Orta GTK Theme Looks Great on Ubuntu

Leave a Comment
Theme တွေ့ရင် အငြိမ် မနေနိုင်တဲ့ ကျွန်တော် ဟိုတစ်လောက Mac OS X Transformation Pack လေးတွေ့လို့ စမ်းပြီး တစ်ပတ်လောက်မှ မကြာသေးဘူး အခု Orta ဆိုတာ ထက်တွေ့လို့ ယူသုံးကြည့်မိပြန်ပါတယ် - မသုံးခင် ပုံလေးတွေ လိုက်ကြည့်တော့ ကိုယ့် မှန်းထားတဲ့ ပုံစံမျိုးလေးနဲ့ ကိုက်နေတာက တစ်ကြောင်း - ဟို OS ဒီ OS လိုက်တုထားတဲ့ ပုံစံမျိုး မဟုတ်တာက တစ်ကြောင်းမို့ စိတ်ထဲ တော်တော်လေး သဘောကျသွားပြီး စမ်းတင်လိုက်ပါတယ်။ Theme Style လေးတွေကို အကြမ်းလောက် ခံစားကြည့်လိုက်ကြပါဦး -




သူ့ရဲ့ icons လေးတွေ buttons လေးတွေက ကြြွကွလေးတွေ - တော်တော်ချစ်ဖို့ ကောင်းတယ် ဆိုရမယ် - တစ်ပြင် လုံး မှောင်နေတတ်တဲ့ Theme မျိုး မကြိုက်တဲ့ ကျွန်တော့် အတွက်တော့ ဒီ ခပ်ဖျော့ဖျော့ အဖြူရောင်က တစ်မျိုး ဖမ်းစားနေသလိုပဲ -


Panel အတွက် Dark နဲ့ Light ဆိုပြီး Styles နှစ်မျိုး ပါပေမယ့် ကျွန်တော်ကတော့ လောလောဆယ် အမည်းလေး ပဲ ရွေးထားတယ် - icons တွေကိုတော့ မကြည့်နဲ့ - Windows 7 ရှုံးသွားမယ် :)


သူ့မှာ Configuration tool တစ်ခုလည်း ပါပြီး Theme မှာပါတဲ့ အစိတ်အပိုင်းတွေထဲက Nautilus style ကို ပြင်မလား - Scrollbar styles ကို ပြင်မလား - Tab styles ကို ပြင်မလား နှစ်သက်သလို ပြင်ဆင်နိုင်ပါတယ်။


Orta ကို install လုပ်ဆောင်ဖို့ အတွက် အရင်ဆုံး ကိုယ့်စက်ထဲမှာ Faenza_Icons ကို Install လုပ်ထားပြီးသား ဖြစ်ဖို့ လိုပါတယ် - ဒီ Faenza_Icons ကို Install လုပ်ရမယ် ဆိုပေမယ့် မလုပ်မနေရ မဟုတ်ပါဘူး - တကယ်လို့ Faenza_Icons ကို Install မလုပ်ထားရင် ကျွန်တော် အပေါ်မှာ ပြထားတဲ့ Windows 7 ရှုံးမယ့် Icons လှလှလေးတွေ မရတော့ဘူးပေါ့ - Faenza_Icons_by_tiheum.zip ကို ဒီနေရာကနေ အရင် ဒေါင်းလုပ်ချလိုက်ပါ - Desktop ပေါ်ကို Faenza_Icons_ by_tiheum.zip ဆိုတာ ရောက်လာရင် သူ့ကို ဖြည်ချပြီး ./INSTALL script ကို Run ပါ - ဒီအောက်မှာ ဖော်ပြထားတဲ့ ပုံစံမျိုး တက်လာရင် Run in Terminal ကို ရွေးပေးလိုက်ပါ - အဲလိုဆို သူက Terminal ထဲကို ဆွဲခေါ်သွား ပြီး မေးခွန်းတွေ မေးပါလိမ့်မယ် - အဲမှာ -


ဆက်လုပ်ချင်တာလားဆို - "y"
Distribution logo ကို ဘယ်လိုထားချင်လဲ ( Ubuntu, ဘာညာ စသဖြင့် ) - အဲမှာ ကိုယ်က Ubuntu logo ကိုပဲ ကြိုက်ရင် - "U"
နောက် Icons တွေကို ဘယ်လိုဖြစ်စေချင်လဲ - အဲမှာလည်း ကိုယ်ကြိုက်ရာရွေး - ကျွန်တော့် ပုံစံအတိုင်း ဖြစ်ချင်ရင် - "D"

ဒီလိုဆို Faenza_Icons ကို ကျွန်တော်တို့ Install လုပ်ပြီးသား ဖြစ်သွားပါပြီ - နောက်တစ်ဆင့် အနေနဲ့ ကျွန်တော်တို့ Theme ဆက်သွင်းပါ့မယ် - Orta ကို သွင်းဖို့ ဆိုရင် အရင်ဆုံး ကိုယ့်စက်ထဲမှာ Orta ရဲ့ အရင် version အဟောင်း ရှိ/မရှိ သေချာဖို့ လိုပါတယ် -

rm -r ~/.themes/Orta/
sudo rm -r /usr/share/themes/Orta/

နောက်တစ်ဆင့် အနေနဲ့ Orta ကို ဒီနေရာမှာ ယူပါ - ရလာတဲ့ zip file ကို  Desktop ပေါ်ဆွဲတင်ပြီး Extract လုပ်ရင် .tar.gz ဆိုတာ ထပ်ရပါလိမ့်မယ် - အဲတာကိုပါ ထပ်ပြီး Extract လုပ်ပါ - နောက်ဆုံးမှာ folder တစ်ခု ထွက်လာပါလိမ့်မယ် - အဲ့ထဲမှာ "OrtaConfigurator.sh" file ပါလာပါလိမ့်မယ် - သူ့ကို Right click ပေးပြီး "Properties" ကို သွားပါ - နောက် "Permissions tab" မှာ "Allow executing file as program" box ကို အမှန်ခြစ်ပေးပါ - အားလုံးလုပ်ဆောင်ပြီးသွားရင် "OrtaConfigurator.sh" file ကို Double click ပေးပြီး Run လိုက်ပါ - အောက်မှာ ဖော်ပြထားတဲ့ ပုံပေါ်လာရင် "General" tab အောက်မှာ ရှိနေတဲ့ "Install" button ကို နှိပ်ပေးပါ - ( တစ်ခု သိထားရမှာက ကျွန်တော်တို့ Software တွေ install လုပ်သလိုမျိုး installed လုပ်ပြီးပြီ ဘာဆက်လုပ်မှာလဲ - ဘာညာ ဆိုတာမျိုး စာတက်လာမှာ မဟုတ်ပါဘူး - သူက သူ့ဘာသာ install လုပ်ပြီး ငြိမ်နေမှာ ဖြစ်ပါတယ် ) နောက် tabs တွေကို ဆက်သွားပြီး ဘာလုပ်လို့ ရမယ် ဆိုတာ လိုက်ကြည့်ကြည့်ပါ -


အားလုံး install လုပ်ပြီးသွားရင် Desktop ပေါ် Right click ထောက်ပြီး Change Desktop Background ကို သွားပါ - အဲကနေ Theme tab ထဲက Orta ကိုရွေးပေးပါ -


ဒီလိုဆို အောက်မှာ ဖော်ပြထားတဲ့ Theme လှလှလေးတစ်ခု ဆင်ပြီးသားဖြစ်သွားပါလိမ့်မယ် -


ဒီ Pack ထဲမှာ Chrome အတွက် Theme ကိုပါ တစ်ခါတည်းထည့်ထား ပေးပြီးသားပါ - သူ့ကို သွင်းချင်တယ်ဆိုရင်  "Chromium" folder ကိုဖွင့်ပြီး သူ့ထဲမှာ ပါလာတဲ့ .crx file ကို Chrome windows ထဲကို drag and drop ဆွဲထည့်လိုက်ပါ - ဒီလိုဆို Chrome ရဲ့ Theme ပါ ပြောင်းသွားပါလိမ့်မယ် -

Download Orta | Download the wallpaper

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts