Showing posts with label AI. Show all posts
Showing posts with label AI. Show all posts

ကြာပြီ စာမရေးဖြစ်တာ။ ရေးတော့ရေးဖြစ်တယ် - ရေးတဲ့စာတွေက အရင်လို စိတ်ထဲမှာ အမှန်တကယ် ပြောချင်နေတဲ့ အကြောင်းအရာမျိုး မဟုတ်ဘူး။ ရေးဖြစ်တာကလည်း Blog အတွက် မဟုတ်ဘူး။ အချိန်ရခဲ့ပေမယ့် စိတ်က တစ်နေရာ၊ အာရုံက တစ်နေရာ။ ခေတ်ကလည်း Blogging ခေတ်မဟုတ်တော့တာ ကြာပါပြီ။


Facebook Platform ကနေ လက်ရှိ Tiktok နဲ့ ကိုယ်လက်လှမ်းမမီတဲ့ Platform အသစ်အသစ်တွေဆီ ကူးပြောင်း နေကြပြီ။ နည်းပညာပြောင်းလဲမှုတွေက ဘဝတစ်ခုရဲ့ ရှင်သန်ရပ်တည်မှုကို အကျိုးပြုနေသလိုလိုနဲ့ တဖြည်းဖြည်း ဆုတ်ယုတ်လာစေသလားလို့ ထင်စရာ ဖြစ်လာတယ်။




AI ဆိုပြီး ပေါ်လာတယ်။ နောက် SI ဆိုပြီး ဖြစ်တယ်။ မှန်တယ် သူတို့ရဲ့ စွမ်းဆောင်ရည်တွေက ကြောက်ဖို့ ကောင်းလောက်အောင် ကောင်းတယ်။ ဒါပေမယ့် သူတို့ကို အားကိုးရင်းနဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတယ်။ သူတို့ကို ပိုအားကိုးမိလာသလား။ ကိုယ်ကိုယ်တိုင်လည်း ဝေခွဲရခက် တယ်။ သူ့ကို အသုံးချနေတာလို့ ကိုယ်က ထင်နေပေမယ့် ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကို သူ့ကိုပေးလိုက် သလိုများ ဖြစ်နေပြီလား။


Analysis တွေ ပိုမြန်လာတယ်။ သုံးသပ်ချက်တွေ ပိုသွက်လာတယ်။ ဖန်တီးနိုင်စွမ်းတွေ Limitless ဖြစ်လာတယ်။ သူတို့ကိုယ်နဲ့ ယှဉ်လို့မရတာဆိုလို့ ဆင်ခြင်တုံတရားပဲ ကျန်တော့မယ်ထင်တယ်။ 


13-Nov-2026

0442PM