Can't Download Youtube Videos ?

Leave a Comment
Youtube ပြဿနာက တစ်ချို့လည်း သတိထားမိနေကြပြီ - တစ်ချို့လည်း သတိမထားမိကြသေးဘူး - သတိမထားမိတာ ကျွန်တော်တို့ မြန်မာက မိသားစု တော်တော်များများက Youtube သိပ်မကြည့်ကြတာရော - ကျော်ကြည့်မှ ရတာမျိုးဆိုတော့ သိပ်မဝင်ဖြစ်ကြတာနဲ့ သတိမထားမိတာ ဖြစ်မယ် ထင်မိတယ် -

ခုနောက်ပိုင်း အရင်က ပေးထားတဲ့ Youtube video downloading applications တော်တော်များများ ( တော်တော်များများဆိုတာ အကုန်တော့ မဟုတ်သေး ) အလုပ်မလုပ်တော့ပါဘူး - ဘာလို့လည်း ဆိုတော့ Youtube (Google) က သူတို့ဆီမှာရှိတဲ့ favorite videos တွေကို သူတို့အတွက် အကျိုးအမြတ် တစ်ပြားတစ်ချပ် မရပဲ အလကားမတ်တင်း ဒေါင်းလုပ်ချနေကြတာကို လက်မခံနိုင်တော့လို့ပါ -


အဲတာကလည်း Youtube (Google) အပြစ်တော့ မဟုတ်ဘူး - သူတို့မလည်း တစ်နေ့နဲ့ တစ်နေ့ ဒီ သန်းနဲ့ချီတဲ့ Video clips တွေအတွက် ထိန်းသိမ်းခ ကုန်ကျစရိတ်တွေ ဆိုတာ ရှိသေးတယ် မလား - အဲတာကြောင့် ခုလို ဝင်ငွေရှာတဲ့ ဘက်ကို ကူးသွားတာပါ - ဒါပေမယ့် လောလောဆယ်တော့ Youtube video downloading applications တွေ သုံးလို့ မရဘူးလို့ ဆိုပေမယ့် တစ်ချို့ သုံးလို့ ရနေသေးတာတွေ ရှိသလို - ကျွန်တော် လက်ရှိသုံးနေတဲ့ Internet Download Manager v6.04 Build 2 ကလည်း Youtube ကနေ ဒေါင်းလုပ်ချလို့ ရနေပါသေးတယ် - ကျွန်တော် အရင် သတိထားမိသလောက် IDM မှာမှ 6.03 Beta အမြင့်ပိုင်း version တွေလည်း ရသေးတာ သတိထားမိပါတယ် - ဆိုလိုတာ Internet Download Manager v6.03 Beta 11 - Beta 14 စတာမျိုးတွေပေါ့ - Beta အနိမ့်ပိုင်း တွေတော့ ကျိန်းသေ မပြောတတ်ပါဘူး - Internet Download Manager v6.04 ကလည်း ကျွန်တော် သတိထားမိသလောက် လတ်တလော သိပ်မငြိမ်သေးဘူးဗျ - ခဏခဏ Key ပြဿနာ တက်နေတယ် - လတ်တလော ကျွန်တော်သုံးနေတဲ့ Internet Download Manager v6.04 build 2 နောက်အသစ်လေးတော့ ခုထက်ထိ ပြဿနာ မတက်သေးဘူး - လိုမယ်ဆို အောက်မှာ ယူလို့ရပါတယ် - အရင်တုန်းက သုံးခဲ့တဲ့ Cracked အဟောင်းကို Crack Updated On: January 11, 2011 မှ အသစ်လဲပြီးသုံး ထားတာမို့လို့ အားလုံးအဆင်ပြေလိမ့်မယ်လို့ ယူဆမိပါတယ် -
   
Internet_Download_Manager__IDM__v6.04_Build2.rar(7.56 MB)
http://up4vn.com/?d=0NGDTHU8                     


အဲ့တော့ ကျွန်တော်တို့ ပထမနည်းလမ်း အနေနဲ့ အပေါ်မှာ ဖော်ပြထားတဲ့ IDM နဲ့ Youtube က Video clips တွေ Download ချလို့ ရမယ် - ဒါ့အပြင်နောက်ထပ် နည်းတွေ ရှိပါသေးတယ် -

ဥပမာ ပြောရရင် -




- အဲ့ကို သွားရင် အဆင့်လေးဆင့် ထည့်ပေးရမှာ ရှိတယ်



Step ( 1 ) မှာ ကိုယ် Download ချချင်တဲ့ Youtube ရဲ့ URL ထည့် - နောက်တစ်ဆင့်မှာ ဘယ်လို ဖိုင်မျိုး လိုချင်လဲ ရွေး - နောက်တစ်ဆင့်မှာ သူက ကိုယ့်ဆီ Download link ပို့ပေးလို့ ရအောင် Email ထည့်ပေး - နောက်ဆုံး တစ်ဆင့်မှာ Convert ပေါ့ -

 


တစ်ခုရှိတာ က Email ပေးရင် ကိုယ် အမြဲသုံးတဲ့ Email အစား Secondary Email ထည့်ပေးတာ ပိုကောင်းပါတယ် - Secondary Email မှ ထည့်မပေးချင်ဘူးဆိုရင်လည်း 10minutemail.com က Email တစ်ခုကို ခဏယူသုံးပြီး ထည့်ပေးနိုင်ပါတယ် - ကောင်းတာကတော့ Secondary Email သုံးတာ ဒီနေရာမှာ ပိုကောင်းပါတယ် - ဘာကြောင့်လည်းဆို Zamzar က Download ချဖို့ Email ပို့ပေးမယ် ဆိုပေမယ့် လူအများနဲ့ လုပ်ဆောင်နေရတာမို့ စာအဝင် နဲနဲ ကြာတတ်ပါတယ် - 10minutemail.com က Email က 10 မိနစ်ခံ Mail ပါ - ဒါ့ကြောင့် ကိုယ်သွင်းပေးလိုက်တဲ့ Mail က 10 မိနစ်နေရင် ပျက်မှာမို့လို့ Zamzar ကနေ စာဝင်မလာခင် Mail ဖျက်သွားရင် လုပ်ထားသမျှ အလကားဖြစ်နိုင်ပါတယ် - အဲလို မဖြစ်ချင်ရင် 10minutemail.com မှာ မိနစ်ပိုတောင်းလို့ ရတာရှိသေးပေမယ့် စာရောက်မလာသေးတိုင်း မိနစ် တိုးတောင်းနေဖို့ကလည်း အဆင်မပြေပြန်ပါဘူး - ဒါ့ကြောင့် Secondary Email ကို သုံးစေချင်တာပါ - Secondary Email သုံးစေချင်တဲ့ တစ်ခြား အကြောင်းတွေ သိချင်သေးရင် ချစ်သမီးသို့ ပေးစာ အမှတ် ( ၁ ) ရှင်းပြထားတာ ရှိပါတယ် - လေ့လာကြည့်ပါ -


သူလည်း လတ်တလော အလုပ်လုပ်သေးတယ် - ဘာလို့လည်းဆိုတော့ သူက Webpage ကနေပြီး Video ကို တိုက်ရိုက် ဆွဲယူတာမို့လို့ -




သူကနေပြီးလည်း ကိုယ်ဒါင်းလုပ်ချချင်တဲ့ Youtube က Video clip ရဲ့ URL ကို paste လုပ်ပြီး download ချလို့ ရပါသေးတယ် - တစ်ခုချွင်းချက်ရှိတာ အဲလို ဆိုဒ်မျိုးတွေကနေ Youtube video ကို download ချချင်တယ်ဆိုရင် Java Runtime Environment စက်မှာ installed လုပ်ထားပြီး ဖြစ်ဖို့လိုပါတယ် - Java Runtime Environment က Free ပါ - ဖော်ပြထားတဲ့ နေရာမှာ ယူနိုင်ပါတယ် -




သူကလည်း KeepHD နဲ့ သဘောတရားချင်း ဆင်ပါတယ် - Java Runtime Environment စက်မှာ installed လုပ်ထားပြီး ဖြစ်ဖို့လိုပါတယ် - ကိုယ်ဒေါင်းလုပ်ချချင်တဲ့ Youtube က Video clip ရဲ့ URL ကို paste လုပ်ပြီး download ချချင်တဲ့ format ကိုရွေးပေးပြီး ဆက်သွားယုံပါပဲ -




သူကလည်း KeepVid နဲ့ သဘောတရားချင်း ဆင်ပါတယ် - Java Runtime Environment စက်မှာ installed လုပ်ထားပြီး ဖြစ်ဖို့လိုပါတယ် - ကိုယ်ဒေါင်းလုပ်ချချင်တဲ့ Youtube က Video clip ရဲ့ URL ကို paste လုပ်ပြီး download ချချင်တဲ့ format ကိုရွေးပေးပြီး ဆက်သွားယုံပါပဲ -

( 6 ) kissyoutube.com



သူက website ကို သွားဖို့ မလိုဘူး - ကိုယ်ဒေါင်းလုပ်ချချင်တဲ့ Youtube Video clip ရဲ့ URL ရှေ့မှာ kiss ဆိုတဲ့ စာလုံးလေးလုံးရိုက်ပြီး Enter ခေါက်လိုက်ပါ - အဲလိုဆို သူ့ website မူရင်း စာမျက်နှာမှာ ကိုယ်လိုချင်တဲ့ Video clip ကို ဒေါင်းလုပ်ချဖို့ အသင့် အနေအထားနဲ့ ရောက်သွားပါလိမ့်မယ် -
   
သတိပြုရန် !! - တစ်ခု သိထားဖို့က အထက်ပါ နည်းတွေ အကုန်လုံးဟာ Java Runtime Environment စက်မှာ installed လုပ်ထားပြီးသား ဖြစ်ဖို့လိုပြီး အောက်ဖော်ပြပါလိုမျိုး သတိပေးစာ တက်လာတဲ့ အခါ Always trust content from this publisher. မှာ အမှန်ခြစ်ပေးပြီး run ပေးဖို့ လိုပါတယ် -        


တစ်ခြားနည်းလမ်းတွေလည်း ရှိသေးပေမယ့် ခုဖော်ပြခဲ့သလောက်ဆို Youtube ကနေ ဒေါင်းလုပ်ချဖို့ အဆင်ပြေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် -

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts