Assignment

Leave a Comment
ဒီနေ့ ငါ စိတ်တွေ နောက်နေတယ် .. စိတ်မကြည်သလို ဖြစ်နေရင် လူက ဘာမှလုပ်လို့ စိတ်မကြည်ဘူး .. ငယ့်ဘေးနားကို ပြန်ချင်နေတယ် .. ငယ့်နားမှာနေချင်တယ် .. ငယ့်ဘေးနားကို ရောက်ရင် အားလုံး ငြိမ်းချမ်းနေသလိုပဲ .. ငါ့ဘဝမှာ အဲလို ခံစားချက် ပေးနိုင်တဲ့ မိန်းမ နှစ်ယောက် တွေ့ဘူးတယ် .. တစ်ယောက်က မေမေ .. တစ်ယောက်က ငယ် .. သူတို့ ၂ ယောက်က တစ်နေရာစီမှာနေပြီး သဘောသဘာဝခြင်း မတူပေမယ့် တူညီတဲ့ ငြိမ်းချမ်းမှုကို ဘာလို့ ငါ့ကို ပေးနိုင်နေရတာလဲ ..စိုင်းစိုင်း သီချင်း နားထောင်နေတာ...

Ghosts

Leave a Comment
ငါတို့ အသက်ရှင်နေတဲ့ ဝန်းကျင်မှာ ဝိဉာဉ်ဆိုတာ တကယ်များ ရှိနေလား .. မြတ်စွာဘုရားရဲ့ တရားတော် အရရော .. သိပ္ပံနည်းကျ တွေ့ရှိချက်တွေ အရရော .. ဝိဉာဉ်တွေ ငါတို့ ဘေးနား ဒါမှမဟုတ် .. ငါတို့ မရောက်နိုင်တဲ့ နေရာတစ်ခုစီမှာ ပျံ့နံှ့နေကြလိမ့်မယ် ထင်တယ် .. ဒါကို ငါယုံကြည်တယ် ..ဒီကားကို ငါ ကြည့်ဖူးခဲ့တာ ကြာပါပြီ .. ဘယ်တုန်းလောက်က ဖြစ်မလဲ ..ငါ တော်တော် ငယ်ငယ်လောက်က ဖြစ်မယ် ထင်တယ် .. အဲ့တုန်းကတော့ အချစ်ဆိုတာ ဘာမှန်း မသိဘူးပေါ့ .. ငယ်ဆိုတာလည်း ကလေးလေးပဲ...

Happy New Year 2010

Leave a Comment
လူတစ်ယောက်က လူတစ်ယောက်ကို ကူညီတယ် .. အဲ့ဒီ့ကူညီမှုဟာ ဘာအရောင်အဆင်း - ဆိုလိုတာ ဘာရယူလိုမှုမှ မပါဘူး အဖြူထည် သက်သက်ဆိုရင် သိပ်တန်ဖိုးထားသင့်တဲ့ ကူညီမှု .. အဲ့ကူညီမှုကြောင့် ကိုယ် ကူညီလိုက်တဲ့သူမှာလည်း အထိုက်အလျောက် - ဆိုလိုတာ တဘဝလုံး ဖြစ်စေ ၊ ကာလအပိုင်း အခြား တစ်ခု ဖြစ်စေ ကျေနပ်စရာ ပျော်ရွှင်စရာ ရသွားတယ် ဆိုရင်လည်း တကယ်ကို ကြည်နူးစရာ ကောင်းတဲ့ ဖြစ်ရပ် .. အဲလို ဖြစ်ခဲ့တယ် ဆိုရင် ကူညီခံရတဲ့သူကလည်း ကူညီတဲ့ သူကို တကယ်နှစ်နှစ်ကာကာ စိတ်ထဲမှာ...

Selection songs - Chit Thu Wai

Leave a Comment
...

Educated or Uneducated

Leave a Comment
ကျွန်တော်လား လူပေါ့ဗျာ … ဘာမှန်းမသိသေးခင် တစ်ချိန်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မှန်း မသိသေးဘူးပေါ့ .. အဲလိုနဲ့ အသက်လေးရ အရွယ်လေး ရောက်လာတော့ နဲနဲ သွေးကြွချင်လာတယ် .. ကိုယ်သိတာတွေကပဲ အမှန်လိုလို .. ကိုယ့်လောက် မသိတဲ့ သူတွေကပဲ လဒူလိုလို အဲလိုအတွေးတွေ မကြာခဏဝင်တတ်လာတယ် .. အဲလိုနဲ့ နေလာခဲ့တာ နယ်ပယ်တွေ ကျယ်ပြန့်လာတော့ လူပေါင်းစုံနဲ့လည်း သိလာရပြီ .. ပညာစုံပြီလို့ မပြောနိုင်သေးပေမယ့် ပညာရဲ့ အနှစ်သာရကို သိလာပြီ .. ကိုယ့်ကိုယ်ကိုယ်...

What If She's An Angel

Leave a Comment
  သီချင်းတွေ အမြဲ နားထောင်နေဖြစ်တယ် ...စိတ်ညစ်တဲ့ အခါပျော်တဲ့ အခါတစ်ခုခုကို လွမ်းတဲ့ အခါတစ်စုံ တစ်ခုကို အလို မကျတဲ့ အခါဖြေးဆေး ငြိမ်းချမ်းမှုနဲ့ နာရီတစ်ချို့ကို ဖြတ်သန်းချင်တဲ့ အခါThere's a man standing on the cornerWith a sign sayin "will work for food"You know the manYou see him every morningThe one you never give your money toYou can sit there with your window rolled upWondering when the lights going to turn greenNever knowing...

Dear my Mom

Leave a Comment
ငယ့်ကို မေမေ့ အကြောင်း ပြောပြမယ် ဆိုပြီး မပြောပြ ဖြစ်သေးဘူး .. မေမေ့ အကြောင်း စပြောရမယ် ဆိုရင်တော့ အရင်ဆုံး မေမေ့ မွေးနေ့ ကနေ စပြီး ပြောပြမှရမယ် .. မေမေ့ကို ၁၉၆၀ ဧပြီလ ၂၀ ရက်မှာ မွေးခဲ့တယ် .. မေမေက ဗုဒ္ဓဟူးသမီး .. အဲမှာ ကို တစ်ခု တွေးမိတာက ငယ်ကလည်း ဗုဒ္ဒဟူးနေ့ ညနေပိုင်းမှာ မွေးတဲ့ သူ ဆိုတော့ မေမေနဲ့ ငယ် အဆင်မှ ပြေပါ့မလားလို့ တွေးမိတယ် .. မြန်မာ အယူအဆ အရ ကိုက တွက်မိတာလေးပါ .. သိပ် အယုံအကြည် ရှိနေလို့ တော့ မဟုတ်ပါဘူး။မေမေ့မှာ မွေးချင်း ကိုးယောက် ရှိပြီး မွေးချင်း ကိုးယောက်မှာမှ မေမေ တစ်ယောက်တည်း ဘွဲ့ ရခဲ့တာ မို့လို့ မေမေက ပညာတတ်ဘွဲ့ရတွေကို...

Gardener ( 2 )

Leave a Comment
အခန်း ( ၄ )( ၂ ) ဆင့်ထပ်ထားတဲ့ မှန်ပြူတင်းရဲ့ အပြင်ဘက်ထောင့်တစ်နေရာဆီက ယဉ်ပါးနေခဲ့ပြီးသား သစ်ပင်ရိပ်အောက်ဆီ တစ်ချက်ငဲ့ကြည့်မိတော့ အရင်လို လဲလျောင်းနေဆဲ သစ်ရွက်ခြောက်တစ်ချို့နဲ့ ရော်ရင့်ပျက်ကြွေခါစ ဝါရင့်ရင့် ရွက်ရင့်ဟောင်းတစ်ချို့ ... တစ်ညနေစောင်းခဲ့တိုင်း အဲ့နေရာလေးဆီမှာ ကလေးတစ်ချို့ ခေါက်တုန့်ပြေးလွှား ဆော့ကစား နေတတ်ကြတယ် .. တစ်ခါတစ်လေတော့လည်း သူငယ်ချင်းမှန်း ၊ ချစ်သူမှန်း ဝေခွဲရခက်တဲ့ ကောင်မလေး နဲ့ ကောင်လေး တစ်ချို့ ရောက်ရှိနေတတ်ကြတယ်...

Gardener ( 1 )

Leave a Comment
အခန်း ( ၁ )" ကို့ အတွက် .... "အဲ့ဒီ့နေ့ ဒီ ကောင်းကင်ကြီး အောက်မှာ ရပ်တည်နေတဲ့ သူအားလုံးရဲ့ ကြားမှာ ကျွန်တော် အပျော်ဆုံး လူသားတစ်ယောက် ဖြစ််နေခဲ့တယ် ... အဲ့ဒီ့နေ့မှာ ကျွန်တော်မြင်ဖူးနေကျ တစိမ်းဆန်တဲ့ ပတ်ဝန်းကျင် တစ်ခုလုံး ကျွန်တော့် ရင်ဘတ်တူသူတွေ ဖြစ်သွားကြတယ် ... အဲ့ဒီ့နေ့ကပဲ ဒီရင်ဘတ်တစ်ခုလုံး လဲ့ဖြာစိမ်းလန်းပြီး အနာဂတ်တိုင်းကို စိန်ခေါ်ရဲဖြစ်ခဲ့တယ် ...ဒါပေမယ့် ...လွဲမှားနေခဲ့တာ တစ်ခုကအဲ့ဒီနေ့ ဆိုတာ တကယ်တော့ မရှိခဲ့သေးပါဘူး ...အခန်း (...

A Town from my Heart

Leave a Comment
 စိမ်းမြလှပတဲ့ တောင်စဉ်တောင်တန်းတွေရဲ့ ကြားကို ကျွန်တော် ရောက်သွားတော့ ဒီရင်ဘတ်တစ်ခုလုံး အေးမြ စိမ်းလန်းသွားတယ် …. သဘာဝ ဆိုတဲ့ ဖန်တီးမှုမပါတဲ့ ဖြစ်တည်မှုတွေရဲ့ ကြားထဲက တိုးထွက်လှပနေတဲ့ တောင်စဉ်တောင်တန်းတွေကို ကျွန်တော် ချစ်တယ် … ငြိမ်းချမ်းအေးမြ တဲ့ ရှင်းသန့်တည်တံ့မှုကို ကျွန်တော် မြတ်နိုးတယ် … တကယ်တော့ ကျွန်တော် မြန်မာမှုအငွေ့အသက် မြန်မာ့ရေမြေသဘာဝတွေရဲ့ ကြားထဲ က ဝေးကွာပြေးထွက်ဖို့ ဘယ်တော့မှ စိတ်ကူးမယဉ်မိတဲ့ လူတစ်ယောက်ပါ …. လမ်းတစ်ချက်အကွေ့မှာ...

My Par

Leave a Comment
ဒီနေ့ အဖေများနေ့လို့ ပြောတယ် …အဖေ့ကို နှစ်နှစ်ကာကာ သတိရလို့ ဒီပို့စ်လေး ရေးဖြစ်ခဲ့ပါတယ် …. ကျွန်တော့်ဖေဖေ ….ဖေဖေ့ကိုမွေးခဲ့တဲ့ အချိန်က ၁၃၁ရ ဒုတိယဝါဆိုလပြည့် ဗုဒ္ဓဟူးနေ့ ည ၉ နာရီ ၃၅ မိနစ် …. ဖေ့ဖေ့မှာ မွေးချင်းကိုးယောက် ရှိတယ် … မွေးချင်းကိုးယောက်မှာ ဖေဖေက စတုတ္ထသားပါ … ရန်ကုန် ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် ကနေ ၁၉၇ရ ခုနှစ်မှာ Bsc ( Chemistry ) နဲ့ ဘွဲ့ရခဲ့တယ် … မေမေနဲ့ လက်ထပ်တော့ ၁၉၈၀ ဧပြီ ၂ရ ရက်နေ့ … မွေးချင်းကိုးယောက်နဲ့ မိသားစု စီးပွားရေး အကျပ်အတည်းကြားမှာ ဖေဖေ ကြီးပြင်းခဲ့တယ် … မေမေနဲ့ လက်ထပ်ပြီး ကျွန်တော့် အကိုကို ရခဲ့တဲ့ အချိန်ထိ...

Star's Story

Leave a Comment
လက်ရန်းတင် စားပွဲတစ်ခု၏ အနားသတ်အစွန်းတစ်ဖက်ပေါ်သို့ သူ့ဘယ်ဘက်လက်အား မှေးတင်၍ ညာဘက်ယွန်းယွန်း လူဝင်ပေါက် ရှိရာဆီ သူ လှမ်းမျှော်ကြည့်လိုက်မိသည်။ ဟိုမှသည်သို့ စည်းချက်မကျစွာ လူးလာခေါက်တုံ့ တွန်းထိုးနေကြသည့် ဖွာရိှုက်သူမဲ့ ဆေးလိပ်တိုအစွန်းအစများ နှင့် ပြန့်ကျဲလူးလွန့် နေကြသည့် မလေးရှားပိတောက် ရွက်ကြွေတစ်စွန်းတစ်စများ ... လေပြင်း တစ်ချက် အသော့၌ မျော့၍လွင့်ပါသွားသော ထို သစ်ရွက်စများ၏ ဦးတည်ရာကား သူမဦးတည်လာမည့် ရှေ့ရှူ့ရာအရပ်တစ်ခုဆီသို့ …နံနက်ခင်းစောစော ဖြစ်သောကြောင့် ကျောင်းသူ ကျောင်းသား တစ်ချို့၏ အရိပ်အယောင် တစ်ချို့တစ်လေမှ လွဲ၍...

My love and My Morning

Leave a Comment
မနက်အိပ်ယာက နိုးတော့ တော်တော်လေးတောင် နောက်ကျနေပြီ။ မျက်နှာသစ်ပြီး သူပြင်ပေး ထားတဲ့ ကော်ဖီတစ်ခွက် ကျွန်တော် သောက်လိုက်တယ်။ အပြင်ကို လှမ်းကြည့်လိုက်တော့ နှင်းတွေကခပ်ဖွဲဖွဲ … ဒီအတိုင်းဆို အပြင်မှာ တော်တော်အေးမယ် ထင်ပါရဲ့။“ ကို ဒီနေ့ class မသွားတော့ဘူး ““ ကိုရယ် ကလေးကျနေတာပဲ။ ဘွဲ့ယူဖို့လာတာ class တက်ရမှာပေါ့ … “ဟုတ်ပါတယ် တကယ်တော့ သူနဲ့ ကျွန်တော့်ရဲ့ အနာဂတ်အတွက် နောက်ဘွဲ့တစ်ခုယူဖို့ ရောက်လာ တာပါ။ ရည်မှန်းချက်ဆိုတာ ငယ်ငယ်ကတာ့ လေတစ်လုံး မိုးတစ်လုံးနဲ့...

Far Pavilions

Leave a Comment
တစ်ယောက်ကို ၅၀၀ မထည့်မနေရ ... မထည့်ရင် +^%#-@+အတန်းခေါင်းဆောင် ပြောသော စကားသံ အဆုံးတွင် အတန်းတွင်း ကျောင်းသားများဆီမှ ဇာတ်တိုက်မထားသော စကားသံ တစ်ချို့ ခပ်အဲ့အဲ့ တိုးထွက်လာကြသည်။ဘာကြီးတုန်း ....ဘာအတွက်လဲ ....ဘာလုပ်မှာ မို့လို့လဲဟ ... +^%#-@+သို့လော သို့လော အတွေးများ သူတို့အားလုံး၏ စိတ်ထဲတွင် တမဟုတ်ခြင်း ပြန့်နှံ့ သွားကြသည်။( ၅၀၀ ) ဆိုသည်မှာ အမှန်တကယ်တော့ သူတို့ အားလုံးအတွက် အတော်ကလေး များပြားသော ပမာဏ ဖြစ်ပါသည်။အဘယ်ကြောင့် ဆိုသော် သူတို့အားလုံး၏ တစ်နေ့မုန့်ဖိုးငွေမှာ ၅ ကျပ် လျော့လျော့သာရသော ၆ တန်း ကျောင်းသား ကျောင်းသူများဖြစ်ကြသောကြောင့်...

Believe in Love

Leave a Comment
သူငါ့ကို တကယ်ရော ချစ်ရဲ့လား .. ?? သူတကယ် ချစ်လာအောင်ရော ငါစွမ်းဆောင်နိုင်ပါ့မလား .. သူငါ့ကို မချစ်တော့ရင် ဘယ်လိုလုပ်မလဲ ?? သူတကယ် ချစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးမျိုးတွေဟာ ချစ်သူနှစ်ယောက်ရဲ့ကြားမှာ မကြာခဏ တွေးနေမိတတ်တဲ့ အကြောင်းအရာ တွေပေါ့။ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ ချစ်သူတွေက ကျွန်တော်တို့ကို တကယ်ချစ်တတ် လာအောင် တန်ဖိုးထားတတ်လာအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ?? အပေါ်မှာ ရေးပြထားခဲ့သလို တန်ဖိုးမရှိတဲ့ အကြောင်း အရာတွေ ကိုတောင်စဉ်ရေ မရ လျှောက်တွေးပြီး ကျွန်တော်တို့ အဖြေထုတ်နေကြမှာလား။ တကယ်တော့ ကိုယ်ချစ်တဲ့ လူတစ်ယောက်...

Selection songs - Yay Bacca Win

Leave a Comment
...

A Silent Love

Leave a Comment
ဟိုး အစောကြီးကတည်းက ကျွန်မရဲ့ မိဘတွေက ကျွန်မကို မောင်နဲ့ မပတ်သတ် မဆက်ဆံဖို့ တင်းတင်းကျပ်ကျပ် ကန့်ကွက်ခဲ့ကြပါတယ်။ မောင့်ရဲ့ မိသားစုအခြေအနေ အလုံးစုံကို သိထားခဲ့ကြပြီ မို့လို့ တကယ်လို့သာ ကျွန်မ မောင်နဲ့လက်ထပ် ဖို့ဆုံးဖြတ် လိုက်ပြီဆိုရင် ကျွန်မ ဘဝတစ်သက်တာလုံး ဘယ်တော့မှ စိတ်ချမ်းသာစရာဆိုတာ ရှိလာမှာ မဟုတ်တော့ဘူးလို့လည်း သူ တို့တွေက ပြောခဲ့ကြပါတယ်။မိသားစုက ပေးတဲ့ ဖိအားတွေကြောင့် ကျွန်မတို့ ချစ်သူနှစ်ယောက်လည်း အခုနောက်ပိုင်း တွေ ဆိုရင် မကြာခဏဆိုသလို ခဏခဏ ပြဿနာ ဖြစ်တတ်လာကြတယ်။ ကျွန်မ မောင့်ကို လေးလေးနက်နက် ချစ်ခဲ့တယ် ဆိုတာမှန်ပေမယ့်...

Valentine

Leave a Comment
ကျွန်တော်ခံစားမိတဲ့ သီချင်းလေး တစ်ပုဒ်အကြောင်းပြောပြချင်ပါတယ်။ သီချင်းလေး နာမည်က Valentine ပါ။ ဆိုထားတဲ့ သူက Martina McBride ပါ။ သီချင်းလေးထဲက စာသားတွေကို သီချင်းနားထောင်ရင်း ခံစားလို့ရအောင် ကျွန်တော် တိတိကျကျကြီး မဟုတ်ပဲ အနီးစပ်ဆုံးဖြစ်အောင် ဘာသာပြန်ပေးထားပါတယ်။ သီချင်းလေးနားထောင်ရင်းနဲ့ စာသားတွေကို ခံစားကြည့်ရင် ဒီသီချင်းလေးထဲက ပြောပြချင်နေတဲ့သိပ်ချစ်မိနေ တဲ့ သူတစ်ယောက်အကြောင်းကို နားလည်နိုင်လာကြမယ် ထင်ပါတယ်။ တကယ်တော့ အချစ်ဆိုတာ တကယ်ကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ ကျွန်တော်တို့တွေ မျက်စိနဲ့ မြင်လို့မရ၊ ဖမ်းဆုပ်ပြလို့...