Google Multiple Sign-in, Now Available

1 comment
Google ကနေ ဒီနေ့ feature အသစ်တစ်ခုကို စတင် အသုံးပြုခွင့် ပြုလိုက်ပါတယ်။ အဲ့ဒီ့ feature ကတော့ multiple Google accounts တွေကို Browser တစ်ခုတည်းကနေ တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် အသုံးပြုနိုင်အောင်ပါ။ ပုံမှန် အတိုင်းက အရင်တုန်းကဆိုရင် Browser တစ်ခုတည်းကနေ Google accounts နှစ်ခုကို တစ်ပြိုင်တည်း ဝင်ပြီး သုံးလို့ မရပါဘူး - သုံးချင်တယ်ဆို ဟိုပြင်ဒီပြင် ပြင်ရတာ ဟိုဟာထပ်ထည့် ဒီဟာ ထပ်ပေါင်းတွေ လုပ်ရတာ ရှိပါတယ်။ ခုကတော့ ဘာမှ ထပ်ပေါင်းစရာလည်း မလိုပါဘူး - ဘာမှ ထပ်ပြင်စရာလည်း မလိုပါဘူး - account ကိုလည်း တစ်ခုထက် မက အသုံးပြုလို့ ရပါပြီ။



လုပ်ဆောင်နည်းကတော့ Google accounts စာမျက်နှာကို ဒီနေရာကနေ Sign in ဝင်လိုက်ပါ။ သူ့စာမျက်နှာကို ရောက်ရင် အောက်ဖော်ပြပါအတိုင်း "multiple sign-in" ဆိုတဲ့ option အသစ်တစ်ခုကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ မတွေ့သေးဘူး ဆိုရင် နောက်မကြာခင် Google ကနေ Enable ပေးပါလိမ့်မယ်။ ပုံမှာ မြင်ရတဲ့ အတိုင်း တွေ့ရပြီ ဆိုရင် Change ကို click ပေးပါ။

"Change" link ကို click ပေးပြီးတဲ့ နောက်မှာ Google ကနေ advanced feature ဆီကို ခေါ်ဆောင်သွားပါလိမ့်မယ်။ ဒီ အထက်ဖော်ပြပါ feature ဟာ Gmail, Google Calendar, Google Sites, Google Reader, Google Voice, App Engine နဲ့ Google Code မှာပဲ အသုံးပြုလို့ ရပါတယ်။ တစ်ခြား Google products တွေမှာ multiple sign-in အသုံးချလို့ မရပါဘူး။ အဲ့ဒီ စာမျက်နှာမှာ မြင်ရမယ့် ပုံစံကတော့ ခုလိုမျိုးပါ။ Multiple sign-in နဲ့ ပတ်သတ်ပြီး လုပ်ဆောင်လို့ ရတာတွေ - လုပ်ဆောင်လို့ မရမှာတွေ သူအသိပေးထားတဲ့ စာကို ဖတ်ပြီး နားလည်ကြောင်း ဘေးနားက box တွေမှာ အမှန်ခြစ်ပေးပေးပါ။



ဖော်ပြပါ အတိုင်း multiple sign-in ကို Save changes ကနေ enable ပေးလိုက်ပြီ ဆိုတာနဲ့ အပေါ် ညာဘက်ထောင့်မှာ မြင်နေရတဲ့ ကိုယ့် email address မှာ drop-down တစ်ခုကို အောက်ဖော်ပြပါ အတိုင်း တိုးပြီး မြင်လာရပါလိမ့်မယ်။


အဲ့ဒီ့ကနေပြီး ကျွန်တော်တို့ သွားချင်တဲ့ တစ်ခြား account တစ်ခုခု ဆီကို အလျင်မြန်ဆုံး ကူးပြောင်းသွားနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က Multiple sign-in ကိုသုံးပြီး accounts တစ်ခုထက် မက ဝင်ထားပြီးပြီဆိုရင် ပထမဆုံး ဝင်ဖြစ်တဲ့ account က အောက်ဖော်ပြပါ အတိုင်း Default account ဖြစ်နေမှာ ဖြစ်ပါတယ်။



ဒါ့ကြောင့် အပေါ်မှာ ဖော်ပြပြီးထားတဲ့ Multiple sign-in ကို Support မပေးသေးတဲ့ တစ်ခြား Google Products တစ်ခုခုဆီ Sign-in ဝင်တဲ့ အချိန်မှာ ကျွန်တော်တို့ကို Default account ရဲ့ Google product တည်ရှိရာဆီပဲ အလိုလျောက် ပို့လွှတ်ပါ လိမ့်မယ်။ အသေးစိတ် လေ့လာချင်သူများ Google help center မှာ ဖတ်ရှု့နိုင်ပါတယ်။ Google Products ဆိုတာ ဘာတွေလဲ ဆိုတာ မေးချင်သူများ သိရှိနိုင်အောင် လောလောဆယ် ကျွန်တော် သုံးနေတဲ့ Google products များကို ဖော်ပြလိုက်ပါတယ်။ အဲတာတွေက Google Products တွေပါ - ဒါအကုန် မဟုတ်သေးပါဘူး - နောက်ထပ် ကျွန်တော် မသုံးဖြစ်သေးတဲ့ Google products တွေ ကျန်ပါသေးတယ်။


အားလုံး ဝင်ချင်သလို ဝင်၍ ထွက်ချင်သလို ထွက်နိုင်ကြပါစေ :D

KznT.

1 comment:

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts