Chrome and Opera Speed Test

Leave a Comment
Chrome Speed Tests


ဟိုတစ်လောက Google ကနေပြီး သူ့ရဲ့ Product တစ်ခု ဖြစ်တဲ့ Google Chrome ကို Speed ဘယ်လောက်ထိ မြန်ဆန်လဲ ဆိုတာ ပြသနိုင်ဖို့ Test တစ်ခု ဖန်တီး ပြခဲ့ပါတယ်။ ကြည့်ဖူးတဲ့ သူတွေလည်း ကြည့်ဖူးကြမှာပါ။ သူကစမ်းသပ်နည်း ( ၃ ) မျိုးနဲ့ Google Chrome ဘယ်လောက်ထိ မြန်ကြောင်း စမ်းသပ်ပြခဲ့ပါတယ်။ သူစမ်းသပ်ပြတဲ့ထဲမှာ ပထမဆုံးနည်းက - ( ၁ ) Chrome browser နဲ့ Potato နဲ့ ဘယ်သူ ပိုမြန်လဲ ဆိုတာ စမ်းသပ်ပြတယ်။ ( ၂ ) နောက်တစ်မျိုးအနေနဲ့ Chrome browser နဲ့ Sound wave ဘယ်သူက ပိုမြန်လဲ ဆိုတာ စမ်းသပ်ပြတယ် - နောက်ဆုံး တစ်မျိုးကတော့ ( ၃ ) Chrome browser နဲ့ Lightning ဘယ်သူ ပိုမြန်လဲ ဆိုတာ စမ်းသပ်ပြတယ် - နဲနဲ ပိုပိုသာသာလေး လုပ်ထားတာလည်း ပါတာပေါ့လေ - ဒါပေမယ့် သူတို့တွေရဲ့ အသေးစိတ်ပြင်ဆင်နိုင်မှုကိုတော့ ကျွန်တော်ချီးကျူးပါတယ်။ သူတို့ ဘယ်လို လုပ်ဆောင်ပြတယ်ဆိုတာ အသေးစိတ်ကြည့်ချင်ရင် ဒီအောက်မှာ ကြည့်ကြည့်ပါ။



Opera Speed Tests

အဲ့နောက်မှာတော့ ဒီနေ့ အင်တာနက်ထဲ စာလိုက်ဖတ်ရင်းနဲ့ Opera အတွက် Speed Test လေး လုပ်ပြထားတာကို ကျွန်တော် ကြည့်ခဲ့ရတယ်။ သူက Chrome ရဲ့ Speed Tests လုပ်တာကို တုပြီး လိုက်လုပ်ထားတာလေးပါ။ တော်တော်လေး သဘောကျမိလို့ မိသားစုဝင်တွေ ကြည့်ရအောင် မျှဝေလိုက်ပါတယ်။ ဘာတွေ သဘောကျဖို့ ကောင်းတယ် ဆိုတာကတော့ အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ Google Chrome ရဲ့ Speed Test ကို ကြည့်ပြီးတဲ့ အချိန်မှာ ဒီအောက်က Opera ရဲ့ Speed Test ကို ကြည့်ရင် သဘောပေါက်ပါလိမ့်မယ်။



အားလုံးပဲ ပျော်ရွှင်စရာနေ့တစ်နေ့ ဖြစ်ပါစေ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts