Ultimate Guide to Hard Drive Partitioning Part ( 3 )

Leave a Comment
6. Partition Logic


Partition Logic ဆိုတာလည်း အပေါ်မှာ ပြောခဲ့ဖူးပြီးသား Partition Manager တွေလိုပဲ free hard disk partitioning နဲ့ data management tool တစ်ခုပါပဲ။ ဒီကောင့်ကို အသုံးပြုပြီး Partitions တွေကို Create လုပ်လို့ရတယ်၊ Format လုပ်လို့ ရတယ်၊ Defragment လုပ်လို့ ရတယ်၊ Resize and Move လုပ်လို့ ရတယ်၊ Partitions attributes တွေကို Modify လုပ်လို့ရတယ်။ ဒီကောင့်မှာပါတဲ့ သဘောကျစရာ ကောင်းတဲ့ Feature တစ်ခုက HD တစ်ခုလုံးမှာ ရှိတဲ့ Data တွေကို ဒီ HD တစ်ခုကနေ နောက် HD တစ်ခုစီ Copy ကူးပစ်လိုက်လို့ရတယ်။ Partition Logic က Visopsys operating system အပေါ်မှာ အခြေတည်ထားတဲ့ free software တစ်ခု။ ဒီကောင့်ကို သုံးမယ်ဆိုရင် CD ကနေလည်း run လို့ရသလို Floopy ကနေလည်း run လို့ရတယ်။ ခုလောလောဆယ်မှာ ဒီ Partition Logic ကို free ပေးထားတယ် ဆိုပေမယ့် နောင်တစ်ချိန်မှာ ဒီကောင်က commercial programs တစ်ခု ဘဝကို တက်လှမ်းဖို့လည်း စိုင်းပြင်းနေတယ်။

ဟိုဟာကောင်းတယ် ဒီဟာကောင်းတယ်ဆိုပြီး ပြောထားပေမယ့် ဒီကောင်မှာလည်း ကန့်သတ်ချက်လေး တွေရှိပါသေးတယ်။ 

Partition Logic ရဲ့ ကန့်သတ်ချက်တွေကတော့

• Does not work with some SATA hard disks, no hardware support for non-USB SCSI hard disks
• Supports only DOS/Windows-style MBR partition tables (used on nearly all IBM PC-compatibles)
• No support for Sun or BSD disk labels, or EFI/GPT tables used on Itanium and Intel Mac platforms
• Most important: Cannot format partitions as NTFS (however, it can resize NTFS)
• Cannot resize FAT or EXT filesystems
• No hardware support for serial mice or for PCMCIA

Partition Logic ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

7. SwissKnife


ဒီတစ်ကြောင်းကိုပဲ ဟိုလိုပြောင်းရေးလိုက် ဒီလိုပြောင်းရေးလိုက် ရေးနေရတာ လက်တောင် နဲနဲ ညောင်းလာပြီ ..  SwissKnife ဆိုတာလည်း အပေါ်မှာ ပြောခဲ့ဖူးပြီးသား hard disk partitioning tool တွေလိုပဲ ဒီကောင်ကို သုံးပြီး partitions တွေကို Create လုပ်နိုင်တယ် ၊ Delete လုပ်နိုင်တယ် ၊ partitions တွေကို Format ချနိုင်တယ်။ Internal interfaces တြွေဖစ်တဲ့ IDE နဲ့ SCSI စသဖြင့် နောက်ပြီး External interfaces တြွေဖစ်တဲ့ Hi-Speed USB, Parallel port, PCMCIA, USB On-The-Go, Firewire, SATA interfaces တွေကိုပါ SwissKnife က supports ပေးတယ်။

သူ့ရဲ့ Features တွေကတော့

• Formats faster than the OS (click on chart for details)
• Allows change of cluster size during Full format or Quick Format
• Divides a single hard drive into one or more partitions
• Supports Hi-Speed USB, PCMCIA, SATA, SCSI, USB 1.1, and FireWire® external drives
• Supports Fixed and Removable disk formats
• Supports FAT, FAT32 & NTFS systems
• Allows creation of a single partition of up to 2048GB of FAT32 or NTFS file systems.
• Full format or Quick Format of existing partitions
• Selective partitions can be modified for optimum flexibility

SwissKnife ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

8. Cute Partition Manager ( CPM )


Cute Partition Manager ဆိုတာလည်း User တွေအတွက် အလကားပေးထားတဲ့ အဆင့်မြင့် စွမ်းဆောင်ရည်ပြည့် disk partition management တစ်ခုပဲ။ သူ့ကိုသုံးပြီး ကိုယ့်ကွန်ပြူတာ HD မှာရှိနေတဲ့ Partitions တွေကို add, edit, delete and manage အစုံအကုန်လုပ်လို့ ရတယ်။ Cute Partition Manager ဟာ အရမ်းကို အသုံးပြုရလွယ်ကူပြီးတော့ သူ့ မှာ သိပ်ကောင်းတဲ့ features တစ်ခုက ဘာလဲ ဆိုရင် HD မှာ ကိုယ်လုပ်လိုက်တဲ့ changes တွေကို အတည်မပြု Save မလုပ်သေးခင် Apply ပေးလိုက်တာနဲ့ ဘယ်လိုဖြစ်သွားမယ်ဆိုတာ Preview အနေနဲ့ပြတာပဲ။ Cute Partition Manager က windows all versions (9x,ME,NT,2K,XP,Vista) နဲ့ အသုံးပြုလို့ ရတဲ့ အပြင် DOS , Linux စတာတွေနဲ့လည်း အသုံးပြုလို့ ရတယ်။

Cute Partition Manager ရဲ့ Features တွေကတော့

• Lets you create more than 100 partitions per hard disk.
• Lets you preview changes before you can save them.
• Lets you edit advanced partition parameters such as boot flag, partition type, etc.
• Lets you remove every single partition in your system.
• Does not require an operating system to run (everything is built-in).
• Can be booted from CD, DVD, Blank Floppy, DOS Boot Floppy, etc.

Cute Partition Manager ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

9. EaseUs Partition Master


EaseUs Partition Master Home Edition ဆိုတာကလည်း partitioning utility အတွက် free ပေးထားတဲ့ powerful Partition Master tool တစ်ခုပါပဲ။ ဒီကောင်ကို သုံးပြီး အပေါ်မှာ ပြောခဲ့တာတွေလိုပဲ partitions တွေကို Create လုပ်နိုင်တယ် ၊ Delete လုပ်နိုင်တယ် ၊ partitions တွေကို Format ချနိုင်တယ် ၊ နောက်ပြီး partitions တွေကို hide ထားနိုင်တယ်၊ drive letters တွေကို change နိုင်တယ်၊ active partitions တွေအဖြစ် setting တွေ ချနိုင်တယ်။

EaseUs Partition Master ရဲ့ အသုံးဝင်တဲ့ Features တွေကတော့

• Material support for RAID
• Re-size and move partitions without losing data
• Create and delete partitions with a simple stage
• Allocated in a partition to make easier recognition
• Format of partitions by simple click
• Partition of ownership of every partition
• Conceal and to show partitions - to protect important data
• Specify a boot partition
• Outline of the effects of partitioning of a hard disk before applying
• Works on hard disks of 20GB to 800GB

EaseUs Partition Master ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

10. eXtended FDisk


eXtended FDisk ( ဒါမှမဟုတ် ) XFDISK ဆိုတာ free ပေးတဲ့ DOS FDISK တစ်ခုဖြစ်ပြီး အသုံးပြုသူကို အဆင်ပြေပြေ သုံးစွဲလို့ ရနိုင်အောင် စီစဉ်ပေးထားတယ်။ eXtended FDisk ဟာ bootmanager ပါပါဝင်ပြီးတော့ ကိုယ့် HD မှာ OS ကို တစ်ခုထက် ပိုပြီး သုံးစွဲတဲ့ အချိန်မှာ အလွယ်တကူ သုံးစွဲလို့ ရနိုင်အောင် သူက ကူညီ ပေးနိုင်တယ်။ XFDisk ကို အသုံးပြုပြီး HD တွေကို partitions တွေ စိတ်ပိုင်းပစ်လို့ ရတယ်၊ နောက်ပြီး bootmanager ကို install and configure လုပ်လို့ ရတယ်။ ဒီနေရာမှာ တစ်ခုနားလည်ဖို့ ပြောပြချင်တာက System partition နဲ့ Boot Partition အကြောင်း။

System Partition ဆိုတာ Disk partition ဖြစ်ပြီး အဲ့ဒီ့ partition ထဲမှာ boot sector နဲ့ တခြားဖိုင်တွေ ( ဥပမာ - windows xp နဲ့ သူ့ရှေ့မှာထွက်ခဲ့ဖူးတဲ့ earlier version တွေအတွက် booting လုပ်ဖို့ လိုအပ်တဲ့ NTLDR ဖိုင် ဆိုတာလိုမျိုး ) ပါဝင်တယ်။ ( Windows Vista နဲ့ Windows Sever 2008 မှာတော့ NTLDR ဖိုင်ဆိုတဲ့ နာမည်အစား newer boot loader တစ်ခုဖြစ်တဲ့ bootmgr ဆိုတဲ့ နာမည်နဲ့ အစားထိုးဝင်ရောက်လာတယ် .. ဒီ bootmgr ကို ပြင်ဆင်ချင်တယ် ဘာညာဆိုရင် BCDEdit.exe ဆိုတဲ့ ဟာနဲ့ ပြင်ဆင်တည်းဖြတ်လို့ ရတယ်။ )

Boot Partition ဆိုတာလည်း Disk partition တစ်ခုပဲ ဒါပေမယ့် သူ့ထဲမှာကျတော့ Windows Operating System Files ( Windows folder ) နဲ့ အဲ့ဖိုင်တွေကို support ပေးတဲ့ တစ်ခြားဖိုင်တွေ ( WINDOWS\System32 folder ) ပါဝင်တယ်။ ဒီဖိုင်တွေ အားလုံးဟာ System Partition ထဲမှာ ရှိတဲ့ ဖိုင်တွေနဲ့ ကွာခြားတာ တစ်ချက်က Windows Operating System Files ( Windows folder ) နဲ့ အဲ့ဖိုင်တွေကို support ပေးတဲ့ တစ်ခြားဖိုင်တွေ ( WINDOWS\System32 folder ) အားလုံးက booting အတွက် ဘယ်လိုမှ သွားရောက်ပတ်သတ်ဆက်စပ်မှု မရှိဘူး။ System Partition ရော ၊ Boot Partition ရောက တစ်ခါတစ်လေ Partition တစ်ခုတည်း ( ဥပမာ - Drive C: ) ပေါ်မှာ ရှိတာချင်း တူတာတောင် System Partition နဲ့ Boot Partition ကမတူကြဘူး။

တကယ်လို့ Boot Partition မှာ မှ Primary Partition အပြင် Extended partition ကိုပါ ခွဲထုတ်ပြီး logical drives တွေအဖြစ် သုံးမယ် ဆိုရင်လည်း XFDisk က Extended partition တွေထိ ထိထိရောက်ရောက် manage လုပ်နိုင်တဲ့ပြင် ၊ bootmanager ဆိုတာကလည်း ကိုယ်ပိုင် partition တစ်ခု အနေနဲ့ တည်ရှိနေတာမျိုး မဟုတ်လို့ logical drives တွေကနေ booting လုပ်မယ် ဆိုရင်တောင် support ပေးနိုင်တယ်။ နောက်တစ်မျိုးပြောလို့ ရတာက multi boot system တိုင်းအတွက် bootmgr ပါတဲ့ System Partition တစ်ခုစီတိုင်းဟာ Boot Partition ထဲမှာ ပါဝင်နေတယ်လို့လည်း ပြောလို့ ရတယ်။ နဲနဲတော့ ရှုပ်ပါတယ်။ ဟုတ်ပါတယ် .. Microsoft က ဘာကြောင့် ခုလို ရှုပ်တီးရှုပ်တာ လုပ်ငန်းစဉ်တွေကို သတ်မှတ်လုပ်ဆောင်နေလဲ ဆိုတာတော့ ငါလည်း နားမလည်ပါဘူး။

eXtended FDisk ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts