Ultimate Guide to Hard Drive Partitioning Part ( 2 )

Leave a Comment
10 Free Partition Tools

1. Ultimate Boot CD


Ultimate Boot CD ဆိုတာ Bootable CD တစ်ခုမျိုးပဲ .. သူ့ကို သုံးစွဲ ခြင်းဖြင့် ဘာတွေ လုပ်ဆောင်နိုင် မလဲ ဆိုတော့ …
1) floppy-based ကို diagnostic tools တစ်ခုအနေနဲ့ သုံးနေရာကနေ CDROM drives ကနေ ပြောင်းလှဲ့လို့ ရလာမယ်။ ခုနောက်ပိုင်း ထွက်လာတဲ့ PCs တော်တော်များများမှာ floppy drives ကို ဘယ်သူမှ မက်မက်မောမော မသုံးစွဲကြတော့ဘူး .. ဒါကို ကောင်းတယ်မကောင်းဘူး အဖြေထုတ်တာထက် တကယ်လို့ လိုအပ်လာရင် floppy-based ကိုသုံးပြီး ပြင်ဆင်ရမယ့် အခြေအနေမှာ floppy-based မရှိနေတာကတော့ တော်တော်လေး အခက်တွေ့စေတယ်။
2) ဒါပေမယ့် ကောင်းတာတစ်ခုက floppy-based ကိုသုံးမယ့် အစား CDROM drives သုံးခြင်းအားဖြင့် floppy-based ကို သုံးပြီး loading speed ကို ထိုင်စောင့်နေရတာထက်တော့ အချိန်ကုန်ရတာ အများကြီး သက်သာသွားတယ်။
3) နောက်တစ်ခုက bootable CD ထဲမှာ တစ်ခြား ပြုပြင်ပြောင်းလဲလို့ ရတဲ့ tools တွေဆိုတာလည်း အများကြီး ပါသေးတယ်။
4) နောက်ပြီး Ultimate Boot CD ကို USB memory stick ကနေလည်း အပြောင်းအလဲ နဲနဲ ပြုလုပ်ပြီး Run လို့ ရသေးတယ်။


CD ကနေ Boot တက်တဲ့ အချိန်မှာ စာသားတွေနဲ့ ဖော်ပြထားတဲ့ Menu တစ်ခု ပြတယ်။ အဲ့ထဲကနေမှ ကိုယ်သုံးချင်တဲ့ tools တစ်ခုခုကို ရွေးပြီး သုံးယုံပဲ။ 

UBCD မှာ အသုံးဝင်တဲ့ tools တွေ မနည်းဘူးပါတယ် ဒီကောင်တွေပေါ့ : CPU Tests, Memory Tests, Peripherals Tools, CPU Information, System Information, Benchmark Tools, BIOS Tools, Hard Disk Installation Tools, Hard Disk Diagnostic Tools, Hard Disk Device Management Tools, Hard Disk Wiping Tools, Hard Disk Cloning Tools, Hard Disk Low-Level Editing Tools, Partition Tools, Boot Managers, File Tools, NTFS Tools, Anti-Virus/Malware Tools, Network Tools, DOS Boot Disks and Linux Boot Disks.

Ultimate Boot CD ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

2. Gparted Live


Gparted ကို သုံးခြင်းအားဖြင့် Partitions တွေကို ဖွဲ့စည်းခြင်း၊ ဖျက်ဆီးခြင်း၊ ချုံ့/ချဲ့ ခြင်း ၊ ရွေ့ပြောင်းခြင်း ၊ စစ်ဆေးခြင်း ၊ ကော်ပီကူးယူခြင်း ဆိုတာတွေ လုပ်ဆောင်နိုင်တယ်။ Gparted Live ကို သုံးပြီး new operating systems တွေအတွက် space တွေ ဖန်တီးခြင်း ၊ disk usage တွေကို reorganize လုပ်ခြင်း စသဖြင့် အများကြီး လုပ်ဆောင်လို့ ရတယ်။ GParted Live က x86 machine တွေ အတွက် ထုတ်ထားတဲ့ bootable GNU/Linux distribution တစ်ခုဆိုလည်း ဟုတ်တယ်။ 

Note : Gparted Live ကို Windows XP/Vista installations မှာ အသုံးပြုမယ် ဆိုရင်တော့ သတိပြုရမှာ တွေ ရှိသေးတယ်။ ဖတ်ချင်ရင်တော့ Documentation - GParted forum နဲ့ Using GParted to Resize Your Windows Vista Partition ကိုသွားဖတ်ပါ။

Gparted Live ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

3. System RescueCD

System RescueCD ဆိုတာ Linux system နဲ့ bootable CD-ROM တစ်ခု ဖြစ်ပြီး ကွန်ပြူတာ Crash ဖြစ်တဲ့ အချိန်မှာ system ကို ပြုပြင်ဖို့နဲ့ Data တွေကို recovery လုပ်ဖို့ သင့်တော်တဲ့ Freeware တစ်ခု ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ tools တွေလိုပါပဲ။ ဒီကောင်မှာလည်း HD မှာ partitions တွေ create လုပ်တာ edit လုပ်တာတွေ လုပ်ဆောင်လို့ ရတယ်။ ဒီ System RescueCD မှာ အခြေခံ tools တွေ ဖြစ်တဲ့ (editors, midnight commander, network tools) တွေပါသလို တစ်ခြား system tools တွေ ဖြစ်တဲ့ (parted, partimage, fstools, ...) တွေလည်း ပါတယ်။ အသုံးပြုရလည်း လွယ်ကူတယ် .. အခွေထိုးထည့် Boot တက်ခိုင်းပြီး သုံးယုံပါပဲ။ kernel က network file systems တြွေဖစ်တဲ့ (samba and nfs) တွေတင်မက အခြားအရေးကြီးတဲ့ file systems တွေ ဖြစ်တဲ့ (ext2/ext3/ext4, reiserfs, reiser4, btrfs, xfs, jfs, vfat, ntfs, iso9660) ဆိုတာတွေကိုလည်း support ပေးထားသေးတယ်။

System RescueCD ကို သုံးစွဲမယ် ဆိုရင် ဒါတွေ လုပ်ဆောင်နိုင်တယ် ..

• GNU Parted creates, resizes, moves, copies partitions, and filesystems (and more).
• GParted GUI implementation using the GNU Parted library (see previous post).
• Partimage saves / restores partitions to an image file on another partition or to another system.
• FSArchiver flexible tool to save/restore a filesystem to a compressed archive.
• File systems tools (for Linux and Windows filesystems): format, resize, and debug an existing partition of a hard disk
• Ntfs3g: enables read/write access to MS Windows NTFS partitions.
• sfdisk saves / restores partition table (and more).
• Test-disk tool to check and undelete partition, supports reiserfs, ntfs, fat32, ext2/3 and many others
• Memtest+ to test the memory of your computer (first thing to test when you have a crash or unexpected problems)
• Network tools (Samba, NFS, ping, nslookup, ...) to backup your data across the network

System RescueCD ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

4. TestDisk

TestDisk က စွမ်းဆောင်ရည်ပြည့်ဝတဲ့ Free data recovery software ပါ။ ဒီကောင့်ကို သုံးပြီး ပျက်စီးသွားတဲ့ ပျောက်ဆုံးသွားတဲ့ partitions တွေကနေ လိုချင်တဲ့ data တွေ recovery ပြန်လုပ်လို့ ရတယ်။ နောက်ပြီး Partition Table ကို delete လုပ်မိရာကနေ ဒါမှ မဟုတ် software တစ်ခုခု မှားယွင်းသုံးစွဲမိရာကနေ ဒါမှမဟုတ် viruses တစ်မျိုးမျိုး ( သို့တည်းမဟုတ် ) မှားယွင်းသုံးစွဲသူ တစ်ယောက်ယောက်ကြောင့် ဖြစ်ပေါ်တတ်တဲ့ non-booting disks တွေကို bootable ပြန်ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်တယ်။TestDisk မှာ သာမန်သုံးစဲွသူအတွက်ရော ကျွမ်းကျင်သူတွေ အတွက်ပါ စုံလင်တဲ့ features တွေလည်း ရှိတယ်။

TestDisk ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကတော့

• Fix partition table, recover deleted partition
• Recover FAT32 boot sector from its backup
• Rebuild FAT12/FAT16/FAT32 boot sector
• Fix FAT tables
• Rebuild NTFS boot sector
• Recover NTFS boot sector from its backup
• Fix MFT using MFT mirror
• Locate ext2/ext3 Backup SuperBlock
• Undelete files from FAT, NTFS and ext2 filesystem
• Copy files from deleted FAT, NTFS and ext2/ext3 partitions.

TestDisk ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

5. Ranish Partition Manager


Ranish Partition Manager ဆိုတာလည်း စွမ်းဆောင်ရည်ပြည့်ဝတဲ့ hard disk partitioning tool တစ်ခုပါပဲ။ Ranish Partition Manager ကို သုံးစွဲပြီး partitions တွေကို Create လုပ်နိုင်တယ် ၊ Copy လုပ်နိုင်တယ် ၊ Primary နဲ့ Extended Partitions တွေကို Resize လုပ်နိုင်တယ်။ နောက်ပြီး Ranish Partition Manager မှာ command line interface နဲ့ simulation mode ပါပါဝင်ပြီးတော့
real hard drive partition မှာ အမှန်တကယ် လုပ်ဆောင်မှု မပြုခင် ကြိုတင်ပြင်ဆင်မှု တစ်ခုအနေနဲ့ လေ့ကျင့်ပြင်ဆင်နိုင်သေးတယ်။

Ranish Partition Manager ကို ရယူနိုင်မယ့် နေရာကတော့ ဒီနေရာ

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts