FREE Textbooks for Everyone

Leave a Comment

ခုခေတ် ခုကာလ အခြေအနေကြီးမှာ ကျောင်းသား တစ်ယောက်သာ ဖြစ်ရမယ်ဆိုရင် တကယ်ကို မလွယ်ပါဘူး။ ဘာကြောင့်လဲ ?? ပညာသင်စရိတ်တွေက တဖြည်းဖြည်းနဲ့ ကြီးမြင့်လာသလို - သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း ဘာသာရပ်အလိုက် Textbooks တွေရဲ့ ကုန်ကျစရိတ်ကလည်း တကယ်ကို အံ့မခန်း တရိပ်ရိပ်တက်လာလို့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့တွေမှာ တစ်ခုခုကို သိချင်ရင် လေ့လာချင်ရင် Ebooks တွေကို အားကိုးလာရတယ်။ ကိုယ်မသိတာရှိတိုင်း တစ်စုံတစ်ယောက်ကို အချိန်ပြည့် မေးမြန်းနေဖို့ဆိုတာလည်း တကယ်တော့ မဖြစ်နိုင်ပါဘူ။ တစ်ဖက်လူမအားလပ်တဲ့ အချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ် - ကိုယ်သိချင်တာကို သူသေသေချာချာ မဖြေနိုင်တာမျိုးတွေလည်း ရှိချင်ရှိမယ်။ အကောင်းဆုံးက ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး စာဖတ်တာ အကောင်းဆုံးပါပဲ။

 
အဲလို စာဖတ်နိုင်ဖို့ ဆိုရင် စာအုပ်တွေ လိုလာပြီ။ တတ်သိနားလည်သူ တစ်ယောက်အတွက် အင်တာနက်ထဲမှာ ကိုယ်လိုချင်တဲ့ စာအုပ်တစ်အုပ်ရှာဖွေရတာ ဘယ်လောက်မှ မကြာမြင့်ပေမယ့် တစ်ချို့ အင်တာနက်နဲ့ စိမ်းနေဦးမယ့် မြန်မာမိသားစုဝင်တွေ အတွက် ပညာရပ်ပိုင်းဆိုရာ စာပေဗဟုသုတတွေ ရှာမှီးနိုင်ဖို့ အလကားရယူနိုင်တဲ့ စာအုပ် Site တစ်ချို့ဆီ ကျွန်တော်လမ်းညွှန် ပေးချင်ပါတယ်။ အင်တာနက်ထဲမှာ Freedownload ရယူနိုင်တဲ့ စာအုပ် Site ပေါင်း မြောက်များစွာ ရှိပါတယ်။ ကျွန်တော်ညွှန်ပြတဲ့ Site တွေက အကောင်းဆုံး စာအုပ် Site လို့ ကျွန်တော် မဆိုလိုပါ။ လူသိနည်းနေသေးတဲ့ Site ကောင်းတစ်ချို့ကို မှတ်သားထားနိုင်စေဖို့ ကျွန်တော် မျှဝေခြင်းသာ ဖြစ်ပါတယ်။
ခုအောက်မှာ ဖော်ပြသွားမှာကတော့ Free textbooks တွေ ရယူနိုင်မယ့် နေရာကောင်းတွေပဲ ဖြစ်ပါတယ်။

၁။ အဖိုးတန် textbooks များ မည်သည့်နေရာတွင် အလကား ရရှိနိုင်ပါသနည်း။



BookBoon ဆိုတာ European universities တွေရဲ့ academics အတွက် ရည်ရွယ်ပြီး PDF textbooks တွေကို ရွေးချယ်စုဆောင်းထားတဲ့ website တစ်ခု ဖြစ်ပါတယ်။ သူ့ Site မှာ ဖော်ပြထားတဲ့ Marketing ကနေစပြီး Biology အပါအဝင် အရာအားလုံးဟာ 100% legal ဖြစ်ပြီး အဲ့စာအုပ်တွေကို သူ့ Site ရဲ့ facebook app ကနေလည်း တိုက်ရိုက် ဒေါင်းလုပ်ချနိုင်အောင် စီစဉ်ပေးထားပါတယ်။

၂။ Computer science နှင့် programming textbooks များ မည်သည့်နေရာတွင် အလကား ရရှိနိုင်ပါသနည်း။


FreeTechBooks ဆိုတာ computer science နဲ့ programming books တွေကို ပြည့်ပြည့်စုံစုံ ရှာဖွေနိုင်တဲ့ Site တစ်ခုဖြစ်သလို သူ့မှာ ရှိနေတဲ့ စာအုပ်အားလုံးကို freely & legally အနေနဲ့လည်း ရယူနိုင်ပါတယ်။ တစ်ခြား Site တွေကလို တရားမဝင်တဲ့ စာအုပ်မျိုး ၊ Links မျိုးတွေ မရှိသလို အမြဲတန်းလည်း topics တွေအလိုက် ပုံမှန် updated ဖြစ်နေပြီး download ချနိုင်တဲ့ books တွေကြောင့် မှတ်သားထားသင့်တဲ့ Site တစ်ခု ဆိုလည်း မမှားပါဘူး။

၃။ Medical textbooks များအား မည်သည့်နေရာတွင် အလကား ရရှိနိုင်ပါသနည်း။



လတ်တလော အနေနဲ့ medical texts ပေါင်း ၃၀၀ ကျော်မက လက်ရှိရှိနေတဲ့ Freebooks4Doctors ဟာ ပုံမှန် PDF ebooks တွေကိုသာမက Journals တွေ - တစ်ခြား free ပေးထားတဲ့ medical books တွေရှိရာ ဆီကိုပါ Links တွေ ချိတ်ဆက်ပေးထားတဲ့ အတွက်ကြောင့်မို့ medical books တွေ လိုအပ်နေသူတွေ အတွက်တော့ စာပေဟင်းလေးအိုးကြီး သဖွယ် ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ယုံကြည့်မိပါတယ်။

၄။ University textbooks များ မည်သည့်နေရာတွင် အလကား ရရှိနိုင်ပါသနည်း။



University for Free ဆိုတာကတော့ ကျောင်းသားတွေ ကိုယ်တိုင် တည်ဆောက်ထားတဲ့ Site တစ်ခု ဖြစ်ပြီး တက္ကသိုလ်နဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေကို ကျောင်းသားအချင်းချင်း မျှဝေနိုင်အောင် စီစဉ်ဖန်တီးထားတဲ့ Site ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ တက္ကသိုလ်အသီးသီးရဲ့ များပြားလှတဲ့ သင်ရိုးတွေအလိုက် မဖြစ်မနေ လိုအပ်မယ့် စာရွက်စာတမ်းတွေကို ဝေမျှနိုင်ဖို့ ရည်ရွယ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ သူ့မှာ ဖိုရမ် တစ်ခုလည်း ရှိပြီး အဲ့ဒီဖိုရမ်ကနေ တစ်ဆင့် ကျောင်းသား အချင်းချင်း ပညာရပ်ဆိုင်ရာ ဆွေးနွေးနီှးနှော ဖလှယ်မှုတွေ - ဘယ်နေရာမှာ နောက်ထပ် အသုံးဝင်မယ့် resources တွေ ရှိဦးမလဲ ဆိုတဲ့ မျှဝေမှုတွေကို ဝင်ရောက် ရယူနိုင်ပါတယ်။ 

၅။ Online တွင် free textbooks များ မည်သည့်နေရာတွင် ဖတ်ရှု့နိုင်ပါသနည်း။



Flat world ဆိုတာ educational ပိုင်းဆိုင်ရာအတွက် ရည်ရွယ်ထားတဲ့ Site တစ်ခု ဖြစ်ပြီး ကျောင်းသားတွေကို သူတို့ လေ့လာချင်ရာ အကြောင်းအရာအလိုက် စာအုပ်စာတန်းတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တဲ့ Site တစ်ခု ဖြစ်ပါတယ်။ စာအုပ်အားလုံးကိုလည်း online မှာဖတ်ရှုဖို့ free ပေးထားပြီး ၊ တကယ်လို့ ကိုယ်ပိုင် စာအုပ်အနေနဲ့ ရယူချင်သူများ အတွက်လည်း သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ အားလုံးထဲမှာ အဆင်အပြေဆုံး ဖြစ်အောင် စီစဉ်ပေးထားတဲ့ အချက် တစ်ချက်ကတော့ ကျောင်းသား တစ်ယောက်ယောက်ဟာ စာအုပ်တစ်အုပ်လုံးကို မဝယ်ယူချင်ဘူး ဆိုရင်တောင် သူလိုအပ်တဲ့ chapters တစ်ခုချင်းစီ အလိုက် ပိုင်းခြား ဝယ်ယူနိုင်ခြင်းပါပဲ။ ( Online မှာပဲ ဖတ်မယ် ဆိုရင်တော့ အားလုံး တစ်အုပ်လုံးကို Free ဖတ်နိုင်ပါတယ်။ )

၆။ ပြင်ဆင်တည်းဖြတ်လို့ ရသည့် Textbooks များ မည်သည့်နေရာတွင် အလကားရရှိနိုင်ပါသနည်း။


Wikibooks ဆိုတာ Wikimedia community ကနေ ဖန်တီးထားပြီး မည်သူမဆို ပြင်ဆင်တည်းဖြတ်နိုင်အောင် ဖန်တီးပေးထားတဲ့ ပညာရပ်ဆိုင်ရာ free library တစ်ခုပဲ ဖြစ်ပါတယ်။ ငွေကြေးတန်ဖိုး မြင့်မားတဲ့ စာအုပ်တွေထက်စာရင် Wikibooks တွေဟာ အလွယ်တကူ copy လုပ်နိုင် ၊ ပြင်ဆင်နိုင် ၊ တစ်ခြားသူတွေအတွက်ပါ အလကားဖြန့်ဝေနိုင်တာမို့ သဘောကျစရာ ကောင်းလှပါတယ်။

၇။ Highschool Textbooks များ မည်သည့်နေရာတွင် အလကားရရှိနိုင်ပါသနည်း။



FHSST or Free High School Science Texts ဆိုတာ နိုင်ငံခြား တက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ Grades 10 ကနေ 12 ကလေးငယ်များအတွက် သိပ္ပံနဲ့ သချာင်္ဆိုင်ရာ textbooks တွေကို free ရယူနိုင်ပါတယ်။ နိုင်ငံခြား တက္ကလိုလ်လို့ ဆိုပေမယ့် တကယ်တမ်း လေ့လာမယ်ဆိုရင် ကိုယ့်သားသမီးလေးတွေအတွက် အဆင့်မြင့် ပညာတွေ လေ့လာနိုင်စေဖို့ ညွှန်ပြနိုင်တဲ့ Site တစ်ခုဆိုလည်း မမှားပါဘူး။ အထူးသဖြင့် ရည်ရွယ်ချက်ကတော့ တောင်အာဖရိက နိုင်ငံမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေရဲ့ သင်ရိုးအတွက် အဓိက ဦးတည်ချက် ထားတာ ဖြစ်ပြီး - နိုင်ငံတကာက ကျောင်းသားလူငယ်တွေ အတွက်လည်း အသုံးတည့်တဲ့ website တစ်ခုလည်း ဖြစ်ပါတယ်။

၈။ ကဏ္ဍစုံလင်သည့် စာအုပ်ပေါင်းစုံအား မည်သည့်နေရာတွင် တစ်နေရာတည်း ဖတ်ရှု့လေ့လာ နိုင်ပါသနည်း။



Scribd သူကတော့ ကျွန်တော် အမြဲ ဖတ်ဖြစ်နေကျ Site တစ်ခုပါပဲ။ စာအုပ်ပေါင်းစုံကို တစ်နေရာတည်းမှာ ရသစုံစုံလင်လင်နဲ့ ဖတ်ရှု့နိုင်သလို uploader ရဲ့ ခွင့်ပြုချက်ပေါ် မူတည်ပြီး စာအုပ်တော်တော်များများကိုလည်း free download ရယူနိုင်ပါသေးတယ်။ အရင်တုန်းကဆိုရင်တော့ Download ရယူဖို့ အတွက်ဆိုရင် Account တစ်ခု အသင့်ရှိနေဖို့ လိုအပ်ပြီး ခုချိန်မှာတော့ Facebook account ရှိသူတိုင်းအတွက် နောက် Account တစ်ခု create လုပ်စရာ မလိုပဲ အသင့်သုံး အနေအထားနဲ့ အသုံးပြုနေနိုင်ပါပြီ။

မြန်မာမိသားစုဝင်များ စာပေဗဟုသုတ ဆထက်တန်ပိုး တိုးတက်နိုင်ကြပါစေ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts