Angry Birds




ခုရက်ပိုင်း အားတဲ့ အချိန်လေးတွေ Angry Birds ဆိုတဲ့ ဂိမ်းလေး ဆော့နေဖြစ်တယ် - အဲ့ဂိမ်းကို အရမ်းချစ်တာပဲ - ဂိမ်းရဲ့ သဘောက ဌက်နဲ့ ဝက်နဲ့ ရန်ဖြစ်ကြတဲ့ ဂိမ်းပေါ့ - ဂိမ်းရဲ့ တည်ဆောက်ပုံ သမိုင်းကြောင်းက သိပ် ရှုပ်ရှုပ်ရှက်ရှက်လည်း မရှိဘူး - ဝက်သူခိုးတွေက ဌက်ဥတွေကို ယူသွားတယ် - အဲ့မှာ ဌက်အုပ်စုက ဒေါပြွပီး ဥတွေ ပြန်ရဖို့အရေး ဝက်အုပ်စုကို လက်စားပြန်ချေကြတာ 



အဲ့လို လက်စားချေတဲ့ နေရာမှာ လွယ်လွယ်နဲ့ လက်စားချေလို့ က မရဘူး - ဝက်အုပ်စုက အခြေတောင့်တယ် - အကာအရံတွေ ခံတပ်တွေနဲ့ နေတာ - အဲ့တာကို အခြေမခိုင်တဲ့ ဌက်အုပ်စုက လောက်လေးခွမှာ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ရင်းပြီး Structures မျိုးစုံနဲ့ တည်ဆောက်ထားတဲ့ ခံတပ်ပြိုကျအောင် ပြေးဝင်ဖျက်ကြရတာ - သနားဖို့လည်းကောင်း ချစ်ဖို့လည်းကောင်း 




ဒီ Angry Birds ဆိုတဲ့ ဂိမ်းလေးက December 2009 တည်းက စပြီး Apple's iOS မှာ puzzle video game အဖြစ်နဲ့ စပြီး မိတ်ဆက်ခဲ့တာ - ပြောရရင် ထွက်တာ သိပ်မကြာသေးဘူးပေါ့ - အဲ့လောက် မကြာသေးတဲ့ ကာလမှာ လူကြိုက်များလွန်းလို့ Apple's App Store ကနေ Copy ပွားပြီး ရောင်းရတာ 12 million ကျော်သွားပြီလို့ သိရတယ် - Level အနိမ့်ပိုင်းမှာတော့ ဝက်တွေနေတဲ့ structures တွေက ခနော်နီ ခနော်နဲ့ပဲ - ဌက်တစ်ကောင်လောက် ပြေးဝင်ဆောင့်လိုက်တာနဲ့ ဝက်တွေ ကားကနဲ ဖြစ်သွားရော - နောက်ပိုင်း level မြင့်လာတော့ အဲ့လို မလွယ်တော့ဘူး - ကိုယ်တော်ဝက်များက အမြင်ကတ်ဖို့ ကောင်းလောက်အောင် အခိုင်အမာ နေလာကြတာ - 



ဒီဂိမ်းလေးမှာ ပါတဲ့ ဌက်လေးတွေက Angry birds လို့ ဆိုရလောက်အောင် မျက်ခုံးမွှေးက ထူထူ မျက်မှောင်က ကျုံ့ကျုံ့နဲ့ အရမ်းကို ဒေါသထွက်နေကြတဲ့ ပုံ - အဲ့ပုံကို တော်တော်ချစ်တယ် - ဝက်အုပ်စုကတော့ ဗီလိန်အုပ်စုဆိုတော့ ကျောက်ပေါက်မာတွေ ဘာတွေနဲ့ တော်တော် ဗီလိန်ရုပ် ပီသတယ်  ဂိမ်းလေးက ဆော့လို့လည်း ကောင်းသလို ဈေးကလည်း အရမ်းသက်သာလို့ လူတော်တော်များများ ဆော့ကြတယ် - $5 ပတ်ဝန်းကျင်လောက်ပဲ ရှိတယ် - လိုချင်ရင် ဒီနေရာမှာ ဝယ်လို့ ရတယ်။ တကယ်လို့ ဆော့ချင်ပေမယ့် ပိုက်ပိုက် မတတ်နိုင် - ဝယ်ဖို့ အဆင်မပြေသူများ အတွက် အောက်မှာ Limit မရှိ စိတ်ကြိုက် ဆော့လို့ရတဲ့ Angry Birds game ကို PC မှာ ဆော့လို့ ရအောင် တင်ထားပေးပါတယ်။ Install လုပ်ဖို့လည်း မလိုပါဘူး - 

Download Angry Birds for Windows 7 & Windows Vista & Mac OSX


Code:
Angry.Birds.PC.and.MacOSX.rar (71.7 MB) - Portable
http://www.multiupload.com/9FG5ZZDVY1
( or ) 


Code:
Angry.Birds.PC.and.MacOSX.rar (71.7 MB) - Portable
http://www.mediafire.com/?czuivl4u41y7tae
Torrent သမားများ ဒီအောက်ကနေ ယူပါ။

Torrent Download Here!!


KznT.

Internet Explorer 9 RTM Available For Download

ဒီနေ့ Internet Explorer 9 Final version ထွက်တယ် - ဘာတွေ ဘယ်လိုကောင်းတယ် - ဘာတွေ အားသာချက် အားနည်းချက်တွေဆိုတာကိုတော့ Internet Explorer 9 Platform preview ကတည်းက စရေးခဲ့တာ မို့လို့ ဆက်တိုက်ဖတ်ခဲ့တဲ့ သူတွေဆိုရင် တော်တော်များများ သိပြီး ဖြစ်လောက်မယ် ထင်မိပါတယ် - Microsoft က ပြောတာတော့ Performance နဲ့ ပတ်သတ်ပြီး IE9 ကို Low-end machines ( ဆိုလို Graphics cards စွမ်းဆောင်ရည် သိပ်မကောင်းတဲ့ စက် ) တွေမှာတောင် Performance ကောင်းစေမယ်လို့ ဆိုထားပါတယ် - ပြောတိုင်းယုံရတာမျိုး လက်သံမခံနိုင်လို့ ကိုယ်တိုင် IE9 Test drive မှာ စိတ်ထဲရှိတာလေးတွေ လိုက်စမ်းလိုက်သေးတယ် - အရမ်းကြီး နားမလည်တော့ IE9 နဲ့ Chrome ဘယ်ဟာပိုသာလောက် မလဲဆိုတာ ခန့်မှန်းလို့တော့ မတတ်ခဲ့ဘူး - ဒါပေမယ့် Mozilla ထက်သုံးလို့ ပိုကောင်းတာတော့ လက်ခံမိတယ် - လောလောဆယ် စက်မှာတော့ Google Chrome ကို Default ထားပြီး IE9 ကို 2nd အနေနဲ့ သုံးနေဖြစ်တယ် - Mozilla ကိုတော့ ထိလိုက် မထိလိုက်ပဲ  ( မကောင်းလို့ မဟုတ်ပါ အထိုင်အထနှေးတာ ကျွန်တော် သဘောမကျလို့ )


အဲ့တော့ RTM ထွက်ပြီဆိုတော့ ဘာတွေ ဖတ်သင့်မလဲ ဆိုတာ အင်တာနက်ထဲ ဆက်ပြီး လိုက်ကြည့်မိတယ် - အဲ့လို လိုက်ကြည့်ရင်း ဖတ်မိသိခဲ့တာတွေထဲက အကျဉ်းလောက်ကို အမေးအဖြေ ပုံစံမျိုးနဲ့ ဖော်ပြပေးချင်ပါတယ် - အကျယ်ကိုလည်း လေ့လာနိုင်အောင် Links တွေ ဖော်ပြပေးသွားမှာပါ

( 1 ) Internet Explorer 9 ကို ဘယ် OS တွေမှာ သုံးလို့ ရမလဲ ??
Windows 7 နဲ့ Windows Vista SP2 မှာ သုံးလို့ ရပါမယ် - Windows Vista SP1, Windows XP နဲ့ သူတို့ထက် နိမ့်တဲ့ Versions တွေမှာ သုံးလို့ မရပါ။

( 2 ) Internet Explorer 9 Final version ကို ဘယ်မှာ Download လုပ်ရမလဲ ??
ဒီနေရာမှာ ယူပါ။ >> http://www.beautyoftheweb.com/#/download
( အဲ့ Link ကနေ ယူရင် Internet နဲ့ တိုက်ရိုက်ချိတ်ပြီး Install လုပ်ငန်းစဉ်က အလုပ်လုပ်မှာ ဖြစ်ပါတယ် ဒါ့ကြောင့် Internet connection မရှိတဲ့ အိမ်က စက်မျိုးမှာ Internet Explorer 9 Final version ကိုသွင်းဖို့ မဖြစ်နိုင်ပါဘူး - တကယ်လို့ သွင်းချင်မယ်ဆိုရင် Internet Explorer 9 Final Offline Installers ရှိဖို့လိုပါတယ်။ ) 

( 3 ) Internet Explorer 9 Final Offline Installers ဘယ်မှာ ရနိုင်မလဲ ??
အောက်ဖော်ပြပါ နေရာတွေမှာ ရနိုင်ပါတယ်။
( 4 ) Internet Explorer 9 Final Version မှာ ဘာထူးခြားမှုတွေ - ဘာတိုးတက် ပြင်ဆင်မှုတွေ လုပ်ထားသလဲ - ကျုပ်တို့ ဘာတွေ သိထားဖို့ လိုသလဲ ??
Internet Explorer 9 Final Version မှာ ပါဝင်လာမယ့် performance improvements, tracking protection, hang recovery နဲ့ တစ်ခြား သိထားသင့်တဲ့ features အသိတွေအကြောင်းကို လေ့လာနိုင်ဖို့ Microsoft ကနေ Internet Explorer 9 Final Version နဲ့အတူ Internet Explorer 9 Fact Sheet ဆိုတာကို ထုတ်ပေးထားပါတယ်။ ဒီနေရာကနေ ယူပြီး လေ့လာကြည့်ပါ။

( 5 ) Internet Explorer 9 ကို Windows 7 ISO နဲ့ slipstream ဘယ်လို လုပ်ရမလဲ ??
အပေါ်မှာ ရေးထားခဲ့တဲ့ Internet Explorer 9 Release Candidate က အကြောင်းအရာတွေ ကို ပြန်ဖတ်ကြည့်ပါ။

( 6 ) Internet Explorer 9 ကို Uninstall ဘယ်လို လုပ်ဆောင်ရမလဲ ??
အပေါ်မှာ ရေးထားခဲ့တဲ့ Internet Explorer 9 Release Candidate က အကြောင်းအရာတွေ ကို ပြန်ဖတ်ကြည့်ပါ။

( 7 ) Internet Explorer 9 ကို တစ်ခြား Language နဲ့ သုံးချင်တယ် - Language Packs တွေ ဘယ်မှာ ရနိုင်မလဲ ??
အောက်ဖော်ပြပါ နေရာတွေမှာ ရနိုင်ပါတယ်။
( 8 ) Internet Explorer 9 နဲ့ ပတ်သတ်ပြီး တစ်ခြား လေ့လာသင့်သေးမယ့် နေရာတွေ ဘယ်နေရာတွေ ရှိဦးမလဲ ??
အောက်ဖော်ပြပါ နေရာတွေကို မဖြစ်မနေ လေ့လာထားသင့်ပါသေးတယ်။


KznT.

Make Use Of Guide Books

MakeUseOf ရဲ့ Guide books တွေကို ကို google လည်း အပေါ်မှာ တင်ပေးဖူးတယ် - တော်တော်များများ ကောင်းမှန်း သတိမထားမိကြဘူး - အင်္ဂလိပ်လို တွေ့ရင် တော်တော်များများက ဟင်ကနဲ လှည့်ထွက်သွား ကြတာများတယ် - အကြံပြုပါရစေ - အဲ့လို မလုပ်ကြပါနဲ့ - စမ်းဖတ်ကြည့်ကြပါ - MakeUseOf ရဲ့ Guide books တွေထဲက အရေးအသားတွေဟာ တော်တော်လေးကို ပျော့ပျော့ပျောင်းပျောင်း ရှိပါတယ် - ဖတ်ရလည်း လွယ်ပါတယ် - စာရေးသူတွေ အဓိကကျတဲ့ အချက်တွေကိုပဲ စာဖတ်သူ နားလည်လွယ်အောင် ကြိုးစားပြီး ရေးထားကြပါတယ်။ စာအုပ်တွေက အောက်မှာ ဖော်ပြထားတဲ့ စာအုပ်တွေပါ - တကယ်ကို အကျိုးရှိတဲ့ စာအုပ်လေးတွေပါ - နင်ပတ်ကစ အထူကြီးတွေလည်း မဟုတ်ဘူး - တစ်နိုင်တစ်ပိုင် ဖတ်ဖို့ အဆင်ပြေယုံလောက်လေးတွေ ရေးထားကြတော့ ဖတ်ရတာလည်း ပျင်းဖို့ မကောင်းဘူး - အနှစ်သာရတွေလည်း ပါတော့ ဖတ်နိုင်လေ အကျိုးရှိလေ ဆိုတာပြောဖို့တောင် လိုမယ် မထင်တော့ဘူး - ပိုပြောနေတယ် ထင်ရင် ခုပဲ ဒေါင်းလုပ်ချပြီး တစ်အုပ်လောက် စမ်းမြည်းကြည့်လိုက်ပါ။ ( တစ်ချို့ Guide books လေးတွေက MUO က မဟုတ်ပါဘူး - ကျွန်တော့်ဘာသာ ရှာပြီး စုထားတာလေးတွေပါ။ )

အောက်မှာ ဖော်ပြထားမယ့် Uploading sites တွေကတင် မဟုတ်ပဲ - http://www.makeuseof.com/pages/ မှာပါ Member တစ်ယောက် ဖြစ်ယုံနဲ့ စာအုပ်အားလုံး အလကား ဒေါင်းလုပ်ယူလို့ ရပါတယ်။



build-gaming-pc.pdf (1.5 MB)
http://www.multiupload.com/LF1VIXOMLL

FacebookPrivacy.pdf (3.3 MB)
http://www.multiupload.com/J752A5RUB0

google_earth_user_guide.pdf (2.1 MB)
http://www.multiupload.com/F3KR5BC4F2

how-to-build-pc.pdf (1.9 MB)
http://www.multiupload.com/GNHMMD2C1U

idiots-guide-to-photoshop.pdf (1.3 MB)
http://www.multiupload.com/I872T4MGMH

ims-introduction-wp.pdf (150 KB)
http://www.multiupload.com/W40J4TQ3X4

internet-guide-movie.pdf (2.3 MB)
http://www.multiupload.com/J4IM1SIT9U

Joomla-Guide-Final.pdf (2.5 MB)
http://www.multiupload.com/O0CTPTC723

Laptop-Buying-Guide.pdf (641 KB)
http://www.multiupload.com/32POS5ULKM

Mac_Automation.pdf (5 MB)
http://www.multiupload.com/K8I8HWKLT7

MakeUseOf.com_-_GarageBand.pdf (2.2 MB)
http://www.multiupload.com/PG6R9ZSOQY

MakeUseOf.com_-_HackerProof_PC_Security.pdf (2.5 MB)
http://www.multiupload.com/IOUESSIGRL

MakeUseOf.com_-_iPad_Guide.pdf (2.8 MB)
http://www.multiupload.com/GU8RVLMSCA

MakeUseOf.com_-_MS-Word.pdf (1.5 MB)
http://www.multiupload.com/A16J3JKN2G

MakeUseOf.com_-_Photoshop_Part2.pdf (3.3 MB)
http://www.multiupload.com/HZ3TIJR1NY

MakeUseOf.com_-_Searching.pdf (2.6 MB)
http://www.multiupload.com/AZH4MBOCI7

MakeUseOf.com_-_Shopping.pdf (1.5 MB)
http://www.multiupload.com/DPNXD3EA40

MakeUseOf.com_-_Ubuntu_Karmic_Koala.pdf (1.4 MB)
http://www.multiupload.com/G720Q3BDXW

MakeUseOf.com_-_WordPress.pdf (2.3 MB)
http://www.multiupload.com/Y032M5BCIY

MakeUseOf.com_Windows_on_Speed.pdf (2.1 MB)
http://www.multiupload.com/DFUTH83GU0

MakeUseOf.com-Dropbox.pdf (2.5 MB)
http://www.multiupload.com/PUHHHEN0AI

MakeUseOf.com-Your_PC_Inside_And_Out_Part_1.pdf (3.1 MB)
http://www.multiupload.com/H72J9619KN

MakeUseOf.com-Your_PC_Inside_And_Out_Part_2.pdf (2.4 MB)
http://www.multiupload.com/GEG66LMGAP

MakeUseOf_Guide_Digital_Photography.pdf (2.8 MB)
http://www.multiupload.com/JD4G0UUBXI

makeuseof_Windows_7_Guide_r2.pdf (2.8 MB)
http://www.multiupload.com/2VZTEG71W0

MakeUseOf-file-sharing.pdf (2.5 MB)
http://www.multiupload.com/4ICSCY8S83

MDOP_Datasheet_DRT_r1.pdf (190 KB)
http://www.multiupload.com/10SHLAW6WN

media-center-guide.pdf (1.3 MB)
http://www.multiupload.com/H2I6LHUGNE

MUO-Network-Manual.pdf (1.6 MB)
http://www.multiupload.com/UBLV0K9XTU

MUO-productivity-guide.pdf (586 KB)
http://www.multiupload.com/ISFQCWVXWM

oreilly.repairing.and.upgrading.your.pc.mar.2006.rar (5.6 MB)
http://www.multiupload.com/6E36XQ2DQF

PC_Magazine.01.11.pdf (28.4 MB)
http://www.multiupload.com/Y0MBGBVTWK

PSP-Downgrading-Upgrading-Guide.pdf (2.3 MB)
http://www.multiupload.com/LSPG7I7K88

search-engine-optimization-starter-guide.pdf (4.1 MB)
http://www.multiupload.com/EUHHU42FT5

The-Big-Book-of-BitTorrent.pdf (819 KB)
http://www.multiupload.com/JZM7KSCJEY

The-Big-Book-of-iTunes.pdf (6.8 MB)
http://www.multiupload.com/ES54FBPRYM

the-internet-manual-audiophile.pdf (4 MB)
http://www.multiupload.com/791APNDTTZ

the-iphone-guide.pdf (1.7 MB)
http://www.multiupload.com/9RPSY6EYB0

the-linux-guide.pdf (1.9 MB)
http://www.multiupload.com/RJO17FNUE6

the-mac-manual.pdf (6.5 MB)
http://www.multiupload.com/NA94RXUJQR

twitter-guide.pdf (2.4 MB)
http://www.multiupload.com/5C8FDN64OT

type-classification-ebook.pdf (2.8 MB)
http://www.multiupload.com/BKLAIWLZ06

USB_Guide.pdf (1.8 MB)
http://www.multiupload.com/8RWIORRHTQ

where-to-watch-movies.pdf (18 KB)
http://www.multiupload.com/UVAGQK9116

WinAtFarmvilleGuide.pdf (1.1 MB)
http://www.multiupload.com/F3EZ1EX9OI

windows-mobile-guide.pdf (2.6 MB)
http://www.multiupload.com/39MKUPBC5N

WP_Consumer_Password_Worst_Practices.pdf (387 KB)
http://www.multiupload.com/NPR5N6X0SV




အပေါ်က links တွေ အဆင်မပြေရင် ဒီအောက်က links တွေကနေ ယူပါ။



build-gaming-pc.pdf (1.5 MB)
FacebookPrivacy.pdf (3.25 MB)
Ghost_10_User_Guide.pdf (1.23 MB)
google_earth_user_guide.pdf (2.15 MB)
how-to-build-pc.pdf (1.87 MB)
idiots-guide-to-photoshop.pdf (1.33 MB)
ims-introduction-wp.pdf (149.77 KB)
internet-guide-movie.pdf (2.27 MB)
Joomla-Guide-Final.pdf (2.51 MB)
Laptop-Buying-Guide.pdf (641 KB)
Mac_Automation.pdf (5.04 MB)
MakeUseOf.com_-_GarageBand.pdf (2.2 MB)
MakeUseOf.com_-_HackerProof_PC_Security.pdf (2.54 MB)
MakeUseOf.com_-_iPad_Guide.pdf (2.82 MB)
MakeUseOf.com_-_MS-Word.pdf (1.49 MB)
MakeUseOf.com_-_Photoshop_Part2.pdf (3.32 MB)
MakeUseOf.com_-_Searching.pdf (2.62 MB)
MakeUseOf.com_-_Shopping.pdf (1.48 MB)
MakeUseOf.com_-_Ubuntu_Karmic_Koala.pdf (1.37 MB)
MakeUseOf.com_-_WordPress.pdf (2.33 MB)
MakeUseOf.com_Windows_on_Speed.pdf (2.12 MB)
MakeUseOf.com-Dropbox.pdf (2.47 MB)
MakeUseOf.com-Your_PC_Inside_And_Out_Part_1.pdf (3.07 MB)
MakeUseOf.com-Your_PC_Inside_And_Out_Part_2.pdf (2.43 MB)
MakeUseOf_Guide_Digital_Photography.pdf (2.85 MB)
makeuseof_Windows_7_Guide_r2.pdf (2.84 MB)
MakeUseOf-file-sharing.pdf (2.49 MB)
MDOP_Datasheet_DRT_r1.pdf (189.8 KB)
media-center-guide.pdf (1.29 MB)
microsoft-gone-google.pdf (271.95 KB)
MUO-Network-Manual.pdf (1.6 MB)
MUO-productivity-guide.pdf (586.25 KB)
PSP-Downgrading-Upgrading-Guide.pdf (2.25 MB)
search-engine-optimization-starter-guide.pdf (4.12 MB)
The-Big-Book-of-BitTorrent.pdf (818.79 KB)
The-Big-Book-of-iTunes.pdf (6.82 MB)
the-internet-manual-audiophile.pdf (4.01 MB)
the-iphone-guide.pdf (1.74 MB)
the-linux-guide.pdf (1.9 MB)
the-mac-manual.pdf (6.45 MB)
twitter-guide.pdf (2.44 MB)
type-classification-ebook.pdf (2.83 MB)
USB_Guide.pdf (1.84 MB)
where-to-watch-movies.pdf (18.13 KB)
WinAtFarmvilleGuide.pdf (1.1 MB)
windows-mobile-guide.pdf (2.6 MB)
WP_Consumer_Password_Worst_Practices.pdf (386.67 KB)
oreilly.repairing.and.upgrading.your.pc.mar.2006.rar (5.64 MB)
KznT.

11Dreams with Unicode

ဒီနေ့ 11Dreams ကို Unicode ပြောင်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ် - စာလိုက်ဖတ် ဟိုပြင်ဒီပြင်နဲ့ နှစ်နာရီလောက် ကြာတော့ Unicode ကို ပြောင်းထားတဲ့ Blog တစ်ခု ထပ်ရတယ် -


စိတ်ထဲရှိတာ ပြောရရင်တော့ လိုလိုလားလားနဲ့ Unicode ကို အရမ်းပြောင်းချင်နေလို့ ခုလိုပြောင်းလိုက်တာ မဟုတ်ဘူး- စာရေးချင်လို့ စာရေးတာ - သိပ်ဝါသနာ ပါနေလို့ - မရေးရမနေနိုင်လို့ - ဒီစာရေးတဲ့ အလုပ်ကနေ ပိုက်ဆံရနေလို့ - ရေးနေတာမျိုးလည်း မဟုတ်ဘူး - ဖောင့်ထွင်တဲ့သူ မဟုတ်သလို - မြန်မာစာ အက္ခရာနဲ့ ရေးထုံးရေးနည်း ကို လေ့လာနေတဲ့ သူတစ်ယောက်လည်း မဟုတ်ဘူး - ဘယ်ဖောင့်က ဘယ်လိုကောင်းပါတယ် ဆိုတဲ့ စကားထက် လူလူချင်း ဆက်ဆံတဲ့ နေရာမှာ လတ်တလော ဘာကအဆင်ပြေနေသလဲ ဆိုတာကိုပဲ စိတ်ဝင်စားတယ် - တစ်ခုကို ပြောင်းလဲဖို့ဆို အဆင့်လိုက် လုပ်ဆောင်နည်းတွေ လူပြိန်းနားလည်အောင် ရှင်းပြထားတာမျိုးပဲ ဖတ်ချင်တယ် - ခုတော့ ဒီ Unicode ပြောင်းထားတဲ့ Blog တစ်ခု ဖြစ်လာဖို့ နှစ်နာရီလောက် အချိန်ပေးပြီး ဟိုဝင်ဒီထွက်နဲ့ စာလိုက်ဖတ်နေရတယ် - ဒါတောင် ကိုယ်တွေက ဘလော့သားနဲနဲဝနေပြီး အရိပ်ပြရင် အကောင်ရဲ့ အစွန်းလေးလောက် မြင်တတ်လို့ အဆင်ပြေသွားတာ - စာသိပ်များများ မဖတ်ချင်တဲ့သူ ဘလော့ ပြင်ဆင်ရေးနဲ့ သိပ်အကျွမ်းမဝင်သေးမယ့် သူတစ်ယောက်ဆိုရင်တော့ တော်တော်လေးကို ရွာလည်လိမ့်ဦးမယ် - 

Unicode ကို အောင်မြင်စေချင်ပါတယ် - ဒါပေမယ့် လိုအပ်ချက်တွေ ဒီ့ထက်ပိုပြီး ပြည့်စုံစေချင်သေးတယ် - နားလည်တဲ့သူတွေ အနေနဲ့လည်း FAQs တွေကို ဒီ့ထက်ပိုပြီး ဖြည့်ဆည်းကြစေချင်သေးတယ်။

KznT.

Japan We Are With You.

ဂျပန်နိုင်ငံမှာ ဟိုတစ်နေ့က ဖြစ်သွားတဲ့ ဆူနာမီနဲ့ ငလျင်အကြောင်းကြားရတော့ လူတိုင်းရဲ့ စိတ်ထဲမှာ ဂရုနာသက်မိကြတယ် - သဘာဝဘေးအန္တရာယ်ဆိုတာ ဖြစ်လာရင် ဒုက္ခသည်ဆိုတာ အလိုလို ရှိလာတာပဲ - ဒါကို လူတိုင်းသိတော့ ခုလို ခိုကိုးရာမဲ့ အိမ်ခြေရာခြေမဲ့ပြီး ဒုက္ခရောက်နေတဲ့ သူတွေ အတွက် ဘယ်လိုကူညီရမလဲ ဆိုတာ လူတိုင်းတွေးမိကြတယ်


ကျွန်တော်တို့ ဘယ်လို ကူညီနိုင်ပါမလဲ ??

ကျွန်တော်တို့တွေ ဂျပန်နိုင်ငံမှာ နေထိုင်နေတာ မဟုတ်ပဲ မိုင်ပေါင်း ထောင်နဲ့ချီဝေးကွာမယ့် နေရာမှာ ရှိနေကြမယ် ဆိုရင်တောင် ဂျပန် ဒုက္ခသည်တွေကို ကူညီနိုင်မယ့် နည်းလမ်းတွေ ခုချိန်မှာ ရှိနေပါပြီ - နိုင်ငံအလိုက်ကလည်း ကူညီရေးအသင်းအဖွဲ့တွေနဲ့ ဆောင်ရွက်နေသလို ကမ္ဘာသိ အဖွဲ့အစည်း တွေကနေလည်း စက္ကန့်မလပ် အကူအညီပေးနိုင်ဖို့ ကြိုးစားနေကြပါပြီ - ဘာတွေ ဘယ်လိုပဲ သူပိုင် ငါပိုင် သူ့ပစ္စည်း ကိုယ့်ပစ္စည်းနဲ့ ခွဲခြား နေခဲ့ကြပေမယ့် ကိုယ်နေထိုင်တဲ့ မြေပေါ်မှာ သဘာဝဘေး အန္တရာယ်တစ်ခုခု ကျရောက်လာပြီဆိုရင် သဘာဝတရားက သူပိုင် ငါပိုင်ရယ်လို့ ဘယ်တော့မှ မစာနာပါဘူး - အားလုံးဖျက်ဆီးခံလိုက်ရတာပဲ -




ခု သူတို့ ပြန်လည်တည်ဆောက်ရေးတွေ လုပ်နေကြပြီ - နေရာအသီးသီးမှာ ပိတ်မိနေကြတဲ့ ဒုက္ခသည်တွေကို ကယ်တင်နိုင်ဖို့ ကြိုးစားနေကြပြီ - နှစ်နဲ့ချီပြီး တည်ဆောက်ခဲ့ရတဲ့ ပြည့်စုံမှုကို နာရီပိုင်းအတွင်း အကောင်းပကတိအတိုင်း ပြန်ဖြစ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး - ကယ်ဆယ်ရေး - ကျန်းမာရေး - စားသောက်ရေး - နေထိုင်ရေး - စီးပွားရေး - လမ်းပန်းဆက်သွယ်မှု ကဏ္ဍအားလုံးကို အချိန်တိုအတွင်း ပြည့်စုံစေဖို့ တစ်နိုင်ငံတည်းရဲ့ ရပ်တည်မှုနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး - အဲ့လို အခြေအနေမှာ ဒီကမ္ဘာကြီးပေါ်မှာ အတူတကွ နေထိုင်ကြတဲ့ ကျွန်တော်တို့ အားလုံးရဲ့ အကူအညီ အထောက်အပံ့တွေ လိုလာတယ်။ ဒီလို အခြေအနေမျိုး ကျွန်တော်တို့ နိုင်ငံမှာလည်း တစ်ချိန်က ဖြစ်ခဲ့ဖူးတယ် - လူအမြောက်အများလည်း သေကျေခဲ့ရဖူးတယ် - ဒီအခြေအနေမျိုး တစ်ခြားနိုင်ငံတစ်ခုမှာ ခု ဖြစ်လာပြီ - အဲ့အတွက် ကျွန်တော်တို့ မေတ္တာတရားနဲ့ စောင့်ရှောက်မှု ပေးကြရအောင်။ သူတို့ ဘဝကို နိုင်သလောက် အတိုင်းအတာနဲ့ ပံ့ပိုးမှုပြုကြရအောင် -


ပံ့ပိုးနိုင်မည့် နေရာများ

ခုအောက်မှာ ဖော်ပြသွားမယ့် နေရာတွေဟာ ဂျပန်နိုင်ငံ ဒုက္ခသည်တွေအတွက် တိုက်ရိုက် ထောက်ပံ့ကူညီမှု ပေးနေတဲ့ အဖွဲ့အစည်း အမြောက်အများထဲက အနည်းအကျဉ်း ဖြစ်ပါတယ် - မြန်မာနိုင်ငံတွင်းမှာ နေထိုင်နေတဲ့ မိသားစုဝင်တွေ အနေနဲ့ ကူညီဖို့ မဖြစ်နိုင်ပေမယ့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်သလောက်ပမာဏလေးနဲ့ ကူညီဖို့ အဆင်ပြေကြမှာပါ -

The Red Crossဒီနေရာကနေ သွားပြီး အနည်းဆုံး 10$ နဲ့အထက် လှူဒါန်းနိုင်ပါတယ်။ ဖုန်းကနေ လှူမယ်ဆိုရင်တော့ Text Message မှာ REDCROSS လို့ ရိုက်ပြီး 90999 ကိုပို့ပါ - အဲ့ကနေ $10 လှူလို့ ရပါတယ်။ ( အဲ့လိုပို့လိုက်ရင် Confirm message ပြန်ဝင်လာပြီး အဲ့ကနေ တစ်ဆင့် YES ပေးလိုက်ရင် ရပါပြီ )

Shelterbox: သူက UK-based organization ပါ - သူ့ကို တည်ထောင်ထားရတဲ့ ရည်ရွယ်ချက်က ဆူနာမီနဲ့ မြေငလျင်ဒဏ် သက်ရောက်ခံရတဲ့ နိုင်ငံတွေ အတွက် ထောက်ပံ့ ကူညီမှု လုပ်ဆောင်ပေးနိုင်စေဖို့ပါ - Online ကနေလည်း လှူလို့ ရပါတယ်။ Shelterbox ကနေ ဒုက္ခသည်တွေအတွက် လိုအပ်မယ့် အရေးပေါ်သုံး ပစ္စည်းတွေ - သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ပစ္စည်းတွေ ထောက်ပံ့ပေးပါတယ်။ Online donation ကိုဒီနေရာကနေ လုပ်ဆောင်ပါ။

International Medical Corps: သူ့ ဝက်ဘ်ဆိုဒ်မှာ ဒုက္ခသည်တွေအတွက် ကိုယ်လှူဒါန်းချင်တဲ့ ပမာဏကို ရိုက်သွင်းပြီး လှူဒါန်းနိုင်ပါတယ်။ဒီနေရာကနေ သွားပါ။

GlobalGiving.org: International Medical Corps လိုမျိုးပဲ Japan Earthquake နဲ့ Tsunami ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေရာကနေ လှူဒါန်းပေးပါ။

Convoy of Hope: ဒီအဖွဲ့အစည်းကနေပြီး ဒုက္ခသည်တွေကို လှူဒါန်းချင်တယ်ဆိုရင် နည်းလမ်းနှစ်မျိုးနဲ့ လှူဒါန်းလို့ ရပါတယ် -ဒီနေရာကနေသွားပြီး Online ကနေလှူလို့ ရသလို REDCROSS လိုပဲ ဖုန်းကနေတစ်ဆင့် Text message နဲ့ TSUNAMI လို့ရိုက်ပြီး 50555 ကိုပို့ပါ ( အဲ့လိုပို့လိုက်ရင် Confirm message ပြန်ဝင်လာပြီး အဲ့ကနေတဆင့် YES ပေးလိုက်ရင် ရပါပြီ )

Salvation Army: Online ကနေ လှူဒါန်းချင်သူများ ဒီနေရာကနေ လှူဒါန်းနိုင်သလို - ဖုန်းကနေတစ်ဆင့် လှူဒါန်းချင်မယ် ဆိုရင်လည်း JAPAN ( ဒါမှမဟုတ် ) QUAKE လို့ Text message ရိုက်ပြီး 80888 ကိုပို့ပါ - အဲ့ကနေ $10 လှူဒါန်းနိုင်ပါတယ်။

Red Cross in Japan - ဂျပန်နိုင်ငံမှာ နေထိုင်သူ မြန်မာနိုင်ငံသားများ ဂျပန်ယန်းနဲ့ လှူဒါန်းချင်မယ်ဆိုရင် Google Checkout ကနေ ဒီနေရာမှာလှူဒါန်းလို့ ရပါတယ်။ ($20 ကိုအနည်းဆုံး ဂျပန်ယန်း 1600 ရှိပါတယ်) - ယန်း ၁၀၀ ကနေ စပြီး လှူဒါန်းနိုင်ပါတယ်။

Japan Earthquake Tsunami Children Emergency Fund : အွန်လိုင်းမှာ တော်တော်များများ Facebook games တွေဆော့ကြတယ် - အဲ့ထဲက FrontierVille, FarmVille နဲ့ CityVille ဆော့ကြတဲ့သူတွေ အနေနဲ့လည်း ဂျပန်က မြေငလျင်ဒဏ်ခံ ဒုက္ခသည်တွေအတွက် သက်ဆိုင်ရာ ကိုယ်ဆော့တဲ့ ဂိမ်းအသီးသီးက items တစ်ခုခုကို ဝယ်သုံးခြင်း အားဖြင့် ဒုက္ခသည်တွေကို ကူညီနိုင်ပါတယ်။ တကယ်လို့ အဲ့ဂိမ်းတွေ မဆော့ဘူး ဆိုရင်လည်း ဒီနေရာကနေ လှူဒါန်းနိုင်ပါတယ်။


Photos via Time.com, Boston Bigpicture

KznT.

How To Ask Smart Questions ( When You Ask - 2 )

ဒီ မေးမြန်းမှု အတတ်ပညာက အမုန်းခံပြီး ရေးနေရတာပါ - လူတိုင်းက မေးရင်သာ အဖြေလိုချင်တာ ဘယ်လိုအချက်တွေ လိုက်နာပြီး မေးပါလို့ အမေးခံရတဲ့သူက ပြောရင်ကျ သဘောမကျ ချင်ကြဘူး - မြန်မာလူမျိုးက ကိုယ့်ထမင်း ကိုယ်စားပြီး အမုန်းခံရတာမျိုး မလိုချင်ကြတော့ စိတ်ကသာ မကြိုက်တာ ပြန်တော့ မပြောတတ်ကြဘူး ( နောက်ကွယ်မှာ ပြောတာမျိုး တော့ လုပ်တတ်ကြတယ် ) အဲ့လို မပြောတာတွေ များလာတော့ မေးတဲ့သူက ဘယ်လိုမေးရမှန်း မသိဘူး - မသိတော့ ဒီအတိုင်းပဲ ထပ်ခါ ထပ်ခါမေး - နောက်ဆုံးကျတော့ မေးသာမေးပြီး အဖြေပြန်မရတဲ့ အခြေအနေမျိုးတွေ အများကြီး ဖြစ်ဖြစ်လာတယ်

အမေးသာရှိပြီး အဖြေပြန်မရတာ ကျွန်တော်တို့ မြန်မာဖိုရမ်တွေမှာမှ မဟုတ်ဘူး - နိုင်ငံခြားဖိုရမ်တွေ - Discussion groups တွေမှာလည်း အများကြီး ရှိတယ် - အဓိကက

( ၁ ) မေးမြန်းသင့်တဲ့ အကြောင်းအရာ
( ၂ ) မေးမြန်းသင့်တဲ့ နေရာနဲ့
( ၃ ) မေးခွန်း မေးမြန်းပုံ မေးမြန်းနည်း ကို မေးမြန်းမယ့်သူတွေ နားမလည်ကြတာ

    ဒီ အချက် သုံးခုထဲက မေးသင့်တဲ့ အကြောင်းအရာတွေ - မေးမြန်းသင့်တဲ့ နေရာဆိုတဲ့ ကန့်သတ်ချက် တွေ အကြောင်းကို ကျွန်တော် ဖော်ပြခဲ့ပြီးပါပြီ - ခု နောက်ဆုံး ဖော်ပြချင်တာ မေးခွန်းမေးမြန်းပုံ မေးမြန်းနည်း ကို မေးမြန်းသူဘက်က မကြည့်ပဲ ဖြေကြားသူဘက်က မေးခွန်းပေါ် ရှုမြင်တဲ့ အမြင် ပုံစံမျိုးနဲ့ ဖော်ပြပေးသွားပါ့မယ်။ 



    ဖြေကြားသူများ မည်သည့် မေးခွန်းမျိုး ရှောင်တတ်ကြသနည်း။ 

    ဖော်ပြချက် မပြည့်စုံသော - ရည်ရွယ်ချက် မတိကျသော မေးခွန်းများအား ဖြေကြားသူများ ရှောင်တတ်ပါသည်။ - Forums တွေမှာ မေးမြန်းတာမျိုး ဖြစ်စေ - Discussion groups တွေမှာ ဆွေးနွေးချင်တာမျိုး ဖြစ်စေ - ရည်ရွယ်ချက် မတိကျတဲ့ ဖော်ပြချက် မပြည့်စုံတဲ့ မေးမြန်းမှုမျိုးတွေကို ဖြေကြားသူတွေ ရှောင်တတ်ကြပါတယ်။ ဒါ့ကြောင့် ဖော်ပြချက် ပြည့်ပြည့်စုံစုံနဲ့ တိကျတဲ့ မေးခွန်းဖြစ်အောင် Stupid နဲ့ Smart မေးမြန်းပုံ အဆင့်ဆင့်ကို နိှုင်းယှဉ်ပြလိုက်ပါတယ်။ 

    Stupid - ကူညီပါဦး - ကျွန်တော့် လက်ပတော့က အခြွေကည့်ရင်းနဲ့ ဘာဖြစ်သွားမှန်း မသိဘူး - ဘယ်လိုလုပ်ရမယ်ဆိုတာ ဖြစ်နိုင်မယ်ဆို အမြန်ဆုံး ကူညီပေးပါ။ 

    Smart - ကျွန်တော့် လက်ပတော့ အမျိုးအစားက SAMAUNG ..??... ပါ - Windows ..??.. / Linux Distros ..??.. တင်ထားပါတယ် - 32/64 bit Operating system ပါ - RAM က .??.. GB ပါ - VGA အမျိုးအစားက ?? ... , ..??. GB ပါ - ဖြစ်တာက ..??.. စက်က Hang ပြီး ဘာမှဆက်လုပ်လို့ မရပဲ စာတက်လာပါတယ် - အရင်က အားလုံး ကောင်းပါတယ်။ မနက်က Update ပေးပြီး / Software ?? တစ်ခုတင်လိုက်မိပါတယ် - ဒီ ပြဿနာ အတွက် ကျွန်တော် ဘယ်လိုနည်းမျိုးနဲ့ ပြေလည်နိုင်မယ် ဆိုတာ သိပါရစေ။ 

    Smarter - ကျွန်တော့် လက်ပတော့ အမျိုးအစားက SAMAUNG .??... ပါ - Windows ..??.. / Linux ..??.. တင်ထားပါတယ် - 32/64 bit ..??.. Operating system ပါ - RAM က ..??.. GB ပါ - VGA အမျိုးအစားက ..??.. , ..??. GB ပါ - ဖြစ်တာက ..??.. စက်က Hang ပြီး ဘာမှဆက်လုပ်လို့ မရပဲ စာတက်လာပါတယ် - တက်လာတဲ့ စာက " ....... " ပါ - Screenshots ကို အောက်မှာ ကြည့်ပါ - အရင်က အားလုံး ကောင်းပါတယ်။ မနက်က Windows Update ပေးပြီး / Software ?? တစ်ခု တင်လိုက်မိပါတယ်။ ဆိုင်မဆိုင် ကျွန်တော် မသိပေမယ့် ကျွန်တော် System Restore လုပ်ဖို့ ကြိုးစားကြည့်တာလည်း Windows ထဲကနေ Restore လုပ်လို့ မရဖြစ်နေပါတယ် - တစ်ခြား နည်းလမ်းလည်း ကျွန်တော် မသိတော့ဘူး ဖြစ်နေပါတယ်။ ဒီ ပြဿနာ အတွက် ကျွန်တော် ဘယ်လိုနည်းမျိုးနဲ့ ပြေလည်နိုင်လောက်မယ် / တစ်ခြား ဘယ်နေရာတွေမှာ လေ့လာနိုင်မယ်ဆိုတာ အကြံဉာဏ်လေးများ သိပါရစေ။  
    အရေးတကြီးနှင့် အရေးပေါ် ဆိုသော မေးမြန်းချက်များအား ဖြေကြားသူများ ရှောင်တတ်ပါသည် - မေးခွန်းမေးမြန်းတဲ့ နေရာမှာ အရမ်းအရေးကြီးနေလို့ပါ - အရေးပေါ် ဖြစ်နေလို့ပါ ဆိုတာမျိုး တတ်နိုင်ရင် မဖော်ပြပါနဲ့ - ဘာကြောင့်လဲဆိုရင် အရေးကြီး အရေးပေါ် ဆိုတဲ့ ဖော်ပြချက်ဟာ ဖြေကြားသူကို ပြည့်စုံမယ့် အဖြေတစ်ခု ဖြေကြားပေးနိုင်ဖို့ လုံလောက်မယ့် ပြင်ဆင်မှု ဦးစားမပေးနိုင်တော့ဘူး ဆိုတဲ့ သဘောကို သက်ရောက်စေပါတယ် - ကိုယ့် အခက်အခဲ မဟုတ်တဲ့ ပြဿနာရပ် တစ်ခုကို မျက်စိရှေ့မှာ ဘာမှ မတွေ့မြင်ရပဲ ချက်ချင်းကြီး ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့ ဆိုတာ တော်ယုံမဖြစ်နိုင်ပါဘူး - အဲ့လို အခြေအနေမှာ စိတ်ထဲ ထင်မိတာကို ချက်ချင်း Reply ပြန်လိုက်ပြန်ရင်လည်း ဖြေလိုက်တာပဲ အဖတ်တင်ပြီး ဖြစ်တဲ့ပြဿနာ မပြေလည်မှာ စိုးတာကြောင့် ဖြေကြားဖို့ ရှောင်တတ်ကြပါတယ်။   

    Private E-mails ပေးပို့ မေးမြန်းမှုများသည် ဖြေကြားသူအား အခက်တွေ့ စေပါသည် - မိမိနဲ့ ခင်မင်ရာ ခင်မင်ကြောင်း ရင်းနှီးနေတဲ့ သူတစ်ယောက်ဆီ ကိုယ့် အခက်အခဲအတွက် Private E-mails ပေးပို့ မေးမြန်းခြင်းမျိုးဟာ မေးမြန်းတဲ့ အကြောင်းအရာပေါ် မူတည်ပြီး ဖြေကြားပေးမယ့်သူအပေါ် အကျပ်တွေ့စေပါတယ် - လူတိုင်း လူတိုင်းမှာ သူနားလည် အားသန်တဲ့ အကြောင်းအရာ ကိုယ်စီ ရှိတတ်ကြပေမယ့် - လူတိုင်းဟာ ပြဿနာရပ်တိုင်းကို ပြေလည်အောင် ဖြေရှင်းပေးနိုင်တဲ့ စွမ်းရည် မရှိကြပါဘူး - ဒါတင်မက ကိုယ်က ဒီတစ်ခါလေးပဲ Private E-mail နဲ့ အကူအညီတောင်းဖူးသေးတာလို့ ယူဆနေပေမယ့် တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ကိုယ်လို တစ်ကြိမ်တစ်ခါတည်း အကူအညီတောင်းဖူးပါတယ်ဆိုတဲ့ E-mails မျိုးတွေ ဖြေကြားသူ ဘက်မှာ ဘယ်နစောင်လောက် ရှိနှင့်နေမလဲ ဆိုတာ ငဲ့ကွက် စဉ်းစားသင့်ပါတယ်။ လူတစ်ဦးတစ်ယောက် ရဲ့ ကိုယ်ပိုင်အချိန်ကို Respect ပေးပါ။ Private E-mails ပေးပို့ မေးမြန်းတာမျိုးထက် လူအများ ဝိုင်းဝန်း ဖြေကြားပေးနိုင်အောင် အမေးအဖြေကဏ္ဍ အောက်မှာပဲ Public မေးမြန်းမှုမျိုးပဲ လုပ်ဆောင်ပေးကြဖို့ အကြံပြုလိုပါတယ်။  

    ယဉ်ကျေး ညက်ညောမှု မရှိသော ပြန်ကြားချက်နှင့် မေးမြန်းမှုများအား ဖြေကြားသူများ ရှောင်တတ်ကြပါသည် - ဖိုရမ်မှာ မေးမြန်းမှု တစ်ခု တက်လာခဲ့ရင် မိသားစုဝင်တော်တော်များများ ဖြေကြားပေးနိုင်ဖို့ ကြိုးစားတတ်ကြပါတယ် - တစ်ချို့လည်း တတ်သလောက် နားလည်သလောက် ဝင်ပြောကြတယ် - တစ်ချို့လည်း အသေးစိတ် - တစ်ချို့လည်း အပေါ်ယံ - တစ်ချို့လည်း သာမန်ကာလျှံကာ - ဘယ်လို Reply ပဲ ပြန်ရသည် ဖြစ်စေ - မေးမြန်းသူ အနေနဲ့ ကိုယ့်ပြဿနာကို ပြေလည်နိုင်စေဖို့ ကူညီဖြေကြားပေးသူတွေကို ခုလို ကူညီပေးတာ ကျေးဇူးတင်ပါတယ် - ဝိုင်းဝန်းဖြေရှင်းပေးတာ ကျေးဇူးပါ ဆိုတဲ့ ကျေးဇူးတင်စကားမျိုး Reply မှာ အဦးဆုံး ပြောကြားပေးပြီးမှ ကိုယ့်ပြဿနာ ရဲ့ လိုအပ်ချက်တွေနဲ့ ပြေလည်မှု အဆင့်ဆင့်ကို ဆက်လက်ဆွေးနွေးသင့်ပါတယ် - အဲ့လို Reply ပြန်ရခြင်း အားဖြင့် ဝင်ရောက် အဖြေရှာပေးသူအတွက်လည်း ကိုယ်ဖြေကြားပေးလိုက်တဲ့ ပြဿနာရဲ့ ပြေလည်မှု အဆင့်ကို သိရလို့ ကျေနပ်မှု ဖြစ်စေသလို - အကယ်၍ မပြေလည်ခဲ့သေးဘူး ဆိုရင်လည်း ဘာတွေ ဖြည့်စွက်ဖို့ လိုဦးမယ်ဆိုတာ ကူညီဖေးမလိုစိတ် ဖြစ်ပေါ်စေတဲ့ အပြင် - ဘေးကရပ်ကြည့် နေသူတွေ အနေနဲ့ပါ ကိုယ်သိထားတဲ့ အလျှောက် ဝင်ရောက် ကူညီလိုစိတ် ဖြစ်ပေါ်စေပါလိမ့်မယ်။ သူ့ရဲ့ ပြောင်းပြန် အနေနဲ့ Reply ပြန်လိုက်ပေမယ့် အဆင်ပြေမှန်း မပြေမှန်း ဘာမှ မသိရတဲ့ မေးမြန်းချက်မျိုးတွေ - ကျေးဇူးတင်စကား ပြောဖို့ကျ စကားမဟပဲ ကိုယ့်ဘက်က အဆင်မပြေတာတွေ -ခင်ဗျားပြောတဲ့ အတိုင်း လုပ်လိုက်တာ ဘယ်လိုတွေတော့ ဖြစ်ကုန်ပြီ ဆိုတဲ့ အပြစ်တင်စကားမျိုး ပြောတဲ့ ပြန်ကြားချက်မျိုးတွေဟာ ဖြေကြားသူအတွက် စိတ်ကွက်စေသလို - အခြားဖြေကြားပေးမယ့် သူတွေကိုပါ လက်ရှောင်သွားစေနိုင်ပါတယ်။  

    ဘာတစ်ခုမသိသည့် မေးမြန်းချက်မျိုးအား ဘာမှမသိသကဲ့သို့ ဖြေကြားသူများ ရှောင်တတ်ကြပါသည် - မေးခွန်းဆိုတာ မေးတိုင်း မကောင်းပါဘူး - Differential equations တွေရဲ့ ဖြေရှင်းပုံကို နားမလည်ပဲ Biological process တွေ - Technical process တွေ - Bridge design တွေအကြောင်း နားလည်နိုင်ဖို့ မကြိုးစားချင်ပါနဲ့ မသိချင်ပါနဲ့ - ဆိုလိုတာ ကကြီး ခခွေး မရေးတတ်ပဲ စာစီမကုံးချင်ပါနဲ့ - အဆင့်မြင့်မြင့် သိချင်တဲ့အခါ အခြေခံ နားလည်ရမယ့် အချက်တွေကို ပြည့်ပြည့်စုံစုံ နားလည်ပြီးသား ဖြစ်ဖို့ မိမိကိုယ်ကိုယ် အရင်တည်ဆောက်ပါ။

      ကျွန်တော် ခုဖော်ပြခဲ့သလောက်ဆိုရင် မေးမြန်းမှု အတတ်ပညာရဲ့ နက်နဲပုံနဲ့ မေးမြန်းသင့်မယ့် နည်းလမ်းတွေကို မိသားစုဝင်များ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ လေ့လာပါ - မေးမြန်းပါ - သို့ပေမယ့် မေးမြန်းသင့်တဲ့ အကြောင်းအရာ - မေးမြန်းသင့်တဲ့ နေရာနဲ့ မေးမြန်းပုံ မေးမြန်းနည်းကိုတော့ အစဉ်သဖြင့် ဂရုပြုကြဖို့ တိုက်တွန်းအကြံပြု လိုက်ပါရစေ။

      KznT.

      15+ Useful Google Chrome Extensions

      ဒီအကြောင်းရေးဖြစ်ဖို့ လွန်ခဲ့တဲ့ တစ်လကျော်တည်းက စပြီး ပြင်ဆင်ခဲ့တယ် - ရေးဖို့ စိတ်ကူးထားတာ Google Chrome ရဲ့ ဇာတ်ပို့ဇာတ်ရံတွေလို့ ပြောလို့ ရတဲ့ Chrome Extensions တွေအကြောင်း - Chrome Extensions ဆိုတဲ့ အသုံးအနှုန်းကို စိမ်းနေသူတွေ အတွက် အကျဉ်းချုံး မိတ်ဆက်ရရင် Chrome Extensions ဆိုတာ ကျွန်တော်တို့ အရင်က Mozilla Firefox မှာ အမြဲသုံးနေကျ Add-ons တွေရဲ့ သဘောနဲ့ တူပါတယ်။ ဆိုလိုတာ ဒီ Chrome Extensions / Firefox add-ons ဆိုတာတွေကို သုံးခြင်းအားဖြင့် Browsers တွေမှာ Default အနေနဲ့ မပါဝင်တဲ့ Features တွေ Functions တွေကို ကျွန်တော်တို့ ပိုသုံးနိုင်လာပါတယ်။

      ဘယ် Chrome Extensions တွေက ကောင်းသလဲ ??

      တစ်ခုခု သုံးရတော့မယ်ဆိုရင် ဘယ်ဟာက ပိုကောင်းလဲဆိုတဲ့ အမေးမျိုး လူတိုင်း မေးချင်ကြတယ် - Google Chrome Extensions တွေနဲ့ ပတ်သတ်ပြီး ဘယ်ဟာက အကောင်းဆုံးပါလို့ ပြောဖို့ ခက်ပါတယ် - လူတစ်ယောက်နဲ့ တစ်ယောက်က Browser ကို သုံးစွဲပုံခြင်း မတူကြဘူး - တစ်ချို့က ဖျော်ဖြေရေးနဲ့ Websites တွေမှာ စာလေးနည်းနည်းပါးပါး ဖတ်ယုံလောက်အတွက်ပဲ သုံးတယ် - တစ်ချို့က ဖျော်ဖြေရေးနဲ့ စာဖတ်ယုံတင် မက - Blog ရေးတာ - Share လုပ်တာ - တစ်ခြား တိုလီမုတ်စ တွေ မျိုးစုံသုံးတာ စသဖြင့် မျိုးစုံ ရှိကြတယ်။ အဲ့တော့ Google Chrome Extensions ဆိုတာလည်း ကိုယ်က Browser ကို ဘယ်လိုသုံးမှာလဲ ဆိုတာပေါ် မူတည်ပြီး အသုံးပြုသင့်တဲ့ Extensions တွေရဲ့ အမျိုးအစားတွေက ကွဲပြားသွားပါတယ်။

      အကောင်းဆုံး နှင့် အကြိုက်ဆုံး၏ ကွာခြားချက်

      ကျွန်တော်က Google Chrome ကို Default browser အဖြစ်နဲ့ သုံးတာဆိုတော့ တစ်ခုခု သုံးရတာ ကသိကအောက် ဖြစ်လာပြီဆို Google Chrome Extensions တွေ ကြိုက်သလောက် Install လုပ်လို့ ရတဲ့ ဒီနေရာကို သွားပြီး ကိုယ့်အတွက် သုံးလို့ အဆင်ပြေမယ့် Chrome Extensions လေးတွေ လိုက်စမ်းလေ့ရှိတယ်။ တစ်ခုတင်လိုက် တစ်ခုချလိုက်နဲ့ အဲ့ထဲက Most Popular တို့ Top Rated တို့ စာရင်းဝင်တဲ့ Chrome Extensions တွေ တော်တော်များများ ကျွန်တော် မစမ်းဖူးတာ မရှိတော့သလောက်ပဲ  တစ်ခြား Blog တွေကနေ Best Chrome Extensions ဆိုပြီး ရေးထားတာ တွေ့ရင်လည်း ကိုယ့်အတွက် အသုံးတည့်တယ်ဆိုပြီး အမြဲလိုလို ဖတ်ဖြစ်တော့ အဲ့မှာ ဘာကွာခြားချက် သွားတွေ့ရလဲ ဆိုရင် Websites တစ်ခုမှာ ဒါကိုသုံးသင့်တဲ့ Best Chrome Extensions စာရင်းထဲ ထည့်ထားရင်တောင် တစ်ခြားဆိုဒ်တစ်ခုမှာကျတော့ အသုံးတည့်တဲ့ စာရင်းထဲ မသွင်းတာ တွေ့လာရတယ် - အဲ့တာကြောင့် ဒီပို့စ်ကို ရေးဖို့ ခေါင်းစဉ်ရွေးတဲ့ နေရာမှာ "အကောင်းဆုံး" ဆိုတဲ့ စာလုံးကို မသုံးပဲ "အကြိုက်ဆုံး" ဆိုတဲ့ စာလုံးကို ပြောင်းသုံးခဲ့တယ် - မြန်မာစကားက အသုံးအနှုန်းမတူရင် ရည်ရွယ်ချက် လွဲတယ် - အကောင်းဆုံးဆိုတာ ရွေးချယ်ဖို့ အမြောက်အများရှိတ့ဲ ထဲက အရွေးချယ်သင့်ဆုံးကို ဆိုလိုတာ - အကြိုက်ဆုံး ဆိုတာ အားလုံးထဲက ကိုယ် အနှစ်သက်ဆုံးတွေကို ရည်ညွှန်းချင်တာ - ဒီရည်ရွယ်ချက်လေးကို မိသားစုဝင်တွေ အောက်မှာ ဖော်ပြမယ့် အကြိုက်ဆုံး Chrome Extensions တွေအကြောင်း မဖော်ပြခင် သိထားစေချင်ပါတယ်။

      အကြိုက်ဆုံး Chrome Extensions များ

      ခု ဒီ ခေါင်းစဉ်အောက်မှာ ဖော်ပြသွားမယ့် Chrome Extensions တွေဟာ ကျွန်တော့်အတွက် အသုံးအဝင်ဆုံးနဲ့ မိသားစုဝင်တွေ အတွက်လည်း အတိုင်းအတာ တစ်ခုအထိ အသုံးဝင်ကောင်း ဝင်နိုင်မယ့် Chrome Extensions တွေ ဖြစ်ပါလိမ့်မယ်။

      AdBlock - မရှက်တမ်း ဝန်ခံရရင် ကွန်ပြူတာစသုံးခဲ့ပြီး တော်တော်ကြာတဲ့ အချိန်ထိ AdBlock ဆိုတာကို ဘာမှန်း မသိခဲ့ဘူး - ခုတော့ AdBlock ရဲ့ မရှိမဖြစ် အရေးပါပုံကို သိလာခဲ့ပြီ - AdBlock ဆိုတာ Web စာမျက်နှာတွေပေါ်က Ads လို့ ခေါ်တဲ့ ကြော်ငြာ အစိတ်အပိုင်းတွေကို ကိုယ် Web စာမျက်နှာတွေ ကြည့်တဲ့ အချိန်မှာ ပါမလာအောင် အလိုလျှောက် Block ပေးပါတယ်။ တကယ်လို့ ကိုယ့် Browser မှာ AdBlock ရှိမနေရင် Ads များတဲ့ Websites တစ်ခုခုကို loading ဆွဲတဲ့ အချိန်မှာ Browser က Websites မှာ ရှိနေတဲ့ Content တွေကိုသာ မက ဒီ ကြော်ငြာကဏ္ဍတွေကို Loading ဆွဲနေရတော့ Connection သိပ်မကောင်းတဲ့ နိုင်ငံတွေမှာဆို တော်ယုံနဲ့ Webpages က တက်မလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတင်မက တစ်ချို့ Ads တွေဟာ ကြော်ငြာ အမည်ခံပြီး Malware ဖြန့်ဖြူးတဲ့ ပင်မရင်းမြစ်တွေ ဖြစ်နေတတ်တော့ အဲ့လို Ads မျိုးကို ဘုမသိ ဘမသိနဲ့ ဖြစ်ဖြစ် စိတ်ဝင်စားလို့ ဖြစ်ဖြစ် အယောင်ယောင် အနနနဲ့ နှိပ်မိရာကနေ စက်ထဲ Virus ဝင်လာတတ်ပါတယ်။


      Google Mail Checker Plus - ကိုယ့် Gmail Account ထဲကို Mail ဝင်လာပြီ ဆိုရင် တော်ယုံ Account ထဲ ဝင်မကြည့်ပဲ ဖြစ်ဖြစ် - Gtalk ဖွင့်မထားပဲနဲ့ ဖြစ်ဖြစ် သိနိုင်ဖို့ မလွယ်ဘူး - အဲ့တာတွေကို အဆင်ပြေအောင် Google Mail Checker Plus ကဖန်တီး ပေးထားပါတယ် -


      Feedly - Feedly ဆိုတာ အင်တာနက်ထဲမှာ ဘလော့တကာ ပတ်ပြီး စာဖတ်တတ်သူတွေအတွက် အသုံးပြုသင့်တဲ့ RSS Reader တစ်မျိုးပါ - သူ့အကြောင်း တစ်စိတ်တစ်ဒေသကိုတာ့ ဒီနေရာမှာ ရှင်းခဲ့ပြီးသားမို့လို့ ထပ်ပြီး အထူးအထွေ ရှင်းဖို့ လိုမယ် မထင်တော့ပါဘူး - FeedSquaresဆိုပြီး Extension တစ်ခု ရှိသေးတယ် - အဲ့တာလည်း RSS reader တစ်မျိုးပါပဲ - ဒါပေမယ့် ကျွန်တော့်စိတ်ထဲတော့ FeedSquares က စတိုင်လ် အသားပေးလွန်းအားကြီးတယ် - အရမ်းလန်လွန်းပြီး စာကျ သိပ်ဖတ်လို့ မကောင်းသလိုပဲ။


      Google bookmarks - သူက Google bookmarks သုံးတဲ့ သူတွေအတွက် Google Chrome မှာ အသုံးပြုနိုင်မယ့် Extensions တစ်မျိုးပါ - သူ့လိုမျိုးပဲ တစ်ခြား အမျိုးအစားကွဲ သုံးလေး ခု ရှိတယ် - ဥပမာ ပြရရင် Yet Another Google Bookmarks - ဒါပေမယ့် ကျွန်တော်ကတော့ jimmy.liang ရဲ့ Google bookmarks extensions ကို ပိုသဘောကျမိတယ်။ Bookmarks တွေ ဘာကြောင့်ကျွန်တော်တို့ သုံးနေကြလဲ ဆိုတာ သိချင်သေးရင် အရင်က အကောင်းဆုံး Bookmark Management Tools များ ဆိုပြီး ရေးခဲ့တာ ရှိတယ်။ လေ့လာကြည့်ပါ။


      goo.gl URL Shortener - ဒီကတော့ အရမ်းရှည်တဲ့ URL တွေကို ချုံ့ဖို့အတွက် Extension တစ်မျိုးပါ - ဘာကြောင့် URL ချုံ့ကြရတာလဲ ဆိုတာ သိချင်ရင် Websites များ၏ URLs များအား အတိုချုံးခြင်းဆိုပြီး ရေးခဲ့တာ ရှိပါတယ်။ လေ့လာကြည့်ပါ။ သူနဲ့ သဘောတရားတူတဲ့ နောက် Extension တစ်မျိုး ရှိပါသေးတယ် - အဲတာကတော့ bit.ly ပါ။


      LastPass - LastPass ကိုတော့ တော်တော်များများ သိပ်သုံးကြဦးမယ် မထင်ဘူး - LastPass ဆိုတာ Free ပေးထားတဲ့ Password manager နဲ့ Form filler ပါ - LastPass မှာ ကိုယ် Create လုပ်ထားတဲ့ Account ကို Login ဝင်ထားလိုက်တာနဲ့ နောက်ပိုင်း ကိုယ်သွားတဲ့ Websites တွေမှာ Username တွေ Passwords တွေ ခဏခဏ ဖြည့်ဖို့ မလိုတော့ဘူး - ကိုယ် မှတ်ခိုင်းထားတဲ့ အတိုင်း သူက အလိုလျောက် Login ဝင်ပေးသွားတယ် - Username နဲ့ Password ခဏခဏ ရိုက်ရမှာ ပျင်းတဲ့ ကျွန်တော့်လို လူမျိုးတွေ အတွက်တော့ LastPass က သိပ်ကို အဆင်ပြေတယ်။


      Screen Capture (by Google) - သူကတော့ Google ကနေ ထုတ်ထားတဲ့ Screen Capture extension - ဘာဆော့ဖ်ဝဲလ်မှ တင်ဖို့ မလိုဘူး - ဘာကီးတွေ Crack တွေမှလည်း မလိုဘူး - Extension တစ်ခု ရှိယုံနဲ့ လိုချင်တာ တော်တော်များများ လုပ်လို့ ရတယ်။ Screen Capture နဲ့ ပတ်သတ်ပြီး မြန်မြန်ဆန်ဆန် သုံးချင်တယ် ဆိုရင်တော့ Software တွေအစား ခုလို Extension လေးတွေ သုံးလိုက်တာ ကောင်းတယ် - သူ့လို သဘောတရားတူတဲ့ တစ်ခြား Extensions တွေလည်း ရှိသေးတယ် - ဥပမာ - Awesome Screenshot - နှစ်ခုလုံး သုံးလို့ ကောင်းကြပါတယ်။ Screen capture တွေ ဘာကြောင့် သုံးကြရလဲ ဆိုတာ Screen Capturing Tools များအကြောင်း ဆိုပြီး ရေးခဲ့တာ ရှိပါတယ်။ လိုအပ်မယ်ဆို လေ့လာနိုင်ပါတယ်။


      Google Dictionary (by Google) - အင်္ဂလိပ်စာကို လူမျိုးခြား တစ်ယောက်အနေနဲ့ ဖတ်ရင် Dictionary တော့ လူတိုင်းနီးပါး လိုပါတယ် - အဲ့အတွက် ဒီ Google Dictionary Extension ကို သုံးစေချင်တယ် - English - English ဆိုပေမယ့် နောက်ပိုင်း ကျင့်သားရသွားရင် အများကြီး အသုံးတည့်သွားပါလိမ့်မယ်။


      Apture Highlights - Apture Highlights ဟာ ကျွန်တော် သုံးဖူးသမျှ Dictionary ဆန်ဆန် Extensions တွေ အားလုံးထဲမှာ အကောင်းဆုံးလို့ တောင်ထင်မိတယ်။ ဘာလို့လည်းဆို ဒီ Extension တစ်ခုတည်းနဲ့ ကိုယ်နားမလည်တဲ့ / ဒီ့ထက်ပိုပြီး ပြည့်ပြည့်စုံစုံသိလိုတဲ့ စကားလုံး တစ်လုံးရဲ့ အဓိပ္ပါယ်ကို Wiki အပါအဝင် နေရာပေါင်းစုံကနေပြီး တစ်ခါတည်း စုပြပေးနိုင်တယ်။ ဆက်စပ်နေတဲ့ Videos တွေ ဓာတ်ပုံတွေ ရှိမယ် ဆိုရင်လည်း တစ်ခါတည်း Tab ပြောင်းပြီး ကြည့်လို့ ရတယ် - အောက်မှာ ပြထားတဲ့ အတိုင်းပါ။ သူ့လို ပုံစံမျိုးပဲ Wiki သီးသန့် Extensions တွေ ရှိပါသေးတယ် - ဥပမာ - Wikipedia - Wikipedia နဲ့ ပတ်သတ်ပြီး ဝီကီပိဒိယ အကြောင်း တစ်စေ့တစ်စောင်း ဆိုပြီး ရေးထားတာ ရှိပါသေးတယ်။


      Fast YouTube Search - Youtube ဆိုတာကတော့ ဖျော်ဖြေရေးကနေ စပြီး ပညာရေး - သတင်း - အတင်း အကုန် တစ်နေရာတည်းကနေ ကြည့်နိုင်တဲ့ နေရာပါ - အရင်တုန်းကတော့ သီချင်းဆို မမောနိုင်မပန်းနိုင် ဒေါင်းလုပ်ချပြီး နားထောင်ခဲ့တာ နောက်ပိုင်း Youtube အကြောင်း ကောင်းကောင်း သိသွားတော့ ဘာသီချင်းမှ တော်ယုံ ဒေါင်းလုပ်ချပြီး နားမထောင်ဖြစ်တော့ဘူး - တစ်ခုခု သိချင်လား Youtube - တစ်ခုခု နားထောင်ချင်လား Youtube နဲ့ သီချင်းဆို အဲ့မှာပဲ လိုတာရှာပြီး နားထောင်ဖြစ်တော့တယ်။ အဲ့လို ရှာတဲ့ဖွေတဲ့နေရာမှာ Youtube ကို သွားပြီး Search box ကနေ ရှာတာထက် ခု Extension လေးကို သုံးပြီး ရှာတော့ ပိုပြီး ရှာရလည်း မြန်သလို သုံးရလည်း ပိုလွယ်သွားပါတယ်။ Youtube နဲ့ ပတ်သတ်ပြီး Youtube ချစ်သူများ အတွက် မသိမဖြစ် ဆိုပြီး ရေးထားတာ ရှိပါတယ် - အသေးသုံးလေးတွေ သိလိုသူများ ဖတ်ကြည့်ပါ။


      VerticalTabs - တစ်ချို့က အင်တာနက်ထဲ ဟိုဒီလျှောက်ကြည့်ရင် Browser မှာ tabs တွေ ဗြောင်းဆန်အောင် ဖွင့်ပြီးကြည့်တတ် ကြတယ် - ကျွန်တော့်လို လူပေါ့  - ဘာဖြစ်လဲဆို အဲ့လို tabs တွေ ၁၅ ခု - အခု ၂၀ လောက် ဖြစ်လာတော့ ပြဿနာက တက်လာရော - tab တစ်ခုပေါ် တစ်ခု ထပ်ပြီး ဘယ်ဟာက ဘာ tab မှန်း မသိတော့ဘူး - တစ်ခုတစ်လေ ပိတ်ချင်တဲ့ tab က တစ်ခု ပိတ်မိတဲ့ tab ကတစ်ခု အဲ့လိုလည်း ခဏခဏ ဖြစ်တယ် - အဲ့လို မဖြစ်ရအောင် tab များများဖွင့်ပြီး Websites ကြည့်တတ်သူတွေ အတွက် ဒီ Extension က အသုံးတည့်ပါတယ်။ သူနဲ့ သဘောတရားချင်း တူတဲ့ တစ်ခြား Extensions တွေလည်း ရှိသေးတယ် - ဥပမာ - TooManyTabs for Chrome


      iReader - ဒီလို Extensions မျိုးတွေနဲ့ ပတ်သတ်ပြီး အင်တာနက်နှင့် ကျန်းမာရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးပါတယ်။ ဘာကြောင့် ဒီလို Extensions မျိုးတွေ သုံးသင့်လဲ ဆိုတာ အဲ့ဒီပို့စ်ကို ဖတ်ကြည့်ပေးပါ။ သူနဲ့ သဘောတရားခြင်းတူတဲ့ တစ်ခြား Extensions တွေ ရှိပါသေးတယ် - ဥပမာ - EasyReader


      Proxy Switchy! - တစ်ခါတစ်လေကျရင် ဖြစ်တတ်တယ် - တစ်ချို့ Websites တွေက နိုင်ငံအလိုက် နေရာအလိုက် ဘန်းထားတာမျိုးတွေ - အဲ့လို အခြေအနေမှာ ကိုယ်ကြည့်ချင်တာ ကြည့်မရဖြစ်နေရင် ဒီလို Extensions မျိုးတွေက အသုံးတည့်ပါတယ်။ သူနဲ့ သဘောတရားတူတဲ့ တစ်ခြား Extensions တွေလည်း ရှိပါသေးတယ်။ ဥပမာ - 1-Click Web Proxy 


      Google Shortcuts - Google fun သမားတွေ အတွက် အသုံးအတည့်ဆုံး Extension ပါ - Shortcut တစ်ခုတည်းကနေ Google ရဲ့ နေရာပေါင်းစုံ သွားလို့ ရတယ်။ သူနဲ့ သဘောတရားတူတဲ့ တစ်ခြား Extensions တွေလည်း ရှိပါသေးတယ်။ ဥပမာ - ( 1 ) My Shortcuts -( 2 ) One Number 


      Google Chrome Themes - Mozilla Firefox မှာ Themes တွေ စိတ်ကြိုက် ပြောင်းလို့ ရသလိုမျိုး Google Chrome မှာလည်း Themes မျိုးစုံ စိတ်ကြိုက် ပြောင်းလို့ ရပါတယ်။


      Minimalist Gmail - ဒီ Extension ကတော့ ကလိချင်တဲ့သူတွေ အတွက် သဘောကျစရာပါ။ Gmail ရဲ့ အတွင်း ဒီဇိုင်းကို ပြောင်းချင်သလို ပြောင်း လုပ်ချင်သလို လုပ်လို့ ရတယ် - ဘာတွေလုပ်လို့ ရပါတယ်လို့ ပြောဖို့ မလွယ်လောက်အောင်ကို အကုန် လုပ်လို့ ရတယ်။ ပြောရင်ပိုတယ် ထင်မယ် စမ်းသုံးကြည့်ပါ။


      RemindMe - လူတိုင်းမေ့တတ်ကြတာပဲ - တစ်ခုခု လုပ်စရာရှိတယ် - မေ့တတ်တယ် - တစ်ခုခု သွားစရာရှိတယ် - မေ့တတ်တယ် - အဲ့လို မဖြစ်ရအောင် လုပ်ချင်တဲ့ အချိန် - သွားရမယ့် အချိန်မှာ အချိန်နဲ့ တစ်ပြေးညီ ကိုယ့်ကို အသိပေးနိုင်စေဖို့ ဒီ Extension က စွမ်းဆောင်ပေးနိုင်ပါတယ်။


      ကျွန်တော် ခုဖော်ပြခဲ့သလောက်ဆိုရင် သုံးသင့်မယ့် Google Chrome Extensions တွေ အကြောင်းကို မိသားစုဝင်များ တီးမိခေါက်မိ ရှိနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ခုဖော်ပြထားတဲ့ Extensions တွေဟာ အကောင်းဆုံးတွေလို့ မဆိုလိုပါဘူး - ကျွန်တော် အကြိုက်ဆုံး Chrome Extensions များသာ ဖြစ်ပါတယ်။ တစ်ခြား မိမိနဲ့ သင့်လျှော်ရာ သင့်လျှော်ရာ အသုံးတည့်မယ့် Chrome Extensions တွေကိုမူရင်းမျှဝေပေးနေတဲ့နေရာ ကနေ ရှာယူ အသုံးပြုကြဖို့ အကြံပြုလိုက်ပါရစေ။

      KznT.

      Related Posts