင်လိုက်ပါ။ အောက်ဖော်ပြပါအတိုင်း Customize Toolbar ကို တွေ့ရပြီ ဆိုရင် ကိုယ့် Browser မှာ ရှိနေတဲ့ Toolbars တွေထဲက ကိုယ့်အတွက် တကယ် အသုံးလိုတဲ့ Back / Forward button - Location bar - Search box နဲ့ buttons တွေကို အောက်ဖော်ပြပါအတိုင်း အပေါ်ဆုံးက Menu bar ရှိရာဆီ Drag ဆွဲပြီး ရွှေ့လိုက်ပါ။



စိတ်ကြိုက်ပြင်ဆင်ပြီးသွားရင် ကိုယ့်အတွက် တကယ် အသုံးမလိုတော့တဲ့ Buttons တွေပါဝင်နေတဲ့ Toolbars အားလုံးကို View > Toolbars ကနေ Click ဖြုတ်ပြီး Hide ခိုင်းထားလိုက်ပါ။ 




ခုဆိုရင် အရင်က ကိုယ့်အတွက် တကယ်အသုံးမလိုတဲ့ Buttons တွေနဲ့ ရောထွေးရှုပ်ရှက်နေတဲ့ Toolbars တွေ နေရာမှာ ကိုယ့်အတွက် တကယ်အသုံးလိုပြီး လိုအပ်ချက်အားလုံး ပြည့်စုံနေတဲ့ Menu bar တစ်ခုတည်းနဲ့ အခုလို အစားထိုးလိုက်နိုင်ပါပြီ။


ဒါကတော့ အားလုံး ပြင်ဆင်ပြီး နောက်ဆုံး မြင်ကွင်း ဖြစ်ပါတယ်။



KznT.

What is Contributing ??

What is Contributing ??




Contribute လုပ်တယ်ဆိုတာ ဘာလဲ ?? ကျွန်တော်တို့ အလွယ်သိကြတဲ့ မျှဝေတယ်ဆိုတဲ့ Contribute လုပ်တယ်ဆိုတာ - နယ်ပယ် အသီးသီးက မိမိတို့နဲ့ သက်ဆိုင်ရာ အလိုက် ကိုယ်တိုင် သိရှိထားပြီးသော နားလည်ထားပြီးသော - ဖတ်မှတ်လေ့လာ ခဲ့ဖူးပြီးသော အကြောင်းအရာ ကိစ္စရပ်တစ်ခုခုကို တစ်စုံတစ်ယောက် သိရှိနားလည်သွားအောင် မျှဝေတာကို Contribute လုပ်တယ်လို့ ခေါ်ပါတယ်။ တကယ်တော့ ဒါဟာ အတိုချုံးလိုက်တာပါ - Contribute လုပ်ခြင်းရဲ့ အကျိုးသက်ရောက်မှု နဲ့ သူ့ရဲ့ ရလာဒ်တွေကို အကျယ်ချဲ့ပြီး ကျွန်တော် ဆွေးနွေးသွားပါဦးမယ်။


ဒီအကြောင်းအရာကို အကျယ်မချဲ့ခင် ဘာကြောင့် ဒီ အကြောင်းအရာကို ရေးဖြစ်သွားလဲ ဆိုတာ ကျွန်တော် အရင်ရှင်းပြ ချင်ပါတယ်။ ကျွန်တော်တို့တွေ ခုဆို မြန်မာမိသားစု ဆိုတဲ့ ဖိုရမ်ထဲမှာ နေကြတယ်။ နေ့စဉ်နေ့တိုင်း ဖိုရမ် ဝင်ဖြစ်ကြတဲ့သူတွေ ရှိသလို - အားတဲ့ အချိန်လေးမှ ဖိုရမ် ဝင်နိုင်တဲ့ သူလည်း ရှိတယ်။ ဘယ်လို အကြောင်းနဲ့ပဲ ဖိုရမ်ကို ရောက်လာ ရောက်လာ ဖိုရမ်တစ်ခုရဲ့ သဘောသဘာဝကို သိနားလည်ထားဖို့ လိုပါတယ်။ ဖိုရမ်ဆိုတာ တစ်ခြား Website စာမျက်နှာတွေနဲ့ မတူပါဘူး- သူဟာ တစ်နေရာတည်းမှာ နယ်ပယ် အသီးသီးက ကျွမ်းကျင်သူ - လေ့လာဆဲ - beginners အားလုံးကို တစ်နေရာတည်းမှာ ရောသမမွှေထားတဲ့ နေရာတစ်ခုပါ - မြန်မာမိသားစု ဖိုရမ်ဟာ နည်းပညာအတွက် ရည်ရွယ်ပြီး တည်ထောင်ထားတဲ့ ဖိုရမ် တစ်ခုဆိုတာမှန်ပေမယ့် သူ့မှာ နည်းပညာနဲ့ မဆိုင်တဲ့ ဘာသာရေး - လူမှုရေး - ကိုယ်ရေးကိုယ်တာကဏ္ဍ အားလုံးကို တိုင်ပင်ဆွေးနွေးလို့ ရအောင် ဖြန့်ခွဲ ဖွင့်လှစ်ပေးထားတဲ့ ဖိုရမ်ခွဲတွေလည်း အများကြီး ရှိပါတယ်။ နည်းပညာဖိုရမ်လို့ ဆိုပြီး  တစ်ခြားနည်းပညာနဲ့ မဆိုင်တဲ့ အကြောင်းအရာတွေကိုပါ - မြန်မာမိသားစု ဖိုရမ်မှာ ဘာကြောင့် ဖိုရမ်ခွဲတွေအနေနဲ့ ဖွင့်လှစ်ထား သလဲ - ဘာကြောင့်လဲ ဆိုတော့ - မြန်မာမိသားစု ဆိုတဲ့ စကားလုံးကြောင့်ပါပဲ - လူတိုင်းလူတိုင်းမှာ အခက်အခဲတွေ ရှိတယ် - အကျပ်အတည်းတွေ ရှိတယ် - အရေးပေါ် အခြေအနေဆိုတာတွေ ရှိကြတယ် - ကိုယ်တိုင်ဆုံးဖြတ်ဖို့ မလွယ်ပဲ တစ်ယောက်ယောက်ရဲ့ အကူအညီပါမှ ပြီးနိုင်မယ့် ပြဿနာရပ်မျိုးတွေ ရှိမယ် - တစ်ခါတစ်လေမှာ ကိုယ်တိုင်လုပ်ဆောင် နိုင်ပေမယ့် ကိုယ့်လုပ်ဆောင်ချက်ကို မှားလား မှန်လားဆိုတာကို အတည်ပြုပေးမယ့် တစ်စုံတစ်ယောက်ရဲ့ အားပေး အတည်ပြုချက်ကို ရယူချင်တဲ့ အခြေအနေမျိုးတွေလည်း ရှိမယ် - စသဖြင့် ကဏ္ဍနယ်ပယ် အသီးသီးက ပြဿနာရပ်တွေကို တစ်နေရာတည်းမှာ မိသားစု စိတ်ဓာတ်နဲ့ တိုင်ပင် ဖြေရှင်းနိုင်အောင် မြန်မာမိသားစုဖိုရမ်က နည်းပညာ တစ်ခုတည်းကိုသာမက တစ်ခြား နည်းပညာနဲ့ မသက်ဆိုင်တဲ့ ဖိုရမ်ခွဲတွေကိုပါ ဖြန့်ခွဲတည်ဆောက်ပေးထားတာပါ -

ဒါပေမယ့်လည်း ရည်ရွယ်ချက် ရှိရှိနဲ့ တည်ဆောက်ထားခဲ့တဲ့ ဖိုရမ်တစ်ခု - ရည်ရွယ်ချက် မပြည့်ဝနိုင်သေးပဲ အားနည်းချက်ပေါင်း များစွာနဲ့ ဖြိုဖျက်မရနိုင်သေးတ့ဲ အချက် ( ၂ ) ချက်ကို အံတုတွန်းခံပြီး လှုပ်ရှားလည်ပတ်နေရတာကို စိတ်မကောင်းစရာ တွေ့နေခဲ့ရ ရက်ပေါင်းတော်တော်ကြာခဲ့ပါပြီ။ ကျွန်တော်တို့ ဖိုရမ်တင်ပဲလား - ?? တကယ်တော့ ကျွန်တော်တို့ ဖိုရမ်တစ်ခုတည်း မဟုတ်ပါဘူး - မြန်မာဖိုရမ်တော်တော်များများ ဒီလို အခြေအနေနဲ့ပဲ ရပ်တည်နေကြရတာပါ။ အဲ့ဒီ့ အချက်နှစ်ချက်ကတော့ -

( ၁ ) ဖိုရမ်တစ်ခုရဲ့ သဘောသဘာဝကို ဖိုရမ်ဝင်သူတိုင်း ခုချိန်ထိ သဘော မပေါက်နိုင်ကြသေးတာရယ်
( ၂ ) သဘောပေါက်နားလည်ပေမယ့် လိုက်ပါလုပ်ဆောင်မှု - ထိရောက်တိကျစွာ ဝင်ရောက် ရေးသားဆွေးနွေးမှု မပြုကြ သေးတာရယ်ပါ။

ဒီအကြောင်းအရာတွေ အတွက် ကျွန်တော် တတ်နိုင်သမျှ မြန်မာမိသားစုဝင်တွေကို တွန်းအားပေး တိုက်တွန်းချက်လို့ ဒီစာကို ကျွန်တော် ရေးဖြစ်ခဲ့ပါတယ်။

ဖိုရမ်ဆိုတာဟာ စာဖတ်ဖို့ တစ်ခုတည်း ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်တစ်ခု မဟုတ်သလို ပြဿနာရှိမှ ရောက်လာပြီး ကိုယ့်ပြဿနာအတွက် ဖြေရှင်းပေးနိုင်မယ့်သူကို ရှာဖွေတဲ့ အတိုင်ပင်ခံ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး - မြန်မာမိသားစုဝင် တော်တော်များများ ( လူတိုင်းကို မဆိုလိုပါ။ ) ဖိုရမ်ကို ရောက်လာကြတယ် - တော်တော်များများက ပြဿနာရှိလာရင် ရောက်လာ - မေးစရာရှိတာမေး - ပြီးရင်ပြန် - တစ်ခါတစ်လေ မေးချင်တာမေးပြီး ကိုယ်မေးထားတဲ့ မေးခွန်းကို ဖြေကြားပေးထားလား မပေးထားဘူးလား ဆိုတာတောင် ပြန်လာ မကြည့်တဲ့ သူတွေလည်း မနည်းပါဘူး - ကျွန်တော် တစ်ခု သိစေချင်တာ ဖိုရမ်ဆိုတာ လူနည်းစု အားကိုးနဲ့ လည်ပတ်ရပ်တည်နေတာ မဟုတ်ပါဘူး - နည်းပညာကနေ စလို့ လူမှုရေး အဆုံး ဘယ်လိုပြဿနာရပ်မျိုးပဲ မြန်မာမိသားစုဖိုရမ်မှာ ပေါ်ပေါ် မိသားစုဝင်အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ဟာ အုပ်ချုပ်သူ - ကြီးကြပ်ရေးမှုး - အထူးအသင်းဝင် ဆိုတဲ့ လက်တစ်ဆုပ်စာ လူနည်းစုနဲ့ လည်ပတ်ရပ်တည်နိုင်တယ်ဆိုပြီး ဖိုရမ်တစ်ခုကို တည်ဆောက်ထားတာ မဟုတ်သလို - ကျွန်တော်တို့တွေ အနေနဲ့ သိပ်သိလို့တတ်လို့ ဖြစ်သမျြှပဿနာ ကူညီနိုင်တယ် ဆိုပြီး ကြီးကြပ်သူတွေ အထူးအသင်းဝင်တွေ အဖြစ် လုပ်ဆောင်နေကြတာ မဟုတ်ပါဘူး -  ကြီးကြပ်သူ - အထူးအသင်းဝင် - မွေးကင်းစကလေး ဆိုတာ တကယ်တော့ ဂုဏ်ပုဒ် တွေပါ - အဲတာတွေကြောင့် ကျွန်တော်တို့တွေ ကြားမှာ အများကြီး ထူးပြီး ခြားနားသွားစရာ မရှိပါဘူး။


ကျွန်တော်တို့ လိုအပ်တာ ဂုဏ်ပုဒ်တွေထက် ဖိုရမ်တစ်ခုရဲ့ အသက်ဖြစ်တဲ့ မျှဝေသူ - Contributors တွေလိုအပ်တာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများရဲ့ ကိုးကွယ်ဆည်းကပ်ရာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ရဲ့ မင်္ဂလာသုတ် တရားတော်မှာ ဒါနဥ္စ ဆိုတဲ့ - လှူဒါန်း ပေးကပ်း စွန့်ကြဲခြင်းသည် မြတ်သောမင်္ဂလာမည်၏ ဆိုတဲ့ မင်္ဂလာ တစ်ပါးရှိပါတယ်။ Contribute လုပ်တယ်ဆိုတာဟာ ပညာပါရမီကို ပေးကမ်းစွန့်ကျဲ ခြင်း တစ်မျိုးပါပဲ - ပညာရပ်ဆိုင်ရာ နည်းပညာဆိုင်ရာတွေကို မျှဝေမှ ဒါနပါရမီ မြောက်တာလား - မဟုတ်ပါဘူး - တစ်ခြားသူတစ်ယောက်ရဲ့ လူမှုရေး ပြဿနာ - စီးပွားရေး - အိမ်ထောင်ရေးက စလို့ - အချစ်ရေး - ခံစားချက်တွေအထိ ကြုံတွေ့နေရတဲ့ ပြဿနာရပ်ကို မိမိတတ်နိုင်တဲ့ အတိုင်းအတာ တစ်ခုထိ ဝင်ရောက်ဆွေးနွေး အဖြေရှာပေးတယ် ဆိုတာလည်း ပေးကမ်းမျှဝေခြင်း တစ်မျိုး ( ဝါ ) Contribute လုပ်ခြင်း တစ်မျိုးပါပဲ။

ဖိုရမ်ထဲမှာ နည်းပညာကနေ စလို့ တစ်ခြားလူမှုရေး ဆိုင်ရာ အခက်အခဲတွေအထိ တတ်နိုင်သလောက် လက်လှမ်းမှီသမျှ ကျွန်တော် အပါဝင် မိသားစုဝင် တော်တော်များများ ဆွေးနွေး ဖြေရှင်းပေးခဲ့ကြပါတယ် - နိုင်သလောက် အကြံဉာဏ်တွေ ပေးခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ပြဿနာရပ်တွေ အခက်ခဲတွေမှာတော့ ကျွန်တော်တို့ နားလည်ထားတာနဲ့ လုံးဝမအပ်စပ်ပဲ ခေါင်းစဉ်ကွဲထွက်သွားတဲ့ အပိုင်းတွေ မေးမြန်း ထားတာမျိုးတွေလည်း တွေ့ခဲ့ဖူးပါတယ်။ အဲ့လို အခြေအနေမျိုးမှာတော့ ဖြီးဖြန်းကိုးကား ဖြေလိုက်တာထက် နားလည်သူ တစ်ယောက်ယောက် ဖြေပေးမလားဆိုပြီး ကျွန်တော်တို့ ရပ်ကြည့်နေလိုက် ရမျိုးတွေ ရှိပါတယ်။ ကိစ္စရပ်တိုင်းကို အချိန်တိုအတွင်း ဖြေကြားနိုင်ဖို့ဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မဖြစ်နိုင်ပါဘူး - နာမည်ကြီးတဲ့ အောင်မြင်တဲ့ နိုင်ငံခြားဖိုရမ် တော်တော်များများကို ကြည့်ရင် Contributors တော်တော်များများ ရှိသလို ရှိတဲ့ Contributors တော်တော်များများဟာလည်း  ကိုယ်ဘယ်လောက်ပဲ သိသိ ကိုယ်သိသလောက် ပမာဏ တစ်ခုကို မျှဝေချင်တဲ့သူ - ကွန်ပြူတာနဲ့ အင်တာနက်က လက်တစ်ကမ်းမှာ ရှိနေနိုင်တဲ့သူ ၊ နေရာတိုင်းမှာ အင်တာနက်ကို အလွယ်တကူ အသုံးချနိုင်သူတွေ ဖြစ်နေတာ တော်တော်များများ တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနည်းပညာ ဖိုရမ်တွေမှာတော့ Contributors တွေလည်း တော်တော်နည်းသေးသလို ရှိတဲ့ Contributors တွေဟာလည်း နိုင်ငံခြားကို အကြောင်းအမျိုးမျိုးနဲ့ ( ဥပမာ - အလုပ်လုပ်ဖို့ ၊ စာသင်ဖို့ ) ရောက်လာကြရင်း ကြုံကြိုက်လို့ Contributors အဖြစ် စေတနာ အလျှောက် ဝင်ရောက်လုပ်ကိုင်ကြတာမို့လို့ သူတို့အားလုံးမှာ သက်ဆိုင်ရာ အလုပ်လုပ်ချိန် ၊ စာသင်ချိန် - ဆိုတာတွေ ရှိပြီး အားလပ်ချိန်ကျမှပဲ ဖိုရမ်ရဲ့ ပြဿနာရပ်တွေကို ကူညီဖြေရှင်းပေးနိုင်ကြပါတယ်။



လူတစ်ယောက်ရဲ့ အခက်အခဲ ကို ကူညီဖို့ - တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက် ဖေးမ ဖြေရှင်းပေးနိုင်ဖို့ - နည်းပညာအမွေ လက်ဆင့်ကမ်းဖို့ - ဆိုတာတွေအတွက် ကျွန်တော်တို့တွေမှာ အတွေ့အကြုံတွေ အများကြီး ရှိနေဖို့ - ပညာရပ်တိုင်းကို နှံ့စပ်ကျွမ်းကျင် နေဖို့ မလိုအပ်ပါဘူး - ကျွန်တော်တို့ တော်တော်များများ လွဲမှားနေတဲ့ ယုံကြည်ချက် ရှိပါတယ်။ အဲတာက ငါ ဟာ မျှဝေနိုင်လောက်အောင် ဘာမှ မပြည့်ဝသေးဘူး ဆိုတဲ့ သိမ်ငယ်စိတ်ပါ။ ပညာရပ်တစ်ခုကို မျှဝေတယ်ဆိုတာ  ပြည့်ဝမှ မျှဝေရမယ်လို့ ဘယ်သူမှ ကန့်သတ်မထားပါဘူး -  မျှဝေလိုမှု ဆိုတဲ့ စိတ်တစ်ခုရယ် - ကိုယ့်ရဲ့ မျှဝေမှုကို ထိရောက်တဲ့ မျှဝေမှု ဖြစ်အောင် မပြတ်တမ်းလေ့လာလိုမှု ဆိုတဲ့ စိတ်ရယ် ရှိမယ် ဆိုရင် ဝလုံး တစ်လုံးတည်း ရေးတတ်တဲ့သူ ဖြစ်ပါစေ ဝလုံး မရေးတတ်သေးသူ တစ်ယောက်ကို မျှဝေပိုင်ခွင့် ရှိပါတယ်။

Thread အသစ်တင်ပြီး စာရေးနိုင်မှ Contributors ဖြစ်တာ မဟုတ်ပါဘူး - ကိုယ်နားလည်သလောက်ကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ဝင်ဆွေးနွေးတာ - စတင်ဆွေးနွေးသူရဲ့ ဆွေးနွေးချက်မှာ အမှားတွေပါရင် အဲ့အမှားကို ထောက်ပြနိုင်တာ - ဖိုရမ်မှာ ဖြေရှင်းပြီးသား အကြောင်းအရာတစ်ခုခုကို တစ်ယောက်ယောက်က ဘယ်နားမှာဖြေရှင်းပြီးသားမှန်း မသိလို့ နောက်တစ်ခေါက် မေးမြန်းလာရင် တန်ဖိုးရှိတဲ့ Links တွေဆီ မေးမြန်းသူ တွေ့ရှိနိုင်အောင် ချိတ်ဆက်ဖော်ပြကူညီနိုင်တဲ့သူ ဆိုတာတွေဟာလည်း Contributors ပါပဲ -

တစ်နေ့တစ်နေ့ကို Active members အယောက် ၄၀ ပတ်ဝန်းကျင်ရှိတဲ့ ကျွန်တော်တို့ ဖိုရမ်မှာ တော်တော်များများက လိုအပ်တာ အကူအညီတောင်း - နောက် စာဖတ် ပြန်သွားကြတာ စိတ်မကောင်းစရာ တွေ့ရပါတယ်။ ဆွတ်ချူစားသုံးသူများပြီး သီးတဲ့ အပင်အရေအတွက် နည်းနေမယ်ဆိုရင်တော့ ဒါဟာ နည်းပညာ လက်ဆင့်ကမ်းတဲ့နေရာ ဖြစ်လာမှာ မဟုတ်တော့ပါဘူး - ထိန်းသိမ်းမှု မရှိပဲ တစ်ချိန်လုံး ခုတ်လှဲနေမယ် ဆိုရင်တော့ ရခိုင်ရိုးမလည်း တစ်ချိန်မှာ တောင်ကတုံး ဖြစ်သွားမှာပါပဲ - ကျွန်တော်ဆိုလိုတာ မျှဝေသူတွေဆိုတာလည်း တစ်ချိန်လုံး တစ်သက်လုံး ဒီဖိုရမ်မှာ နေပြီး မျှဝေနိုင်သွားပါမယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး - ဒီချိန်မှာ တတ်တတ်ကြြွကွနဲ့ ပါဝင်ဖြေရှင်း ပေးနေနိုင်ပေမယ်လို့ နောင်တစ်ချိန်မှာ ကိုယ့်ဘဝရဲ့ ဆိုင်ရာ လုပ်ငန်းခွင်တွေဆီ ပြန်ဝင်သွားကြရမှာပါ - အဲ့လိုအချိန်မှာ မျှဝေသူသာ မရှိတော့ရင် ဒီဖိုရမ်ကြီး ဘယ်လိုဆက်ပြီး ရပ်တည်မလဲ - ဖိုရမ်တည်တံ့နိုင်ဖို့ ကျွန်တော် ကြိုးစားနေတာ မဟုတ်ပါဘူး - မြန်မာလူမျိုးနဲ့ ခွဲခြားရှုမြင်ဖို့ မဖြစ်နိုင်တဲ့ ပေးကမ်းစွန့်ကြဲမှု ဆိုတဲ့ ဒါနပါရမီ ကို ခြောက်ခန်း မသွားအောင် ကျွန်တော် ကြိုးစားနေတာပါ။

ဒါ့ကြောင့် ဖိုရမ်က မိသားစုဝင် အားလုံးရဲ့ ကိုယ်စား ကျွန်တော့် မိသားစုဝင်တွေဆီ မေတ္တာရပ်ခံချင်တာ မိမိပြဿနာ တွေကိုလည်း တင်ပြအကူအညီ တောင်းခံပါ - တစ်ခြားသူ တစ်စုံတစ်ယောက် ကြုံတွေ့လာရတဲ့ အခက်အခဲကိုလည်း နားလည်ထားသလောက် သုံးသပ်မိသလောက် ဝင်ရောက် ဆွေးနွေးပေးပါ - တစ်ယောက်ယောက် ဆွေးနွေးထားတဲ့ အကြောင်းရာနဲ့ ပတ်သတ်ပြီး အကျိုးအကြောင်း မခိုင်လုံဘူး - တင်ပြချက် မပြည့်စုံဘူး - ယူဆချက် အမှားတွေ ပါဝင်နေတယ်လို့ သုံးသပ်မိရင်လည်း မိသားစုစိတ်ဓာတ်နဲ့ ထောက်ပြ ဝေဖန်ပြီး လမ်းမှန်ကို ရောက်အောင် ပို့ဆောင်ပေးကြပါလို့ ကျွန်တော့် အနေနဲ့ တိုက်တွန်း ပြောကြားရင်း ကျွန်တော်တို့ မြန်မာမိသားစု ဖိုရမ်အတွက် လိုအပ်နေတဲ့ Contributors ကဏ္ဍမှာ ပါဝင်ကူညီကြဖို့ ရည်ရွယ်ရေးသားတဲ့ စာကို ဒီနေရာမှာပဲ အဆုံးသတ်ရင်း မြန်မာမိသားစု အတွင်းမှာ တတ်စွမ်းသရွေ့ ဝေမျှခဲ့ကြသော - ဝေမျှနေကြသော - ဝေမျှလာကြလာမယ့် Contributors များ အားလုံးနဲ့ မြန်မာမိသားစုဝင် အားလုံးကို ကျေးဇူးတင်ရိှပါကြောင်း ဒီနေရာကနေ ပြောကြားရင်း အဆုံးသတ်လိုက်ပါတယ်။

Please give us ur hands for our future.


Mg Zin.

How to Find Songs on the Internet

ဖိုရမ်မှာ အတောင်းဆိုခံရဆုံး ဖိုရမ်ခွဲတစ်ခုကို ပြပါဆိုရင် သီချင်းတောင်းဆိုတဲ့ ကဏ္ဍလို့ ကျွန်တော်တော့ ထင်ပါတယ်။ တစ်နေ့ တစ်နေ့ - ဒါမှမဟုတ် - တစ်ရက်ခြား တစ်ခါလောက်တော့ တစ်ယောက်မဟုတ် တစ်ယောက် သီချင်းတစ်ပုဒ်စ နှစ်ပုဒ်စ တောင်းတာ ကျွန်တော် အမြဲ သတိထားမိပါတယ်။ တောင်းတဲ့သူလိုလားတဲ့ သီချင်းကို ရှာပေးရတာ ကျွန်တော်တို့ အတွက် အပန်းမကြီးပေမယ့် တောင်းဆိုရတဲ့ သူအတွက်တော့ ရံဖန်ရံခါ ကိုယ့်လိုလားချက်နဲ့ မကိုက်ညီတဲ့ သီချင်းမျိုး ရတတ်တာ - ကိုယ်တောင်းဆိုတဲ့ သီချင်းကို Upload တင်ပေးကြမယ့် သူကို အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ဆိုင်းနေရတဲ့ ပြဿနာ ဆိုတာမျိုးတွေနဲ့ မလွဲမသွေ ရင်ဆိုင်ကြရတာမျိုးတွေ ရှိနေတယ်ဆိုတာ ကျွန်တော်လည်း သတိထားမိပါတယ်။



ဒီလို အခြေအနေမှာ သီချင်းတောင်းဆိုသူတွေ ဘယ်လို Format မျိုးကို အဓိကထား တောင်းကြသလဲ - ကျွန်တော် သတိထားမိတာကတော့ များသောအားဖြင့် MP3 ကိုတောင်းကြတာ များပါတယ်။ အင်တာနက်ထဲမှာ မြန်မာသီချင်းမျိုးစုံကို အလကား Download ချခွင့်ပြုထားတဲ့ ဆိုဒ်ပေါင်းများစွာ ရှိပါတယ်။ တစ်ချို့ ဆိုဒ်တွေက Direct Download links တွေနဲ့ ပေးထားတာ ဖြစ်ပြီး တစ်ချို့ကတော့ Internet Download Manager တင်ထားမှ ဒေါင်းလုပ်ချဖို့ အဆင်ပြေတဲ့ ဆိုဒ်မျိုးတွေ စသဖြင့် မျိုးစုံရှိပါတယ်။ ဒီအောက်မှာ ဖော်ပြထားတာ တွေကတော့ မြန်မာသီချင်း MP3 ရော VCD ရော အလကား မျှဝေပေးနေတဲ့ ဆိုဒ်ကောင်းတွေပါ။ တစ်ခြားဆိုဒ်တွေ အများကြီး ရှိသေးပေမယ့် ပုံမှန် Update ဖြစ်ပြီး လူကြည့်လည်း များတဲ့ ဆိုဒ်တွေကိုပဲ ရွေးချယ် ဖော်ပြထားပါတယ်။

  1. http://myanmarmp3album.com/
  2. http://www.myanmarmp3.net/
  3. http://www.myanmarsongs.net/
  4. http://www.ayinepan.com/
  5. http://www.myitzuri.com/
  6. http://www.flashband.net/assets/music_player.php
  7. http://music.all-channel.com/
  8. http://www.shwedream.com/
  9. http://www.burmeseclassic.com/
  10. http://www.shwevideos.com/
  11. http://www.shweo.com/
  12. http://www.minthila.com/
  13. http://www.naytthit.com/music1.html
  14. http://www.apytzmedia.net/
  15. http://www.downloadmyanmarmp3.net/

ဒီလောက်ပဲလား - တကယ်တော့ MP3 ရှာမယ်ဆို ဒီဆိုဒ်တွေ သုံးပြီး ရှာတာထက် အကောင်းဆုံးက Google Search Engine ကို သုံးပြီး ရှာတာပိုကောင်းပါတယ်။ မြန်မာလက်ကွက်နဲနဲ ပါးပါးလောက် ရိုက်တတ်မယ် ဆိုရင် သီချင်းတော်တော်များများကို ဘယ်မှာ ရှိတယ်ဆိုတာ Google Search Engine ကနေ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဥပမာ ဆိုကြပါစို့ ကျွန်တော်တို့ ဝိုင်းစုခိုင်သိန်းရဲ့ မက်လောက်စရာ MP3 ရှာမယ်။


Search box မှာ မက်လောက်စရာလို့ ရိုက်ပြီး Enter ခေါက်လိုက်တာနဲ့ ခုလိုမြင်ရပါလိမ့်မယ်။


တွေ့ပါပြီ - ကျွန်တော် အပေါ်မှာ ဖော်ပြထားခဲ့တဲ့ ဆိုဒ်တွေထဲက ဆိုဒ်နှစ်ခု - ဒါပေမယ့် ဒီနေရာမှာ တစ်ချက် စဉ်းစားစရာ ရှိလာတာ - ကိုယ်က MP3 လိုချင်တာလား - VCD လိုချင်တာလား ??

MP3 လိုချင်တာဆိုရင် http://www.myanmarsongs.net/ ဆိုပြီး ပေါ်လာတဲ့ Results က သီချင်းတွေဆို တစ်ပုဒ်ချင်း MP3 ကို ဒေါင်းလုပ်ချလို့ ရပေမယ့် http://myanmarmp3album.com/ က သီချင်းတွေက များသောအားဖြင့် စီးရီးလိုက် ဒေါင်းလုပ်ချရတာ များပါတယ်။ အင်တာနက် speed ကောင်းတဲ့ နေရာက လူတွေ အတွက် အကြောင်းမဟုတ်ပေမယ့် Speed မကောင်းတဲ့ နေရာက သုံးတဲ့ သူတွေ အတွက်ကျတော့ စီးရီးတစ်ခုလုံးကို ဒေါင်းလုပ်ချမှ ကိုယ်လိုချင်တဲ့ တစ်ပုဒ်ရမယ်ဆိုတာ တော်တော်လေး အဆင်မပြေပါဘူး - ဒီကြားထဲ ကိုယ်က MP3 တင် မဟုတ်ဘူး - VCD လေးပါ ဖြစ်နိုင်ရင် လိုချင်သေးတယ် ဆိုလို့ကတော့ ခုနက တွေ့ခဲ့တဲ့ http://www.myanmarsongs.net/ ရော http://myanmarmp3album.com/ နဲ့ရောက အဆင်မပြေတော့ပါဘူး - ဒီလိုဆို ကျွန်တော်တို့ MP3 ရော VCD ရော နှစ်မျိုးလုံး တစ်နေရာတည်းမှာ ရနိုင်တဲ့ နေရာ ဘယ်နေရာ ရှိပါသလဲ - ဟုတ်ကဲ့ ရှိပါတယ်။ အဲတာကတော့ VCD ပဲကြည့်လို့ ရတယ်လို့ တော်တော်များများ သိကြတဲ့ Youtube ပါပဲ။

Youtube ဆိုတာ နိုင်ငံရပ်ခြားက တည်ထောင်ထားတဲ့ Site တစ်ခု ဆိုပေမယ့် အံ့သြဖို့ကောင်းလောက်အောင် မြန်မာခေတ်ဟောင်း သီချင်းတွေက စလို့ ခုခေတ်ကာလပေါ် သီချင်းတွေထိ တော်တော်များများကို ရှိပါတယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ သီချင်း တစ်ပုဒ်ကို Google မှာ ရှာလို့ မတွေ့ဘူးဆိုရင် အပင်ပန်းခံပြီး ဆက်ရှာမနေပါနဲ့ - Youtube ကိုသာ သွားလိုက်ပါ။ Youtube search box ကနေရှာလို့ ရပါတယ်။ ဒါပေမယ့် တစ်ခုသိထားသင့်တာ Youtube Search Box ကနေ ရှာမယ် ဆိုရင် Youtube မှာ တင်ထားတဲ့ မြန်မာသီချင်းတော်တော်များများဟာ မြန်မာခေါင်းစဉ်ပေးပြီး တင်ထားတာမျိုးထက် မြန်မာသီချင်းကို Burglish လို ပေးပြီး တင်ထားကြတဲ့ သီချင်း အရေအတွက်က ပိုများလို့ ကိုယ်လိုချင်တဲ့ သီချင်းကို ရှာမယ်ဆိုရင် Google မှာ ရှာသလို မြန်မာလက်ကွက် စာသားနဲ့ မရှာပဲ Burglish နဲ့ ခုလို ရှာဖွေတာက ကိုယ်လိုချင်တဲ့ သီချင်းကို ရှာတွေ့နိုင်ဖို့ ပိုပြီး Chance များပါတယ်။ ဥပမာ - ကျွန်တော်တို့ ဝိုင်းစုခိုင်သိန်း သီချင်းတွေ နားထောင်ချင်ပြီ ဆိုပါစို့ - မြန်မာလို ဝိုင်းစုခိုင်သိန်းလို့ မရိုက်ပဲ wine su - ဆိုပြီး စရိုက်လိုက်ပါ - ခုလိုတွေ့ရပါလိမ့်မယ်။ ( ဒါကတရားသေ Burglish နဲ့ပဲ ရှာလို့ ဆိုလိုတာ မဟုတ်ပါဘူး - ရံဖန်ရံခါ Burglish နဲ့ရှာလို့ မတွေ့ရင် မြန်မာလိုရိုက်ပြီးရှာတဲ့ အခါ တွေ့ချင်လည်း တွေ့တတ်ပါတယ်။ )


ကျွန်တော်တို့လိုချင်တဲ့ သီချင်းကို တွေ့ပြီဆိုပါစို့ - VCD ကို ဒေါင်းလုပ်ချလို့လည်း ရနေပြီ - ဒါပေမယ့် စိတ်ထဲမှာ မကျေနပ်သေးဘူး - ကိုယ်လိုချင်တာက MP3 - ဒါဆို တစ်ခြားဆိုဒ်တစ်ခုကို ပြောင်းပြီး MP3 မရှာပါနဲ့ - Youtube မှာ ကိုယ်လိုချင်တဲ့ သီချင်းကိုတွေ့တာဟာ ကိုယ်လိုချင်တဲ့ MP3 ကို ရတာနဲ့ အတူတူပါပဲ - ဥပမာ ဆိုကြပါစို့ - ကျွန်တော်တို့ ဝိုင်းစုခိုင်သိန်းရဲ့ လမ်းမကြီးရဲ့ဘေး သီချင်းကို Youtube မှာ ခုလိုရှာတွေ့ပြီ ဆိုရင် သူ့ရဲ့ mp3 ကို ရယူနိုင်ဖို့ သက်ဆိုင်ရာ ခေါင်းစဉ်ရှိနေတဲ့ address bar က URL ကို အောက်ဖော်ပြပါအတိုင်း copy ကူးပါမယ်။


နောက်ပြီး ကျွန်တော်တို့ ဆက်လုပ်ရမှာ Youtube video ကို MP3 ပြောင်းပေးတဲ့ ဆိုဒ်တစ်ခုခုဆီ သွားရပါမယ်။ အင်တာနက်ထဲမှာ Youtube video ကို MP3 တိုက်ရိုက်ပြောင်းပေးတဲ့ ဆိုဒ်တော်တော်များများရှိပါတယ်။ လောလောဆယ် ဆိုဒ်တစ်ခုကို ဥပမာပေး ဖော်ပြသွားပါ့မယ်။ တစ်ခြားဆိုဒ်တွေကိုလည်း သူ့နောက်မှာ ပူးတွဲဖော်ပြသွားပါမယ်။ အဓိက ဘယ်လိုလုပ်တယ်ဆိုတာ နားလည်သွားတာနဲ့ နောက်ဆိုဒ်တွေမှာလည်း ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သဘောပေါက် သွားမှာပါ။

လောလောဆယ်မှာ ဆိုဒ်တစ်ခုနဲ့ စမိတ်ဆက်ပေးပါ့မယ်။ သူ့နာမည်က http://www.dirpy.com/ ပါ။


သူ့ဆိုဒ်ကို ရောက်ပြီ ဆိုရင် ခုနက ကျွန်တော်တို့ Youtube ကနေ Copy ကူးလာတဲ့ သီချင်း URL ကို ဖော်ပြပါအတိုင်း Paste လုပ်လိုက်ပြီး dirpy ကိုနှိပ်ပါမယ်။ နောက်တစ်မျက်နှာမှာ မြင်ရမယ့် ပုံစံကတော့ ခုလိုမျိုးပါ။ ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာ ပုံထဲမှာ စာနဲ့တကွ ဖော်ပြထားပါတယ်။ MP3 လိုချင်သူကတော့ ပုံမှာပြထားတဲ့ အတိုင်း Download ဆိုတဲ့ နေရာကို နှိပ်လိုက်ယုံပါပဲ - ဒါဆို Youtube မှာသာ ကိုယ်လိုချင်တဲ့ သီချင်းရှိယုံနဲ့ - ကိုယ်ရချင်တဲ့ MP3 ကိုလည်း ရပါပြီ။


ဒါက ဆိုဒ်တစ်ခုကို ကျွန်တော် ဥပမာပေးဖော်ပြတာပါ။ နောက်ထပ် သူ့လိုမျိုး Youtube video ကို MP3 ပြောင်းပေးတဲ့ ဆိုဒ်တွေ အင်တာနက်ထဲမှာ တော်တော်များများရှိပါသေးတယ်။ သူတို့တွေကိုတော့ အသေးစိတ် လုပ်ဆောင်ပုံ တစ်ဆင့်ချင်း မဖော်ပြတော့ပဲ သူတို့နာမည်တွေ နေရာတွေကိုပဲ ဖော်ပြပေးသွားပါ့မယ်။

  1. http://www.video2mp3.net/
  2. http://vidtomp3.com/
  3. http://www.mp3ify.com/
  4. http://www.fetchmp3.com/
  5. http://www.youtube-mp3.org/
  6. http://www.listentoyoutube.com
  7. http://2conv.com/
  8. http://www.grab-tube.com/

Youtube video ကို MP3 ပြောင်းတဲ့နေရာမှာ ခုလို ဆိုဒ်တွေသွားပြီး ပြောင်းတာမျိုး မဟုတ်ပဲ Firefox add-ons တွေသုံးပြီး ပြောင်းတဲ့နည်းတွေလည်း ရှိပါသေးတယ်။ လူသုံးများတာကတော့ Easy YouTube Video Downloader ပါ။ အဲ့ဒီ့ add-ons ကို သုံးပြီး Youtube video တွေကို FLV, 3GP, MP3, MP4, 720p HD နဲ့ 1080p Full-HD qualities တွေအထိ ပြောင်းယူ Download ချလို့ ရပါတယ်။ သူ့ကို Firefox မှာ install လုပ်ပြီးသွားရင် Youtube video တွေကို တစ်ခြား ဆိုဒ်တစ်ခုဆီ သွားစရာမလိုပဲ အောက်ဖော်ပြပါအတိုင်း Formats အမျိုးမျိုးနဲ့ Download ချလို့ ရပါလိမ့်မယ်။



ဒါတင်ပဲလား - မကသေးပါဘူး နောက်နည်းတစ်နည်း ကျန်ပါသေးတယ်။ ဒါကတော့ ဘယ် websites နာမည်မှလည်း မှတ်စရာမလို - ဘာ add-ons မှလည်း သွင်းစရာမလိုတဲ့ နည်းပါ။ Youtube က ကိုယ် Download လိုချင်တဲ့ သီချင်းတည်ရှိရာ Address bar က URL ကို သွားပြီး Youtube ရဲ့ ရှေ့မှာ အောက်ဖော်ပြပါအတိုင်း pwn လို့ ထည့်ပြီး Enter ခေါက်လိုက်ပါ။



အောက်ဖော်ပြပါ စာမျက်နှာနဲ့ ပုံစံတူ စာမျက်နှာတစ်ခုကို ရောက်သွားပြီး ဘယ်လို format မျိုးနဲ့ လိုချင်တာလဲ - ဘယ် site ကို သုံးချင်လဲ ဆိုတာတွေကနေ တစ်ဆင့် ကိုယ်လိုချင်တဲ့  Youtube က video ကို formats အမျိုးမျိုးနဲ့ သိမ်းလို့ ရပါလိမ့်မယ်။


ခုကျွန်တော် ဖော်ပြခဲ့သလောက်ဆိုရင် ကိုယ်လိုချင်တဲ့ သီချင်းတွေကို အင်တာနက်ကနေ ဘယ်လို ရှာမလဲ - ဘယ်လို မြန်မာသီချင်း ဆိုဒ်မျိုးတွေ ရှိသလဲ - Youtube ကနေ မြန်မာသီချင်းတွေ ဘယ်လိုရှာမလဲ - Youtube video ကို ကိုယ်လိုချင်တဲ့ format နဲ့ download ချလို့ ရအောင် URL တစ်ခုတည်းကို သုံးပြီး ဘယ်လိုလုပ်ဆောင်နိုင်မလဲ ဆိုတာတွေ အားလုံး နားလည်နိုင်လောက်ပြီ လို့ မျှော်လင့်မိပါတယ်။

စောင့်ဆိုင်းခြင်း ကင်းစွာနဲ့ သီချင်းများနားဆင်နိုင်ကြပါစေ။

KznT.

Laptops and Restart buttons

ကျွန်တော်ဗျာ သိချင်တာလေးတခုရှိလို့ပါ .. PC တွေမှာ restart button ပါပြီး Laptop နဲ့ Notebook ကွန်ပျူတာတွေမှာ ဘာဖြစ်လို့ restart button မပါကြတာလဲခင်ဗျာ..ပိတ်တာလဲ ဒီခလုတ် restart လုပ်ရင်လဲ ဒီခလုတ် ၁ ခုကိုဘဲနှိပ်နေရတာ ဘာမှကွန်ပျူတာကိုမထိခိုက်ဘူးလားခင်ဗျာ..ဘယ်လိုအကျိုး ကျေးဇူးတွေ ၊ ဘယ်လို အကျိုးသက်ရောက်မှုတွေ (ကောင်း/ဆိုး)ဖြစ်တယ် ဆိုတာသိကြရင် ပြောပြပေးကြပါ အုံးခင်ဗျာ...

Laptops တွေ ဆိုတာဟာ တစ်ကိုယ်ရေ တစ်ကာယ ပေါ့ပေါ့ပါးပါး သုံးချင်တဲ့ သူတွေ - စီးပွားရေး လုပ်ငန်းဆိုင်ရာ - ရုံးသုံးလုပ်ငန်း ဆိုင်ရာတွေ လည်ပတ် လုပ်ကိုင်နေသူတွေ အတွက်  ပေါ့ပေါ့ပါးပါး သယ်ဆောင်လှုပ်ရှားနိုင်အောင် ထုတ်လုပ်ထားတဲ့ ကွန်ပြူတာ မျိုးပါ။ ဒါကြောင့် မလိုအပ်တဲ့ button တွေကိုပါ တတ်နိုင်သမျှနည်းအောင် နှစ်ခုကို တစ်ခုပေါင်းပြီး ဖန်တီးထားတာ မို့လို့ PC တွေမှာ restart button ပါပြီး Laptop နဲ့ Notebook ကွန်ပျူတာတွေမှာ restart button မပါဝင်တာ ဖြစ်ပါတယ်။



ပိတ်တာလဲ ဒီခလုတ် restart လုပ်ရင်လဲ ဒီခလုတ် ၁ ခုကိုဘဲနှိပ်နေရတာ ဘာမှကွန်ပျူတာ ကိုမထိခိုက်ဘူးလား ... ဆိုတာနဲ့ ပတ်သတ်လို့ကတော့ ဒီအောက်က အကြောင်းအရာကို ဆက်ဖတ်ကြည့်ရင် နားလည်နိုင်ပါလိမ့်မယ်။

Laptops တွေဟာ desktop တွေရဲ့ ကြီးကြီးမားမား ဖွဲ့စည်း တည်ဆောက်ထားတဲ့ ပုံသဏ္ဍန်ကို အတတ်နိုင်ဆုံး ကျုံ့နိုင်သမျှ ကျုံ့အောင် ချုံ့ထားတာကလွဲရင် desktop တွေလိုမျိုး ပဲ စက်ပစ္စည်း ဖွဲ့စည်းမှုပိုင်း ဆိုင်ရာ အခြေခံအားဖြင့် အားလုံးလိုလို ဆင်တူပြီး desktop တွေမှာ ဖြစ်ပေါ်လေ့ ရှိတဲ့ installed လုပ်ထားတဲ့ programs ဆိုင်ရာ errors မျိုး - Operating Systems ဆိုင်ရာ errors မျိုးတွေလည်း တစ်ပုံစံတည်း ရှိပါတယ်။ တစ်ခါတစ်ရံမှာ Desktop တွေမှာ ဖြစ်လေ့ ရှိသလိုမျိုး စက်က ဘာမှ လုပ်မရတော့ပဲ freeze ဖြစ်သွားတာ မျိုးတွေလည်း တစ်ပုံစံတည်း ရှိတတ်ပါတယ်။ Desktop computers တွေအတွက်တော့ တကယ်လို့ system freezes ဖြစ်သွားချိန်မှာ ပုံမှန်အတိုင်း reset button နှိပ်ပြီး ပိတ်ချလိုက်လို့ ရပေမယ့် Laptops တွေမှာတော့ System ကို reboot ပေးဖို့ရာ reset button ဆိုတာ မရှိပါဘူး။ ကွန်ပြူတာ အသုံးအနှုန်းနဲ့ ပြောရရင် reboot ပေးတဲ့ နည်းလမ်း အမျိုးအစား ( ၂ ) မျိုး ရှိပါတယ်။ အဲ့ဒီ ( ၂ ) မျိုးကတော့ Soft reboot လို့ ခေါ်တဲ့ ( software-based ) Reboot လုပ်တဲ့နည်း ( ဒီနည်းဟာ System မှာ Run နေတဲ့ Process အားလုံးကို စနစ်တကျ ပိတ်စေတာမို့လို့ အသင့်တော်ဆုံးနည်း ဖြစ်ပါတယ်။ ) နဲ့ Hard reboot  လို့ ခေါ်တဲ့ ( hardware-based ) Reboot လုပ်တဲ့ နည်းတို့ပဲ ဖြစ်ပါတယ်။

အဆင့် ( ၁ )

Soft reboot ကို လုပ်ဆောင်မယ် ဆိုရင် ဘယ် OS ကို installed လုပ်ထားလဲ ဆိုတာ ပေါ်မူတည်ပြီး Steps တွေက ကွဲပြားသွားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ OS platform ပေါ် မူတည်ပြီး reboot process တွေက သူ့နည်းနဲ့ သူ မတူညီ ကြလို့ပါ။ ဒါပေမယ့် ဒီနေရာမှာ ကို စိုင်းနေဇင်က Windows ကိုပဲ သုံးတယ်လို့ ယူဆလို့ ကျွန်တော့် အနေနဲ့ Windows နဲ့ ပတ်သတ်ပြီး Soft reboot လုပ်ဆောင်နည်း နဲ့ Hard reboot လုပ်ဆောင်နည်းကိုပဲ ဦးစားပေး ဖော်ပြသွားပါ့မယ်။ Hard reboot လုပ်ဆောင်နည်းကိုတော့ အဆင့် ( ၃ ) မှာ ဖော်ပြထားပါတယ်။

အဆင့် ( ၂ )

Windows XP မှာ Soft reboot ပေးမယ် ဆိုရင် 'Start' Menu ကနေတစ်ဆင့် 'Turn off Computer' ကို ရွေးပေးပြီး 'Restart' option ကို click ပေးရမှာ ဖြစ်ပါတယ်။ Windows 7 နဲ့ Vista မှာတော့ 'Turn off Computer' မခံထားပါဘူး တိုက်ရိုက် 'Start' Menu ကနေတစ်ဆင့် Restart ဒါမှမဟုတ် Shut Down ရွေးသွားလို့ ရပါတယ်။


နောက်တစ်မျိုး အနေနဲ့ CTRL, ALT  နဲ့ Del keys တွေကို ပေါင်းနှိပ်ပြီး Windows XP မှာဆိုရင် Task Manager window ကနေ တစ်ဆင့် 'Shutdown' လုပ်မှာလား 'Restart' လုပ်မှာလား ဆိုတာ ရွေးပေးလို့လည်း ရပါတယ်။ ဘယ် OS Platform မှာပဲ ဖြစ်ဖြစ် အထက်ဖော်ပြပါ Soft reboot လုပ်တဲ့နည်းက ကွန်ပြူတာ တစ်လုံးကို Reboot လုပ်ဖို့ အတွက် ပိုပြီး သင့်တော်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ Soft reboot လုပ်တဲ့နည်းကို သုံးပြီး ကွန်ပြူတာ တစ်လုံးကို Reboot ပေးရင် Operating System components တွေကို ထိခိုက်စေမယ့် အန္တရာယ်ကနေ ကာကွယ်ပြီးသား ဖြစ်လို့ပါ။ ဒီ Soft reboot လုပ်ဆောင်နည်းက Step by Step သွားရင် အချိန်နည်းနည်း ကြာပေမယ့် တကယ်တမ်း System တစ်ခုလုံးမှာ Run နေတဲ့ processes အားလုံးကို စနစ်တကျ ပိတ်စေတာမို့လို့ ပိုပြီး အန္တရာယ်ကင်းတယ်လို့ ပြောလို့ ရပါတယ်။

အဆင့် ( ၃ )

ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ System freeze ဖြစ်ပြီး Operating System-based restart လို့ ခေါ်တဲ့ Soft reboot နည်းက သုံးမရတဲ့ အခြေအနေ မျိုးနဲ့လည်း ကြုံတတ်ပါသေးတယ်။ အဲလိုဆိုရင်တော့ ကျွန်တော်တို့ Soft reboot အစား Hard reboot နည်းကို သုံးရပါပြီ။ Laptop မှာရှိတဲ့ power button ကို ၁၀ စက္ကန့်လောက် အသာလေးဖိထားလိုက်ပါ။ သူ့ဘာသာသူ Turn off ဖြစ်သွားပါလိမ့်မယ်။ ပြီးသွားရင် ချက်ချင်း ပြန်မဖွင့်သေးဘဲ နောက်ထပ် ၁၀ စက္ကန့်လောက် စောင့်ပြီးတော့မှ power button ကနေတစ်ဆင့် Laptop ကို ပြန်ဖွင့်ကြည့်ပါ။

အဆင့် ( ၄ )

တစ်ခါတစ်လေမှာ အကြောင်းတစ်စုံတစ်ရာကြောင့် Soft reboot ရော Hard reboot ရော လုပ်မရတဲ့ အခြေအနေမျိုးနဲ့လည်း ကြုံတတ်ပါသေးတယ်။ အဲလိုဖြစ်ရင် နောက်ဆုံးရွေးချယ်နိုင်တဲ့ နည်းလမ်းကတော့ power source ကိုဖြတ်တောက်တဲ့ နည်းပါ။ ခပ်ကြမ်းကြမ်း ပြောရရင်တော့ ပလပ်ခေါင်း ဆွဲဖြုတ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်လည်း Battery ကို ဖြုတ်တဲ့ နည်းလည်း သုံးလို့ ရပါတယ်။  Battery ကို ဘယ်လိုဖြုတ်ရမှာလဲ ဆိုတာကတော့ ကိုယ် laptop ဝယ်တုန်းက ရလာတဲ့ documents တွေကို ဖတ်ကြည့်ပြီး Battery ကို ဘယ်လို remove လုပ်ရမယ် ဆိုတာ လေ့လာရမှာ ဖြစ်ပါတယ်။ Laptop brand တစ်ခုနဲ့ တစ်ခုက လုပ်ဆောင်ပုံချင်း မတူပါဘူး။ 

အနှစ်ချုပ်ရရင် Hard reboot လုပ်တဲ့နည်းက မတတ်သာတဲ့ အချိန်ကျမှသာ အသုံးပြုသင့်ပါတယ်။ ဘာကြောင့်လည်း ဆိုရင် ဒီနည်းကို သုံးတဲ့ အခါ System တစ်ခုလုံးမှာ Run နေတဲ့ processes အားလုံးက စနစ်တကျ အပိတ်ခံရတာ မဟုတ်တဲ့ အတွက်ကြောင့် Operating System components errors တွေ အများကြီး ရှိလာနိုင်ပါတယ်။ ကိုယ် စက်အသုံးကြမ်းရင် ကြမ်းသလို maintenance မလုပ်ရင် မလုပ်သလို Windows ထဲကို ပြန်ဝင်လို့ မရတော့တာ - NTLDR missing ဖြစ်တာ  - Bootmgr missing ဖြစ်တာ - Loading မှာပဲ ရပ်ပြီး Windows ထဲကို ဆက်မဝင်နိုင်တော့တာ စသဖြင့် မျိုးစုံ ဖြစ်နိုင်ပါတယ်။

Hard reboot ပေးတိုင်း အဲလို Error ဖြစ်နိုင်သလား ?? အဲတာကတော့ အမြဲတမ်း Hard reboot ပေးနေရတာ မျိုးမဟုတ်ရင် တော်ယုံတန်ယုံ မဖြစ်ပါဘူး။ ကိုယ်ကိုယ်တိုင်ကလည်း အားရင်အားသလို စက်လေးကို Defragment လေး လုပ်ပေးမယ်။ မလိုအပ်တဲ့ files တွေကို ပုံမှန်လေး ရှင်းပေးမယ် Hard disk တွေကို ပုံမှန် Check disk ပေးထားမယ် ဆိုရင် အဲလို Error မျိုးတွေက ဖြစ်ခဲပါတယ်။

အဓိကကတော့ စက်ကို ရိုရိုသေသေ သုံးဖို့ပါ။ ကိုစိုင်းနေဇင် မေးထားတဲ့ အမေးအတွက် ဒီလောက်ဆို ပြည့်စုံလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

KznT.

Related Posts