How To Embed Youtube Playlists

Leave a Comment
ဒီအကြောင်းက အရင်ရေးခဲ့ပြီးသား Useful Tips For Youtube Lovers ရဲ့ အဆက်လို့ ပြောလို့ ရပါတယ် - ဖိုရမ်မှာတော့ အရင် Thread အောက်မှာပဲ ဆက်ရေးလိုက်တယ် - ဒီမှာကျတော့ ဆက်မရေးချင်တော့တာနဲ့ အသစ်တစ်ခု အနေနဲ့ပဲ ထုတ်ရေး လိုက်တော့တယ် -

မေးခွန်း အမှတ် ( ၁၂ ) - ကျွန်တော့် ဘလော့မှာ Youtube ကနေပြီး သီချင်းတို့ - တစ်ခြား နည်းပညာနဲ့ ဆိုင်တဲ့ Video clips တို့ တင်တဲ့ အခါ တစ်ပုဒ်ချင်းစီ - Video clips တစ်ခုချင်းစီကို embed လုပ်ပြီး တင်တင်နေရတာက ဘလော့မှာ နေရာပေးရတာ စာမျက်နှာလည်း ဖောင်းပွ သလို အလုပ်လည်း တော်တော်ရှုပ်တယ် - နောက်ထပ် နည်းလမ်းကောင်းလေးများ မရှိတော့ဘူးလား


နည်းလမ်းကတော့ ရှိပါတယ် - ဒါပေမယ့် Youtube က Video clips တွေကို ကိုယ်ကြိုက်တာလေးတွေချည်းပဲ ရွေးပြီး Player တစ်ခုတည်းမှာ ပေါင်းချင်တဲ့ အခါ လုပ်ဆောင်ရမယ့် steps လေးတွေ နဲနဲ ပိုများပါတယ် - လုပ်ဆောင်ရမယ့် ပထမအဆင့် အနေနဲ့ Youtube ကို ဒီနေရာကနေ သွားပြီး Login ဝင်ရပါမယ်။ နောက်တစ်ဆင့် အနေနဲ့ ကိုယ်စုပြီး embed လုပ်ချင်တဲ့ Video clips တွေကို ရှာရပါမယ် - ဆိုကြပါစို့ ကျွန်တော်က Chan Chan သီချင်းတွေကို embed လုပ်ချင်တယ် - ဒီလို ဆိုရင် Chan Chan သီချင်းတွေထဲက ကိုယ်ကြိုက်ရာ သီချင်းတွေကို Youtube မှာ အရင်ရှာထားပြီး သီချင်းတစ်ခုချင်းစီရဲ့ အောက်မှာ ရှိနေတဲ့ +Add to ဘေးမှာ ရှိနေတဲ့ Down arrow ကနေ ဆင်းပြီး New playlist ကိုရွေးရပါမယ်။ ဒီလိုဆို နာမည်ဘယ်လို ပေးချင်လဲ ဆိုတာပေါ်လာပြီး Playlist ကို ကိုယ်ပေးချင်တဲ့ နာမည်ပေးလိုက်ပါ။ ဥပမာ ကျွန်တော်ကတော့ ချမ်းချမ်းပေါ့ -  အောက်မှာ ဖော်ပြထားတာကို ကြည့်ပါ - ဒီနေရာမှာ ကျွန်တော်က ချမ်းချမ်းကို Create လုပ်ထားပြီးသားပါ -


အဲလို New playlist ကို Create လုပ်ပြီးတာနဲ့ နောက်တစ်ဆင့်မှာ ကိုယ်ကြိုက်တဲ့ သီချင်းတွေ ( or ) Video clips တွေ အားလုံးကို ကိုယ် Create လုပ်ထားတဲ့ Playlist အောက်ကို အောက်ဖော်ပြပါ အတိုင်း တစ်ပုဒ်ချင်း ပေါင်းထည့်ပါမယ်။


အဲလိုနဲ့ ကိုယ်ကြိုက်တဲ့ သီချင်းတွေ - Video clips တွေ အားလုံးပေါင်းထည့်ပြီးသွားပြီ ဆိုရင် အောက်မှာ ပြထားတဲ့ အတိုင်း ကိုယ့် အကောင့်ထဲက My Videos ကို ဝင်ပါ -


My Videos & Playlists ဆိုတဲ့ စာမျက်နှာပေါ်လာရင် အဲ့ထဲမှာ ရှိနေတဲ့ ကိုယ့် Playlist ကို ရှာပါ - ကျွန်တော်ကတော့ ချမ်းချမ်းပေါ့ -


အဲ့ကနေ Share ကို ဆက်ဝင်ပါ - အဲလို ဝင်လိုက်ရင် တစ်ခြားသူ တစ်ယောက်ဆီကိုယ့် Playlist ကို မျှဝေဖို့ Link လည်း ရှိနေသလို ကိုယ့် blog မှာ embed လုပ်ဖို့ copy / paste လုပ်ရမယ့် Embed code ကိုပါ တွေ့ပါလိမ့်မယ်။ 


ကျွန်တော် ဖန်တီးထားတဲ့ ချမ်းချမ်းသီချင်း ( ၁၁ ) ပုဒ် Playlist ကို အောက်မှာ ဖော်ပြထား တဲ့ နေရာကနေလည်း နားဆင်နိုင်သလို ဒီနေရာမှာ လည်း သွားရောက် နားဆင်ခံစားနိုင်ပါတယ် - Play all ကို နှိပ်လိုက်တာနဲ့ Playlist ထဲမှာ ထည့်ထားပြီးသား သီချင်းတွေ အားလုံးကို အရင်တုန်းကလို Youtube မှာ တစ်ပုဒ်ချင်း လိုက်ရှာပြီး နားထောင်နေဖို့ မလိုတော့သလို - Playlist ထဲက နှစ်သက်ရာ သီချင်းတွေကိုလည်း ကျော်ခွ နားထောင်လို့ ရပါတယ်။




KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts