Windows 10, Myanmar Fonts and Configuration Settings Review

Leave a Comment

Windows 10 ကို Virtual Box နဲ့ စမ်းသုံးကြည့်လိုက်တော့ အမြင်အားဖြင့် ဘာမှ သိပ်ထူးခြားမှု မရှိသလို ထင်ရပေမယ့် လက်တွေ့မှာ အပြောင်းအလဲ အတော်များများ ပြုလုပ်ထားတာ တွေ့လာရတယ်။ ဝင်းဒိုးထဲစဝင်ဝင်ချင်းမှာ ပထမဆုံး သတိထားမိတာက Start Menu - သိရသလောက် Desktop နဲ့ Laptop Users အများစုက Charms Bar နဲ့ Start Menu Screen ကို သဘောမကျကြဘူး။ လှသလိုလို ခံစားရပေမယ့် Touch-Enabled Devices မဟုတ်လို့ ထင်သလောက် အသုံးမတဲ့ဘူးလို့ ယူဆလို့ရတယ်။ ဒါကို မိုက်ကရိုဆော့ဖ်ကလည်း လက်ခံတယ်။ နောက်လာမယ့် Windows 10 Final Version မှာ Charms Bar က Touch-Enabled Devices တွေကလွဲရင် ပါလာမှာ မဟုတ်တော့ဘူး။ Start Menu Screen ကတော့ "Taskbar and Start Menu Properties" Dialog Box အောက်က "Start Menu" Tab အောက်မှာရှိတဲ့ "Use the Start menu insted of the Start Screen" ကို Deselect လုပ်ပေးလိုက်ရင် အရင်လို ပြန်ရပါတယ်။


ပြီးတော့ Restart နဲ့ Shut Down ကလည်း အရင်တုန်းကထက်စာရင် Access လုပ်ဖို့ အများကြီး လွယ်ကူသွားပြီ။ အိမ်မှာ တစ်လခြား တစ်ခါလောက် ဝင်းဒိုးပြောင်းတင်လေ့ရှိတော့ Windows 8 တင်တိုင်း အိမ်ကမိန်းမနဲ့ အမြဲပြဿနာ တက်ရတယ်။ သူက Restart နဲ့ Shut Down ဘယ်နားရှိတယ်ဆိုတာ မရှာတတ်ဘူး။ နောက်ပိုင်း သင်ပေးလို့ သုံးတတ်သွားပေမယ့် Windows 8 တို့ 8.1 တို့ဆို သူအာရုံ သိပ်မလာတာ ကျွန်တော် သတိထားမိတယ်။ ခုတိုင်းဆို Windows 10 မှာတော့ အာရုံပြန်လာမယ့် သဘောရှိတယ်။


နောက်ပြီး ဝင်းဒိုးထဲ စရောက်ရောက်ခြင်းမှာ တစ်ခြား ဘာမှ လိုက်မကြည့်ပဲ  မြန်မာဘာသာနဲ့ ပြောင်းသုံးလို့ ရမရ ပထမဆုံး သွားကြည့်ဖြစ်တယ်။ အဖြေကတော့ လက်ရှိအချိန်ထိ "No" ပါ။ အရင် Windows 8 မှာတုန်းကတော့ Windows စတင်တင်ချင်း Keyboard or Input Method မှာ Myanmar ဆိုပြီး ရွေးစရာပါလာတာ သတိထားမိတယ်။ စမ်းလည်း စမ်းကြည့်ခဲ့ဖူးတယ်။ အဲ့လိုတင်လိုက်ရင် မြန်မာလက်ကွက်နဲ့ Keyboard တစ်ခုပါလာပေမယ့် လက်တွေ့သုံးကြည့်တဲ့အခါ တစ်ခြား မြန်မာကီးဘုတ်တွေ ထပ်တင်ရင် Conflict ဖြစ်နေတဲ့ အနေအထားမျိုး တွေ့ရတယ်။ ကိုယ့်စက်တစ်ခုတည်း ဖြစ်တာလားတော့ မပြောတတ်ဘူး။ အခုလည်း Windows 10 မှာ Myanmar Fonts ဆိုလို့ Myanmar Text ဆိုတဲ့ ဖောင့်တစ်မျိုးတည်းကိုပဲ Regular နဲ့ Bold ဆိုပြီး ၂ မျိုးခွဲ ထည့်ပေးထားတာ တွေ့ရတယ်။ အဲ့တာကိုတော့ အားမရဘူး။


နောက်ထပ် စပ်စုမိတာတစ်ခုက အရင် x32-bit Windows တွေမှာ မြန်မာဖောင့်နဲ့ ပတ်သတ်ပြီး ပြဿနာ မရှိခဲ့ဘူး။ မြန်မာလိုမြင်ချင် မြန်မာလိုရိုက်ချင်ရင် သုံးနေကျ Alpha Zawgyi Version 2.0.0.12 သုံးလိုက်ရင် အားလုံးအဆင်ပြေသွားတယ်။ ဒါပေမယ့် x64-bit ကိုပြောင်းသုံးတော့ ကီးဘုတ်က အဆင်ပြေပေမယ့် တချို့ Apps တွေမှာ မြန်မာလို ကောင်းကောင်းမပေါ်တာ တွေ့လာရတယ်။ ဒါပေမယ့် Windows 7 x64-bit အထိ အဲ့တာက ပြဿနာ မဟုတ်သေးဘူး။ ဘာလို့လည်းဆိုတော့ Personalization အောက်က Window Color and Apperence ကို ဝင်လိုက်ရင် Advanced Apperance Settings ဆိုတာရှိတယ်။ အဲ့မှာ Item တစ်ခုချင်းစီကို လိုချင်တဲ့ Font ပြောင်းလို့ရတယ်။ ဒီလောက် အဆင်ပြေနေတဲ့ Apperance Settings က Windows 8 နဲ့ 8.1 လည်း ရောက်ရော ဘယ်နားရောက်သွားမှန်း မသိတော့ဘူး။ အဲ့ဒီ့ Advanced Apperance Settings မပါတာက x32-bit Windows မှာ Alpha Zawgyi Version 2.0.0.12 ရှိနေလို့ ပြဿနာ မဟုတ်ပေမယ့် x64-bit ကိုလည်း ပြောင်းရော အဆင်မပြေတော့ဘူး။ ဒီပြဿနာတွေ ပြေလည်ဖို့ Advanced Apperance Settings များ Windows 10 မှာ ပြန်ပါမလားဆိုပြီး ရှာကြည့်မိတယ်။ လက်ရှိ Windows 10 Technical Preview မှာ ပါမလာသေးတာတော့ သေချာသွားပါပြီ။ Final မှာ ပြန်ပါလာနိုင်မလား ဒါကိုတော့ စောင့်ကြည့်ရဦးမယ်။


နောက်ထပ်ထူးခြားတာတွေကတော့ အရင်က သီးခြားစီဖြစ်နေတဲ့ Metro / Modern / Universal / Windows Store Apps တွေ အခုဆို Desktop ပေါ်မှာ Run နိုင်နေပြီ။ နောက်ပြီး Linux မှာ ရှေးပဝေသဏီတည်းက သုံးလို့ရတဲ့ Virtual Desktops အခု Windows မှာလည်း သုံးနိုင်ပြီ။ နောက် Command Prompt မှာလည်း အများကြီး ပြောင်းလဲမှုလုပ်ထားတာ တွေ့ရတယ်။ အဲ့တာကိုတော့ နောက်မှ ထပ်ရေးဦးမယ်။

TechSectors.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts