Configuration Virtual Private Networks ( VPNs ) in Ubuntu 10.04 LTS

Originally Posted by ဂတုံးလေး
ဒာကိုရေ..ညီ ၀င်းဒိုး ရ ထဲကနေ WUBI နဲ့ Ubuntue 10.4 ကိုတင်ထားပါတယ်...ညီ့ကွန်နက်ရှင်က vpn connection ဒာမျိုးဒာစားပါ....direct no proxy နဲ့ သုံးနေတာပါ....ခု ကွန်နက်ရှင် ဘယ်လိုမှ ချိတ်မရလို့....ဒာကိုပြောတဲ့ လင့်နေလည်း သွားကြည့်ပါတယ်...ဒာထဲမှာ ထည့်တဲ့ setting များတစ်ခုခုမှားနေလားမသိ၀ူး ထင်လို့... ရှင်းပြပေးပါဒာုံး ဒာကို
ကျွန်တော် အရင်က Network Configuration in Ubuntu 10.04 LTS ဆိုပြီး ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် ရေးခဲ့တဲ့ Network Configuration က အဓိက Target ထားတာ Wired ( LAN ) သမားတွေ အတွက်ပါ။ အဲတာကြောင့်မို့ vpn connection ဒာမျိုးဒာစား ကို သုံးနေတဲ့ ကို ဂတုံးက ကျွန်တော် ဖော်ပြထားတဲ့ Network Configuration နည်းနဲ့ ချိတ်လို့ မရတာ ဖြစ်နိုင်ပါတယ်။ Network အကြောင်းက ပြောရမယ်ဆို တော်တော်လေး များပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ ကလည်း အသုံးပြုကြတဲ့ Network အမျိုးအစားခြင်းက မတူတော့ ဘာပဲလာလာ ဒါတစ်မျိုးတည်း လုပ်ဆိုပြီး ဥပဒေသက ထုတ်မရပါဘူး - အဲတာက လည်း တော်တော်လေး အကျပ်ရိုက်ပါတယ်။ အဲ့ထက်ဆိုးတာက Ubuntu ( Linux ) ကို ခုမှ စပြီး ထိတွေ့မယ့်သူဆို ပိုဆိုးပါတယ်။ အားလုံးက အသစ်ကြီးပဲ ဆိုတော့ ဘယ်နေရာမှာ ဘာရှိမှန်း မသိတာရော - အပြင်အဆင်ကလည်း Windows နဲ့ကွာနေတာရော - အားလုံးပေါင်းလိုက်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်တတ်ပါတယ်။


Ubuntu က Support ပေးထားတဲ့ Network Manager အကြောင်းကို အတိုချုံးပြီး လေ့လာရင် ပုံမှန်အားဖြင့် Ubuntu မှာ Internet နဲ့ချိတ်ဆက်ဖို့ နည်းလမ်း ( ၅ ) မျိုး ရှိပါတယ်။ အဲတာတွေက -

( ၁ ) Wired လို့ ခေါ်တဲ့ LAN network အမျိုးအစား
( ၂ ) Wireless network အမျိုးအစား
( ၃ ) Mobile broadband
( ၄ ) VPN
( ၅ ) DSL connections ဆိုတာတွေပါ။

Wired လို့ ခေါ်တဲ့ LAN network အမျိုးအစား အကြောင်းကိုတော့ ကို ဒီနေရာမှာ ကျွန်တော် ဖော်ပြခဲ့ပြီးပါပြီ။ မှန်ရာ ပြောရရင် Network အမျိုးအစားတွေက အတိုချုံးလိုက်ရင် ( ၅ ) မျိုးတည်း ဆိုပေမယ့် သူ့ကို ဖြန့်ထုတ်လိုက်ရင် အမျိုးအစားက တော်တော်လေး များပါတယ်။ ကျွန်တော့် အနေနဲ့လည်း network အမျိုးအစား အားလုံးစုံအောင် လိုက်သုံးနေတဲ့ သူ မဟုတ်တော့ တစ်ခု ချင်းစီရဲ့ အသေးစိတ်အကြောင်းအရာ - ဘယ်လို ချိတ်ဆက်ရမယ် - ဘယ်နေရာမှာ ဘာထည့် - ဘယ်နေရာမှာ ဘာပြင် ဆိုတာမျိုးကျတော့ တိတိကျကျ ရေးသားနိုင်လောက်အောင် မစွမ်းပါဘူး - အဲ့ကြောင့်မို့လို့ Network Configuration in Ubuntu 10.04 LTS လို့ ခေါင်းစဉ်တပ်ပြီး ရေးခဲ့ပေမယ့် သူ့အောက်မှာ အကြောင်းအရာ အားလုံးစုံအောင် မဖော်ပြနိုင်ခဲ့တာပါ။ ခုတော့ ကိုဂတုံးလေး မေးလို့ ( ၅ ) မျိုးမှာ တစ်မျိုးတည်း ဖော်ပြထားရာကနေ ( VPN ) ဆိုတဲ့ နောက်တစ်မျိုး ပါ ထပ်တိုးသွားပြီပေါ့။

VPN လို့ ခေါ်တဲ့ Virtual Private Networks အကြောင်းကို စပြောရရင် သူ့မှာ ( VPNs ) အမျိုးအစား ဘယ်နမျိုး ရှိလဲ ဆိုတာကနေ စပြောရမှာပါ။ Ubuntu မှာ Network Manager ကနေ Support ပေးထားတဲ့ Virtual Private Networks ( VPNs ) အမျိုးအစား သုံးမျိုး ရှိပါတယ်။ အဲတာတွေက -

( ၁ ) Cicso VPN
( ၂ ) PPTP VPN နဲ့
( ၃ ) OpenVPN တို့ ဖြစ်ပါတယ်။

အရင် Ubuntu 10.04 မတိုင်ခင်က Version အနိမ့်တွေမှာတော့ ဘယ် Virtual Private Networks ( VPNs ) အမျိုးအစားကိုပဲ သုံးသုံး internet နဲ့ ချိတ်ဆက်ဖို့ ဆိုရင် VPN protocol တွေ support လုပ်နိုင်ဖို့ အတွက် plug-in တွေကို install လုပ်ဆောင်ပေးရမှာတွေ ရှိပါတယ်။ ဒါပေမယ့် Ubuntu 10.04 မှာတော့ VPN ( PPTP ) ကို သုံးမယ်ဆိုရင် support လုပ်နိုင်ဖို့ အားလုံး ပြင်ဆင်ပေးထားပြီးသားပါ။

ကျွန်တော့် အနေနဲ့ ဒီနေရာမှာ အရင် versions အဟောင်းတွေ သုံးသူများ အတွက်ပါ အဆင်ပြေအောင် Virtual Private Networks ( VPNs ) အမျိုးအစားအလိုက် တတ်နိုင်သလောက် အသေးစိတ်ပြီး လုပ်ဆောင်ပုံတွေ ပြောပြပေးသွားပါ့မယ်။

( ၁ ) Cicso VPN

Cicso VPN နဲ့ ချိတ်ဆက်နိုင်ဖို့ ဆိုရင် ဒီ plug-in တွေ installed လုပ်ဆောင်ထားပြီးသား ဖြစ်ဖို့ လိုပါတယ်။ network-manager-vpnc - network-manager-vpnc-gnome

  1. System notification area ( Menu bar ) မှာ ရှိနေတဲ့ Network Manager icon ကို Right click ပေးပြီး Edit Connections ကို သွားပါ။
  2. VPN tab ကို ဝင်ပါ။
  3. Add ကိုနှိပ်ပါ။
  4. Drop down box ကနေ Cicso Compatible VPN (vpnc) ကို ရွေးပေးပါ။
  5. Create ကို နှိပ်ပါ။
  6. Connection name နေရာမှာ ကိုယ့်ရဲ့ Connection name ကို သတ်မှတ်ပေးပါ။
  7. ဖြည့်စွက် စရာ ရှိတာတွေကို အသေးစိတ် အဲ့နေရာမှာ ဖြည့်စွက်ပြီး Apply ပေးပါ။
  8. Close ကို နှိပ်ပါ။
( ၂ ) PPTP VPN

PPTP VPN နဲ့ ချိတ်ဆက်နိုင်ဖို့ ဆိုရင် ဒီ plug-in တွေ installed လုပ်ဆောင်ထားပြီးသား ဖြစ်ဖို့ လိုပါတယ်။ network-manager-pptp  - network-manager-pptp-gnome ( Ubuntu 10.04 installed လုပ်ဆောင်ထားသူများ ဤ plug-in အား install လုပ်ဆောင်ရန် မလိုပါ။ Support ပေးထားပြီးသား ဖြစ်ပါသည်။ )


  1. System notification area ( Menu bar ) မှာ ရှိနေတဲ့ Network Manager icon ကို Right click ပေးပြီး Edit Connections ကို သွားပါ။
  2. VPN tab ကို ဝင်ပါ။
  3. Add ကိုနှိပ်ပါ။
  4. Drop down box ကနေ Point-to-Point Tunneling Protocol (PPTP) ကို ရွေးပေးပါ။
  5. Create ကို နှိပ်ပါ။
  6. Connection name နေရာမှာ ကိုယ့်ရဲ့ Connection name ကို သတ်မှတ်ပေးပါ။
  7. ကိုယ် Connect လုပ်ချင်တဲ့ Gateway ရဲ့ VPN address ကို တိတိကျကျ သတ်မှတ်ပေးပါ။
  8. ကိုယ့်ရဲ့ VPN က user name နဲ့ password လိုတယ်ဆိုရင် ထည့်ပေးပါ။
  9. လိုအပ်မယ် ဆိုရင် NT Domain နေရာမှာ ကိုယ့် VPN ရဲ့ Domain ကိုထည့်ပေးပါ။
  10. Apply ပေးပါ။
  11. Close ကို နှိပ်ပါ။
( ၃ ) OpenVPN

OpenVPN နဲ့ ချိတ်ဆက်နိုင်ဖို့ ဆိုရင် ဒီ plug-in တွေ installed လုပ်ဆောင်ထားပြီးသား ဖြစ်ဖို့ လိုပါတယ်။ network-manager-openvpn - network-manager-openvpn-gnome
  1. System notification area ( Menu bar ) မှာ ရှိနေတဲ့ Network Manager icon ကို Right click ပေးပြီး Edit Connections ကို သွားပါ။
  2. VPN tab ကို ဝင်ပါ။
  3. Add ကိုနှိပ်ပါ။
  4. Drop down box ကနေ OpenVPN ကို ရွေးပေးပါ။
  5. Create ကို နှိပ်ပါ။
  6. Connection name နေရာမှာ ကိုယ့်ရဲ့ Connection name ကို သတ်မှတ်ပေးပါ။
  7. ကိုယ် Connect လုပ်ချင်တဲ့ Gateway ရဲ့ VPN address ကို တိတိကျကျ သတ်မှတ်ပေးပါ။
  8. Authentication drop down box ကနေပြီး ကိုယ် အသုံးပြုချင်တဲ့ authentication ကိုရွေးချယ်ပေးပါ။
  9. အသေးစိတ် ဖြည့်စွက်ပြီးရင် Apply ပေးပါ။
  10. Close ကို နှိပ်ပါ။

ကျွန်တော် အခု ဖော်ပြခဲ့ သလောက်ဆိုရင် Virtual Private Networks သမားတစ်ယောက်အတွက် Network Configuration ကို ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာ သဘောပေါက်လောက်မယ် ထင်ပါတယ်။ အသေးစိတ်ကိုတော့ ကိုယ်တိုင် ကိုယ်ကျ စက်မှာ ပြင်ဆင် ဖြည့်သွင်းကြည့်ပါ။ အဆင်ပြေပါစေ ကိုဂတုံးလေး

KznT.

Send Email After You Die


တကယ်လို့ သင် သေဆုံးသွားပြီးတဲ့ နောက်မှာ သင်ချစ်ရတဲ့ သူ တစ်ယောက်ယောက်ဆီ နှုတ်ဆက်စာလွှာလေးများ မပေးပို့ ခဲ့ချင်ဘူးလား ??

အဲလိုမှ မဟုတ်ရင်လည်း သင်ဟာ တစ်ကိုယ်ရည် တစ်ကာယ သီးခြား နေထိုင်နေတဲ့ သူတစ်ယောက်ဖြစ်လို့ တကယ်လို့များ လူမသိ သူမသိ သင်သေဆုံး သွားခဲ့မယ် ဆိုရင် တစ်ယောက်ယောက်ကိုများ သင် သေဆုံးခဲ့ပြီ ဆိုတဲ့ အကြောင်း အသိမပေးခဲ့ချင် ဘူးလား ??

သင့်ရဲ့ နောက်ဆုံး ဆန္ဒတိုင်းကို ဖြည့်ဆည်း ပေးဖို့ အတွက် Death Switch ရှိနေပါတယ်။

Death Switch ဆိုတာ ရိုးရိုး Site တစ်ခုပါ။ သူ့ဆီမှာ register လုပ်ပြီးတဲ့ နောက်မှာ Death Switch ကနေ ပြီး သင် သတ်မှတ်ထားတဲ့ ရက်အပိုင်း အခြား အလိုက် သင့်ဆီကို e-mail messages တွေ စတင် ပို့လွှတ်ပါလိမ့်မယ်။ သူပို့လွှတ်မယ့် စာမျိုးက ခုလို စာမျိုးပါ။


Dear ...... ,
This email has been sent to you by deathswitch.com, a death notification service. Please click here to demonstrate that you are still alive.
As determined by the settings you have chosen, you must respond to this request for activity within 3 days or else you will trigger the next cascade of prompting emails. After 9 more prompt attempts over the next 30 days, we will assume you are no longer alive and will send your post-mortem messages to your 2 designated recipients. As always, you may change the frequency settings, update your account and view or change your post-mortem messages here.
If you have received this message in error please notify Deathswitch immediately.
Sincerely,
The management at deathswitch.com

တကယ်လို့ သူ ပို့လွှတ်တဲ့ messages တွေထဲက တစ်စောင်စောင်ကို သင့်ဘက်က ဘာတုန့်ပြန်မှုမှ မလုပ်တော့ဘူး ဆိုတာနဲ့ Death Switch ကနေပြီး သင့်ကို သေဆုံးသူ တစ်ယောက် အဖြစ်နဲ့ ယူဆပြီး သင်ထားရစ်ခဲ့တဲ့ email message ကို သင် ရွေးချယ်ခဲ့တဲ့ email address ဆီ စတင် ပို့လွှတ်ပေးပါလိမ့်မယ်။


သင် တကယ် သေဆုံးပြီလား မသေဆုံးသေးဘူးလား ဆိုတာ Death Switch ကို (  ၁ ရက်တစ်ကြိမ်ကနေ စပြီး ရက်ပေါင်း ၂၄၀  ကြား ) သင်ချန်ထားခဲ့တဲ့ Emails တွေကို သက်ဆိုင်သူဆီ မပို့ခင် သင့်ကို မြေမမြှုပ်မှီ အချိန်ထိ ဘယ်နရက် တစ်ခါ သင် အသက်ရှိမရှိ စစ်ဆေးပေးပါဆိုပြီးလည်း သတ်မှတ်ထားလို့ ရပါတယ်။ အဲလိုမှ မဟုတ်ရင်လည်း စိုးရိမ်ရေမှတ် "Worry Mode" နဲ့ နေချင်လည်း ရပါတယ်။ "Worry Mode" နဲ့ နေတဲ့ အချိန်မှာ ဘယ်နနာရီခြား တစ်ခါ အကြိမ် အရေအတွက် ဘယ်လောက်ထိ သင် အသက်ရှိမရှိ စစ်ဆေးပေးပါ ဆိုပြီးလည်း သတ်မှတ်ခိုင်းထားလို့ ရပါတယ်။ Worry Mode settings ထဲမှာ ဆိုရင် သင့်ရဲ့ secondary email address နဲ့ ယုံကြည်စိတ်ချရတဲ့ သင့် သူငယ်ချင်း တစ်ယောက်ရဲ့ email address ကိုလည်း ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ အဲလို သတ်မှတ်ထားခြင်း အားဖြင့် သင် ချိန်တွက်ထားခဲ့တဲ့ worry period ရဲ့ အဆုံးမှာ "Death Switch" ကနေ ပြီး သက်ဆိုင်သူဆီ email ပို့လွှတ်ပါလိမ့်မယ်။


ကောင်းတဲ့ တစ်ချက်ကတော့ ဒီလို service တစ်ခု ရှိခြင်းအားဖြင့် တစ်ယောက်ယောက်ကို သင်ပြောပြချင်နေတဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေ ( account passwords ဘာညာ စသဖြင့် .... ) အားလုံးကို သင် သေဆုံးပြီးသွားတဲ့ နောက်မှာ သက်ဆိုင်သူဆီ လုံခြုံစိတ်ချစွာ အသိပေးပြီးသား ဖြစ်စေပါတယ်။ 


Death Switch ရဲ့ Basic version ကတော့ free ဖြစ်ပြီး message တစ်စောင်ကို နှစ်သက်သူ တစ်ယောက်ယောက်ထံ သင်သေဆုံးပြီးတဲ့နောက် ပေးပို့ခွင့် ရှိပါတယ်။  Premium နဲ့ သုံးမယ် ဆိုရင်တော့ တစ်နှစ်ကို $19.95 ပါ။ သူကတော့ messages တစ်စောင်ကို လူ ( ၁၀ ) ယောက်နှင့် အထက် စုစုပေါင်း messages အစောင် ( ၃၀ ) ထိပို့လို့ရပါတယ်။ file attachments နဲ့ပါ တွဲပို့လို့ ရပါသေးတယ်။ ပိုက်ပိုက်ပေးထားတော့ ဝန်ဆောင်မှု များများ ရတဲ့ သဘောပါ။ :D
 
ဒါ့ကြောင့် စိတ်ပါဝင်စားသူများ Death Switch နဲ့ ဆက်သွယ်နိုင်ပါတယ် :D

KznT.

Solid-state drives ( SSDs ) and hard disk drives ( HDDs )


Photo by Karl Baron.

ကျွန်တော် ဒီအကြောင်းကို ရေးနေတာ ( ၅ ) ရက်လောက် ရှိပြီ - ဖတ်မယ့်သူ မပြောနဲ့ ရေးတဲ့သူတောင် ရေးရင်းနဲ့ ပျင်းလာလို့ မနည်းဆုံးအောင် အားတင်းပြီး ရေးရပါတယ်။ ပြောပြချင်တဲ့ အကြောင်းကတော့ Solid-state drives လို့ ခေါ်တဲ့ (SSDs ) တွေ အကြောင်းပါ။

Solid-state drive (SSD) ဆိုတာ data တွေကို သိုလှောင် သိမ်းဆည်းတဲ့ ပစ္စည်း တစ်ခုပဲ ဖြစ်ပြီး သူ့ကို solid material တွေနဲ့ ဖွဲ့စည်းထားတဲ့ circuits တွေ - electrons တွေ - charge carriers တွေပါဝင်တဲ့ တစ်ခြား ပစ္စည်းကိရိယာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ SSDs တွေဟာ ကျွန်တော်တို့ တစ်ခြား ပုံမှန် သုံးရိုးနေကျ hard disk drives (HDDs) တွေနဲ့ ကွာခြားသွားတဲ့ အချက်က hard disk drives (HDDs) ဆိုတာ electromechanical devices တွေ ဖြစ်ပြီး သူ့ထဲမှာ ဆိုရင် spinning disks နဲ့ movable read/write heads တွေ ပါဝင်ပါတယ်။






SSDs တွေမှာတော့ hard disk drives (HDDs) နဲ့ မတူပဲ microchips တွေကို အသုံးပြုထားပါတယ်။ နောက်ပြီး သူ့မှာ hard disk drives (HDDs) လိုမျိုး လှုပ်ရှားတဲ့ အစိတ်အပိုင်း တစ်ခု တစ်လေမှ မပါဝင်ပါဘူး။ သူတို့ နှစ်ခုရဲ့ ကွာခြားချက်ကို အောက်မှာ မြင်တွေ့နိုင်ပါတယ်။


Solid-state drives (SSDs) တွေဆိုတာ ခု နောက်ပိုင်းမှ တော်တော်လေး လူသိများ သတိထားမိလာတဲ့ Drives အမျိုးအစားတစ်ခုပါ။ ဘာကြောင့်လဲ ?? ဘာလို့လဲ ဆိုရင် သူ့ကို အသုံးပြုတဲ့ အချိန်မှာ ကျွန်တော်တို့ ရရှိမယ့် System ရဲ့ Speed ဟာ အံ့သြဖို့ ကောင်းလောက်အောင် လျင်မြန်လာလို့ပါပဲ။

ကနေ့ခေတ် ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေမှာ တပ်ဆင်ထားတဲ့  hard drives ရဲ့ performance နဲ့ ပတ်သတ်ပြီး လှည့်ကြည့်စရာ မလိုလောက် အောင် အကောင်းဆုံး ဖြစ်သွားချင်တယ် ဆိုရင် မှာ ပုံမှန် သုံးရိုးသုံးနေကျ Hard drive ဟောင်း တစ်ခုကနေ solid-state drive တစ်ခုကို ပြောင်းသုံးကြည့်လိုက်ပါ။ ဘာကြောင့်လဲ ?? ဘာကြောင့်လဲ ဆိုရင် SSD ရဲ့  read times က အရင် Hard drive အဟောင်း တွေထက်ပိုပြီး မြန်ဆန်လာတဲ့ အတွက်ကြောင့် မို့လို့ System တစ်ခုရဲ့ boot times တွေ - applications တွေ ဖွင့်တဲ့ အချိန်မှာ ကြုံတွေ့ရလေ့ ရှိတဲ့ ရှည်ကြာဖင့်လေး မှုတွေကနေ လွတ်ကင်းပြီး မြန်ဆန် သွက်လက်စွာနဲ့ စွမ်းဆောင်နိုင်လာတာကို ခံစားလာကြရမှာ မို့လို့ပါ။ ဒီလိုဆို SSDs လာ လုံးဝ Perfect လား ?? အဲလိုလည်း မဟုတ်သေးပြန်ပါဘူး - SSDs နဲ့ ပတ်သတ်ပြီး လက်ညိှုးထိုးစရာ အချက်တစ်ချက် လည်း ရှိနေပါသေးတယ်။ အဲတာကတော့ SSDs တွေမှာ write limit ရှိနေတာပါ။ ဒါပေမယ့်လည်း ဒါက တကယ်တမ်း စိုးရိမ်စရာ အချက်တစ်ခုမဟုတ်ပါဘူး - ဘယ်လိုလူမျိုးတွေ စိုးရိမ်ရမလဲ ဆိုတော့ သူ့ ( SSDs ) ပေါ် မှာ ခဏတိုင်း system တစ်ခု မဟုတ် တစ်ခု Write ခိုင်းနေတဲ့ သူမျိုးတွေလောက်ပဲ ဒီ ပြဿနာက စိုးရိမ်စရာ ရှိပါတယ်။ နောက်ပြီး ခုနောက်ပိုင်း ပေါ်လာတဲ့ SSDs အမျိုးအစား သစ်တွေကလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး သိပ်တော့ ပြဿနာ မရှိတော့ပါဘူး။ ခုနောက်ပိုင်း ပေါ်လာတဲ့ SSDs တော်တော် များများက သုံးတာကြာလာလို့ Out of date ဖြစ်နေပြီဆိုရင် ကျွန်တော်တို့အနေနဲ့ upgrade လုပ်ယူပြီး အသုံးပြုလို့ ရပါတယ်။ ဒါ့ကြောင့် အပေါ်မှာ ဖော်ပြခဲ့တဲ့ write limit ရှိတယ်ဆိုတာ အကြီးအကျယ် စိတ်ပူလောက်စရာ အကြောင်းကိစ္စ တစ်ခု မဟုတ်တော့ပါဘူး။ ဒီအောက်မှာတော့ solid-state drives တွေနဲ့ ပတ်သတ်ပြီး သူတို့ကို အသုံးပြုတော့မယ်ဆို လုပ်ဆောင်ထားသင့်တဲ့ လုပ်ဆောင်ချက် တစ်ချို့ကို အကြံပြုသွားချင်ပါတယ်။

ဒီအကြောင်းအရာမှာ ကျွန်တော့် အနေနဲ့ မိသားစုဝင်တွေဟာ Windows ကို အသုံးပြုနေတယ်လို့ ပထမအချက်အနေနဲ့ ယူဆပြီး - ဒုတိယ အချက်အနေနဲ့ writes ထားတဲ့ အကြိမ်အရေအတွက် သိပ်မများသေးတဲ့ SSDs အသစ် တစ်ခုခုကိုလည်း လတ်တလော အသုံးပြုနေတယ်လို့ ယူဆလိုက်ပါ့မယ်။ တကယ်လို့ SSDs အဟောင်းကို အသုံးပြုနေတဲ့ သူ တစ်ယောက် ဆိုရင်တော့ ကိုယ့် System နဲ့ ပတ်သတ်ပြီး ပြင်ဆင် လုပ်ဆောင်သင့်မယ့် တစ်ခြား အကြောင်းအရာတစ်ခုခုကို  အင်တာနက်မှာ ရှာဖွေယူလို့ ရပါ တယ်။ 

အရင်ဆုံး အခြေခံ အဆင့်က စမှာမို့လို့ ကိုယ့်စက်ထဲမှာ ရှိနေတဲ့ Personal files တွေ တစ်ခြား ကိုယ့်အတွက် အသုံးလိုတာ တွေကို နောက် Drive တစ်ခုမှာ သိမ်းလိုက်ဖို့ပါ။


Solid-state drives ( SSDs )နှင့် hard disk drives ( HDDs )

SSD ကို အသုံးပြုမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ အဓိက ဦးတည်ချက် ထားရမယ့် နောက်တစ်ချက် ရှိပါသေးတယ်။ အဲတာက SSD ကို system files နဲ့ applications တွေ အတွက်ပဲ အသုံးပြုဖို့ပါ။ ဘာကြောင့်လဲ ဆိုရင် system files နဲ့ applications တွေ အတွက် SSD ကို အသုံးပြုလိုက်တဲ့ အခါမှာ အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ အတိုင်း boot times တြွေမန်လာမယ် - applications တွေ အသုံးပြုဖို့ ဖွင့်တဲ့ အခါမှာ အရင်လို အထနှေးတာတွေ မဖြစ်တော့ဘူး စတဲ့ ကျေးဇူးတွေ ရရှိမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နောက်တစ်ခု မေးစရာ ရှိလာပါတယ်။ system files နဲ့ applications တွေ အတွက်ပဲ SSD ကို သုံးဖို့ အကြံပြုတာလဲ ?? ဘာကြောင့်လဲ ဆိုရင် SSDs တွေက သာမန် ကျွန်တော်တို့ သုံးနေကျ hard disk drive တွေထက် ဈေးကြီးပါတယ်။ ဒါ့ကြောင့် ရှိသမျှဖိုင်တွေ Data တွေအားလုံး သိမ်းဆည်းဖို့ ပမာဏများတဲ့ SSDs ကို ငွေအများကြီး ပေးပြီး ဝယ်မယ့် အစား - OS files တွေ ထားဖို့ ( ဆိုလိုတာ Windows တင်ဖို့ - applications ဖိုင်တွေ ထည့်သွင်းဖို့ ) အတွက်လောက်ပဲ သာမန် ပမာဏလောက်နဲ့ SSDs ကို ဝယ်ပြီး နောက် တစ်ခြား Data တွေ ( ဥပမာ - ဗွီဒီယိုကား - ဓာတ်ပုံ - သီချင်း စသဖြင့် ) သိုလှောင်သိမ်းဆည်းထားဖို့ အတွက်တော့ magnetic drive လို့ ခေါ်တဲ့ ကျွန်တော်တို့ လတ်တလော သုံးနေကျ hard disk drive တစ်လုံးကို ဝယ်လိုက်ပါ။ ခုခေတ်မှာ magnetic drive တွေက တော်တော် ဈေးပေါနေပါပြီ။

ခုလိုမျိုး system files နဲ့ applications တွေ အတွက် SSDs ကို သုံးခိုင်းပြီး တစ်ခြား Data တွေသိမ်းဖို့ကျ magnetic drive ကို သုံးခိုင်းတဲ့ အကြံပြုချက်ဆိုတာ လူတိုင်းအတွက် လုပ်ဆောင်ဖို့ မလွယ်ကူနိုင်ဘူး ဆိုတာ ကျွန်တော်လည်း သဘောပေါက် ပါတယ်။ Desktop users တွေ အတွက်တော့ ဒီ လုပ်ငန်းစဉ်က လုပ်ဆောင်ရတာ သိပ်ပြီး ခက်ခဲစရာ မရှိပါဘူး။ လဲရ ဖယ်ရ တပ်ဆင်ရတဲ့ အလုပ်ပိုလေး နဲနဲ ရှုပ်တာကလွဲရင် သိပ်ပြီး Technical ပိုင်း မရှိလှပါဘူး။ ဒါပေမယ့် တစ်ချို့ laptop users တွေ အတွက်တော့ Drives နှစ်ခု တပ်ဖို့ဆိုတာ နဂို ကိုယ့် laptops တွေကို mod လုပ်ဖို့ လိုလာပါတယ်။ ဒါတောင် Laptops တိုင်း ရတာမျိုး မဟုတ်ပါဘူး။ ( netbook users ကတော့ ရကို မရတာပါ။ ) ဒါ့ကြောင့် ခုဆက်ပြီး ဖော်ပြမယ့် အကြောင်းအရာဟာ တပ်ဆင်လုပ်ဆောင်ရ လွယ်ကူမယ့် Desktop users တွေ အတွက်ပဲ အဓိက ဦးတည်ပြီး ဖော်ပြသွားပါ့မယ်။

Windows 7 အား အသုံးပြုပါ။



Windows 7 ကို ဘာကြောင့် အသုံးပြုခိုင်းရသလဲ ဆိုရင် Windows 7 မှာ SSDs အတွက် အရမ်းအသုံးဝင်တဲ့ features တွေ များစွာ ပါဝင်ပါတယ်။ ဘာတွေလဲဆိုရင် ဥပမာ အနေနဲ့ TRIM command - defragmentation ကို disable လုပ်ဆောင်နိုင်မှု နဲ့ Superfetch ကို disable လုပ်ဆောင်နိုင်မှုတွေ တွေ ပါဝင်ပါတယ်။ တကယ်လို့ မိသားစုဝင်တွေက XP နဲ့ Vista ကိုပဲ အသုံးပြုနေကြတယ် ဆိုရင်တော့ Windows 7 ကို Upgrade လုပ်ပြီး အသုံးပြုကြဖို့ အကြံပြုလိုပါတယ်။

တကယ်လို့ ဘယ်လိုပဲ ဖြစ်ဖြစ် Windows XP ကိုပဲ ဆက်သုံးမယ် ဆိုရင်လည်း Windows ကို clean install လုပ်ဆောင်ပြီး partition ကို သေသေချာချာ စီစဉ်ပိုင်းဖြတ်ဖို့ အကြံပြုလိုပါတယ်။ ဒါက SSDs သုံးမယ်ဆိုရင် Performance ပိုင်း ဆိုင်ရာအတွက် အရေးအကြီးဆုံး ပြင်ဆင်မှု တစ်ခုပါ။ Partitions ပြင်ဆင်မှု မမှန်ကန်ရင် Drive ရဲ့ စွမ်းဆောင်နိုင်စွမ်းကိုလည်း လျော့ကျစေ ပါတယ်။ Partitions ပြင်ဆင်မှု ကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ အသေးစိတ် ဖော်ပြထားတဲ့ Guide က OCZ Forum မှာ ရှိပါတယ်။ လေ့လာကြည့်ပါ။

Sleep အစား Hibernation ကို သုံးပါ။






Hibernation ကို အသုံးပြုတယ်ဆိုတာ laptops တွေ အတွက်တော့ battery စားနှုန်း တော်တော်သက်သာစေပါတယ်။ Hibernation နဲ့ Sleep mode ရဲ့ ကွာခြားချက်က ဘာတွေလဲ - ဘယ်အခြေအနေမှာ Sleep mode ကို သုံးပြီး ဘယ်အခြေ အနေမှာ Hibernation mode ကို အသုံးပြုလဲ ဆိုတာ အသေးစိတ် ဒီနေရာမှာ ကျွန်တော် ရှင်းပြခဲ့ပြီးပါပြီ။ အလွယ်မှတ်မယ် ဆိုရင် တော့ Sleep mode ဆိုတာ အခြေအနေတွေ အားလုံးကို RAM မှာ သိမ်းပြီး - Hibernation mode ဆိုတာ အခြေအနေတွေ အားလုံးကို hard drive ပေါ်မှာ သိမ်းတယ်လို့ ပြောလို့ ရပါတယ်။


Windows users တွေ အတွက် hibernation ကို Enable ပေးဖို့ လိုပါတယ်။ အဲတာ လုပ်ဆောင်ဖို့ အတွက် Command Prompt ကို administrator အနေနဲ့ Run ပြီး powercfg /hibernate on လို့ ရိုက်ပြီး Enable ပေးပါ။ အဲ့နောက်မှာ Control Panel\Power Options ကနေ "Change when the computer sleeps" ကိုသွားပြီး အဲ့ကနေမှ တစ်ဆင့် "Change advanced power settings" ကို ထပ်သွားပါ။  အဲ့ဒီ့ကနေ Sleep setting ကို Expand လုပ်လိုက်ရင် ကိုယ့်ကွန်ပြူတာကို Hibernate လုပ်မှာလား Sleep လုပ်မှာလားဆိုတာ ပြင်ဆင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အောက်ဖော်ပြပါ ပုံက "Allow hybrid sleep" ကို Off ထားခြင်း အားဖြင့်လည်း start menu ကနေ တစ်ဆင့် Hibernate ကို ရွေးချယ်လို့ ရစေပါတယ်။


တကယ်လို့ Hibernation mode ကို မသုံးချင်တော့ဘူး - SSDs ပေါ်မှာ Space နေရာ အပိုယူတယ်လို့ ယူဆမိရင် - Hibernation ကို ပြန် off ထားလို့ ရပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ Command က powercfg /hibernate on ဆိုတဲ့ နေရာမှာ powercfg /hibernate off လို့ ပြောင်းရိုက်လိုက်ယုံပါပဲ။

Disk Defragmentation အား Disable ပေးပါ။ ( XP and Vista )



ကျွန်တော်တို့ ပုံမှန် magnetic drive တွေမှာ defragmentation လုပ်ဆောင်တယ်ဆိုတာ စက်ရဲ့ performance ကောင်းလာဖို့ အတွက် data sectors တွေကို တစ်ခုနဲ့ တစ်ခု စုစည်းပေးတဲ့ သဘောမျိုးပါ။ ဒါပေမယ့်လည်း Solid State Drives တွေမှာတော့ data တွေကို တစ်ခုနဲ့ တစ်ခု နီးစပ်အောင် အတူတူစုပေးလည်း သိပ်ပြီး ထူးခြားမသွားပါဘူး - ဘာကြောင့်လဲ ဆိုရင် SSDs တွေက data တွေက တစ်ခုနဲ့ တစ်ခု ဘယ်နားရောက်ရောက် - ပဲခူး တညင်လောက်ပဲ ဝေးဝေး တစ်ပြိုင်နက်တည်း access လုပ်နိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် SSDs သုံးမယ်ဆိုရင် Linux လိုမျိုးပဲ Windows မှာလည်း defragment လုပ်ဆောင်ဖို့ မလိုပါဘူး။ ဖြစ်နိုင်ရင် Performance ပိုကောင်းသွားအောင် defragment ကို turn off တောင်လုပ်ထားသင့်ပါတယ်။

ဒါကို လုပ်ဆောင်ဖို့ ဆိုရင်တော့ Start menu ကနေ My Computer မှာ right click ပေးပြီး Manage ကိုသွားပါ။ အဲကနေမှ တစ်ဆင့် Services and Applications > Services ကိုဝင် Disk Defragmenter မှာ Right click ပေးပြီး Properties ကိုဆက်သွားပါ။ အဲ့နောက်မှာ General tab အောက်က Startup Type မှာ Disabled ထားပြီး OK ပေးလိုက်ပါ။




Windows 7 ကို လတ်တလော သုံးနေတဲ့ သူဆိုရင်တော့ ဒီလုပ်ဆောင်ချက်က လုပ်ဆောင်ဖို့ မလိုပါဘူး solid-state drive အတွက် Windows 7 မှာ auto - turn off လုပ်ဆောင်ထားပြီးသား ဖြစ်ပါတယ်။

Index များအား ပိတ်ထားပါ။


Indexing လုပ်တယ်ဆိုတာ ရှာဖွေဖို့ မလွယ်ကူတဲ့ အရာတစ်ခုခုကို အရေးပေါ်လိုအပ်လာလို့ Hard drive ပေါ်ကနေ အလျင်အမြန် ရှာဖွေချင်တဲ့ အခါ အဆင်ပြေစေအောင် ဖန်တီးပေးထားတာပါ။ ဒါပေမယ့်လည်း indexing မရှိလည်း SSDs တွေမှာတော့ ထူးပြီး ပြဿနာ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုရင် SSDs တွေက System ပေါ်မှာ ရှိနေတဲ့ files တွေအားလုံးရဲ့ database တွေကို အချိန်တိုင်း ထိန်းသိမ်းပြုပြင်ပေးနေပြီး ပြောင်းလဲချက် မှန်သမျှကိုလည်း စာရင်းဇယားနဲ့ မှတ်ထားသလိုမျိုး SSDs က မှတ်သားပေးထားပါတယ်။  ဒါ့ကြောင့် တစ်ခုခု လိုအပ်လာပြီ ဆိုရင် index မရှိလည်း အေးအေးဆေးဆေး လွယ်လွယ် ကူကူ ကျွန်တော်တို့ လိုအပ်တာကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ 

အရင်ဆုံး My Computer ကိုခေါ်ပြီး SSD ပေါ်မှာ Right click ထောက်ပါ။ နောက် Properties ကိုဝင်ပါ။ Windows ရဲ့ အောက်ခြေမှာ "Allow Indexing Service to index this disk for fast file searching" ကို uncheck ပေးပါ။ နောက် indexing ကို disable ပေးဖို့ အပေါ်မှာ ဖော်ပြပြီးခဲ့တဲ့ Computer Management က Services section ကို ပြန်သွားပါ။ ဒီတစ်ခါမှာတော့ Windows Search ပေါ်မှာ Right click ပေးပြီး Properties ကို ဝင်ပါ။ နောက် Startup Type ကို Disable လို့ ပေးခဲ့ပါ။



ဒီ အထက်ဖော်ပြပါ နည်းလမ်းက " Solid-state drives ( SSDs )နှင့် hard disk drives ( HDDs ) " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြခဲ့တဲ့ Solid-state drives ( SSDs ) နဲ့ hard disk drives ( HDDs ) ကို ကိုယ့် ရဲ့ System မှာ ယှဉ်တွဲအသုံးမပြုထားပဲ SSDs တစ်ခုတည်းမှာသာ ရှိသမျှ Data အားလုံးကို ထည့်သွင်း အသုံးပြုမှ အကျိုးသက်ရောက်မှု ရှိတာမျိုးပါ။ တကယ်လို့ Drives ( ၂ ) မျိုးလုံးကို သုံးမယ်ဆိုရင်တော့ indexing ကို ထူးပြီး Disable ပေးမနေပါနဲ့ - Enable အနေနဲ့သာ ထားထားလိုက်ပါ။

နာမည်ကြီးပါသည် - သို့သော် မလိုပါ

ပုံမှန် ကျွန်တော်တို့ hard disk drives ( HDDs ) တွေ သုံးတဲ့ အချိန်မှာ Superfetch ( Windows 7 - Vista ) တို့ Prefetcher ( Windows XP ) တို့ကို SSDs သုံးတဲ့ အချိန်မှာ Windows 7 က အလိုလျောက် turn off လုပ်ထားပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Windows XP မှာ ပါတဲ့ Prefetcher တို့ Windows 7 - Vista မှာပါတဲ့ Superfetch တို့ ဆိုတာ Windows boot process နဲ့ Applications တွေရဲ့ Start up times ကို မြန်မြန်ဆန်ဆန်နဲ့ အစပျိုးနိုင်စေဖို့ Windows မှာ ထည့်သွင်းထားတဲ့ Memory Manager ရဲ့ Components တွေ ဖြစ်ပြီး တကယ်လို့ ကျွန်တော်တို့က SSDs သုံးထားတယ် ဆိုရင် ဒီ စွမ်းရည်တွေက ရပြီးသားမို့လို့ Windows 7 က အလိုလျောက် turn off လုပ်ပေးသွားတာပါ။ တကယ်လို့ ကျွန်တော်တို့က Windows Vista သုံးသူ ဆိုရင်တော့ Superfetch ကို Disable လုပ်ဖို့ ပြင်ဆင်ရမှာတွေ ရှိပါတယ်။ ဒါပေမယ့် ဘယ်လို လုပ်ရမယ်ဆိုတာကိုတော့ ဒီနေရာမှာ မဖော်ပြတော့ပါဘူး။ တကယ်လို့ လေ့လာချင်မယ် ဆိုရင်တော့ How-To Geek မှာ Windows Vista မှာ SuperFetch ကို ဘယ်လို Disable ပေးမယ် ဆိုတာ ဖော်ပြထားတာ ရှိပါတယ်။ လေ့လာနိုင်ပါတယ်။



SSDs မှာ Page file တွေ - Cache တွေ Write လုပ်တာကို Disable လုပ်တာကလည်း ကောင်းမွန်တဲ့ ပြင်ဆင်ချက် တစ်ခုပါပဲ။ ဒါပေမယ့်လည်း ဒီ လုပ်ဆောင်ချက်က ထင်ထားသလောက်ကြီး သိပ်အသုံးမတည့်လှပါဘူး - Tweak လုပ်တယ် ဆိုပေမယ့် တစ်ချို့ Tweak တွေက လုပ်တာထက် မလုပ်တာ ပိုကောင်းပါတယ်။ လုပ်တာ မလုပ်တာ နောက်ထားပြီး လုပ်ရင် ဘာကောင်းမလဲ ဆိုတာတော့ page file ရဲ့ size ကို ကန့်သတ်လိုက်တဲ့ အတွက်ကြောင့်မို့ SSDs ပေါ်မှာ ကျွန်တော်တို့ အတွက် တကယ်အသုံးလိုမယ့် နေရာတစ်ချို့ ပိုရလာပါမယ်။ ဒါက ကောင်းကျိုးပါပဲ။ ဒါကို လုပ်ဆောင်ဖို့ အတွက်ဆိုရင် Start menu ကနေ My Computer ပေါ်မှာ Right click ပေးပြီး Properties ကို ဝင်ပါ။ အဲကနေ ဘယ်ဘက်ခြမ်းက Advanced System Settings ကို ဝင်ပြီး Performance အောက်က Setting button ကိုနှိပ်လိုက်ပါ။ အဲ့နောက်မှာတော့ Advanced tab ကို ဆက်သွားပြီး Change button ကနေ တစ်ဆင့် နောက်တစ်ဆင့်ကို ဆက်ဝင်ပါ။ ပြီးရင် "Automatically manage paging file size for all drives" ကို uncheck ပေးပြီး ကိုယ်ထားချင်တဲ့ ပမာဏကို ပြောင်းထားလို့ ရပါတယ်။


ခုဖော်ပြခဲ့တာတွေ အားလုံးဟာ Solid-state drives ( SSDs ) ကို အသုံးပြုချင်တဲ့ မိသားစုဝင်များအတွက် အကောင်းဆုံးဖြစ် အောင် ပြင်ဆင်လို့ ရနိုင်မယ့် အကြံပြုချက် တစ်ချို့လောက်သာ ဖြစ်ပါတယ်။ ကိုယ့် ကွန်ပြူတာရဲ့ Performance ကို ဒီ့ထက် ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်မယ့် ပြင်ဆင်ချက်တွေလည်း ရှိနေဦးမှာ မလွဲပါဘူး -  ဒါ့ကြောင့် SSDs နဲ့ ပတ်သတ်ပြီး ကောင်းသထက် ကောင်းမွန်အောင် ပြင်ဆင်နိုင်မယ့် ကိုယ့်စိတ်ကြိုက် ပြင်ဆင်မှုလေးတွေ ရှိသေးမယ် ဆိုရင် ဒီနေရာလေးမှာ ပေါင်းပြီး မျှဝေပေးကြဖို့ ဖိတ်ခေါ်လိုပါတယ်။


KznT.

Virtual Drive and ISO images

Originally Posted by နှင်းမောင်
virtual drive format file ဆိုတာ ကျနော် နားလည်သလို ပြောလိုက်တာပါ။ virtual drive ထဲထည့်ပြီး သုံးလို့ရအောင် ကျနော် သူငယ်ချင်းတယောက်ဆီက Myanmar Encyclopedia CD ရထားပါတယ်။ ပုံစံလေးက တြိဂံစီဒီပုံလေး ဖြစ်ပြီးတော့။ VCD file လို့ပြပါတယ်။ အဲဒါလေးကို ကျနော် အလွယ် virtual drive format လို့ပြောလိုက်တာပါ။ ခွေနဲ့ မသုံးဘဲ ဆော့ဝယ်စီဒီအချို့ကို virtual drive ထဲထဲ့ သုံးချင်ပါတယ်။ အဲလိုသုံးလို့ရအောင် ဘယ်လိုရမယ်ဆိုတာကို သိချင်တာပါ။



ဟုတ်ကဲ့ပါ ကိုနှင်းမောင် - ဘာမေးချင်တယ် ဆိုတာ ကျွန်တော် သဘောပေါက်ပါပြီ။ မေးခွန်းမေးတဲ့ သူကို မေးခွန်းပြန်မေးတာ ကိုတော့ စိတ်မရှိပါနဲ့ဗျာ - ဝိုးတစ်ဝါးနဲ့ စိတ်ထဲထင်တာ ဖြေလိုက်ရင်ကျ ကိုနှင်းမောင် အတွက်လည်း အကျိုးမရှိ - ကျွန်တော့် အတွက်လည်း အချိန်ပေးရပြီး တန်ဖိုးမရှိလို့ပါ။ ကိုနှင်းမောင် နားလည်လွယ်အောင် ကျွန်တော် အကြမ်းဖျဉ်းပြောရရင် virtual drive format file ဆိုတာမျိုးရယ်တော့ မရှိဘူး ကိုနှင်းမောင်ရ - အဲ့တာကိုပဲ ပိုနားလည်လွယ်အောင် ပြောရရင် ကျွန်တော် အရင်ဆုံး ပြန်ပြောရမှာ Virtual CD / DVD Drive ဆိုတာတွေ အကြောင်း နဲနဲ အစပြန်ခေါ်မှ ရမယ် ထင်တယ်။ Virtual CD / DVD Drive ဆိုတာ ကျွန်တော်တို့ရဲ့ operating system မှာ တကယ် DVD / CD drives တွေတပ်ဆင်ထားတာမျိုး မဟုတ်ပဲနဲ့ ကိုယ့် OS ထဲမှာ တကယ့် DVD / CD drives တွေ တပ်ဆင်ထားသယောင် မြင်တွေ့နေရပြီး အဲ့ကနေ တစ်ဆင့်လည်း DVD / CD images ( ISO images ) တွေကို တိုက်ရိုက် Mount လုပ်ပြီး သုံးနိုင်တာမျိုးကို ခေါ်တာပါ။ ထူးခြားသွားချက်ကတော့ DVD / CD images ( ISO images ) တွေကို အသုံးချနိုင်ဖို့ ကျွန်တော်တို့ သီးသန့် အခွေရိုက်ထုတ်နေစရာ မလိုတော့ဘူး - CD / DVD ROM တွေ စက်မှာ ရှိမနေလည်း ဒီ အခွေထဲမှာ ရှိတဲ့ အကြောင်းအရာ မှန်သမျှကို ကျွန်တော်တို့ Virtual CD / DVD Drive ကနေတစ်ဆင့် ဇာတ်ကားဆို ကြည့်ရှုလို့ ရတယ် - သီချင်းတွေဆို ခံစားလို့ ရတယ် - နည်းပညာရပ်တွေဆို လေ့လာလို့ ရတယ် - Software တွေဆို တိုက်ရိုက် install လုပ်ပြီး စမ်းသပ်လို့ ရမယ် - စတာတွေ ဖြစ်ပါတယ်။ ဒါတွေကို ကိုနှင်းမောင်လည်း သိသင့်သလောက် သိပြီးသား ဖြစ်မှာပါ။

ဒါကိုပြန်ပြောရတဲ့ အကြောင်းအရင်းက Virtual drive format file ရယ်လို့ သီးခြား ကွဲထွက်မသွားဘူး ဆိုတာ သိစေချင်လို့ပါ။ များသောအားဖြင့် Virtual drive နဲ့ Mount လုပ်ပြီး သုံးဖို့ ဆိုရင် ကျွန်တော်တို့ အများဆုံး အသုံးပြုကြတာ ISO images တွေပါ။ Virtual drive ကနေ Mount လုပ်ပေးနိုင်တဲ့ တစ်ခြား Images အမျိုးအစားတွေလည်း ရှိပါသေးတယ် - ဥပမာ ပြောရရင် ISO, BIN, IMA/IMG, CIF, NRG, IMG/CCD, MDF/MDS, VCD, C2D, VDI, BWI/BWT, TAO/DAO, PDI, P01/MD1/XA, VaporCD, နဲ့ compressed Universal Image Files လို့ ခေါ်တဲ့ (UIF) format တွေပါ။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ဂိမ်းခွေတွေကစ - Windows ခွေတွေ အလယ် - Software ခွေတွေ အဆုံး ISO ကိုပဲ သုံးလာကြတာ များပါတယ်။ ဘာကြောင့်လဲ ?? ဘာလို့လဲ ဆိုတော့ ISO images က Create လုပ်ဖို့လွယ်တယ်။ ISO images လုပ်ဖို့ ထုတ်ထားတဲ့ Software တွေဆိုတာလည်း တော်တော်များများရှိပြီး ထုတ်ထားသမျှ Software တွေ အားလုံးနီးပါးကလည်း free ပေးထားကြတာများပါတယ်။ ဒါ့ကြောင့် ISO images က ခုနောက်ပိုင်းမှာ ပိုပြီးတွင်ကျယ်လာတာပါ။ ISO images ဆိုတာ ကွန်ပြူတာ စကားလုံးအရသာ စာလုံးက နည်းနည်း ဆန်းနေတာပါ - သူ့ကို အလွယ်ပြောရမယ် ဆိုရင် CD / DVD ခွေတွေ အဖြစ်နဲ့ မသိမ်းချင်လို့ စက်ထဲမှာ images အနေနဲ့ အလွယ်သိမ်းထားတဲ့ သဘောပါပဲ။ စက်ထဲမှာ သိမ်းတာများဗျာ - ဒီအတိုင်း folder တစ်ခုထဲ ထည့်ပြီး Archiver တစ်ခုနဲ့ ချုံ့ပြီး သိမ်းထားလိုက်လည်း ဖြစ်တာပဲလို့တော့ အထွန့်တက်စရာ ရှိပါတယ်။ မှန်ပါတယ်။ အဲလို သိမ်းလို့လည်း ရပါတယ်။ ဒါပေမယ့် ISO images format နဲ့ ဘာလို့ ပြောင်းသိမ်းကြလဲ ဆိုတော့ files ပေါင်းများစွာကို format တစ်ခုတည်း အနေနဲ့ ပေါင်းပြီး သိမ်းထားလို့ ရတာရယ် - လိုမယ်ဆိုရင် CD/DVD အဖြစ်ပါ တစ်ခါတည်း ရိုက်ထုတ်လို့ ရတာရယ် - လိုလို့ အသုံးချ ချင်တယ် ဆိုရင်လည်း Virtual drive နဲ့ Mount လုပ်ပြီး တိုက်ရိုက် အသုံးပြုလို့ ရတာရယ် စတဲ့ ထူးခြားချက်လေး တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုနှင်းမောင် မေးထားတဲ့ မေးခွန်းကို ဦးတည်ချက်ထားပြီး အနှစ်ပြန်ချုပ်ရရင် Software စီဒီအချို့ကို CD/DVD မရိုက်ပဲ images ကနေတစ်ဆင့် တိုက်ရိုက် Virtual Drive ကနေ အသုံးချချင်တဲ့ အခါ ကျွန်တော်တို့ အရင်ဆုံး လုပ်ဆောင်ရမှာ ကိုယ့်ရဲ့ Files တွေ - Software တွေ စတာတွေကို Images file အနေနဲ့ တစ်ခုတည်း ဖြစ်အောင် ဖန်တီးဖို့ပါ။ ဘယ် Images အမျိုးအစားတွေ ရှိတယ်ဆိုတာတော့ ကျွန်တော် အပေါ်မှာလည်း ဖော်ပြခဲ့ပြီး ပါပြီ။ ဥပမာပေးရရင် ကျွန်တော်တို့မှာ Software တွေစုထားတာ ရှိတယ် သူတို့တွေ အားလုံးကို ပေါင်းပြီး ISO images လုပ်ကြမယ် ဆိုကြပါစို့ - ISO images အဖြစ်ဖန်တီးပေး နိုင်တဲ့ burner ပေါင်းမြောက်များစွာ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က အသုံးပြုကြတဲ့ Software ချင်း မတူလို့ ကျွန်တော့် အနေနဲ့ အကုန်လိုက် ဖော်ပြမပေးနိုင်တာကိုတော့ နားလည်ပေးပါ ကိုနှင်းမောင် - ကျွန်တော်သုံးဖြစ် နေတာတော့ လတ်တလောမှာ MagicISO ပါ။ ပေါ့ပေါ့ပါးပါးနဲ့ သုံးဖို့လည်း လွယ်တာက တစ်ကြောင်း - နောက်ပြီး စစသုံးသုံး ချင်းမှာ နားမလည်တာတွေကို MagicISO Online Help ကနေ သရုပ်ပြပုံတွေနဲ့ အလွယ်တကူ လေ့လာနိုင်လို့ ခဏချင်းမှာ Software အသုံးပြုပုံကို ရင်းနှီးနိုင်တာကြောင့် ကျွန်တော် ခုထိ MagicISO ကို သုံးဖြစ်နေတာလည်း ပါပါတယ်။ MagicISO Software ကို ကျွန်တော် တင်ပေးထားတဲ့ 2010 2011 Ultimate Software Guide for Windows Users မှာရော ဒါမှမဟုတ် ဖိုရမ်က Burning Tools များအတွက် မာတိကာ မှာပါ ကိုနှင်းမောင် ရှာဖွေတွေ့ရှိနိုင်ပါတယ်။ နောက်ထပ် ကျွန်တော် သဘောကျတာကတော့ Ashampoo ပါ။ သူကလည်း တော်တော်လေး သုံးရလွယ်ပြီး CD/DVD နဲနဲ ရိုက်ဖူးတဲ့ အတွေ့အကြုံရှိသူဆိုရင် Ashampoo ကို တစ်ခါမှ မသုံးဖူးရင်တောင် ခဏချင်းနဲ့ အလွယ်တကူ သုံးတတ်စေပါတယ်။ MagicISO သုံးမယ်ဆိုရင်တော့ ISO images ဘယ်လိုပြုလုပ်ရမယ် - Bootable ISO image ဖြစ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ အားလုံးကို MagicISO Online Help မှာပဲ လေ့လာနိုင်ပါတယ်။ ကျွန်တော့် ပြောခိုင်းလည်း အဲ့ကနေပဲ ကော်ပီကူးပြီး ပြန်ဖော်ပြရမှာမို့ Link ကိုပဲ ညွှန်ပြပေးလိုက်တာပါ။ ဒီလောက်ဆို iso file ဖြစ်အောင်၊ virtual drive နဲ့ အသုံးပြုနိုင်အောင်၊ Bootable ISO image ဖြစ်အောင် ဘာတွေလုပ်ဖို့ လိုအပ်မယ် ဆိုတာ ကိုနှင်းမောင် အကြမ်းအားဖြင့် သဘောပေါက်နိုင်လိမ့်မယ် ထင်ပါတယ်။ ရှေ့ဆက်ပြီး အသေးစိတ် လေ့လာမှု ကိုတော့ ကိုယ်သုံးမယ့် burner ကို လိုက်ပြီး ပြောင်းလဲ လေ့လာမှု လုပ်သွားဖို့ အကြံပြုလိုပါတယ်။

နောက်တခုကတော့ ၀င်းဒိုးခွေပါ။ ၂၀၁၀ ၀င်းဒိုး အိပ်စ်ပီလို့ အလွယ်ပြောပေမယ့် အပြည့်စုံကတော့ Windows.XP.Sp3.NASA.2nd.Generation.2010 ဖြစ်ပါတယ်။ အစ်ကို တင်ပေးထားတာလို့ ထင်ပါတယ်။
Windows.XP.Sp3.NASA.2nd.Generation.2010 က ကျွန်တော် တင်ပေးထားတာ မဟုတ်ပါခင်ဗျာ - လိုက်ရှာကြည့်တာတော့ ကိုမုန်းရခက် တင်ပေးထားတဲ့ Window XP SP3 NASA II 2010 တော့ တွေ့မိပါတယ်။ ကိုကျောက်ဖြူကလည်း အပေါ်မှာ ကိုနှင်းမောင် အတွက် Windows.XP.Sp3.NASA.2nd.Generation.2010 အတွက် Generation အသစ် ကို လိုချင်ရင် တင်ပေးမယ် ပြောထားတော့ သူ့ကိုသာ အားနာနာနဲ့ အပူကပ်လိုက်ပါဗျာ Latest လေး ရတာပေါ့

စာပြန်နောက်ကျတာတော့ ဘယ်လိုမှ စိတ်ထဲ မရှိပါနဲ့ဗျာ - ကျွန်တော်လည်း တစ်ခြား ပြဿနာလေးတွေ လိုက်ရှင်းနေရတာရယ် - အလုပ်လေးလည်း တစ်ဖက် ရှိနေလို့ပါ။

အဆင်ပြေပါစေ ကိုနှင်းမောင် -

KznT.

Blogger2Wordpress and WordPress2Blogger


Originally Posted by နိုင်လင်းစိုး
အဆင်ပြေရင် ကူညီပါဦးဗျာ..ကျနော် ဘလော့ကနေ XML ဖိုင်ကိုဒေါင်းပြီးတော့ WP အသစ်မှာဘယ်လိုသွင်းရမလဲ မသိလို့ပါ.
ဟုတ်ကဲ့ပါ ကိုနိုင်လင်းစိုးရေ -
Blog Service တစ်ခုကနေ နောက်တစ်ခုသို့ Post တွေ Comment တွေ ပြောင်းပေးနိုင်တဲ့ Converter တစ်ခုကို Google Code ကနေ ဖန်တီးပေးထားတာ ကြာပါပြီ။ သူ့ကို Google Blog Converters လို့ ခေါ်ပါတယ်။ သူ့ကို အသုံးပြုပြီး Blogger က ပို့စ်တွေကို WordPress ထဲ အချိန်ကုန်ခံစရာ မလိုပဲ - သက်သက်သာသာနဲ့ ရွှေ့ပြောင်းယူလို့ ရပါတယ်။ အဲ့လိုမျိုးပဲ အရင်က ရွှေ့ပြောင်းဖို့ အခက်အခဲတွေ မနည်းမနော ရှိနေတဲ့ WordPress, LiveJournal, Movable Type တွေက ကိုယ်ရေးထားတဲ့ ပို့စ်တွေ ကောမန့်တွေကိုလည်း Blogger ထဲကို ပြောင်းတင်လို့ ရနေပါပြီ။ ဒီ့ထက်တိကျတဲ့ အသေးစိတ် အချက်အလက်တွေကို Google Code မှာ ဖတ်ရှုကြည့်ပြီး လက်တွေ့ စမ်းသပ်ကြည့်ချင်မယ် ဆိုရင်တော့ Blogger ကနေ Wordpress ပြောင်းဖို့ အတွက်ဆို - Blogger2Wordpress နဲ့ Wordpress ကနေ Blogger ပြန်ပြောင်းမယ် ဆိုရင် WordPress2Blogger တို့မှာ စမ်းသပ်ကြည့်နိုင်ပါတယ်။



လုပ်ဆောင်ပုံ လုပ်ဆောင်နည်းကို အကြမ်းဖျဉ်းပြောရရင်တော့ Blogger ကနေ Wordpress ကို ပြောင်းတဲ့ နေရာမှာ Posts တွေ Comments တွေကို Blogger ကနေ Export လုပ်ထားတဲ့ XML နဲ့ တိုက်ရိုက် Wordpress ထဲ သွားထည့်လို့ မရပါဘူး - Blogger ကနေ ကျလာတဲ့ XML ကို Wordpress ထဲ ထည့်ဖို့ အတွက် သူ့ကို Wordpress XML အဖြစ် Blogger2Wordpress မှာ Browse ကနေ တစ်ဆင့် Convert လုပ်ယူရပါမယ်။


Convert လုပ်ပြီးသွားရင် သူက ခုလိုမေးပါလိမ့်မယ်။ အဲ့ဒီ့ XML ကို Desktop ပေါ်မှာ ဖြစ်ဖြစ် သိမ်းထားလိုက်ပါ။


နောက် အဲ့ဒီ့ရလာတဲ့ Wordpress XML ကိုမှ Wordpress ထဲကို ဝင်ပြီး Import လုပ်ပါ။ ကိုနိုင်လင်းစိုးလိုချင်တဲ့ Blogger က posts တွေ comments တွေအားလုံး Wordpress မှာ မြင်ရပါလိမ့်မယ်။

တစ်ခြား မေးစရာလေးတွေ အတွက် ကျွန်တော့် MF mail ကို add ထားလို့ ရပါတယ်။

Feel free to contact me - levendreams@myanmarfamily.org
အဆင်ပြေပါစေ ကိုနိုင်လင်းစိုး

KznT.

.Net Framework and NET Version Detector

Originally Posted by ဝင်းအောင်
ဒါလောက်လေးနဲ ့ဝင်းဒိူ းချရအောင်လည်း မလုပ်ချင်ဘူး။ အစ်ကိုပြောသလို Antivirus ပြောင်းကြည် ့ရင်ကောင်းမလား ဘဲဆက်စဉ်းစားရမှာဘဲ ။ Antivirus က NOD32 ပါအစ်ကို။.Net Framework versions တွေဆိုတာတော ့ ညီလည်း နားမလည်းသေးပါဘူး။ ဘယ်နားမှာဆိုတာ လေးတော့အစ်ကို သည်းခံပြီးပြောပြပါ
ဟုတ်ပါတယ် ကိုဝင်းအောင်ရေ - ဒီလောက်လေးနဲ့ Windows ချဖို့ကိုတော့ ကျွန်တော်လည်း အားမပေးပါဘူး - နောက်ပြီး ခဏခဏ size ကြီးတဲ့ Application တစ်ခုခုကို ခဏခဏ ဖြုတ်လိုက်တင်လိုက် နဲ့ လုပ်တာမျိုးကိုလည်း ကျွန်တော် အားမပေးချင်ပါဘူး - အပေါ်မှာ ကိုကျောက်ဖြူ ပြောခဲ့တာရော ကျွန်တော် ပြောခဲ့တာရော ဘယ်လိုမှ အဆင်မပြေသေးဘူး ဆိုရင်လည်း နောက်ထပ် ဖြစ်နိုင်ချေ ရှိတာတွေ ထပ်စဉ်းစား ကြည့်ပါဦးမယ်။



လောလောဆယ်တော့ .Net Framework အကြောင်း အကြမ်းဖျဉ်း နဲနဲ ပြောပြပေးပါ့မယ်။ ကိုဝင်းအောင် ကြုံဖူးမလားတော့ မသိဘူး - တစ်ချို့ Programs တွေမှာ အင်တာနက်ကနေ Download ချကတည်းက .NET Framework ကို စက်ထဲမှာ installed လုပ်ဆောင်ထားပြီးသား ဖြစ်ရမယ်လို့ အသိပေးပြီးသား နဲ့ လာတာမျိုးတွေ ရှိပါတယ်။ သူ သတိပေးထားရက်နဲ့ .NET Framework မရှိတဲ့ စက်မှာ run မယ်ဆိုရင် Result ကတော့ application က အလုပ်မလုပ်တာ - crash ဖြစ်တာ - အစပျိုးပြီး ရှေ့ဆက်မသွားတာ စသဖြင့် မျိုးစုံ ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ ပြတတ်တဲ့ message က -

“The application failed to initialize properly (0×0000135). Click OK to terminate the application.”
ဆိုတဲ့ စာမျိုး ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ မေးစရာ ရှိလာတာ .NET Framework ဆိုတာ ဘာများလဲ ?




Microsoft .NET Framework ဆိုတာ Microsoft Windows operating systems တွေအတွက် ထုတ်ထားတဲ့ software technology တစ်ခုပါပဲ။ သူ့အထဲမှာ ဘာတွေ ထည့်သွင်းရေးသားထားသလဲ ဆိုရင် ပုံမှန် programming ပြဿနာရပ်တွေအတွက် အဖြေထုတ်ထားပြီးသား Code တွေ ပါဝင်ပါတယ်။ ဒါ့အပြင် framework တစ်ခုတည်းအတွက် သီးသန့် ရေးသားထားတဲ့ programs တွေ windows ထဲမှာ execution လုပ်ဆောင်တဲ့ အခါမှာ virtual machine တစ်ခု အနေနဲ့ .NET Framework ထိန်းချုပ် လုပ်ဆောင်ပေးပါတယ်။ နောက်ပြီး .NET Framework ဆိုတာ Windows platform တွေအတွက် applications အသစ်တွေ ဖော်ထုတ်ကြတဲ့ အခါမှာ အသုံးပြုနိုင်အောင် Microsoft ကနေ ကမ်းလှမ်းထားတဲ့ software framework တစ်ခုလည်း ဖြစ်ပါတယ်။

အတိုချုံး ပြောရမယ် ဆိုရင်တော့ ကျွန်တော်တို့တွေ flash animations တွေ ကြည့်နိုင်ဖို့ဆို Adobe Flash Player တင်ရတယ်။ Java Programs တွေ run နိုင်ဖို့ဆို Java Runtime တင်ထားဖို့လိုတယ်။ အဲလိုပဲ .NET Framework လိုအပ်တဲ့ programs တွေ အတွက်လည်း Microsoft .NET Framework install လုပ်ဆောင်ထားပြီးသား ဖြစ်ဖို့ လိုပါတယ်။

.NET Framework က Windows Server 2008 နဲ့ Windows Vista - 7 မှာ ထည့်သွင်းပါဝင်ပြီးသားပါ။ ဒါပေမယ့် Versions နိမ့်တာ မြင့်တာလေးတွေ လောက်ပဲ ကွာခြားချက် ရှိပါတယ်။ Windows XP မှာတော့ Windows Updates ပေးမထားဘူး - ကိုယ်တိုင်ကလည်း installed လုပ်ဆောင်မထားဘူးဆိုရင် .NET Framework က စက်ထဲမှာ ရှိနေမှာ မဟုတ်ပါဘူး - လောလောဆယ် ထုတ်ထားပြီးတဲ့ .NET Framework current version က .NET Framework 4.0 ပါ။ တစ်ခြား ထုတ်ထားပြီးတဲ့ .NET Framework versions တွေလည်း အများကြီး ရှိပါသေးတယ်။ (1.0, 1.1, 2.0, 3.0, 3.5 နဲ့ 4.0)။ တစ်ခါတစ်လေမှာ users တွေ ကိုယ်တိုင်က ကိုယ့်စက်မှာ ဘယ် .NET Framework versions တွေ သွင်းထားပြီးမှန်း သတိမထားမိကြတာ တွေလည်း ရှိပါတယ်။

ကိုယ့်စက်မှာ ဘယ် .NET Framework versions တွေ သွင်းထားပြီးပြီ လဲဆိုတာ စစ်ဆေးနိုင်တဲ့ နည်းလမ်း နှစ်မျိုး ရှိပါတယ်။ တစ်နည်းကတော့ Control Panel > Add or Remove Programs ကနေ စစ်ဆေးတဲ့ နည်းပါ။


ဒါပေမယ့် ဒီနည်းက အရမ်းကို အခြေခံ ကျပါတယ်။ နောက်ပြီး အဲ့နည်းနဲ့ စစ်ရင် တစ်ခါတစ်လေမှာ ကိုယ့်စက်မှာ .NET Framework ရှိနေလျက်နဲ့ Add or Remove Programs ထဲမှာ မတွေ့တာမျိုးလည်း ရှိတတ်ပါတယ်။

အဲ့အတွက် သူ့ထက်ကောင်းတဲ့ နည်းလမ်းတစ်ခုစီ ကျွန်တော်တို့ ချဉ်းကပ်ကြည့်ပါမယ်။ နည်းက free လည်းရပြီး portable လည်း ဖြစ်တဲ့ .NET Version Detector ကို အသုံးပြုဖို့ပါ။ သူက အသုံးပြုရလည်း လွယ်ကူပြီး သူ့ကို Run လိုက်တာနဲ့ ကိုယ့်စက်မှာ installed လုပ်ဆောင်ပြီးထားတဲ့ .NET Framework versions တွေကိုရော Hard drive ရဲ့ ဘယ်နေရာမှာ ရှိတယ် ဆိုတာကိုပါ အောက်ဖော်ပြပါအတိုင်း ဖော်ပြပေးပါလိမ့်မယ်။


တကယ်လို့ ကိုယ့်စက်မှာ ရှိတဲ့ versions က နိမ့်နေတယ် ဆိုရင်လည်း ဘယ်ဘက်ခြမ်းက links တွေကနေ Download ရယူလို့ ရပါတယ်။ Windows ( 95/98/98SE/ME/NT4/2000/XP/2003/Vista/7 ) အားလုံးမှာ Run လို့ ရပါတယ်။ Download ကိုတော့ အောက်ကနေ ယူလိုက်ပါ။

[ Download .NET Version Detector 2007 ]

KznT.

Martyrs' Day




အာဇာနည်နေ့ ရောက်တိုင်း အာဇာနည်ကုန်းကို သွားပြီး ဦးညွတ်ဖို့ အခွင့်မသာခဲ့ပေမယ့် - ၁၉ ဇူလိုင် ဆိုတဲ့ အသံကို ကြားရရင် စိတ်ထဲအမြဲ ဦးညွတ်မိခဲ့တာတော့ သိတတ်စ အရွယ်ကနေ ခုချိန်ထိတိုင်ပါပဲ - ဘာလိုလိုနဲ့ ( ၆၃ ) နှစ်တောင် ပြည့်မြောက်ခဲ့ပြီ - အာဇာနည်ဆိုတာ နိုင်ငံ တစ်နိုင်ငံရဲ့ ပြယုဒ် - သူတို့တွေ ကျဆုံးသွားပေမယ့် သူတို့တွေရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့် ကျွန်တော်တို့ ဒီအမွေအနှစ်တွေကို ခံစားနေခဲ့ရတာ - ဒါ့ကြောင့် အာဇာနည်လို့ ဆိုလိုက်ရင် ဗိုလ်ချုပ်အောင်ခန်းနဲ့ တစ်ခြား အာဇာနည် ခေါင်းဆောင်တွေတင်မက နိုင်ငံ့အတွက် အသက်ပေးလှူခဲ့ကြတဲ့ ဘယ်သူ့ကို မဆို မေ့မပစ်ကောင်းပါဘူး - အာဇာနည်နေ့နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို မိသားစုဝင်တွေ အပေါ်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပြီးလို့ ကျွန်တော် ထပ်ပြီး ဖော်ပြဖို့တောင် လိုမယ် မထင်တော့ပါဘူး - ဒါပေမယ့် လွတ်လပ်ရေး ကြိုးပမ်းမှု နဲ့ ခွဲခြားဖယ်ထုတ်ဖို့ မဖြစ်နိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆောင်ရွက်ချက်တွေထဲက ကျွန်တော် ဖတ်ခဲ့ရတဲ့ သူ့မိန့်ခွန်းလေး တစ်ခုကို မြန်မာမိသားစုမှာ ဖော်ပြပေးချင်ပါတယ်။


၁၃၀၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက် ဗုဒ္ဓဟူးနေ့ (၂၊ ၁၂၊ ၄၂) ရန်ကုန် သူရိယ သတင်းစာမှာ ဖော်ပြ ပါရှိတဲ့ ဗိုလ်မှူးကြီး အောင်ဆန်းရဲ့ မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက် "ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန်" မိန့်ခွန်းကို ၁၉၈၅ ခု၊ ဒီဇင်ဘာလမှာ 'ပုရပိုက် စာပေနှင့် အနုပညာ' က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ' စာအုပ်မှ ဖြစ်ပါတယ်။


ယနေ့ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း ပြောရသည့် အတွက် ကျွန်တော် အထူးပဲ ဝမ်းမြောက်ပါတယ်၊ မြန်မာ့ ကာကွယ်ရေး တပ်မတော်နှင့် ပတ်သက်ပြီး နားမရှင်းတာတွေ သိချင်တာတွေ ရှိတာ သိပေမယ့် ပြောဖို့ ရှင်းဖို့ တပ်မတော် အခွင့်အလမ်း ရှာ၍ မရသေးတဲ့အတွက် အသာပဲ ရေငုံနေခဲ့ရတယ်၊ ယနေ့ ပြောခွင့်ရတဲ့အခါ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း အတော်အတန် ပြောပြရတာပေါ့။

နီပွန် နန်းရင်းဝန်ကြီး တိုဂျိုက မြန်မာပြည်ဟာ နီပွန်ပြည်၏ စိတ်နေ စိတ်ထား ဝါဒတို့ကို နားလည် သဘောကျပြီး ၎င်းတို့နှင့် အရှေ့အာရှ ခေတ်သစ် ထူးထောင်ရေးမှာ ပါမယ်ဆိုရင် လွတ်လပ်သော တိုင်းနိုင်ငံ အနေအထားမျိုး ဖြစ်ပါစေမယ်လို့ ကတိ ပေးထားတယ်။ ဒီ ကတိဟာ ပေါ့ပေါ့ဆဆ ပေးတဲ့ကတိ မဟုတ်ဘူး၊ ဒီ ကတိဟာ နီပွန်ပြည်ကြီးရဲ့ အစိုးရ အဓိကရ ခေါင်းဆောင်ကြီး တကမ္ဘာလုံး ကြေညာထားတဲ့ ကတိ ဖြစ်တယ်။ ဒီကတိဟာ မြန်မာတွေ ဒီအတိုင်း ထိုင်နေကြလို့ ရတာ မထင်ကြနဲ့၊ ပထမဆုံး ဗြိတိသျှနဲ့ နီပွန် စစ်မဖြစ်ခင်က မြန်မာ့ လွတ်လပ်ရေး လုပ်ငန်းကို အသက်နဲ့ လဲပြီး ဆောင်ရွက်ခဲ့ကြတဲ့ သာယာဝတီ သူပုန်လို လူမျိုးတွေ၊ မြန်မာပြည်က လူငယ်တွေ နီပွန်ပြည်ကို သွားပြီး စစ်ပညာသင်၊ မြန်မာပြည် အကြောင်း တိုက်တွန်း၊ မြန်မာပြည်က သိလိုတဲ့ မြန်မာပြည် အကြောင်းတွေ အမျိုးမျိုး ရှာပေး၊ နောက်စစ်ဖြစ်တဲ့ အခါလဲ ဒိုးတူပေါင်ဖက် ရှောက်လုပ်၊ တိုက်ခိုက်မှု အမျိုးမျိုးကူ၊ မြန်မာလူမျိုး တွေကလဲ ဝိုင်းဝန်း ထောက်ပံ့ခဲ့တာကြောင့် ဒီ ကတိ ပေးတယ် မှတ်ပါ၊ အလကား ထိုင်နေရင်း ရတယ် မထင်နဲ့ လုပ်တဲ့လူတွေ ရှိလို့ ရတယ်မှတ်ပါ။ အဲဒီ နန်းရင်းဝန်ကြီး တိုဂျို၏ ကတိအတိုင်း မြန်မာပြည် လွတ်လပ်တော့မယ်လို့ ဆိုကြပါစို့၊ လွတ်လပ်ရေး ရပြီးတိုင်း ဘာက ကျုပ်တို့ တိုင်းပြည် စကြမလဲ၊ ယခု အစိုးရ အဖွဲ့က အတော်အတန် မြန်မာပြည် ခေတ်သစ် ထူထောင်ရေး အတွက် လုပ်ငန်း အစီအစဉ်တွေ ပြောသွားတာ ကြားလိုက်ပါရဲ့၊ ဒါပေမဲ့ ဒီအစီအစဉ်တွေ လုပ်ဖြစ်ပါပြီတဲ့ တနေ့ ဒီဟာတွေကို ကာကွယ်ဖို့ အားမရှိရင် ဘယ်မှ အသုံးကျတော့မလဲ၊ ဒါကြောင့် မြန်မာပြည်ရဲ့ ကာကွယ်ရေးသည် ပထမ၊ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသည် မြန်မာပြည် ကာကွယ်ရေး အပေါ် တည်၏။ ထို့ကြောင့် မြန်မာ့ ကာကွယ်ရေးသည် မြန်မာ့ လွတ်လပ်ရေးနှင့် ညီမျှ၏၊ ဒီအချက်ကို ဘယ်သူမှ မငြင်းနိုင်ဘူး၊ မြန်မာ့ အဓိက ပြဿနာဟာ မြန်မာ့ ကာကွယ်ရေးပဲလို့ တထစ်ချ မှတ်လိုက်ပါ။

ကိုင်း … မြန်မာ့ ကာကွယ်ရေး လုပ်ကြစို့၊ ဘယ်လို လုပ်ကြမလဲ၊ မြန်မာ့ ကာကွယ်ရေး ဆိုပေမယ်လို့ နားလည် မလွဲကြနဲ့နော်၊ ရှေ့မှာ မြန်မာ့ ကာကွယ်ရေး သက်သက်ကြီး မဖြစ်တော့ဘူး။ မြန်မာ့ ကာကွယ်ရေးဟာ အရှေ့အာရှတိုက် ကာကွယ်ရေးမှာ အကျုံးဝင်ပုံကို တနေ့က ကျောင်းဆရာတွေကို မြန်မာ့ ကာကွယ်ရေး အကြောင်းကို ပြောပြတုန်းက ရှင်းခဲ့ပြီ၊ ကာကွယ်ရေး ဆိုတာမှာလဲ ရန်သူက တချက်ခုတ်လျှင် ကျုပ်တို့က နှစ်ချက် ပြန်ခုတ်မယ်၊ ရန်သူက ကျုပ်တို့ ပြည် တိုက်မယ် ဆိုရင် ကျုပ်တို့ အရင် ဦးအောင် တိုက်မယ်၊ အဲဒီ ကာကွယ် ရေးမျိုး။ ဒီ ကာကွယ်ရေးမျိုး အတွက် ဆိုရင် လူလဲ များဖို့ လိုတယ်။ လူတွေ စိတ်ဓာတ်လဲ ရင့်ဖို့ လိုတယ်။ လက်နက် ကိရိယာ ခဲယမ်းမီးကျောက်လဲ ပြည့်စုံဖို့ လိုတယ်။ မြန်မာပြည်ဟာ လူဦးရေ နည်းတော့ မြန်မာ့ ကာကွယ်ရေးဟာ မြန်မာတိုင်း မြန်မာတိုင်း ကလေးမှ အစ အဖိုးကြီး အမယ်ကြီးထိ အားလုံး ပါနိုင်မှ မြန်မာ့ ကာကွယ်ရေးဟာ တောင့်တင်းမှာ။ ဘယ်လို ပါရမလဲ ဆိုရင် စစ်တိုက်တယ် ဆိုတာဟာ စစ်သားချည်းနဲ့ မပြီးဘူး၊ ရိက္ခာ ထောက်ဖို့၊ ရိက္ခာ စိုက်ပျိုး စုဆောင်းရေး၊ ရိက္ခာ တင်ပို့ရေး အစရှိသဖြင့် စစ်တိုက်ခြင်းနဲ့ တိုက်ရိုက် မဆိုင်တဲ့ အလုပ်တွေ တိုင်းပြည်ရဲ့ စီးပွားရေး အင်အားကို စစ်အင်အားနဲ့ ညီမျှအောင် လုပ်ဖို့တွေ အတွက် အားလုံး ယောက်ျား၊ မိန်းမ မကျန်လုပ်မှ ဖြစ်မယ်၊ ဒါက အကြမ်း ပြောပြခြင်းပဲ၊ တနေ့ကလဲ ကာကွယ်ရေး အကြောင်း အတော်အတန် ပြောခဲ့ပြီ။ သို့ပေမယ့် ခုပြောခဲ့တဲ့ဟာတွေ လုပ်ဖို့ နေနေသာသာ ကျုပ်တို့မှာ ကာကွယ်ရေးဖို့ အချက်ဘာမှ မရှိသေးဘူး၊ အားလုံး စလုံးရေက စရမယ်၊ ဒါကြောင့် ယခုနှစ်အဖို့မှာ အရင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှ စစ်ထုတ်ပြီး စနစ်ကျကျ အသစ်ဖွဲ့တဲ့ မြန်မာ့ ကာကွယ်ရေး တပ်မတော်ဟာ ပထမ စလုံးရေ စခြင်းပဲ။ အစကရှိတဲ့ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ အမှန် ပြောရရင်တော့ အသင့်အတင့်လောက် အသုံးကျပါရဲ့၊ ဒါပေမဲ့ တခြား သွားတိုက်နိုင်တဲ့ အရည်အချင်း မရှိဘူး။ ပြီးတော့ ခေတ်ပျက်ကြီးမှာ ဖြစ်ကတတ်ဆန်း ကျဖမ်း စီစဉ်ရတာမို့ ချို့ယွင်းချက်တွေ အများကြီး တွေ့ရတယ်။ အဲဒီတော့ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် ဒီ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ မြန်မာပြည်က အားကိုးနိုင်တဲ့ တပ်လဲ ဖြစ်မှာ မဟုတ်ဘူး။ မြန်မာတွေ အမြဲ ရင်လေးနေတဲ့ တပ်မျိုး အဖြစ်သာ ရှိနေတယ်။ အဲဒါကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို ဘာလို့ မခေါ်ဘဲ မြန်မာ့ ကာကွယ်ရေး တပ်မတော် ဖြစ်လာသလဲ။ မြန်မာ့ လွတ်လပ်ရေးသည် ယခင်က ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်၊ အခု ဒီ လွတ်လပ်ရေး ရဖို့ ကိစ္စဟာ အဓိက မဟုတ်တော့ဘူး၊ ရတော့မယ်၊ လက်တလှမ်းပဲ လိုတော့တယ်။ ရပြီး ဘယ်လို ကာကွယ်ရမယ် ဆိုတာက ပိုပြီး အရေးကြီး လာပြီ၊ အဲဒါကြောင့် ရှေ့အနာဂတ်ကို မြှော်ကိုးပြီး ရာဇဝင် အကြောင်းထောက်လို့ မြန်မာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပေးတာပဲ။ တခြား အထင်လွဲ နေစရာ မလိုပါဘူး။ ပြီးတော့ နာမည် အရေးမကြီးပါဘူးဗျာ၊ လူ အရေးကြီးပါတယ်။ လုပ်တဲ့လူတွေ လုပ်တဲ့လူတွေ အဲဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်တွင်သာ ယခုနှစ် ကျွန်တော်တို့ ခံခဲ့သလား၊ မဟုတ်ပါဘူး။ ဒီပြင်ဟာတွေလဲ လုပ်ထားပါတယ်။ ပထမ အရေးကြီးဆုံးက အမြဲ တပ်ကြီးပဲ၊ လုပ်လျှင် လုပ်ခြင်း အဲဒီ တပ်တွေကို ဗိုလ်လုပ်နိုင်တဲ့ လူတွေ အလုံအလောက် ရှိဖို့ လိုတယ်။ အဲဒါကြောင့် မင်္ဂလာဒုံမှာ ယခုနှစ် ဗိုလ်သင်တန်း ဖွင့်ပြီး အမြောက်အမြား သင်ပေးနေတယ်။


ရန်ကုန်မြို့မှာ ဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်ကြီး အတွက် စည်းကမ်းစနစ်တွေ လုပ်၊ ရိက္ခာတွေထောက် ရှေ့ပြေး တပ်မတော် လုပ်ငန်းဆိုင်ရာ ဌာနကြီး အဖြစ်နဲ့ (ဟေဘီချိုတု) ခေါ်တဲ့နောက် ကာကွယ်ရေး ဝန်ကြီးရုံး ဖြစ်မယ့် ရုံးကိုလဲ တည်ထောင် ထားပါတယ်။ ပျဉ်းမနားမြို့မှာတော့ တပ်တွေ ချထားပြီး ကျွန်တော် ကိုယ်တိုင်ပဲ အုပ်ချုပ် နေရပါတယ်။ အားလုံး မြန်မာ ဗိုလ်တွေနဲ့ မြန်မာ့တပ်တွေကို အုပ်ချုပ် နေကြပါတယ်။ နီပွန် အတိုင်ပင်ခံတွေကလဲ စစ်ရေး နည်းနာတွေကို ကူညီ သင်ပြ ပေးကြပါတယ်။ အဲဒါတွေဟာ ကျွန်တော်တို့ စလုံးရေ စခြင်းပဲ။ ရှေ့ကို တဖြည်းဖြည်း လူတွေတိုး တပ်တွေချဲ့ လက်နက်တွေတိုး တင့်ကားတွေ အမြောက်ကြီး တွေ လေယာဉ်ပျံတွေ ရအောင် တဆင့် တဆင့် ကြိုးစား ကြရလိမ့်မယ်။ ယခု လာမယ့် နှစ်အတွက် တပ်ကို တိုးချဲ့ရအုံးမယ်။ ဒါပေမဲ့ စစ်သား အသစ်တွေ မကြာမီ ခေါ်တော့မယ်။ ဒါ မြန်မာတွေ အားလုံးရဲ့ တာဝန်ပဲ။ ဟို အရင်တုန်းက မြန်မာပြည် ကာကွယ်ရေး အတွက် မြန်မာ့ လက်ထဲအပ်ပါ။ မြန်မာတွေ ကိုယ့်ပြည် ကိုယ် ကာကွယ်ချင် လွန်းလို့ပါ။ လက်နက်သာ အပ်စမ်းပါ။ တိုက်ပြပါမယ်လို့ မြန်မာတွေက ပြောနေကြတယ်။ ကိုင်း … လက်တွေ့ စမ်းကြည့်မယ်။ ခု … ခင်ဗျားတို့ ဒီအခွင့်အရေးတွေ ရတော့မယ်။ ယူကြမလား၊ တပ်ထဲ ဝင်ကြမလား၊ ပြောကြစမ်း။ တို့မြန်မာ တို့စစ်ထဲ မဝင်ချင်ကြတဲ့ လူတွေများရင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး။ အရင်တုန်းက ပြောခဲ့တဲ့ စကားတွေလဲ အပိုပဲ၊ ရှေးတုန်းက ရာဇဝင်ကို ပြန်ပြောင်း ပြောနေရင်လဲ ယုံတမ်းစကား ဖြစ်နေမှာပဲ၊ ရှေးက မြန်မာ သူရဲကောင်း တွေ မြေကြီးထဲကနေပြီး ရှက်စရာ ဖြစ်နေမှာ သတိထားကြနော်။ ရှေးက မြန်မာတွေကတော့ တကယ့် ယောက်ျားတွေပဲ၊ ဒါ စာတွေ့တင် မဟုတ်ဘူး။ ကိုယ်တွေ့ မျက်မြင် ယိုးဒယားပြည် နေတုန်းက ရှေးမြန်မာ စွမ်းပကား သတ္တိ လက်ရာတွေ မြင်သိခဲ့ရသည်။ ယိုးဒယားပြည်မှ တောတောင် အတန်တန် ကျော်ပြီး ကျုပ်တို့ လာခဲ့ကြရလို့ ရှေးတုန်းက ဘုရင့်နောင်တို့ အလောင်းဘုရားတို့နှင့် စစ်သည်တော်များ၏ ဇွဲသတ္တိကို အဖန်ဖန် ချီးကျူးမိတယ်။ အဲသလို မြန်မာတွေ မြန်မာ့ သတ္တိကို ပြကြစမ်းပါ။ မြန်မာပြည်ဟာ လူသတ်မှု စတဲ့ အမှုအခင်းများ အမေရိကန်ပြည် ချီကာဂိုပြီးရင် ဒုတိယ စွဲတယ်လို့ ကြားဖူးတယ်။ မြန်မာ မြန်မာချင်း သတ်ဖြတ် တိုက်ခိုက်တာဟာ မြန်မာ့ သတ္တိ အစစ် မဟုတ်ဘူး။ မြန်မာပြည်လည်း အကျိုး မရှိဘူး။ သည်လို လုပ်မယ့် အစား မြန်မာပြည် အတွက် ကမ္ဘာမှာ ထွက်ပြီး မိုက်ပြ လိုက်စမ်းပါ။ ဒါမှ ရာဇဝင်ပြောင်မှာ၊ ဒါပေမဲ့ ကျွန်တော် တွေ့ခဲ့သလိုတော့ မတွေ့ပါ ရစေနဲ့ တော့။ ရွာတွေ ရွာတွေ ဖြတ်လာခဲ့တယ်။ ဒီရွာက လူတွေရဲ့ သတ္တိတော့ စိတ်ချ လူဆိုးကြီးပဲ။ စစ်ထဲ လိုက်မယ့်လူ ထွက်စမ်း ဆိုတော့ နှစ်ယောက်၊ သုံးယောက်ထဲ ဒါတောင် ပြန်ထွက်ပြေး လိုက်ကြသေးတယ်။ တက်လူ ဆိုတဲ့ လူငယ်တွေ ဘောင်းဘီနီ အကျႌနီတွေနဲ့ တွေ့ပါရဲ့၊ စစ်ထဲ လိုက်ရမယ် ဆိုတော့ တီ ဆားနဲ့ တို့သလို ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတာတွေ တွေ့ခဲ့ရတယ်။ အဲဒါမျိုး ဖြစ်ရင် မြန်မာပြည်မှာ လွတ်လပ်ရေးနဲ့ မထိုက်တန်လို့ ကျွန်တော် တထစ်ချ ဆိုတယ်။ ဒီလို ပြည်မျိုး ကျုပ်တော့ဖြင့် မနေတော့ဘူး။ ဒါမျိုးတွေ ထပ်မတွေ့ပါရစေနဲ့ ဒီတခါတော့ ဝင်ကြစမ်းပါ၊ များများစားစား ဝင်ချင်တဲ့ သူတွေ များလွန်းလို့ ပြန်လွှတ် လိုက်ရတယ် ဆိုတာကို ကြားချင်ပါတယ်။ လူလိုနေတယ် ဆိုတာ မကြားချင်ဘူး။ အဲဒါကြောင့် ယခု မြန်မာ့ ကာကွယ်ရေး တပ်မတော် ထပ်ချဲ့မယ်၊ ထပ်ချဲ့ရင် မြန်မာတွေ အသက် ၁၈ နှစ်ရှိပြီး ကျန်းမာရေးနဲ့ ပြည့်စုံတယ် ဆိုရင် ဝင်နိုင်တယ်။ လက်ခံဖို့ အသင့်ပဲ ဝင်ကြစမ်းပါ။ ထောင်လိုက် ရာလိုက် သောင်းလိုက်၊ ဒါပေမဲ့ တခုတော့ နားလည် စေချင်တယ်။ ဒီ စစ်တပ်တွေကို ငွေ လိုချင်လို့၊ လခ လိုချင်လို့၊ ရာထူး လိုချင်လို့တော့ အလကားပဲ။ ရမှာ မဟုတ်ဘူး။ ကျုပ် တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ မြန်မာပြည် ကာကွယ်ရေး အတွက် မည်၍ မည်မျှ စိတ်အား ထက်သန်ပါတယ်။ ဒါကြောင့် ဘယ်ရာထူးက စပြီး ခန့်ပါလို့ လာပြောတယ်။ ကျွန်တော် ဘယ်တော့မှ မခန့်ဘူး။ ဘယ်မှာပဲ ဖြစ်ဖြစ် စစ်ထဲ တန်းဝင်ဝင်ချင်း စစ်ဗိုလ် ဖြစ်ချင်လို့လဲ မဟန်ဘူး။ တချို့က စစ်ပညာ နည်းနည်း ရဖူးပါရဲ့ ရတာက စစ်ကြပ်လောက်၊ ဖြစ်ချင်တာက ဗိုလ်ကြီးလောက် အဲဒါမျိုးတွေ တွေ့ရတယ်။

စစ်သား လုပ်တဲ့ လူတွေကလဲ လခ နည်းတယ်။ အစားအသောက်လဲ ဆိုးတယ်။ အနေ ကြပ်တယ် ဆိုရင်ပဲ ချူသံပါအောင် ညည်းလာတာပဲ။ တချို့လဲ ထွက်ချင်တယ် ဖြစ်လာကြတယ်။ ဒါမျိုးတွေ နောက်ထပ် မကြားရ မတွေ့ရပါစေနဲ့၊ လာတဲ့ လူတွေဟာ ဒါတွေ နားလည်ပြီး ငွေမမက် ရာထူးမမက် မြန်မာပြည်သက်သက် သမားတွေ လိုချင်တယ်။ ဒီ တပ်ဟာ လာဘ်စားမယ့် လူတွေ၊ ငွေလိုတဲ့ လူတွေ၊ ရာထူးမက်တဲ့ လူတွေ၊ ဆွေမျိုးတွေ အလုပ်ပေးမယ့် လူတွေ၊ လိုချင်တဲ့ တပ် မဟုတ်ဘူး။ မြန်မာ့ ကာကွယ်ရေးအတွက် မြန်မာပြည်မှာ ငွေအများဆုံး သုံးရမယ် မှန်တယ်။ ဒါပေမဲ့ လခတွေ အပေါ်မှာ မသုံးဘူး။ ဒါက ရှေး အင်္ဂလိပ် စနစ်ဟန်ကို မကျလို့ အင်္ဂလိပ်တွေ ခွေးပြေး ဝက်ပြေး ပြေးကုန်ကြရပြီ မဟုတ်လား။ နီပွန် စစ်တပ်လို စိတ်ဓာတ် ထက်သန်တဲ့ လူတွေ ရှိအောင် လုပ်ရမယ်။ လခကို ပဓာန မထားရဘူး။ နီပွန် တပ်မှာ စစ်သားတယောက် လေးကျပ်၊ လေးကျပ် အဲ ခြောက်ကျပ်သာ ရတယ်။ အဲဒါတွေကို အားကျရမယ်။ လခတွေပေါ် နည်းနည်းသုံး၊ လက်နက်တွေ ခဲယမ်း မီးကျောက်တွေ အပေါ် အများဆုံးသုံး၊ ဒါမှ ပထမတန်း စစ်တပ်ရမှာ၊ အဲဒါမှ ကျွန်တော် အစက ပြောသလို ရန်သူက တချက်ခုတ်လျှင် နှစ်ချက် ပြန်နှက်နိုင်မှ ရန်သူ မတိုက်ခင် ကိုယ်က ဦးအောင် တိုက်နိုင်မှာ။

အဲဒီ စစ်သား စုဆောင်းရေးနဲ့ ပတ်သက်လို့ စကား အလျဉ်းသင့်သလို ပြောစရာ တခု ကျန်သေးတယ်၊ အဲဒါဟာ အရင်တုန်းက မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှာ ပါတဲ့ လူတွေ အများအပြားထဲမှာ မထွက်ချင်ဘဲ မကျန်းမာလို့ လူအိုနေလို့ ဆိုပြီး တပ်က ထွက်ခိုင်းရတာတွေ ရှိတယ်၊ အဲဒီ လူတွေကို ကောင်းကောင်းမွန်မွန် ပြန်၍ မကြည့်နိုင်ခဲ့ဘူး၊ သူတို့ နောင်ရေး အတွက်လည်း ဘာတခုမှ မလုပ်နိုင်ခဲ့ဘူး၊ အခုတော့ တတ်အားသမျှ ဒီ ကိစ္စတွေကို စီမံလျက်ပါပဲ၊ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကလေးတွေကြောင့် ကျုပ်တို့ တပ်တွေထဲ မဝင်ချင် ဆိုတဲ့ စိတ်ပျက်ခြင်းမျိုး မဖြစ်သင့်ကြဘူး၊ တိုင်းပြည် တပြည် ထူထောင်တာဟာ ဘယ်လောက် ခက်ခဲတယ်၊ အတက်အကျ လောကဓံ အမျိုးမျိုးကို တွေ့ရတယ် ဆိုတော့ ကမ္ဘာ့ ရာဇဝင် သိတဲ့လူ တိုင်းတော့ ဆင်ခြင် နိုင်ကြမှာပဲ၊ ဒါကြောင့် အမျှော်အမြင်ကြီးကြီးနဲ့ ဖြစ်ခဲ့တာတွေ စိတ်မပျက် လက်မပျက်ဘဲ ရသမျှ အခွင့်အရေးကို ရတုန်း မိမိရရ ယူကြရလိမ့်မယ်။ ဒါမှသာ ကျုပ်တို့ မြန်မာပြည်ကြီးကို ကျုပ်တို့ ချစ်ရာ ရောက်ကြမယ်၊ ကျုပ်တို့ မြန်မာပြည် ထူထောင်မယ်၊ ဒါကြောင့် စိတ်လက်တွေ ပျက်နေကြတဲ့ လူတွေရှိရင် မပျက်ကြပါနဲ့၊ ဆက်ဆက် တပ်ထဲဝင်ကြပါလို့ တိုက်တွန်း လိုပါတယ်၊ နောက် အရေးကြီးမယ့် အချက် တချက်က အခု ကျုပ်တို့ လုပ်နေတဲ့ ကာကွယ်ရေး တပ်မတော်တို့ မြန်မာ့ လွတ်လပ်ရေးတို့ဟာ အခု အာရှ စစ်ကြီးမှာ နီပွန် တပ်မတော်များက ရန်သူ အင်္ဂလိပ်၊ အမေရိကန်၊ တရုတ် အစရှိသည်တို့ကို အပြီးအပိုင် သေသေချာချာနိုင်မှ တည်တံ့မယ်ဆိုတာ အားလုံး နားလည် ကြရမယ်၊ ဒါကြောင့် မြန်မာ့ လွတ်လပ်ရေးနဲ့ မြန်မာ့ ကာကွယ်ရေး အတွက် ခုအခါ ရှေ့က မားမားမတ်မတ် ဦးစီး ဆောင်ရွက်နေတဲ့ နီပွန် တပ်မတော်ကြီးအား စစ်နိုင်ရေး အတွက် မြန်မာ့ တမျိုးသားလုံးက တတ်နိုင်သလောက် စွမ်းအားဖြင့် ကူညီကြဖို့ လိုတယ်။

နောက်ဆုံး ကျွန်တော် ပြောဆိုချင်တဲ့ အချက်ကတော့ လူတွေက စစ်တပ် စစ်သားကို ချီးမြှင့်ကြဖို့ ပြောလိုပါတယ်၊ နီပွန်ပြည်မှာ စစ်သားကို သိပ်အရေးပေးကြတယ်။ စစ်သား တယောက် စစ်တပ်ကို လာရမယ်လို့ အမိန့်ရတဲ့ အခါ အဲဒီ စစ်သားကို လူအမြောက်အမြား လိုက်ပို့ကြတယ်၊ ချီးကျူးကြတယ်၊ ဆလန် ပေးကြတယ်၊ စစ်မြေပြင် ထွက်တဲ့ စစ်သားဆိုရင်၊ ဘယ်လောက်ပင် ရာထူးကြီးတဲ့ သူဖြစ်ဖြစ် အလေးပြု ကြတယ်၊ ဘယ်လောက် အားကျဖို့ ကောင်းသလဲ၊ နီပွန် ဘုရင်မင်းကြီး ကိုယ်တိုင်က စစ်သားတို့ကို လေးစားတယ်၊ နီပွန် ဘုရင် မင်းကြီး ဆိုတာ တခြားတိုင်းပြည် ရှင်ဘုရင်တွေနဲ့ တူတာ မဟုတ်ဘူး၊ နီပွန် ဘုရား အစစ်ပဲ၊ အဲဒီ ဘုရားရှင် ကိုယ်တိုင် ကျဆုံးတဲ့ စစ်သား အတွက် ရည်စူးပြီး ဌာပနာထားတဲ့ အရိုးအိုး စေတီကို ဦးခိုက်ရတယ်။ ဦးညွှတ်ရတယ်၊ မြန်မာပြည်မှာတော့ မဟုတ်ပေါင်၊ မြန်မာ့ လွတ်လပ် ရေး တပ်သားတွေ အသက်လဲ သေရသေးတယ်၊ အဆင်းရဲလဲ ခံရတယ်၊ ဒီ အလောင်းကောင် တွေကို နင်းပြီး တက်လဲ သွားကြရသေးတယ်၊ အကောင်း မပြောချင်ကြဘူး။

ခေတ်ပျက်ကြီးတုန်းက သူခိုးဒမြတွေ သူ့လိုလူတွေ ခိုးကိုးရာမဲ့ ဖြစ်တုန်းက ကာကွယ် ပေးခဲ့တာတွေကို မေ့၊ ကိုယ့်ပစ္စည်း ကလေးတွေ သိမ်းတာ ဆည်းတာ ဗာရာဏသီ ချဲ့ပြောပြီး မချီးမြှင့်ကြဘူး၊ ရှက်ဖွယ် ရှက်ဖွယ် တို့မြန်မာတွေ မရှက်ဘူးလား၊ ကိုယ့်ကိုယ်ကို ပြန်ရှက်ကြပါဦး၊ မြန်မာပြည်မှာ ရှိတဲ့ လူတွေထဲမှာ စစ်တပ် စစ်သားဟာ ထိပ်ဆုံးပဲ၊ သူတို့ထက် မြတ်တာ မရှိဘူး၊ ခင်ဗျားတို့ ဘာထင်ထင် ခင်ဗျားတို့ထက် တိုင်းပြည်ကို ဆောင်ရွက်နိုင်တဲ့ လူတွေ၊ ဆောင်လဲ ဆောင်ရွက် ခဲ့ကြပြီ၊ ကျုပ်တို့ စစ်သားကို အားပေးကြ လေးစားကြပါ၊ ဒါမှ မြန်မာပြည် ချမ်းသာမယ်၊ အခု စစ်သားတွေ စုဆောင်းပြီး ဆိုင်ရာ တပ်စခန်း သွားကြတဲ့ အခါ ဆိုင်ရာ ဒေသက မြန်မာတွေ အားလုံး တံခွန် ကုက္ကား၊ မုလေးပွားနဲ့ စစ်တံခွန် စစ်သီချင်း စစ်သံတွေ ပေးပြီး လိုက်ပို့ကြစမ်းပါ၊ ကြည့်ရသေးတာပေါ့လေ၊ ကိုင်း … အခုညအဖို့ ဒါပဲ၊ တော်သေးပြီး မြန်မာတွေ အားလုံး အဝေရာ ဟောန္တု။
Mg Zin.

Facebook, Proxies and Personal VPN

Originally Posted by အောင်လွင်ဦး                                                            
ကျေးဇူးတင်ပါတယ်။
* Facebook Oxy
* Faceoxy
(၂)ခုလုံးကို တရုတ်က ဘမ်းထားပါတယ်။

Originally Posted by နတ်မင်းကြီး ၂၀၁၀
ဟုတ်ပါ့........... ကိုရွှေတရုတ် ကတော့ အားလုံးကို လိုက်ပိတ် နေတာပဲ ...... facebook ကို ကျော်လို ့ရမဲ့ ကျော်ခွဆိုဒ်လေးပေးပါအုန်း .......... စိတ်ညစ်ပါတယ် ..... တိုးတက်တဲ့ .... နိုင်ငံဆိုတာ ဒါကိုများပြောနေတာလား.ကိုရွှေတရုတ်ရယ် ............
Facebook နဲ့ ပတ်သတ်ပြီး တရုတ်မှာ နေတဲ့ သူတော်တော်များများ ပြဿနာ ရှိကြတာ ကျွန်တော်လည်း သတိထားမိတာ ကြာပါပြီ - တတ်နိုင်သလောက်လည်း မဖြစ်နိုင်ဘူးလို့ မပြောချင်လို့ သိသလောက်လေးတွေ လိုက်ရှာ စုဆောင်းပြီး ဖော်ပြပေးဖူးပါတယ်။ အခုလည်း နောက်ထပ် Facebook ကို ကျော်ဖို့ အသုံးပြုနိုင်တဲ့ Proxy sites ( 26 ) ခု ဖော်ပြပေးချင်ပါသေးတယ်။



ဒါပေမယ့် ကျွန်တော် အသိပေးချင်တာ Free proxies ဆိုတဲ့ သဘောဟာ ဘယ်တော့မှ စိတ်ချမ်းချမ်းသာသာ သုံးလို့ ကောင်းတဲ့ - အမြဲတမ်း သုံးရ အဆင်ပြေနေမယ့် proxies မျိုး မဟုတ်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ Free proxies တွေ သုံးလို့ ကောင်းပြီ - လူသိများပြီ ဟေ့ ဆိုတာနဲ့ သက်ဆိုင်ရာ government အနေနဲ့လည်း အလွယ်တကူ သိရှိနိုင်ပြီး ခဏချင်းနဲ့ block လုပ်ပစ်လိုက်ဖို့လည်း အရမ်းလွယ်ပါတယ်။ ဒီလိုဆိုတော့ လုံးဝပဲ proxies သုံးစရာ - China မှာ မရှိတော့ ဘူးလားလို့ မေးစရာ ရှိလာပါတယ်။ အဲလိုလည်း မဟုတ်ပါဘူး - block လုပ်မခံရပဲ လည်ပတ်နေတဲ့ proxies တွေလည်း ရှိမှာပါ - ကျန်တာတွေကျတော့ block ခံရပြီး အဲ့ဒီ့ တစ်ချို့ proxies တွေကျ ဘာလို့ block မခံရသလဲ - အဖြေကတော့ ရှင်းပါတယ်။ ( ၁ ) သက်ဆိုင်ရာ government ကနေ လူထုရဲ့ လှုပ်ရှားမှုကို ထောက်လှမ်းဖို့ ထုတ်ထားတဲ့ proxies ဖြစ်နေလို့ရယ် - ( ၂ ) Hackers တွေ ထုတ်ထားတဲ့ proxies ဖြစ်နေလို့ရယ်ပါပဲ - များသော အားဖြင့် အဲ့ အချက် ( ၂ ) ချက်ကြောင့်ပါပဲ - အဲ့ဒီ့ proxies မျိုးတွေက ဘာတွေ အားနည်းချက်တွေ ရှိလဲ ဆိုတာ အောက်မှာ ဆက်ပြီး ဖော်ပြသွားပါမယ်။

ကျွန်တော့် အသိတစ်ချို့လည်း တရုတ်မှာ ရှိပါတယ်။ ကျွန်တော့် အကို တစ်ယောက်လည်း ဟိုတစ်လောကပဲ တရုတ်ရောက်လာပြီး youtube သုံးမရဘူး Google ဝင်မရဘူး Facebook ဘာမှန်း မသိဘူး ဆိုပြီး ငြီးသွားခဲ့ဖူး ပါသေးတယ်။ ဒါပေမယ့် သူကသာ ငြီးနေ တစ်ချို့လူတွေကတော့ China ကနေပြီး Facebook ကို သုံးနေလိုက်တာများ ကိုယ့်ထက်တောင် ပိုပြီး Active ဖြစ်ပါသေးတယ်။ သူတို့ကျတော့ ဘယ်လိုသုံးလဲ ?? သူတို့တွေ သုံးတယ်ဆိုတာ ကျွန်တော်တို့ ခု အငမ်းမရ ရှာနေကြရတဲ့ Free proxies တွေ မဟုတ်ပါဘူး - သူတို့တွေက Free proxies ကို စိတ်လည်း မဝင်စားကြဘူး - ဘာကြောင့်လည်း ဆိုတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အတိုင်း Free proxies ဆိုတာ နာမည်သိလာပြီး လူသုံးများလာပြီ ဆိုတာနဲ့ block ခံရတာပါပဲ - ဒါ့ကြောင့် သူတို့ web sites တွေကို unblock လုပ်တဲ့ နေရာမှာ သုံးတာ Free proxies အစား Personal VPN ကိုသုံးကြတယ် ဆိုတာ သွားတွေ့ရပါတယ်။


Personal VPN တွေက အသုံးပြုရလည်း လွယ်ပြီး - ကိုယ်သုံးနေတဲ့ connection ကို ကိုယ်ရောက်နေတဲ့ နိုင်ငံကနေ encrypts လုပ်ပြီး ဖောက်ထွက်သွားတဲ့ အတွက်ကြောင့် ထောက်လှမ်းစစ်ဆေးတဲ့ နေရာတွေကနေလည်း ကိုယ်ဘာတွေ လုပ်နေတယ် ဆိုတာ လုံးဝ မရိပ်မိစေပါဘူး။ အသုံးပြုရတာ စိတ်ချမ်းသာစရာလည်း ကောင်းပါတယ်။ ဘာကြောင့် စိတ်ချမ်းသာစရာ ကောင်းတယ်လို့ ပြောရလဲ ?? ဘာကြောင့်လဲ ဆိုရင် Free proxies သုံးဖူးတဲ့ သူတိုင်း ကြုံတွေ့ရတဲ့ တစ်ခု block ခံရလိုက် နောက် Free proxies တွေ ပြောင်းရှာလိုက် - တော်ယုံနဲ့ ရှာလို့မတွေ့ - တွေ့တာတွေကျပြန်တော့လည်း သုံးမရ - စသဖြင့် တော်တော်လေး စိတ်ပျက်စရာ ကောင်းတဲ့ အပိုစာသားတွေ မကြုံတွေ့ရပဲ နှစ်နဲ့ ချီပြီး Personal VPN တွေက စိတ်ချမ်းချမ်းသာသာနဲ့ အသုံးချနိုင်လို့ပါပဲ။ တရုတ်ကတော့ Facebook ကို နည်းမျိုးစုံနဲ့ block လုပ်ဖို့ ကြိုးစားနေမှာပါပဲ - သူတို့တွေက ကိုယ့်ထက် လုပ်ပိုင်ခွင့် ရှိသူတွေမို့ ကိုယ်က Free proxies သာ အားကိုးနေလို့ကတော့ Free proxies တွေရှာတွေလည်း သုံးလို့ရသည်ပဲ ထားဦး ခဏနေ block ခံရမှာ အသေအချာပါပဲ - ရှာထားသမျှ Free proxies ဆိုတာ မြန်မာစကားနဲ့ ပြောရရင် China က block တာနဲ့ အိတ်ပေါက်နဲ့ ဖားကောက် သလိုပဲ ဖြစ်နေမှာပါ။

ဒါ့ကြောင့် အကြံပြုချင်တာကတော့ ရက်ရှည်လများ စိတ်ချမ်းချမ်းသာသာနဲ့ China က block လုပ်ထားတဲ့ sites တွေကို unblock လုပ်ပြီး သုံးချင်တယ် ဆိုရင်တော့ free proxies တွေကို ရှောင်လိုက်ပါ။ ကံကောင်းလို့ သုံးလို့ ရတာတွေ့လည်း အများဆုံး သုံးရ ခဏတဖြုတ်ပါပဲ - ပြန် block ခံရမှာပါ။

မြန်မာနိုင်ငံလို နည်းပညာဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခုတောင် web sites တွေနဲ့ ပတ်သတ်ပြီး အများသူငါ အတွက် ကြည့်ရှု့ဖို့ မသင့်တော်တဲ့ web sites တွေ အလွယ်တကူ block ပစ်လိုက်လို့ ရသေးတာ - တရုတ်လို နည်းပညာဖွံ့ဖြိုးပြီး နိုင်ငံတစ်ခုက Facebook လို site တစ်ခုလောက်ကို block ပစ်လိုက်ဖို့ ဘယ်လောက် ခက်ခဲမှာလဲ - ဒါက ကျွန်တော် နိှုင်းယှဉ်သုံးသပ်ပြတာပါ - အဲ့လို အလွယ်တကူ block ပစ်လိုက်လို့ ရတဲ့ ကြားထဲက facebook ကို access လုပ်လို့ ရနေတဲ့ Free proxies တွေ ရှိကောင်း ရှိနေပါလိမ့်ဦးမယ် - ဒါပေမယ့် မယုံပါနဲ့ အဲတာ ငါးစာ ချထားတာပါ။ အဲ့ဒီ့ Free proxies တွေက သူတို့ မ block နိုင်တဲ့ proxies တွေ မဟုတ်ပါဘူး။ အဲ့ဒီ့ Free proxies တွေဟာ Governments မဟုတ်ရင် Hackers တွေကနေ ထုတ်ထားတာပါ။ အဲတာကြောင့် ကိုက facebook သုံးလို့ ရတဲ့ Free proxies တွေ့ပြီ ဆိုပြီး အပျော်ကြီး ပျော်ပြီးသုံး - နောက်ဆုံးတော့ နောက်ကွယ်ကနေ ကိုယ် ဘာတွေ လုပ်နေလဲ ကိုယ် ဘာတွေ ဦးတည်နေလဲဆိုတဲ့ ကိုယ့်ရဲ့ လုပ်ဆောင်မှု အချက်အလက်တွေကို လူလွှတ်ထောက်လှမ်းစရာ မလိုပဲ သူတို့က သိရှိပြီးသား ဖြစ်သွားပါလိမ့်မယ်။ သူတို့တွေ အားလုံးက ဒီ proxies တွေကနေပဲ ကျွန်တော်တို့ ဘာတွေ ကြံစည်နေလဲ ဆိုတာ အလွယ်တကူ ရယူသွားနိုင်ပါတယ်။


အဲတာကြောင့် အကောင်းဆုံး အကြံပေးလိုတာကတော့ ရက်ရှည်လများ စိတ်ချမ်းချမ်းသာသာနဲ့ China က block လုပ်ထားတဲ့ sites တွေကို unblock လုပ်ပြီး သုံးချင်တယ် - နောက် ကိုယ့် personal information တွေကို လုံခြုံချင်တယ် - ကိုယ့်လုပ်နေတဲ့ အကြောင်းအရာတွေ - ကိုယ့် စက်က information တွေကို သူတို့ မသိစေချင်ဘူး ဆိုရင်တော့ ၁၀၀% စိတ်အချရဆုံးက Personal VPN ကို အသုံးပြုကြဖို့ အကြံပေးလိုပါတယ်။ သူက အားလုံးကို လုံခြုံစွာနဲ့ unblock လုပ်ပေးပြီး ကိုယ်လုပ်နေတဲ့ လုပ်ငန်းဆောင်တာ ကိုယ့်ရဲ့ ရပ်တည်လှုပ်ရှားမှု အားလုံးကို အလုံခြုံဆုံး ဝန်ဆောင်မှု ပေးပါလိမ့်မယ်။

ဒီအောက်က link ကတော့ Personal VPN အကြောင်း ဆက်လေ့လာဖို့ရယ် Personal VPN ကို ဘယ်လို တည်ဆောက်အသုံးပြု ရမယ်ဆိုတာ လေ့လာနိုင်ဖို့ပါ။

http://www.google.com/#hl=en&source=...71b3712fffe003

ဒါအောက်က ဟာတွေကတော့ - " မရဘူး ကျွန်တော်ကတော့ Facebook ကို ကျော်ဖို့ Free proxies မှ Free proxies ပဲ - မတွေ့တွေ့အောင် ရှာမယ် " ဆိုသူများ စမ်းသပ်နိုင်အောင်ပါ။ ဒါပေမယ့် ၉၀ % မရဖို့ အာမခံပါတယ်။ ရခဲ့ရင်လည်း မကြာခင်ပဲ block ခံရပါလိမ့်မယ်။

http://www.sneakme.net/
http://facebookoxy.com/ (IP: 208.53.170.234, Location: Chicago, IL)
http://apesafe.com (IP: 208.53.170.234, Location: Chicago, IL)
http://unblockedfacebook.org (IP: 208.53.170.234, Location: Chicago, IL)
http://www.facebookpr0xy.info/ (IP: 75.126.219.186, Location: Dallas, TX)
http://facebookproxies.co.uk (IP: 208.53.170.234, Location: Chicago, IL)
http://unblock-facebook-proxy.com/ (IP: 208.53.170.234, Location: Chicago, IL)
http://www.facebookfirewall.com/ (IP: 208.53.157.35, Location: Chicago, IL)
http://accesstofacebook.com/ (IP: 208.53.170.234, Location: Chicago, IL)
http://www.viewfacebook.com/ (IP: 66.90.103.130, Location: Chicago, IL)
http://www.facebookproxy.net (IP: 67.159.44.155, Location: Chicago, IL)
http://www.moreaboutschool.info (IP: 67.159.44.134, Location: Chicago, IL)
http://facebook-proxy.info (IP: 72.46.132.98, Location: Las Vegas, NV)
http://www.unblockm.com (IP: 67.159.44.63, Location: Chicago, IL)
http://www.facebook.proxysite.org (IP: 75.126.163.10, Location: Dallas, TX)
http://www.payday2007.com (IP: 67.159.44.24, Location: Chicago, IL)
http://www.unprohibited.org (IP: 67.159.44.24, Location: Chicago, IL)
http://www.outsmarted.org (IP: 67.159.44.24, Location: Chicago, IL)
http://unblockthissite.info (IP: 72.167.131.9, Location: Scottsdale, AZ)
http://www.kamouflage.info (IP: 72.167.131.17, Location: Scottsdale, AZ)
http://proxygerm.info (IP: 66.90.104.89, Location: Chicago, IL)
http://www.45g.info (IP: 216.246.28.202, Location: Chicago, IL)
http://bessfilter.info (IP: 67.159.54.27, Location: Chicago, IL)
http://www.proxsafe.net (IP: 67.159.44.155, Location: Chicago, ILes)
http://www.youarehidden.com (IP: 67.159.44.24, Location: Chicago, IL)
http://www.hidemyass.com (IP: 67.159.44.138, Location: Chicago, IL)
http://www.letsbunk.com (IP: 67.159.44.134, Location: Chicago, IL)

အားလုံးပဲ ကျော်နိုင်ကြပါစေ။

KznT.

CISCO Ebooks Collection


အပေါ်မှာ တင်ပေးထားတဲ့ စာအုပ်တွေနဲ့ တူမတူတော့ ကျွန်တော် တစ်အုပ်ချင်း တိုက်မစစ်ပေးလိုက်နိုင်တာ တောင်းပန်ပါတယ် - စာအုပ်တွေက တော်တော်များနေလို့ပါ။ အရေးတကြီး လိုနေမယ့် ဒါမှမဟုတ် လေ့လာချင်တဲ့ ညီအစ်ကို မောင်နှမတွေ အတွက် လေ့လာလို့ လွယ်အောင် ကျွန်တော့်မှာ စုထားသမျှ စာအုပ်တွေ တင်ပေးလိုက်ပါတယ်။ တစ်အုပ်ချင်း ခွဲတင်မပေးနိုင်တာကိုတော့ နားလည်ပေးပါ - ကျွန်တော့်လည်း တစ်ခြား အလုပ်လေးတွေ ရှိသေးလို့ပါ။ တကယ်လို့ အောက်ဖော်ပြပါ စာအုပ်အားလုံးကို Download ချမှ ကိုယ်လိုချင်တဲ့ စာအုပ်လေး ၄ - ၅ အုပ်လောက်ပဲ ရမှာ မျိုး ဖြစ်နေရင်တော့ ကျွန်တော့် MF mail levendreams@myanmarfamily.org ကို ကိုယ်လိုချင်တဲ့ စာအုပ်လေးတွေရဲ့ နာမည်ရွေးထုတ်ပြီး အကူအညီ တောင်းခံနိုင် ပါတယ်။ ( အမှန်တကယ် လိုအပ်သူများအတွက်သာ ဖြစ်ပါတယ်။ )



Download ပြီးဆုံးရင် ရရှိမယ့် စာအုပ်စာရင်းကတော့ အောက်ဖော်ပြပါ အတိုင်းပါ။ ဒါ ခေါင်းစဉ်တစ်ခုက တစ်အုပ်တည်း မဟုတ်ပါဘူး သူ့အောက်မှာ တစ်ချို့ folder တွေက အထဲမှာတင် စာအုပ် ၄ - ၅ အုပ်ခွဲထားတာတွေ ပါပါသေးတယ်။

A Security Blueprint for Enterprise Networks\
Administering Cisco QoS\
Administering Cisco QOS for IP Networks\
Advanced Ip Services for Cisco Networks\
Books\
Building Cisco Remote Access Networks\
CCNA.Exam.Cram.Exam.640-802\
ccnpdoc\
Cisco - CCNA Exam 640-607 Certification Guide\
Cisco - cse official student guide\
Cisco - Vulnerabilities-The Past,The Present and The Future (2003 )\
Cisco Internetworking Design Guide\
Cisco Internetworking Technology Overview\
CISCO Internetworking Technology Overview (RUS)\
Cisco IOS Desktop Switching Software Configuration Guide\
Cisco IOS Reference Guide\
Cisco IOS(TM) Software Quality of Service Solutions\
Cisco network essentials\
Cisco network photos\
Cisco Packetized Voice And Data Integration (PDF book)\
CISCO Press - Cisco AS5x00 Case Study for Basic IP Modem Services\
Cisco press - Data Center Design and Implementation\
CISCO Press - Designing ATM MPLS Networks\
Cisco Press - Internetwork Troubleshooting Guide\
Cisco Press - Internetworking Case Studies\
Cisco Press - Internetworking Terms and Acronyms\
Cisco Press - Introduction to Cisco Router Configuration\
Cisco Press - Intrusion Detection Planning Guide\
Cisco Press - Overview of Access VPNs and Tunneling Technologies\
Cisco Press - PIX device Management\
Cisco Press - SNA FrameRelay\
Cisco Press - Token Ring Switching\
Cisco Press - Troubleshooting Internetworking Systems\
Cisco Press - WAN QUICK START SELF-PACED COURSE PREPARATION GUIDE\
Cisco Press ICND\
Config.Cisco.VoIP\
ConfigCISCOroutersForISDN\
Enabling Enterprise Miltihoming with Cisco IOS Network Address Translation (NAT)\
html\
ICND-2004\
Internet Routing Architectures 2nd Edition\
Intoduction\
Osbourne Cisco Multicast Routing and Switching\
Overview\
QUE - Practical Cisco Routers\
Routing TCPIP Vol 1\
Routing TCPIP Vol 2\
SNMP_COOK\
SYBEX CCNP CCIP BSCI STUDY GUIDE\
SYBEX CCNP SWITCHING STUDY GUIDE\
Syngress - Building a Cicso Network for Windows 2000\
Syngress - CCNP Study Guide\
Syngress - Cisco Security Specialist_s Guide to PIX Firewall\
Syngress Media - 70 Cisco Voice Over IP\
Tech Info - CISCO 1700 router\
Tech Info - CISCO 2900 switch\
Tech Info - CISCO 3640 Gatekeeper\
Tech Info - CISCO 7206 Router\
Tech Info - CISCO Aironet\
Tech Info - CISCO As5300 Gateway\
Tech Info - CISCO PIX\
Tech Info - CISCO Video\
Upgrading Software for the Cisco Secure PIX Firewall\
Voip Documenation\
Wiley & Sons - Frame Relay for High Speed Networks\
Wiley & Sons - Load Balancing Servers, Firewalls and Caches\
Wiley & Sons - The CISSP Prep Guide\
Wireless CWNA Exam PW0 - 100 Official Study Guide\

( OR )

CISCO.part1.rar (95.4 MB)
http://www.multiupload.com/L325HH5WHG
CISCO.part2.rar (95.4 MB)
http://www.multiupload.com/CPK6V4R180
CISCO.part3.rar (95.4 MB)
http://www.multiupload.com/O1RTH9M0Y9
CISCO.part4.rar (95.4 MB)
http://www.multiupload.com/MZ6G43IOU8
CISCO.part5.rar (95.4 MB)
http://www.multiupload.com/0AO7PUSDZN
CISCO.part6.rar (70.6 MB)
http://www.multiupload.com/HARN6970NW
( OR )

KznT.

Permanently Delete ur Facebook Account

Originally Posted by တီဘွား
Facebook account ကို Delete လုပ်ချင်လို့ပါ။ ဘယ်လိုလုပ်ရမလဲဆိုတာမသိလို့ပါ                  
Facebook account ကို Delete လုပ်ဖို့ နည်းလမ်းကတော့ ( ၃ ) - ( ၄ ) နည်း ရှိပါတယ်။ အတိုဆုံးနဲ့ အလွယ်ဆုံးနည်းလမ်း တစ်မျိုးတည်းကိုပဲ ညွှန်လိုက်ပါ့မယ်။



အဆင့် ( ၁ ) >> ဒီဖော်ပြပါ URL http://www.facebook.com/help/contact...delete_account ကို Copy - paste လုပ်ပြီး ကိုယ်ဖျက်ချင်တဲ့ Account ထဲကို Login ဝင်လိုက်ပါ။


အဆင့် ( ၂ ) >> အောက်မှာ ပြထားတဲ့ ပုံအတိုင်း တွေ့ရပြီ ဆိုရင် "Submit" ကို နှိပ်ပြီး သူ့ ညွှန်ကြားချက် အတိုင်းဆက် သွားပါ။



ပုံမှန်အတိုင်း ကိုယ့်ကို ဒီ account ရဲ့ တကယ့် ပိုင်ရှင် ဖြစ်မဖြစ် password နဲ့ သူရိုက်ခိုင်းတဲ့ စာလုံးလေး နဲနဲပါးပါး တူအောင် ရိုက်ပေးရုံပါပဲ။


အဆင့် ( ၃ ) >> ကိုယ် အဲလို ဖျက်ပြီးသွားတာနဲ့ ကိုယ့် Email ထဲကို " နောက် ၁၄ ရက်နေရင် မင်း Facebook account ကို ဖျက်ပစ်လိမ့်မယ် " ဆိုတဲ့ စာတစ်စောင် ဝင်လာပါလိမ့်မယ်။ လတ်တလောမှာ Delete လိုက်တယ် ဆိုပေမယ့် Faceboook account က တကယ် မပျက်သေးပါဘူး။ ဒီ account ပျက်ဖို့ နောက်ထပ် ၁၄ ရက်စောင့်ရဦးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် သူပြောထားတဲ့ ၁၄ ရက်အတွင်းမှာ Facebook ထဲကို ဘယ်အကြောင်းနဲ့ ဖြစ်ဖြစ် ပြန်ဝင်ဖို့ မကြိုးစားပါနဲ့။ တကယ်လို့ သူပြောထားတဲ့ ၁၄ ရက် အတွင်းမှာ ကိုယ်က အဲ့ဒီ့ account ထဲကို အကြောင်းတစ်စုံတစ်ရာ ကြောင့် ပြန်ဝင်ဖြစ်တယ် ဆိုရင် သူက ကိုယ့်ကို သံယောဇဉ် မပျက်သေးဘူး - ဒီ account နဲ့ ပတ်သတ်ပြီး နောက်ထပ် လုပ်ဆောင်စရာတွေ ရှိသေးတယ်လို့ ယူဆတဲ့ အနေနဲ့ Delete လုပ်တော့မှာ မဟုတ်ပါဘူး။ Account က ဒီအတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်

>> account ရဲ့ တကယ့် ပိုင်ရှင် ဖြစ်မဖြစ် password နဲ့ သူရိုက်ခိုင်းတဲ့ စာလုံးလေး နဲနဲပါးပါး ရိုက်ပြီး submit လုပ်လိုက်ပြီးတည်းက Facebook account ထဲကို သူသတ်မှတ်ထားတဲ့ ၁၄ ရက် မပြည့်မချင်း ဘယ်တော့မှ ဝင်လို့ ရမရ ပြန်မစမ်းကြည့်ပါနဲ့ - နောက် ကိုယ့် browser က cache တွေနဲ့ cookies တွေအားလုံးကိုလည်း ဖျက်ပစ်ပါ။ ဒါမှ အလွယ်တကူ ပြန်ဝင်ဖြစ်လို့ မမြင်ရမတွေ့ရ ဖြစ်သွားမှာဖြစ်ပါတယ်။
>> နောက်တစ်ချက်က ကိုယ်လည်ပတ်သွားလာနေကျ Website တွေမှာ ပြထားတဲ့ Facebook Share button တို့ Like button တို့ကို click မပေးမိပါစေနဲ့။ ဒါကလည်း account ထဲကို ပြန်ဝင်တာ မဟုတ်ပေမယ့် ဒီ account ကို ပြန်အသုံးပြုနေတယ် ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။
>> နောက်ဆုံး တစ်ချက်ကတော့ Facebook account ရှိယုံနဲ့ သူ့ site မှာ account လုပ်စရာ မလိုပဲ သုံးလို့ ရတဲ့ Facebook Connect sites တွေမှာ အဲ့ဒီ ကိုယ်ဖျက်ထားတဲ့ Facebook account နဲ့ login မဝင်ပါနဲ့ signup လည်း မလုပ်ပါနဲ့။

အဆင့် ( ၄ ) >> သူသတ်မှတ်ထားတဲ့ ( ၁၄ ) ရက်ကို ကိုယ်စဖျက်တဲ့ ရက်ကနေ စမှတ်ထားပြီး စောင့်ကြည့်ပါ။ ၁၄ ရက်ပြည့်ပြီ ဆိုရင် ကိုယ့် Facebook account ထဲမှာ ရှိသမှ posts, comments, တွေက အစ တစ်ခြား info တွေအဆုံး အားလုံး ထာဝရ ဖျက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

KznT.

Did u need extra space in Gmail ??

Google ကနေ Gmail အတွက် free storage space ကို 7.5 GB ဆိုပြီး ပေးထားတဲ့ ပမာဏ ဟာ သာမန် Emails စီစစ် လက်ခံသူတစ်ယောက် အတွက်တော့ တော်ယုံတန်ယုံ ဘယ်တော့မှ ပြည့်မသွားနိုင်လောက်တဲ့ ပမာဏပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေက Emails တွေကို ပုံမှန်ဖျက်လေ့ မရှိ - ကိုယ့်ဆီလာတဲ့ messages တွေထဲက ပမာဏ မနည်းတဲ့ Attachments ကိုယ်စီနဲ့ လာတဲ့ စာတွေကိုလည်း ကိုယ်က လက်ခံထား - ဆိုဒ်တစ်ကာကို ဝင် အဲ့ဆိုဒ်မှာ Account လုပ်လိုက်လို့ Email တောင်းရင်ပဲ ဖြစ်ဖြစ် - Software download ချဖို့ Email တောင်းရင်ပဲ ဖြစ်ဖြစ် ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစား မနေပဲ ဒီ Email တစ်ခုတည်း ကို ပေး - ( အဲလို လုပ်လိုက်တော့ အဲ့ ဆိုဒ်တွေကနေ ကိုယ့် Mail box ထဲကို Spam တွေ နေ့တိုင်း ညတိုင်းမရေမတွက်နိုင်အောင်ပို့ ) - စသဖြင့် လုပ်ဆောင်နေမယ်ဆိုရင်တော့ 7.5 GB မဟုတ်ဘူး 750 GB ပေးလည်း storage space က လောက်မှာ မဟုတ်ပါဘူး။ အထက်ဖော်ပြပါအတိုင်း လုပ်ဆောင်နေမယ်ဆိုရင်တော့ Google ကနေ မကြာခင်မှာ ခုလို အသိပေးလာပါလိမ့်မယ်။





ဒီလို အသိပေးလာပြီ ဆိုရင်တော့ ကိုယ့်ရရှိထားတဲ့ storage limit ကို မကျော်လွန်အောင် ကျွန်တော်တို့ Account ထဲက messages သန့်ရှင်းရေးကို အမြန်ဆုံး ပြုလုပ်ကြရပါမယ်။

Messages သန့်ရှင်းရေး မည်သည့် အတွက်ကြောင့် ပြုလုပ်သင့်သနည်း။

ဖော်ပြပါအတိုင်း သတ်မှတ်ထားတဲ့ storage limit ကို ရောက်ရှိလာပြီ ဆိုရင် ကိုယ့်အတွက် အသုံးမလိုတဲ့ Messages အဟောင်း တွေကို မဖျက်မမျှ ကိုယ့် Account ကနေ စာပို့လို့ မရတော့ပါဘူး - နောက်ပြီး ကိုယ့် Account ဆီ လာတဲ့ messages မှန်သမျှ ဟာ Mail box ထဲကို ဝင်မှာ မဟုတ်တော့ပဲ ပို့လွှတ်သူဆီကို ပြန်ပို့ခံရပါမယ် - စသဖြင့် Action ဝင်လာမှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က ကိုယ့် မိသားစု သူငယ်ချင်း အားလုံးနဲ့ အဆက်ဖြတ် ခံလိုက်ရသလိုပါပဲ -

သင်၏ Mail Quota နောက်တစ်ကြိမ် မဆုံးရံှုးရ စေရန် ကာကွယ်ပါ။

တကယ်လို့ ကိုယ့်ရဲ့ Gmail က storage space ပြည့်သွားပြီ ဆိုရင် ဖြေရှင်းလို့ ရတဲ့ နည်းလမ်း ( ၂ ) ခုရှိပါတယ်။ - အဲ့ဒီ နည်း လမ်းတွေကတော့ storage space ကို Google ကနေ ထပ်မံ ဝယ်ယူပါ။ 20 GB ကိုမှ တစ်နှစ်ကို $ 5.00 USD ပဲ ကျမယ့် plan ဟာ တကယ်တမ်း သုံးမယ်ဆို သုံးပျော်တယ်လို့ ပြောလို့ ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အဲ့နည်းလမ်းကို ရွေးချယ်ဖို့ ခက်ခဲမယ့် သူတွေ အတွက် နောက်နည်းလမ်း တစ်ခုကတော့ ပမာဏများပြီး ကိုယ့်အတွက် အသုံးမလိုတဲ့ Emails တွေကို Gmail ထဲကနေ ဖျက်ထုတ်ပစ်ပြီး storage space ပြန်ရယူဖို့ပါ။ 

အခုနည်းလမ်း ( ၂ ) မျိုးထဲက ပိုက်ပိုက်ပေးစရာမလိုပဲ Free ရပြီး လုပ်ဆောင်ရလည်း လွယ်ကူတဲ့ ဒုတိယနည်းလမ်းကို အသုံးပြု ဖို့ ရွေးချယ်လိုက်ပါမယ်။

အဆင့် ( ၁ ) : ကိုယ့်ရဲ့ Gmail account ထဲဝင်ပြီး ( Settings > Forwarding and POP/IMAP ) ကနေ IMAP ကို Enable ပေးလိုက်ပါ။ အဲ့နောက်မှာ Outlook ကို ကျွန်တော်တို့ Configuration လုပ်ရပါမယ်။ Gmail ကို Outllok 2007 မှာ ဘယ်လို Setup လုပ်သလဲ ဆိုတာ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။ ( ကျွန်တော်က Outlook ကို ဥပမာ ပေးတဲ့ သဘောပါ။ မိသားစုဝင်တွေ အနေနဲ့ ကိုယ် ကြိုက်နှစသက်ရာ Mail client - Thunderbird, Live Mail, စသဖြင့် ) အသုံးပြုနိုင်ပါတယ်။ ဘာကြောင့် သူတို့တွေကို သုံးမှာလဲ - ?? ဘာကြောင့်လဲ ဆိုရင် ဒီ Mail client တွေကို သုံးပြီး Gmail message တွေကို download ချချင်လို့ ဖြစ်ပါတယ်။ ဘာကြောင့် Mail client တွေကို သုံးပြီး Gmail message တွေကို download ချဖို့ စီစဉ်နေတာလဲ ??  ဘာကြောင့်လည်း ဆိုရင် ထောင်နဲ့ချီနေတဲ့ Messages တွေရဲ့ ကြားထဲမှာ ဘယ် Messages တွေက  ကျွန်တော်တို့အတွက် လိုအပ်သလဲ - ဘယ် Messages တကယ်မလိုအပ်ဘူးလဲဆိုတာ Gmail  ထဲမှာ အလွယ်တကူ ရှာဖွေစီမံခန့်ခွဲနိုင်ဖို့  ဆိုတာ တော်တော်လေး ခက်ပါတယ်။ ဒါ့ကြောင့် Mail client တစ်ခုကို သုံးပြီး ကိုယ့်အတွက် တကယ်လိုအပ်တဲ့ Messages နဲ့ တကယ်မလိုအပ်တဲ့ Messages တွေကို အလွယ်တကူ ခွဲထုတ်နိုင်အောင် ကျွန်တော်တို့ စီစဉ်ရတာပါ။ တစ်ခု သိထားရမှာက Gmail message တွေကို Mail client တစ်ခုခု သုံးပြီး Download ချတဲ့ အခါမှာ full message ခေါ် Message တစ်ခုလုံးကို Download ချဖို့မလိုပါဘူး - တကယ်လို့ အဲလိုသာ Download ချလိုက်မိရင် ကိုယ့် Mail box ထဲမှာ စာများရင် များသလို - ကိုယ့် Internet speed က ခနော်နီ ခနော်နဲ့ နိုင်ရင်နိုင်သလို တစ်ရက် မက နှစ်ရက်မကနဲ့ မပြီးဆုံးနိုင်မယ့် လုပ်ငန်းစဉ်ကို အစပျိုးလိုက်မိသလို ဖြစ်သွားပါလိမ့်မယ်။


အဆင့် ( ၂ ) : Outlook 2007 မှာ ကိုယ့် Email account ကို Setup လုပ်ပြီးပြီ ဆိုတာနဲ့ Alt+Ctrl+S ( သို့မဟုတ် ) Tools > Options > Mail Setup > Send/Receive ကို နှိပ်ပြီး Send/Receive settings page ကို သွားလိုက်ပါမယ်။ အဲလို ခေါ်လိုက်တဲ့ အခါ Send/Receive Groups ဆိုတဲ့ Box တစ်ခု ပေါ်လာပြီး အဲကနေမှ တစ်ဆင့် Edit ကို ဝင်လိုက်ရင် အောက်ဖော်ပြပါအတိုင်း Box တစ်ခု ပေါ်လာပါလိမ့်မယ်။




Gmail Inbox ထဲက mails အားလုံးကို ရယူတဲ့ နေရာမှာ သူ Default ပေးထားတဲ့ " Download complete item including attachments " အစား  "Download headers only." ကို ပြောင်းလဲ ရွေးချယ်ပေးပြီး OK ကိုပေးပါ။ ( ကျွန်တော် လောလောဆယ် သုံးနေတာ Outllok 2007 ဖြစ်ပါတယ်။ Outllok 2003, 2010 များနဲ့ အနည်းငယ် ကွဲလွဲမှု ရှိနိုင်ပါတယ်။ )


အဆင့် ( ၃ ) : အားလုံးပြင်ဆင်ပြီးသွားရင် Microsoft Outlook folder နဲ့ Gmail ကို ချိတ်ဆက် sync လုပ်ဆောင်နိုင်ဖို့ အတွက် ကိုယ့် Email client က Send/Receive button ဒါမှမဟုတ် Shortcut key > F9 ကို နှိပ်ပါမယ်။ ကျွန်တော့် Gmail account ရဲ့ Mail box ထဲမှာ ဆိုရင် messages က သိပ်များသေးတာ မဟုတ်ပါဘူး။ ကျွန်တော် နေ့တိုင်း မလိုတာနဲ့ တန်းဖျက် ပစ်တတ်တာ ကြောင့်လည်းပါပါတယ်။ ဒီအဆင့်မှာ ကိုယ့် Mail box ထဲမှာ ရှိတဲ့ messages ပမာဏ များရင် များသလောက် နဲနဲ စောင့်ရပါလိမ့်မယ်။ ( ကျွန်တော့် messages 1090 စောင်ကို Send/Receive လုပ်တုန်းကတော့ ၁၅ စက္ကန့်လောက် စောင့်လိုက်ရပါတယ်။ ) ဒါတောင် ကျွန်တော်တို့က "Download headers only." ကို ရွေးထားလို့ သိပ်မကြာတာပါ။ တကယ်လို့ ရှိတဲ့ mails ကလည်း များ - နောက်ပြီး " Download complete item including attachments " ကိုလည်း ရွေးထားမယ်ဆိုရင် တော်ယုံနဲ့ ပြီးမှာ မဟုတ်တော့ပါဘူး။ 



အဆင့် ( ၄ ) : Outlook ထဲမှာ ရှိနေတဲ့ Gmail folder ထဲက Mails အားလုံးကို မြင်ရဖို့ အတွက် အရင်ဆုံး View > Reading Pane ကို > Off လိုက်ပါမယ် - ဒါဆို ဒီအောက်က ပုံစံအတိုင်း မြင်ရပါပြီ။ ကျွန်တော် ဒီနေရာမှာ Messages တွေအားလုံးကို View > Arrange by ကနေ Date အလိုက် စီခိုင်းလိုက်ပါတယ်။ တစ်ခြား ကိုယ်နှစ်သက်သလို အရွယ်အစား ( size ) အလိုက် - အကြောင်းအရာအလိုက် ( Subject ) - ဘယ်သူ့ဆီက ( from ) - ဘယ်သူ့ဆီကို ( to ) - ကိုယ် Add ထားတဲ့ Email accounts တွေ အလိုက် ( E-mail Account ) စသဖြင့် နှစ်သက်သလို စဉ်ခိုင်းလို့လည်း ရပါတယ်။



အထက်ဖော်ပြပါအတိုင်း ကိုယ့် Email messages တွေကို စဉ်ပြီးပြီ ဆိုရင် ကိုယ်ဖျက်ထုတ်မယ်လို့ စိတ်ကူးထားပြီး အစီအစဉ် မကျဖြစ်နေတဲ့ messages မျိုးတွေကို  Control key နဲ့ ပေါင်းရွေး နောက် အားလုံးကို drag ဆွဲပြီး အောက်ဖော်ပြပါအတိုင်း Outlook ထဲက Gmail အောက်မှာ ရှိတဲ့  sub-folder ခွဲ Trash ထဲကို ထည့်လိုက်ပါမယ်။ re-sync လုပ်တာ သေချာသွားအောင် F9 ဒါမှမဟုတ် Send/Receive button ကို ထပ်နှိပ်လိုက်ပါ။



အဲလိုမျိုးနဲ့ ခေါင်းစဉ် အသီးသီးအောက်က ကိုယ်မလိုအပ်တဲ့ Messages တွေကို Outlook ထဲမှာ Trash ရှိရာဆီ ထည့်ပြီးသွားပြီ ဆိုရင် Gmail ထဲကို Browser ကနေ Login ဝင်လိုက်ပါ။ ကျွန်တော်တို့ Outlook ထဲမှာ Trash ရှိရာဆီ ရွေးချယ်ဖျက်ထုတ်လိုက် တဲ့ Email messages အားလုံးဟာ Gmail ထဲမှာလည်း Trash ထဲ ရောက်ပြီးသား ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ လုပ်ရိုးလုပ်စဉ် အတိုင်း Trash ကို Empty Trash now လုပ်လိုက်ပါ။

မဖျက်ဆီးခင် သိမ်းဆည်းခြင်း။

တကယ်လို့ ကိုယ်ဖျက်ထုတ်ပစ်မယ့် Gmail messages တွေထဲက တစ်ချို့ကို သံယောဇဉ်မပျက်သေးလို့ backup လုပ်ထားချင်သေးတယ် ဆိုရင် Outlook ထဲက သိမ်းထားချင်တဲ့ Messages တွေပေါ်မှာ right click ထောက်ပြီး "Mark to Download Messages" ကို ရွေးပေးလိုက်ပါ။



အဲလို လုပ်ဆောင်ထားလိုက်တာနဲ့ နောက်တစ်ခေါက် re-sync လုပ်တဲ့ အချိန်မှာ Outlook ကနေပြီး file attachments အပါအဝင် full message တစ်ခုလုံးကို Download လုပ်ဆောင်ထားပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်ဆောင်ရမှာက အဲလို Download လုပ်ဆောင်ပြီးသွားတဲ့ Messages ကို Desktop ပေါ် Drag ဆွဲပြီးတော့ပဲ ဖြစ်ဖြစ် တစ်ခြား local folder တစ်ခုထဲကိုပဲ ဖြစ်ဖြစ် ပြောင်းပြီး သိမ်းထားလိုက်ယုံပါပဲ။ ( ဒီအကြောင်းအရာကို ကိုသီဟန်စိုး တစ်ခါ ဒီနေရာမှာ မေးခဲ့ဖူးပြီး အဲ့တုန်းကတော့ သူကလည်း အလျင်လိုနေတာမို့လို့ ကျွန်တော်လည်း ပြည့်ပြည့်စုံစုံ မဖော်ပြလိုက်နိုင်ပဲ တစ်ခြားနည်းလမ်း တစ်ခုဆီပဲ လမ်းညွှန် လိုက်ရပါတယ်။ )


အပေါ်မှာ storage space ပြန်လည်ရယူဖို့ Gmail messages သန့်ရှင်းရေး အကြောင်းကို အဆင့်လိုက် ဖော်ပြပြီးခဲ့ပေမယ့် Gmail အကြောင်းကို ကျွမ်းကျင် နားလည်တဲ့ users တွေအနေနဲ့ နောက်ထပ် complain တက်စရာ နည်းလမ်း တစ်ခု ရှိနေပါ သေးတယ်။ သူတို့တွေက storage space ပြန်လည်ရယူဖို့ ဖြေရှင်းတဲ့ အချိန်မှာ Desktop mail client ကို အသုံးမပြုချင်ကြ တဲ့ သူမျိုးတွေလို့ပဲ ဆိုကြပါစို့ - ဒါဆို ဒီအောက်က နည်းလမ်းကို ဆက်ပြီး လေ့လာကြည့်ပါ။ 


Outlook, Thunderbird, Live Mail, စတဲ့ Desktop mail client တွေ အသုံးအပြုချင်ဘူး - တစ်ခါမှလည်း မသုံးဖူးဘူး - အသစ်တွေ လိုက်စမ်းနေရမှာ စိတ်လည်း ရှုပ်တယ် - အဲတာမျိုးတွေ တစ်ခုမှ မလိုပဲ Gmail messages သန့်ရှင်းရေး မှာ သုံးလို့ရမယ့် တစ်ခြား နည်းလေးများ မရှိတော့ဘူးလား - ဟုတ်ကဲ့ ရှိပါတယ်။ Storage limit ပြည့်လုမတတ်ဖြစ်နေတဲ့ Mail box ကို ဒီအောက်က နည်းတွေနဲ့ ရှင်းကြည့်ပါ။


» Query string >> "has:attachment" ဆိုပြီး Search mail ရဲ့ ဘယ်ဘက်က Box မှာ ရိုက်ပြီး ရှာလိုက်ပါ။ attachment ပါတဲ့ Mails မှန်သမျှကို သူ ပြပါလိမ့်မယ်။ ဒီ String ကို ဒီ့ထက်ပိုပြီး ထပ်ပြီး တိကျအောင် ခိုင်းစေလို့ ရပါသေးတယ်။ ဥပမာ ပြောရရင်  "has:attachment from:me label:sent" - အဲလို ရိုက်ပြီး ရှာခိုင်းလိုက်ရင် ကိုယ်ပို့ခဲ့တဲ့ messages တွေထဲက attachment ပါတဲ့ messages တွေကို သူ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ ထဲကနေမှ ရွေးထုတ်ပြီး ကိုယ် Delete လုပ်ချင်တဲ့ messages တွေကို ဖျက်ထုတ်ပစ်ပါ။


» Query string >> filename:pdf သို့တည်းမဟုတ် filename:xls ဆိုတာကတော့ messages တွေမှာ ပါတဲ့ attachments တွေထဲကမှ file type တစ်ခုချင်းစီကို သီးသန့် အသေးစိတ် ရည်ညွှန်းလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီ့ စာလုံးကို အပေါ်မှာ ပြခဲ့တဲ့ Query string >> "has:attachment from:me label:sent" နဲ့ ပေါင်းလိုက်တဲ့ အခါ ကိုယ်ပို့ခဲ့တဲ့ messages တွေထဲက attachment တွေထဲမှာ PDF files တွေ - xls files တွေချည်းပဲ ပါတဲ့ messages တွေကို ချည်းပဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်။


» တစ်ခါတစ်လေ Gmail inbox ပြတဲ့ messages ပမာဏ အရမ်းနည်းနေတယ်လို့ ယူဆရင် တစ်မျက်နှာကို messages အရေအတွက် အများဆုံး ၁၀၀ ပြအောင် လုပ်ဆောင်လို့လည်း ရပါတယ်။ ဒီ setting က messages ပေါင်းများစွာကို တစ်ချိန်တည်း တစ်ပြိုင်တည်း Select လုပ်ပြီး ဖျက်ချင်တဲ့ အခါမှာ အရမ်း အသုံးဝင်ပါတယ်။



» Query string >> "before:2009/01/01 label:sent" ဆိုပြီး ရှာမယ် ဆိုရင်တော့ January 1, 2009 မတိုင်ခင်က ကိုယ်ပို့ခဲ့တဲ့ messages တွေ အားလုံးကို ဖော်ပြလာမှာ ဖြစ်ပါတယ်။ ဒီ Query string က >> ကိုယ်ပို့ခဲ့တဲ့ စာအဟောင်း တွေကို ဖျက်ပစ်ချင်ရင် အသုံးဝင်ပါတယ်။

» တကယ်လို့ ကိုယ်က ဖတ်နေကျ Blogs တွေ Websites တွေကနေ messages တွေရဖို့ subscribed လုပ်ထားတယ်ဆိုရင် သူတို့တွေက နောင်တစ်ချိန်မှာလည်း ပြန်ဖတ်မယ့် Messages မျိုးတွေ မဟုတ်တော့လို့ ခုလို Space လိုအပ်နေချိန်မှာ ဖျက်ပစ်ဖို့ အသင့်တော်ဆုံးပါပဲ။ Query string >> from:mail-address@list.com - ကနေ messages တွေကို ရှာဖြွေပီး အကုန် ဖျက်ထုတ်ပစ်လိုက်ပါ။

» ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ GMail search operators တွေက ရှာခိုင်းတဲ့ အတိုင်း ကောင်းကောင်း အလုပ်မလုပ် တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုဆိုရင်တော့ အပေါ်ဆုံးမှာ ဖော်ပြခဲ့ပြီးတဲ့ Outlook, Thunderbird စတဲ့ Mail client တစ်ခုခု သုံးပြီးတော့သာ messages တွေ ဖျက်ဖို့ လုပ်ဆောင်ပါ။

» GMail နဲ့ Outlook ရဲ့ ကွာခြားသွားချက်က - ကျွန်တော်တို့ messages တွေ ဖျက်ထုတ်ပစ်ဖို့ရှာတဲ့ နေရာမှာ Gmail ထဲမှာ ဆိုရင် Attachments တွေရဲ့အရွယ်အစားအလိုက် messages တွေကို ရှာဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Outlook ထဲမှာတော့ မျိုးစုံအောင် အလွယ်တကူ စိတ်ကြိုက်ရှာလို့ ရပါတယ်။ ဒီအကြောင်းကို အပေါ်မှာ ဖော်ပြခဲ့ပြီးသားမို့ ထပ်မရှင်းတော့ပါဘူး။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေထဲက အချက်တစ်ချို့ဟာ Gmail Storage space မလုံလောက်မှု နဲ့ ကြုံတွေ့နေရတဲ့ မိသားစုဝင်များ အတွက် အတိုင်းအတာ တစ်ခုထိ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။

KznT.

Related Posts