Meeting တစ်ခုခု သွားရင်း - ကျောင်းစာကြည့်တိုက်သွားရင်း - ဒါမှမဟုတ် အရေးကြီးကိစ္စတစ်ခုခု အတွက် ထွက်လာရင်း လမ်းခရီးရောက်မှ ကျွန်တော်တို့သုံးနေတဲ့ Laptop အတွက် Power ကြိုး အိမ်မှာ မေ့ကျန်ခဲ့ကြပြီ ဆိုပါစို့။ သွားရမယ့် နေရာကလည်း ရောက်ခါနီးနေပြီ။ အိမ်ပြန်ပြီး ယူဖို့ကိုလည်း အချိန်မပေးချင်တော့ဘူး - ဒါဆို ကျွန်တော်တို့ရဲ့ Laptops တွေကို အသုံးချရမယ့် နေရာမှာ Battery စားနှုန်း သက်သက်သာသာနဲ့ ကြာရှည်အသုံးချနိုင်အောင် ဘယ်လိုများ လုပ်ဆောင်ကြပါမလဲ။


တကယ်လို့ ကျွန်တော်တို့မှာ ရှိတဲ့ Laptop က Battery ဟာ တော်တော်လေး သုံးလာတာ ကြာတဲ့အပြင် ဘယ်လောက်ပဲ အားပြည့်အောင် သွင်းထားထား ကိုယ်လုပ်ချင်တာတွေ ပြီးဆုံးအောင်မှ မလုပ်ဆောင်ရသေးခင် ခဏလေးနဲ့ အားကုန်ကုန် သွားတတ်တဲ့ အခြေအနေမျိုးနဲ့ ကြုံနေရတဲ့ မိသားစုဝင်တွေ အတွက် " တစ်ခြား Battery တော့ လဲမှ ဖြစ်တော့မဟ " ဆိုတဲ့ အတွေးမဝင်ခင် ဒီအောက်ဖော်ပြပါနည်းတွေကို စမ်းသပ်ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ရဲ့ Laptops တွေမှာ ရှိနေတဲ့ Battery တွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို အထိုက်အလျောက်ထိ မြင့်တက်လာစေလိမ့်မယ်လို့ ဆိုတာ တိုက်တွန်း ပြောကြားလိုပါတယ်။

Battery အသုံးမခံအောင် ဘာတွေက လုပ်ဆောင်သလဲ ??



Battery အသုံးမခံတာကို သိထားတဲ့ နောက်မှာ Battery ကို အသုံးခံအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ မဆုံးဖြတ်ကြ သေးခင် ပထမဆုံး သိထားသင့်တာက - Battery အသုံးမခံအောင် ဘာတွေက လုပ်ဆောင်သလဲ ဆိုတာပါ။ အလွယ်ဆုံး ပြောရမယ်ဆိုရင် Modern laptops တွေမှာတော့ Battery အစားဆုံး က >> LCD panel ပါပဲ။ Microsoft ရဲ့ Windows 7 Engineering blog မှာ အထက်မှာ ဖော်ပြထားတဲ့ အသုံးဝင်တဲ့ Chart တစ်ခုကို ရေးဆွဲ ဖော်ပြထားပြီး - အဲ့ဒီ့ Chart ကနေမှ တစ်ဆင့် Laptop ရဲ့ ဘယ် Components တွေက ဘယ်လောက် % Battery စားနေသလဲ ဆိုတာ အလွယ်တကူ မြင်သာ ထင်ရှားစေပါတယ်။ ဒီ Chart ကို ကြည့်ပြီး ကျွန်တော်တို့ရဲ့ Battery သက်တမ်းကို ကြာကြာအသုံးခံနိုင်စွမ်းရှိအောင် ဘယ်လို လုပ်ဆောင်မယ် ဆိုတာ ဆက်ပြီး ဖော်ပြသွားပါမယ်။

ဒီ Chart ထဲမှာ add-on devices တြွေဖစ်တဲ့ flash drives တို့ USB mice တို့ ဆိုတာတွေ ဖော်ပြမထားပါဘူး - ဒါပေမယ့် သိထားရမှာက အဲဒီ့ ပစ္စည်းတွေကလည်း Battery စား များတယ် ဆိုတာ သိထားဖို့ လိုပါတယ်။  တကယ်လို့များ Power မပေးထားတဲ့ hard drive တစ်ခုခုကိုများ ကိုယ့် laptop မှာ USB port ကနေပြီး တပ်ထားမိပြီ ဆိုလို့ကတော့ သာလို့တောင် Battery စားပါလိမ့်ဦးမယ်။ 

ဒီအချက်တွေကို သိရှိပြီးတဲ့ နောက်မှာ အောက်ဖော်ပြပါအတိုင်း Power Plan Settings ကို ပြင်ဆင်ကြည့်ပါ။

Power Plan Settings အား ပြင်ဆင်ခြင်း


ပထမဆုံး ကျွန်တော်တို့ လုပ်ဆောင်သင့်တဲ့ အလုပ်ကတော့ ကျွန်တော်တို့ laptop ကို Battery power သုံးပြီး လည်ပတ်တော့မယ် ဆိုတဲ့ အချိန်မှာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ power plan ကို သတ်မှတ်ပေးထားပြီးပြီလား ဆိုတာ စစ်ဆေးဖို့ပါ။ တကယ်လို့ Computer ရဲ့ Performance ကောင်းအောင်ဆိုပြီး Power plan ကို High ထားမယ် ဆိုရင် Battery ရဲ့ အသုံးခံနိုင်မှု သက်တမ်းကလည်း ပိုပြီး လျော့ပါးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Battery ကို ကြာရှည် အသုံးခံနိုင်ဖို့ အတွက် Power saver ဒါမှမဟုတ် Balanced တစ်ခုခု ကို အထက်ဖော်ပြပါအတိုင်း ရွေးချယ်ထားသင့်ပါတယ်။



အဓိက ဂရုပြုရမှာ ကွန်ပြူတာကို ကိုယ်ထိတွေ့ မကိုင်တွယ်တော့ဘူး ဆိုတာနဲ့ Display ကို အမြန်ဆုံး turn off လုပ်ခိုင်းထားဖို့ပါ။ ဒါက အထိရောက်ဆုံး Power ချွေတာတဲ့ နည်းတစ်နည်းပါပဲ။





နောက်တစ်ဆင့် အနေနဲ့ Power Plan settings ကို Advanced ပြင်ဆင်ရမယ့် နည်းလမ်းပါ။ ကျွန်တော်တို့ Laptop ရဲ့ Battery life ကို အရှည်ကြာဆုံး ပြင်ဆင်ဖို့ အတွက် ဒီအချက်တွေ ပြင်ဆင်ရပါမယ် >>
  1. Hard Disk ရဲ့ Power plan ကို အမြန်ဆုံး turn off လုပ်နိုင်ဖို့ ပြင်ဆင်ပေးရပါမယ်။
  2. Wireless adapter, processor အထူးသဖြင့် graphics card အတွက် low-power mode ကို အသုံးပြုပေးပါ။
  3. ပုံမှာ မြင်နေရတဲ့ System cooling policy setting ဆိုတာ ကျွန်တော်တို့ရဲ့ Laptop system အတွက် cooling mode ကို change ပေးတဲ့ နေရာပါ။ သူ့မှာ Active နဲ့ Passive ဆိုတဲ့ Options နှစ်ခု ရှိပြီး - Active cooling policy ဆိုတာ Processor - slow down ဖြစ်မသွားခင်ကတည်းက cooling ပိုင်းကို ပုံမှန်အတိုင်း ဖြစ်နေအောင် fan speed ကို မြှင့်တင်ထားတာ ဖြစ်ပြီး - Passive cooling policy ဆိုတာကတော့ Processor - slow down ဖြစ်တဲ့ အချိန်မှ fan speed ကို မြှင့်တင်တာ ဖြစ်ပါတယ်။ Options နှစ်ခုထဲမှာ Passive cooling policy ဟာ Power consumption ပို ထိန်းထားနိုင်ပြီး battery life ကိုလည်း ပိုပြီး ကြာရှည်စေပါတယ်။ 


အထက်မှာ ဖော်ပြခဲ့ပြီးတဲ့ အထူးပြင်ဆင်မှုတွေ အပြင် power plans နဲ့ ပတ်သတ်ပြီး နောက်ထပ် ပြင်ဆင်သင့်တာတွေ ရှိပါသေးတယ်။


Screen အလင်းအမှောင်အား ချိန်ညှိပါ။



ကျွန်တော်တို့ အပေါ်ဆုံးမှာ LCD screen တွေဆိုတာ battery life ကို အမြန်ဆုံး နဲ့ အများဆုံး ကုန်အောင်စားတဲ့ source တစ်ခု ဖြစ်ကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ ဒါကြောင့်မို့လို့ battery life ကို ကြာကြာရှည်ရှည် အသုံးခံနိုင်ဖို့ ဆိုရင် Screen ရဲ့ အလင်းအမှောင် ( screen brightness ) ကိုလည်း ချိန်ညှိထားဖို့လိုပါတယ်။ Laptops တော်တော်များများမှာတော့ screen brightness ကို ချိန်ညှိနိုင်ဖို့ အတွက် ဖော်ပြပါအတိုင်း function key တွေပါရှိပါတယ်။ အဲလို function key တွေကို ဖိနှိပ်ပြီး screen brightness ကို ချိန်ညှိထားနိုင်ပါတယ်။ screen brightness ကို ချိန်ညှိတဲ့ နေရာမှာ battery life ကို ကြာရှည် အသုံးခံနိုင်ဖို့ အတွက် အကောင်းဆုံး နည်းလမ်းကတော့ အလင်းကို မစူးရှလွန်းပဲ သာမန် မိမိတစ်ကိုယ်ရေ တစ်ကာယ ကြည့်လို့ ရယုံ ပမာဏလောက်ထိ လျော့ချပြီး ချိန်ညှိထားဖို့ အကြံပြုလိုပါတယ်။

ဒါတင်မက ကိုယ့်ရဲ့ laptop ကို အသုံးမပြုဖြစ်တဲ့ အချိန်တွေမှာ Display ကို အမြန်ဆုံး Turn off လုပ်ဖို့ power plan မှာ ပြင်ဆင်ထားရမယ့် အပြင် - မလိုလားအပ်တဲ့ graphics စွမ်းဆောင်ရည်တွေကို အသုံးပြုမယ့် screensavers တွေကိုလည်း အသုံးမပြုထားမိဖို့ လိုပါတယ်။



Web sites တွေ တော်တော်များများကလည်း battery life ကို ပိုပြီး တာရှည်ခံဖို့ Windows Aero ကို Disable လုပ်ခိုင်းကြတာ တွေ့ဖူးပါလိမ့်မယ်။ ဒါလည်း မှန်ပါတယ်။ သူ့ကို Disable လုပ်ထားခြင်း အားဖြင့် battery life ကို အနည်းငယ် ပိုပြီး ကြာရှည် အသုံးခံ စေပါတယ်။

Power Consumption အတွက် Hardware များအား စစ်ဆေးပါ


ကျွန်တော်တို့ ရဲ့ Laptops မှာ Bluetooth adapter များ အသုံးပြုထားတာ ရှိနေပါသလား ?? တစ်ခု သိထားရမှာ အဲလို devices တွေကို Enable ပေးထားခြင်းဟာလည်း Power စားစေတဲ့ အချက်တွေ ဖြစ်ပါတယ်။ တကယ်လို့များ ကိုယ်က ဒီ devices တွေကို သုံးနေတာ မဟုတ်ဘူး ( အသုံးမပြုဘူး ) ဆိုရင် သူတို့ကို Disable ပေးထားခြင်းကလည်း battery life ကို အနဲငယ် ထိန်းသိမ်းရာ ရောက်ပါတယ်။ နောက်ပြီး Wireless connection မရှိတဲ့ နေရာတွေမှာ ကိုယ့် laptop ကို သုံးဖြစ်ပြီဆိုရင်လည်း Wi-Fi ကို Disable ပေးထားဖို့ လိုပါတယ်။ 

နောက်ပြီး မလိုအပ်ပဲ PC Card adapter အသုံးပြုခြင်းကိုလည်း ရှောင်ကျဉ်ပါ။ သူတို့တွေကလည်း battery စားနှုန်း များပါတယ်။ ကျွန်တော်တို့ရဲ့ Laptop မှာ RAM ပမာဏရော လုံလုံလောက်လောက်ရှိပါရဲ့လား - ဒါကလည်း အရေးကြီးပါတယ်။ တကယ်လို့ memory ထဲမှာ သိမ်းဆည်းထားနိုင်ဖို့ RAM ပမာဏ အလုံအလောက် မရှိတော့တဲ့ အခါ Windows က Disk ကိုသွားပြီး ပြဿနာရှာတတ်ပါတယ်။ ဒါကြောင့် RAM ပမာဏ နည်းတဲ့ Laptop တွေအတွက် RAM ပမာဏကို ထပ်တိုးတာမျိုး ဒါမှမဟုတ် တစ်ကြိမ်တည်း တစ်ပြိုင်တည်းမှာ Applications တွေ အများကြီး အသုံးပြုခြင်းမျိုးကနေ ရှောင်ကျဉ်တာမျိုး လုပ်ဆောင်ဖို့  စဉ်းစားရပါလိမ့်မယ်။

Background Processes နှင့် Services များအား ထိန်းချုပ်ပါ။


နောက်ကွယ်က System ထဲမှာ ဖြစ်ပျက်နေတဲ့ လုပ်ငန်းဆောင်တာတွေ ဆိုတာ PC တစ်လုံးရဲ့ performance ကို ကျဆင်းစေ ယုံသာမက ကျွန်တော်တို့ Laptops တွေရဲ့ battery life ကိုပါ ကျဆင်းစေပါတယ်။ ဒါကြောင့် battery power ကို အသုံးပြုပြီး လုပ်ငန်းတစ်ခုခု လုပ်ဆောင်နေစဉ်မှာ background applications တွေ အကုန်လုံးကို ပိတ်ထားနိုင်ဖို့ လိုပါတယ်။  Automated updaters တွေ scheduled tasks တွေ အထူးသဖြင့် search indexing တွေကို disable လုပ်ထားဖို့ လိုပါတယ်။

ကျွန်တော်တို့ အဓိက target ထားပြီး remove လုပ်သင့်တာ Windows desktop gadgets တွေပါ - အဲဒီ့ applications တွေဟာ system tray ထဲမှာ ရှိနေပြီး ကျွန်တော်တို့ laptops က Power ကို စားမှန်း မသိ စားနေကြတဲ့ applications တြွေဖစ်ပါတယ်။ အဲတာကြောင့် ကိုယ့် အတွက် တကယ် မလိုအပ်တဲ့ applications တွေကို uninstall လုပ်ရင် လုပ်ပစ် ဒါမှ မဟုတ်ရင်လည်း system tray ထဲကနေ ရှင်းထုတ်ပစ်ဖို့ လိုပါတယ်။

ဒီလုပ်ငန်းစဉ်တွေကို တစ်ခုချင်း လိုက်လုပ်ဖို့ မလိုပဲ on တာ off တာတွေကို အလွယ်တကူ လုပ်ဆောင်ချင်တယ်ဆိုရင် Open- source system tray utility တစ်ခု ဖြစ်တဲ့  Aerofoil ကို အသုံးပြုနိုင်ပါတယ်။ Aerofoil ဆိုတာ ကျွန်တော်တို့ notebook တွေကို Battery power နဲ့ အသုံးပြုနေချိန်မှာ ကြာကြာ အသုံးခံနိုင်စေဖို့ မလိုလားအပ်တဲ့ Aero Glass နဲ့ တစ်ခြား အသုံးမလိုပဲ Battery စားစေတဲ့ လုပ်ငန်းဆောင်တာတွေကို အလိုလျောက် turn off လုပ်ပေးပါတယ်။

ဖြစ်နိုင်လျှင် Hibernate Mode အား အသုံးပြုပါ။



Hibernation နှင့် Sleep Mode ကွာခြားချက်အား သုံးသပ်ခြင်း ဆိုပြီး ကျွန်တော် ရေးခဲ့ဖူးပါတယ်။ Sleep mode အစား Hibernate mode ကို ပြောင်းလဲသုံးစွဲခြင်း အားဖြင့် ကျွန်တော်တို့ Laptops တွေ အတွက် power သုံးစွဲမှု လျော့နည်းပြီး - တကယ်တမ်း အသုံးပြန်လိုတဲ့ အချိန်မှာ နောက်ထပ် နာရီအနည်းငယ် ပိုမို အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Hibernate mode ကို အသုံးမပြုခင် Hibernation နှင့် Sleep Mode က ဘာတွေ ကွာတယ် ဆိုတာ သေသေချာချာ လေ့လာစေချင်ပါတယ်။

Battery အား Heat မတက်စေရန် ထိန်းသိမ်းပါ။


Photo by JustinLowery

Laptop batteries တွေဆိုတာ သူတို့ကို အားမသွင်းပဲ ဖြစ်ကတတ်ဆန်း ကြာရှည် သုံးတော့မှသာ စွမ်းဆောင်ရည် ကျတတ်တာမျိုးပါ - ဒါပေမယ့် ကိုယ့် laptop က အမြဲတမ်းလိုလို overheating ဖြစ်နေတာမျိုးပဲ ဖြစ်ဖြစ် - ရာသီဥတု ပူပူ  - ပတ်ဝန်းကျင် ပူပူမှာ laptop ကို အမြဲတစ်စေ သုံးရတာမျိုးပဲဖြစ်ဖြစ် - အဲလိုအခြေအနေ မျိုးတွေမှာတော့ ခဏချင်းနဲ့ battery ကြွတတ်ပါတယ်။


ခုခေတ် laptops တွေဟာ nickel batteries တွေအစား Lithium batteries တွေကို အသုံးပြုလာကြပါပြီ။ Laptops ရဲ့ Batteries တွေကို ဘယ်လို အားသွင်းမလဲ - ဘယ်လို အသုံးချရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ရောထွေးနေတဲ့ အယူအဆ တစ်ချို့ ရှိပါတယ်။ အမှန်က >> Nickel batteries ကို သုံးထားတဲ့ Laptops တွေဆိုရင် သူ့ရဲ့ battery life ကို ကောင်းမွန်စေဖို့ အတွက် အားထပ်မဖြည့်ခင် နဂိုရှိပြီးသား အားကို ကုန်အောင် သုံးပြီးမှ recharge ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Lithium batteries တွေကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါ။ သူက recharge လုပ်ဖို့အတွက် အရင်ဆုံး အားကုန်အောင် သုံးဖို့ မလိုပါဘူး - နောက်တစ်ချက်က  lithium battery တွေကို အားကုန်အောင်ကျ သုံးပြီး အားပြန်မသွင်းပဲ ပစ်ထားလိုက်မယ်ဆိုရင် တကယ်တမ်း ကိုယ် ပြန်အသုံးပြုတဲ့ အချိန်မှာ အားပြန်သွင်းမရတော့တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်ပါတယ်။


နောက်တစ်ချက် အနေနဲ့ ကျွန်တော်တို့ Laptops တွေမှာ သုံးထားတဲ့ battery တွေကို အမြဲတမ်း fully charged ဖြစ်မနေစေဖို့ကိုလည်း ဂရုပြုပေးပါ။ ဘာကြောင့်လဲ ဆိုရင် — Wikipedia မှာ ဖော်ပြထားချက်အရ lithium battery တွေဟာ အချိန်ပြည့် fully charged နဲ့ ထားရင် ကိုယ်ဘယ်လောက်ကြီးပဲ Battery ကို ဂရုစိုက်စိုက် သူ့ရဲ့ အသုံးခံနိုင်စွမ်းက တစ်နှစ်ကို 20% ဆုံးရံှုးတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ တစ်ခါတစ်ရံမှာ battery ကို အားလျော့အောင် သုံးပေးဖို့ကိုလည်း အကြံပေးလိုပါတယ်။

ကျွန်တော်တို့ Laptops တွေမှာ ရှိနေတဲ့ Battery တွေကို ကြာရှည် အသုံးခံနိုင်အောင် ဘယ်လို အသုံးပြုမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာကတော့ ဒီလောက်ပါပဲ။

အားလုံးပဲ အဆင်ပြေကြပါစေ။

KznT.
Kaspersky Anti-Virus/Internet Security 2010 ကို Offline Updates ဘယ်လို လုပ်ဆောင်နိုင်တယ်ဆိုတာရယ် ၊ အသင့် Download ချနိုင်မယ့် offline updates တွေကိုရယ် အားလုံး ကျွန်တော် ဒီနေရာမှာ ဖော်ပြခဲ့ပြီးပါပြီ - အခု နောက်ပိုင်း Kaspersky Anti-Virus/Internet Security 2011 ပေါ်လာတော့ ကျွန်တော့် Topic ကလည်း 2010 မှာတင် ရပ်နေလို့ မဖြစ်တာနဲ့ 2011 ဘက်ကို ဆက်ကူးလိုက်တာပါ။ Kaspersky Anti-Virus/Internet Security 2011 Offline updates ရယူနည်းနဲ့ Kaspersky Anti-Virus/Internet Security 2010 offline updates ရယူနည်းက အတူတူပါပဲ - ကျွန်တော်အရင် ဖော်ပြခဲ့တဲ့ Kaspersky Offline Update လုပ်ဆောင်နည်း - နည်းလမ်း ( ၃ ) ခုထဲက ဒုတိယနည်းဖြစ်တဲ့ Updater.bat file အား အသုံးပြု၍ install လုပ်ဆောင်ခြင်း ကို အသုံးပြုပြီး offline updates တွေကို ရယူခဲ့တာ ဖြစ်ပါတယ်။ လုပ်ဆောင်နည်း အားလုံးတူညီပေမယ့် အသုံးပြုရမယ့် Updater.exe ကတော့ မတူညီပါဘူး။ ကျွန်တော်တင်ပေးမယ့် offline updates တွေကို မစောင့်နိုင်မယ့် မိသားစုဝင်များအတွက် offline updates တွေကို ရယူတဲ့ နေရာမှာ တစ်ခုချင်းစီမှာ ပြောင်းလဲအသုံးပြုရမယ့် Updater.exe တွေကို ဒီအောက်မှာ Download ချနိုင်အောင် ဖော်ပြပေးထားပါတယ်။



Download Here !!

Updater.exe for Kaspersky Anti-Virus 2010

Updater.exe for Kaspersky Internet Security 2011

Install လုပ်ဆောင်နည်း အဆင့်ဆင့်ကတော့ အောက်ဖော်ပြပါ အတိုင်းပါ။

Offline Updates Installation Guide for Kaspersky Anti-Virus 2011

ပထမဆုံး ကျွန်တော် Download ချဖို့ ပေးထားတဲ့  Kaspersky Anti-Virus 2011 ကို အရင်ဆုံး ဒေါင်းလုပ်ချလိုက်ပါ။

    • Main application window ကို အရင်ဖွင့်ပါ။
    • Main application window ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ Update tab ကိုသွားပါ။
    • Main application window ရဲ့ ညာဘက် အပေါ်ထောင့်နားမှာ ရှိနေတဲ့ Settings button ကို click ပေးပါ။
    • Settings window ရဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ Update source tab အောက်က Settings button ကို click ထပ်ပေးပါ။
    • Update settings window မှာ Source tab ရဲ့ အောက်မှာ ရှိနေတဲ့ Add button ကို click ပေးပါ။
    • နောက်ထပ်ပေါ်လာတဲ့ ဝင်းဒိုးကနေ Download ချပြီး ဖြည်ထားတဲ့ Updates folder ရှိတဲ့နေရာကို ညွှန်ပေးပါ။ ( ဒီနေရာမှာ အောက်မှာ ဖော်ပြထားတဲ့ ပုံနဲ့ နေရာချင်း လွဲကောင်းလွဲနေနိုင်ပါတယ်။ ) 
    • Select folder source window က OK button ကို click ပေးပါ။
    • Update settings window ရဲ့ Source tab မှာ Kaspersky Lab update serevers ကို uncheck ပေးပါ။
    • Update settings window က OK button ကို click ပေးပါ။
    • Settings window က OK button ကို click ထပ်ပေးပါ။
    • Databases နဲ့ modules update process ကို စ run နိုင်ပါပြီ။


Offline Updates Installation Guide for Kaspersky Internet Security 2011

ပထမဆုံး ကျွန်တော် Download ချဖို့ ပေးထားတဲ့  Kaspersky Internet Security 2011 ကို အရင်ဆုံး ဒေါင်းလုပ်ချလိုက်ပါ။

  • Main application window ကို အရင်ဖွင့်ပါ။
  • Main application window ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ Update tab ကိုသွားပါ။
  • Main application window ရဲ့ ညာဘက် အပေါ်ထောင့်နားမှာ ရှိနေတဲ့ Settings button ကို click ပေးပါ။
  • Settings window ရဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ Update source tab အောက်က Settings button ကို click ထပ်ပေးပါ။
  • Update settings window မှာ Source tab ရဲ့ အောက်မှာ ရှိနေတဲ့ Add button ကို click ပေးပါ။
  • နောက်ထပ်ပေါ်လာတဲ့ ဝင်းဒိုးကနေ Download ချပြီး ဖြည်ထားတဲ့ Updates folder ရှိတဲ့နေရာကို ညွှန်ပေးပါ။ ( ဒီနေရာမှာ အောက်မှာ ဖော်ပြထားတဲ့ ပုံနဲ့ နေရာချင်း လွဲကောင်းလွဲနေနိုင်ပါတယ်။ ) 
  • Select folder source window က OK button ကို click ပေးပါ။
  • Update settings window ရဲ့ Source tab မှာ Kaspersky Lab update serevers ကို uncheck ပေးပါ။
  • Update settings window က OK button ကို click ပေးပါ။
  • Settings window က OK button ကို click ထပ်ပေးပါ။
  • Databases နဲ့ modules update process ကို စ run နိုင်ပါပြီ။


Updates Distribution for KAV / KIS 2011

Kaspersky Internet Security 2011 နဲ့ Kaspersky Antivirus 2011 တို့အတွက် Offline Updates တွေကတော့ ဒီအောက်မှာပါ။  နောက်ဆုံး Update လုပ်ခဲ့တဲ့ အချိန်ကတော့ Sun June 20 2010 ဖြစ်ပါတယ်။ တစ်ပတ် တစ်ကြိမ် တနင်္ဂနွေတိုင်း ကျွန်တော် ပုံမှန် Update လုပ်ပေးသွားပါ့မယ်။

Updates Distribution for KAV 2011 Sun June 20 2010

Updates for KIS_11.0.0.232

Updates Distribution for KIS 2010 Sun June 13 2010

Updates for KAV_11.0.0.232
အဆင်ပြေကြပါစေ။

KznT.
ကွန်ပျူတာနဲ့ အကျွမ်းတဝင်မရှိတဲ့ သူတွေအတွက် ဘယ်လိုင်းကိုလိုက်ရင် ဘယ်လိုအခွင့်အရေး မျိုးတွေရှိတယ် ဘယ်လို သင်တန်းတွေ တက်ရမယ် ဘာတွေကိုတော့သိထားရမယ် နောက်ဆုံး မင်းဒါတွေ တက်သွားရင် မင်းဘာဖြစ်မယ်ဆိုတဲ့ ..

ကျွန်တော်တို့လို .. ကွန်ပျူတာပိုင်းနဲ့ ပတ်သတ်ပြီး..နားမလည်သေးတဲ့ သူများအတွက် ... အခုမှစတင်လေ့လာ သူများအတွက် ... ဖိုရမ်မှာ ... ပို ့စ် တစ်ခုအဖြစ် တင်ပေးစေချင်ပါတယ်

ဒီအကြောင်းအရာက အရမ်းကျယ်ပြန့်ပေမယ့် ကျွန်တော် စပြီးဆွေးနွေးကြည့်ပါ့မယ် - ကွန်ပျူတာနည်းပညာထဲကို ၀င်တယ်ဆိုတာ ခေါင်းစဉ်ကွဲ အမျိုးမျိုး ရည်ရွယ်ချက် အမျိုးမျိုး ရှိပါတယ်။ ဆိုလိုတာ - တစ်ချို့သူတွေက ကွန်ပြူတာ အသုံးဝင်မှန်း ကြားဖူးပေမယ့် တစ်ခါမှ မသုံးဖူးခဲ့ပဲ အခုမှ ကွန်ပြူတာနဲ့ ထိတွေ့ရမယ့် အခြေအနေကို ရောက်လာတဲ့အခါ ( ကိုယ်ထိတွေ့နေရတဲ့ ကွန်ပြူတာနဲ့ ပတ်သတ်ပြီး အသေးသုံးလေးတွေ အသုံးပြုနိုင်ဖို့ - Software တွေ install လုပ်ဆောင်တာ - Windows တင်တာ - Applications အသစ်လေးတွေကို အသုံးချတာ - ကိုယ်မသိသေးတဲ့ Applications Software တွေကို မှန်မှန်ကန်ကန် အသုံးချတတ်ယုံလောက် လေ့လာတာ - ဟိုပြင် ဒီကလိ ပြင်တာ ကလိတာ မျိုးကို ) ကွန်ပျူတာနည်းပညာ နယ်ပယ်ထဲကို ၀င်တယ်ဆိုပြီး ပြောကြပါတယ်။ တစ်ချို့ကျတော့ ကွန်ပျူတာနည်းပညာ နယ်ပယ်ထဲကို ဝင်တယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်က အခုကနေ စပြီး ဒီပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်မယ် - ဒီပညာရပ်ကို တစိုက်မတ်မတ် လေ့လာမယ် - အသေးစိတ် ပြင်ဆင်မယ် - စနစ်တကျ ချဉ်းကပ်မယ် - နည်းပညာအသစ်တွေ ဖန်တီးမယ် ဆိုပြီး ရည်ရွယ်ချက်နဲ့ ဒီ စကားစုကို သုံးနှုန်းကြပါတယ်။



အဓိပ္ပါယ် ( ၂ ) ရပ်လုံးဟာ ကွန်ပျူတာနည်းပညာနယ်ပယ်ထဲကို ဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့ သူချင်း တူတာ မှန်ပေမယ်လို့ လေ့လာရမယ့် အချိန် - ပေးဆပ်ရမယ့် အရင်းအနှီး - ကြိုးပမ်းရမယ့် အားထုတ်မှု - ချဉ်းကပ်ရမယ့် ဘာသာရပ် - အားလုံး ကွဲပြားသွားပါတယ်။ ပထမအဓိပ္ပါယ် ဖြစ်တဲ့ ကွန်ပြူတာကို အသုံးချတတ်ယုံ - အသုံးချနိုင်ယုံ - မိမိလုပ်ငန်းခွင်နဲ့ အံဝင်ဂွင်ကျယုံ လေ့လာမယ့် လုပ်ငန်းစဉ်ဟာ ကွန်ပျူတာနည်းပညာ ကို လေ့လာတဲ့ အခါမှာ အလွယ်ကူဆုံးနဲ့ အတတ်အမြန်ဆုံး လေ့လာမှုပါပဲ။ လမ်းညွှန်ပေးမယ့်သူ ပြောပြပေးမယ့်သူသာ ရှိလို့ကတော့ လပိုင်းအတွင်းကို ကျွန်တော်ပြောခဲ့တဲ့ ( ကိုယ်ထိတွေ့နေရတဲ့ ကွန်ပြူတာနဲ့ ပတ်သတ်ပြီး အသေးသုံးလေးတွေ အသုံးပြုနိုင်ဖို့ - Software တွေ install လုပ်ဆောင်တာ - Windows တင်တာ - Applications အသစ်လေးတွေကို အသုံးချတာ - ကိုယ်မသိသေးတဲ့ Applications Software တွေကို မှန်မှန်ကန်ကန် အသုံးချတတ်ယုံလောက် လေ့လာတာ - ဟိုပြင်ဒီကလိ ပြင်တာ ကလိတာ မျိုး ) ဆိုတာတွေ အားလုံးတတ်မြောက်နိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေ တတ်မြောက်ထားရင် နည်းပညာနောက်ကျနေတဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ သာမာန် Service center လောက်မှာ ဝင်ပြီး အလုပ်လုပ်လို့ ရကောင်းရနိုင်ပေမယ့် - နိုင်ငံတကာမှာ အလုပ်သွားလုပ်မယ်ဆိုရင်တော့ ဒီလောက်အတွေ့အကြုံနဲ့ ဘယ်သူမှ အလုပ်မခန့်ပါဘူး -

အခု ဒုတိယအဓိပ္ပါယ် ကိုရောက်ပါပြီ - နိုင်ငံတကာမှာ သွားပြီး အလုပ်လုပ်မယ် - လစာကောင်းကောင်းလည်း ရချင်တယ် - ရတဲ့ အလုပ်ကလည်း မပြုတ်ချင်ဘူး - လူတိုင်းရဲ့ အထင်ကြီးလေးစားမှုကို ခံချင်တယ် - ဒီလိုဆိုရင်တော့ ကွန်ပျူတာ နယ်ပယ်ထဲကို ဝင်မယ်ဆိုတဲ့စကားကို သုံးနှုန်းလိုက်တဲ့ သူတစ်ယောက်ဟာ အပေါ်မှာ ပြောခဲ့တဲ့ ( ကိုယ်ထိတွေ့နေရတဲ့ ကွန်ပြူတာနဲ့ ပတ်သတ်ပြီး အသေးသုံးလေးတွေ အသုံးပြုနိုင်ဖို့ - Software တွေ install လုပ်ဆောင်တာ - Windows တင်တာ - Applications အသစ်လေးတွေကို အသုံးချတာ - ကိုယ်မသိသေးတဲ့ Applications Software တွေကို မှန်မှန်ကန်ကန် အသုံးချတတ်ယုံလောက် လေ့လာတာ - ဟိုပြင်ဒီကလိ ပြင်တာ ကလိတာ မျိုး ) နဲ့တင် မလုံလောက်တော့ပါဘူး - ကွန်ပြူတာနဲ့ ဆက်စပ်နေတဲ့ နည်းပညာ အသစ်သစ်တွေကို ဖန်တီးနိုင်ရမယ် - မဖန်တီးနိုင်ရင်တောင် ပုံစံတူလောက်တော့ တုနိုင်ရမယ် - Error တွေကို စစ်ဆေး အဖြေရှာပေးနိုင်ရမယ် - ဒါမျိုး အရည်အချင်းတွေ ရှိဖို့လိုပါတယ်။

ကွန်ပျူတာနယ်ပယ်ထဲကို ဝင်မယ်ဆိုတဲ့စကားကို သုံးနှုန်းလိုက်တဲ့ လူနှစ်မျိုး နှစ်စားကို ယှဉ်လိုက်ရင် အဲ့ဒီမှာတင် တော်တော် ကွာခြားသွားပါပြီ - ကွန်ပြူတာပညာကို လိုအပ်သလောက်ပဲ လေ့လာမယ့် သူဆိုတာ အချိန်ပေးရလည်း သက်သာသလို ငွေကုန်ကြေးကျလည်း နည်းပါတယ်။ အများကြီးလည်း အားထုတ်ဖို့ မလိုသလို လေ့လာရမယ့် ဘာသာရပ်လည်း မများဘူး - သူ့ရဲ့ အားသာချက်က ကိုယ့်စက်လေး ကိုယ့်ဘာသာ အဆင်ပြေပြေ သုံးတတ်တယ် - Error တတ်ရင် သူများဆီသွားပြီး အပူတပြင်း အကူအညီတောင်းစရာ မလိုဘူး - ဟိုကလိ ဒီကလိ လောက်တော့ ကိုယ့်ဘာသာ ပြင်တတ်မယ် - အသေးအဖွဲ ပျက်တာလေးတွေ အတွက် ဘယ် Error ကြောင့်ဆိုတာ အနည်းအကျဉ်း အဖြေရှာတတ်မယ် - လုပ်ငန်းခွင်နဲ့ ပတ်သတ်တဲ့ applications တွေကို ကိုယ်က ကောင်းကောင်း အသုံးချတတ်လို့ လုပ်ငန်းပိုင်း ဆိုင်ရာ အစဉ်ပြေပြေ ချောချောမွေ့မွေ့နဲ့ လုပ်ဆောင်နိုင်မယ် - ဒါက ကောင်းချက်လေးတွေပါ - ဒီလိုလေ့လာမှုမျိုးကို ဘယ်လိုလူတွေ လိုအပ်လဲ ဆိုရင် Computer နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင် စားသောက်မှာ မဟုတ်တဲ့ လူတိုင်း ဒီ အခြေခံအဆင့်တွေ တတ်မြောက်ထားဖို့ လိုပါတယ်။ ဥပမာပြောရရင်  Physician သို့မဟုတ် Surgery တစ်ယောက်က Programming ပိုင်း မတတ်လည်း ဘာမှ မဖြစ်ဘူး - ဒါက သူ့အလုပ်မဟုတ်ဘူး - Networking ပိုင်း မရလို့လည်း ဘာမှ မဖြစ်ဘူး - သူလေ့လာရမယ့် ဘာသာမဟုတ်ဘူး - လုပ်ငန်းခွင်က Civil Engineer တစ်ယောက်က Game program မရေးတတ်ဘူး - ဘာဖြစ်လဲ ဘာမှ မဖြစ်ဘူး - ကျွန်တော်ဆိုလိုတာ အဲလို လူမျိုးတွေက ကိုယ့်အသက်မွေးဝမ်းကျောင်း ပညာရပ်ကို အထောက်အပံ့ဖြစ်ယုံလောက်ပဲ ကွန်ပြူတာပညာဆိုတာ လေ့လာလို့ရတယ် - Specialize အနေနဲ့ လေ့လာဖို့ မလိုဘူး - Specialize လေ့လာတယ်ဆိုတာ ဒီကွန်ပြူတာနဲ့ အသက်မွေးဝမ်းကျောင်းပြုမယ့် သူတွေ လေ့လာရမယ့် အလုပ် -

မြန်မာနိုင်ငံက လူငယ်တော်တော်များများက ဒီ ကွာခြားချက်ကို နားမလည်ကြဘူး - Programmer ကြီး - Game developer ကြီး တွေတွေ့ပြီဆိုရင် ကိုယ်ရထားတဲ့ ဘွဲ့ - ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို မေ့ပြီး နေရင်းထိုင်ရင်း Programmer တွေ Web designer ဆိုတာတွေ ဖြစ်ချင်သွားကြတယ် - တစ်ဖက်သားကို အားကျတဲ့ စိတ်ကကောင်းတာကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ရပ်တည်နေရတဲ့ လုပ်ငန်းခွင်နဲ့ ကိုယ်စိတ်ကူးယဉ်နေတဲ့ ဘဝက ဖြစ်နိုင်ချေရှိသလားဆိုပြီး ပြန်စမ်းစစ်ဖို့ လိုပါတယ်။ Programmer တွေ Web designer တွေ Game developer တြွေဖစ်ဖို့ဆိုတာ အပြောသာလွယ်တာ တကယ်တမ်း ဖြစ်နေတဲ့ သူတွေကို မေးကြည့်ပါ လွယ်သလားလို့ - သူတို့ ခုလို Programmer တွေ Web designer တွေ Game developer တြွေဖစ်လာဖို့ ပေးခဲ့ရတဲ့ အချိန် - ပေးဆပ်ခဲ့ရတဲ့ အရင်းအနှီး - ကြိုးပမ်းခဲ့ရတဲ့ အားထုတ်မှု - လေ့လာခဲ့ရတဲ့ ဘာသာရပ် ဆိုတာ တော်တော်ကို များတာပါ - သူတို့အဲလို အချိန် - ငွေ - အားထုတ်မှုတွေနဲ့ ရင်းနှီးပြီးမှ ရလာခဲ့တဲ့ နေရာတစ်ခုကို ကျွန်တော်တို့တွေက ဗြုန်းဒိုင်းဆို နေ့ချင်းညချင်း ရောက်သွားဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား ?? သေချာတာကတော့ ဖြတ်လမ်းကနေ လိုက်ပြီး Programmer မဖြစ်နိုင်ဘူး Web designer မဖြစ်နိုင်ဘူး Game developer မဖြစ်နိုင်ပါဘူး။

ဒါကိုနားမလည်ကြတဲ့ ကျွန်တော်တို့ မြန်မာလူငယ်တွေက ရေလိုက်လွဲနေကြတာတွေ့ရပါတယ်။ သူများ က ကွန်ပြူတာဆို လိုက်ကွန်ပြူတာ - Basic သင်တန်းတက်မယ်ဟေ့ ဆို Basic Basic နဲ့ စတက်လိုက်ကြ - နောက်တစ်ယောက် Hardware - Hardware ဆို Hardware သင်တန်းနောက် ပြေးလိုက်လိုက်ကြ - Web Design - Web Design ဆို Web Design နောက်ရောက်သွားရပြန် နဲ့ သူတို့ဘာကြောင့် ဒီသင်တန်းတွေ တက်နေမှန်း - ဒီသင်တန်းတွေက ဘယ်နေရာမှာ အသုံးဝင်မှန်းလည်း သူတို့ ကောင်းကောင်း မသိကြသလို - သိခဲ့သည်ပဲထားဦး တကယ်ရော ကိုယ့်အတွက် အသုံးလိုရဲ့လား ဆိုတာ မပိုင်းဖြတ်နိုင်ကြပါဘူး။ ဒါဟာ ဘာကြောင့်လဲ ဆိုရင် ကွန်ပြူတာဆိုတာ လေ့လာရမယ် ဆိုတာပဲ သိပြီး ဘယ်လို လေ့လာရမယ်ဆိုတာ မသိလို့ ဖြစ်နေကြတာပါ။ ဒါက လူငယ်တွေ အပြစ်မဟုတ်ပါဘူး - မျိုးဆက်သစ်ကို လက်တွဲမခေါ်တဲ့ ကျွန်တော်တို့တွေ အပြစ်ပါ။

ကျွန်တော့် စာလည်း ရှည်ပြီ - ကျွန်တော့်ဆွေးနွေးချက်ကို အနှစ်ချုပ်ချင်တာကတော့ ကွန်ပျူတာနယ်ပယ်ထဲကို ဝင်မယ်ဆိုတာ မှန်တယ် - ဘာလုပ်ချင်တာလဲ ?? ဘယ်နေရာမှာ အသုံးချချင်တာလဲ ?? ဆိုလိုတာ ဒီ ကွန်ပြူတာနယ်ပယ်ထဲမှာပဲ ရပ်တည်မှီခိုပြီး ဘဝရပ်တည်ရေးကို ဖြတ်သန်းချင်တာလား ( ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်မှာလား  ?? ) ဒါမှမဟုတ် မိမိလက်ရှိ လုပ်ကိုင်နေရတဲ့ လုပ်ငန်းမြန်ဆန်ချောမွေ့စေရေးအတွက် ရိုးရိုးသာမာန် ကွန်ပြူတာ users တစ်ယောက်လို ကွန်ပြူတာ အကြောင်းကို သိနားလည်ထားချင် - အသုံးပြုတတ်ချင်တာလား ?? ဒီမေးခွန်းတွေကို အရင် ကိုယ်ကိုယ်တိုင် သေသေချာချာ ဖြေကြည့်လိုက်ပါ။ ဒီအဖြေတွေရဲ့ ကွာခြားချက်ကို လိုက်ပြီး နောက်မှာ လျှောက်လှမ်းရမယ့် လမ်းစဉ် - ခံယူရမယ့် ခံယူချက် အားလုံး ပြောင်းလဲ သွားပါလိမ့်မယ်။

ကွန်ပျူတာနယ်ပယ်ထဲကို ဝင်မယ် - လေ့လာမယ်ဆိုတဲ့ လူတစ်ယောက်မှာ ရည်မှန်းချက် ခိုင်မာဖို့ နဲ့ ရွေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်။ ဘယ်လိုင်းကို လိုက်ရမလဲ - ဘယ်သင်တန်းတွေ တက်ရမလဲ ဆိုတာ အရင်ဆုံး မစဉ်းစားပါနဲ့ဦး - ဘာအတွက် သုံးမှာလဲ ဆိုတာကို အရင်စဉ်းစားပါ - ဘဝရပ်တည်မှု အတွက်လား - လုပ်ငန်းလိုအပ်ချက် အတွက်လား ??

ရွေးချယ်မှု မှန်ကန်တဲ့ သူဟာ ဆုံးဖြတ်ချက် နောက်ကျခဲ့မယ်ဆိုရင်တောင် ရွေးချယ်မှုကို အမှားမှားအယွင်းယွင်းနဲ့ အစောတလျင် ဆုံးဖြတ်ချက်ချပြီး မိမိရှေ့မှာ ရောက်နှင့်နေသူတွေထက် အောင်မြင်မှုရဖို့ % ပိုများပါတယ်။ သူများအောင်မြင် တာကြည့် - သူများတိုးတက်တာကို အားကျပြီး သူ့လိုလိုက်မလုပ်နိုင်ဘဲ ဘယ်လမ်းက ချောင်မလဲ - ဘယ်ဖြတ်လမ်းကလိုက်ရင် ငါ အမြန်ဆုံး သိသွားနိုင်မလဲ ဆိုပြီး ရွေးချယ်နေရင် လမ်းမှန်မရောက်ပဲ လမ်းလယ်မှာ တစ်ဝဲလည်လည် ဖြစ်နေပါလိမ့်မယ်။ ဒီအောက်က ပုံလေးက ဆရာအော်ပီကျယ် ရေးတဲ့ ကျကျမ်းထဲက အပိုင်းလေး တစ်ပိုင်းပါ။


ကျွန်တော်ဆွေးနွေးသွားတာတွေက ကိုအာကာအောင်တို့ ကိုသီဟန်စိုးတို့ မေးတာနဲ့တော့ တည့်ကြီး သက်ဆိုင်မှု မရှိသေးပါဘူး - ဒါပေမယ့် ဒါက အခြေခံပါပဲ - ဒီခံယူချက်တွေရဲ့နောက်မှာ ကွန်ပြူတာနည်းပညာနယ်ပယ်ထဲကို ရောက်နေတဲ့ ငါ့အတွက် ဘယ်လောက်ထိ လေ့လာဖို့လိုမလဲ ဆိုတဲ့ အဖြေကို တွေ့လာလိမ့် မယ်လို့ မျှော်လင့်မိပါတယ်။
Mg Zin.
ဘာလိုလိုနဲ့ ကိုဦး ဒီအကြောင်းမေးထားတာ ( ၂ ) ရက်ရှိပြီ - ကျွန်တော်လည်း ဖိုရမ်က အမြန်ဖြေရလွယ်တဲ့ တစ်ခြားအခက်အခဲလေးတွေ လိုက်ဖြေရင်းနဲ့ ဒီဘက်ကို မလှည့်ဖြစ်ဘူး ဖြစ်နေတာပါ - စိတ်ထဲမှာ လုပ်မယ် လုပ်မယ်နဲ့ စိတ်ကူးထားတာ တော်တော်များများ ရှိတယ် - ဟိုရေးလက်စ မပြတ်သေးတဲ့ အားလုံးအတွက် Ubuntu ( Linux ) ဆိုတာလည်း ဆက်ရေးဖို့ လုပ်နေတယ် - နောက် သူနဲ့ အပြိုင် နောက်ထပ် Linux ခေါင်းစဉ် တစ်ခုရေးမယ် ဆိုပြီး အစပျိုးနေတာလည်း ရှိတယ် - နောက်ထပ် Windows ဘက်က သိထားတာလေး ပြောပြချင်လို့ အချက်အလက် စုထားတာတွေလည်း ရှိတယ် - လောလောဆယ်တော့ အဲတာလေးတွေ ခဏ ဘေးချိတ်ပြီး compizconfig-settings-manager အကြောင်းလေး ဆွေးနွေးလိုက် ပါဦးမယ် -

အခု ကျွန်တော် ဆွေးနွေးသွားချင်တာ Ubuntu မှာ လူသိများပြီး တွေ့ဖူးသူတိုင်းလည်း စမ်းသပ်ချင်ကြတဲ့ Ubunutu ရဲ့ နာမည်ကြီး compizconfig-settings-manager အကြောင်းပါ -  compizconfig-settings-manager အကြောင်းကို ဆွေးနွေးမယ်လို့ ကျွန်တော် ပြောပေမယ့် သူ့ရဲ့ အသုံးပြုပုံ အကြောင်းကို အသေးစိတ်တော့ ကျွန်တော် ဆွေးနွေးသွားမှာ မဟုတ်ပါဘူး - ကျွန်တော် ဆွေးနွေးသွားမှာ  compizconfig-settings-manager ကို အသုံးပြုဖို့ အတွက် ဘာတွေ အရင်ဦးဆုံး လုပ်ဆောင်ထားရမယ် ဆိုတာရယ် သူ့ကိုသုံးပြီး ဖန်တီးနိုင်မယ့် အလှအပ တစ်ချို့လောက်ကို အသုံးအပြုဖူးသူတွေ အတွက် မိတ်ဆက် သဘောလောက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့် အပြည့်အစုံ မဖော်ပြသလဲ ဆိုရင် မိသားစုဝင်များ ဒီ compizconfig-settings-manager ကို သုံးဖူးတဲ့ သူတွေလည်း သိပါလိမ့်မယ် - သုံးဖူးတဲ့အခါလည်း သိပါလိမ့်မယ်။ သူ့မှာ လုပ်ဆောင်နိုင်တဲ့ Effects တွေ ၊ Animations တွေက တော်တော်ကြီးကို များတာပါ - ကျွန်တော့် အနေနဲ့ အဲ့ဒီ့လောက် အများကြီးကို တစ်ခုချင်း လိုက်စမ်းပြီး ရှင်းပြဖို့ ဆိုတာ တော်တော်ကြီးကို ခက်ခဲပါတယ်။ နောက်ပြီး တစ်ခုချင်းစီ လုပ်ဆောင်ပုံကလည်း တကယ်တမ်း ပြောသလောက်ကြီး မခက်ခဲတာ မို့လို့ ကျွန်တော့်အနေနဲ့ အကျဉ်းချုံးပြီးပဲ မိတ်ဆက်ပေးဖို့ စီစဉ်လိုက်တာပါ။




compizconfig-settings-manager ကို ဘယ်ကနေ ဒေါင်းလုပ်ချရမယ် ဘာတွေ Install လုပ်ဆောင်ထားဖို့ လိုအပ်မယ်ဆိုတာ ကျွန်တော် ဒီနေရာမှာ ဖော်ပြခဲ့ပြီးပါပြီ - ဒါကြောင့် ကျွန်တော့် အနေနဲ့ ဒီပို့စ်ကို ဖတ်တဲ့သူ အနေနဲ့ compizconfig-settings-manager ကို Install လုပ်ဆောင်ပြီးသူ တစ်ယောက် အဖြစ်ယူဆပြီး ဆက်ဆွေးနွေးသွားပါမယ်။ compizconfig-settings-manager ကို အသုံးချဖို့ အတွက် ကျွန်တော်တို့ ပထမဆုံး စတင်လုပ်ဆောင်ထားရမှာ ကျွန်တော်တို့ စက်မှာ ရှိတဲ့ Graphic card ကို 3D effects နိုင်အောင် အရင်ဆုံး ပြင်ဆင်ထားရမယ် ဆိုတာပါ။ ဒါကို လုပ်ဆောင်ဖို့ အတွက် System > Administration > Hardware Drivers ကိုသွားလိုက်ပါ။ password တောင်းရင် password ရိုက်ထည့်လိုက်ပါ။ အဲ့ချိန်မှာ အောက်မှာ ပြထားတဲ့ အတိုင်း ကျွန်တော်တို့ စက်မှာ ရှိနေတဲ့ Graphic card ကို မြင်ရပါလိမ့်မယ်။


ကျွန်တော်တို့ အနေနဲ့ ဒီ Hardware Drivers ( Graphic card ) ကို Desktop effects လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ ပထမဆုံး Activate လုပ်ပေးဖို့ လိုပါတယ်။ Activate ဆိုတာကို နှိပ်လိုက်တာနဲ့ downloading လုပ်ငန်းစဉ် စတင်ပြီး ကျွန်တော်တို့ရဲ့ Graphic card အတွက် သင့်တော်တဲ့ Driver ကို install လုပ်ဆောင်ပေးသွားပါလိမ့်မယ်။ တကယ်လို့ "Desktop effects could not be enabled" ဆိုတဲ့ Error message နဲ့ တိုးခဲ့ရင် ဒီနေရာကို သွားပါ။

Install လုပ်ဆောင်ပြီးသွားရင် သူက Restart တောင်းပါလိမ့်မယ်။ ကွန်ပြူတာကို Restart ပေးလိုက်ပါ။ Reboot ပြန်တက်လာရင် အောက်ဖော်ပြပါအတိုင်း အပေါ်ညာဘက် ဘားမှာ ခုလိုမျိုး ပုံစံ ခပ်ဆင်ဆင် မြင်ရပါလိမ့်မယ်။


သူ့ကို ကလစ်ပေးလိုက်တဲ့ အချိန်မှာ ခု အောက်ဖော်ပြပါပုံအတိုင်း ဒီကွန်ပြူတာအတွက် သင့်တော်တ့ဲ drivers တစ်ခု installed လုပ်ဆောင်ပြီးလို့ အသုံးပြုဖို့ အသင့် ဖြစ်နေပြီ ဖြစ်ကြောင်း ဖော်ပြပါလိမ့်မယ်။


ခုလို ဖော်ပြထားတာကို တွေ့ပြီ ဆိုတာနဲ့ compizconfig-settings-manager ကို စတင် အသုံးပြုလို့ ရပါပြီ - compizconfig-settings-manager ကို စတင်အသုံးပြုတော့မယ့် အချိန်မှာ နောက်ထပ် စစ်ဆေးထားသင့်တာလေးတွေ ရှိပါသေးတယ်။ အဲတာကတော့ Desktop ရဲ့ ညာဘက်အောက်ထောင့်မှာ workspaces အနည်းဆုံး ( ၄ ) ခုရှိရဲ့လား ဆိုတာ စစ်ဆေးပေးပါ။ များသော အားဖြင့်တော့ ( ၄ ) ခုရှိတာ များပါတယ်။ မရှိသေးရင် click ပေးပြီး preferences ကနေ 4 columns 1 row ကို ရွေးပေးပါ။ ဒါက အလွယ်နည်းပါ ဒီ workspaces တိုးတာကိုပဲ ccsm ထဲက General Options > Desktop Size > Horizontal Virtual Size ကနေ အောက်ဖော်ပြပါအတိုင်း တိုးလို့ ရပါသေးတယ်။


"Cube" အား အသုံးပြုခြင်း

နောက်တစ်ဆင့် အနေနဲ့ System > Preferences > Advanced Desktop Effects Settings ဒါမှမဟုတ် "Compiz Configuration manager" ဆိုတဲ့နေရာကို သွားပါ။ Desktop tab ဆိုတာရဲ့အောက်မှာ "Rotate cube" ဆိုတာရယ် "Desktop cube" ဆိုတာရယ်ကို တွေ့ပါလိမ့်မယ်။


အဲ့ဒီ့ ( ၂ ) ခုကို activate ပေးလိုက်တဲ့ အချိန်မှာ desktop wall ကို disable ပေးဖို့ အသိပေးလာပါလိမ့်မယ်။ ဒီအတိုင်း ဆက်သွားပါ။  Cube ကို Rotate လုပ်ဖို့အတွက် Default key ကတော့ Ctrl+Alt+<Arrow Left> ဒါမှမဟုတ် Ctrl+Alt+<Arrow Right> ပဲ ဖြစ်ပါတယ်။ အောက်မှာ ပြထားတဲ့ အတိုင်း Cube ကြီးကို ကိုင်ပြီး ဟိုရွှေ့ ဒီရွှေ့ရွှေ့ဖို့ကတော့ Ctrl+Alt+Left Mousebutton ပါ။


ရှုး တိုးတိုး ကောင်မလေး အိပ်နေတယ် :D

"Cube" အားပုံသွင်းခြင်း

Cube ကို စစသုံးသုံးချင်းမှာ ကျွန်တော်တို့ တွေ့ရမယ့် Cube က ကျပ်ပိတ်ကြီးပါ - ဆိုလိုတာ Cube ရဲ့ မျက်နှာစာ တစ်ဖက်ကနေ တစ်ခြား မျက်နှာစာ တစ်ဖက်ကို ဖော်ကြည့်လို့ မရ ဖြစ်နေတတ်ပါတယ်။ အဲလို ဖြစ်နေတာကို Cube ရဲ့ မျက်နှာစာ တစ်ဖက်ကနေ တစ်ခြား မျက်နှာစာ တစ်ဖက်ကို ဖောက်ထွင်း မြင်နိုင်အောင် လုပ်ပါ့မယ်။ Desktop Cube > Transparent Cube > Opacity During Rotation ကိုသွားပြီး သူထားထားတဲ့ ၁၀၀ ကနေ ၈၅ ပတ်ဝန်းကျင်လောက်ကို လျော့ချလိုက်ပါ။ များများလျော့လေ များများဖောက်မြင်ရလေပါပဲ။ Tab တစ်ခုချင်း လိုက်စမ်းကြည့်ပါ - ပြောင်းလဲချက်တွေတွေ့ရပါလိမ့်မယ်။


COMPIZ SETTINGS MANAGER အား အသုံးပြု၍ အခြားအရာများ လုပ်ဆောင်ခြင်း

Compiz Settings Manager အသုံးပြုပုံကတော့ တော်တော်လေး ကျယ်ပြန့်ပါတယ် - ကိုယ် ဖန်တီးနိုင်ရင် ဖန်တီးနိုင်သလောက် စိတ်ရှည်ရင် ရှည်သလောက် လုပ်ဆောင်နိုင်တဲ့ Effects တွေက တော်တော်လေးကို များပါတယ်။ Window Management အောက်မှာ ရှိတာတွေကို ဟိုပြင်ဒီပြင် လိုက်ပြင်ကြည့်ပါ။


တစ်ခုခုကို ပြောင်းလဲစမ်းသပ်တဲ့ အခါမှာ shortcuts တွေက ဘာမှန်း မသိ ဖြစ်နေတတ်ပါတယ်။ ဥပမာ ဆိုကြပါစို့ Shift Switcher ကို စမ်းသပ်မယ် ဆိုရင် သူ့ခေါင်းစဉ်ထဲကို ထပ်ဝင်လိုက်ပါ။ ခုလိုနေရာမှာ ဘယ် shortcuts ကို သုံးရမယ်ဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ ဒီ shortcuts တွေက တရားသေချည်း မဟုတ်ပါဘူး - သူ့ ညာဘက်ဘေးမှာပါတဲ့ button လေးကနေ မိမိစိတ်ကြိုက် ပြောင်းပေးလို့လည်း ရပါတယ်။ Default အတိုင်းထားချင်မယ်ဆိုရင်တော့ ညာဘက် အစွန်ဆုံး button ကို ပြန်နှိပ် လိုက်ပါ။


အဲလို လိုက်ပြောင်းပြီး စမ်းကြည့်ရာကနေ ရလာမယ့် Result တွေကတော့ အောက်ဖော်ပြပါအတိုင်းပဲ ဖြစ်ပါတယ်။




ကျွန်တော့်အနေနဲ့ CCSM နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဒီလောက်နဲ့ အဆုံးသတ်ပြီး အကျယ်ထပ်လေ့လာချင်သူတွေ အတွက် နေရာကောင်းတွေ လမ်းညွှန်ပေးပါဦးမယ်။

COMPIZ SETTINGS MANAGER အသုံးပြုပုံအား အသေးစိတ် လေ့လာရန်

http://my.opera.com/ubuntunerd1/blog/how-to-use-compiz-settings-manager
http://forlong.blogage.de/entries/2007/8/29/How-to-set-up-Compiz-Fusion
http://www.compiz.org/
http://ubuntuguide.org/wiki/Ubuntu:Feisty#How_to_install_Compiz_Fusion_.28Universal.29
http://wiki.compiz.org/Plugins/Cube#A3d
http://forum.compiz.org/viewforum.php?f=114&sid=ff3d137c6aa37552b262d0c541e039c5
http://tnerd.com/2008/11/13/compiz-fusion-guide-a-complete-guide-to-install-compiz-fusion-in-ubuntu-post-1/
http://en.wikipedia.org/wiki/Compiz

အားလုံးပဲ CCSM နဲ့ ပတ်သတ်ပြီး အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ

KznT.