Gmail Labs Features for Everyone

အရင်တုန်းကတော့ Google ၏ ပြောင်းလဲမှုများ အကြောင်း မှာ ခုလိုဆက်ရေးဖို့ စိတ်ကူး မရှိဘူး - ဒါပေမယ့် ခုနောက်ပိုင်းကျတော့ Google က ခဏချင်း ခဏချင်း အပြောင်းအလဲတွေ လုပ်တာ အရမ်းများလာလို့ သူပြောင်းလဲတိုင်းသာ Thread အသစ်ဖွင့်ရရင် မြင်မကောင်းဘူးဆိုပြီး ပေါင်းရေး ဖြစ်သွားတာပါ။ ခုလည်း ဟိုတစ်နေ့က Google ကနေ improves လုပ်လိုက်တဲ့ "Undo Send" အကြောင်းလေး နဲနဲ ဖောက်သည်ချချင်လို့ - "Undo Send" ကိစ္စက တစ်ချို့လည်း သိပြီးသား ဖြစ်မယ် - တစ်ချို့လည်း အစိမ်းသက်သက်ဖြစ်မယ် - Gmail မှာ "Undo Send" ရှိတယ်ဆိုတာ စာဖတ်ဖြစ်သူ တစ်ချို့နဲ့ Gmail Labs ထဲကို ဝင်ဝင်ကလိကြလေ့ ရှိတဲ့သူ တော်တော်များများ သိပါတယ်။

မယဉ်ပါးသေးသူ တစ်ချို့ အတွက် "Undo Send" က ဘာလဲ ဆိုတာ ပြန်ပြီး နဲနဲ ရှင်းပြရရင် ကျွန်တော်တို့ စာတစ်စောင် Gmail ထဲမှာ Compose လုပ်လိုက်တဲ့ အခါ နောက်ဆုံး စာတွေ ဘာတွေ ရေးပြီး သွားရင် တစ်ချို့က ပြီးပြီကွ ဆိုပြီး ချက်ချင်း တန်း Send လုပ်လိုက်ကြတယ် - နောက် ၃ - ၄ စက္ကန့် လောက် နေတော့မှ ဟာာ " ငါ Attach Files တွဲဖို့ မေ့သွားပြီတို့" - " ဟာကွာ ဟိုစာလေး ထပ်ပေါင်းလိုက်ရမှာတို့" - စသဖြင့် ပြန်သတိရပြီး အားမလို အားမရနဲ့ နောက်စာတစ်စောင် ထပ်ရေးရတာမျိုးတွေ မကြာခဏ ရှိခဲ့ကြပါတယ် - ရှိလည်းရှိဖူးကြမှာပါ - အဲလို ပြဿနာမျိုး မဖြစ်အောင် - Gmail ထဲမှာပါတဲ့ "Undo Send" က အကူအညီ ပေးပါတယ်။ ဆိုလိုတာက အလောသုံးဆယ်နဲ့ Send ဆိုတာကို နှိပ်ပြီးပြီးချင်း စက္ကန့်ပိုင်း အတွင်းမှာ ကိုယ်တစ်ခုခု အဲ့စာမှာ ထပ်ဖြည့်ဖို့ လိုသေးတယ်ဆိုတာ သတိရရင် ဒီ Undo send ကို နှိပ်ပြီး ချက်ချင်း ရပ်တန့်နိုင်ပါတယ်။ တစ်ဖက်က ကိုယ်ပို့ချင်သူဆီ ချက်ချင်း မပို့တော့ပဲ ပြန်ပြင်လို့ ရတာမျိုး ပေါ့ -



ဒီ Features မျိုးတွေ ရှိနေတာ ကြာပါပြီ - ဒါပေမယ့် တနေ့က စပြီး ပြောင်းလဲ သွားတာ တစ်ခုက အရင်တုန်းက "Undo Send" ဆိုတာ ကိုယ်က Send လုပ်လိုက်ပြီး 5 seconds အတွင်းပဲ သတိပြန်ရခွင့် ရှိပါတယ်။ ပြောချင်တာ 5 seconds ကျော်ပြီးမှ " ဟာကွာ - .. " လုပ်လို့ မရပါဘူး - ပို့ပြီး သွားပါပြီ - ခုတော့ Google က အဲတာလေး ကို နဲနဲ ပြင်ထားပါတယ်။ အရင်က 5 seconds ဆိုပေမယ့် ခု စက္ကန့် ၃၀ ထိတိုးသွားပါပြီ - ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ အောက်မှာ ဖော်ပြသွားပါမယ်။ ( နည်းပညာတွေများ တစ်နေ့ ထက်တစ်နေ့ ထွက်လိုက်တာ အသစ်အဆန်းချည်း လိုက်လေ့လာတဲ့ သူတောင် မနည်းလိုက်နေရတဲ့ အခြေအနေမှာ ဖော်ထုတ်တဲ့ သူတွေ - ပြင်ဆင်တဲ့ သူတွေ ဘယ်လို အတွေးတွေနဲ့များ ဖော်ထုတ်ပြင်ဆင်နေကြတယ် ဆိုတာ မတွေးတတ်လောက်အောင်ပါပဲ။ )

အရင်ဆုံး ဒီအောက်မှာ ဖော်ပြထားတဲ့ Gmail Labs Features ရှိတဲ့ နေရာကို သွားပါမယ်။


နောက် အဲ့ထဲမှာ ရှိနေတဲ့ Gmail Labs Features တွေရဲ့ ကြားက ဒီကောင်ကို ရှာပြီး Enable ပေးပါ။


အားလုံးပြီးသွားရင် ဟိုးအောက်ဆုံးက Save Changes ကိုပေးပါ။


နောက်တစ်ဆင့် အနေနဲ့ ကိုယ် Enable လုပ်ထားတဲ့ Undo send ကို မိနစ်အပိုင်းအခြား ကန့်သတ်ပါမယ်။ ဘယ်နမိနစ်မှ ကိုယ်မေ့နေတာ ပြန်သတိရတတ်လဲ - စဉ်းစားပါ - အဲတာကတော့ ကိုယ့်ပေါ်ပဲ မူတည်ပါတယ် - ( မေ့တတ်သူများသီးသန့် ) အဲလို သတ်မှတ်ပေးဖို့ အောက်ဖော်ပြပါ Gmail Settings နေရာကို သွားပါ။


အဲ့နောက်မှာ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ကိုယ်ပေးချင်သလောက် ပမာဏကို ထားလိုက်ပါ - အများဆုံးရတာကတော့ 30 seconds ပါ။


အားလုံးပြီးသွားရင် ဟိုးအောက်ဆုံးက Save Changes ကိုပေးပါ။


ဒါဆိုရင် နောက်တစ်ခါ စာပို့တဲ့ အခါ Undo ပြန်လုပ်မလုပ် သူက စက္ကန့် ၃၀ စောင့်ပြီးမှ စာပို့ပါလိမ့်မယ်။


"Undo Send" အကြောင်းကတော့ ဒီမှာတင် ပြီးပါပြီ - ဒါပေမယ့် အကြောင်းအရာတစ်ခုတည်း ပြောရတာ သိပ်အားမရသေးလို့ နောက်ထပ် Gmail Labs Features ထဲက ကျွန်တော်နှစ်သက်တဲ့ Features လေးတစ်ချို့ အကြောင်း အသုံးမပြုဖူးသူတွေ သိရှိအောင် မိတ်ဆက်ပေးချင်ပါသေးတယ်။

သူကတော့ ကိုယ့် Gmail ထဲကို Picasa က links တစ်ခုခု အသိမိတ်ဆွေတွေက ပို့လိုက်တဲ့ အခါ Mail ထဲမှာတင် Preview ကြည့်လို့ ရတဲ့ Feature တစ်ခုပါ။ Enable ပေးရမယ့် နေရာကိုတော့ အပေါ်မှာ ဖော်ပြပြီးခဲ့တဲ့ အဆင့်အသီးသီး အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။


နောက်တစ်ခုက Mail တစ်ခုနဲ့ တစ်ခု အမြန်ကူးကြည့်ချင်ရင် - ကျွန်တော်တို့မှာ ပုံမှန်အတိုင်းဆို လက်ရှိကြည့်နေတဲ့ Mail ကနေ Mail box ကို နောက်ပြန်ထွက်ထွက်နေရပါတယ် - တကယ်လို့ ဒီ Feature On ထားမယ်ဆိုရင်တော့ လက်ရှိကြည့်နေတဲ့ Mail ကနေပဲ နောက် Mails တွေဆီကို တစ်ခုပြီး တစ်ခု ကူးသွားလို့ ရပါတယ်။ လုပ်ဆောင်နည်းကတော့ လက်ရှိရောက်နေတဲ့ Mail ကနေ နောက် Mail တစ်ခုကို Right click နှိပ်ပြီး ဘယ်ညာသွားလိုက်ရင် နောက်စာနဲ့ ရှေ့စာကို Inbox ခံပြီး ပြန်စရာမလိုပဲ ရောက်ပါလိမ့်မယ်။


On ရမှာတော့ ဒီကောင်ပါ -


နောက်တစ်ခု သဘောကျတာက စာထဲမှာပုံပါ တစ်ခါတည်း တွဲလို့ ရတဲ့ကောင်လေး -


အဲတာကို On ပြီးရင် အောက်ဖော်ပြပါအတိုင်း တွဲလို့ ရပါပြီ -


နောက်တစ်ခု ကျွန်တော် သဘောကျမိတာပါ Message Preview ပါ -


သူ့ကို On ထားရင် Inbox ထဲ ဝင်ပြီး ကြည့်စရာ မလိုပဲ အပေါ်ယံကနေ ဘာရေးထားတယ်ဆိုတာ အသေးစိတ်ရှပ်ကြည့်လို့ ရပါတယ်။ များသောအားဖြင့်တော့ ဒီကောင်က စာတွေ အများကြီး ထဲမှာ ကိုယ်ရှာချင်တဲ့ စာကို တစ်ခုချင်းဆီ လိုက်ဖွင့်မနေ တော့ပဲ တစ်စောင်ချင်းစီ အပေါ်ယံ ရှပ်ကြည့်ပြီး ရှာတဲ့ နေရာမှာ အသုံးတည့်ပါတယ်။

ဘယ်လို မြင်ရတာလဲ ဆိုတာ ကြည့်ချင်ရင် ဒီနေရာကို နှိပ်ပါ။

ကျွန်တော် မိတ်ဆက်ပေးချင်တဲ့ Gmail Labs Features တစ်ချို့ကတော့ ဒီလောက်ပါပဲ - နောက်ထပ် အများကြီး ကျန်ပါသေး တယ် - စိတ်ဝင်စားသူများ အောက်ဖော်ပြပါ နေရာကို မပျက်မကွက်သွားရောက် စမ်းသပ်ကြပါကုန် -


KznT.

Boomerang for Gmail Beta (0.1)


ဒီနေ့တော့ အားတဲ့ အချိန်လေး အင်တာနက်ထဲ စာလိုက်ဖတ်ရင်း တွေ့မိခဲ့တဲ့ Extension လေး တစ်ခုအကြောင်း မျှဝေချင်ပါတယ်။ Extension ဆိုပေမယ့် သူက လောလောဆယ်မှာ Beta အဆင့်ပဲ ရှိသေးတာ မို့လို့ Browser တိုင်းသုံးလို့ မရသေးပါဘူး - လောလောဆယ် အခြေအနေမှာ Chrome နဲ့ Firefox မှာပဲ Extension တွဲလို့ ရပါသေးတယ်။ သူ့နာမည်ကတော့ Boomerang ပါ -


Boomerang က ဘာလုပ်လဲ ဆိုတော့ ကျွန်တော်တို့တွေဆီကို တစ်နေ့ နဲ့ တစ်နေ့ Emails တွေ ရောက်လာတာ ရှိတယ် - တစ်ခါ တစ်လေ ကိုယ်က Emails ပြန်ပို့ ရတာရှိတယ် - အဲလို အခြေအနေမျိုးတွေမှာ ဥပမာ ဆိုကြပါစို့ - ဒီနေ့ ကျွန်တော့်ဆီကို Emails တစ်ခု ရောက်လာတယ် - အကြောင်းအရာက နောက်တစ်ပတ် " .... " အချိန် " .....  " နေရာမှာ မိတ်ဆုံစားပွဲ ရှိတယ် - တက်ရောက်ဖို့ ဖိတ်ကြားပါတယ် - စသဖြင့် ဖိတ်ကြားချက် Mail တစ်စောင် ဆိုကြပါစို့ - လောလောဆယ် ကျွန်တော်က ဒီ သီတင်းကို သိတာ မှန်ပေမယ့် တကယ် ကျင်းပမယ့် မိတ်ဆုံစားပွဲ အချိန်က ဒီနေ့ကနေ စရေတွက်ရင် တစ်ပတ်တောင် လိုသေးတယ် - ဒီတော့ ကျွန်တော့်မှာ ကြားထဲ တစ်ခြား အလုပ်ကိစ္စတွေ ဘာတွေနဲ့ - သူ့ထက် သူ့ထက် အရေးကြီးတာတွေ ပေါ်လာပြီး တကယ်တမ်း နောက်တစ်ပတ်ကိုလည်း ရောက်ရော အဲ့နေ့မှာ ကျွန်တော် မိတ်ဆုံစားပွဲ သွားရမယ် ဆိုတာ သတိမရတော့ဘူး - အဲ့တော့ Result အနေနဲ့ ကျွန်တော့်ရဲ့ မေ့လျော့မှုက သေသေချာချာ ဖိတ်ကြားထားတဲ့ ဖိတ်ကြားချက်ကို အလေးမထားသလို ဖြစ်သွားရော - ဒါမျိုး မဖြစ်ရအောင် - Boomerang က ကာကွယ်ပေးပါတယ် - သူက ဘယ်လို လုပ်ဆောင်လဲ ဆိုရင် - 



အထက်မှာ ဖော်ပြထားသလို နောက်မှ လုပ်ဆောင်ရမယ့် အကြောင်းအရာတစ်ခု ဖော်ပြထားတဲ့ Mail တစ်စောင် ကိုယ့်ဆီ စောစီးစွာနဲ့ ဝင်ရောက်လာတဲ့ အခါ - အဲ့ဒီ့ Mail ကို ကိုယ်အမှတ်တကယ် သိဖို့လိုအပ်တဲ့ အချိန်  ချိန်းဆိုထားတဲ့ ရက်ရဲ့ ( ဥပမာ - တစ်ရက်ကြိုစောပြီး - တစ်နာရီ ကြိုစောပြီး )  စသဖြင့် နောက်တစ်ကြိမ် ပြန်အသိပေးခိုင်းလို့ ရပါတယ်။ ဆိုလိုတာ ကိုယ့်ဆီ ဝင်လာတဲ့ Mail ကို Schedule လုပ်ပြီး နောက်တစ်ကြိမ် ပြန်ဝင်ခိုင်းတဲ့ သဘောမျိုးပေါ့ -




လုပ်ဆောင်နည်း အကြမ်းမျဉ်းကို မိတ်ဆက်ပေးရရင် ကိုယ့်ဆီဝင်လာတဲ့ စာတွေထဲက နောက်တော့မှ ပြန်ဝင်လာစေချင်တဲ့ စာကို ဖွင့်ပြီး အထက်ပါပုံမှာ မြင်နေရတဲ့ နေရာကနေ တစ်ဆင့် နောက်တစ်နာရီမှလား - နှစ်နာရီမှလား - နောက် လေးနာရီလား - မနက်ဖြန် မနက်လား - ကိုယ့်ဘာသာ အချိန်သတ်မှတ်ချင်တာလား ( At a spefic time ) ဆိုတဲ့ Options တွေထဲက တစ်ခုခု ကို ရွေးလိုက်ပါ။ တကယ်လို့ ကျွန်တော်တို့က ( At a spefic time ) ကို ရွေးလိုက်မယ် ဆိုရင် ဒီအောက်ကပုံစံလေး အတိုင်း Schedule box ပေါ်လာပြီး ကိုယ့်ကို နောက်တစ်ကြိမ် ထပ်မံ အသိပေးစေချင်တဲ့ ( နောက်တစ်ကြိမ် စာထက်ဝင်လာစေချင်တဲ့ ) အချိန်ကို သတ်မှတ်ပေးရပါမယ်။


ထိုနည်းလည်းကောင်းပဲ နောက်နေ့တွေမှာ ပို့စရာ ရှိနေတဲ့ စာတွေကို သတိရတဲ့ အချိန် ကြိုရေးထားပြီး Schedule နဲ့ ကိုယ်ပို့ချင်တဲ့ အချိန်မှ ပို့ခိုင်းထားလို့ လည်း ရပါသေးတယ်။ 




ဒီလို လုပ်ဆောင်ထားခြင်းအားဖြင့် ဘာကောင်းသွားလဲ ဆိုလျှင် မမေ့မလျော့ မပျက်မကွက် လုပ်ဆောင်ရမယ့် Birthday wish တို့ ဘာတို့ကို အဲ့နေ့ ရောက်လို့ ကိုယ် သတိရတာ မရတာ အရေးမကြီးတော့ပဲ - လတ်တလော သတိရနေတဲ့ အချိန် ကြိုရေးထားပြီး Schedule လုပ်ထားခြင်း အားဖြင့် ဝတ္တရားပျက်ကွက်မှုတွေ မဖြစ်နိုင်တော့ပါဘူး - Mail က အချိန်တန်ရင် သူ့ဘာသာသူ ကိုယ် သတိရရ - မရရ ပို့ပေးသွားပါလိမ့်မယ်။


Boomerang ကို ကျွန်တော် ဖော်ပြထားတဲ့အတိုင်း သုံးနိုင်ဖို့ Extension ကို ဟိုးနောက်တစ်ဆင့်မှာ ဖော်ပြသွားမယ့် နေရာကနေ Install လုပ်ဆောင်လို့ ရပါတယ်။ Install လုပ်ဆောင်ပြီး သွားရင် Gmail ထဲကို ဝင်ကြည့်လိုက်ပါ ခုလို မြင်တွေ့ ရပါလိမ့်မယ်။



လောလောဆယ် အခြေအနေမှာ Boomerang က Beta အဆင့်မှာပဲ ရှိသေးလို့ နဲနဲ bug တာလေးတွေတော့ ရှိပါတယ်။ အဲ့ အတွက်တော့ ကို KznT ဘာဖြစ်လဲ မသိဘူး - ကျွန်တော့်စက်မှာ သုံးမရဘူးတော့ မလုပ်ကြပါနဲ့ - ကျွန်တော်လည်း မဖြေရှင်း တတ်ပါဘူး - ကျွန်တော်က ဒီလိုလုပ်လို့ ရကြောင်း ဝေမျှတာပါ - အချိန်တန်ရင် bug တာတွေကို သူပြန်ပြင်ပေးပါလိမ့်မယ် :D

Boomerang Extension ကို Firefox မှာ ဖြစ်ဖြစ် Google Chrome မှာဖြစ်ဖြစ် install လုပ်ဆောင်နိုင်ဖို့ အတွက် ဒီစာမျက်နှာကို သွားပါ။ ရောက်ရင် မြန်မာမိသားစုအတွက် Twitter ကနေ ကျွန်တော် သွားတောင်းထားတဲ့ အောက်ဖော်ပြပါ invite code ကိုထည့်ပေးလိုက်ပါ။ ( သူက မာနကြီးတယ်ဗျ - သူ့ Boomerang Extension ကို ဒီအတိုင်း ဒေါင်းလုပ်ချခွင့် မပေးဘူး - ကျွန်တော့်မှာ Twitter ကနေ ဝင်ပြီး သူ့ @baydinsoftware ကို follow လုပ်ရသေးတယ် နောက်ပြီး invitation code လေး ပေးပါဗျာ ဆိုပြီး Tweet က လုပ်ရသေးတယ် )


သူက အဲ့တော့မှ ကျွန်တော့်ကို invitation code ပြန်ပို့ပေးတာဗျ ဒီမှာသာကြည့် မာနတော်တော်ကြီးတဲ့ကောင် :D


ကျွန်တော့် မိသားစုဝင်တွေတော့ ဒါတွေ လုပ်ဖို့ မလိုတော့ပါဘူး - ကျွန်တော် အောက်မှာ ဖော်ပြထားတဲ့ invitation code ကို အဲ့စာမျက်နှာ ဖြည့်ပြီး install လုပ်ဆောင်ယုံပါပဲ။ Firefox သုံးတဲ့ ညီအစ်ကို မောင်နှမများ Firefox 3.6+ ဖြစ်ဖို့ လိုပါတယ်။


The invitation code for Boomerang for gmail = b4gtweet

နောက်ပြီး ကျွန်တော် လူလည်ကျထားတာ ရှိသေးတယ် - ချလို့ ရတုန်း တစ်ခါတည်း IDM နဲ့ ချပြီး ifile မှာပါ တင်ထားလိုက် တယ် - အဲတော့ တကယ်လို့ မိသားစုဝင်တွေ အဲ့ စာမျက်နှာကို ဝင်မရတာ ဘာညာ ပြဿနာ ရှိလာရင် ဒီ ifile ကကောင်လေး ကို Download ချပြီး သက်ဆိုင်ရာ Browser မှာ install လုပ်လိုက်ယုံပါပဲ။

Boomerang.rar 0.091 MB

အသုံးပြုနည်း အသေးစိတ်ကို အောက်မှာ ဖော်ပြထားတဲ့ video ကနေ ထပ်ကြည့်နိုင်ပါတယ်။


အဲတော့ မိသားစုဝင်များ စမ်းသပ်ကြည့်လို့ ရပါပြီ

KznT.

Gmail's Streamlined Interface and Better Contact Manager

Tuesday, August 10, 2010 << မနေ့ကနေ စပြီး Google ကနေ Users တွေ အတွက် ပိုပြီး အသုံးပြုရလွယ်ကူစေမယ့် Gmail UI ကို တင်ဆက်လိုက်ပါတယ်။  ပြင်ဆင်ထားတာတွေကတော့ မလိုအပ်တဲ့ Features တွေကို Hide ထားလိုက်ပြီး ကျွန်တော်တို့ရဲ့ Messages တွေကို အရင်ကထက် ပိုပြီး မြင်ကွင်းကျယ်ကျယ်နဲ့ ကြည့်ရှုနိုင်အောင် ပြင်ဆင်ပေးထား ပါတယ်။ အသေးစိတ် ပြောရမယ် ဆိုရင် အရင်က Gmail  logo ထက် ခု Gmail logo က ပိုသေးသွားတယ် - နောက် Mail ကြည့်ဖို့ Link - Contacts နဲ့ Contacts တွေ အားလုံးကို Panel တစ်ခုနဲ့ တစ်စုတစ်စည်းတည်း စုရုံး ထားလိုက်ပါတယ်။ အရင်က အစဉ်လိုက် တောင်တစ်ခု မြောက်တစ်ခု ဖြစ်နေတဲ့ Read, Unread, Starred, Unstarred ... ဆိုတာတွေလည်း drop-down တစ်ခုတည်း အောက်ကိုရောက်သွားပါတယ်။



Google ရဲ့ ပြောကြားချက် အရ "အရင်ကထက်စာရင် အခု Header ကိုလည်း သေးပစ်လိုက်ပြီး Mail box ထဲက Message တစ်စောင်ကို ဖတ်တဲ့ အချိန်မှာ အရင် Screen မှာ တွေ့ရတာထက် 16 pixels ပိုပြီး ကျယ်ကျယ်လွင့်လွင့် ဖတ်ရမယ်လို့ ဆိုပါတယ်။"


Gmail ရဲ့ contacts section ပိုင်းကလည်း အောက်ဖော်ပြပါ အတိုင်း အကုန်လုံး Design ပြန်ပြောင်းထားပါတယ်။ Notes ရေးဖို့ ဆိုပြီး ပေးထားတဲ့ နေရာကလည်း တော်တော်လေး ကြီးပါတယ်။


ဒီ features တွေ အားလုံး လူတော်တော်များများ ဒီနေ့ အသုံးပြုနိုင်ပါပြီ။ ဒါတင်မက ဒီ Gmail contact manager အသစ်ကို Google Apps သုံးသူများလည်း ကိုလည်း မကြာခင်မှာ ထည့်သွင်း ပေးသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ Google Apps မှာ သုံးလို့ မရသေးပါဘူး။

KznT.

Did u need extra space in Gmail ??

Google ကနေ Gmail အတွက် free storage space ကို 7.5 GB ဆိုပြီး ပေးထားတဲ့ ပမာဏ ဟာ သာမန် Emails စီစစ် လက်ခံသူတစ်ယောက် အတွက်တော့ တော်ယုံတန်ယုံ ဘယ်တော့မှ ပြည့်မသွားနိုင်လောက်တဲ့ ပမာဏပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေက Emails တွေကို ပုံမှန်ဖျက်လေ့ မရှိ - ကိုယ့်ဆီလာတဲ့ messages တွေထဲက ပမာဏ မနည်းတဲ့ Attachments ကိုယ်စီနဲ့ လာတဲ့ စာတွေကိုလည်း ကိုယ်က လက်ခံထား - ဆိုဒ်တစ်ကာကို ဝင် အဲ့ဆိုဒ်မှာ Account လုပ်လိုက်လို့ Email တောင်းရင်ပဲ ဖြစ်ဖြစ် - Software download ချဖို့ Email တောင်းရင်ပဲ ဖြစ်ဖြစ် ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစား မနေပဲ ဒီ Email တစ်ခုတည်း ကို ပေး - ( အဲလို လုပ်လိုက်တော့ အဲ့ ဆိုဒ်တွေကနေ ကိုယ့် Mail box ထဲကို Spam တွေ နေ့တိုင်း ညတိုင်းမရေမတွက်နိုင်အောင်ပို့ ) - စသဖြင့် လုပ်ဆောင်နေမယ်ဆိုရင်တော့ 7.5 GB မဟုတ်ဘူး 750 GB ပေးလည်း storage space က လောက်မှာ မဟုတ်ပါဘူး။ အထက်ဖော်ပြပါအတိုင်း လုပ်ဆောင်နေမယ်ဆိုရင်တော့ Google ကနေ မကြာခင်မှာ ခုလို အသိပေးလာပါလိမ့်မယ်။





ဒီလို အသိပေးလာပြီ ဆိုရင်တော့ ကိုယ့်ရရှိထားတဲ့ storage limit ကို မကျော်လွန်အောင် ကျွန်တော်တို့ Account ထဲက messages သန့်ရှင်းရေးကို အမြန်ဆုံး ပြုလုပ်ကြရပါမယ်။

Messages သန့်ရှင်းရေး မည်သည့် အတွက်ကြောင့် ပြုလုပ်သင့်သနည်း။

ဖော်ပြပါအတိုင်း သတ်မှတ်ထားတဲ့ storage limit ကို ရောက်ရှိလာပြီ ဆိုရင် ကိုယ့်အတွက် အသုံးမလိုတဲ့ Messages အဟောင်း တွေကို မဖျက်မမျှ ကိုယ့် Account ကနေ စာပို့လို့ မရတော့ပါဘူး - နောက်ပြီး ကိုယ့် Account ဆီ လာတဲ့ messages မှန်သမျှ ဟာ Mail box ထဲကို ဝင်မှာ မဟုတ်တော့ပဲ ပို့လွှတ်သူဆီကို ပြန်ပို့ခံရပါမယ် - စသဖြင့် Action ဝင်လာမှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က ကိုယ့် မိသားစု သူငယ်ချင်း အားလုံးနဲ့ အဆက်ဖြတ် ခံလိုက်ရသလိုပါပဲ -

သင်၏ Mail Quota နောက်တစ်ကြိမ် မဆုံးရံှုးရ စေရန် ကာကွယ်ပါ။

တကယ်လို့ ကိုယ့်ရဲ့ Gmail က storage space ပြည့်သွားပြီ ဆိုရင် ဖြေရှင်းလို့ ရတဲ့ နည်းလမ်း ( ၂ ) ခုရှိပါတယ်။ - အဲ့ဒီ နည်း လမ်းတွေကတော့ storage space ကို Google ကနေ ထပ်မံ ဝယ်ယူပါ။ 20 GB ကိုမှ တစ်နှစ်ကို $ 5.00 USD ပဲ ကျမယ့် plan ဟာ တကယ်တမ်း သုံးမယ်ဆို သုံးပျော်တယ်လို့ ပြောလို့ ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အဲ့နည်းလမ်းကို ရွေးချယ်ဖို့ ခက်ခဲမယ့် သူတွေ အတွက် နောက်နည်းလမ်း တစ်ခုကတော့ ပမာဏများပြီး ကိုယ့်အတွက် အသုံးမလိုတဲ့ Emails တွေကို Gmail ထဲကနေ ဖျက်ထုတ်ပစ်ပြီး storage space ပြန်ရယူဖို့ပါ။ 

အခုနည်းလမ်း ( ၂ ) မျိုးထဲက ပိုက်ပိုက်ပေးစရာမလိုပဲ Free ရပြီး လုပ်ဆောင်ရလည်း လွယ်ကူတဲ့ ဒုတိယနည်းလမ်းကို အသုံးပြု ဖို့ ရွေးချယ်လိုက်ပါမယ်။

အဆင့် ( ၁ ) : ကိုယ့်ရဲ့ Gmail account ထဲဝင်ပြီး ( Settings > Forwarding and POP/IMAP ) ကနေ IMAP ကို Enable ပေးလိုက်ပါ။ အဲ့နောက်မှာ Outlook ကို ကျွန်တော်တို့ Configuration လုပ်ရပါမယ်။ Gmail ကို Outllok 2007 မှာ ဘယ်လို Setup လုပ်သလဲ ဆိုတာ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။ ( ကျွန်တော်က Outlook ကို ဥပမာ ပေးတဲ့ သဘောပါ။ မိသားစုဝင်တွေ အနေနဲ့ ကိုယ် ကြိုက်နှစသက်ရာ Mail client - Thunderbird, Live Mail, စသဖြင့် ) အသုံးပြုနိုင်ပါတယ်။ ဘာကြောင့် သူတို့တွေကို သုံးမှာလဲ - ?? ဘာကြောင့်လဲ ဆိုရင် ဒီ Mail client တွေကို သုံးပြီး Gmail message တွေကို download ချချင်လို့ ဖြစ်ပါတယ်။ ဘာကြောင့် Mail client တွေကို သုံးပြီး Gmail message တွေကို download ချဖို့ စီစဉ်နေတာလဲ ??  ဘာကြောင့်လည်း ဆိုရင် ထောင်နဲ့ချီနေတဲ့ Messages တွေရဲ့ ကြားထဲမှာ ဘယ် Messages တွေက  ကျွန်တော်တို့အတွက် လိုအပ်သလဲ - ဘယ် Messages တကယ်မလိုအပ်ဘူးလဲဆိုတာ Gmail  ထဲမှာ အလွယ်တကူ ရှာဖွေစီမံခန့်ခွဲနိုင်ဖို့  ဆိုတာ တော်တော်လေး ခက်ပါတယ်။ ဒါ့ကြောင့် Mail client တစ်ခုကို သုံးပြီး ကိုယ့်အတွက် တကယ်လိုအပ်တဲ့ Messages နဲ့ တကယ်မလိုအပ်တဲ့ Messages တွေကို အလွယ်တကူ ခွဲထုတ်နိုင်အောင် ကျွန်တော်တို့ စီစဉ်ရတာပါ။ တစ်ခု သိထားရမှာက Gmail message တွေကို Mail client တစ်ခုခု သုံးပြီး Download ချတဲ့ အခါမှာ full message ခေါ် Message တစ်ခုလုံးကို Download ချဖို့မလိုပါဘူး - တကယ်လို့ အဲလိုသာ Download ချလိုက်မိရင် ကိုယ့် Mail box ထဲမှာ စာများရင် များသလို - ကိုယ့် Internet speed က ခနော်နီ ခနော်နဲ့ နိုင်ရင်နိုင်သလို တစ်ရက် မက နှစ်ရက်မကနဲ့ မပြီးဆုံးနိုင်မယ့် လုပ်ငန်းစဉ်ကို အစပျိုးလိုက်မိသလို ဖြစ်သွားပါလိမ့်မယ်။


အဆင့် ( ၂ ) : Outlook 2007 မှာ ကိုယ့် Email account ကို Setup လုပ်ပြီးပြီ ဆိုတာနဲ့ Alt+Ctrl+S ( သို့မဟုတ် ) Tools > Options > Mail Setup > Send/Receive ကို နှိပ်ပြီး Send/Receive settings page ကို သွားလိုက်ပါမယ်။ အဲလို ခေါ်လိုက်တဲ့ အခါ Send/Receive Groups ဆိုတဲ့ Box တစ်ခု ပေါ်လာပြီး အဲကနေမှ တစ်ဆင့် Edit ကို ဝင်လိုက်ရင် အောက်ဖော်ပြပါအတိုင်း Box တစ်ခု ပေါ်လာပါလိမ့်မယ်။




Gmail Inbox ထဲက mails အားလုံးကို ရယူတဲ့ နေရာမှာ သူ Default ပေးထားတဲ့ " Download complete item including attachments " အစား  "Download headers only." ကို ပြောင်းလဲ ရွေးချယ်ပေးပြီး OK ကိုပေးပါ။ ( ကျွန်တော် လောလောဆယ် သုံးနေတာ Outllok 2007 ဖြစ်ပါတယ်။ Outllok 2003, 2010 များနဲ့ အနည်းငယ် ကွဲလွဲမှု ရှိနိုင်ပါတယ်။ )


အဆင့် ( ၃ ) : အားလုံးပြင်ဆင်ပြီးသွားရင် Microsoft Outlook folder နဲ့ Gmail ကို ချိတ်ဆက် sync လုပ်ဆောင်နိုင်ဖို့ အတွက် ကိုယ့် Email client က Send/Receive button ဒါမှမဟုတ် Shortcut key > F9 ကို နှိပ်ပါမယ်။ ကျွန်တော့် Gmail account ရဲ့ Mail box ထဲမှာ ဆိုရင် messages က သိပ်များသေးတာ မဟုတ်ပါဘူး။ ကျွန်တော် နေ့တိုင်း မလိုတာနဲ့ တန်းဖျက် ပစ်တတ်တာ ကြောင့်လည်းပါပါတယ်။ ဒီအဆင့်မှာ ကိုယ့် Mail box ထဲမှာ ရှိတဲ့ messages ပမာဏ များရင် များသလောက် နဲနဲ စောင့်ရပါလိမ့်မယ်။ ( ကျွန်တော့် messages 1090 စောင်ကို Send/Receive လုပ်တုန်းကတော့ ၁၅ စက္ကန့်လောက် စောင့်လိုက်ရပါတယ်။ ) ဒါတောင် ကျွန်တော်တို့က "Download headers only." ကို ရွေးထားလို့ သိပ်မကြာတာပါ။ တကယ်လို့ ရှိတဲ့ mails ကလည်း များ - နောက်ပြီး " Download complete item including attachments " ကိုလည်း ရွေးထားမယ်ဆိုရင် တော်ယုံနဲ့ ပြီးမှာ မဟုတ်တော့ပါဘူး။ 



အဆင့် ( ၄ ) : Outlook ထဲမှာ ရှိနေတဲ့ Gmail folder ထဲက Mails အားလုံးကို မြင်ရဖို့ အတွက် အရင်ဆုံး View > Reading Pane ကို > Off လိုက်ပါမယ် - ဒါဆို ဒီအောက်က ပုံစံအတိုင်း မြင်ရပါပြီ။ ကျွန်တော် ဒီနေရာမှာ Messages တွေအားလုံးကို View > Arrange by ကနေ Date အလိုက် စီခိုင်းလိုက်ပါတယ်။ တစ်ခြား ကိုယ်နှစ်သက်သလို အရွယ်အစား ( size ) အလိုက် - အကြောင်းအရာအလိုက် ( Subject ) - ဘယ်သူ့ဆီက ( from ) - ဘယ်သူ့ဆီကို ( to ) - ကိုယ် Add ထားတဲ့ Email accounts တွေ အလိုက် ( E-mail Account ) စသဖြင့် နှစ်သက်သလို စဉ်ခိုင်းလို့လည်း ရပါတယ်။



အထက်ဖော်ပြပါအတိုင်း ကိုယ့် Email messages တွေကို စဉ်ပြီးပြီ ဆိုရင် ကိုယ်ဖျက်ထုတ်မယ်လို့ စိတ်ကူးထားပြီး အစီအစဉ် မကျဖြစ်နေတဲ့ messages မျိုးတွေကို  Control key နဲ့ ပေါင်းရွေး နောက် အားလုံးကို drag ဆွဲပြီး အောက်ဖော်ပြပါအတိုင်း Outlook ထဲက Gmail အောက်မှာ ရှိတဲ့  sub-folder ခွဲ Trash ထဲကို ထည့်လိုက်ပါမယ်။ re-sync လုပ်တာ သေချာသွားအောင် F9 ဒါမှမဟုတ် Send/Receive button ကို ထပ်နှိပ်လိုက်ပါ။



အဲလိုမျိုးနဲ့ ခေါင်းစဉ် အသီးသီးအောက်က ကိုယ်မလိုအပ်တဲ့ Messages တွေကို Outlook ထဲမှာ Trash ရှိရာဆီ ထည့်ပြီးသွားပြီ ဆိုရင် Gmail ထဲကို Browser ကနေ Login ဝင်လိုက်ပါ။ ကျွန်တော်တို့ Outlook ထဲမှာ Trash ရှိရာဆီ ရွေးချယ်ဖျက်ထုတ်လိုက် တဲ့ Email messages အားလုံးဟာ Gmail ထဲမှာလည်း Trash ထဲ ရောက်ပြီးသား ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ လုပ်ရိုးလုပ်စဉ် အတိုင်း Trash ကို Empty Trash now လုပ်လိုက်ပါ။

မဖျက်ဆီးခင် သိမ်းဆည်းခြင်း။

တကယ်လို့ ကိုယ်ဖျက်ထုတ်ပစ်မယ့် Gmail messages တွေထဲက တစ်ချို့ကို သံယောဇဉ်မပျက်သေးလို့ backup လုပ်ထားချင်သေးတယ် ဆိုရင် Outlook ထဲက သိမ်းထားချင်တဲ့ Messages တွေပေါ်မှာ right click ထောက်ပြီး "Mark to Download Messages" ကို ရွေးပေးလိုက်ပါ။



အဲလို လုပ်ဆောင်ထားလိုက်တာနဲ့ နောက်တစ်ခေါက် re-sync လုပ်တဲ့ အချိန်မှာ Outlook ကနေပြီး file attachments အပါအဝင် full message တစ်ခုလုံးကို Download လုပ်ဆောင်ထားပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်ဆောင်ရမှာက အဲလို Download လုပ်ဆောင်ပြီးသွားတဲ့ Messages ကို Desktop ပေါ် Drag ဆွဲပြီးတော့ပဲ ဖြစ်ဖြစ် တစ်ခြား local folder တစ်ခုထဲကိုပဲ ဖြစ်ဖြစ် ပြောင်းပြီး သိမ်းထားလိုက်ယုံပါပဲ။ ( ဒီအကြောင်းအရာကို ကိုသီဟန်စိုး တစ်ခါ ဒီနေရာမှာ မေးခဲ့ဖူးပြီး အဲ့တုန်းကတော့ သူကလည်း အလျင်လိုနေတာမို့လို့ ကျွန်တော်လည်း ပြည့်ပြည့်စုံစုံ မဖော်ပြလိုက်နိုင်ပဲ တစ်ခြားနည်းလမ်း တစ်ခုဆီပဲ လမ်းညွှန် လိုက်ရပါတယ်။ )


အပေါ်မှာ storage space ပြန်လည်ရယူဖို့ Gmail messages သန့်ရှင်းရေး အကြောင်းကို အဆင့်လိုက် ဖော်ပြပြီးခဲ့ပေမယ့် Gmail အကြောင်းကို ကျွမ်းကျင် နားလည်တဲ့ users တွေအနေနဲ့ နောက်ထပ် complain တက်စရာ နည်းလမ်း တစ်ခု ရှိနေပါ သေးတယ်။ သူတို့တွေက storage space ပြန်လည်ရယူဖို့ ဖြေရှင်းတဲ့ အချိန်မှာ Desktop mail client ကို အသုံးမပြုချင်ကြ တဲ့ သူမျိုးတွေလို့ပဲ ဆိုကြပါစို့ - ဒါဆို ဒီအောက်က နည်းလမ်းကို ဆက်ပြီး လေ့လာကြည့်ပါ။ 


Outlook, Thunderbird, Live Mail, စတဲ့ Desktop mail client တွေ အသုံးအပြုချင်ဘူး - တစ်ခါမှလည်း မသုံးဖူးဘူး - အသစ်တွေ လိုက်စမ်းနေရမှာ စိတ်လည်း ရှုပ်တယ် - အဲတာမျိုးတွေ တစ်ခုမှ မလိုပဲ Gmail messages သန့်ရှင်းရေး မှာ သုံးလို့ရမယ့် တစ်ခြား နည်းလေးများ မရှိတော့ဘူးလား - ဟုတ်ကဲ့ ရှိပါတယ်။ Storage limit ပြည့်လုမတတ်ဖြစ်နေတဲ့ Mail box ကို ဒီအောက်က နည်းတွေနဲ့ ရှင်းကြည့်ပါ။


» Query string >> "has:attachment" ဆိုပြီး Search mail ရဲ့ ဘယ်ဘက်က Box မှာ ရိုက်ပြီး ရှာလိုက်ပါ။ attachment ပါတဲ့ Mails မှန်သမျှကို သူ ပြပါလိမ့်မယ်။ ဒီ String ကို ဒီ့ထက်ပိုပြီး ထပ်ပြီး တိကျအောင် ခိုင်းစေလို့ ရပါသေးတယ်။ ဥပမာ ပြောရရင်  "has:attachment from:me label:sent" - အဲလို ရိုက်ပြီး ရှာခိုင်းလိုက်ရင် ကိုယ်ပို့ခဲ့တဲ့ messages တွေထဲက attachment ပါတဲ့ messages တွေကို သူ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ ထဲကနေမှ ရွေးထုတ်ပြီး ကိုယ် Delete လုပ်ချင်တဲ့ messages တွေကို ဖျက်ထုတ်ပစ်ပါ။


» Query string >> filename:pdf သို့တည်းမဟုတ် filename:xls ဆိုတာကတော့ messages တွေမှာ ပါတဲ့ attachments တွေထဲကမှ file type တစ်ခုချင်းစီကို သီးသန့် အသေးစိတ် ရည်ညွှန်းလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီ့ စာလုံးကို အပေါ်မှာ ပြခဲ့တဲ့ Query string >> "has:attachment from:me label:sent" နဲ့ ပေါင်းလိုက်တဲ့ အခါ ကိုယ်ပို့ခဲ့တဲ့ messages တွေထဲက attachment တွေထဲမှာ PDF files တွေ - xls files တွေချည်းပဲ ပါတဲ့ messages တွေကို ချည်းပဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်။


» တစ်ခါတစ်လေ Gmail inbox ပြတဲ့ messages ပမာဏ အရမ်းနည်းနေတယ်လို့ ယူဆရင် တစ်မျက်နှာကို messages အရေအတွက် အများဆုံး ၁၀၀ ပြအောင် လုပ်ဆောင်လို့လည်း ရပါတယ်။ ဒီ setting က messages ပေါင်းများစွာကို တစ်ချိန်တည်း တစ်ပြိုင်တည်း Select လုပ်ပြီး ဖျက်ချင်တဲ့ အခါမှာ အရမ်း အသုံးဝင်ပါတယ်။



» Query string >> "before:2009/01/01 label:sent" ဆိုပြီး ရှာမယ် ဆိုရင်တော့ January 1, 2009 မတိုင်ခင်က ကိုယ်ပို့ခဲ့တဲ့ messages တွေ အားလုံးကို ဖော်ပြလာမှာ ဖြစ်ပါတယ်။ ဒီ Query string က >> ကိုယ်ပို့ခဲ့တဲ့ စာအဟောင်း တွေကို ဖျက်ပစ်ချင်ရင် အသုံးဝင်ပါတယ်။

» တကယ်လို့ ကိုယ်က ဖတ်နေကျ Blogs တွေ Websites တွေကနေ messages တွေရဖို့ subscribed လုပ်ထားတယ်ဆိုရင် သူတို့တွေက နောင်တစ်ချိန်မှာလည်း ပြန်ဖတ်မယ့် Messages မျိုးတွေ မဟုတ်တော့လို့ ခုလို Space လိုအပ်နေချိန်မှာ ဖျက်ပစ်ဖို့ အသင့်တော်ဆုံးပါပဲ။ Query string >> from:mail-address@list.com - ကနေ messages တွေကို ရှာဖြွေပီး အကုန် ဖျက်ထုတ်ပစ်လိုက်ပါ။

» ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ GMail search operators တွေက ရှာခိုင်းတဲ့ အတိုင်း ကောင်းကောင်း အလုပ်မလုပ် တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုဆိုရင်တော့ အပေါ်ဆုံးမှာ ဖော်ပြခဲ့ပြီးတဲ့ Outlook, Thunderbird စတဲ့ Mail client တစ်ခုခု သုံးပြီးတော့သာ messages တွေ ဖျက်ဖို့ လုပ်ဆောင်ပါ။

» GMail နဲ့ Outlook ရဲ့ ကွာခြားသွားချက်က - ကျွန်တော်တို့ messages တွေ ဖျက်ထုတ်ပစ်ဖို့ရှာတဲ့ နေရာမှာ Gmail ထဲမှာ ဆိုရင် Attachments တွေရဲ့အရွယ်အစားအလိုက် messages တွေကို ရှာဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Outlook ထဲမှာတော့ မျိုးစုံအောင် အလွယ်တကူ စိတ်ကြိုက်ရှာလို့ ရပါတယ်။ ဒီအကြောင်းကို အပေါ်မှာ ဖော်ပြခဲ့ပြီးသားမို့ ထပ်မရှင်းတော့ပါဘူး။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေထဲက အချက်တစ်ချို့ဟာ Gmail Storage space မလုံလောက်မှု နဲ့ ကြုံတွေ့နေရတဲ့ မိသားစုဝင်များ အတွက် အတိုင်းအတာ တစ်ခုထိ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။

KznT.

How to Backup your Gmail Account

ဟိုးမိုးကောင်းကင်ပေါ်က ကျွန်တော်တို့ မထိတွေ့နိုင်တဲ့ တိမ်တိုက်တွေထဲမှာ ကျွန်တော်တို့ရဲ့ mails တွေ ရှိနေကြတယ်။ ဘယ်သူမှ ခိုးယူဖို့ မလွယ်တာ သိပေမယ့် ညတိုင်းညတိုင်း ကျွန်တော်တို့ အိပ်မပျော်နိုင်ကြဘူး။ ဘာကြောင့်လဲ ?? အင်တာနက် နဲ့ နည်းပညာတွေက နေ့စဉ်နဲ့ အမျှ တိုးတက်နေတာ ကို ကျွန်တော်တို့ သိနေတယ်။ ဒီ ရလာဒ်နဲ့ အတူ hackers တို့ ၊ မသမာသူတို့ ဆိုတာလည်း ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်က ကိုယ်တွေ မမြင်နိုင်တဲ့ နေရာမှာ နေပြီး အချိန်ပြည့် ကျွန်တော်တို့ရဲ့ လစ်ဟာသွားမယ့် အချိန်ကို စောင့်ကြည့်နေကြတယ်။ Hacker တစ်ယောက်က ကိုယ်လိုသူကို Mails အကောင့်တစ်ခုကို အပင်ပန်းခံ အချိန်ကုန်ခံပြီး ဘယ်သူမှ ့မ Hack ကြဘူး။ သူတို့ ဘာတွေ Hack လုပ်မလဲ - သူတို့ အတွက် အမြတ်ရနိုင်မယ့် ဘဏ်တွေ ၊ စီးပွားရေး လုပ်ငန်း လျှို့ဝှက် သတင်းအချက်အလက်တွေ ၊ နည်းပညာဆိုင်ရာ တစ်ခြားနိုင်ငံ တစ်ခုရဲ့ လျှို့ဝှက် စမ်းသပ်တွေ့ရှိထားချက်တွေ စသဖြင့် ဒါမျိုးတွေကို Hack ကြပါတယ်။ ဒါဆို ကိုယ်တွေသုံးတဲ့ ကိုယ်လို သူလို Accounts တွေကိုကျ ဘယ်သူတွေ Hack ကြသလဲ။ အဲလို အမူအကျင့်မျိုးကိုတော့ Hackers တစ်ယောက်လို မကျွမ်းကျင်တဲ့ သူခိုးကျင့် သူခိုးကြံ သမားများ - သူများအကြောင်း ၊ သူများ မသိစေချင်တဲ့ အကြောင်းအရာကို တိတ်တိတ်ပုန်း အနံ့ခံလိုသူများ လုပ်ဆောင်ကြပါတယ်။ သူတို့တွေကို Hackers လို့ ပြောမယ်ဆိုရင်တော့ Hacker နာမည် ပျက်ပါတယ်။ သူတို့က Hackers ဘွဲ့နဲ့ မတန်ပါဘူး။ သူတို့က အောက်တန်းစား သူခိုးသာ ဖြစ်ပါတယ်။



အခုလို သူခိုးကျင့် သူခိုးကြံ သမားများ ရန်ကနေ ကာကွယ်နိုင်ဖို့ အတွက် နည်းလမ်းပေါင်း မနည်းရှိပေမယ့် အမှောင်ထဲက လူတစ်ယောက်ရဲ့ ပြုမူလာမယ့် ရန်ကို ကျွန်တော်တို့ အလင်းဘက်မှာ ရပ်နေသူတွေက အချိန်ပြည့် အသင့်ရင်ဆိုင်နိုင်ဖို့ ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် သူတို့ပြုမူလာမယ့် အန္တရာယ်ကို မတားဆီးနိုင်ခဲ့ဘူး ဆိုရင်တောင် အန္တရာယ်ကို ရင်ဆိုင်ပြီးချိန် နောက်ပိုင်းမှာ ကိုယ့်ဆီက ဆုံးရှုံးသွားရတဲ့ အရာတွေကို အမြန်ဆုံး Recovery လုပ်နိုင်ဖို့ ကျွန်တော်တို့မှာ B-PLAN ရှိထားဖို့ လိုပါတယ်။

Emails - Emails ဆိုတာ ကျွန်တော်တို့ရဲ့ အသက်ပါပဲ။ လူတစ်ချို့က Personal account, Businees account စသဖြင့် Accounts များစွာခွဲပြီး အလုပ်လုပ်ကြပေမယ့် တစ်ချို့ကတော့ Accounts တစ်ခုတည်းကိုပဲ စီးပွားရေး လုပ်ငန်းကစလို့ ကိုယ်ရေးကိုယ်တာ တိုင်အောင် အသုံးပြုကြတာလည်း ရှိပါတယ်။ အဲ့ထဲမှာ ဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဉ်နဲ့ အမျှ လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေ ၊ သတင်းအချက် အလက်တွေ ၊ နောက် ငွေဝင်ငွေထွက် စာရင်းတွေ ၊ မိသားစု အကြောင်းအရာတွေ စသဖြင့် မနည်းမနော ရှိနေပါတယ်။ ဒီလို ကိုယ့်အတွက် အရေးကြီးတဲ့ အကြောင်းအရာတွေကို ကိုယ့်ရဲ့ အောင်မြင်မှုကို မနာလို မရှုစိမ့်တဲ့ တစ်ခြားသူတစ်ယောက် - တစ်နည်းအားဖြင့် မသမာသူ တစ်ယောက်က ခိုးယူနိုင်ဖို့ ကြိုးစားနေမလား - ကြိုးစား မနေဘူးလားဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ နေ့စဉ်နဲ့ အမျှ ကျွန်တော်ကြားနေရတယ်။ ကျွန်တော့် အကောင့် အဟက်ခံလိုက်ရလို့ - ကျွန်မအကောင့် ဝင်မရတော့လို့ - လုပ်ပါ မရရအောင် ပြန်ယူပေးပါ - အဲ့ထဲမှာ အလုပ်က အရေးကြီးတဲ့ Mails တွေပါသွားလို့ပါ - စသဖြင့် အမြဲ တွေ့နေကြားနေ ရပါတယ်။ သူများဆီ ရောက်သွားပြီ ဖြစ်တဲ့ အကောင့် တစ်ခု ကိုယ့်ဆီ ပြန်ရောက်လာဖို့ ဆိုတာ ပြောသလောက် မလွယ်ပါဘူး။ ပြန်ရတယ်ပဲ ထား - ကိုယ့် အကောင့်ထဲက အကြောင်းအရာတွေကို သူ ဖျက်လို့ ဖျက်ဆီး လုပ်ထားပြီးသား တွေလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ အဲ့အတွက် ကျွန်တော်တို့ရဲ့ Mails တွေကို ကာကွယ်ထားဖို့ လိုလာပါပြီ။

ဘယ်လို ကာကွယ်မှာလဲ ??

ကာကွယ်နည်းတွေကတော့ မနည်းမနောရှိပါတယ်။ လူတစ်ချို့ကတော့ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ Emails တွေကို ကာကွယ်နိုင်ဖို့ အတွက် ( ဥပမာ - Gmail ဆိုကြပါစို့ ) ကိုယ့်ရဲ့ Local computer ထဲကို Emails တွေ ရောက်ရှိနိုင်ဖို့ POP3 access ကို Gmail settings ကနေ enable ပေးပြီး desktop mail client အကူအညီနဲ့ local computer ထဲကို download ဆွဲပြီး သိမ်းထားကြပါတယ်။ အဲလို လုပ်ဆောင်ထားလိုက်ခြင်း အားဖြင့် ဟိုးမိုးကောင်းကင်ပေါ်က ကျွန်တော်တို့ မထိတွေ့နိုင်တဲ့ တိမ်တိုက်တွေထဲမှာ ရှိနေတဲ့ စာတွေ - ကျွန်တော်တို့ရဲ့ Local computer ပေါ်က HD ပေါ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အဲတာကို လုပ်ဆောင်ရတာ ခက်လည်းမခက်ပါဘူး။ Windows Live Mail, Outlook နောက် Thunderbird စတဲ့ Email clients တစ်ခုခုကို သုံးပြီး အလွယ်တကူ Backup လုပ်ဆောင်ထားနိုင်ပါတယ်။


ဘာကြောင့် ကျွန်တော်တို့ရဲ့ Gmails တွေကို Backup လုပ်သင့်တာလဲ ??



တကယ်လို့ ကျွန်တော်တို့တွေက desktop applications တွေ သုံးပြီး Gmail ကို Backup လုပ်ရတာ သဘောမကျဘူး - သုံးရတာလည်း အဆင်မပြေဘူးလို့ ယူဆမယ် ဆိုရင် နောက်ထပ် နည်းလမ်း တစ်ခုကို ပြောင်းသုံးပြီး Gmail ကို Backup လုပ်နိုင်ဖို့ ကျွန်တော်တို့ ရွေးချယ်နိုင်ပါတယ်။ အဲတာကတော့ ပိုက်ဆံ ပေးစရာမလိုတဲ့ နေရာတစ်ခုမှာ ကိုယ့် Gmail တွေ အားလုံးကို  Online Backup လုပ်ထားဖို့ပါ။ အဲဒီတော့ Gmail messages တွေကို Online Backup ဘယ်လိုလုပ်ဆောင်နိုင်မလဲ ?? ကျွန်တော်တို့ မသွားခင်မှာ Gmail messages တွေကို ဘာကြောင့် Online Backup လုပ်ဆောင်ထားသင့်လဲ ဆိုတာ အခြေအနေ ( ၃ ) ခုနဲ့ယှဉ်တွဲဖော်ပြ သွားပါ့မယ်။


အကြောင်းပြချက် ( ၁ ) – တကယ်လို့များ ကျွန်တော်တို့ရဲ့ Gmail account ကို မသမာ သူ လူတစ်စုရဲ့ ခိုးယူခံရခြင်း ( Hack ခံရခြင်း ) ဆိုတဲ့ အခြေအနေမျိုး ဖြစ်ပေါ်တဲ့ အခါမှာ Account ဆုံးရံှုးသွားပေမယ့် ကိုယ့်အတွက် မရှိမဖြစ် လိုအပ်မယ့် Data တွေ ဆုံးရံှုးမှု မရှိပဲ အရေးအကြီး အချက်အလက်အားလုံး မိမိလက်ဝယ် ရရှိနေဦးမှာ ဖြစ်ပါတယ်။

အကြောင်းပြချက် ( ၂ )  – လူဆိုတာ အမှားနဲ့ မကင်းနိုင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် မိမိ Mail box ထဲမှာ ရှိနေတဲ့ Mails တွေထဲက အရေးကြီး Mails တစ်ချို့ကို မှားယွင်းပြီး ဖျက်ထုတ်မိလိုက်မယ် ဆိုရင်လည်း Online Backup ကနေ တဆင့် အချိန်မရွေး ပြန်လည် ရရှိနိုင်မှာ ဖြစ်ပါတယ်။

အကြောင်းပြချက် ( ၃ ) – တကယ်လို့များ Gmail service - Down သွားမယ်ဆိုရင် ( တကယ်ပါ -Down နိုင်ပါတယ်။ )  တောင် ကျွန်တော်တို့ အနေနဲ့ ကိုယ့်ရဲ့ Emails တွေကို သက်တောင့်သက်သာ အပူအပင်မရှိ ဖတ်နေနိုင်ဦးမှာ ဖြစ်ပါတယ်။ Gmail service သူ့ဘာသာ ဘာပဲ ဖြစ်ဖြစ် ဂရုစိုက်ဖို့ မလိုပါဘူး။ 

Gmail Messages များအား Online Backup ပြုလုပ်ခြင်း

ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့အတွက် ငွေကြေးတစ်ပြားတစ်ချပ် အကုန်အကျခံစရာမလိုပဲ ကျွန်တော်တို့ရဲ့ Gmail နဲ့ Google apps မှာ ရှိနေတဲ့ Emails တွေကို automatically backup ပြုလုပ်ပေးမယ့် Services ( ၃ ) မျိုး ရှိပါတယ်။



ပုံအမှတ် ( ၁ )

နည်းလမ်း ( ၁ ) - ပထမဆုံး အနေနဲ့ အကြောင်းပြချက် ( ၁ ) ကို ဦးတည်ချက်ထားပြီး Gmail account အချင်းချင်း ဘယ်လို Backup လုပ်ဆောင် သွားမယ်ဆိုတာ တင်ပြသွားပါ့မယ်။ ကိုယ့် Gamil ထဲကို ဝင်ပြီး  Settings ကိုသွားပါ။ အဲကနေမှ တဆင့် Settings –> Accounts and Import –> Check mail using POP3 –> Add POP3 email account ကို အဆင့်လိုက် လုပ်ဆောင်သွားပါ။



ပုံအမှတ် ( ၂ )

ပုံမှာ ပြထားတဲ့ အတိုင်း Email address နေရာမှာ ကိုယ့်ရဲ့ Main Gmail Account ( Backup လုပ်ဆောင်ထားချင်သော account ) ကို add ပြီး Next Step ကို သွားပါ့မယ်။ နောက်တစ်ဆင့်မှာ မြင်ရမယ့် ပုံကတော့ ခုလိုပုံပါ။



ပုံအမှတ် ( ၃ )

ဒီအဆင့်မှာတော့ ဖော်ပြပါအတိုင်း ဖြည့်သွင်းပေးပြီး Add Account ကို သွားလိုက်တာနဲ့ Google ကနေပြီး ကိုယ့်ရဲ့ Main account ရှိရာဆီကို မူပိုင်ခွင့်ကို အတည်ပြုဖို့အတွက် Code တစ်ခုကို Mail ကနေ ပို့ပေးပါလိမ့်မယ်။ အောက်ဖော်ပြပါ အတိုင်း ဆင်တူတဲ့ Mail ပါ။



ပုံအမှတ် ( ၄ )

အထက်က ပုံမှာတွေ့နေရတဲ့ code : 37706877 စသဖြင့် ဆင်တူတဲ့ သက်ဆိုင်ရာ Mail နဲ့အတူပါလာမယ့် Code ကို ကိုယ့်ရဲ့ Backup လုပ်ချင်တဲ့ Mail account ရှိရာဆီ ဝင်ကြည့်ပြီး Copy ကူး - နောက် ပုံအမှတ် ( ၃ ) မှာ အဆင့်လိုက် ဆက်သွားရင် နောက်ဆုံးမှာ ရောက်လာမယ့် Verify လုပ်ပေးရမယ့် Box မှာ အဲ့ Code ကို ဖြည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ 

Verify လုပ်ပြီး ချိန်ကနေ စလို့ ကိုယ့် Main account မှာ ရှိနေတဲ့ mail တွေကို Backup လုပ်မယ့် အကောင့်ရှိရာဆီ  Mail fetcher program ကနေ ဖြည်းဖြည်းချင်း အလိုလျောက် လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ စာတွေ အားလုံး လွှဲပြောင်း ပြီးဖို့အတွက် ကြာမြင့်နိုင်မယ့် ကြာမြင့်ချိန်ကတော့ ကိုယ့် Main Account ရဲ့ ထဲမှာ ရှိနေတဲ့  Mails အရေအတွက်ပေါ် မူတည်ပြီး အချိန်အတိုင်းအတာ တစ်ခုထိ ကြာမြင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းဟာ ကျွန်တော်စမ်းသပ်ကြည့်ချက် အရ  “read”  လုပ်ပြီး သွားတဲ့ Mails တွေနဲ့ အရင်တစ်ချိန်က တစ်ခြား POP3 client ကို သုံးပြီး ဒီ Mails တွေကို downloaded ချထားခဲ့ဖူးတယ် ဆိုရင် အဲ့ Mails တွေကို လွှဲပြောင်းမပေးတော့ပဲ မူရင်း account မှာပဲ ထားခဲ့တာမျိုး တွေ့ရပါတယ်။ ဒါကြောင့် ဒီနည်းလမ်းက “true backup” လုပ်ဆောင်နည်းပါလို့ ပြောဖို့ ခက်နေပါတယ်။ အဲတော့ ကျွန်တော်တို့ သေချာမယ့် နောက် နည်းလမ်း တစ်ခုဆီ ချဉ်းကပ်ကြည့်ရအောင်ပါ။


နည်းလမ်း ( ၂ ) - ခု ကျွန်တော်တို့ ချဉ်းကပ်ကြည့်မယ့် ဒုတိယနည်းလမ်းကတော့ Gmail Mailbox ကို Windows Live Hotmail ထဲမှာ ပြောင်းရွှေ့သိမ်းဆည်းဖို့ပါ။ အပေါ်မှာ ကျွန်တော်တို့ သုံးခဲ့တဲ့ Gmail ရဲ့ mail fetcher လုပ်ဆောင်ပုံအတိုင်းပဲ Gmail account ကို Hotmail မှာ POP3 သုံးပြီး Add လိုက်ခြင်း အားဖြင့်လည်း ကိုယ့် Gmail account ထဲက Mails တွေကို Hotmail ထဲမှာ အလိုလျောက် Copy ကူးပြီး သိမ်းဆည်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ အဲလို Gmail ကနေ Hotmail ဆီ Backup Copy ထားရှိတဲ့ လုပ်ဆောင်မှုကို TrueSwitch လို့ခေါ်ပြီး ဖော်ပြပါ နေရာကနေ သွားရောက်လုပ်ဆောင်နိုင်ပါတယ်။ မြင်ရမယ့် ပုံစံကတော့ ခုလိုမျိုးပါ။



အပေါ်မှာ ဖော်ပြထားခဲ့ပြီးတဲ့ အတိုင်း ကိုယ် Backup လုပ်ဆောင်ချင်တဲ့ Gmail address တစ်ခုနဲ့ သက်ဆိုင်ရာ Account password - နောက် မိမိရဲ့ Hotmail address နဲ့ သက်ဆိုင်ရာ password ကို ဖြည့်သွင်းပေးပြီးတဲ့နောက် မှာ Copy to Windows Live Hotmail ကို ဆက်သွားလိုက်ပါ။ နောက်စာမျက်နှာ တစ်ခုကို ရောက်တဲ့ အချိန်မှာ ခုလိုတွေ့ရမှာဖြစ်ပါတယ်။



TrueSwitch ကိုသုံးပြီး Hotmail Account မှာ ကိုယ့်ရဲ့ Gmail တွေကို Backup လုပ်ရတာ လွယ်လည်း လွယ်ကူသလို တိလည်းတိကျပါတယ်။ ကိုယ့်ရဲ့ Gmail ထဲမှာ ရှိနေသမျှ Mails တွေ အားလုံးနဲ့ ပါဝင်သမျှ Attachments အားလုံးကို Hotmail account ဆီ အချိန်ပမာဏ တစ်ခု ကြာမြင့်ပြီးတဲ့နောက်မှာ အားလုံးအပြီးအစီး ရွှေ့ပြောင်းပေးပါလိမ့်မယ်။ ဘယ်လောက်ထိ ကြာမှာလဲ ?? တကယ်လို့ ကိုယ့် Gmail Inbox ထဲမှာ Mails တွေက မတန်တဆ များပြားနေတယ် ဆိုရင်တော့ ဒီ Backup Process ဟာ ( ၂၄ ) နာရီ နဲ့ အထက် ကြာမြင့်မှာ ဖြစ်ပါတယ်။ အားလုံးရွှေ့ပြောင်းလို့ ပြီးမပြီး ဆိုတာကို ရွှေ့ပြောင်းလို့ ပြီးရင်ပြီးချင်း Email ပို့လွှတ် အကြောင်းကြားပါလိမ့်မယ်။ 


Gmail နဲ့ Hotmail နှစ်ခုလုံးက သူတို့ပေးထားတဲ့ Storage space ကို တိုးချဲ့ချင်ရင် တိုးချဲ့နိုင်အောင်လည်း Offers လုပ်ထားတာ ရှိပါတယ်။ စျေးကတော့ အောက်ဖော်ပြပါ အတိုင်းပါ။




အဲလို ဝယ်ယူပြီး ကိုယ့် Google Inbox ကို တိုးချဲ့ပြီးသွားပြီ ဆိုရင် နောက်ထပ် ဝင်လာမယ့် Mails တွေကို ဆက်တိုက် Backup လုပ်သွားဖို့ အတွက်ကတော့ အောက်ဖော်ပြပါအတိုင်း လုပ်ဆောင်ပါ။



Hotmail ထဲက Sidebar မှာ ရှိနေတဲ့ ( အထက်မှာ ဖော်ပြထားတဲ့ ပုံအတိုင်း ) Add an email account ကို click ပေးပြီး ကိုယ့်ရဲ့ Gmail address ကို Add ထားနိုင်ပါတယ်။ အဲလိုလုပ်ထားလိုက်တာနဲ့ နောင်တစ်ချိန် Gmail ထဲကို ရောက်လာသမျှ စာအားလုံး လည်း Hotmail ထဲမှာ Backup လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။





အပေါ်မှာ ဆွေးနွေးပြီးခဲ့တဲ့ Services အားလုံးဟာ အားနည်းချက် တစ်ခုစီတော့ ရှိနေပါတယ်။ အဲတာကတော့ သူတို့ အားလုံးဟာ တစ်ခါ Backup လုပ်ဖို့ ဖန်တီးလိုက်ပြီ ဆိုတာနဲ့ Gmail mailbox ထဲမှာ ရှိသမျှဝင်လာသမျှ Mails အားလုံးကို Backup လုပ်ဆောင်ပေးနေမှာ ဖြစ်ပြီး - ကိုယ်လိုချင်တဲ့ Folders တွေကိုချည်း သီးသန့် Backup လုပ်ဆောင်လို့တော့ရမှာ မဟုတ်ပါဘူး။




အထက်ပါပုံမှာ ဖော်ပြထားသလိုမျိုး ကိုယ်လိုချင်တဲ့ folder တစ်ခုချင်းကိုပဲ သီးသန့် Backup လုပ်ဆောင်ချင်တယ် ဆိုရင်တော့ Backupify ကို စမ်းသုံးကြည့်ပါ။ 




Backupify ဆိုတာ Gamil အပါအဝင် ကိုယ့်ရဲ့ Online မှာ ရှိနေတဲ့ accounts တိုင်းက တန်ဖိုးရှိရာတွေကို ပုံမှာ မြင်ရတဲ့ အတိုင်း တစ်ခုချင်းစီအလိုက် Backup လုပ်ထားနိုင်တဲ့နေရာဖြစ်ပါတယ်။


ခုကျွန်တော် ဖော်ပြခဲ့ပြီးသလောက်ဆို ကိုယ့်ရဲ့ Gmail ထဲမှာရှိနေတဲ့ messages တွေကို Online မှာ ဘယ်လို Backup လုပ်ဆောင်ထားနိုင်မလဲ ဆိုတာ သိရှိကြလောက်ပါပြီ။ မိမိရဲ့ အရေးကြီးတဲ့ အကြောင်းအရာ - အချက်အလက် - စာရွက် စာတမ်းတွေကို ခုလိုမျိုး တစ်ခြားနေရာတစ်ခုမှာ ပြောင်းရွှေ့သိမ်းဆည်းထားခြင်းအားဖြင့် အရေးအပေါ် အခြေအနေမှာ မိမိရဲ့ Data များ ပျက်စီးပျောက်ဆုံး ဆုံးရံှုးခြင်းကနေ ကာကွယ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း အဆုံးသတ် လိုက်ပါတယ်။ 


KznT.

Gmail This !!

တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေ project ကိစ္စတစ်ခု အတွက်ပဲ ဖြစ်စေ ၊ လုပ်ငန်းကိစ္စ တစ်ခုအတွက်ပဲ ဖြစ်စေ ၊ အင်တာနက်ထဲက မိမိနှစ်သက်ရာ အကြောင်းအရာတစ်ခုကို ရင်းနှီးတဲ့ သူငယ်ချင်း အသိမိတ်ဆွေ တစ်ယောက်ဆီကို ဖြစ်စေ အချိန်မကြန့်ကြာစေပဲ မျှဝေချင်တဲ့ စိတ်ကူးမျိုး ဖြစ်ပေါ်မိကြဖူးမယ် ထင်ပါတယ်။ အင်တာနက်ထဲမှာ ခုလို Sharing လုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီး Fackbook, Google Buzz, Twitter, Digg, ... စတဲ့ Sharing လုပ်တဲ့ လုပ်ငန်းစဉ်တွေ တော်တော်များများကို ရှိပါတယ်။ ဒါပေမယ့် ဘယ် Sharing တွေ ဘယ်လောက် ကောင်းကောင်း ကျွန်တော်တို့ မြန်မာတွေ တော်တော်များများ ခုချိန်မှာ အကျွမ်းတဝင် အရှိဆုံး Sharing လုပ်ဖို့သုံးဖြစ်ကြတာ Gmail လို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ဒီ့ အတွက် ကျွန်တော်တို့မှာသာ Gamil account တစ်ခု ရှိနေမယ်ဆိုရင် ခုလိုအပ်ချက်တွေကို GmailThis!! ဆိုတဲ့ Bookmarklet နဲ့ ဖြည့်ဆည်းနိုင်ပါပြီ။ Gmail ထဲ ဝင်စရာမလိုဘူး ၊ Compose Mail တွေ လုပ်ဖို့ မလိုဘူး၊ Copy > Paste တွေ လုပ်ဆောင်ဖို့ မလိုဘူး။ Click ၂ ချက် > ( ၃ ) စက္ကန့်အတွင်းလောက်မှာ ကိုယ်မျှဝေချင်တဲ့ အကြောင်းအရာကို မျှဝေချင်သူဆီ အောက်ဖော်ပြပါ နည်းနဲ့ ဝေမျှနိုင်ပါပြီ။


ထူးထူးထွေထွေ လုပ်ဆောင်စရာ မလိုပါဘူး။ GamilThis ကို ရယူဖို့ အတွက်က အောက်မှာ ဖော်ပြထားတဲ့ GmailThis!! ကို “Bookmarks Toolbar” ရှိရာဆီ drag ဆွဲပြီး ထားလိုက်ဖို့ပါ။



GmailThis!! <<-- ( ဖော်ပြပါ GmailThis!! အား သင့် Browser ရှိ Toolbar ရှိရာဆီသို့ Drag ဆွဲယူ၍ ချထားလိုက်ပါ။ )

ဆက်လက်ပြီး သူ့ကို ဘယ်လို အသုံးချသွားမယ်ဆိုတာ ဆွေးနွေးသွားပါ့မယ်။ > ကိုယ်ဝေမျှချင်ရာ အကြောင်းအရာရှိတဲ့ webpage ကို အရင်ဆုံးအရောက်သွားလိုက်ပါ။ ရောက်ရှိပြီ ဆိုရင် အောက်ဖော်ပြ အတိုင်း ကိုယ်ဝေမျှချင်တဲ့ အကြောင်းအရာကို အပိုင်းလိုက် ဖြစ်စေ ၊ တစ်ပုဒ်လုံး ဖြစ်စေ select လုပ်လိုက်ပါ။ Select လုပ်ယုံပါပဲ Copy လုပ်ဖို့ မလိုပါဘူး။




အပေါ်မှာ ပြထားသလို select လုပ်ပြီး GmailThis!! ဆိုတာ နှိပ်လိုက်တာနဲ့ ကိုယ်ပို့ချင်တဲ့ အကြောင်းအရာကို Gmail ထဲက Compose Mail ထဲ Copy ကူးပြီး အသင့်ဆွဲခေါ်သွားပါလိမ့်မယ်။




နဲနဲ ဖြည့်စွက်ချင်တဲ့ စာကြောင်း အနဲငယ်ရှိရင် ထပ်မံဖြည့်စွက်ပြီး ကိုယ်ပို့ချင်တဲ့ account ပိုင်ရှင်ဆီ အသင့် Send လို့ရပါပြီ။ အနှစ်ချုပ် အနေနဲ့ကတော့ ဒီ bookmarklet ဟာ ခုလို Sharing လုပ်ဖို့ တစ်ခုတည်း အသုံးတည့်တာ မဟုတ်ပါဘူး။ Email တစ်ခုကို အမြန်ပို့ချင်တာ မျိုး ဆိုရင်လည်း ဘာမှ Select လုပ်နေစရာ မလိုပဲ သူ့ GmailThis!! ကို click ပေးလိုက်တာနဲ့ Compose အသင့် လုပ်ပြီးသား mail တစ်စောင်ကို ဖန်တီးပေးပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ bookmarklets collection မှာ ဒီ GmailThis!! က ပါဝင်သင့်မယ်လို့ ကျွန်တော်သုံးသပ်မိပါတယ်။


KznT.

Gmail and Drag-and-Drop File Attachments

Gmail မှာ အခုဆိုလို့ရှိရင် Firefox 3.6 နဲ့ Google Chrome users တွေအတွက် drag-and-drop file attachments ကိုထည့်သွင်းပေးလိုက်ပါပြီ။ ဒီ feature လေးကတော့ တော်တော်လေးကို အသုံးတည့်တယ်လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့် desktop ပောှကနေ ဒါမှမဟုတ် Windows Explorer ထဲကနေ ကိုယ့် Email ထဲကို drag and drop - file တစ်ခုကို ဆွဲချလာလိုက်တာနဲ့ အောက်မှာ ဖော်ပြထားသလို ကိုယ့် files ( New Text Document (2) ) ကို ဘယ်နားမှာ ချရမယ် ဆိုတာ ဖော်ပြထားတဲ့အစိမ်းရောင် box တစ်ခု ပေါ်လာပြီး  အဲ့နေရာဆီ ချပေးလိုက်ယုံပါပဲ။


Google က ကတိပေးထားတာကတော့  ဒီ feature ကို တစ်ခြား browser တွေမှာလည်း တတ်နိုင်သမျှ အမြန်ဆုံး ထည့်သွင်းပေးသွားမယ်လို့ ဆိုထားပါတယ်။ Drag-and-drop လုပ်ဆောင်နိုင်မှု ဆိုတာ HTML5 ရဲ့ feature တစ်ခုပါ။ Firefox  မှာ သုံးထားတဲ့ Gecko layout engine ကပဲ လတ်တလော အခြေအနေမှာ HTML5 drag-and-drop ကို အပြည့်အဝ support လုပ်တယ်ဆိုပေမယ့် တစ်ခြား Safari နဲ့ Chrome တို့မှာသုံးထားတဲ့ WebKit ကလည်း drag-and-drop ကို support ပေးတာပဲ မလား။  



ဘာပဲ ဖြစ်ဖြစ် ခုလို နေ့တိုင်းထိတွေ့ဖြစ်နေတဲ့ Google mail မှာ ခုလို အသုံးတည့်တဲ့ feature လေး တစ်ခု ထည့်သွင်းပေးလာတာ ကျေနပ်မိပါတယ်။ 


KznT.

Related Posts