FREE Textbooks for Everyone


ခုခေတ် ခုကာလ အခြေအနေကြီးမှာ ကျောင်းသား တစ်ယောက်သာ ဖြစ်ရမယ်ဆိုရင် တကယ်ကို မလွယ်ပါဘူး။ ဘာကြောင့်လဲ ?? ပညာသင်စရိတ်တွေက တဖြည်းဖြည်းနဲ့ ကြီးမြင့်လာသလို - သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း ဘာသာရပ်အလိုက် Textbooks တွေရဲ့ ကုန်ကျစရိတ်ကလည်း တကယ်ကို အံ့မခန်း တရိပ်ရိပ်တက်လာလို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေမှာ တစ်ခုခုကို သိချင်ရင် လေ့လာချင်ရင် Ebooks တွေကို အားကိုးလာရတယ်။ ကိုယ်မသိတာရှိတိုင်း တစ်စုံတစ်ယောက်ကို အချိန်ပြည့် မေးမြန်းနေဖို့ဆိုတာလည်း တကယ်တော့ မဖြစ်နိုင်ပါဘူ။ တစ်ဖက်လူမအားလပ်တဲ့ အချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ် - ကိုယ်သိချင်တာကို သူသေသေချာချာ မဖြေနိုင်တာမျိုးတွေလည်း ရှိချင်ရှိမယ်။ အကောင်းဆုံးက ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး စာဖတ်တာ အကောင်းဆုံးပါပဲ။

 
အဲလို စာဖတ်နိုင်ဖို့ ဆိုရင် စာအုပ်တွေ လိုလာပြီ။ တတ်သိနားလည်သူ တစ်ယောက်အတွက် အင်တာနက်ထဲမှာ ကိုယ်လိုချင်တဲ့ စာအုပ်တစ်အုပ်ရှာဖွေရတာ ဘယ်လောက်မှ မကြာမြင့်ပေမယ့် တစ်ချို့ အင်တာနက်နဲ့ စိမ်းနေဦးမယ့် မြန်မာမိသားစုဝင်တွေ အတွက် ပညာရပ်ပိုင်းဆိုရာ စာပေဗဟုသုတတွေ ရှာမှီးနိုင်ဖို့ အလကားရယူနိုင်တဲ့ စာအုပ် Site တစ်ချို့ဆီ ကျွန်တော်လမ်းညွှန် ပေးချင်ပါတယ်။ အင်တာနက်ထဲမှာ Freedownload ရယူနိုင်တဲ့ စာအုပ် Site ပေါင်း မြောက်များစွာ ရှိပါတယ်။ ကျွန်တော်ညွှန်ပြတဲ့ Site တွေက အကောင်းဆုံး စာအုပ် Site လို့ ကျွန်တော် မဆိုလိုပါ။ လူသိနည်းနေသေးတဲ့ Site ကောင်းတစ်ချို့ကို မှတ်သားထားနိုင်စေဖို့ ကျွန်တော် မျှဝေခြင်းသာ ဖြစ်ပါတယ်။
ခုအောက်မှာ ဖော်ပြသွားမှာကတော့ Free textbooks တွေ ရယူနိုင်မယ့် နေရာကောင်းတွေပဲ ဖြစ်ပါတယ်။

၁။ အဖိုးတန် textbooks များ မည်သည့်နေရာတွင် အလကား ရရှိနိုင်ပါသနည်း။



BookBoon ဆိုတာ European universities တွေရဲ့ academics အတွက် ရည်ရွယ်ပြီး PDF textbooks တွေကို ရွေးချယ်စုဆောင်းထားတဲ့ website တစ်ခု ဖြစ်ပါတယ်။ သူ့ Site မှာ ဖော်ပြထားတဲ့ Marketing ကနေစပြီး Biology အပါအဝင် အရာအားလုံးဟာ 100% legal ဖြစ်ပြီး အဲ့စာအုပ်တွေကို သူ့ Site ရဲ့ facebook app ကနေလည်း တိုက်ရိုက် ဒေါင်းလုပ်ချနိုင်အောင် စီစဉ်ပေးထားပါတယ်။

၂။ Computer science နှင့် programming textbooks များ မည်သည့်နေရာတွင် အလကား ရရှိနိုင်ပါသနည်း။


FreeTechBooks ဆိုတာ computer science နဲ့ programming books တွေကို ပြည့်ပြည့်စုံစုံ ရှာဖွေနိုင်တဲ့ Site တစ်ခုဖြစ်သလို သူ့မှာ ရှိနေတဲ့ စာအုပ်အားလုံးကို freely & legally အနေနဲ့လည်း ရယူနိုင်ပါတယ်။ တစ်ခြား Site တွေကလို တရားမဝင်တဲ့ စာအုပ်မျိုး ၊ Links မျိုးတွေ မရှိသလို အမြဲတန်းလည်း topics တွေအလိုက် ပုံမှန် updated ဖြစ်နေပြီး download ချနိုင်တဲ့ books တွေကြောင့် မှတ်သားထားသင့်တဲ့ Site တစ်ခု ဆိုလည်း မမှားပါဘူး။

၃။ Medical textbooks များအား မည်သည့်နေရာတွင် အလကား ရရှိနိုင်ပါသနည်း။



လတ်တလော အနေနဲ့ medical texts ပေါင်း ၃၀၀ ကျော်မက လက်ရှိရှိနေတဲ့ Freebooks4Doctors ဟာ ပုံမှန် PDF ebooks တွေကိုသာမက Journals တွေ - တစ်ခြား free ပေးထားတဲ့ medical books တွေရှိရာ ဆီကိုပါ Links တွေ ချိတ်ဆက်ပေးထားတဲ့ အတွက်ကြောင့်မို့ medical books တွေ လိုအပ်နေသူတွေ အတွက်တော့ စာပေဟင်းလေးအိုးကြီး သဖွယ် ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ယုံကြည့်မိပါတယ်။

၄။ University textbooks များ မည်သည့်နေရာတွင် အလကား ရရှိနိုင်ပါသနည်း။



University for Free ဆိုတာကတော့ ကျောင်းသားတွေ ကိုယ်တိုင် တည်ဆောက်ထားတဲ့ Site တစ်ခု ဖြစ်ပြီး တက္ကသိုလ်နဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေကို ကျောင်းသားအချင်းချင်း မျှဝေနိုင်အောင် စီစဉ်ဖန်တီးထားတဲ့ Site ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ တက္ကသိုလ်အသီးသီးရဲ့ များပြားလှတဲ့ သင်ရိုးတွေအလိုက် မဖြစ်မနေ လိုအပ်မယ့် စာရွက်စာတမ်းတွေကို ဝေမျှနိုင်ဖို့ ရည်ရွယ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ သူ့မှာ ဖိုရမ် တစ်ခုလည်း ရှိပြီး အဲ့ဒီဖိုရမ်ကနေ တစ်ဆင့် ကျောင်းသား အချင်းချင်း ပညာရပ်ဆိုင်ရာ ဆွေးနွေးနီှးနှော ဖလှယ်မှုတွေ - ဘယ်နေရာမှာ နောက်ထပ် အသုံးဝင်မယ့် resources တွေ ရှိဦးမလဲ ဆိုတဲ့ မျှဝေမှုတွေကို ဝင်ရောက် ရယူနိုင်ပါတယ်။ 

၅။ Online တွင် free textbooks များ မည်သည့်နေရာတွင် ဖတ်ရှု့နိုင်ပါသနည်း။



Flat world ဆိုတာ educational ပိုင်းဆိုင်ရာအတွက် ရည်ရွယ်ထားတဲ့ Site တစ်ခု ဖြစ်ပြီး ကျောင်းသားတွေကို သူတို့ လေ့လာချင်ရာ အကြောင်းအရာအလိုက် စာအုပ်စာတန်းတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တဲ့ Site တစ်ခု ဖြစ်ပါတယ်။ စာအုပ်အားလုံးကိုလည်း online မှာဖတ်ရှုဖို့ free ပေးထားပြီး ၊ တကယ်လို့ ကိုယ်ပိုင် စာအုပ်အနေနဲ့ ရယူချင်သူများ အတွက်လည်း သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ အားလုံးထဲမှာ အဆင်အပြေဆုံး ဖြစ်အောင် စီစဉ်ပေးထားတဲ့ အချက် တစ်ချက်ကတော့ ကျောင်းသား တစ်ယောက်ယောက်ဟာ စာအုပ်တစ်အုပ်လုံးကို မဝယ်ယူချင်ဘူး ဆိုရင်တောင် သူလိုအပ်တဲ့ chapters တစ်ခုချင်းစီ အလိုက် ပိုင်းခြား ဝယ်ယူနိုင်ခြင်းပါပဲ။ ( Online မှာပဲ ဖတ်မယ် ဆိုရင်တော့ အားလုံး တစ်အုပ်လုံးကို Free ဖတ်နိုင်ပါတယ်။ )

၆။ ပြင်ဆင်တည်းဖြတ်လို့ ရသည့် Textbooks များ မည်သည့်နေရာတွင် အလကားရရှိနိုင်ပါသနည်း။


Wikibooks ဆိုတာ Wikimedia community ကနေ ဖန်တီးထားပြီး မည်သူမဆို ပြင်ဆင်တည်းဖြတ်နိုင်အောင် ဖန်တီးပေးထားတဲ့ ပညာရပ်ဆိုင်ရာ free library တစ်ခုပဲ ဖြစ်ပါတယ်။ ငွေကြေးတန်ဖိုး မြင့်မားတဲ့ စာအုပ်တွေထက်စာရင် Wikibooks တွေဟာ အလွယ်တကူ copy လုပ်နိုင် ၊ ပြင်ဆင်နိုင် ၊ တစ်ခြားသူတွေအတွက်ပါ အလကားဖြန့်ဝေနိုင်တာမို့ သဘောကျစရာ ကောင်းလှပါတယ်။

၇။ Highschool Textbooks များ မည်သည့်နေရာတွင် အလကားရရှိနိုင်ပါသနည်း။



FHSST or Free High School Science Texts ဆိုတာ နိုင်ငံခြား တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ Grades 10 ကနေ 12 ကလေးငယ်များအတွက် သိပ္ပံနဲ့ သချာင်္ဆိုင်ရာ textbooks တွေကို free ရယူနိုင်ပါတယ်။ နိုင်ငံခြား တက္ကလိုလ်လို့ ဆိုပေမယ့် တကယ်တမ်း လေ့လာမယ်ဆိုရင် ကိုယ့်သားသမီးလေးတွေအတွက် အဆင့်မြင့် ပညာတွေ လေ့လာနိုင်စေဖို့ ညွှန်ပြနိုင်တဲ့ Site တစ်ခုဆိုလည်း မမှားပါဘူး။ အထူးသဖြင့် ရည်ရွယ်ချက်ကတော့ တောင်အာဖရိက နိုင်ငံမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေရဲ့ သင်ရိုးအတွက် အဓိက ဦးတည်ချက် ထားတာ ဖြစ်ပြီး - နိုင်ငံတကာက ကျောင်းသားလူငယ်တွေ အတွက်လည်း အသုံးတည့်တဲ့ website တစ်ခုလည်း ဖြစ်ပါတယ်။

၈။ ကဏ္ဍစုံလင်သည့် စာအုပ်ပေါင်းစုံအား မည်သည့်နေရာတွင် တစ်နေရာတည်း ဖတ်ရှု့လေ့လာ နိုင်ပါသနည်း။



Scribd သူကတော့ ကျွန်တော် အမြဲ ဖတ်ဖြစ်နေကျ Site တစ်ခုပါပဲ။ စာအုပ်ပေါင်းစုံကို တစ်နေရာတည်းမှာ ရသစုံစုံလင်လင်နဲ့ ဖတ်ရှု့နိုင်သလို uploader ရဲ့ ခွင့်ပြုချက်ပေါ် မူတည်ပြီး စာအုပ်တော်တော်များများကိုလည်း free download ရယူနိုင်ပါသေးတယ်။ အရင်တုန်းကဆိုရင်တော့ Download ရယူဖို့ အတွက်ဆိုရင် Account တစ်ခု အသင့်ရှိနေဖို့ လိုအပ်ပြီး ခုချိန်မှာတော့ Facebook account ရှိသူတိုင်းအတွက် နောက် Account တစ်ခု create လုပ်စရာ မလိုပဲ အသင့်သုံး အနေအထားနဲ့ အသုံးပြုနေနိုင်ပါပြီ။

မြန်မာမိသားစုဝင်များ စာပေဗဟုသုတ ဆထက်တန်ပိုး တိုးတက်နိုင်ကြပါစေ။

KznT.

Chrome and Opera Speed Test

Chrome Speed Tests


ဟိုတစ်လောက Google ကနေပြီး သူ့ရဲ့ Product တစ်ခု ဖြစ်တဲ့ Google Chrome ကို Speed ဘယ်လောက်ထိ မြန်ဆန်လဲ ဆိုတာ ပြသနိုင်ဖို့ Test တစ်ခု ဖန်တီး ပြခဲ့ပါတယ်။ ကြည့်ဖူးတဲ့ သူတွေလည်း ကြည့်ဖူးကြမှာပါ။ သူကစမ်းသပ်နည်း ( ၃ ) မျိုးနဲ့ Google Chrome ဘယ်လောက်ထိ မြန်ကြောင်း စမ်းသပ်ပြခဲ့ပါတယ်။ သူစမ်းသပ်ပြတဲ့ထဲမှာ ပထမဆုံးနည်းက - ( ၁ ) Chrome browser နဲ့ Potato နဲ့ ဘယ်သူ ပိုမြန်လဲ ဆိုတာ စမ်းသပ်ပြတယ်။ ( ၂ ) နောက်တစ်မျိုးအနေနဲ့ Chrome browser နဲ့ Sound wave ဘယ်သူက ပိုမြန်လဲ ဆိုတာ စမ်းသပ်ပြတယ် - နောက်ဆုံး တစ်မျိုးကတော့ ( ၃ ) Chrome browser နဲ့ Lightning ဘယ်သူ ပိုမြန်လဲ ဆိုတာ စမ်းသပ်ပြတယ် - နဲနဲ ပိုပိုသာသာလေး လုပ်ထားတာလည်း ပါတာပေါ့လေ - ဒါပေမယ့် သူတို့တွေရဲ့ အသေးစိတ်ပြင်ဆင်နိုင်မှုကိုတော့ ကျွန်တော်ချီးကျူးပါတယ်။ သူတို့ ဘယ်လို လုပ်ဆောင်ပြတယ်ဆိုတာ အသေးစိတ်ကြည့်ချင်ရင် ဒီအောက်မှာ ကြည့်ကြည့်ပါ။



Opera Speed Tests

အဲ့နောက်မှာတော့ ဒီနေ့ အင်တာနက်ထဲ စာလိုက်ဖတ်ရင်းနဲ့ Opera အတွက် Speed Test လေး လုပ်ပြထားတာကို ကျွန်တော် ကြည့်ခဲ့ရတယ်။ သူက Chrome ရဲ့ Speed Tests လုပ်တာကို တုပြီး လိုက်လုပ်ထားတာလေးပါ။ တော်တော်လေး သဘောကျမိလို့ မိသားစုဝင်တွေ ကြည့်ရအောင် မျှဝေလိုက်ပါတယ်။ ဘာတွေ သဘောကျဖို့ ကောင်းတယ် ဆိုတာကတော့ အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ Google Chrome ရဲ့ Speed Test ကို ကြည့်ပြီးတဲ့ အချိန်မှာ ဒီအောက်က Opera ရဲ့ Speed Test ကို ကြည့်ရင် သဘောပေါက်ပါလိမ့်မယ်။



အားလုံးပဲ ပျော်ရွှင်စရာနေ့တစ်နေ့ ဖြစ်ပါစေ။

KznT.

Best Bookmark Management Tools



တော်တော်များများ သိပြီးသား အကြောင်းအရာတစ်ခုကိုပဲ ကျွန်တော်ဒီနေ့ အကျယ်ချဲ့ကြည့်ချင်ပါတယ်။ ကျွန်တော်တို့ တွေ တစ်နေ့နဲ့ တစ်နေ့ အင်တာနက်ထဲမှာ လှည့်ပတ်နေကြတယ်။ စာဖတ်တာရှိတယ်။ အခြွေကည့်တာ ရှိတယ်။ တစ်ခါတစ်လေ အွန်လိုင်း ဂိမ်းဆော့တာ ရှိတယ်။ တစ်ခါတစ်လေ သတင်းနားထောင်တာ ရှိတယ်။ ရံဖန်ရံခါ အဖြူရောင် သံစဉ်တို့လို့ ဘာတို့လို site တွေကနေ သီချင်းနားထောင်တာမျိုးတွေလည်း ရှိတတ်သေးတယ်။ ဆိုရရင် အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပြူတာ တစ်လုံးအတွက် ကွန်ပြူတာရှေ့မှာ ထိုင်လိုက်ပြီ ဆိုတာနဲ့ လည်ပတ် သွားလာစရာ နေရာဆိုတာ တော်တော်များများကို ရှိပါတယ်။ အဲလိုမျိုး လှည့်ပတ်သွားလာရင်းနဲ့ တစ်ချို့ ဆိုဒ်မျိုးတွေကို ကိုယ် သဘောကျမိတာ ရှိတယ်။ အကြောင်းအရာလေးတွေလည်း စုံတယ်။ ကိုယ် စိတ်ဝင်စားတာလေးတွေလည်း တော်တော်များတယ်။ ဒီလို အကြောင်းအရာ ဗဟုသုတစုံအောင် ဖော်ပြနိုင်တဲ့ ဆိုဒ်မျိုးရှားတယ် ဆိုတာလည်း ကိုယ့်စိတ်ထဲက သိနေပြီ။ ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဟုတ်ကဲ့ ဒီ website ရဲ့ လိပ်စာ တစ်နည်းအားဖြင့် URL ကို မှတ်ထားဖို့ လိုပါတယ်။ ဘယ်လို မှတ်ကြမလဲ -  ?? ကျွန်တော်လုပ်ဆောင်ခဲ့ဖူးတဲ့ URL မှတ်နည်းတွေကို ပြောပြပေးပါ့မယ်။ ကျွန်တော် သဘောကျတဲ့ ဆိုဒ်တွေ တွေ့ပြီ ဆိုရင် -


  • အခြေခံအဆင့် - ကျွန်တော့် မှတ်စု စာအုပ်ထဲမှာ ရေးပြီး မှတ်ထားတယ်။
  • လေ့လာခါစအဆင့် - နောက်ပိုင်း ကွန်ပြူတာ ကိုယ်ပိုင်ရှိလာတော့ မှတ်စုစာအုပ်ထဲမှာ မမှတ်ဖြစ်တော့ပဲ ကွန်ပြူတာ ထဲက notepad, word file, microsoft onenote ... စတာမျိုးတွေ အသုံးပြုပြီး မှတ်ပါတယ်။
  • နားလည်သောအဆင့် - အဲ့နောက်တော့ ကွန်ပြူတာ ထဲက notepad, word file, microsoft onenote ... ဆိုတာမျိုးတွေထဲ မမှတ်ဖြစ်တော့ပဲ Browsers တွေမှာပါတဲ့ Bookmarks ကနေ မှတ်ပါတယ်။
  • အသုံးချတတ်သောအဆင့် - ခုနောက်ပိုင်းမှာတော့ Browsers တွေမှာပါတဲ့ Bookmarks ကနေလည်း မမှတ်ဖြစ်တော့ပါဘူး။ ခုကျွန်တော် အသုံးပြုဖြစ်တဲ့ bookmarking စနစ်ကတော့ web-based bookmarking စနစ်ပဲ ဖြစ်ပါတယ်။

တစ်ချက်ချင်း စီရဲ့ အားသားချက် အားနည်းချက်တွေ ရှိပေမယ့် ကျွန်တော် အသေးစိတ် မဖော်ပြတော့ပါဘူး။ တစ်ချက်ချင်းစီမှာ အားသာချက်ရှိတာ မှန်ပေမယ့် နောက် တစ်ချက်ရှိရာဆီ ကျွန်တော်ဘာကြောင့် ကူးပြောင်းခဲ့သလဲ - ?? နောက်ဆုံးအဆင့်က ရှေ့ဆုံး အဆင့်ထက် အားသာချက် ပိုများလို့ပဲ ဖြစ်ပါတယ်။ ဆိုရရင် ပထမအဆင့်ဖြစ်တဲ့ - ကျွန်တော့် မှတ်စု စာအုပ်ထဲမှာ ရေးပြီး မှတ်ထားတယ် - ဆိုတာထက် စတုတ္ထအဆင့်ဖြစ်တဲ့ - ခုနောက်ပိုင်းမှာတော့ Browsers တွေမှာပါတဲ့ Bookmarks ကနေလည်း မမှတ်ဖြစ်တော့ပါဘူး။ ခုကျွန်တော် အသုံးပြုဖြစ်တဲ့ bookmarking စနစ်ကတော့ web-based bookmarking စနစ်ပဲ ဖြစ်ပါတယ်။ ဆိုတဲ့ အဆင့်က အားသာချက် ပိုများလို့ပါပဲ။

ကျွန်တော်နဲ့ ရင်းနှီးကြတဲ့ မြန်မာနိုင်ငံက ကျွန်တော့် သူငယ်ချင်း တော်တော်များများ - ဆွေမျိုးသားချင်းက အစ web-based bookmarking စနစ်နဲ့ မရင်းနှီးကြပါဘူး။ သူတို့မှာကိုယ်ပိုင် ကွန်ပြူတာ ဆိုတာလည်း များသောအားဖြင့် မရှိကြသလို - အင်တာနက် ဆိုတာလည်း သူတို့ လက်တစ်ကမ်းမှာ မရှိကြပါဘူး။ အင်တာနက်ကို အသုံးမပြုသူ ၊ Online နဲ့ Computer ဆက်စပ် လုပ်ကိုင်နေသူ တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် web-based bookmarking စနစ်အကြောင်း သိထားဖို့ ဒီလောက် အရေးမကြီးပေမယ့် Online နဲ့ Computer ဆက်စပ် လုပ်ကိုင်နေသူ တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်တော့ web-based bookmarking စနစ်နဲ့ အသုံးချပုံက သိကို သိထားသင့်ပါတယ်။

အတော်များများက URL ကို ဘာနဲ့ မှတ်မလဲ လို့ မေးလိုက်ရင် Browsers တွေမှာပါတဲ့ Bookmarks ကနေမှတ် ဒီလိုပဲ အလွယ်ပြောကြပါတယ်။ Browsers တွေမှာပါတဲ့ Bookmarks က အသုံးပြုရ လွယ်ကူတာ မှန်ပေမယ်လို့ တကယ်တမ်း Windows တစ်ခု အတင်အချ ၊ Browsers အဖြုတ်အတပ်တွေမှာ Bookmarks တွေကို Export လုပ်ထားဖို့ သတိမေ့လျော့ခဲ့မယ် ဆိုရင် ကိုယ်မှတ်ထားသမျှ Bookmarks အားလုံး ဆုံးရံှုးနိုင်ပါတယ်။ မတော်လို့ ကိုယ့် ကွန်ပြူတာ Virus ကိုယ်ခံရပြီ ဆိုရင်လည်း ထိုနည်းလည်းကောင်း မှတ်ထားသမျှ ဆုံးရံှုးနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဆုံးရံှုးခဲ့ဖူးပါတယ်။ ဒါတင်မက ကိုယ့် ကွန်ပြူတာ မဟုတ်တဲ့ အခြားနေရာ တစ်ခုက ကွန်ပြူတာ ( ဥပမာ - အလုပ်မှ ကွန်ပြူတာ ) ကို အသုံးပြုတဲ့ အချိန်မှာလည်း ကိုယ့် Bookmarks တွေကို access လုပ်ဖို့ ခက်ခဲပါတယ်။

Web-based bookmarking စနစ် > သူကတော့ ကိုယ့်မှတ်သားချက် အားလုံးကို ကိုယ့် ကွန်ပြူတာ ထဲမှာ သိမ်းဆည်းထားမှာမျိုး မဟုတ်ပါဘူး။ သူက ကိုယ့်နှစ်သက်ရာ websites ၊ ကိုယ် သဘောကျရာ web စာမျက်နှာတွေရဲ့ လိပ်စာတွေကို အင်တာနက်ထဲမှာပဲ သိမ်ဆည်းပေးထားမှာ ဖြစ်ပါတယ်။ အားသာချက် အနေနဲ့ ကတော့ Windows တစ်ခု အတင်အချ ၊ Browsers အဖြုတ်အတပ်တွေမှာ Bookmarks တွေကို Export လုပ်ထားဖို့ သတိမေ့လျော့ရာကနေ Bookmarks အားလုံး ဆုံးရံှုးရခြင်း ဆိုတာကနေ လွတ်ကင်းမယ်။ ကိုယ့် ကွန်ပြူတာ Virus ကိုယ်ခံရလို့ ကိုယ်မှတ်ထားသမျှ Bookmarks လေးတွေ အကုန်ပါသွားတယ် ဆိုတာမျိုးကနေ လည်း လွတ်ကင်းမယ်။ မှတ်သား သိမ်းဆည်းရ လွယ်ကူမယ်။ လုံခြုံမှု ရှိမယ်။ ကိုယ် သဘောကျတဲ့ မှတ်သားထားချက်တွေကို အခြားတစ်ယောက်ယောက်ကို ဝေမျှချင်မယ် ဆိုရင်လည်း အလွယ်တကူ ဝေမျှ နိုင်မယ်။ ကိုယ့် ကွန်ပြူတာ မဟုတ်တဲ့ အခြား ကွန်ပြူတာ တစ်ခုကနေ အင်တာနက်ကို အသုံးပြုတဲ့ အချိန်မှာ မိမိရဲ့ Bookmarks အားလုံးကို အင်တာနက်ကနေ တစ်ဆင့်ပဲ အလွယ်တကူ access လုပ်နိုင်မယ်။ Browsers မတူတော့လို့ ကိုယ့် Bookmarks ပါမလာတော့တာမျိုးတွေ - Website လိပ်စာ မှတ်မိဖို့ မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ပြီး ဘယ်အင်တာနက်ဆိုင် သွားသွား ဆောင်ထားရ တာမျိုးတွေ မလိုအပ်တော့ဘူး။ ဒါဟာ Web-based bookmarking စနစ်ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အင်တာနက်ထဲမှာ Web-based bookmarking စနစ်ကို အခြေခံထားပြီး မိှုလိုပေါက်အောင် များပြားလှတဲ့ Bookmark Management Tools တွေ အများအပြားရှိပါတယ်။ အဲ့တာတွေ အားလုံးထဲကမှ အသုံးပြုရ လွယ်ကူပြီး လက်ရှိအခြေအနေနမှာ လူသုံးလည်း တော်တော်များတဲ့ Bookmark Management Tools ( ၄ ) မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သြော် ကျွန်တော် တစ်ခု ပြောဖို့ မေ့သွားလို့ - သူတို့ အားလုံး Free ဖြစ်ပါတယ်။

Weave



Mozilla Weave ဆိုတာ Firefox ရဲ့ add-on တစ်ခု ဖြစ်ပြီး users တွေ အင်တာနက်ပေါ်မှာရှိတဲ့ web စာမျက်နှာတွေကို မှတ်သားတဲ့ အချိန်မှာ အသုံးပြုရ လွယ်ကူစေဖို့ ဦးတည်ချက်ထားပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှု ကတော့ Firefox မှာ ကိုယ်သုံးနေတဲ့ bookmarks, bookmark toolbar, smart location bar, tabs, browsing history, တွေနဲ့ passwords တွေအားလုံးကို Weave ကနေတစ်ဆင့် Mozilla servers နဲ့ ချိတ်ဆက်ပြီး synchronize လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ခုလိုလုပ်ဆောင်ထားခြင်း အားဖြင့် ကိုယ့်ကွန်ပြူတာ တစ်ခုခု ချွတ်ယွင်းခဲ့တာမျိုး ဖြစ်စေ ၊ ကိုယ့် ကွန်ပြူတာက ကိုယ့် အနီးအနားမှာ ရှိမနေခဲ့တာပဲ ဖြစ်စေ Mozilla servers ကနေ တစ်ဆင့် ကိုယ့် Bookmarks တွေကို အချိန်မရွေး ပြန်လည် ရယူနိုင်ပါတယ်။

Xmarks



လူသိများတဲ့ သူ့ နာမည်တစ်ခုကတော့ Foxmarks ဖြစ်ပြီး သူလည်း Web-based bookmarking စနစ်ကို အခြေခံထားတဲ့ Bookmark Management Tool တစ်ခုပဲ ဖြစ်ပါတယ်။ သူရဲ့ လုပ်ဆောင်ချက်ကတော့ အပေါ်က Weave မှာ ဖော်ပြခဲ့သလိုလုပ် ဆောင်တာမျိုးပါပဲ။ ဒါပေမယ့် browser အမျိုးအစားပေါ် မူတည်ပြီးကွာခြားသွားတဲ့ လုပ်ဆောင်ချက်လေးတွေ ရှိပါတယ်။ ဘာတွေ ကွာခြားသွားလဲ ဆိုတာ အသေးစိတ် သိချင်မယ် ဆိုရင် ဒီနေရာကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Diigo



သူလည်း Web-based bookmarking စနစ်ကို အခြေခံထားတဲ့ Bookmark Management Tool တစ်ခုပါပဲ။ ဒါပေမယ့် Diigo ရဲ့ တစ်ခြား bookmarking tools တွေနဲ့ မတူတဲ့ ထူးခြားချက် တစ်ခုကတော့ သူက website တစ်ခုရဲ့ URL တစ်ခုတည်းကိုပဲ သိမ်းဆည်းပေးထားတာမျိုး မဟုတ်ပါဘူး။ ကိုယ်သိမ်းဆည်းထားတဲ့ Website ရဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာ အချက်အလက် တစ်ချို့ကိုပါ အတိုချုံး ဖော်ပြပေးပါတယ်။ Diigo မှာ toolbar ရှိပြီး တကယ်လို့ toolbar ကို အသုံးမပြုချင်သူ Firefox နဲ့ Internet Explorer users တွေအတွက် bookmarklet ကိုလည်း စီစဉ်ပေးထားပါတယ်။

Delicious



ကျွန်တော် Delicious ကို အချိန်တော်တော်ကြာကြာ သုံးဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ခုနောက်ပိုင်းတော့ ကျွန်တော်ကိုယ်တိုင်က Google user တစ်ယောက် ဖြစ်နေတာမို့လို့ Delicious ထက် Google bookmarks ကိုပဲ ပြောင်းသုံးဖြစ်ခဲ့ပါတယ်။ သူက Social bookmarking service မို့လို့ ကိုယ့်ရဲ့ Delicious မှာ ရှိနေတဲ့ bookmarks တွေကို အခြားသူတွေအတွက် ဝေမျှ ထားလို့ ရသလို အခြားသူတွေ ဝေမျှထားတဲ့ကောင်းနိုးရာရာ bookmarks တွေကို ရယူနိုင်ပါသေးတယ်။ ကိုယ် မှတ်သားချင်တဲ့ web စာမျက်နှာတွေကို tags နဲက အတူ ခွဲခြား မှတ်သားထားနိုင်ပြီး အခြားသူတွေဝေမျှထားတဲ့ bookmarks တွေကိုလည်း tags ကနေမှ တဆင့် အလွယ်တကူ ရှာဖွေနိုင်ပါသေးတယ်။

Google Bookmarks

သူကတော့ ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိသုံးနေတဲ့ Bookmark Management Tool ပါ။ ကျွန်တော် သုံးတဲ့ applications တော်တော်များများက Google နဲ့ ပတ်သတ်နေတာ မို့လို့ Google bookmarks ကို သုံးဖြစ်တာလည်း ပါပါတယ်။ Google bookmarks ကို အသုံးပြုဖို့ အတွက်ဆိုရင်တော့ ပုံမှန်အားဖြင့် Google Toolbar ကို ဒီနေရာကနေ သွားရောက်ပြီး Install လုပ်ဆောင်ထားဖို့ လိုပါတယ်။ Toolbar လို့ ဆိုလိုက်ရင် ကျွန်တော်ကိုယ်တိုင်လည်း Install လုပ်ဆောင်ဖို့ တော်တော်ရွံ့ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Toolbar တိုင်းက အမှန်တကယ် ဒီလောက်ထိ အသုံးဝင်တာမျိုးလည်း မဟုတ်ပဲနဲ့ ကိုယ့်ရဲ့ Browser မြင်ကွင်းကို နေရာ အရမ်းယူလို့ပါ။ ဒါပေမယ့် Toolbar တွေ အားလုံးရဲ့ ကြားမှာမှ မိသားစုဝင်တွေဟာ Google users တွေ ဖြစ်မယ် ဆိုရင် Google toolbar က သုံးသင့်တဲ့ toolbar တစ်ခု အဖြစ် ကျွန်တော် အကြံပြုလိုပါတယ်။ သူ့ Toolbar မှာ ဆိုရင် Google နဲ့ သက်ဆိုင်တဲ့ Applications တွေသာ မကပဲ တစ်ခြား Sharing နဲ့ ဆိုင်တဲ့ applications တွေ၊ နောက် Sidewiki, Translate, Google Bookmarks နဲ့ တစ်ခြား အသုံးဝင်တ့ဲ shortcuts များစွာ ထည့်သွင်းထားပါတယ်။ ကျွန်တော့် စက်က Google toolbar ကို နမူနာ အနေနဲ့ ဖော်ပြလိုက်ပါတယ်။




တကယ်လို့ Toolbar ကို လုံးဝ အသုံးမပြုချင်ဘူး ဆိုခဲ့ရင်လည်း Google bookmarks တစ်ခုတည်းကိုပဲ သုံးလို့ ရအောင် Google Bookmarks bookmarklet ဆိုတာ ရှိပါသေးတယ်။ ဒီနေရာကနေ သွားရောက် ရယူပါ။ ဒီအောက်မှာ ဖော်ပြထားတာကတော့ နေ့စဉ် ကျွန်တော်ဖတ်နေကျ မြန်မာ့သတင်းဖော်ပြချက် Site တစ်ချို့ကို Web-based bookmarking စနစ်ပေါ် အခြေခံပြီး အင်တာနက်ထဲပေါ်မှာ သိမ်းဆည်းပေးထားတဲ့ Google Bookmarks မှာ သိမ်းဆည်းထားပုံပါ။ ဘယ်ကွန်ပြူတာကိုပဲ ပြောင်းပြောင်း ၊ ဘယ်နေရာကိုပဲ ရောက်ရောက် - အင်တာနက် ရှိနေသ၍ ကိုယ့်ရဲ့ Bookmarks အားလုံး ကိုယ်နဲ့ အတူ ရှိနေမှာ ဖြစ်ပါတယ်။




အားလုံးပဲ အဆင်ပြေကြပါစေ။

KznT.

Browsers and their Start pages

Firefox ဖြစ်စေ - Google chrome ဖြစ်စေ - Internet explorer ဖြစ်စေ - ဘယ် Browser ကိုဖြစ်ဖြစ် စတင်ဖွင့်လှစ် လိုက်ချိန်မှာ ပထမဆုံး ကျွန်တော်တို့ စတင်မြင်တွေ့ရမှာ - Browser ရဲ့ Start page ပဲ ဖြစ်ပါတယ်။ အဲလိုပဲ New tab ကို ဖွင့်တဲ့အချိန် မှာလည်း အမြဲတမ်း ကျွန်တော်တို့ မြင်တွေ့နေရမှာ Browser ရဲ့ Start page ပဲဖြစ်ပါတယ်။


Start page တစ်ခုရဲ့ အရေးပါမှုကို လူအတော်များများ သတိမထားမိကြပေမယ့် - ကွန်ပြူတာနဲ့ နေ့တိုင်း ထိတွေ့ပြီး အင်တာနက်မှာ သွားလာလုပ်ကိုင် နေကြမယ့် သူတွေအတွက် Start page တစ်ခုကို ကိုယ့်အတွက် အသုံးဝင်လာအောင် ဘယ်လို စီမံခန့်ခွဲမလဲ - ဘယ်လို Start page မျိုးကို သုံးမလဲ ဆိုတာ - စာဖတ်သူအတွက် အသုံးပြုသင့်မယ့် Start Page တစ်ချို့နဲ့ မိတ်ဆက်ပေးပါရစေ။

Browser တစ်ခု ( ဥပမာ - Firefox ဆိုကြပါစို့ ) ကို ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ အသက်သွင်းပြီးတဲ့ အချိန်မှာ users အတော်များများ က တင်ပြီးတဲ့အတိုင်း ပါလာတဲ့ Mozilla search ကိုပဲ start page အဖြစ်နဂိုအတိုင်း ထားရှိတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော် သတိထားခဲ့မိသလောက် ၁၀၀ မှာ ၁၀ ယောက် အဲ့ဒီ့ Mozilla search ကို အသုံးပြုတာ မတွေ့ရပါဘူး။ သူတို့ ဘာလုပ်ကြပါသလဲ ?? Firefox ကိုဖွင့်တယ်။ Start page မှာတွေ့နေရတဲ့ Mozilla search ကို ကျော်ပြီး Address bar မှာ google ဆိုပြီးရိုက်တယ်။ Ctrl+enter လုပ်တယ်။ ဒါက Google user တိုင်း နေ့တိုင်းလုပ်နေကျ။ တစ်ချို့လည်း ထိုနည်း လည်းကောင်း - ကျွန်တော်ရည်ရွယ်ချင်တာ နေ့တိုင်းသုံးနေကျ Search engine တစ်ခု ( ဥပမာ - Google ) သို့တည်းမဟုတ် နေ့တိုင်းလည်ပတ် နေကျ Sites တွေကို Start page မှာ ဘာကြောင့် အရံသင့် အသုံးမပြုကြပါသလဲ။

နေ့တိုင်းလည်ပတ် နေကျ Sites တွေ ၊ နေ့တိုင်း အသုံးပြုနေကျ Search engine တွေကို Start page မှာထားရှိထားခြင်း အားဖြင့် ဘာအကျိုးကျေးဇူးရှိသလဲ ??
ဟုတ်ကဲ့ - အလွယ်ကူဆုံး ဖြေရရင် - Address bar မှာ Cursor ချပြီး နေ့တိုင်း ရိုက်နေကျ စာလုံးတွေ ထပ်ခါတစ်လဲလဲ ရိုက်နေဖို့ မလိုတော့ဘူး ၊ နေ့တိုင်း ကိုယ်သွားရောက်လည်ပတ်နေကျ Sites တွေ က ဘာတွေလဲ - သူတို့တွေ နာမည်က ဘာများပါလိမ့်ဆိုတဲ့ အတွေးမျိုးတွေ Cursor ချပြီး တွေဝေနေဖို့ မလိုတော့ဘူး ၊ ကိုယ့်အတွက် အသိပညာ - ဗဟုသုတ - သတင်း အချက်အလက် မျှဝေပေးနေတဲ့ Sites တွေရှိရာဆီ မပျက်မကွက် လည်ပတ်စေဖို့ သတိမမေ့စေတော့ဘူး ၊ လိုအပ်ချိန်တိုင်း မှာလည်း Click တစ်ချက် ပေးယုံနဲ့ သူ့တို့တွေဆီ သွားရောက်နိုင်မယ် - စသဖြင့် ဖြစ်ပါတယ်။

တကယ်လို့ စာဖတ်သူရဲ့ Browsers မှာ ကျွန်တော်ဖော်ပြခဲ့သလို Start page ကို စီမံ ခန့်ခွဲဖို့ မပြင်ဆင်ရသေးဘဲ ရှိခဲ့မယ် ဆိုရင် ကျွန်တော် ခုအောက်မှာ ဖော်ပြမယ့် Start pages တစ်ချို့ကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

about:blank




Browsers တွေမှာ about:---- နဲ့စပြီး နောက်မှာ စာလုံးတစ်ချို့လိုက်တာနဲ့ about: နောက်မှာ လိုက်တဲ့ စာလုံးရဲ့ အချက် အလက်ကို လိုက်ပြီး information အမျိုးမျိုးကို ဖော်ပြတတ်ကြပါတယ်။ ( about: နောက်မှာ ဘယ်စာလုံးတွေ လိုက်ရင် ဘာတွေ ဖော်ပြမယ် ဆိုတာတော့ ဒီနေရာကနေ တစ်ဆင့် သွားရောက်လေ့လာနိုင်ပါတယ်။ ) about: နောက်မှာလိုက်တဲ့ universal code တွေထဲကမှ about:blank ဆိုတာ "Blank HTML document" တစ်ခုကို အစဉ်အမြဲ ဖော်ပြပေးတဲ့ code တစ်မျိုးပဲ ဖြစ်ပါတယ်။ မိမိအလိုရှိရာ web စာမျက်နှာကို အလျင်အမြန် access လုပ်နိုင်ဖို့ ဆိုတာကလည်း Start page တစ်ခုက မိမိအလိုမရှိတဲ့ web pages တစ်ခု ဖြစ်နေတာထက် Blank Page တစ်ခုဖြစ်နေတာ ပိုပြီး သင့်တော်တယ်မဟုတ်ပါလား။ တကယ်လို့ စာဖတ်သူဟာ start page မြင်ကွင်းကို တစ်ခြား web စာမျက်နှာတွေ မြင်နေရတာထက် ရှင်းလင်းတဲ့ blank မြင်ကွင်းကို သဘောကျမယ် ဆိုရင်တော့ Firefox မှာ ဆိုရင် အောက်မှာ ဖော်ပြထားသလို Tools > Options ကနေ ပြင်ဆင်ထားနိုင်ပါတယ်။


Fav4.org



Fav4 ကိုတော့ ကျွန်တော် တော်တော်လေး သဘောကျပါတယ်။ သူ့ အပြင်အဆင်လေးက ရိုးရှင်းတယ်။ ကျွန်တော် လိုချင်တဲ့ ၊ သွားနေကျ နေရာတွေကို သူဖော်ပြထားတဲ့ icons လေးတွေကနေ click တစ်ချက်ပေးယုံနဲ့ အဆင်သင့် ရောက်နိုင်တယ်။ ပုံမှာ ဆိုရင် ကျွန်တော်တို့ နေ့တိုင်း သုံးနေကျ Facebook, Flickr, Gmail, Twitter အားလုံးကို အဆင်သင့်ရောက်နိုင်အောင် သူပြင်ဆင်ပေးထားတာကို တွေ့နိုင်ပါတယ်။ တကယ်လို့ ကိုယ်က သူပေးထားတာတွေ သဘောမကျဘူး ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း icons တစ်ခု ချင်းစီရဲ့ အောက်မှာ ဖော်ပြထားတဲ့ Customize ကနေ ပြင်ဆင်ယူလို့ ရသလို -


အပေါ်မှာ ဖော်ပြထားတဲ့ အတိုင်း ညာဘက် အောက်ထောင့်မှာ ရှိနေတဲ့ site settings ကနေ တစ်ဆင့် click ပေးလိုက်မယ် ဆိုရင်လည်း အောက်မှာ ဖော်ပြထားသလို စာမျက်နှာ တစ်ခု ပေါ်လာပြီး မိမိနှစ်သက်ရာ သွားရောက်လည်ပတ်နေကျ အသုံးပြုနေကျ Sites တွေရဲ့ icons တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါသေးတယ်။



ဒါကတော့ ကျွန်တော် နမူနာ ပြင်ဆင်ထားတဲ့ start page ပါ။




သူ့မှာ ကန့်သတ်ချက်တော့ ရှိပါတယ်။ အဲတာက မိမိနှစ်သက်ရာ sites  ( 4 ) ခုကိုပဲ ရွေးချယ်ဖို့ ခွင့်ပြုတာပါ။ တကယ်လို့ စာဖတ်သူဟာ Sites ( 4 ) ခုထက်မက သွားလာလေ့ ရှိသူ - Websites အဝင်အထွက်များတဲ့သူ ဖြစ်ခဲ့မယ် ဆိုရင်တော့ start page မှာ ဒီ့ထက် icons ပိုများများ ထားရှိနိုင်မှ ကောင်းပါလိမ့်မယ်။ fav4.org ရဲ့ အားနည်းချက်ကတော့ အဲတာပါပဲ။ ကျွန်တော် ဒီ sites  ( 4 ) ခုပဲ ခွင့်ပြုတာနဲ့ ပတ်သတ်ပြီး ပိုပြီး ဖြည့်သွင်းနိုင်ဖို့ suggest လုပ်ခဲ့ပါသေးတယ်။ ခုချိန်ထိတော့ ထူးခြား မလာခဲ့သေးပါဘူး။

iGoogle / Google




Google နဲ့ iGoogle ကလည်း start page အတွက် ထားရှိမယ် ဆိုရင် မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ ဥပမာ အနေနဲ့ ဆိုရရင် Google ကို start page အနေနဲ့ ထားတဲ့ အခါ အင်တာနက်ထဲမှာ အကြောင်းအရာ တစ်ခုခုကို မိမိရှာဖွေချင်လို့ Browser ကိုဖွင့်လိုက်မယ်ဆိုတာနဲ့ Address bar ကနေ Google ကိုရိုက်ခေါ်စရာမလိုပဲ Google ကို အရံသင့်တန်းမြင်ရပြီး အလိုရှိရာကို အမြန်ဆုံး ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။



iGoogle မှာလည်း ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ သူကတော့ Google ထက် ပိုပြီး စုံလင်တယ်လို့ ပြောလို့ ရပါတယ်။ မိမိနှစ်သက်ရာ iGoogle page တစ်ခု ဖန်တီးထားပြီးပြီ ဆိုတာနဲ့ ကျွန်တော် အထက်မှာ ဖော်ပြထားတဲ့ အတိုင်း Weather ကစလို့ ၊ ကိုယ့် Gmail ထဲက စာအဝင်အထွက်တွေ အပြင် ၊ မိမိနှစ်သက်ရာ သတင်း Websites တွေက တက်လာတဲ့ updates သတင်းတွေ အဆုံး တစ်ပြိုင်နက် iGoogle ကနေ မြင်တွေ့နေရမှာ ဖြစ်ပါတယ်။ iGoogle စာမျက်နှာတစ်ခု ဖန်တီးနိုင်ဖို့ အတွက် အောက်မှာဖော်ပြထားတဲ့ နေရာကနေမှ တဆင့် လုပ်ဆောင်နိုင်ပါတယ်။


Bing



သူကတော့ ခုနောက်ပိုင်းမှာ Users တွေ အာရုံစိုက်မိလာတဲ့ Search engine တစ်ခုပါ။ လှပတဲ့ Background ၊ သေသပ်တဲ့ အပြင်အဆင်နဲ့ သူ့ကိုများ Start page နေရာမှာ ထားမိလိုက်မယ်ဆိုရင် Bing Home Page ကို ဝင်လိုက်မိတိုင်းမှာ ကျွန်တော်တို့ရဲ့ စိတ်တွေ အမြဲဆန်းသစ်မှု တစ်ခုခုကို ရရှိနိုင်လိမ့်မယ်လို့ ကျွန်တော်ပြောမယ်ဆိုရင် မိသားစုများ ယုံနိုင်ကြပါ့မလား - ကျွန်တော်က Google user ဖြစ်နေလို့လား မသိဘူး။ Search engine ထဲမှာ ဆို Google ကိုပိုသဘောကျမိပေမယ့် အပြင်အဆင်နဲ့ images search မှာတော့ Bing ကို ပိုသဘောကျပါတယ်။


Wolfram|Alpha



နောက်တစ်ခု အနေနဲ့ ကျွန်တော် သဘောကျမိတာတော့ Wolfram|Alpha ပဲ ဖြစ်ပါတယ်။ သူက Search engine တစ်ခု အနေနဲ့ တော့ သုံးဖို့ သိပ်အဆင်မပြေပါဘူး။ ဒါပေမယ့် သူ့ကို စုံစမ်းခိုင်းလိုက်တဲ့ အချက်အလက်ပိုင်း ဆိုင်ရာနဲ့ ပတ်သတ်မယ် ဆိုရင်တော့ သူရဲ့ ဖော်ပြချက်တွေက အံ့သြဖို့ ကောင်းလောက်အောင် အသေးစိတ်တာကို တွေ့မြင်ရပါလိမ့်မယ်။ Wolfram|Alpha နဂိုမူလပုံစံက ကျွန်တော် ဖော်ပြထားသလို မဟုတ်ပါဘူး။ ကျွန်တော်က Wolfram|Alpha ကိုမှ Theme ပြောင်းပေးထားတာပါ။ သူ့ရဲ့ Theme ကို ပြင်ဆင်ပေးချင်တယ် ဆိုရင်တော့ ဒီနေရာကနေ သွားရောက်ပြင်ဆင်နိုင်ပြီး သူဖော်ပြထားတဲ့ icon ကို Toolbar ရှိရာဆီ အောက်ဖော်ပြပါအတိုင်း Drag ဆွဲယူပြီး နောက်အလိုရှိချိန်မှာ အသုံးချနိုင်ပါတယ်။



Chrome New Tab / Opera Speed Dial / Speed Dial for Firefox



ကျွန်တော် နောက်တစ်ခု အကြံပြုချင်တာကတော့ "speed dial" ဖြစ်ပါတယ်။ သူက Start page သဘောပါပဲ။ ဒါပေမယ့် သူက ကိုယ်သွားရောက် လည်ပတ်နေကျ နေရာတွေကို tab bar အသစ်တစ်ခု ဖွင့်တိုင်းမှာ အလွယ်တကူ သွားရောက်လည်ပတ် လို့ ရအောင် Thumbnail အနေနဲ့ လှလှပပ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ခုလို Thumbnail "speed dial" တစ်ခုကို start pages မှာ စီစဉ်ထားခြင်း အားဖြင့် သွားရောက်လည်ပတ်နေကျ နေရာတိုင်းဆီ address bar မှာ တစ်ခုချင်းစီ typing လုပ်ပြီးသွားရောက် နေဖို့မလွယ်ပဲ အချိန်ကုန် သက်သာစွာနဲ့ သက်ဆိုင်ရာ webpages တွေကို အလွယ်တကူ access လုပ်နိုင်မှာဖြစ်ပါတယ်။ Chrome ၊ Opera နဲ့ Firefox အတွက် သက်ဆိုင်ရာအလိုက် Speed dial တွေကို ရယူနိုင်မယ့် Links တွေကို အောက်မှာ ကျွန်တော် သီးသန့်စီ ထပ်မံ ဖော်ပြလိုက်ပါတယ်။

Speed Dial for Firefox

Chrome New Tab

Opera Speed Dial


အားလုံးပဲ မိမိနှစ်သက်ရာ websites ရှိရာဆီ လွယ်ကူလျင်မြန်စွာ သွားရောက်နိုင်ဖို့အတွက် မြန်ဆန်တိကျတဲ့ Start pages တွေက တဆင့် ကူးသန်းသွားလာနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ....

KznT.

Farmville Tips and Tricks

နည်းပညာအကြောင်းတွေချည်း ရေးနေ ဖတ်နေရတာ  ပျင်းနေကြမယ် ထင်တယ်။ ဒီတစ်ခါတော့ နည်းပညာအကြောင်း နားဦးမယ်လို့ စဉ်းစားပြီး ဂိမ်းအကြောင်း လှည့်ဖို့စဉ်းစားလိုက်မိပါတယ်။ ဘယ်အကြောင်း ကျွန်တော်ရေးရင် ကောင်းမလဲ - ဂိမ်းတွေကတော့ ရေးမယ်ဆို ရေးစရာ ဂိမ်းတွေ တော်တော်များတယ်။ ဒါပေမယ့် ခုနောက်ပိုင်း လူကြိုက်လည်း များပြီး မိန်းကလေးရော ၊ ယောကျာင်္းလေးရော အွန်လိုင်းဂိမ်းထဲမှာ တော်တော်များများ ဆော့နေတယ်လို့ သိရတဲ့ Facebook ထဲက Farmville အကြောင်းလေး ဘက် ပြန်လှည့်ရေးမယ်လို့ ဆုံးဖြတ်လိုက်မိပါတယ်။



ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး Facebook မှ Farmville ချစ်သူများအတွက် Farmville clicker ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီနေရာမှာ ကျွန်တော် 12-12-2009 တုန်းက တစ်ခါ ရေးခဲ့ဖူးပါတယ်။ သူက လောလောဆယ် ဒိတ်အောက်သွားပါပြီ။ ခုက နောက် အသစ်တစ်ခုပါ။

လွန်ခဲ့တဲ့ ( ရ ) လလောက်က အွန်လိုင်းဂိမ်း တစ်ခု ဆော့နေရာကနေ ကျွန်တော် Facebook ဂိမ်းလောကထဲကို ပြောင်းခဲ့ပါတယ် .. အဲဒီ Facebook ဂိမ်းတွေထဲမှာမှ မြန်မာတော်တော်များ ဆော့နေကြတဲ့ Farmville, Mafia, နဲ့ တစ်ခြား ဂိမ်းတော်တော်များများကို ကျွန်တော်လည်း ဆော့ဖြစ်ခဲ့ပါတယ် .. အဲ့ထဲကမှ အခု ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Farmville အတွက် Application လေး တစ်ခု အကြောင်းပါ။

ကျွန်တော်တို့ Farmville ကို စကစားတဲ့ အချိန်မှာ သိပ်မသိသာပေမယ့် နောက်ပိုင်း Level မြင့်လာတာနဲ့ အမျှ အနဲငယ်ကနေစပြီး အကြီးအကျယ်ထိ စိတ်ညစ်ဖို့ ကောင်းတာကတော့ ..

၁။ လယ်ထွန်ရတဲ့ ဒုက္ခ
၂။ မျိုးစေ့ချရတဲ့ ဒုက္ခ
၃။ လယ်ရိတ်ရတဲ့ ဒုက္ခ
၄။ တောင်တစ်နေရာ မြောက်တစ်နေရာ သွားနေတဲ့ အကောင်ပလောင်တွေဆီကနေ တစ်နေ့နဲ့ တစ်နေ့ အကောင်ထွက်ပစ္စည်း လိုက်သိမ်းရတဲ့ ဒုက္ခ။
၅။ ဟိုလူက လက်ဆောင်ပေး စိုက် ၊ ဒီလူက လက်ဆောင်ပေးစိုက်နဲ့ သီးချင်တိုင်း သီးနေတဲ့ အပင်တွေ - ရိတ်လို့မနိုင် သိမ်းလို့ မနိုင် ဖြစ်နေရတဲ့ ဒုက္ခ။
၆။ ခုနောက်ပိုင်း အသစ်တိုးတိုးလာတဲ့ ကြက်ခြံ ၊ နွားခြံတွေကနေ ပစ္စည်းလိုက်သိမ်းရတဲ့ ဒုက္ခ။

အားလုံးပေါင်းလိုက်ရင် တစ်နေ့နဲ့ တစ်နေ့ ဒီပြဿနာကို ဖြေရှင်းဖို့ Farmville ထဲမှာ အချိန်ဘယ်လောက်တောင် ပေးပြီး နေကြရမှာပါလဲ။ တစ်နာရီလား ၊ နှစ်နာရီလား ၊ သူ့ထက်ပိုဦးမလား ?? အချိန်မပေးလို့ကလည်း မရဘူး - အချိန်မပေးလိုက်ရင် ကိုယ့်နောက်ကလူတွေ ကိုယ့်ကိုကျော်တက်မယ် - ကိုယ့်ရှေ့ကလူတွေ ကိုယ် မမှီနိုင်တော့ဘူး - ကိုယ်စိုက်ထားတဲ့ အပင်လေးတွေ ညိှုးပြီး ခြောက်သွားရင် ဒုက္ခ - မတော်လို့ ခြောက်သွားပါပြီတဲ့ ပြန်အသက်သွင်းဖို့ဆို coins တန်ဖိုးက 30 ဘယ်လိုလုပ်ကြမလဲ - ပျော်ချင်လို့ ဆော့ခဲ့တဲ့ ဂိမ်းက ကိုယ့်လည်ပင်း ကို လာညှစ်နေပြီ။ ဆုတ်လည်းစူး - စားလည်းရူး - စားရမှာလည်း သဲတရှပ်ရှပ် - ပစ်ရမှာလည်း ဆီတစ်ဝင်းဝင်း - ဟူးးးးးးးးးးးးးးးးးးးး

ဒီပြဿနာရပ် တစ်ချို့ကြောင့် တစ်ချို့ အချိန်မပေးနိုင်တဲ့ သူငယ်ချင်းတွေ၊ အလုပ်များတဲ့ သူငယ်ချင်းတွေ ၊ ကျောင်းတစ်ဖက်နဲ့ သူငယ်ချင်းတွေ Farmville ကို စွန့်ပြီး ထွက်သွားခဲ့ကြပါတယ် .. သူတို့ လယ်တွေ သွားကြည့်တဲ့ အချိန်တိုင်း ခြောက်ကပ်လို့ .. ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် Farmville Bot နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘာလဲ Farmville Bot ?? Farmville Bot ဆိုတာ Farmville ဂိမ်းကို ဆော့နေတဲ့ သူတိုင်းအတွက် အရာအားလုံးကို ကိုယ်တိုင် လိုက်ပါ လုပ်ဆောင်စရာ မလိုအောင် သူကနေ အလိုလျောက်လုပ်ဆောင်ပေးမယ့် Farmville Robot ကို ဆိုလိုပါတယ်။

ကျွန်တော်ကတော့ ဂိမ်းကိုပဲ ကျွန်တော်ကဆော့ချင်တယ်။ ဂိမ်းက ကျွန်တော့်ကို ပြန်ဆော့နေတာမျိုး မလိုချင်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်ကတော့ အဲ့ဒီ့ လုပ်ငန်းစဉ်ခြောက်ခုလုံးအတွက် အချိန်များများမပေးဘူးလို့ ဆုံးဖြတ်ပြီး - ( ၅ ) မိနစ်ပဲ ပေးဖြစ်ပါတယ်။ ( ၅ ) မိနစ် ??

Yea, really ( 5 ) minutes.

မဖြစ်နိုင်တာ - ( ၅ ) မိနစ်တည်းနဲ့ ဒီလုပ်ငန်းစဉ် ခြောက်ခုလုံး ဘယ်လိုလုပ် ပြီးနိုင်မှာလဲ - ခက်ပြီ - ကျွန်တော် အောက်မှာ လုပ်ပြသွားမယ့် လုပ်ငန်းစဉ်တွေကိုသာ Step by Step သေသေချာချာ မှတ်ထားလိုက်ပါ။ ပထမတစ်ကြိမ် လုပ်ဆောင်ကြည့်လို့ နားလည် သဘောပေါက်သွားပြီ ဆိုတဲ့ တစ်ခါ နောက်တစ်ခါ ပြန်လုပ်တဲ့ အချိန်ကျရင် တကယ် ( 5 minutes ) ပါပဲ။ အဟုတ် - ၅ မိနစ်တည်းနဲ့ ဒီ အောက်က ဖော်ပြထားတဲ့ ခြောက်မျိုးလုံး ပြီးပါလိမ့်မယ်။

၁။ လယ်ထွန်ရတဲ့ ဒုက္ခ
၂။ မျိုးစေ့ချရတဲ့ ဒုက္ခ
၃။ လယ်ရိတ်ရတဲ့ ဒုက္ခ
၄။ တောင်တစ်နေရာ မြောက်တစ်နေရာ သွားနေတဲ့ အကောင်ပလောင်တွေဆီကနေ တစ်နေ့နဲ့ တစ်နေ့ အကောင်ထွက်ပစ္စည်း လိုက်သိမ်းရတဲ့ ဒုက္ခ။
၅။ ဟိုလူက လက်ဆောင်ပေး စိုက် ၊ ဒီလူက လက်ဆောင်ပေးစိုက်နဲ့ သီးချင်တိုင်း သီးနေတဲ့ အပင်တွေ - ရိတ်လို့မနိုင် သိမ်းလို့ မနိုင် ဖြစ်နေရတဲ့ ဒုက္ခ။
၆။ ခုနောက်ပိုင်း အသစ်တိုးတိုးလာတဲ့ ကြက်ခြံ ၊ နွားခြံတွေကနေ ပစ္စည်းလိုက်သိမ်းရတဲ့ ဒုက္ခ။

Ok Men, Let's Rock !

အဆင့် ( ၁ ) - ပထမဆုံး အနေနဲ့ အောက်ဖော်ပြပါ နေရာကနေ Farmville Robots V2.1.12 COMPLETE PACKAGE ကို ဒေါင်းလုပ်ချလိုက်ပါ။ ကျွန်တော် Links ( 2 ) ခု ဖော်ပြပေးထားပါတယ်။ အဆင်ပြေရာ တစ်ခုကိုပဲ ဒေါင်းလုပ်ချဖို့ လိုပါတယ်။

Here !! ( 1st choice ) ( Ifile Link ) ( 3.2 MB )

or

Here !! ( 2nd choice ) ( Multiupload  ) ( 3.2 MB )

Password = www.myanmarfamily.org

အဆင့် ( ၂ ) - ဒုတိယ အဆင့် အနေနဲ့ ဒေါင်းလုပ်ချပြီး ကိုယ့်စက်ထဲကို ရောက်ရှိလာပြီ ဆိုရင် ပေးထားတဲ့ password နဲ့ rar ဖိုင်ကို ဖြည်လိုက်ပါ။ Farmville Robots V2.1.12 COMPLETE PACKAGE ဆိုတဲ့ folder တစ်ခုရလာပြီ ဆိုရင် အဲ့ folder ထဲမှာ ရှိနေတဲ့ အောက်ဖော်ပြပါ setup2.1_withplugins ကို install လုပ်ပါ။


အဆင့် ( ၃ ) - Installed လုပ်ဆောင်ပြီးသွားပြီ ဆိုရင် အောက်ဖော်ပြပါအတိုင်း Desktop ပေါ်မှာ ရှိနေတဲ့ shortcut ကို double click ပေးပြီး run လိုက်ပါ။


အဆင့် ( ၄ ) - ပထမဆုံး အနေနဲ့ FarmvilleBot ကို Run လိုက်တဲ့ အချိန်မှာ ခုလို တွေ့ရပါလိမ့်မယ်။ သူ့ထဲမှာ ပါတဲ့ Facebook account နာမည်နဲ့ password ဖြည့်သွင်းပေးရမယ့် နေရာမှာ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ကိုယ့်သက်ဆိုင်ရာ  Farm ရှိနေတဲ့ Facebook account နာမည်နဲ့ password  ကို ဖြည့်သွင်းပေးပြီး Login လိုက်ပါ။


အဆင့် ( ၅ ) - ကျွန်တော်တို့ Farm ကို စမြင်ရပါပြီ။ ကျွန်တော့် လယ် - အာမလေး မဆော့တာကြာလို့ အပင်လေးတွေ သေနေပါ ပေါ့လား :( ဒါ ကျွန်တော် ပျင်းလို့ လက်ကမြင်းပြီး ဆော့ထားတဲ့ တတိယလယ်။ လယ်က ချောက်တီးချောက်ချက်။ အိမ်တောင် မရှိဘူး။ lvl က 18။ Facebook မှာ ကိုယ့်ဘာသာ job help ခေါ် - ကိုယ့်ဘာသာ ပြန် help လို့ ရအောင် account တွေ လိုက်လုပ်ထားတာ ကိုယ်တစ်ယောက်တည်းနဲ့တင် အကောင့် ( ၁၀ ) ခုလောက်ရှိတယ်။ အဖေအမေနာမည်ကနေ စပြီး တူ၊ တူမ နာမည်တောင် မချန်ဘူး။ :D


အဆင့် ( ၆ ) - အဲ့နောက်မှာ အရင်ဆုံး လုပ်ဆောင်ရမှာ ဘယ်ဘက် အပေါ်ထောင့်နားလေးမှာ မြင်နေရတဲ့ Menu bar က Advanced settings မှာ အချိန်တိုးဖို့ပါ။ ဘာကြောင့်လဲ ဆိုတာတော့ အောက်ပိုင်းရောက်ရင် နားလည်လာပါလိမ့်မယ်။ ခု ဒီအတိုင်းလေးပဲ လုပ်ဆောင်သွားပါ။ အချိန်တိုးဖို့ကို interval ဘေးက box မှာ တိုးလျှော့လို့ ရပါတယ်။ ၉၀ - ၁၀၀ ကြားလောက်တော့ ထားပေးပါ။ နောက်လိုသလို ပြန်ချိန်လို့ ရပါတယ်။


အဆင့် ( ရ ) - နောက်တစ်ဆင့် အနေနဲ့ ကိုယ့်လယ်မှာ ကိုယ်ထွန်ထားတဲ့ ပေါင်းဘယ်နခု ရှိခုဆိုတာ အရေအတွက် သိဖို့ လိုပါတယ်။ အဲတာကို သိရှိဖို့ အောက်ဖော်ပြပါအတိုင်း Menu bar က Plugins ကို သွားပါ။ အဲကနေမှ တစ်ဆင့် Farminfo ကို double click ပေးပါ။



ဖော်ပြထားတဲ့ အတိုင်း Crops အရေအတွက်ကို Farminfo ရဲ့အောက်မှာ တွေ့ရပါလိမ့်မယ်။ အဲ့ အရေအတွက်ကို မှတ်ထားပါ။ နောက်အဆင့်တွေမှာ သုံးရမှာ ဖြစ်ပါတယ်။


အဆင့် ( ၈ ) - ဖော်ပြထားချက်အတိုင်း ကိုယ့်ရဲ့ Crops အရေအတွက်ကို မှတ်သားပြီးသွားပြီ ဆိုရင် အောက်ဖော်ပြပါအတိုင်း Market ကိုသွားပါ။



အဆင့် ( ၉ ) - ရောက်ပြီဆိုရင် ကိုယ် ဘာကို စိုက်ချင်လဲ - ကိုယ်စိုက်မယ့် သီးနှံရဲ့ နာမည်ကို သွားမှတ်ပါမယ်။ လောလောဆယ် အခြေအနေမှာ ကျွန်တော်ကတော့ ကျွန်တော့် lvl နဲ့ အဆင်အပြေဆုံး ဖြစ်မယ့် - Peppers ကိုပဲ မှတ်ထားလိုက်ပါတယ်။ ဒါကတော့ မိမိစိတ်တိုင်းကျပါ။ ဒီနေရာမှာ သိထားရမှာက မိမိစိုက်ချင်တဲ့ သီးနှံရဲ့နာမည်ကိုပဲ မှတ်ထားဖို့ပါ။ ကလစ်ပေးပြီး လိုက်စိုက်စရာ မလိုပါဘူး။ သီးနှံရဲ့ နာမည် မှတ်ယုံပါပဲ။ အခု Market ထဲကို လာတယ် ဆိုတာလည်း မိမိစိုက်ချင်တဲ့ သီးနှံနာမည် မှတ်ဖို့ လာခဲ့တာပါ။ တစ်ခြား ဘာမှ လုပ်ဖို့ မလိုပါဘူး။ အောက်ဖော်ပြပါအတိုင်း မိမိ lvl အလိုက် နာရီနည်းနည်း XP များများ ကောင်ကို ကျွန်တော် မှတ်ထားလိုက်ပါတယ်။ Peppers -

( မှတ်ချက် - ဒီနေရာမှာ သိထားရမှာ တစ်ခုက Farmville ကနေ အချိန်အကန့်အသတ်နဲ့ ပြောင်းပြောင်းပေးတဲ့ Seeds မျိုးတွေ စိုက်လို့ မရဘူး ဆိုတာပါ။ တစ်ခြား permanent ပေးထားတဲ့ Seeds နာမည်တွေကို သာ မှတ်ထားပေးပါ။ ဘာကြောင့်လဲ ဆိုတာ နောက်အဆင့်တွေမှာ တွေ့ရှိလာပါလိမ့်မယ်။ )


အဆင့် ( ၁၀ ) - အထက်ဖော်ပြပါအတိုင်း မိမိစိုက်ပျိုးမယ့် Seeds အမည်ကို မှတ်သားပြီးသွားတဲ့နောက်မှာ အောက်မှာဖော်ပြ ထားတဲ့ အတိုင်း Menu bar မှာ ရှိနေတဲ့ Plugins ကနေ တစ်ဆင့် Settings ကို သွားပါမယ်။ Settings ကို double click ပေးပါ။


အဆင့် ( ၁၁ ) - အောက်ဖော်ပြပါ အတိုင်း Settings windows ကိုတွေ့ရပါလိမ့်မယ်။


အဆင့် ( ၁၂ ) - အပေါ်မှာ ဖော်ပြထားတဲ့ Windows ကို မြင်ရပြီ ဆိုတဲ့ အချိန်မှာ အောက်ဖော်ပြပါအတိုင်းတစ်ဆင့်ချင်း ပြင်ဆင်ရပါမယ်။

  • အမှတ်စဉ် ( ၁ ) - Harvest Crops, Plow, Plant, Harvest Trees တွေဘေးမှာ ရှိတဲ့ Check box တွေမှာ တစ်ခုချင်းစီ ရွေးချယ်ပေးပါ။ ( ခုလိုရွေးချယ်ပေးထားမှ ဖော်ပြပါ လုပ်ငန်းစဉ်အားလုံးကို Farmville Robot ကနေ Auto လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ )
  • အမှတ်စဉ် ( ၂ ) - " + " ဖြင့် ဖော်ပြထားသော နေရာအား click ပေးပါ။ ( Plant လုပ်ငန်းစဉ်အတွက် seed ချရန် မည်သည့် seed အား ပျိုးမည်ဆိုသည်အား ရွေးချယ်ပေးနိုင်ရန် ဖြစ်ပါသည်။  )
  • အမှတ်စဉ် ( ၃ ) - ပေါ်လာသော box မှ တစ်ဆင့် အဆင့်( ၉ ) တွင် မှတ်သားထားခဲ့သော seed အမည်အား down arrow မှနေ၍ ရှာဖွေရွေးချယ်ပေးပါ။
  • အမှတ်စဉ် ( ၄ ) - ဖော်ပြပါ seed အား မိမိလယ်တွင်ရှိသော Crops အရေအတွက်မှ Crops ဘယ်နခု မှာစိုက်ပျိုး မည်ဆိုသည်အား ရွေးချယ်ပေးပါ။ ( ကျွန်တော့်လယ်မှာတော့ အဆင့် ( ရ ) မှာ တွေ့ရှိခဲ့တဲ့ တွေ့ရှိချက်အတိုင်း crops 246 ခု ရှိလို့ 246 အနေနဲ့ ဖြည့်သွင်းပေးလိုက်ပါတယ်။
  • အမှတ်စဉ် ( ၅ ) - ကျွန်တော့် lvl အနေနဲ့ peppers က စိုက်ဖို့ အသင့်တော်ဆုံး ဖြစ်တဲ့ အတွက်ကြောင့် သူ့ကို Default Seed ပေးထားလိုက်ပါ။ ( မပေးချင်လည်း ရပါတယ်။ )
  • အမှတ်စဉ် ( ၆ ) - နောက်ဆုံး အနေနဲ့ Add ကို click ပေးပါ။


အဆင့် ( ၁၃ ) - အားလုံး လုပ်ဆောင်ပြီးသွားချိန်မှာ ညာဘက် အပေါ်ထောင့်မှာ ရှိနေတဲ့ Close ကို click ပေးပါ။


အဆင့် ( ၁၄ ) - Farmville Robot စတင် အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။ သူ ဘယ်လို အလုပ်လုပ်နေလဲ ဆိုတာ အောက်ဖော်ပြပါအတိုင်း Farmville Robot windows ရဲ့ ဘယ်ဘက် အပေါ်ထောင့်မှာ မြင်နေရပါတယ်။ ကျွန်တော်တို့ အပေါ်ဆုံး အဆင့် ( ၆ ) မှာ သတ်မှတ်ပေးထားခဲ့တဲ့ အချိန်သတ်မှတ်ချက် အတိုင်း Farmville Robot က ကျွန်တော့်လယ်မှာ ဆိုရင် စက္ကန့် ( ၉၀ ) ကြာတိုင်း တစ်ခါ အလုပ်လုပ်ပါတယ်။ အခုဆိုရင် အလုပ်လုပ်ဖို့အတွက် 90 ကနေ ရေတွက်လာလိုက်တာ - 12 ကိုရောက်နေပါပြီ။



အဆင့် ( ၁၅ )" 0 " ကို ရောက်တဲ့ အချိန်မှာ အောက်ဖော်ပြပါအတိုင်း " Working Farm " ဆိုတဲ့ စာသားအဖြစ်ကို ပြောင်းသွားပြီး အောက်က windows မှာလည်း Farm နဲ့ပတ်သတ်ပြီး တစ်ခြား ဘာမှ မလုပ်ဖို့နဲ့ Robot က အလုပ်လုပ်နေပြီ ဆိုတဲ့ အကြောင်း အသိပေးစာ တက်လာပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်ရမှာ ( ၁ ) မိနစ် တန်သည် ( ၂ ) မိနစ် တန်သည် စောင့်ပေးလိုက်ယုံပါပဲ။ တစ်ခါတစ်လေ စက္ကန့်လောက်ပဲ ကြာပါတယ်။ စောင့်မနေချင်လည်း minimize ပေးထားပြီး မိမိလုပ်ချင်ရာ အခြားတစ်ခု လုပ်ဆောင်နေလို့လည်း ရပါတယ်။


အဆင့် ( ၁၆ ) -  Cycle တစ်ကြိမ်မှာ Farmville က Robot အလုပ်တစ်ခုပဲ လုပ်ဆောင်ပါတယ်။ ဆိုလိုတာ - ကိုယ်က Harvest ရော ၊ Plow ရော ၊ Plant ရော သုံးခုလုံး Robot ကို ခိုင်းစေထားတယ်ဆိုရင် 90 seconds - ပထမ " Working Farm " တစ်ပတ်မှာ Robot က Harvest ၊ နောက် 90 seconds " Working Farm " တစ်ပတ်မှာ Plow ၊ နောက် 90 seconds " Working Farm " တစ်ပတ်မှာ Plant စသဖြင့် လုပ်ဆောင်ပါတယ်။ အောက်မှာတော့ ကျွန်တော့်လယ်က ပထမ " Working Farm " တစ်ပတ်မှာ Robot ကလုပ်ဆောင်ထားတဲ့ Plow ထားမှုပါ။ ဒီလယ်က ကျွန်တော့် တူလေးအတွက် စိုက်ထားတာ :D


အဆင့် ( ၁ရ ) - ဒါကတော့ ဒုတိယ " Working Farm " တစ်ပတ်မှာ Robot ကလုပ်ဆောင်ထားတဲ့ Plant ထားမှုပါ။


အဆင့် ( ၁၈ ) - Robot က လိမ်မာပါတယ်။ " Working Farm " Cycle တစ်ကြိမ်ပြီးတိုင်း သူဘာတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာ ညာဘက်ခြမ်းမှာ ခုလို ဖော်ပြပေးပါတယ်။ ကျွန်တော့်လယ်မှာ နွားတွေ အကောင်တွေ မရှိလို့ သူတို့ဆီကနေ ဘယ်လို Harvest လုပ်တယ်ဆိုတာ ပုံမပြနိုင်ဘူး ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း မပူပါနဲ့ အဆင့် ( ၁၂ ) မှာဖော်ပြထားတဲ့ အတိုင်းသာ Harvest Crops နဲ့ Harvest Trees မှာ သေသေချာချာ click ပေးခဲ့ Robot က သေသေချာချာ ရိတ်သိမ်းပေးပါလိမ့်မယ်။



အဆင့် ( ၁၉ ) - ကြည့် - နေရင်းထိုင်ရင်း ဘာမှလည်းမလုပ်ရပဲ Ribbon တွေဘာတွေ ရလို့။ :D


အဆင့် ( ၂၀ ) - အဲ lvl လည်း တက်သွားပြီဗျ။ :D


အဆင့် ( ၂၁ ) - လုပ်ငန်းစဉ် ခြောက်ခုကို Farmville Robot က ဘယ်လိုလုပ်ဆောင်တယ် ဆိုတာကတော့ ဒီလောက်ပါပဲ။ Farmville Robot က ဒီလောက်ပဲ လုပ်ဆောင်နိုင်တာလား။ လူဆိုတာမျိုးက တစ်ခုရရင် နောက်တစ်ခု လိုချင်တာမျိုး ဆိုတော့ အထွန့်တက်စရာ ရှိပါတယ်။ ဟုတ်ကဲ့ ဒီ လုပ်ငန်းစဉ် ခြောက်မျိုးတည်း လုပ်ဆောင်နိုင်တာ မဟုတ်ပါဘူး။ နောက်ထပ်လုပ်ဆောင် နိုင်တာတွေ ရှိပါသေးတယ်။ ဘာတွေလဲ - ဘယ်လိုလုပ်ဆောင်နိုင်တယ် ဆိုတာတော့ မိမိဘာသာ ဉာဏ်ရှိသလို အဆင့် ( ရ ) မှာ ဖော်ပြထားခဲ့တဲ့ Plugins အောက်မှာ ဆက်လက်လေ့လာ ကြပါကုန်။

မြန်မာ့ လယ်ယာလောက နှင့် မြန်မာ့ လယ်ယာနည်းပညာ ကဏ္ဍ မြင့်သထက် မြင့်တက်၍ မြန်မာ့လယ်သမားများ lvl 70 မြန်မြန် ရောက်ကြပါစေသောဝ် ...... :D

KznT.

အကြံပြုချက် - ဤဖော်ပြပါအကြောင်းအရာသည် သင့်အတွက် အကျိုးရှိသည်ဟု ထင်ပါသလား ?? တစ်စုံတစ်ယောက်အား မျှဝေလိုစိတ် သင့်ထံတွင် ပေါ်ပေါက်လာပါသလား ?? အကယ်၍ သင်ဝေမျှချင်လျှင် ဤ ပို့စ်အား ကော်ပီကူး၍ ဝေမျြှခင်းထက် ဤပို့စ်တည်ရှိရာ myanmarfamily သို့ သင့် အသိမိတ်ဆွေအား လာရောက်လည်ပတ်စေရန် links ပေး၍ myanmarfamily ၏ ဂုဏ်သတင်းအား ကျယ်ပြန့်စေရန် ဆောင်ကျဉ်းပေးစေလိုပါသည်။

Related Posts