Farmville Tips and Tricks

Leave a Comment
နည်းပညာအကြောင်းတွေချည်း ရေးနေ ဖတ်နေရတာ  ပျင်းနေကြမယ် ထင်တယ်။ ဒီတစ်ခါတော့ နည်းပညာအကြောင်း နားဦးမယ်လို့ စဉ်းစားပြီး ဂိမ်းအကြောင်း လှည့်ဖို့စဉ်းစားလိုက်မိပါတယ်။ ဘယ်အကြောင်း ကျွန်တော်ရေးရင် ကောင်းမလဲ - ဂိမ်းတွေကတော့ ရေးမယ်ဆို ရေးစရာ ဂိမ်းတွေ တော်တော်များတယ်။ ဒါပေမယ့် ခုနောက်ပိုင်း လူကြိုက်လည်း များပြီး မိန်းကလေးရော ၊ ယောကျာင်္းလေးရော အွန်လိုင်းဂိမ်းထဲမှာ တော်တော်များများ ဆော့နေတယ်လို့ သိရတဲ့ Facebook ထဲက Farmville အကြောင်းလေး ဘက် ပြန်လှည့်ရေးမယ်လို့ ဆုံးဖြတ်လိုက်မိပါတယ်။



ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး Facebook မှ Farmville ချစ်သူများအတွက် Farmville clicker ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီနေရာမှာ ကျွန်တော် 12-12-2009 တုန်းက တစ်ခါ ရေးခဲ့ဖူးပါတယ်။ သူက လောလောဆယ် ဒိတ်အောက်သွားပါပြီ။ ခုက နောက် အသစ်တစ်ခုပါ။

လွန်ခဲ့တဲ့ ( ရ ) လလောက်က အွန်လိုင်းဂိမ်း တစ်ခု ဆော့နေရာကနေ ကျွန်တော် Facebook ဂိမ်းလောကထဲကို ပြောင်းခဲ့ပါတယ် .. အဲဒီ Facebook ဂိမ်းတွေထဲမှာမှ မြန်မာတော်တော်များ ဆော့နေကြတဲ့ Farmville, Mafia, နဲ့ တစ်ခြား ဂိမ်းတော်တော်များများကို ကျွန်တော်လည်း ဆော့ဖြစ်ခဲ့ပါတယ် .. အဲ့ထဲကမှ အခု ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ Farmville အတွက် Application လေး တစ်ခု အကြောင်းပါ။

ကျွန်တော်တို့ Farmville ကို စကစားတဲ့ အချိန်မှာ သိပ်မသိသာပေမယ့် နောက်ပိုင်း Level မြင့်လာတာနဲ့ အမျှ အနဲငယ်ကနေစပြီး အကြီးအကျယ်ထိ စိတ်ညစ်ဖို့ ကောင်းတာကတော့ ..

၁။ လယ်ထွန်ရတဲ့ ဒုက္ခ
၂။ မျိုးစေ့ချရတဲ့ ဒုက္ခ
၃။ လယ်ရိတ်ရတဲ့ ဒုက္ခ
၄။ တောင်တစ်နေရာ မြောက်တစ်နေရာ သွားနေတဲ့ အကောင်ပလောင်တွေဆီကနေ တစ်နေ့နဲ့ တစ်နေ့ အကောင်ထွက်ပစ္စည်း လိုက်သိမ်းရတဲ့ ဒုက္ခ။
၅။ ဟိုလူက လက်ဆောင်ပေး စိုက် ၊ ဒီလူက လက်ဆောင်ပေးစိုက်နဲ့ သီးချင်တိုင်း သီးနေတဲ့ အပင်တွေ - ရိတ်လို့မနိုင် သိမ်းလို့ မနိုင် ဖြစ်နေရတဲ့ ဒုက္ခ။
၆။ ခုနောက်ပိုင်း အသစ်တိုးတိုးလာတဲ့ ကြက်ခြံ ၊ နွားခြံတွေကနေ ပစ္စည်းလိုက်သိမ်းရတဲ့ ဒုက္ခ။

အားလုံးပေါင်းလိုက်ရင် တစ်နေ့နဲ့ တစ်နေ့ ဒီပြဿနာကို ဖြေရှင်းဖို့ Farmville ထဲမှာ အချိန်ဘယ်လောက်တောင် ပေးပြီး နေကြရမှာပါလဲ။ တစ်နာရီလား ၊ နှစ်နာရီလား ၊ သူ့ထက်ပိုဦးမလား ?? အချိန်မပေးလို့ကလည်း မရဘူး - အချိန်မပေးလိုက်ရင် ကိုယ့်နောက်ကလူတွေ ကိုယ့်ကိုကျော်တက်မယ် - ကိုယ့်ရှေ့ကလူတွေ ကိုယ် မမှီနိုင်တော့ဘူး - ကိုယ်စိုက်ထားတဲ့ အပင်လေးတွေ ညိှုးပြီး ခြောက်သွားရင် ဒုက္ခ - မတော်လို့ ခြောက်သွားပါပြီတဲ့ ပြန်အသက်သွင်းဖို့ဆို coins တန်ဖိုးက 30 ဘယ်လိုလုပ်ကြမလဲ - ပျော်ချင်လို့ ဆော့ခဲ့တဲ့ ဂိမ်းက ကိုယ့်လည်ပင်း ကို လာညှစ်နေပြီ။ ဆုတ်လည်းစူး - စားလည်းရူး - စားရမှာလည်း သဲတရှပ်ရှပ် - ပစ်ရမှာလည်း ဆီတစ်ဝင်းဝင်း - ဟူးးးးးးးးးးးးးးးးးးးး

ဒီပြဿနာရပ် တစ်ချို့ကြောင့် တစ်ချို့ အချိန်မပေးနိုင်တဲ့ သူငယ်ချင်းတွေ၊ အလုပ်များတဲ့ သူငယ်ချင်းတွေ ၊ ကျောင်းတစ်ဖက်နဲ့ သူငယ်ချင်းတွေ Farmville ကို စွန့်ပြီး ထွက်သွားခဲ့ကြပါတယ် .. သူတို့ လယ်တွေ သွားကြည့်တဲ့ အချိန်တိုင်း ခြောက်ကပ်လို့ .. ဒီပြဿနာကို ဖြေရှင်းဖို့ အတွက် Farmville Bot နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘာလဲ Farmville Bot ?? Farmville Bot ဆိုတာ Farmville ဂိမ်းကို ဆော့နေတဲ့ သူတိုင်းအတွက် အရာအားလုံးကို ကိုယ်တိုင် လိုက်ပါ လုပ်ဆောင်စရာ မလိုအောင် သူကနေ အလိုလျောက်လုပ်ဆောင်ပေးမယ့် Farmville Robot ကို ဆိုလိုပါတယ်။

ကျွန်တော်ကတော့ ဂိမ်းကိုပဲ ကျွန်တော်ကဆော့ချင်တယ်။ ဂိမ်းက ကျွန်တော့်ကို ပြန်ဆော့နေတာမျိုး မလိုချင်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်ကတော့ အဲ့ဒီ့ လုပ်ငန်းစဉ်ခြောက်ခုလုံးအတွက် အချိန်များများမပေးဘူးလို့ ဆုံးဖြတ်ပြီး - ( ၅ ) မိနစ်ပဲ ပေးဖြစ်ပါတယ်။ ( ၅ ) မိနစ် ??

Yea, really ( 5 ) minutes.

မဖြစ်နိုင်တာ - ( ၅ ) မိနစ်တည်းနဲ့ ဒီလုပ်ငန်းစဉ် ခြောက်ခုလုံး ဘယ်လိုလုပ် ပြီးနိုင်မှာလဲ - ခက်ပြီ - ကျွန်တော် အောက်မှာ လုပ်ပြသွားမယ့် လုပ်ငန်းစဉ်တွေကိုသာ Step by Step သေသေချာချာ မှတ်ထားလိုက်ပါ။ ပထမတစ်ကြိမ် လုပ်ဆောင်ကြည့်လို့ နားလည် သဘောပေါက်သွားပြီ ဆိုတဲ့ တစ်ခါ နောက်တစ်ခါ ပြန်လုပ်တဲ့ အချိန်ကျရင် တကယ် ( 5 minutes ) ပါပဲ။ အဟုတ် - ၅ မိနစ်တည်းနဲ့ ဒီ အောက်က ဖော်ပြထားတဲ့ ခြောက်မျိုးလုံး ပြီးပါလိမ့်မယ်။

၁။ လယ်ထွန်ရတဲ့ ဒုက္ခ
၂။ မျိုးစေ့ချရတဲ့ ဒုက္ခ
၃။ လယ်ရိတ်ရတဲ့ ဒုက္ခ
၄။ တောင်တစ်နေရာ မြောက်တစ်နေရာ သွားနေတဲ့ အကောင်ပလောင်တွေဆီကနေ တစ်နေ့နဲ့ တစ်နေ့ အကောင်ထွက်ပစ္စည်း လိုက်သိမ်းရတဲ့ ဒုက္ခ။
၅။ ဟိုလူက လက်ဆောင်ပေး စိုက် ၊ ဒီလူက လက်ဆောင်ပေးစိုက်နဲ့ သီးချင်တိုင်း သီးနေတဲ့ အပင်တွေ - ရိတ်လို့မနိုင် သိမ်းလို့ မနိုင် ဖြစ်နေရတဲ့ ဒုက္ခ။
၆။ ခုနောက်ပိုင်း အသစ်တိုးတိုးလာတဲ့ ကြက်ခြံ ၊ နွားခြံတွေကနေ ပစ္စည်းလိုက်သိမ်းရတဲ့ ဒုက္ခ။

Ok Men, Let's Rock !

အဆင့် ( ၁ ) - ပထမဆုံး အနေနဲ့ အောက်ဖော်ပြပါ နေရာကနေ Farmville Robots V2.1.12 COMPLETE PACKAGE ကို ဒေါင်းလုပ်ချလိုက်ပါ။ ကျွန်တော် Links ( 2 ) ခု ဖော်ပြပေးထားပါတယ်။ အဆင်ပြေရာ တစ်ခုကိုပဲ ဒေါင်းလုပ်ချဖို့ လိုပါတယ်။

Here !! ( 1st choice ) ( Ifile Link ) ( 3.2 MB )

or

Here !! ( 2nd choice ) ( Multiupload  ) ( 3.2 MB )

Password = www.myanmarfamily.org

အဆင့် ( ၂ ) - ဒုတိယ အဆင့် အနေနဲ့ ဒေါင်းလုပ်ချပြီး ကိုယ့်စက်ထဲကို ရောက်ရှိလာပြီ ဆိုရင် ပေးထားတဲ့ password နဲ့ rar ဖိုင်ကို ဖြည်လိုက်ပါ။ Farmville Robots V2.1.12 COMPLETE PACKAGE ဆိုတဲ့ folder တစ်ခုရလာပြီ ဆိုရင် အဲ့ folder ထဲမှာ ရှိနေတဲ့ အောက်ဖော်ပြပါ setup2.1_withplugins ကို install လုပ်ပါ။


အဆင့် ( ၃ ) - Installed လုပ်ဆောင်ပြီးသွားပြီ ဆိုရင် အောက်ဖော်ပြပါအတိုင်း Desktop ပေါ်မှာ ရှိနေတဲ့ shortcut ကို double click ပေးပြီး run လိုက်ပါ။


အဆင့် ( ၄ ) - ပထမဆုံး အနေနဲ့ FarmvilleBot ကို Run လိုက်တဲ့ အချိန်မှာ ခုလို တွေ့ရပါလိမ့်မယ်။ သူ့ထဲမှာ ပါတဲ့ Facebook account နာမည်နဲ့ password ဖြည့်သွင်းပေးရမယ့် နေရာမှာ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ကိုယ့်သက်ဆိုင်ရာ  Farm ရှိနေတဲ့ Facebook account နာမည်နဲ့ password  ကို ဖြည့်သွင်းပေးပြီး Login လိုက်ပါ။


အဆင့် ( ၅ ) - ကျွန်တော်တို့ Farm ကို စမြင်ရပါပြီ။ ကျွန်တော့် လယ် - အာမလေး မဆော့တာကြာလို့ အပင်လေးတွေ သေနေပါ ပေါ့လား :( ဒါ ကျွန်တော် ပျင်းလို့ လက်ကမြင်းပြီး ဆော့ထားတဲ့ တတိယလယ်။ လယ်က ချောက်တီးချောက်ချက်။ အိမ်တောင် မရှိဘူး။ lvl က 18။ Facebook မှာ ကိုယ့်ဘာသာ job help ခေါ် - ကိုယ့်ဘာသာ ပြန် help လို့ ရအောင် account တွေ လိုက်လုပ်ထားတာ ကိုယ်တစ်ယောက်တည်းနဲ့တင် အကောင့် ( ၁၀ ) ခုလောက်ရှိတယ်။ အဖေအမေနာမည်ကနေ စပြီး တူ၊ တူမ နာမည်တောင် မချန်ဘူး။ :D


အဆင့် ( ၆ ) - အဲ့နောက်မှာ အရင်ဆုံး လုပ်ဆောင်ရမှာ ဘယ်ဘက် အပေါ်ထောင့်နားလေးမှာ မြင်နေရတဲ့ Menu bar က Advanced settings မှာ အချိန်တိုးဖို့ပါ။ ဘာကြောင့်လဲ ဆိုတာတော့ အောက်ပိုင်းရောက်ရင် နားလည်လာပါလိမ့်မယ်။ ခု ဒီအတိုင်းလေးပဲ လုပ်ဆောင်သွားပါ။ အချိန်တိုးဖို့ကို interval ဘေးက box မှာ တိုးလျှော့လို့ ရပါတယ်။ ၉၀ - ၁၀၀ ကြားလောက်တော့ ထားပေးပါ။ နောက်လိုသလို ပြန်ချိန်လို့ ရပါတယ်။


အဆင့် ( ရ ) - နောက်တစ်ဆင့် အနေနဲ့ ကိုယ့်လယ်မှာ ကိုယ်ထွန်ထားတဲ့ ပေါင်းဘယ်နခု ရှိခုဆိုတာ အရေအတွက် သိဖို့ လိုပါတယ်။ အဲတာကို သိရှိဖို့ အောက်ဖော်ပြပါအတိုင်း Menu bar က Plugins ကို သွားပါ။ အဲကနေမှ တစ်ဆင့် Farminfo ကို double click ပေးပါ။



ဖော်ပြထားတဲ့ အတိုင်း Crops အရေအတွက်ကို Farminfo ရဲ့အောက်မှာ တွေ့ရပါလိမ့်မယ်။ အဲ့ အရေအတွက်ကို မှတ်ထားပါ။ နောက်အဆင့်တွေမှာ သုံးရမှာ ဖြစ်ပါတယ်။


အဆင့် ( ၈ ) - ဖော်ပြထားချက်အတိုင်း ကိုယ့်ရဲ့ Crops အရေအတွက်ကို မှတ်သားပြီးသွားပြီ ဆိုရင် အောက်ဖော်ပြပါအတိုင်း Market ကိုသွားပါ။



အဆင့် ( ၉ ) - ရောက်ပြီဆိုရင် ကိုယ် ဘာကို စိုက်ချင်လဲ - ကိုယ်စိုက်မယ့် သီးနှံရဲ့ နာမည်ကို သွားမှတ်ပါမယ်။ လောလောဆယ် အခြေအနေမှာ ကျွန်တော်ကတော့ ကျွန်တော့် lvl နဲ့ အဆင်အပြေဆုံး ဖြစ်မယ့် - Peppers ကိုပဲ မှတ်ထားလိုက်ပါတယ်။ ဒါကတော့ မိမိစိတ်တိုင်းကျပါ။ ဒီနေရာမှာ သိထားရမှာက မိမိစိုက်ချင်တဲ့ သီးနှံရဲ့နာမည်ကိုပဲ မှတ်ထားဖို့ပါ။ ကလစ်ပေးပြီး လိုက်စိုက်စရာ မလိုပါဘူး။ သီးနှံရဲ့ နာမည် မှတ်ယုံပါပဲ။ အခု Market ထဲကို လာတယ် ဆိုတာလည်း မိမိစိုက်ချင်တဲ့ သီးနှံနာမည် မှတ်ဖို့ လာခဲ့တာပါ။ တစ်ခြား ဘာမှ လုပ်ဖို့ မလိုပါဘူး။ အောက်ဖော်ပြပါအတိုင်း မိမိ lvl အလိုက် နာရီနည်းနည်း XP များများ ကောင်ကို ကျွန်တော် မှတ်ထားလိုက်ပါတယ်။ Peppers -

( မှတ်ချက် - ဒီနေရာမှာ သိထားရမှာ တစ်ခုက Farmville ကနေ အချိန်အကန့်အသတ်နဲ့ ပြောင်းပြောင်းပေးတဲ့ Seeds မျိုးတွေ စိုက်လို့ မရဘူး ဆိုတာပါ။ တစ်ခြား permanent ပေးထားတဲ့ Seeds နာမည်တွေကို သာ မှတ်ထားပေးပါ။ ဘာကြောင့်လဲ ဆိုတာ နောက်အဆင့်တွေမှာ တွေ့ရှိလာပါလိမ့်မယ်။ )


အဆင့် ( ၁၀ ) - အထက်ဖော်ပြပါအတိုင်း မိမိစိုက်ပျိုးမယ့် Seeds အမည်ကို မှတ်သားပြီးသွားတဲ့နောက်မှာ အောက်မှာဖော်ပြ ထားတဲ့ အတိုင်း Menu bar မှာ ရှိနေတဲ့ Plugins ကနေ တစ်ဆင့် Settings ကို သွားပါမယ်။ Settings ကို double click ပေးပါ။


အဆင့် ( ၁၁ ) - အောက်ဖော်ပြပါ အတိုင်း Settings windows ကိုတွေ့ရပါလိမ့်မယ်။


အဆင့် ( ၁၂ ) - အပေါ်မှာ ဖော်ပြထားတဲ့ Windows ကို မြင်ရပြီ ဆိုတဲ့ အချိန်မှာ အောက်ဖော်ပြပါအတိုင်းတစ်ဆင့်ချင်း ပြင်ဆင်ရပါမယ်။

  • အမှတ်စဉ် ( ၁ ) - Harvest Crops, Plow, Plant, Harvest Trees တွေဘေးမှာ ရှိတဲ့ Check box တွေမှာ တစ်ခုချင်းစီ ရွေးချယ်ပေးပါ။ ( ခုလိုရွေးချယ်ပေးထားမှ ဖော်ပြပါ လုပ်ငန်းစဉ်အားလုံးကို Farmville Robot ကနေ Auto လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ )
  • အမှတ်စဉ် ( ၂ ) - " + " ဖြင့် ဖော်ပြထားသော နေရာအား click ပေးပါ။ ( Plant လုပ်ငန်းစဉ်အတွက် seed ချရန် မည်သည့် seed အား ပျိုးမည်ဆိုသည်အား ရွေးချယ်ပေးနိုင်ရန် ဖြစ်ပါသည်။  )
  • အမှတ်စဉ် ( ၃ ) - ပေါ်လာသော box မှ တစ်ဆင့် အဆင့်( ၉ ) တွင် မှတ်သားထားခဲ့သော seed အမည်အား down arrow မှနေ၍ ရှာဖွေရွေးချယ်ပေးပါ။
  • အမှတ်စဉ် ( ၄ ) - ဖော်ပြပါ seed အား မိမိလယ်တွင်ရှိသော Crops အရေအတွက်မှ Crops ဘယ်နခု မှာစိုက်ပျိုး မည်ဆိုသည်အား ရွေးချယ်ပေးပါ။ ( ကျွန်တော့်လယ်မှာတော့ အဆင့် ( ရ ) မှာ တွေ့ရှိခဲ့တဲ့ တွေ့ရှိချက်အတိုင်း crops 246 ခု ရှိလို့ 246 အနေနဲ့ ဖြည့်သွင်းပေးလိုက်ပါတယ်။
  • အမှတ်စဉ် ( ၅ ) - ကျွန်တော့် lvl အနေနဲ့ peppers က စိုက်ဖို့ အသင့်တော်ဆုံး ဖြစ်တဲ့ အတွက်ကြောင့် သူ့ကို Default Seed ပေးထားလိုက်ပါ။ ( မပေးချင်လည်း ရပါတယ်။ )
  • အမှတ်စဉ် ( ၆ ) - နောက်ဆုံး အနေနဲ့ Add ကို click ပေးပါ။


အဆင့် ( ၁၃ ) - အားလုံး လုပ်ဆောင်ပြီးသွားချိန်မှာ ညာဘက် အပေါ်ထောင့်မှာ ရှိနေတဲ့ Close ကို click ပေးပါ။


အဆင့် ( ၁၄ ) - Farmville Robot စတင် အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။ သူ ဘယ်လို အလုပ်လုပ်နေလဲ ဆိုတာ အောက်ဖော်ပြပါအတိုင်း Farmville Robot windows ရဲ့ ဘယ်ဘက် အပေါ်ထောင့်မှာ မြင်နေရပါတယ်။ ကျွန်တော်တို့ အပေါ်ဆုံး အဆင့် ( ၆ ) မှာ သတ်မှတ်ပေးထားခဲ့တဲ့ အချိန်သတ်မှတ်ချက် အတိုင်း Farmville Robot က ကျွန်တော့်လယ်မှာ ဆိုရင် စက္ကန့် ( ၉၀ ) ကြာတိုင်း တစ်ခါ အလုပ်လုပ်ပါတယ်။ အခုဆိုရင် အလုပ်လုပ်ဖို့အတွက် 90 ကနေ ရေတွက်လာလိုက်တာ - 12 ကိုရောက်နေပါပြီ။



အဆင့် ( ၁၅ )" 0 " ကို ရောက်တဲ့ အချိန်မှာ အောက်ဖော်ပြပါအတိုင်း " Working Farm " ဆိုတဲ့ စာသားအဖြစ်ကို ပြောင်းသွားပြီး အောက်က windows မှာလည်း Farm နဲ့ပတ်သတ်ပြီး တစ်ခြား ဘာမှ မလုပ်ဖို့နဲ့ Robot က အလုပ်လုပ်နေပြီ ဆိုတဲ့ အကြောင်း အသိပေးစာ တက်လာပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်ရမှာ ( ၁ ) မိနစ် တန်သည် ( ၂ ) မိနစ် တန်သည် စောင့်ပေးလိုက်ယုံပါပဲ။ တစ်ခါတစ်လေ စက္ကန့်လောက်ပဲ ကြာပါတယ်။ စောင့်မနေချင်လည်း minimize ပေးထားပြီး မိမိလုပ်ချင်ရာ အခြားတစ်ခု လုပ်ဆောင်နေလို့လည်း ရပါတယ်။


အဆင့် ( ၁၆ ) -  Cycle တစ်ကြိမ်မှာ Farmville က Robot အလုပ်တစ်ခုပဲ လုပ်ဆောင်ပါတယ်။ ဆိုလိုတာ - ကိုယ်က Harvest ရော ၊ Plow ရော ၊ Plant ရော သုံးခုလုံး Robot ကို ခိုင်းစေထားတယ်ဆိုရင် 90 seconds - ပထမ " Working Farm " တစ်ပတ်မှာ Robot က Harvest ၊ နောက် 90 seconds " Working Farm " တစ်ပတ်မှာ Plow ၊ နောက် 90 seconds " Working Farm " တစ်ပတ်မှာ Plant စသဖြင့် လုပ်ဆောင်ပါတယ်။ အောက်မှာတော့ ကျွန်တော့်လယ်က ပထမ " Working Farm " တစ်ပတ်မှာ Robot ကလုပ်ဆောင်ထားတဲ့ Plow ထားမှုပါ။ ဒီလယ်က ကျွန်တော့် တူလေးအတွက် စိုက်ထားတာ :D


အဆင့် ( ၁ရ ) - ဒါကတော့ ဒုတိယ " Working Farm " တစ်ပတ်မှာ Robot ကလုပ်ဆောင်ထားတဲ့ Plant ထားမှုပါ။


အဆင့် ( ၁၈ ) - Robot က လိမ်မာပါတယ်။ " Working Farm " Cycle တစ်ကြိမ်ပြီးတိုင်း သူဘာတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာ ညာဘက်ခြမ်းမှာ ခုလို ဖော်ပြပေးပါတယ်။ ကျွန်တော့်လယ်မှာ နွားတွေ အကောင်တွေ မရှိလို့ သူတို့ဆီကနေ ဘယ်လို Harvest လုပ်တယ်ဆိုတာ ပုံမပြနိုင်ဘူး ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း မပူပါနဲ့ အဆင့် ( ၁၂ ) မှာဖော်ပြထားတဲ့ အတိုင်းသာ Harvest Crops နဲ့ Harvest Trees မှာ သေသေချာချာ click ပေးခဲ့ Robot က သေသေချာချာ ရိတ်သိမ်းပေးပါလိမ့်မယ်။



အဆင့် ( ၁၉ ) - ကြည့် - နေရင်းထိုင်ရင်း ဘာမှလည်းမလုပ်ရပဲ Ribbon တွေဘာတွေ ရလို့။ :D


အဆင့် ( ၂၀ ) - အဲ lvl လည်း တက်သွားပြီဗျ။ :D


အဆင့် ( ၂၁ ) - လုပ်ငန်းစဉ် ခြောက်ခုကို Farmville Robot က ဘယ်လိုလုပ်ဆောင်တယ် ဆိုတာကတော့ ဒီလောက်ပါပဲ။ Farmville Robot က ဒီလောက်ပဲ လုပ်ဆောင်နိုင်တာလား။ လူဆိုတာမျိုးက တစ်ခုရရင် နောက်တစ်ခု လိုချင်တာမျိုး ဆိုတော့ အထွန့်တက်စရာ ရှိပါတယ်။ ဟုတ်ကဲ့ ဒီ လုပ်ငန်းစဉ် ခြောက်မျိုးတည်း လုပ်ဆောင်နိုင်တာ မဟုတ်ပါဘူး။ နောက်ထပ်လုပ်ဆောင် နိုင်တာတွေ ရှိပါသေးတယ်။ ဘာတွေလဲ - ဘယ်လိုလုပ်ဆောင်နိုင်တယ် ဆိုတာတော့ မိမိဘာသာ ဉာဏ်ရှိသလို အဆင့် ( ရ ) မှာ ဖော်ပြထားခဲ့တဲ့ Plugins အောက်မှာ ဆက်လက်လေ့လာ ကြပါကုန်။

မြန်မာ့ လယ်ယာလောက နှင့် မြန်မာ့ လယ်ယာနည်းပညာ ကဏ္ဍ မြင့်သထက် မြင့်တက်၍ မြန်မာ့လယ်သမားများ lvl 70 မြန်မြန် ရောက်ကြပါစေသောဝ် ...... :D

KznT.

အကြံပြုချက် - ဤဖော်ပြပါအကြောင်းအရာသည် သင့်အတွက် အကျိုးရှိသည်ဟု ထင်ပါသလား ?? တစ်စုံတစ်ယောက်အား မျှဝေလိုစိတ် သင့်ထံတွင် ပေါ်ပေါက်လာပါသလား ?? အကယ်၍ သင်ဝေမျှချင်လျှင် ဤ ပို့စ်အား ကော်ပီကူး၍ ဝေမျြှခင်းထက် ဤပို့စ်တည်ရှိရာ myanmarfamily သို့ သင့် အသိမိတ်ဆွေအား လာရောက်လည်ပတ်စေရန် links ပေး၍ myanmarfamily ၏ ဂုဏ်သတင်းအား ကျယ်ပြန့်စေရန် ဆောင်ကျဉ်းပေးစေလိုပါသည်။

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts