Why aren't we rich ?

ဒီဆောင်းပါးရဲ့ မူရင်း ဖော်ပြသူဟာ july-dream.blog က စာရေးသူလို့တော့ ကျွန်တော် သိရပါတယ် - ဒါပေမယ့် ကျွန်တော် ဖတ်ရတာကတော့ Facebook မှာပါ - အမြင့်မြတ်ဆုံး ဘာသာတရားလို့ တစ်ကမ္ဘာလုံးက လက်ခံထားကြတဲ့ ဗုဒ္ဓဘာသာ ကို မြန်မာနိုင်ငံသားတွေ ကိုးကွယ်နေကြပါလျက်နဲ့ ဘာကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ မကြီးပွား မချမ်းသာ ကြတာပါလဲ ??

Photo from - http://fabulouslyfrugirl.files.wordpress.com


မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေ က မြန်မာတစ်မျိုး သားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက -

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာ ဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာ ဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့် လဲ တဲ့။

သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြ တာလို့ ဖြေလိုက် တယ်။

သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ် ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါး ချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက် တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရိှဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရိြှပီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာ အများစုဟာ ကြီးပွါးသင့် သလောက် မကြီးပွါးကြဘူး။

၄။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက် လည်း မြန်မာတွေ ဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။အတ္တသမာပဏီဓိမင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိကောင်းတဲ့ အလုပ်မှာဆောက် တည်နေနိုင်စွမ်းမရှိလို့ လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရိှစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါး ကစားခြင်း၊ ငြင်းခုံ ခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချ တယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက် ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာ လို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ် တရား ဖြစ်တယ်။

ပညာရိှ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရိှက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရိှပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါ လိမ့်မယ်။ တော်တာ ကို တော်ပါတယ်လို့ လိှုက်လှိုက် လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာ ဘဲ ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူ တတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရိှတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရိှတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရိှအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူ တာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်း လုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေ ရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရိှလို့ တက္ကစီ ငှားစီးသွား တယ်။ ကားမောင်းသမားလေးက အသက်ငယ်ရွယ်သူလေး ဖြစ်နေ လို့ ကျောင်းမတက် ဘူး လား လို့ မေးကြည့်တဲ့ အခါ ဆေး တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်နေ တယ်။ မြန်မာ အမျိုးသမီး ဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထ အတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွား တာပေါ့။

သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခု လုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက် ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီး ဘဝရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘာအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့် ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြ ပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက် တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့် တာကို ဂုဏ်မယူတဲ့ အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။

၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရြွှေပည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ - ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။

ဒီ ဆောင်းပါး အပြင် နောက်ထပ် ကျွန်တော် မိသားစုဝင်တွေကို ဖတ်စေချင်တဲ့ တစ်ခြား ဆောင်းပါး တစ်ချို့လည်း ကျန်ပါသေးတယ် - အဲတာကတော့ myanmartutorials.com က ဆောင်းပါးရှင် ကိုသီဟရေးထားတဲ့ ကျွန်တော်တို့ ဘာကြောင့် အခြေခံအဆင့်က မတက်နိုင်တာလဲ ( ၁ ) ကျွန်တော်တို့ ဘာကြောင့် အခြေခံအဆင့်က မတက်နိုင်တာလဲ (၂) ကျွန်တော်တို့ ဘာကြောင့် အခြေခံအဆင့်က မတက်နိုင်တာလဲ (၃) ဆိုတဲ့ ဆောင်းပါးတွေပါ - အဲ့ဒီ့ ဆောင်းပါးကိုလည်း ကျွန်တော် သိပ်ကြိုက်တယ် - မဖတ်ရသေးရင် ဖတ်ကြည့်စေချင်တယ်ဗျာ - စာရေးသူ ပေးချင်တဲ့ ရသတစ်ခုခုကို ဆောင်းပါးရဲ့ အဆုံးမှာ တွေ့ရပါလိမ့်မယ်။
Mg Zin.

Orta GTK Theme Looks Great on Ubuntu

Theme တွေ့ရင် အငြိမ် မနေနိုင်တဲ့ ကျွန်တော် ဟိုတစ်လောက Mac OS X Transformation Pack လေးတွေ့လို့ စမ်းပြီး တစ်ပတ်လောက်မှ မကြာသေးဘူး အခု Orta ဆိုတာ ထက်တွေ့လို့ ယူသုံးကြည့်မိပြန်ပါတယ် - မသုံးခင် ပုံလေးတွေ လိုက်ကြည့်တော့ ကိုယ့် မှန်းထားတဲ့ ပုံစံမျိုးလေးနဲ့ ကိုက်နေတာက တစ်ကြောင်း - ဟို OS ဒီ OS လိုက်တုထားတဲ့ ပုံစံမျိုး မဟုတ်တာက တစ်ကြောင်းမို့ စိတ်ထဲ တော်တော်လေး သဘောကျသွားပြီး စမ်းတင်လိုက်ပါတယ်။ Theme Style လေးတွေကို အကြမ်းလောက် ခံစားကြည့်လိုက်ကြပါဦး -




သူ့ရဲ့ icons လေးတွေ buttons လေးတွေက ကြြွကွလေးတွေ - တော်တော်ချစ်ဖို့ ကောင်းတယ် ဆိုရမယ် - တစ်ပြင် လုံး မှောင်နေတတ်တဲ့ Theme မျိုး မကြိုက်တဲ့ ကျွန်တော့် အတွက်တော့ ဒီ ခပ်ဖျော့ဖျော့ အဖြူရောင်က တစ်မျိုး ဖမ်းစားနေသလိုပဲ -


Panel အတွက် Dark နဲ့ Light ဆိုပြီး Styles နှစ်မျိုး ပါပေမယ့် ကျွန်တော်ကတော့ လောလောဆယ် အမည်းလေး ပဲ ရွေးထားတယ် - icons တွေကိုတော့ မကြည့်နဲ့ - Windows 7 ရှုံးသွားမယ် :)


သူ့မှာ Configuration tool တစ်ခုလည်း ပါပြီး Theme မှာပါတဲ့ အစိတ်အပိုင်းတွေထဲက Nautilus style ကို ပြင်မလား - Scrollbar styles ကို ပြင်မလား - Tab styles ကို ပြင်မလား နှစ်သက်သလို ပြင်ဆင်နိုင်ပါတယ်။


Orta ကို install လုပ်ဆောင်ဖို့ အတွက် အရင်ဆုံး ကိုယ့်စက်ထဲမှာ Faenza_Icons ကို Install လုပ်ထားပြီးသား ဖြစ်ဖို့ လိုပါတယ် - ဒီ Faenza_Icons ကို Install လုပ်ရမယ် ဆိုပေမယ့် မလုပ်မနေရ မဟုတ်ပါဘူး - တကယ်လို့ Faenza_Icons ကို Install မလုပ်ထားရင် ကျွန်တော် အပေါ်မှာ ပြထားတဲ့ Windows 7 ရှုံးမယ့် Icons လှလှလေးတွေ မရတော့ဘူးပေါ့ - Faenza_Icons_by_tiheum.zip ကို ဒီနေရာကနေ အရင် ဒေါင်းလုပ်ချလိုက်ပါ - Desktop ပေါ်ကို Faenza_Icons_ by_tiheum.zip ဆိုတာ ရောက်လာရင် သူ့ကို ဖြည်ချပြီး ./INSTALL script ကို Run ပါ - ဒီအောက်မှာ ဖော်ပြထားတဲ့ ပုံစံမျိုး တက်လာရင် Run in Terminal ကို ရွေးပေးလိုက်ပါ - အဲလိုဆို သူက Terminal ထဲကို ဆွဲခေါ်သွား ပြီး မေးခွန်းတွေ မေးပါလိမ့်မယ် - အဲမှာ -


ဆက်လုပ်ချင်တာလားဆို - "y"
Distribution logo ကို ဘယ်လိုထားချင်လဲ ( Ubuntu, ဘာညာ စသဖြင့် ) - အဲမှာ ကိုယ်က Ubuntu logo ကိုပဲ ကြိုက်ရင် - "U"
နောက် Icons တွေကို ဘယ်လိုဖြစ်စေချင်လဲ - အဲမှာလည်း ကိုယ်ကြိုက်ရာရွေး - ကျွန်တော့် ပုံစံအတိုင်း ဖြစ်ချင်ရင် - "D"

ဒီလိုဆို Faenza_Icons ကို ကျွန်တော်တို့ Install လုပ်ပြီးသား ဖြစ်သွားပါပြီ - နောက်တစ်ဆင့် အနေနဲ့ ကျွန်တော်တို့ Theme ဆက်သွင်းပါ့မယ် - Orta ကို သွင်းဖို့ ဆိုရင် အရင်ဆုံး ကိုယ့်စက်ထဲမှာ Orta ရဲ့ အရင် version အဟောင်း ရှိ/မရှိ သေချာဖို့ လိုပါတယ် -

rm -r ~/.themes/Orta/
sudo rm -r /usr/share/themes/Orta/

နောက်တစ်ဆင့် အနေနဲ့ Orta ကို ဒီနေရာမှာ ယူပါ - ရလာတဲ့ zip file ကို  Desktop ပေါ်ဆွဲတင်ပြီး Extract လုပ်ရင် .tar.gz ဆိုတာ ထပ်ရပါလိမ့်မယ် - အဲတာကိုပါ ထပ်ပြီး Extract လုပ်ပါ - နောက်ဆုံးမှာ folder တစ်ခု ထွက်လာပါလိမ့်မယ် - အဲ့ထဲမှာ "OrtaConfigurator.sh" file ပါလာပါလိမ့်မယ် - သူ့ကို Right click ပေးပြီး "Properties" ကို သွားပါ - နောက် "Permissions tab" မှာ "Allow executing file as program" box ကို အမှန်ခြစ်ပေးပါ - အားလုံးလုပ်ဆောင်ပြီးသွားရင် "OrtaConfigurator.sh" file ကို Double click ပေးပြီး Run လိုက်ပါ - အောက်မှာ ဖော်ပြထားတဲ့ ပုံပေါ်လာရင် "General" tab အောက်မှာ ရှိနေတဲ့ "Install" button ကို နှိပ်ပေးပါ - ( တစ်ခု သိထားရမှာက ကျွန်တော်တို့ Software တွေ install လုပ်သလိုမျိုး installed လုပ်ပြီးပြီ ဘာဆက်လုပ်မှာလဲ - ဘာညာ ဆိုတာမျိုး စာတက်လာမှာ မဟုတ်ပါဘူး - သူက သူ့ဘာသာ install လုပ်ပြီး ငြိမ်နေမှာ ဖြစ်ပါတယ် ) နောက် tabs တွေကို ဆက်သွားပြီး ဘာလုပ်လို့ ရမယ် ဆိုတာ လိုက်ကြည့်ကြည့်ပါ -


အားလုံး install လုပ်ပြီးသွားရင် Desktop ပေါ် Right click ထောက်ပြီး Change Desktop Background ကို သွားပါ - အဲကနေ Theme tab ထဲက Orta ကိုရွေးပေးပါ -


ဒီလိုဆို အောက်မှာ ဖော်ပြထားတဲ့ Theme လှလှလေးတစ်ခု ဆင်ပြီးသားဖြစ်သွားပါလိမ့်မယ် -


ဒီ Pack ထဲမှာ Chrome အတွက် Theme ကိုပါ တစ်ခါတည်းထည့်ထား ပေးပြီးသားပါ - သူ့ကို သွင်းချင်တယ်ဆိုရင်  "Chromium" folder ကိုဖွင့်ပြီး သူ့ထဲမှာ ပါလာတဲ့ .crx file ကို Chrome windows ထဲကို drag and drop ဆွဲထည့်လိုက်ပါ - ဒီလိုဆို Chrome ရဲ့ Theme ပါ ပြောင်းသွားပါလိမ့်မယ် -

Download Orta | Download the wallpaper

KznT.

How To Embed Youtube Playlists

ဒီအကြောင်းက အရင်ရေးခဲ့ပြီးသား Useful Tips For Youtube Lovers ရဲ့ အဆက်လို့ ပြောလို့ ရပါတယ် - ဖိုရမ်မှာတော့ အရင် Thread အောက်မှာပဲ ဆက်ရေးလိုက်တယ် - ဒီမှာကျတော့ ဆက်မရေးချင်တော့တာနဲ့ အသစ်တစ်ခု အနေနဲ့ပဲ ထုတ်ရေး လိုက်တော့တယ် -

မေးခွန်း အမှတ် ( ၁၂ ) - ကျွန်တော့် ဘလော့မှာ Youtube ကနေပြီး သီချင်းတို့ - တစ်ခြား နည်းပညာနဲ့ ဆိုင်တဲ့ Video clips တို့ တင်တဲ့ အခါ တစ်ပုဒ်ချင်းစီ - Video clips တစ်ခုချင်းစီကို embed လုပ်ပြီး တင်တင်နေရတာက ဘလော့မှာ နေရာပေးရတာ စာမျက်နှာလည်း ဖောင်းပွ သလို အလုပ်လည်း တော်တော်ရှုပ်တယ် - နောက်ထပ် နည်းလမ်းကောင်းလေးများ မရှိတော့ဘူးလား


နည်းလမ်းကတော့ ရှိပါတယ် - ဒါပေမယ့် Youtube က Video clips တွေကို ကိုယ်ကြိုက်တာလေးတွေချည်းပဲ ရွေးပြီး Player တစ်ခုတည်းမှာ ပေါင်းချင်တဲ့ အခါ လုပ်ဆောင်ရမယ့် steps လေးတွေ နဲနဲ ပိုများပါတယ် - လုပ်ဆောင်ရမယ့် ပထမအဆင့် အနေနဲ့ Youtube ကို ဒီနေရာကနေ သွားပြီး Login ဝင်ရပါမယ်။ နောက်တစ်ဆင့် အနေနဲ့ ကိုယ်စုပြီး embed လုပ်ချင်တဲ့ Video clips တွေကို ရှာရပါမယ် - ဆိုကြပါစို့ ကျွန်တော်က Chan Chan သီချင်းတွေကို embed လုပ်ချင်တယ် - ဒီလို ဆိုရင် Chan Chan သီချင်းတွေထဲက ကိုယ်ကြိုက်ရာ သီချင်းတွေကို Youtube မှာ အရင်ရှာထားပြီး သီချင်းတစ်ခုချင်းစီရဲ့ အောက်မှာ ရှိနေတဲ့ +Add to ဘေးမှာ ရှိနေတဲ့ Down arrow ကနေ ဆင်းပြီး New playlist ကိုရွေးရပါမယ်။ ဒီလိုဆို နာမည်ဘယ်လို ပေးချင်လဲ ဆိုတာပေါ်လာပြီး Playlist ကို ကိုယ်ပေးချင်တဲ့ နာမည်ပေးလိုက်ပါ။ ဥပမာ ကျွန်တော်ကတော့ ချမ်းချမ်းပေါ့ -  အောက်မှာ ဖော်ပြထားတာကို ကြည့်ပါ - ဒီနေရာမှာ ကျွန်တော်က ချမ်းချမ်းကို Create လုပ်ထားပြီးသားပါ -


အဲလို New playlist ကို Create လုပ်ပြီးတာနဲ့ နောက်တစ်ဆင့်မှာ ကိုယ်ကြိုက်တဲ့ သီချင်းတွေ ( or ) Video clips တွေ အားလုံးကို ကိုယ် Create လုပ်ထားတဲ့ Playlist အောက်ကို အောက်ဖော်ပြပါ အတိုင်း တစ်ပုဒ်ချင်း ပေါင်းထည့်ပါမယ်။


အဲလိုနဲ့ ကိုယ်ကြိုက်တဲ့ သီချင်းတွေ - Video clips တွေ အားလုံးပေါင်းထည့်ပြီးသွားပြီ ဆိုရင် အောက်မှာ ပြထားတဲ့ အတိုင်း ကိုယ့် အကောင့်ထဲက My Videos ကို ဝင်ပါ -


My Videos & Playlists ဆိုတဲ့ စာမျက်နှာပေါ်လာရင် အဲ့ထဲမှာ ရှိနေတဲ့ ကိုယ့် Playlist ကို ရှာပါ - ကျွန်တော်ကတော့ ချမ်းချမ်းပေါ့ -


အဲ့ကနေ Share ကို ဆက်ဝင်ပါ - အဲလို ဝင်လိုက်ရင် တစ်ခြားသူ တစ်ယောက်ဆီကိုယ့် Playlist ကို မျှဝေဖို့ Link လည်း ရှိနေသလို ကိုယ့် blog မှာ embed လုပ်ဖို့ copy / paste လုပ်ရမယ့် Embed code ကိုပါ တွေ့ပါလိမ့်မယ်။ 


ကျွန်တော် ဖန်တီးထားတဲ့ ချမ်းချမ်းသီချင်း ( ၁၁ ) ပုဒ် Playlist ကို အောက်မှာ ဖော်ပြထား တဲ့ နေရာကနေလည်း နားဆင်နိုင်သလို ဒီနေရာမှာ လည်း သွားရောက် နားဆင်ခံစားနိုင်ပါတယ် - Play all ကို နှိပ်လိုက်တာနဲ့ Playlist ထဲမှာ ထည့်ထားပြီးသား သီချင်းတွေ အားလုံးကို အရင်တုန်းကလို Youtube မှာ တစ်ပုဒ်ချင်း လိုက်ရှာပြီး နားထောင်နေဖို့ မလိုတော့သလို - Playlist ထဲက နှစ်သက်ရာ သီချင်းတွေကိုလည်း ကျော်ခွ နားထောင်လို့ ရပါတယ်။




KznT.

Things to do after installing Ubuntu

Ubuntu အကြောင်းနားထားတာ တော်တော်လေးတောင် ကြာသွားပါပြီ - ကျွန်တော်လည်း ဖိုရမ်က တစ်ခြား ကိစ္စလေးတွေ ဘက် လှည့်နေမိတာရယ် - စိတ်ထဲပေါ်လာတဲ့ လုပ်ချင်စိတ် ရှိတာလေးတွေရယ်နောက်ကို လိုက်လုပ်နေမိတာရယ်ကြောင့် ဒီဘက်ကို ပြန်မလှည့်ဖြစ်ခဲ့တာပါ။ ခု ကျွန်တော် ပြန်လှည့်ပါတော့မယ်။ အရင် အခန်းဆက်ဝတ္ထုရှည်လို ရေးခဲ့တဲ့ အားလုံးအတွက် Ubuntu ( Linux ) ပြီးခဲ့တဲ့ နောက်မှာ အခု နောက်ထပ် အခန်းဆက် Ubuntu ဝတ္ထုရှည် တစ်ပုဒ် ဆက်ပါဦးမယ်။

တကယ်တမ်း ဒီအကြောင်းအရာက ရေးတာ တော်တော်လေး နောက်ကျနေပြီလို့တောင် ပြောလို့ ရပါတယ်။ ဘာကြောင့်လည်း ဆို နောက် ( 4 ) လပိုင်းဆိုရင် Ubuntu version က အသစ်ထွက်တော့မှာပါ တကယ်တော့ Ubuntu 11.04 ထွက်လာလည်း ဒီနည်းတွေ ဒီ Software တွေ ဒီ install လုပ်ဆောင်နည်းတွေ နဲ့ပဲ လုပ်ဆောင်နေရဦးမှာပါ။ ဒါ့ကြောင့် ကျွန်တော် ပြောချင်တာ အကြောင်းအရာရပ်တစ်ခုကို နားလည်မှုနဲ့ ဆက်စပ်တွေးခေါ် နိုင်မှုကိုပဲ ဦးစားပေးပါ။ ခေါင်းစဉ်ကိုကြည့်ပြီး သုံးလို့ မရတော့ဘူးလို့ မတွေးပါနဲ့ - အသစ်တစ်ခု ပေါ်လာလို့ ဒီ အကြောင်းအရာ က အဟောင်းဖြစ်ကောင်း ဖြစ်သွားနိုင်ပေမယ့် အဲ့ဒီ့ အကြောင်းအရာသစ်ဟာ ဒီအကြောင်းအရာ ဟောင်းပေါ်မှာ အခြေခံပြီး ဆင့်ပွားတိုးတက်သွားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Version တစ်ခုမက ကွာသွားခဲ့မယ်ဆိုရင်တောင် ဒီစာတွေက အများကြီး ကွာခြားသွားမှာ မဟုတ်ဘူးဆိုတာ ဦးစွာ အသိပေးပြောကြားလိုပါတယ်။

အရင် အားလုံးအတွက် Ubuntu Linux မှာ Ubuntu 10.04, Lucid Lynx ကို ဘယ်လို install လုပ်ရတယ်ဆိုတာ ဖော်ပြပေးပြီး ဖြစ်လို့ ခု အခြေအနေမှာ ကျွန်တော့် အနေနဲ့ Ubuntu 10.04, Lucid Lynx ကို စာဖတ်သူရဲ့ စက်မှာ installed လုပ်ဆောင်ပြီးသွားပြီလို့ ယူဆလိုက်ပါ့မယ်။ ကျွန်တော့် အနေနဲ့ ဒီ guide ကနေပြီး Ubuntu installed လုပ်ဆောင်ပြီးသွားတဲ့ နောက်မှာ beginners တွေအတွက် မသိမဖြစ်လေ့လာထားသင့်တဲ့ concepts အသစ်တွေ အကြောင်းနဲ့ Ubuntu ကို အသုံးပြုသူတိုင်း အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး software တွေအကြောင်းကို ဖော်ပြပေးသွားပါ့မယ်။ စိတ်ကြိုက် ရွေးချယ်ပြီး စမ်းသပ်သုံးစွဲကြည့်ပါ။

ဒီအကြောင်းအရာကို မဖတ်ခင်မှာ တွဲစပ်ပြီး လေ့လာစေချင်တဲ့ ခေါင်းစဉ် ငါးခု ရှိပါတယ်။ အဲ့ ခေါင်းစဉ် ငါးခုကတော့ -

အားလုံးအတွက် Ubuntu ( Linux )
Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်
Software installation in Ubuntu 10.04 LTS
ပြောင်းလဲနိုင်သော Ubuntu applications များ
Windows ပေါ်မှာ Ubuntulinux ကို ဘယ်လို Install လုပ်ပြီး run မလဲ။ နဲ့
အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း ဆိုတဲ့

ခေါင်းစဉ်တွေပဲ ဖြစ်တယ်။ အဲ့ဒီ့ ဖော်ပြခဲ့ပြီးတဲ့ အကြောင်းအရာ ( ၃ ) ခုနဲ့ ဒီအကြောင်းအရာနဲ့က ဆက်စပ်နေပြီး ဒီခေါင်းစဉ်အောက်မှာတော့ အားလုံးကို အသေးစိတ် ပြန်ချုံပြီး ဖော်ပြပေးသွားပါ့မယ်။ အကြောင်းအရာ အားလုံးနဲ့ ဆက်စပ်နေတဲ့ မေးခွန်း အတိုအထွာတွေ - မေးမြန်းချင်စိတ် ပေါ်လာတဲ့ အကြောင်းအရာတွေကို အမေးအဖြေများနှင့် Ubuntu ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မေးမြန်းပေးကြဖို့ တစ်လက်စတည်း အကြံပြုလိုပါတယ်။

အရင် အကြောင်းအရာတွေမှာ ဖော်ပြနေကျပုံစံအတိုင်း အကြောင်းအရာတစ်ခု ရေးသားပြီးတိုင်းမှာ ဒီနေရာကနေ သက်ဆိုင်ရာ ခေါင်းစဉ်ခွဲတိုင်းကို Links များချိတ်ဆက် ဖော်ပြပေးသွားပါ့မယ်။

အနှစ်ချုပ်

( ၁ ) Applications များ စီမံခန့်ခွဲခြင်း
( ၂ ) အခြေခံ အကြောင်းအရာများ ( ၁ )
( ၃ ) အခြေခံ အကြောင်းအရာများ ( ၂ )
( ၄ ) မျက်စိအလှ ပသာဒ
( ၅ ) Desktop တန်ဖိုးမြှင့်တင်ခြင်း
( ၆ ) ဖျော်ဖြေရေး - မျှဝေရေး - ပြင်ဆင်ရေးနှင့် လုံခြုံရေး ကဏ္ဍများ


Applications များ စီမံခန့်ခွဲခြင်း

Repositories

Ubuntu မှာ Software တွေ ရယူသုံးစွဲနိုင်မယ့် directories တွေကို Repositories ( repos ) လို့ ခေါ်ပြီး အဲ့ဒီ့ Repositories ကနေတစ်ဆင့် ကိုယ့်ရဲ့ System တစ်ခုလုံးမှာ ရှိနေတဲ့ Software အားလုံးကို အမြဲတမ်း up-to-date ဖြစ်နေအောင် စစ်ဆေးပေးနေပါတယ်။  ဒါတင်မက ကိုယ်အသုံးချဖို့ လိုအပ်လာတဲ့ applications အသီးသီးကိုလည်း သက်ဆိုင်ရာ catalog အမျိုးမျိုးကနေ အလွယ်တကူ install လုပ်လို့ ရနိုင်အောင် Security အကောင်းဆုံးနဲ့ ဖြန့်ဝေပေးနေပါသေးတယ်။ နေ့စဉ်နေ့တိုင်း အင်တာနက်ထဲဝင်ပြီး ကိုယ့် System up-to-date ဖြစ်ဖို့ latest versions တွေ ရှာနေရတာထက် စာရင်  Repositories ရှိနေတာ ကျွန်တော်တို့အတွက် တော်တော်လေး သက်သာတယ်လို့ ဆိုလို့ ရပါတယ်။  Ubuntu မှာ ပုံမှန်အားဖြင့် default repos အနည်းငယ်ရှိပြီး တကယ်လို့ ကိုယ်က အကြောင်းပြချက်နှစ်မျိုးနဲ့ တစ်ခြား repos တွေကို add ချင်တယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ဘာအကြောင်းပြချက်များလဲ ?? တကယ်လို့ ကိုယ်အသုံးပြုနေတဲ့ Software ဟာ Ubuntu ရဲ့ repos ထဲမှာ Default အနေနဲ့ မပါရှိခဲ့ဘူး ဆိုရင် ဒါမှမဟုတ် Ubuntu version အသစ်ထွက်မှ ပါဝင်လာမယ့် software တွေရဲ့ Versions အသစ်တွေကို Ubuntu version အသစ်မထွက်ခင် အသုံးပြုချင်တဲ့ အခါမှာ ဖြစ်စေ ကျွန်တော်တို့ တစ်ခြား repos တွေကို လက်ရှိရယူအသုံးပြုနေတဲ့ Ubuntu ရဲ့ Software Sources ထဲမှာ ထပ် add ပြီး အသုံးပြုလို့ ရပါတယ်။

Repositories တွေကို Software Sources ထဲမှာ add ချင်တယ် ဆိုရင် ( System  > Administration > Software Sources ) ကိုသွားပြီး "Other Software" tab ထဲမှာရှိနေတဲ့ "Add..." button ကနေတစ်ဆင့် သက်ဆိုင်ရာ APT line ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒီအောက်မှာ ဖော်ပြသွားမယ့် Software တွေမှာ သက်ဆိုင်ရာ Personal Package Archives (PPA) တွေကို ရည်ညွှန်းတဲ့ APT lines တွေကို repositories အတွက် လိုအပ်မယ်ဆို ဖော်ပြပေးသွားပါ့မယ်။




Ubuntu Software Center


ကျွန်တော်တို့ရဲ့ system ထဲမှာ installed လုပ်ထားတဲ့ apps တွေကို စီမံခန့်ခွဲဖို့ပဲ ဖြစ်ဖြစ် - apps တွေ ထပ်ထည့်ချင်တာပဲ ဖြစ်ဖြစ် - ထည့်ထားပြီးသား apps တွေ ပြန်ဖြုတ်ချင်တာပဲ ဖြစ်ဖြစ် အားလုံးကို တစ်နေရာတည်းကနေ လုပ်ဆောင်နိုင်တာ Ubuntu Software Center (Applications > Ubuntu Software Center) ပါ။ Ubuntu Software Center ကနေ ကိုယ်လိုနေတဲ့ Software ကို ရှာရတာ အလွန်လွယ်ကူတဲ့ အပြင် Download လုပ် install လုပ်ဆောင်ရတာကလည်း click တစ်ချက်ပေးယုံနဲ့ ပြီးပြည့်စုံစေပါတယ်။


ကိုယ်လိုအပ်တဲ့ Software တွေကို ရှာဖွေတဲ့ နေရာမှာ နောက်တစ်နည်း အနေနဲ့ ညာဘက်အပေါ်ထောင့်က Search bar မှာ ကိုယ်လိုချင်တဲ့ Software နာမည်ကို ရိုက်ထည့်ပြီး အလွယ်တကူ ရှာဖွေနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ် install လုပ်မယ့် Software ရဲ့ အသေးစိတ် အချက်အလက်ကို install မလုပ်ဆောင်ခင် သိချင်သေးတယ် ဆိုရင် result ပေါ်မှာ double click ပေးပြီးတော့ ဖြစ်စေ "More Info" button ကို click ပေးပြီးတော့ ဖြစ်စေ application ရဲ့ အသေးစိတ် ဖော်ပြချက်ကို ဖတ်ရှုလေ့လာနိုင်ပါတယ်။


Install button ကို နှိပ်လိုက်ရင် ကိုယ်လိုချင်တဲ့ Software ကို အလိုလျောက် install လုပ်ဆောင်သွားပါလိမ့်မယ်။



Software တစ်ခုခုကို အထက်ဖော်ပြပါအတိုင်း installed လုပ်ဆောင်ပြီးသွားပြီ ဆိုရင် သက်ဆိုင်ရာ Program တော်တော်များများကို Menu bar က Applications ရဲ့ အောက်မှာ အသင့်ခေါ်ယူသုံးစွဲနိုင်ပြီး တစ်ချို့ Applications တွေကတော့ (System > Preferences) အောက်မှာဖြစ်စေ သို့တည်းမဟုတ် (System > Administration) အောက်မှာ ဖြစ်စေ ရောက်ရှိသွားတတ်ပါတယ်။

ဒီနည်းနဲ့မှ မဟုတ်ပဲ package တွေကို နောက်နည်းအနေနဲ့  Synaptic Package Manager (System > Administration > Synaptic Package Manager) ကနေ install လုပ်ဆောင်လို့ ရသလို အဲလိုမှ မဟုတ်ရင်လည်း Terminal ထဲက (Applications > Accessories > Terminal) ထဲကနေ သာမန် command လောက်နဲ့ install လုပ်ဆောင်လို့ ရပါတယ်။

sudo apt-get install example-package

သက်ဆိုရင် Software တိုင်းအတွက် APT links နဲ့ package names တွေကို ဒီ ပို့စ်မှာ ဖြည်းဖြည်းချင်း ဖော်ပြပေးသွားပါ့မယ်။

အခြေခံ အကြောင်းအရာများ ( ၁ )

Mirror နှင့် Updates လုပ်ဆောင်မှုများ အကြောင်း

စိတ်ကူးတည့်ရာလေးတွေ ရေးနေတာ ဒီအကြောင်းအရာကို ဆက်ဖို့ မေ့နေခဲ့ပါတယ်။ ဒီနေ့တော့ အကြောင်းအရာသစ်လေး ဆက်ပါဦးမယ်။

Ubuntu က တင်ဆက်လိုက်တဲ့ ( Beta, Release Candidate, နောက် အထူးသဖြင့် Final ) Release တွေထွက်ရှိလာပြီးတဲ့ နောက်မှာ Ubuntu ရဲ့ official servers တွေက အလိုလိုနေရင်း နှေးကွေးလေးလံ သွားတတ်ပါတယ်။  ဒါ့ကြောင့် Updates ပေးဖို့ Download ချဖို့နဲ့ ပတ်သတ်ရင် သုံးသင့်တာ Official servers အစား တစ်ခြား server တစ်ခုကို ရွေးချယ် အသုံးပြုလို့ ရပါတယ်။ အဲလို တစ်ခြား Server တစ်ခုကို ပြောင်းလဲ အသုံးပြုနိုင်ဖို့ အတွက် ဆိုရင် Software Sources တည်ရှိရာ ( System > Administration > Software Sources ) ကို သွားပြီး Download from:" ရဲ့ဘေးက Drop-down menu ကနေ "Other..." ကိုရွေးပေးပါ။



အဲလို လုပ်လိုက်တဲ့ အချိန်မှာ သူကနေပြီး "Choose a Download Server" window ဆိုတဲ့ pop up window တစ်ခု တက်လာပါလိမ့်မယ်။ တကယ်လို့ ကိုယ်က ကိုယ်နဲ့ အနီးစပ်ဆုံး local server ထဲက မြန်ဆန်သွက်လက်တဲ့ Server ကို သိထားတယ်ဆိုရင် သူပြထားတဲ့ list ထဲကနေ ရွေးပေးလိုက်ယုံပါပဲ။ တကယ်လို့ ဘယ် server က ကောင်းမှန်း တိတိကျကျ မသိဘူး မရွေးပေးတတ်ဘူးဆိုရင် ညာဘက်ခြမ်းက "Select Best Server" button ကို click ပေးလိုက်ပါ။


သူ့ကို click ပေးလိုက်ရင် Servers တွေထဲက ဘယ် Server က အမြန်ဆုံး connection ရှိမလဲ ဆိုတာ စမ်းသပ်စစ်ဆေးပေးမယ့် tool တစ်ခု ပေါ်လာပြီး Download test တွေသူ လုပ်ပါလိမ့်မယ်။ အားလုံး ပြီးသွားရင်တော့ သူဖော်ပြထားတဲ့ အမြန်ဆုံး Server ကို "Choose server" button ကနေ ရွေးပေးလိုက်ယုံပါပဲ။


ဒီလုပ်ငန်းစဉ်ကိုပဲ နောက်ထပ် "Updates" tab ကနေ လုပ်ဆောင်လို့ ရပါသေးတယ်။  တကယ်လို့ ကျွန်တော်တို့က Ubuntu က ထုတ်တဲ့ နောက်ဆုံး version နဲ့  third-party repos တွေကို စက်မှာ run သုံးနေတဲ့ သူတွေ ဆိုရင် ကျွန်တော်တို့ အတွက် ဖြစ်သင့်တာက "Updates" tab အောက်မှာ ဘာမှ မပြင်ဆင်ပဲ သူ ပေးထားတဲ့ defaults အတိုင်းလေးပဲ ထားတာ ကောင်းပါတယ်။ အဲမှာ မြင်နေရတဲ့ "Unsupported Updates (lucid-backports)" ဆိုတာကကျတော့ အသစ်တော့ အသစ်- ဒါပေမယ့် unsupported versions packages တွေကို ကျွန်တော်တို့ လိုအပ်ရင် အသုံးပြုနိုင်အောင် အကြံပေးခိုင်းစေတဲ့ options တစ်ခုပါ။ တကယ်လို့ ကိုယ်က စမ်းသပ်ရတာ ဝါသနာပါတယ်။ ဒီ Options ကို ရွေးချယ်ထားခြင်းအားဖြင့် Repository ထဲကို ထည့်သွင်းဖို့ ပြည့်ပြည့်ဝဝ မစမ်းသပ်ရသေးတဲ့ new features တွေ new interfaces တွေပါဝင်တဲ့ packages အသစ်အသစ်တွေကို ကျွန်တော်တို့ စမ်းသပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ "Pre-released Updates (lucid-proposed)" ဆိုတာကတော့ Updates တွေကို စမ်းသပ်တဲ့ ဖို့ Options ပါ။ ဘယ်လို လူမျိုးတွေ အတွက်လည်း ဆိုရင် Ubuntu က ထုတ်လိုက်တဲ့ Updates တွေကို စမ်းသပ်သုံးစွဲကြည့်ဖို့လည်း ဝါသနာပါပြီး ကောင်းကျိုးဆိုးကျိုး တွေ့ရှိရတဲ့ အပြစ် အနာအဆာတွေကို ဝေဖန်ထောက်ပြ ပေးချင်တဲ့ သူများ စမ်းသပ်သုံးစွဲနိုင်ဖို့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ သူ့ကို ကျွန်တော်တို့ Check ပေးထားမယ် ဆိုရင် Ubuntu ကနေ ထွက်လာသမျှ Updates အားလုံးကို နောက်ကွယ်ကနေ အလိုလျောက် Updates လုပ်ပေးသွားမှာ ဖြစ်ပါတယ်။  နောက်ထပ် ကျွန်တော်တို့ ပြောင်းထားသင့်တာက "Show new distribution releases" မှာ နောက်ထပ် Ubuntu version အသစ်ထွက်ပြီ ဆိုတာနဲ့ သိနိုင်အောင် Long Term Support (LTS) release အစား "Normal releases" ကို ပြောင်းထား သင့်ပါတယ်။


အဲလို ပြောင်းထားခြင်း အားဖြင့် နောက်ထပ် LTS release ထွက်တဲ့ အချိန်ထိ စောင့်ဖို့ မလိုတော့ပဲ Ubuntu version အသစ်ထွက်ပြီ ဆိုတာနဲ့ ကျွန်တော်တို့ ချက်ချင်း သိရှိနိုင်မှာ ဖြစ်ပါတယ်။


နောက်ထပ် လုပ်ဆောင်ထားသင့်တာလေး တစ်ခုလည်း အကြံပြုချင်ပါသေးတယ်။ တစ်ခြား ဘာမှ မလုပ်ဆောင်သေးခင် အောက်မှာ မြင်နေရတဲ့ အတိုင်း "Statistics" tab ကို သွားပြီး Check box မှာ Check ပေးထားသင့်ပါတယ်။ ဒီလို လုပ်ဆောင်ထားခြင်း အားဖြင့် ကိုယ့်ရဲ့ စက်မှာ installed လုပ်ထားတဲ့ Software တွေထဲက ဘယ် Software ကိုတော့ဖြင့်  ကိုယ် အမှန်တကယ်သုံးသလဲ - ဘယ်လောက်ကြာမှာ တစ်ခါ အသုံးပြုလေ့ ရှိသလဲ ဆိုတာ သူက စစ်တမ်းကောက်ယူပြီး နောက်ကွယ်ကနေ Ubuntu Project ကို အနည်းဆုံး တစ်ပတ်တစ်ခါလောက် သတင်းပို့လွှတ်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ထားခြင်း အားဖြင့် Ubuntu Project က ဘယ် Software ကို Users တွေပိုပြီး အသုံးများကြလဲ ဆိုတာ သတိထားနိုင်ပြီး အဲ့ကောင်ကို ကောင်းသထက် ကောင်းအောင် ပြင်ဆင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။


အဲ့ဒီကနေ ကျွန်တော်တို့ Close ကို click လိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ ရွေးချယ်ပြင်ဆင်ထားခဲ့တဲ့ အတိုင်း Software တွေ Updates တွေ ရယူနိုင်ဖို့ Reload လုပ်ခိုင်းပါလိမ့်မယ်။ Reload ကို click လိုက်ပါ။


Reloading ပြီးလို့ Available updates တွေ သူဖော်ပြပြီ ဆိုရင် ညွှန်ကြားချက်အတိုင်း လိုက်လုပ်ပြီး install လုပ်ဆောင်သွား ယုံပါပဲ။


အဲလိုမှ မလုပ်ချင်လည်း Updates တွေကို နောက်တော့မှ Update Manager ကနေတစ်ဆင့် ( System > Administration > Update Manager ) သွားပြီး Check လုပ်ခိုင်းလို့ ရပါတယ်။ ကိုယ့်  Computer ကို up-to-date ဖြစ်အောင် လုပ်ထားဖို့ ကျွန်တော်ကတော့ အကြံပေးချင်ပါတယ်။


အခြေခံ အကြောင်းအရာများ ( ၂ ) 

Folder နှင့် Printer များ Sharing လုပ်ဆောင်ခြင်း

ကျွန်တော် မဆက်တာ ကြာနေတဲ့ အကြောင်းအရာလေး ပြန်ဆက်လိုက်ပါဦးမယ်။ ဒီတစ်ခါ ဆက်သွားမှာ Ubuntu မှာ Windows လိုမျိုး Folder တွေ Printer တွေ Share လုပ်ဆောင်ဖို့ အတွက် လိုအပ်မယ့် ပြင်ဆင်မှုလေးတွေ လုပ်ဆောင်ဖို့ နည်းလမ်းတွေ အကြောင်းပါ။ တကယ်လို့ ကျွန်တော်တို့တွေဟာ Ubuntu ကို Windows machines တွေနဲ့ files တွေ folders တွေ share လုပ်ချင်ပြီ ဆိုရင် Samba ရှိနေဖို့ လိုပါတယ်။



Samba ကို install လုပ်ဆောင်ဖို့ အတွက် ပုံမှာ မြင်ရတဲ့ အတိုင်း ကြိုက်နှစ်သက်ရာ folder တစ်ခုခုမှာ  right click ထောက်ပြီး  "Properties" ကနေ တစ်ဆင့် "Share" tab ကို သွားပါမယ်။


ဖော်ပြပါ အတိုင်း "Share this folder" မှာ Check ပေးလိုက်ရင် Windows networks sharing service ကို install လုပ်ဖို့ ကျွန်တော်တို့ကို အသိပေးပါလိမ့်မယ်။ အဲတာကို installed လုပ်ဆောင်ပြီးသွားတာနဲ့ Restart ပေးပြီး ကိုယ် Share ပေးချင်တဲ့ folders တွေ files တွေကို Network ပေါ်မှာ Share ပေးလို့ရပါပြီ။


Samba ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

Time Synchronization


ကျွန်တော်တို့  သုံးနေတဲ့ Ubuntu မှာ ကွန်ပြူတာမှာ ရှိနေတဲ့ အချိန်ကို servers တွေမှာ ရှိနေတဲ့ atomic clocks တွေအတိုင်း တပြေးညီ ချိန်ညှိပေးထားနိုင်အောင် Time Synchronization လုပ်ဆောင်ထားလို့ ရပါတယ်။ 


သူ့ကို ကျွန်တော်တို့က Network Time Protocol (NTP) လို့လည်း ခေါ်ပါတယ်။ NTP time ကို set up လုပ်ဆောင်ဖို့ အတွက် System > Administration > Time & Date ကနေ Time & Date ကို အရင်ဖွင့်လိုက်ပါ။ Settings ကို ဖွင့်ဖို့ အတွက် keys ပုံစံလေးကို click ပေးပါ။ အဲဒီကနေ ကိုယ့်ရဲ့ time zone ကိုရွေးပေးပြီး ပုံမှာ ပြထားတဲ့ အတိုင်း "Keep synchronized with Internet servers" ကို ထားပေးလိုက်ပါ။ အဲလို ထားပေးလိုက်တာနဲ့ NTP ကို install လုပ်ဖို့ သူ အသိပေးပါလိမ့်မယ်။ အဲဒီ့ကနေ install လုပ်ဆောင်သွားပါ။

NTP ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။



အဲတာ ပြီးသွားရင် "Select Servers" ကို click  ပေးပြီး country zone ကို ရွေးချယ်ဖို့ အတွက် ဒီနေရာကို သွားပါ။ အဲ့နေရာကနေ ကိုယ့် country zone ရဲ့ address ကို ရွေးချယ်ပေးပြီး အောက်ဖော်ပြပါအတိုင်း လွတ်နေတဲ့ ကွက်လပ်မှာ  "Add" button ကို နှိပ်ပါ။ နောက် သူ့ကို check ပေးပြီး close နိုင်ပါပြီ။


မျက်စိအလှ ပသာဒ

GNOME Shell


GNOME desktop ရဲ့ နောက်ထွက် version ဖြစ်တဲ့ GNOME desktop environment version 3.0 မှာ GNOME Shell ကို သုံးထားပါတယ်။ သူက အရင် Desktop တွေနဲ့ မတူတဲ့ new interface ပါ။ ဒါ့ကြောင့် စမ်းသပ်ကြည့်ချင်မယ် ဆိုရင် Ubuntu repos ထဲမှာ version တစ်ခု ရှိပါတယ်။ လုပ်ဆောင်ပုံကတော့ Alt+F2 ကနေပြီး "Run Applicatoin" ကို ဖွင့်လိုက်ပါ။  နောက် ပုံမှာ ဖော်ပြထားတ့ဲအတိုင်း "gnome-shell --replace" ကို ထည့်ပေးပြီး Run ကို နှိပ်ပါ။ တကယ်လို့ အရင်လို ပြန်ပြောင်းချင်တယ်ဆိုရင် ဒီနည်းအတိုင်းကိုပဲ  စာသား ပြန်ပြောင်းထည့်ပေးရပါမယ်။ ထည့်ရမယ့် စာသားက "metacity --replace" ပါ။

gnome-shell ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။


ပုံမှန် အလှဆင်ခြင်း

ကျွန်တော် compizconfig-settings-manager အကြောင်းကို ဒီနေရာမှာ ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် compizconfig-settings-manager ဆိုတာ တော်တော်ကြီးကို features တွေ effects တွေများပြီး ကြီးကျယ်တဲ့ software ပါ။ တစ်ချို့လူတွေက အရမ်း visual effects များတာကို ကြိုက်ပေမယ့် တစ်ချို့လူတွေ အတွက်ကျတော့လည်း အဲလောက်ကြီးထိ visual effects များတာကို သဘောမကျပါဘူး - ဒါတင်မက visual effects ကောင်းကောင်း သုံးနိုင်ဖို့ ဆိုရင် Compiz လိုဟာမျိုးက accelerated graphics ဖြစ်ဖို့လည်း လိုပါသေးတယ်။ ဒါ့ကြောင့် နဂိုရှိပြီးသား Hardware အခြေခံလေးနဲ့ပဲ လှလှပပလေး သုံးချင်တယ် - ဒါမှမဟုတ် ကိုယ့်စက်မှာ accelerated graphics ရှိပေမယ့် system resources တွေကို အများကြီး မသုံးချင်ပဲ ပုံမှန်လေး အတိုင်း အလှဆင်ချင်တယ် ဆိုတဲ့ အခါမျိုးမှာ  GNOME အတွက် default window manager ဖြစ်တဲ့ Metacity သုံးဖို့ အသင့်တော်ဆုံးပါပဲ။ သူ့ကို graphically enable ပေးလို့ ရသလို command နဲ့လည်း လုပ်ဆောင်လို့ ရပါတယ်။ သိထားဖို့ တစ်ခုက Metacity ကို သုံးမယ်ဆိုရင် Compiz installed လုပ်ထားသူ တစ်ယောက် အတွက် Compiz effects ကို disable ပေးထားဖို့လိုပါတယ်။


Graphically enable ပေးဖို့အတွက် Alt+F2 ကိုနှိပ်ပြီး "Run Applicatoin" dialog မှာ "gconf-editor" ဆိုတာကို ရိုက်ထည့်ပါ။ အဲလိုဆိုရင် GNOME Configuration Editor ပေါ်လာပါလိမ့်မယ်။ အဲကနေ ဘယ်ဘက် sidebar ကိုကြည့်ပြီး  Apps > metacity > general ကိုသွားပါ။ တွေ့ပြီဆိုရင် ညာဘက်က main box ထဲမှာရှိတဲ့ "compositing_manager" ကို check လုပ်ပါ။ အဲလို လုပ်လိုက်တာနဲ့ သူနဲ့ သက်ဆိုင်တဲ့ effect တွေ ချက်ချင်းရလာပါလိမ့်မယ်။ တကယ်လို့ Terminal နဲ့ လုပ်ဆောင်ချင်သူ တွေ အတွက် အောက်ဖော်ပြပါ command နဲ့လုပ်ဆောင်နိုင်ပါတယ်။

gconftool-2 -s '/apps/metacity/general/compositing_manager' --type bool true

Desktop အဆင့်မြင့် အလှဆင်ခြင်း


တကယ်လို့ Appearance ထဲမှာ (System > Preferences > Appearance) ရှိတဲ့ Visual Effects settings ထဲမှာ Custom option ကိုလုပ်ဆောင်ချင်တယ် ဆိုရင်တော့ CompizConfig Settings Manager နဲ့ extra Compiz-Fusion plugins တွေလိုပါလိမ့်မယ်။ ဒီ CompizConfig Settings Manager နဲ့ ပတ်သတ်ပြီး ဒီနေရာမှာ အကျယ်ရေးထားခဲ့ပြီးပြီမို့လို့ ထပ်ပြီး မဖော်ပြတော့ပါဘူး။



APT Line: ppa:compiz/ppa
compiz-fusion-plugins-extra ကို ဒီနေရာကနေ install လုပ်ဆောင်ပါ။
simple-ccsm ကို ဒီနေရာကနေ install လုပ်ဆောင်ပါ။
compizconfig-settings-manager ကို ဒီနေရာကနေ install လုပ်ဆောင်ပါ။

Themes အလှအပများ

အလှအပကတော့ ဘယ်သူမဆို ကြိုက်တယ် - ကျွန်တော်လည်း ကြိုက်ပါတယ် - ကိုယ့်ကွန်ပြူတာအတွက် Themes အလန်း လေးတွေ ဆိုရင် ဘယ်သူမဆို လိုချင်ကြပါတယ်။ အဲ့အတွက်လှတပတ themes တွေလိုချင်သူများ themes packages တွေ အများအပြားရှိတဲ့ နေရာတွေကို ကျွန်တော်လမ်းညွှန်ပေးပါ့မယ်။ အဲ့ဒီ့ themes တွေကတော့ Bisigi Project themes တွေပါ။ Linux distribution အလိုက် ဘယ် distribution မှာဆိုရင်တော့ ဘယ်လို Install လုပ် ဆိုတာ install ဆိုတဲ့ Menu အောက်မှာ ရှာတွေ့နိုင်ပါတယ်။ တစ်ခြား themes တွေကိုလည်း GNOME-Look မှာ ရှာဖွေနိုင်ပါသေးတယ်။

APT Line: ppa:bisigi/ppa
bisigi-themes community-themes gnome-backgrounds gnome-colors gnome-themes gnome-themes-extras gnome-themes-more metacity-themes shiki-colors များကို ဒီနေရာကနေ လည်း install လုပ်ဆောင်နိုင်ပါတယ်။



Fractal Screensaver

Electric Sheep ဆိုတာ screensaver ကို geometric shapes လို့ ပြောလို့ ရတဲ့ စိတ်ဝင်စားစရာ contour lines တွေနဲ့ ဖော်ပြပေးပါတယ်။ Electric Sheep (version 2.7) ကို ဒီနေရာမှာ ဒေါင်းလုပ်ချလို့ ရပြီး install လုပ်ဆောင်နည်းကတော့ Linux မှာ ဆိုရင် ~/.electricsheep ကို extract လုပ်လိုက်ယုံပါပဲ - အသေးစိတ် ညွှန်ကြားချက်ကို ဒီနေရာမှာ ကြည့်လို့ ရပါတယ်။

electricsheep ကို ဒီနေရာကနေ လည်း install လုပ်ဆောင်လို့ ရပါတယ်။


Desktop တန်ဖိုးမြှင့်တင်ခြင်း

မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီ - မရေးဖြစ်ဆို စိတ်ဝင်စားတဲ့သူနည်းတော့ ကျွန်တော်လည်း တစ်ခါရေးပြီးရင် သိပ်ပြန်မစဖြစ်ဘူး - ဒါပေမယ့်လည်း Ubuntu 10.10 Maverick Meerkat က October 10, 2010 ဆို ထွက်တော့မယ်။ ကိုယ်တွေက Ubuntu 10.04 မှာ ရပ်နေလို့ မဖြစ်တော့ဘူး - ဒီအကြောင်းကို တော်တော်လည်း အဆုံးသတ်ချင်နေပြီ။ နောက်ထပ် ရေးချင်တဲ့ အကြောင်းအရာ သစ်လေးလည်း ရှိနေတယ်။ ကျွန်တော့် အထင် နောက်ထပ် ၂ ခါလောက် ရေးပြီးရင်တော့ ဒီ Ubuntu 10.04 အတွက် လမ်းညွှန်လေး အဆုံးသတ်လို့ ရလောက်ပါပြီ။ အဲတာကြောင့် ဒီနေ့ မဆိုစလောက်လေး အားနေတာနဲ့ ရေးလက်စလေး ဆက်လိုက်ပါတယ်။ ဒီတစ်ခါကတော့ Ubuntu မှာ တောက်တိုမယ်ရ အသေးသုံး Applications လို့ ပြောရမယ့် Applications ခပ်သေးသေးတစ်ချို့ အကြောင်း ပြောပြချင်ပါတယ်။ အသေးသုံး Applications လို့သာ ပြောတာ တကယ်တော့ ကျွန်တော်တို့ Windows မှာပဲ ကြည့် ကြည့် တစ်ခြား ဘယ် OS မှာပဲ ကြည့်ကြည့် ဒီ အသေးသုံး Applications လေးတွေ မရှိပြန်ရင်လည်း ကိုယ့် ကွန်ပြူတာက သုံးရ အဆင်မပြေပြန်ဘူး - ဥပမာ ပြောရရင် ကျွန်တော်တို့ Window မှာဆို Ccleaner တို့ Defragler တို့ စသဖြင့် ဒါမျိုးလေးတွေပေါ့ - မသုံးပဲ နေတော့ မရဘူးလား မဟုတ်ဘူး ရတယ်။ ဒါပေမယ့် သူတို့ကို မသုံးပြန်ရင်ကျတော့လည်း ဖြတ်လမ်းက သွားလို့ ရတာကို လမ်းရိုးကြီးအတိုင်း တစ်ကွေ့ တစ်ပတ်ကြီး သွားနေရသလိုပေါ့ - ရောက်မယ့် နေရာကတော့ ဒီနေရာပဲ - ဒါ့ကြောင့် အသေးသုံး Applications လေးတွေဟာ မသုံးလည်း ဖြစ်ပေမယ့် သုံးလိုက်ရင်ကျတော့ ကိုယ့် Computer လေးကို ပိုပြီး အသုံးတည့်သွားစေပါတယ်။ အသုံးပြုရလည်း လွယ်ကူသွားစေပါတယ်။

Dock

ဒီ အကြောင်းက ကျွန်တော် ရေးထားပြီးသား ဖော်လည်း ဖော်ပြထားပြီးသား - ဒါပေမယ့် လမ်းကြုံနေတာနဲ့ တစ်ခါတည်း ပြန်ဆွဲခေါ်လိုက်ပါတယ်။

ခုနောက်ပိုင်းမှာ တော်တော်များများ လူကြိုက်များလာတာ Mac OS X သူ့ အပြင်အဆင်လေးတွေ - Windows နဲ့ မတူတဲ့ အသုံးချပုံလေးတွေက စိတ်ဝင်စားဖို့လည်း ကောင်းသလို - အသစ်အဆန်းလို ဖြစ်နေတော့ လူတိုင်းလည်း စိတ်ဝင်စားကြပါတယ်။ အထဲထဲက အပြင်အဆင်တွေ ဘယ်နေရာမှာ ဘယ်လိုကောင်းတယ် - ဘယ်ကောင်ကတော့ Windows ထက် ပိုသာတယ် - ဘယ်ဟာကတော့ နဲနဲလေး သုံးရတာ ကသိကအောက် ဖြစ်တယ် ဆိုတာ လူတော်တော်များများ သတိမထားမိကြပေမယ့် Mac OS X ရဲ့ အပေါ်ယံ ကြည့်တာနဲ့ စွဲမက် ချင်စရာကောင်းတာလေး တစ်ချက်က သူ့မှာ ပါတဲ့ Dock ပါ။


ဒါကို လူတော်တော်များများလည်း သဘောကျကြသလို ကျွန်တော်လည်း သဘောကျတယ်။ ဒီလို Dock မျိုး ပုံစံတူ သုံးစွဲ ချင်သူတွေအတွက် Avant Window Navigator ( AWN ) ကို သုံးစွဲ ကြည့်နိုင်ပါတယ်။


awn-settings ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

Application Launcher

Application Launcher ဆိုတဲ့ သဘောကို နားလည်လွယ်အောင် ပြောရရင် application တွေ document တွေကို သက်ဆိုင်ရာ Files တွေ Applications တွေရဲ့ name ရှေ့စာလုံး အနည်းငယ် ရိုက်ယုံနဲ့ အလွယ်တကူ ခေါ်ယူအသုံးပြုလို့ ရစေမယ့် program မျိုးကို ခေါ်ပါတယ်။ Kupfer - ဆိုတာအဲလို အရည်အချင်းတွေနဲ့ ပြည့်စုံပြီး စွမ်းဆောင်ရည် ပြည့်ဝတဲ့ Application Launcher တစ်ခုပါပဲ။


APT Line: ppa:kupfer-team/ppa
kupfer ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

တကယ်လို့ Kupfer ကို မသုံးချင်ရင် သူ့ထက် နဲနဲလေး ပိုလှတဲ့ GNOME+Do ကို အသုံးပြုနိုင်ပါတယ်။


APT Line: ppa:do-core/ppa
gnome-do ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

Clipboard Manager

Paste မလုပ်ခင်မှာ Copy လုပ်ထားတဲ့ Source ကို ပိတ်လိုက်ရင် Copy/Paste လုပ်လို့ မရတဲ့ ပြဿနာ တစ်ခု 2004 ခုနှစ် ကုန်ပိုင်းလောက်က ရှိခဲ့ဖူးပါတယ်။ Parcellite ဆိုတာ အဲလို ပြဿနာတွေရဲ့ ကြားထဲမှာ Features ပြည့်ပြည့်စုံစုံနဲ့ အသုံးပြုလို့ ကောင်းတဲ့ clipboard manager တစ်ခုပါပဲ။


parcellite ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

Universal Applets


Universal Applets ဆိုတာ ကျွန်တော်တို့ Windows တွေမှာ ပါတဲ့ Widgets လေးတွေ သုံးနိုင်အောင်ပါ။ သူ့ကိုတော့ ကျွန်တော်တို့ "widgets" for Linux" လို့ ခေါ်ရမှာပေါ့ - Screenlets တို့ gDesklets တို့ နောက်ထပ် Release တွေ မထွက်တော့တဲ့ နောက်မှာ Universal Applets က ပေါ်ထွက်လာတာပါ။ ဒါပေမယ့် Universal Applets အတွက် main developer က လတ်တလော အခြေအနေမှာ ဒီ project ကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ မအားမလပ် ဖြစ်နေတာကြောင့် နောက်ထပ် သူ့နေ့ရာမှာ အစားထိုး လုပ်ဆောင်ပေးနိုင်မယ့် သူတစ်ယောက်ယောက်ကို ရှာဖွေနေတယ်လို့ သိရပါတယ်။ တကယ်လို့ သုံးချင်တယ် ဆိုရင်တော့ အရင်တုန်းက ထွက်ခဲ့တဲ့ version ကို အသုံးပြုနိုင်ပါတယ်။

APT line: deb http://download.opensuse.org/reposit.../xUbuntu_9.10/ ./
universal-applets ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

ဖျော်ဖြေရေး - မျှဝေရေး - ပြင်ဆင်ရေး နှင့် လုံခြုံရေး ကဏ္ဍများ

ဖျော်ဖြေရေး ကဏ္ဍ

Audio Recording & Editing

Audio Recording လုပ်ဖို့နဲ့ လုပ်ထားပြီးသားတွေကို Edit လုပ်ဖို့များ ဝါသနာ ပါကြမလား မသိဘူး - ဒီလိုဆိုရင် Jokosher ကောင်းပါတယ် - ဘယ်လိုကောင်းတယ် ဆိုတာတော့ စမ်းသုံးကြည့်မှပဲ ပြောလို့ရမှာပါ - တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူတော့အရမ်းကြီး စွတ်မြှောက်လို့လည်း မရပြန်ဘူး

Jokosher ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။


Video Editing

PiTiVi အကြောင်းက အရင်က ရေးခဲ့ဖူးတဲ့ စာတွေမှာလည်း ဖော်ပြခဲ့ဖူးပါပြီ - သူက အသုံးပြုရလွယ်တယ် - နောက်ပြီး feature စုံတဲ့ movie editor လို့ ပြောလို့ ရပါတယ် - PiTiVi က အခု Ubuntu ထဲမှာ default အနေနဲ့ ပါလာပြီးသားပါ - ဒါပေမယ့် Update ကျကျ သုံးချင်တယ် ဆိုရင်တော့ repository ထဲမှာ ထည့်ထားဖို့ လိုပါတယ်။

APT Line: ppa:gstreamer-developers/ppa


Video Screen Capture

တစ်ခါတစ်လေကျရင် တစ်ယောက်ယောက်က ဘယ်လိုလုပ်ရတယ် ဆိုတာ နားမလည်လို့ ရှင်းပြရတဲ့ အခါ စာနဲ့ ရှင်းရင် အရမ်းရှည်လျား ထြွေပားနေမယ့် အကြောင်းအရာမျိုးက ကိုယ့် Desktop ကို records လုပ်ပြီး ပြလိုက်ရင် ပိုလွယ်ပြီး မြန်ပါတယ်။ အဲ့အတွက်တော့ Istanbul ရှိပါတယ် -

Istanbul ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

Player

Player တွေကတော့ တော်တော်ပေါပါတယ် - ဒါပေမယ့် ကျွန်တော်တော့ vlc ပဲ သဘောကျတယ် - သူ့မှာ plug-ins တွေလည်း မနည်းမနောပါသလို တစ်ခြား functions တွေလည်း တော်တော်များများပါပါတယ် - vlc ကို Ubuntu Software Center ကနေ install လုပ်ဆောင်လို့ ရသလို အောက်မှာ ဖော်ပြထားတဲ့ နေရာကနေလည်း install လုပ်လို့ ရပါတယ်။


vlc ကို ကို ဒီနေရာကနေ install လုပ်ဆောင်လို့ ရပါတယ်။

Webcam

ကိုယ့်မှာ webcam ရှိတယ် - ဒီလိုဆိုရင်တော့ ကိုယ့် webcam သုံးပြီး တစ်ခြားသူ တစ်ယောက်ကို ပြဖို့ဆို Cheese ရှိထားဖို့ လိုပါလိမ့်မယ် - သူ့ကို သုံးပြီး ဓာတ်ပုံတွေ - ဗွီဒီယိုတွေ webacm ကနေ အားလုံး ရိုက်လို့ ရပါတယ်။


Cheese ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

Alarm Clock

တစ်ယောက်နဲ့ တစ်ယောက် မတူဘူး - တစ်ချို့က ကိစ္စတစ်ခုခု ရှိရင် Alarm မလိုပဲ ကိုယ့်ဘာသာ အချိန်ညှိပြီး လုပ်တတ်တယ် - တစ်ချို့ကတော့ Alarm လေးနဲ့မှ လုပ်ရမယ့် အလုပ်ကို ချိန်ကိုက်ပြီး လုပ်တတ်တယ် - အဲလို Alarm လိုသူတွေ အတွက် ကိုယ့် ကွန်ပြူတာကိုလည်း အမြဲ ဖွင့်ထားနိုင်မယ် ဆိုရင် alarm clock ရှိပါတယ် -


Alarm-clock ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

Desktop Publishing

Scribus က desktop publishing (DTP) application မို့လို့ စာစီစာရိုက် သမားတွေ နောက်ပြီး ဘောက်ချာ - စာ - သတင်းစာ - ပိုစတာ - စာအုပ် စသဖြင့် ပုံစံလှလှ professional ကျကျ ထုတ်ဝေလိုသူတွေ အတွက် အသုံးတည့်ပါတယ် -


APT Line: ppa:scribus/ppa
Scribus ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

Games

PlayDeb

Games အကြောင်းကလည်း မပါလို့ မဖြစ်ဘူး - ဒါပေမယ့် ကျွန်တော်က ဂိမ်းနဲ့ ပတ်သတ်ပြီး သိပ်မကျွမ်းကျင်သလို အမြဲလည်း ဆော့လေ့ မရှိတာ မို့လို့ ဘယ် ဂိမ်းတွေ ကောင်းတယ် ဆိုတာ အများကြီး သိပ်မသိပါဘူး - ဒါပေမယ့် ဆော့ချင်ရင် ဘယ်လို လုပ်ရမယ် ဆိုတာတော့ လေ့လာထားပါတယ် - ကျွန်တော်က ဂိမ်းသေးသေးလေးတွေ ( ကလေးဂိမ်း ) လောက်ပဲ ဆော့ဖြစ်တယ်။ ဘာပဲဆော့ဆော့ PlayDeb ဆိုတာ Games တွေရဲ့ repository ပါ - သူက Ubuntu repos ထဲမှာတောင် မပါတဲ့ နောက်ဆုံးထွက် ဂိမ်းတွေ ဆော့လို့ ရပါတယ်။ PlayDeb.net မှာ တစ်ခုချင်းစီ လိုက်ရှာပြီး install လုပ်နေရတာထက်တော့ PlayDeb package က အများကြီး အဆင်ပြေပါတယ်။ ဒီကောင်လေးကို >> PlayDeb package install လုပ်ပါ။

PlayOnLinux

တစ်ချို့က Windows Gamers တွေ - Linux ဂိမ်းတွေဆို သိပ်လည်း မရင်းနှီးကြသလို သိပ်လည်း မဆော့ချင်ကြဘူး - ဒီလိုဆိုရင် Windows Games တွေကို Linux မှာ ဆော့နိုင်ဖို့ PlayOnLinux ရှိပါတယ်။ ကျွန်တော်က Gamer မဟုတ်တော့ CallofDuty - Prince of Persia - Civilization - စသဖြင့် ဆော့လို့ ရတယ် ဆိုတာပဲ သိတယ် - အသေးစိတ် လုပ်ဆောင်ပုံကိုတော့ မလေ့လာထားဘူး - ဒါပေမယ့် ခက်ခက်ခဲခဲ မရှိပါဘူး - Just Google it! ပါပဲ -


Playonlinux ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

မျှဝေရေးကဏ္ဍ

BitTorrent

Filesharing နဲ့ ပတ်သတ်ပြီး ပြောစရာ တော်တော်များများတော့ ရှိပါတယ် - ဒါပေမယ့် လူသုံးများတဲ့ လိုအပ်တာလေးပဲ ထည့်လိုက်ပါတယ်။ အဲဒါကတော့ အရင်တည်းက စပြီး ခုချိန်ထိ Filesharing လုပ်ဆောင်ရာမှာ လူသုံးများနေတဲ့ Torrent လမ်းကြောင်းပါ - ကျန်တဲ့ Filesharing လမ်းကြောင်းတွေက ပိုက်ဆံပေးရတာတွေလည်း ရှိသလို အလကား သုံးမယ် ဆိုရင်လည်း အလုပ်တော်တော်ရှုပ်ပါတယ် - Transmission က အခု Ubuntu ထဲမှာ default အနေနဲ့ ပါလာပြီးသားပါ - ဒါပေမယ့် Update ကျကျ သုံးချင်တယ် ဆိုရင်တော့ repository ထဲမှာ ထည့်ထားဖို့ လိုပါတယ်။

APT Line: ppa:transmissionbt/ppa


ပြင်ဆင်ရေးကဏ္ဍ

Backup

သူကတော့ မရှိမဖြစ် အရေးကြီးပါတယ် - Backup ရဲ့ အရေးပါပုံ တော်တော်များများကို ဖိုရမ်မှာလည်း ခေါင်းစဉ် အမျိုးမျိုးနဲ့ ရေးခဲ့ပြီးသားမို့ ထပ်ပြီး မဖော်ပြတော့ပါဘူး - ထပ်မံလေ့လာလိုသူများ ကျွန်တော် ရေးခဲ့ဖူးတဲ့ စာတွေထဲမှာ ရှာဖွေနိုင်ပါတယ် - သူ့ရဲ့ ကောင်းကျိုးကို အတိုချုပ်ရရင်တော့ Backup လုပ်ထားခြင်းအားဖြင့် အရေးကြီးတဲ့ Data တွေ မျှော်လင့် မထားတဲ့ အခြေအနေ တစ်ခုကြောင့် မဆုံးရံှုးရတော့ဘူးပေါ့ -


Backintime-gnome ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

Partition Editor

ကျွန်တော်တို့ Windows မှာ သုံးတဲ့ Paragon တို့ - Partition Magic တို့လိုပေါ့ - ကွာခြားတာက Windows မှာဆိုရင် Apps တစ်ခုခု သုံးလို့ ကောင်းရင် ပိုက်ဆံနဲ့ ပေးဝယ်ရတယ် - ဒီ Gparted ကတော့ ပိုက်ဆံနဲ့ ပေးဝယ်စရာလည်း မလိုဘူး - key - crack သုံးဖို့လည်း မလိုဘူး - Always free -


Gparted ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

Virtual Machine

Virtual machine ဆိုတာ သာမန် ကွန်ပြူတာကို ဖျော်ဖြေရေးလောက် သုံးသူတွေ သုံးလေ့ မရှိပါဘူး - သူ့အကြောင်းကို ဖိုရမ်မှာ ဆွေးနွေးထားတဲ့ နေရာတော်တော်များများ ရှိပါတယ် - နားလည်လွယ်အောင် ဥပမာ ပေးရရင် ကျွန်တော်တို့က လတ်တလော Windows Vista သုံးနေတယ်ထား - သူများတကာတွေက Windows 7 - Windows 7 နဲ့ တတွတ်တွတ် ပြောနေကြလို့ ကိုယ်လည်း Windows 7 စမ်းကြည့်ချင်ပါပြီ တဲ့ - ဒီလိုဆို ပုံမှန်တွေးကြည့်ရင် လုပ်ဆောင်စရာ နှစ်လမ်းပဲ ရှိတယ် - HD မှာ Partition နောက်တစ်ခု ထပ်ခွဲပြီး Windows 7 တင်ချင်ရင်တင် - ဒါမှမဟုတ် လက်ရှိ Windows ကြီး ဖြုတ်ချပြီး Windows 7 တင်ရင်တင် - ဒီလိုနည်းတွေ ရွေးရပါလိမ့်မယ် - ခု ပုံမှန် မတွေးတော့ဘူး - အဲ့လိုဆို နောက်ထပ် ရွေးချယ်စရာ တတိယနည်းလမ်းရှိလာပါပြီ - အဲတာက Virtual machine ကို သုံးတဲ့နည်းလမ်းပါ - သူ့ကို သုံးရင် OS တွေ တစ်ခုကနေ တစ်ခု စမ်းသပ်ကြည့်တ့ဲ နေရာမှာ နဂိုရှိရင်းစွဲ Windows ကို ဘာမှ မထိခိုက်ပဲ နောက် OS တစ်ခုကို စမ်းသပ်နိုင်ပါတယ်။ Virtualbox ကို Ubuntu Software Center ကနေ install လုပ်ဆောင်လို့ရပါတယ်။


လုံခြုံရေးကဏ္ဍ

Firewall

တစ်ချို့ကို လုံလုံခြုံခြုံလေး နေချင်ကြတယ် - ဒီလိုဆို Firewall ရှိဖို့လိုပါတယ် - Windows လိုမျိုး သိပ်ရှုပ်ရှုပ်ထွေးထွေး မရှိသလို တော်ယုံလည်း သိပ်သုံးလေ့ မရှိကြပါဘူး - သုံးချင်ရင်တော့ အောက်မှာ ဖော်ပြထားတဲ့ နေရာကနေသာ install လုပ်ဆောင်လိုက်ပါ -


Gufw ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

Antivirus

Linux မှာ antivirus က ပုံမှန်အားဖြင့် သုံးဖို့ မလိုပါဘူး - ဒါပေမယ့် Windows မှာသုံးလာတာကို စိတ်စွဲနေသူတွေ အတွက် စိတ်အဆာပြေ Antivirus တွေတော့ ရှိပါတယ်။ တစ်ခုတည်းပဲ ဖော်ပြလိုက်ပါတယ်။ သူကတော့ ClamTK Virus Scanner ပါ။


Clamtk ကို ဒီနေရာကနေ လည်း Install လုပ်ဆောင်လို့ ရပါတယ်။

ကျွန်တော် ဒီအကြောင်းကို ရေးခဲ့တာ လနဲ့ချီနေပါပြီ - ဒီနေ့တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတယ် - ဒီအကြောင်း အရာတွေက Ubuntu နဲ့ လုံးဝစိမ်းနေသူ တစ်ယောက်အတွက် စတင်အသုံးပြုရာမှာ အထောက် အပံ့ဖြစ်အောင် ရေးထားတာမျိုးပါ - ဒါ့ကြောင့် အရမ်းအပြည့်အစုံကြီး မဟုတ်ပါဘူး - သူ့ထက် သူ့ထက် ကောင်းတဲ့ Apps တွေလည်း ရှိသေးသလို - ဖော်ပြပါ နည်းတွေနဲ့တင် မဟုတ်ပဲ တစ်ခြား နည်းလမ်းတွေနဲ့ ရယူလို့ ရတာတွေလည်း ကျန်ပါသေးတယ် - အဲတာကိုတော့ Ubuntu ကို လက်တွေ့ စမ်းသပ်ကြည့်ရင်း လေ့လာယူကြဖို့ အကြံပြုလိုပါတယ်။

KznT.

Related Posts