Recycle Bin and & System Volume Information

အခုကျွန်တော် ညီလေး ကျောက်ဖြူ တင်ပေးထားတဲ့ window 7 Aleinware သုံးနေပါတယ် ..
ဟိုးအရင် XP သုံးတုန်းက Drive တွေ Folder တွေမှာ Background ကို ပုံလေးတွေထည့်ပီး သုံးထားပါတယ်...
shell icon ဆော့ဝဲသုံးပီးလုပ်ပါတယ် .....ဒီနေရာ လေးက ကိုုkyawmin တင်ပေးထားတဲ့ software လေး သုံးထားတာပါ ..
အခုကျတော့ အဲ့ဒီလိုလုပ်ထားတဲ့ ဖိုင်တွေ Drive တွေတိုင်းမှာ .. $RECYCLE.BIN , Folder Settings , System Volume Information ဆိုတဲ့ ဖိုထာသုံးခုစီ ရောက်နေတယ် ... ဖျက်လို့လည်းမရဘူး ..



shell icon ကိုပြန်Runတော့လည်း မပျောက်သွားဘူး .. နောက်ခံပုံလည်းမပေါ်ဘူး .
ဘယ်လိုပြန်လုပ်ရမလဲ ပြောပြပေးပါအုံး .. အဲ့ဒီ ဖိုင်တွေကို ဖျက်ချင်လို့
အားလုံးကိုကျေးဇူးတင်ပါတယ် ...




ကျွန်တော်တို့ အလွယ်ပြောရရင် $RECYCLE.BIN folder ဆိုတာက Recycle bin ပါပဲ ကိုမြင့်မိုရ် - ဥပမာ အနေနဲ့ ပြောရရင် Folder တစ်ခုခု File တစ်ခုခု ကို ဖျက်လိုက်တယ် - ဒီလိုဆို ပထမအဆင့်အနေနဲ့ Recycle Bin ထဲကို ရောက်သွားတယ် - နောက်တစ်ဆင့် အနေနဲ့ ထပ်ပြီး Recycle Bin ကနေပါ ထပ်ဖျက်တယ် - ( ဒီ နည်းလမ်း နှစ်ဆင့်ကို Shift+Delete ဆိုတဲ့ နည်းလမ်း တစ်ဆင့်တည်းနဲ့ လုပ်ဆောင်လို့လည်း ရပါတယ်။ ) ဒါဆိုရင် ကျွန်တော်တို့ စက်ရဲ့ ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး ဆိုရရင် လုံးဝ ပျောက်သွားပြီ - ဒီလိုပဲ ကျွန်တော်တို့ ယူဆလိုက်ကြတယ် -  တကယ်တော့ ကျွန်တော်တို့ နှစ်ဆင့်နဲ့ပဲ ဖျက်ဖျက် - Shift+Delete ဆိုတဲ့ တစ်ဆင့်တည်းနဲ့ပဲ ဖျက်ဖျက် ကျွန်တော်တို့ ဖျက်လိုက်တဲ့ Folders တွေ Files တွေက တကယ်ပျောက် မသွားသေးပါဘူး - စက်ထဲမှာပဲ ကျန်နေပါသေးတယ် - ဒါဆို ဘယ်ကို ရောက်သွားတာလဲ - တွေ့မှ မတွေ့ရတော့ပဲ - မတွေ့ရတာ မှန်ပေမယ့် သူတို့ရှိနေပါသေးတယ် - သူတို့တွေ အားလုံးက ကိုမြင့်မိုရ် ဝိုင်းပြထားတဲ့ $RECYCLE.BIN folder ဆိုတဲ့ Folder ထဲကို ရွေ့သွားတာပါ။ ဒါကို သံသယ ဖြစ်မယ် ဆိုရင် Hard Drive ပေါ်က နှစ်သက်ရာ ဖိုင်တစ်ခုခုကို ဖျက်ပြီး Recovery Software တစ်ခုခုနဲ့ ပြန်ရှာကြည့်ပါ - ပြန်တွေ့ပါလိမ့်မယ်။ ဒါ့ကြောင့် $RECYCLE.BIN folder နဲ့ ပတ်သတ်ပြီး ကျွန်တော် ပြောချင်တာ သူ့ကို မဖျက်ပစ်ပါနဲ့ - သူက ကျွန်တော်တို့ အတွက် အသုံးဝင်ပါတယ်။  Folder တစ်ခုခု File တစ်ခုခု မတော်လို့ မှားဖျက်မိလိုက်ရင် ကျွန်တော်တို့ရဲ့ မှားယွင်းမှုကို ပြန်ပြီး ဆယ်ယူပေးနိုင်တာ ဒီ $RECYCLE.BIN folder ပါ - ဒါ့ကြောင့် ဖြစ်နိုင်ရင် ဖျက်ထုတ်ပစ်ဖို့ ဆိုတာထက် မမြင်ချင်ရင် Hide ထားဖို့ကိုပဲ အကြံပြုလိုပါတယ်။



နောက် System Volume Information - သူ့ကို ကျွန်တော်တို့ အလွယ်ပြောရရင် system restore points တွေ ပါဝင်နေတဲ့ Folder လို့ ပြောလို့ရပါတယ်။ Windows မှာ တစ်ခုခု Error တက်တယ် - ဒါဆို system restore ပြန်ခေါ်လိုက်လို့ ပြောကြတာ ကိုမြင့်မိုရ်လည်း ကြားဖူးမှာပါ - ဒါ့ကြောင့် system restore points တွေ ပါဝင်နေတဲ့ System Volume Information Folder ဆိုတာ မဖျက်ကောင်းပါဘူး - ဖျက်ဖို့လည်း မသင့်တော်ပါဘူး ဖြစ်နိုင်ရင် ဖျက်ထုတ်ပစ်ဖို့ ဆိုတာထက် မမြင်ချင်ရင် Hide ထားဖို့ကိုပဲ ထပ်မံ အကြံပြုလိုပါတယ်။

တကယ်လို့ အရမ်းကို ဖျက်ချင်နေတယ် ဆိုရင်တော့ သူတို့ဟာ SYSTEM files တွေ ဖြစ်တာ ကြောင့် အလွယ်တကူ ဖြတ်ထုတ်ပစ်ဖို့ မလွယ်ပါဘူး - သူတို့တွေကို ဖျက်ထုတ်ပစ်ဖို့ဆိုရင် လတ်တလော Windows ကို သုံးနေတဲ့ User ဟာ permission အားဖြင့် full access ဖြစ်ထားဖို့ လိုပါတယ်။ လုပ်ဆောင်နည်း အဆင့်ဆင့်ကိုတော့ ဒီနေရာကနေ လေ့လာ ကြည့်နိုင်ပါတယ်။

KznT.

Hard Drive Makes Clicking Sounds

Originally Posted by LaMike View Post
ကျွန်တော်ကြုံရတဲ့ ပြဿနာကတော့ hardware ပိုင်းမှာပါ ။ Harddisk မှာ ကလစ် ကလစ် နဲ့ အသံမြည်နေပါတယ် ။ မြည်ရုံတင်မကပါဘူး ။ သူက အဲလိုမြည်နေရင် No bootable device found ပြပါတယ် ။ Harddisk ကိုဖြုတ် ဟိုစောင်း ဒီစောင်း မမြည်တော့အောင် ငြိမ်ငြိမ်လေးကိုင်ထားလိုက်ရင်တော့ window တက်လာပါတယ် ။ Harddisk က အလွန်အမင်းပူနေတာကိုလဲ တွေ့ရပါတယ် ။ သူ့ကိုဖြုတ်ပြီး လှုပ်ကြည့်ရင် အထဲမှာ တစ်စုံတစ်ခု ပြုတ်ထွက်နေသလိုမျိုး ကလောက် ကလောက် အသံကြားရပါတယ် ။
ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက်တယ်လို့တော့ ပြောကြပါတယ်။ ဒါပေမယ့် ခု ကိုလမိုက် ကြုံနေရတဲ့ အခြေအနေက ကာကွယ်ခြင်း အခြေအနေကို ကျော်သွားတဲ့ ကုသခြင်း အခြေအနေကို ရောက်နေပြီ မို့လို့ ကျွန်တော်လည်း တစ်ခြားမိသားစုဝင်တွေ နည်းတူ တတ်စွမ်းသလောက် အကြံပြုကြည့်ပါဦးမယ်။ ပထမဆုံး သုံးသပ်မိတာကတော့ ခုလို Harddisk ကနေ clicking sounds တွေ ကြားနေရတယ်ဆိုတာ သိပ်ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး - ဖြစ်နိုင်ချေ ရှိတာကိုပြောရရင် အနှေးနဲ့ အမြန် hard drive fail ဖြစ်ချင်တော့မယ်ဆိုတာ ကျွန်တော်တို့ကို တစ်ဖက်လှည့်နဲ့ အသိပေးနေတာပါ။ ဒါပေမယ့် ဒါက ကံသေကံမ ဖြစ်ကို ဖြစ်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး - ကျွန်တော်ကြုံခဲ့ဖူးသလောက် အဲလို အသံ ကြားနေရပေမယ့် လနဲ့ ချီပြီး အသုံးခံနေသေးတဲ့ hard drive တွေလည်း ကျွန်တော် တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ကျိန်းသေ တွက်ချက်ထားနိုင်တာမျိုး မဟုတ်လို့ ကျွန်တော့် အနေနဲ့ အကောင်းဆုံး အကြံပေးချင်တာက data backup လုပ်ထားဖို့ပါ။ Backup လုပ်ငန်းစဉ်နဲ့သိပ် မရင်းနှီးဘူး ဆိုရင်တော့ ကိုလမိုက်နဲ့ ရင်းနှီးသူ အသိတစ်ယောက်ယောက်ဆီက External Hard Drive တစ်ခုခုကို ခဏ ဌားပြီး ကိုယ့်အတွက် မဖြစ်မနေ အရေးကြီးတဲ့ Data တွေကို ပြောင်းပြီး သိမ်းထားလိုက်ပါ။ ကိုလမိုက်ရဲ့ အရေးကြီးတဲ့ Data တွေကို Backup လုပ်ဖို့ နဲ့ ပတ်သတ်ပြီး သူများဆီက Hard Drive ဌားမှပဲ အဆင်ပြေတော့မှာလားလို့ မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး - အရေးကြီးတဲ့ Data တွေကို ကြိုတင် Backup လုပ်ဆောင်ထားနိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ နည်းတွေ အမြောက်အများရှိပါတယ်။ ကျွန်တော် ဖော်ပြခဲ့ပြီးတဲ့ အင်တာနက်အား အကျိုးရှိစွာ အသုံးချခြင်း ဆိုတဲ့ ခေါင်းစဉ် - လွယ်ကူလေ့လာ Backup နည်းပညာ နဲ့ Windows 7 တွင် Step by Step Backup ပြုလုပ်ခြင်း ဆိုတဲ့ ခေါင်းစဉ်လေးတွေကို လေ့လာကြည့်ရင် ကွဲပြားသွားတဲ့ Backup လုပ်ငန်းစဉ်တွေ အကြောင်းနဲ့ ဘယ်လို Backup Plan ထားရမလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ ကိုလမိုက် ကို အကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။



နောက်တစ်ချက်က အခု ကိုလမိုက်ရဲ့ Hard disk က clicking sounds တြွေကားနေရပြီ - ဒါပေမယ့် clicking sounds ပေါ်တိုင်း ဘာပြဿနာပါလို့ ဒက်ထိကြီး ပြောလို့ မရပါဘူး - ကျွန်တော်တို့က ဒီ clicking sounds ကိုပဲ ဘာသံနဲ့ တူလဲ ဆိုတာ တစ်ခုချင်းစီ သီးသန့် ခွဲခြားနိုင်ဖို့ လိုပါသေးတယ်။ ဒီ hard drive ကနေ ပေါ်လာတဲ့ ဆူညံသံတွေ အကြောင်းကို ဘာက ဘာ ဆိုတာ ဘယ်လို ခွဲခြားမလဲ ??

ဟုတ်ကဲ့ - Data Cent ဆိုတာ ရှိပါတယ်။ သူက hard drive မှာ ဖြစ်တဲ့ ဆူညံသံတွေနဲ့ ပတ်သတ်ပြီး data recovery လုပ်နိုင်ဖို့ ဘာသံက ဘာဖြစ်တယ်ဆိုတာ အကောင်းဆုံး ခန့်မှန်းပေးနိုင်တဲ့ နေရာပါ။ သူ့မှာ Hard Drive Manufactures အသီးသီးကနေပြီး ထုတ်လုပ်လိုက်တဲ့ Hard Drive အသီးသီးရဲ့ ဘယ်အသံက ဘာဖြစ်တယ်ဆိုတာ စနစ်တကျ ပြုစုပေးထားတဲ့ အချက်အလက်တွေ ရှိပါတယ်။ အဲဒီ့မှာ လေ့လာကြည့်ပေးပါ။

နောက်ပြီး ဒီနေရာမှာ လည်း Hard Drive က ထွက်လာတဲ့ အသံတွေ ထဲက ဘယ်အသံက ဘာဖြစ်နေတယ်ဆိုတာ ယေဘုယျ အားဖြင့် သုံးသပ်ပေးတဲ့ Site တစ်ခု ရှိပါတယ်။ စစ်ဆေးနည်းကတော့ သူပြထားတဲ့ Buttons လေးတွေကို Mouse လေး ပွတ်ရွှေ့လိုက်ယုံပါပဲ - အဲလို လုပ်လိုက်ရင် buttons တစ်ခုချင်းဆီရဲ့ သက်ဆိုင်ရာ အသံတွေကို သူထုတ်ပြပြီး ဘာ့ကြောင့် ဖြစ်နိုင်ချေရှိတယ်ဆိုတာကိုပါ သူက ဖော်ပြပါလိမ့်မယ်။

စက်ထဲမှာ သိမ်းပြီး နားထောင်ချင်တယ် ဆိုရင်တော့ ဒီနေရာကနေ download ချပြီး သိမ်းထားနိုင်ပါတယ်။

ကျွန်တော် ဖိုရမ်မှာရှာဖြွေကည့်တုန်းက တွေ့တာတွေက check error တို့ Defg လုပ်တာတို့ အဲလိုညွှန်ကြားချက်တွေ ဖတ်ရပါတယ် ။ ကျွန်တော် အမြဲလုပ်ပါတယ် ။ TuneUp 2010 (ယခင်က 2008) သုံးခဲ့ပြီး အဲဒီမှာပါတဲ့ Defg Function , Dick Doctor Function , One Click , Reg error checking ပါသမျှ repair function တွေကို နေ့တိုင်းမလုပ်တောင် သုံးရက်တစ်ခါလောက်တော့ လုပ်ဖြစ်ခဲ့ပါတယ် ။
Hard Drive ကို ပုံမှန် Repair လုပ်ပေးနိုင်တာ ကောင်းပါတယ် ကိုလမိုက် - ဒါပေမယ့် Software စုံအောင် သုံးပြီး Repair မလုပ်ပါနဲ့ Hard disk ထိပါတယ်။ ပုံမှန် CCleaner - Defraggler - Tuneup ဒီလောက်ဆို လုံလောက်ပါတယ်။

ကျွန်တော် ရှာဖွေဖတ်ကြည့်သမျှထဲမှာ ဖွင့်ပြင်ခိုင်းတာတွေရော ရေခဲသေတ္တာထဲထည့်ဆိုတာတွေရော စုံနေတာပါပဲ ။
ကိုယ်ပိုင်ကြိုးပမ်းလို့ မရတော့တဲ့အဆုံး မိသားစုမှ ညီအကိုမောင်နှမ များကို အကူအညီတောင်းရတော့တာပါပဲ ။
Freezer ထဲ Hard Drive ထည့်တယ်ဆိုတာ ထည့်ချင်တိုင်း ထည့်လို့ မရပါဘူး - သူ့ Step by Step လုပ်ငန်းစဉ်တွေ ရှိပါတယ်။ ဆက်စပ်နေလို့ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို တစ်လက်စထဲ အကြံပြုရရင်

1. Hard drive ကို computer ကနေ အရင်ဖြုတ်ရပါမယ်။
2. ပုံမှာပြထားတဲ့ အတိုင်း Hard drive ကို Zip နဲ့ ပိတ်လို့ ရတဲ့ freezer bag ထဲ ထည့်ရပါမယ်။ ( သတိထားဖို့က freezer bag ဝယ်တဲ့ အချိန်မှာ ဈေးပေါတဲ့ bag မျိုး မဝယ်ပါနဲ့ )
3. အဲ့ဒီ့ freezer bag နဲ့ တစ်ထပ် ထပ်ထားပြီးသား Hard drive ကိုပဲ နောက် freezer bag တစ်ခုထဲ ထပ်ထည့်ပြီး လုံခြုံအောင်ပိတ် ရပါမယ်။ နှစ်ထပ်ထည့်တဲ့ သဘောပါ။
4. အဲလို နှစ်ထပ်ထပ် ပိတ်ထားတဲ့ hard drive ကိုမှ အောက်ဖော်ပြပါ ပုံအတိုင်း freezer ရဲ့ အအေးဆုံး နေရာ တစ်ခုမှာ ထားထားလိုက်ပါ။


5. freezer ထဲမှာ ဘယ်လောက်ကြာကြာ ထားရမလဲ ဆိုရင် အနည်းဆုံး ၁၂ နာရီ ထားရပါမယ်။
6. အဲလို ထားပြီးလို့ Hard Drive က အရမ်းအေးသွားပြီ ဆိုတော့မှ freezer ထဲကနေ ပြန်ထုတ်ပြီး computer မှာ ပြန်တပ်ပါ။ Windows တက်လာပြီ ဆိုရင် ကိုယ့်အတွက် တန်ဖိုး အကြီးဆုံး Data တွေကို အမြန်ဆုံး စီစစ်ရွေးထုတ်ပြီး သိမ်းပါ။
7. တစ်ခါတစ်လေ လုပ်နေတုန်းမှာ hard drive က ထပ်ပြီး fail ဖြစ်နိုင်ပါသေးတယ်။ စိတ်မပျက်ပါနဲ့ နောက်ဆုံး ဘယ်ကောင်တွေကို Copy လုပ်ပြီး သွားပြီလဲ ဆိုတာ မှတ်ထားပြီး အပေါ်က အဆင့်တွေအတိုင်း ပြန်သွားပြီး freezer ထဲမှာ နောက်ထပ် ၁၂ နာရီ လောက် ထပ်ထည့်ထားလိုက်ပါ။
8. ဒါက Hard Disk နဲ့ ပတ်သတ်တဲ့ အရေးပေါ် ကယ်ဆယ်ရေး နည်းလမ်း ဖြစ်ပါတယ်။

တခြား Harddisk ထဲကို Data မကူးယူရသေးပါဘူး ။ အခက်အခဲတွေကြောင့်ပေါ့ ဗျာ ။ တကယ်လို့ မကူးယူခဲ့မိခင်များ ပျက်စီးသွားခဲ့ရင် Data ပြန်ယူလို့ရနိုင်ပါသေးလား ဗျာ ။
ပြန်လည်ပြုပြင်လျှင်ရော အကောင်းနီးပါ ပြန်ရနိုင်ပါသေးလားဗျာ ။ ကျွန်တော် အသစ်ဝယ်ဖို့များလိုအပ်တယ်ဆိုရင်လဲ မြန်မြန်လေးဝယ်ပြီး DATA ကူးရအောင် အပိုဆောင်းအကြံဉာဏ်လေး တောင်းရခြင်းဖြစ်ပါတယ် ဗျာ ။
မကူးယူခဲ့မိခင်များ ပျက်စီးသွားခဲ့ရင် Data ပြန်ယူလို့ရနိုင်ပါသေးလား ဆိုတာကတော့ ဘယ်အပိုင်းပျက်တယ် ဆိုတာပေါ် မူတည်ပြီး ပြန်ယူလို့ ရမရ ဆိုတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ Recovery လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး ဘယ်လို ဝန်ဆောင်မှု ပေးတယ်ဆိုတာ ကျွန်တော် မပြောပြတတ်ပေမယ့် နိုင်ငံ တစ်ချို့မှာ တော့ ပျက်သွားတဲ့ Hard Drive ထဲက Data တွေကို ပြန်ယူဖို့ဆိုရင် ကိုယ့် Data အနည်း အများပေါ် မူတည်ပြီး ဈေးကွာခြားချက် ရှိပါတယ်။ ဒါတောင် ပိုက်ဆံပေးတိုင်း အားလုံး ပြန်ရဖို့ မသေချာပါဘူး - အကောင်းနီးပါ ပြန်ရနိုင် သလားဆိုတာကလည်း ဒီသဘောပါပဲ - တစ်ချို့ Service center တွေမှာတော့ ပျက်တဲ့ အစိတ်အပိုင်းကို လိုက်ပြီး တစ်ခုချင်းစီ အသစ်လဲလှယ်ပေးတဲ့ ဝန်ဆောင်မှုတွေ ရှိပါတယ်။ အကောင်းဆုံးကတော့ တတ်နိုင်မယ်ဆိုရင် Hard Disk အသစ်တစ်လုံးဟာ ဘယ်လောက်မှ ဈေးမများပါဘူး - အသစ်ဝယ်နိုင်မယ်ဆိုရင် အသစ်ဝယ်ပြီး လတ်တလော ဝယ်ဖို့ အခက်အခဲ ရှိနေရင် အရေးကြီး Data တွေကို တစ်ခြား Hard Drive တစ်ခုခုမှာ Copy ကူးယူထားဖို့ ဒါမှမဟုတ် Online Backup လုပ်ဆောင်ထားဖို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။

အစစအရာရာ အဆင်ပြေပါစေ ကိုလမိုက်

KznT.

Juu - Short Stories


စာရေးဆရာမ ဂျူးကို ရင်းနှီးခဲ့တာ အလယ်တန်း ကျောင်းသား ဘဝလောက်က ဖြစ်မယ်လို့ ထင်မိတယ် - ပထမဆုံး စဖတ်ဖြစ်တာ ဘယ်ဝတ္ထုမှန်း မမှတ်မိတော့ပေမယ့် အမြဲတမ်း အမှတ်တရ ရှိနေတဲ့ ဝတ္ထု တစ်ပုဒ်ကတော့ သူ့ရေးခဲ့တဲ့ " အမှတ်တရ " -

ဂျူး ဝတ္ထုကို သဘောမကျတဲ့ သူတွေလည်း ရှိသလို သဘောကျတဲ့ သူတွေလည်း ရှိတယ် - အဲ့ဒီ့ မတူညီတ့ဲ ကွာခြားချက် နှစ်ခုကြားမှာ ကျွန်တော်က ဂျူး ဝတ္ထု အသစ်တွေ့တိုင်း အမြဲ ဖတ်ဖြစ်တဲ့ သူ တစ်ယောက်ပေါ့ - တစ်ချို့နေရာတွေမှာ ယောကျာင်္းတစ်ယောက်ရဲ့ အသုံးမကျပုံကို မိန်းမတစ်ယောက်ရဲ့ ခြေဖျားအောက်မှာ ပြားပြားဝပ်လောက်အောင် အပြတ်အသတ် နင်းချေဖော်ပြတတ်တဲ့ ဂျူးရဲ့ အရေးအသားက တစ်ခါတစ်လေ ကျပြန်တော့လည်း ယောကျာင်္းတစ်ယောက်ရဲ့ သိမ်မွေ့နက်ရိှုင်းတဲ့ အချစ် အကြောင်းကို ယောကျာင်္းတစ်ယောက်ကိုယ်တိုင် မတွေးမိတတ်လောက်အောင် အနုစိတ်ချယ်မှုန်း တတ်သေးတယ်။



တစ်ခါတစ်လေ ယောကျာင်္းမကောင်းကြောင်းရေးတာ ဖတ်မိရင် အသံမထွက်ပဲ တိတ်တဆိတ်ကျိန်ဆဲ မိပြီး - ကောင်းကြောင်းရေးပြပြန်ရင် စာလုံးတစ်လုံးချင်းကို ဤသည်၍မလွဲဖတ် " ငါက ဒီလိုမျိုး ဟုတ်တယ်" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင် ကြည်နူးမိတတ်သေးတဲ့ ကျွန်တော့် အတွက်တော့ ဆရာမ ဂျူးရဲ့ ဝတ္တုတွေဟာ ရသမျိုးစုံ ပေးစွမ်းနိုင်တဲ့ အဖော်ကောင်းတွေပါပဲ။

အခုလည်း မြန်မာမိသားစုမှာ ဂျူးရဲ့ ဝတ္ထုတိုများ ကဏ္ဍကို တွေ့မိလို့ ခဏ ဝင်ကြည့်မိတယ်။ အင်တာနက်ထဲမှာ ရှိထားသမျှ တော်တော်များများ စုံနေတာ တွေ့ရလို့ ကြည်နူးမိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ မြန်မာမိသားစုမှာ ရှိမနေသေးတဲ့ တစ်ခြား ဂျူးရဲ့ ဝတ္ထုတိုလေးတွေ ရှိနေပါသေးတယ်။ ဂျူး ဝတ္တုကို နှစ်သက်ကြသူများ - ဂျူးရဲ့ အရေးအသားကို ခုံမင်သူများ အတွက် ခံစားနိုင်အောင် တင်ဆက်လိုက်ပါတယ်။ ဒီစာအုပ်တွေဟာ ကျွန်တော် ရိုက်ထား တာ မဟုတ်ပါဘူး။ ဆရာမဂျူးရဲ့ Facebook Fanpage က Notes တွေကနေ ကျွန်တော် Word ထဲကို Copy ပြန်ကူး စာကြောင်းတွေ ပြန်ညှိ PDF ပြောင်းပြီး သိမ်းထားတဲ့ စာအုပ်တွေပါ။ Facebook Fanpage က ကူးထားတာမို့လို့ သူ့နေရာမှာ ဖော်ပြထားသမျှ Credit ပေးထားတဲ့ Links တွေက အစ တစ်ခု မကျန် အကုန်ကူးယူ ထည့်သွင်းထားပါတယ်။ ဆရာမဂျူးရဲ့ Facebook Fanpage မှာ Fan လုပ်ထားချင်တယ်ဆိုရင် အောက်က Link ကနေ သွားနိုင်ပါတယ်။

ဆရာမ ဂျူး ရဲ့ ဝတ္ထုတိုတွေကို ဝေမျှတဲ့နေရာမှာ ကျွန်တော် PDF files တွေ အပြင် Word file ကိုပါ ပူးတွဲ ထည့်သွင်းပေး လိုက်ပါတယ်။ အကြောင်းက ကိုယ့်ဘာသာ စိတ်ကြိုက်ပြင်ဆင်ပြီး အလှဆင်ချင်သူတွေ - ဒါမှမဟုတ် ကိုယ့် Blog အသီးသီးမှာ ထပ်မံ ဖော်ပြချင်သူတွေ အတွက် အဆင်ပြေနိုင်အောင်ပါ။

ကျွန်တော့်နာမည် မဖော်ပြရင်နေပါ - Word ထဲမှာ ဖော်ပြထားပြီးသား သက်ဆိုင်ရာ မူရင်း ရေးသား ရိုက်နှိပ်သူတွေကို Credit ပေးဖို့တော့ အနူးအညွှတ် မေတ္တာရပ်ခံ ပါရစေ။
ပါဝင်မယ့် စာအုပ်တွေကတော့ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်။

အေးအေးဆေး ဆေး စာဖတ်ချင်သည်.pdf
အေးအေးဆေး ဆေး စာဖတ်ချင်သည်.docx
သေမင်းကို ရွေးချယ်ခွင့်ရှိခဲ့လျှင်.pdf
သေမင်းကို ရွေးချယ်ခွင့်ရှိခဲ့လျှင်.docx
လေလွင့်သူရဲ့ တိမ်.pdf
လေလွင့်သူရဲ့ တိမ်.docx
မျှော်လင့်ချက်.pdf
မျှော်လင့်ချက်.docx
မေ့လျော့တတ်သည်.pdf
မေ့လျော့တတ်သည်.docx
အခုတော့ ကျွန်တော့်ကို လာခေါ်ကြပြီ.pdf
အခုတော့ ကျွန်တော့်ကို လာခေါ်ကြပြီ.docx
လက်နှစ်ကမ်း အကွာ.pdf
လက်နှစ်ကမ်း အကွာ.docx
လကိုဖမ်းဖို့ ပိုက်ကွန်ယက် ကြရအောင်.pdf
လကိုဖမ်းဖို့ ပိုက်ကွန်ယက် ကြရအောင်.docx
ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့သူနှင့် တွေ့ဆုံပေးခြင်း.pdf
ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့သူနှင့် တွေ့ဆုံပေးခြင်း.docx
မီဒီယာနှင့်ဂျင်ဒါ.pdf
မီဒီယာနှင့်ဂျင်ဒါ.docx
မြို့တော်မှာ နေရတဲ့ဘဝ (Life in City).pdf
မြို့တော်မှာ နေရတဲ့ဘဝ (Life in City).docx
မိန်းမနှစ်ယောက်.pdf ( မြန်မာမိသားစု တွင် ဖော်ပြထားပြီး )
မိန်းမနှစ်ယောက်.docx
ဖန်တီးခြင်း၏ အနုပညာ.pdf
ဖန်တီးခြင်း၏ အနုပညာ.docx
ပရော်ဖက် ရှင်နယ်.pdf
ပရော်ဖက် ရှင်နယ်.docx
နာရီပြင်ဆရာ၏ အိမ်နီးချင်း.pdf
နာရီပြင်ဆရာ၏ အိမ်နီးချင်း.docx
နံရံပါးပါးလေး တစ်ချပ်.pdf
နံရံပါးပါးလေး တစ်ချပ်.docx
ကြာပွင့်စား သူများ.pdf
ကြာပွင့်စား သူများ.docx
ကျွန်မဖတ်ခဲ့ သော စာအုပ်များ.pdf
ကျွန်မဖတ်ခဲ့ သော စာအုပ်များ.docx
ကျွန်မကိုပြန် ကြည် ့နေတဲ့ ကျွန်မရဲ ့အရိပ်.pdf
ကျွန်မကိုပြန် ကြည် ့နေတဲ့ ကျွန်မရဲ ့အရိပ်.docx
Hate.pdf
Hate.docx


Juu - Short Stories.rar (16.38 MB)
http://www.multiupload.com/HNNYG24FV8

( OR )

Juu - Short Stories.rar 16.378 MB
http://ifile.it/bntf2lr
KznT.

Shares Multiple URLs with a Single Link

URL shortening service တွေအကြောင်းကို အရင်တုန်းက ကျွန်တော် Websites များ၏ URL များ အတိုချုံးခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ဖူးပါတယ်။ အဲ့တုန်းက ဖော်ပြခဲ့တဲ့ URL shortening service တွေဆိုတာ URL တစ်ခုတည်းကိုပဲ ခပ်တိုတို ဖြစ်အောင် ဖန်တီးနိုင်တဲ့ Service မျိုးပါ။ ခုဆွေးနွေးသွားမယ့် Fur.ly ဆိုတဲ့ URL shortening service ကတော့ URL shortening service တွေထဲကမှ multiple URLs လို့ ခေါ်တဲ့ တစ်ခုထက် မကတဲ့ URLs တွေကို sharing လုပ်တဲ့ အချိန်မှာ URL တစ်ခုတည်း အနေနဲ့ ပေါင်းစည်းပေးတဲ့ service ကို လုပ်ဆောင်ပါတယ်။


မဖြစ်နိုင်စရာ ပါလား ?? ဟုတ်ပါတယ် - URLs သုံး လေး ငါးခု မကကို တစ်ခုတည်း ပေါင်းထုတ်ပေးမယ်ဆိုတာ မဖြစ်နိုင်စရာပါပဲ - ဒါပေမယ့် တကယ်လုပ်လို့ ရပါတယ်။ အရင်ဆုံး ကျွန်တော်တို့ ဒီနေရာကို >> Fur.ly သွားပါ့မယ်။ လောလောဆယ် ကျွန်တော် မြန်မာဆိုဒ် ( ၃ ) ခုကို အောက်ဖော်ပြပါအတိုင်း အစမ်းဖြည့်ပြထားပါတယ်။ ကိုယ် URL တစ်ခုတည်း အနေနဲ့ ပေါင်းစည်းချင်တဲ့ URLs တွေ အားလုံးကို ဒီနေရာက Box ထဲမှာ တစ်ခုချင်း ထည့်ပေးရမှာပါ။ တစ်ခုထည့်ပြီးတာနဲ့ သူက နောက် URLs တွေထပ်ထည့်ဖို့ Box တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါ်လာပါလိမ့်မယ်။




အားလုံးထည့်ပြီးသွားရင် GO ကိုနှိပ်ပါမယ်။ နောက်တစ်မျက်နှာမှာ မြင်ရမယ့် အခြေအနေကတော့ အခုလို အနေအထားမျိုးနဲ့ပါ။


ဖော်ပြပါ Short url ကို Copy ကူးပြီး Tab အသစ်ကနေ Paste လုပ်ပြီးပဲ ဖြစ်ဖြစ် Try it ကို နှိပ်ပြီးပဲ ဖြစ်ဖြစ် ဘာမြင်ရမယ် ဆိုတာ စမ်းကြည့်ပါ။ ကျွန်တော်ကတော့ ကျွန်တော် အစဉ်လိုက် ဖြည့်သွင်းခဲ့တဲ့ အတိုင်း ခုလို စမြင်ရပါတယ်။


ဝိုင်းပြထားတဲ့ နေရာကနေပဲ ဖြစ်ဖြစ် ညာဘက် Down-arrow ကနေ ဖြစ်ဖြစ် ဆက်သွားရင် နောက်ထပ် ဖြည့်သွင်းခဲ့တဲ့ URLs တွေရှိရာကို အောက်ဖော်ပြပါအတိုင်း တစ်ခုချင်း ရောက်ပါလိမ့်မယ်။


ဒီနည်း အတိုင်းဆို တစ်ယောက်ယောက်ကို URLs တွေ မျှဝေချင်တဲ့ အခါ အများကြီး ရိုက်ပေးစရာ မလိုတော့ဘူးပေါ့ -


ဒါဟာ  Fur.ly ရဲ့ အနှစ်သာရပါပဲ။ သြော် တစ်ခုမေ့နေလို့ -


Fur.ly က free service ပါ။ Registration လုပ်ဆောင်ဖို့လည်း မလိုပါဘူး။ OK ??


KznT.

Google Multiple Sign-in, Now Available

Google ကနေ ဒီနေ့ feature အသစ်တစ်ခုကို စတင် အသုံးပြုခွင့် ပြုလိုက်ပါတယ်။ အဲ့ဒီ့ feature ကတော့ multiple Google accounts တွေကို Browser တစ်ခုတည်းကနေ တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် အသုံးပြုနိုင်အောင်ပါ။ ပုံမှန် အတိုင်းက အရင်တုန်းကဆိုရင် Browser တစ်ခုတည်းကနေ Google accounts နှစ်ခုကို တစ်ပြိုင်တည်း ဝင်ပြီး သုံးလို့ မရပါဘူး - သုံးချင်တယ်ဆို ဟိုပြင်ဒီပြင် ပြင်ရတာ ဟိုဟာထပ်ထည့် ဒီဟာ ထပ်ပေါင်းတွေ လုပ်ရတာ ရှိပါတယ်။ ခုကတော့ ဘာမှ ထပ်ပေါင်းစရာလည်း မလိုပါဘူး - ဘာမှ ထပ်ပြင်စရာလည်း မလိုပါဘူး - account ကိုလည်း တစ်ခုထက် မက အသုံးပြုလို့ ရပါပြီ။



လုပ်ဆောင်နည်းကတော့ Google accounts စာမျက်နှာကို ဒီနေရာကနေ Sign in ဝင်လိုက်ပါ။ သူ့စာမျက်နှာကို ရောက်ရင် အောက်ဖော်ပြပါအတိုင်း "multiple sign-in" ဆိုတဲ့ option အသစ်တစ်ခုကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ မတွေ့သေးဘူး ဆိုရင် နောက်မကြာခင် Google ကနေ Enable ပေးပါလိမ့်မယ်။ ပုံမှာ မြင်ရတဲ့ အတိုင်း တွေ့ရပြီ ဆိုရင် Change ကို click ပေးပါ။

"Change" link ကို click ပေးပြီးတဲ့ နောက်မှာ Google ကနေ advanced feature ဆီကို ခေါ်ဆောင်သွားပါလိမ့်မယ်။ ဒီ အထက်ဖော်ပြပါ feature ဟာ Gmail, Google Calendar, Google Sites, Google Reader, Google Voice, App Engine နဲ့ Google Code မှာပဲ အသုံးပြုလို့ ရပါတယ်။ တစ်ခြား Google products တွေမှာ multiple sign-in အသုံးချလို့ မရပါဘူး။ အဲ့ဒီ စာမျက်နှာမှာ မြင်ရမယ့် ပုံစံကတော့ ခုလိုမျိုးပါ။ Multiple sign-in နဲ့ ပတ်သတ်ပြီး လုပ်ဆောင်လို့ ရတာတွေ - လုပ်ဆောင်လို့ မရမှာတွေ သူအသိပေးထားတဲ့ စာကို ဖတ်ပြီး နားလည်ကြောင်း ဘေးနားက box တွေမှာ အမှန်ခြစ်ပေးပေးပါ။



ဖော်ပြပါ အတိုင်း multiple sign-in ကို Save changes ကနေ enable ပေးလိုက်ပြီ ဆိုတာနဲ့ အပေါ် ညာဘက်ထောင့်မှာ မြင်နေရတဲ့ ကိုယ့် email address မှာ drop-down တစ်ခုကို အောက်ဖော်ပြပါ အတိုင်း တိုးပြီး မြင်လာရပါလိမ့်မယ်။


အဲ့ဒီ့ကနေပြီး ကျွန်တော်တို့ သွားချင်တဲ့ တစ်ခြား account တစ်ခုခု ဆီကို အလျင်မြန်ဆုံး ကူးပြောင်းသွားနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က Multiple sign-in ကိုသုံးပြီး accounts တစ်ခုထက် မက ဝင်ထားပြီးပြီဆိုရင် ပထမဆုံး ဝင်ဖြစ်တဲ့ account က အောက်ဖော်ပြပါ အတိုင်း Default account ဖြစ်နေမှာ ဖြစ်ပါတယ်။



ဒါ့ကြောင့် အပေါ်မှာ ဖော်ပြပြီးထားတဲ့ Multiple sign-in ကို Support မပေးသေးတဲ့ တစ်ခြား Google Products တစ်ခုခုဆီ Sign-in ဝင်တဲ့ အချိန်မှာ ကျွန်တော်တို့ကို Default account ရဲ့ Google product တည်ရှိရာဆီပဲ အလိုလျောက် ပို့လွှတ်ပါ လိမ့်မယ်။ အသေးစိတ် လေ့လာချင်သူများ Google help center မှာ ဖတ်ရှု့နိုင်ပါတယ်။ Google Products ဆိုတာ ဘာတွေလဲ ဆိုတာ မေးချင်သူများ သိရှိနိုင်အောင် လောလောဆယ် ကျွန်တော် သုံးနေတဲ့ Google products များကို ဖော်ပြလိုက်ပါတယ်။ အဲတာတွေက Google Products တွေပါ - ဒါအကုန် မဟုတ်သေးပါဘူး - နောက်ထပ် ကျွန်တော် မသုံးဖြစ်သေးတဲ့ Google products တွေ ကျန်ပါသေးတယ်။


အားလုံး ဝင်ချင်သလို ဝင်၍ ထွက်ချင်သလို ထွက်နိုင်ကြပါစေ :D

KznT.

Thanks A Lot


ကျေးဇူးတင်ပါတယ်ဗျာ
ကျေးဇူးပါ
ကျေးဇူး
ကျေးဇူးပဲနော်

ဒီစကားတွေ အားလုံးဟာ လူတစ်ယောက်ရဲ့ မေတ္တာထား ကူညီမှုကို အပြန်အလှန် မေတ္တာတုံ့ပြန်မှု အနေနဲ့ အသိအမှတ်ပြု ပြောကြားကြတဲ့ စကားတွေ ဖြစ်ပါတယ်။ ကျေးဇူးတင်စကား ဆိုတာနဲ့ ပတ်သတ်ပြီး အုပ်ချုပ်သူ ကိုဂျစ်တူးကနေ ဒီနေရာမှာ နားလည်လွယ်အောင် ရှင်းလင်းပေးခဲ့ဖူး ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာတွေ ကျေးဇူးတင်စကားနဲ့ ပတ်သတ်ပြီး ခံယူချက် လွဲနေတာလေးတွေ တွေ့နေရပါတယ်။ အဲ့ဒါကြောင့် ဒီ အကြောင်းအရာကို ထပ်ပြီး ရေးဖြစ်လိုက်တာပါ။


ကျေးဇူးတင်စကား ဆိုတာဘာလဲ ??
ကျေးဇူးတင်စကားဆိုတာ လူ့ပတ်ဝန်းကျင် နယ်ပယ်မှာ မိမိရဲ့ လိုအပ်ချက် တစ်ခုအတွက် တစ်စုံတစ်ယောက်က မေတ္တာရှေ့ထား ကူညီပေးတဲ့ အခါမှာ သူ့ ကူညီမှုက မိမိအတွက် အမှန်တကယ် တိုက်ရိုက် အကျိုးပြုသည် ဖြစ်စေ - အနည်းအကျဉ်း အကျိုးပြု ခဲ့သည် ဖြစ်စေ - တိုက်ရိုက် အကျိုးမပြုပဲ သွယ်ဝိုက်ပြီး တွန်းအားပေးခဲ့သည် ဖြစ်စေ - အဲ့ဒီ့သူရဲ့ ကူညီမှုကို မေတ္တာချင်း ရောင်ပြန်ထပ်ပြီး မဖြစ်မနေ ပြောကြားသင့်တဲ့ စကားကို ဆိုလိုပါတယ်။

Forum - ဖိုရမ် တစ်ခုရဲ့ သဘောသဘာဝဟာ တစ်ဦးတစ်ယောက်ကောင်းနဲ့ ရပ်တည်နေတာ မဟုတ်ပဲ လူအများရဲ့ ဝိုင်းဝန်းကူညီ ပံ့ပိုးမှုနဲ့ ရပ်တည်လည်ပတ်နေတယ် ဆိုတဲ့ အကြောင်းကို ကျွန်တော် ဒီနေရာမှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒါ့ကြောင့် ဖိုရမ်မှာ လည်မယ် ပတ်မယ် လေ့လာစရာရှိတာတွေ လေ့လာမယ် - ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာတွေကိုလည်း ဝင်ရောက်ကူညီမယ် - ဒီလိုဆိုမှ ဖိုရမ်တစ်ခုရဲ့ အနှစ်သာရက ပိုပိုပြီး ပြည့်ဝလာမှာပါ - အဲလိုမျိုး ဖိုရမ်မှာ လည်ပတ် လှုပ်ရှားတဲ့ အချိန်မှာ မလွဲမသွေသိထားရမယ့် ကျေးဇူးတင် စကား ပြောကြားတာနဲ့ ပတ်သတ်ပြီး ခံယူချက်တွေ မလွဲမှားစေဖို့ ဒီနေရာကနေ ရှင်းလင်း ဖော်ပြပေးလိုပါတယ်။

ဘာအတွက် ကျေးဇူးတင်စကား ပြောသင့်သလဲ ??
ဖိုရမ်ထဲမှာ လည်ပတ် ဖတ်ရှုတဲ့ အခါမှာ ကျေးဇူးတင်စကား ပြောခဲ့ကြဖို့ တိုက်တွန်းထားတာ အသင်းဝင်တိုင်း သိကြပေမယ့် ဘာအတွက် ကျေးဇူးတင်စကား ပြောသင့်သလဲ ဆိုတာကိုတော့ အသင်းဝင်တိုင်း ကောင်းကောင်း နားမလည်နိုင်ကြသေးပါဘူး - တစ်စုံတစ်ယောက်ကို ကျေးဇူးတင်စကား ပြောကြားတဲ့ အခါမှာ အခြေအနေ ( ၃ ) ရပ်ပေါ် မူတည်ပြီး ကျေးဇူးတင်စကား ပြောကြား သင့်ပါတယ်။

( ၁ ) တစ်စုံတစ်ယောက်ရဲ့ မျှဝေမှုကနေတစ်ဆင့် ကိုယ့်အတွက် အသိပညာ တစ်ခုမဟုတ် တစ်ခု ရရှိလိုက်တာ သေချာ ရင် အဲ့ဒီသူကို ကျေးဇူးတင်စကား ပြောကြားသင့်ပါတယ်။
( ၂ ) တစ်စုံတစ်ယောက်ရဲ့ မျှဝေမှုဟာ ကိုယ့်အတွက် အကြောင်းအရာ အသစ်တစ်ရပ် မဟုတ်ပေမယ့် ( ကိုယ်သိထား ပြီးသား အကြောင်းအရာဟောင်းတစ်ခု ဖြစ်နေပေမယ့် ) သူ့ရဲ့ မျှဝေမှုဟာ တစ်ခြားသူ တစ်ယောက်အတွက် အကျိုးဖြစ်စေတာ - အကျိုးပြုနေတာ မြင်တွေ့ရရင် ကျေးဇူးတင်စကား ပြောကြားသင့်ပါတယ်။
( ၃ ) တစ်စုံတစ်ယောက်ရဲ့ မျှဝေမှုဟာ ကိုယ့်အတွက် တိုက်ရိုက် အကျိုးပြုနေတာမျိုး မရှိသလို တစ်ခြားသူ တစ်ယောက် အတွက်လည်း လတ်တလော အခြေအနေမှာ အကျိုး ဖြစ်ထွန်းစေတာ မတွေ့ရဘူး - ဒါပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက် ဟာ နောင်တစ်ချိန်မှာ တစ်စုံတစ်ယောက်အတွက် အကျိုးဖြစ်ထွန်းလာနိုင်စေမယ် - အကျိုးရှိလာစေနိုင်မယ် ဆိုတာ သေချာရင်လည်း သူ့ရဲ့ အားထုတ်မှုအတွက် အသိအမှတ်ပြု ကျေးဇူးတင်စကား ပြောကြားသင့်ပါတယ်။
နောက်ဆုံး တစ်ချက်ကတော့ ကျွန်တော့် Personal ပါ။ ကျွန်တော် ဝေမျှခဲ့တဲ့ ဝေမျှချက်တွေနဲ့ ပတ်သတ်ပြီး ဝေဖန်အကြံပြု အရေးတယူ ကျေးဇူးတင်စကား ပြောကြားပေးခဲ့တဲ့ သူတိုင်းကိုလည်း ကျွန်တော် ပြန်ပြီး ကျေးဇူးတင် စကား ပြောကြား ခဲ့ပါတယ်။

ကျွန်တော်ဟာ ဖိုရမ်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ရောက်ရှိခဲ့ပါတယ်။ ကျွန်တော် တတ်စွမ်းသလောက် - ကျွန်တော် လေ့လာမိ သလောက် တစ်စုံတစ်ယောက်အတွက် မျှဝေနိုင်အောင် ကြိုးစားခဲ့သလို - ကျွန်တော့် အတွက် လိုအပ်နေသေးတဲ့ အသိပညာတွေ ကိုလည်း ဖိုရမ်ကနေ ရှာမှီးခဲ့ပါတယ်။ အထက်က အခြေအနေ လေးရပ်နဲ့ ကိုက်ညီတယ်လို့ ယူဆတဲ့ ကျွန်တော် ဖတ်မှတ်မိသမျှ ဝေမျှချက်တိုင်းကိုလည်း ကျွန်တော် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ဖိုရမ်မှာ ကဏ္ဍခွဲတွေ အကြောင်းအရာခွဲတွေ အရမ်းများလို့ ကျွန်တော် ကျေးဇူးတင်စကား မပြောဖြစ်တဲ့ ဝေမျှချက်ကောင်းတွေ လည်း ရှိကောင်း ရှိနေဦးမှာပါ။ နောင်တစ်ချိန် ကျွန်တော် ဖတ်မှတ် လေ့လာမိချိန်မှာ မပြတ်မကွက် ကျေးဇူးတင်စကား ပြောကြားသွားပါ့မယ်လို့ ကတိပေးလိုပါတယ်။

နောက်ဆုံး အနေနဲ့ ကျွန်တော် အကြံပြုချင်တာကတော့ မိသားစုဝင်တွေ အနေနဲ့ ကျေးဇူးတင်စကားကို ကျွန်တော် အထက်မှာ ဖော်ပြခဲ့တဲ့ အခြေအနေ ( ၃ ) ရပ်နဲ့ ကိုက်ညီတယ်လို့ ယူဆရင် ကျေးဇူးတင်စကား ဆိုတဲ့ နေရာလေးကို မပျက်မကွက် နှိပ်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ကျေးဇူးတင်စကား ဆိုတာ ဝေမျှသူတစ်ယောက် အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ပီတိပါပဲ !!


အဲဒါကြောင့် မိသားစုဝင်များ ကျေးဇူးပြုပြီး အောက်ဖော်ပြပါနေရာလေးကို မပျက်မကွက် နှိပ်ပေးကြရင်း Contributors များကို ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံပါရစေ -

ပိုက်ဆံ မပေးရပါဘူး - ၁ မိနစ်မကြာပါဘူး - ကိုယ့်အကျိုးစီးပွား မထိခိုက်ပါဘူး - ဒါပေမယ့် Contributors များကို အတိုင်းအဆ မရှိပံ့ပိုးရာ ရောက်ပါတယ်။ 


Mg Zin.

Charice - "Pyramid" featuring Iyaz

Pyramid


Now I just wanna let you know
Earthquakes can't shake us
Cyclones can't break us
Hurricanes can't take away our love



Pyramid, we built this on a solid rock
It feels just like it's heaven's touch
Together at the top
(At the top, baby)
Like a pyramid



KznT.

Related Posts