Gmail's Streamlined Interface and Better Contact Manager

Leave a Comment
Tuesday, August 10, 2010 << မနေ့ကနေ စပြီး Google ကနေ Users တွေ အတွက် ပိုပြီး အသုံးပြုရလွယ်ကူစေမယ့် Gmail UI ကို တင်ဆက်လိုက်ပါတယ်။  ပြင်ဆင်ထားတာတွေကတော့ မလိုအပ်တဲ့ Features တွေကို Hide ထားလိုက်ပြီး ကျွန်တော်တို့ရဲ့ Messages တွေကို အရင်ကထက် ပိုပြီး မြင်ကွင်းကျယ်ကျယ်နဲ့ ကြည့်ရှုနိုင်အောင် ပြင်ဆင်ပေးထား ပါတယ်။ အသေးစိတ် ပြောရမယ် ဆိုရင် အရင်က Gmail  logo ထက် ခု Gmail logo က ပိုသေးသွားတယ် - နောက် Mail ကြည့်ဖို့ Link - Contacts နဲ့ Contacts တွေ အားလုံးကို Panel တစ်ခုနဲ့ တစ်စုတစ်စည်းတည်း စုရုံး ထားလိုက်ပါတယ်။ အရင်က အစဉ်လိုက် တောင်တစ်ခု မြောက်တစ်ခု ဖြစ်နေတဲ့ Read, Unread, Starred, Unstarred ... ဆိုတာတွေလည်း drop-down တစ်ခုတည်း အောက်ကိုရောက်သွားပါတယ်။



Google ရဲ့ ပြောကြားချက် အရ "အရင်ကထက်စာရင် အခု Header ကိုလည်း သေးပစ်လိုက်ပြီး Mail box ထဲက Message တစ်စောင်ကို ဖတ်တဲ့ အချိန်မှာ အရင် Screen မှာ တွေ့ရတာထက် 16 pixels ပိုပြီး ကျယ်ကျယ်လွင့်လွင့် ဖတ်ရမယ်လို့ ဆိုပါတယ်။"


Gmail ရဲ့ contacts section ပိုင်းကလည်း အောက်ဖော်ပြပါ အတိုင်း အကုန်လုံး Design ပြန်ပြောင်းထားပါတယ်။ Notes ရေးဖို့ ဆိုပြီး ပေးထားတဲ့ နေရာကလည်း တော်တော်လေး ကြီးပါတယ်။


ဒီ features တွေ အားလုံး လူတော်တော်များများ ဒီနေ့ အသုံးပြုနိုင်ပါပြီ။ ဒါတင်မက ဒီ Gmail contact manager အသစ်ကို Google Apps သုံးသူများလည်း ကိုလည်း မကြာခင်မှာ ထည့်သွင်း ပေးသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ Google Apps မှာ သုံးလို့ မရသေးပါဘူး။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts