
ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်
သာသနာနှစ် ၂၅၆၃ ခုနှစ်
နယုန်လပြည့်ကျော် ၇ ရက်၊ တနင်္လာနေ့။ (အဖိတ်နေ့)
ဒီစာအုပ်ကို မထင်မှတ်ပဲ ဖတ်ဖို့ ရွေးချယ်ဖြစ်ခဲ့တယ်။ ဘာကြောင့် "ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း" ကိုမှ ရွေးချယ်ခဲ့တာလဲဆိုရင် တစ်ချိန်က နားထောင်ခဲ့ဖူးတဲ့ စာပေဟောပြောပွဲတစ်ခုကြောင့်လို့ ပြောရလိမ့်မယ်။ မှတ်မှတ်ရရ အဲ့ဒီ့ စာပေဟောပြောပွဲမှာ ဆရာချစ်ဦးညိုက အရှင်အာနန္ဒာရဲ့ "ပယ်လေးတန်၊ ပန်လေးပါး" ဆိုတဲ့ အကြောင်းကို ရှင်းပြခဲ့ဖူးတယ်။ အဲ့ဒီ့ကတည်းကစပြီး အရှင်အာနန္ဒာဆိုတာ...