စိမ်းမြလှပတဲ့ တောင်စဉ်တောင်တန်းတွေရဲ့ ကြားကို ကျွန်တော် ရောက်သွားတော့ ဒီရင်ဘတ်တစ်ခုလုံး အေးမြ စိမ်းလန်းသွားတယ် …. သဘာဝ ဆိုတဲ့ ဖန်တီးမှုမပါတဲ့ ဖြစ်တည်မှုတွေရဲ့ ကြားထဲက တိုးထွက်လှပနေတဲ့ တောင်စဉ်တောင်တန်းတွေကို ကျွန်တော် ချစ်တယ် … ငြိမ်းချမ်းအေးမြ တဲ့ ရှင်းသန့်တည်တံ့မှုကို ကျွန်တော် မြတ်နိုးတယ် … တကယ်တော့ ကျွန်တော် မြန်မာမှုအငွေ့အသက် မြန်မာ့ရေမြေသဘာဝတွေရဲ့ ကြားထဲ က ဝေးကွာပြေးထွက်ဖို့ ဘယ်တော့မှ စိတ်ကူးမယဉ်မိတဲ့ လူတစ်ယောက်ပါ …. လမ်းတစ်ချက်အကွေ့မှာ...
My Par
ဒီနေ့ အဖေများနေ့လို့ ပြောတယ် …အဖေ့ကို နှစ်နှစ်ကာကာ သတိရလို့ ဒီပို့စ်လေး ရေးဖြစ်ခဲ့ပါတယ် …. ကျွန်တော့်ဖေဖေ ….ဖေဖေ့ကိုမွေးခဲ့တဲ့ အချိန်က ၁၃၁ရ ဒုတိယဝါဆိုလပြည့် ဗုဒ္ဓဟူးနေ့ ည ၉ နာရီ ၃၅ မိနစ် …. ဖေ့ဖေ့မှာ မွေးချင်းကိုးယောက် ရှိတယ် … မွေးချင်းကိုးယောက်မှာ ဖေဖေက စတုတ္ထသားပါ … ရန်ကုန် ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် ကနေ ၁၉၇ရ ခုနှစ်မှာ Bsc ( Chemistry ) နဲ့ ဘွဲ့ရခဲ့တယ် … မေမေနဲ့ လက်ထပ်တော့ ၁၉၈၀ ဧပြီ ၂ရ ရက်နေ့ … မွေးချင်းကိုးယောက်နဲ့ မိသားစု စီးပွားရေး အကျပ်အတည်းကြားမှာ ဖေဖေ ကြီးပြင်းခဲ့တယ် … မေမေနဲ့ လက်ထပ်ပြီး ကျွန်တော့် အကိုကို ရခဲ့တဲ့ အချိန်ထိ...
Star's Story
လက်ရန်းတင် စားပွဲတစ်ခု၏ အနားသတ်အစွန်းတစ်ဖက်ပေါ်သို့ သူ့ဘယ်ဘက်လက်အား မှေးတင်၍ ညာဘက်ယွန်းယွန်း လူဝင်ပေါက် ရှိရာဆီ သူ လှမ်းမျှော်ကြည့်လိုက်မိသည်။ ဟိုမှသည်သို့ စည်းချက်မကျစွာ လူးလာခေါက်တုံ့ တွန်းထိုးနေကြသည့် ဖွာရိှုက်သူမဲ့ ဆေးလိပ်တိုအစွန်းအစများ နှင့် ပြန့်ကျဲလူးလွန့် နေကြသည့် မလေးရှားပိတောက် ရွက်ကြွေတစ်စွန်းတစ်စများ ... လေပြင်း တစ်ချက် အသော့၌ မျော့၍လွင့်ပါသွားသော ထို သစ်ရွက်စများ၏ ဦးတည်ရာကား သူမဦးတည်လာမည့် ရှေ့ရှူ့ရာအရပ်တစ်ခုဆီသို့ …နံနက်ခင်းစောစော ဖြစ်သောကြောင့် ကျောင်းသူ ကျောင်းသား တစ်ချို့၏ အရိပ်အယောင် တစ်ချို့တစ်လေမှ လွဲ၍...