Chrome and Sync settings across multiple computers

Google Chrome နဲ့ ပတ်သတ်ပြီး ကိုယ်တိုင်သုံးနေကြပေမယ့် သိပ်သတိမထားမိကြသေးတဲ့ Personal Stuff လေး တစ်ခုအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း Google Chrome သုံးနေပြီး တော်တော်ကြာတဲ့ အချိန်ထိ ဒီ Feature ရှိနေတယ် ဆိုတာ သတိမထားမိခဲ့ဘူး - ဒီနေရာကနေ သွားမယ် ဆိုရင် အောက်ဖော်ပြပါအတိုင်း တွေ့ရမယ့် Personal Stuff အောက်က Sync feature အကြောင်းပါ။

Sync ဆိုသည်မှာ အဘယ်နည်း။

Sync ဆိုတာ တကယ်တော့ အတိုကောက်အခေါ်ပါ - သူ့ကို နောက်တစ်မျိုး အနေနဲ့ Synchronization - Synchronized လို့လည်း ပြောကြ ရပါတယ်။ Synchronization နဲ့ ပတ်သတ်ပြီး အဓိပ္ပါယ် ဖွင့်ဆိုမယ်ဆိုရင် အသုံးပြုရာ နယ်ပယ်အလိုက် အဓိပ္ပါယ် ကွာခြားချက်တွေ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် Computer science နယ်ပယ် တစ်ခုတည်းကနေ ကြည့်ပြီး အဓိပ္ပါယ် ဖွင့်ဆိုမယ် ဆိုရင်တော့ သူဟာ လိုလားချက်တူညီတဲ့ လုပ်ဆောင်ချက် နှစ်ရပ်ကို တစ်ဆက်တစ်စပ်တည်း ဖြစ်အောင် ပေါင်းစည်းပေးတဲ့ လုပ်ငန်းစဉ်လို့ ဆိုနိုင်ပါတယ်။ ဟုတ်ပါတယ်။ တကယ်တော့ အဓိပ္ပါယ်ဖွင့်ဆိုချက်တိုင်းဟာ နားလည်လွယ်တာမျိုး မဟုတ်ပါဘူး - ဒီ့ထက်နားလည်လွယ်အောင် ဥပမာ ပေးကြည့်ပါမယ်။

Google Chrome နှင့် Sync settings 

ကျွန်တော်တို့တွေ Google Chrome သုံးနေကြပြီ - Browser ဖြစ်တဲ့ အတွက် Themes လေးတွေ ပြင်တာ ရှိမယ်။ Bookmarks လေးတွေ မှတ်တာရှိမယ်။ လိုတဲ့ Extensions လေးတွေ သွင်းတာ ရှိမယ်။ စိတ်ကြိုက် အားလုံး ပြင်ဆင်ပြီးသွားတာတော့ ဟုတ်ပြီ - ဒါပေမယ့် အကြောင်း အမျိုးမျိုး Windows အသစ် Reinstall ပြန်လုပ်ရတဲ့ အချိန်မှာ ဖြစ်စေ - တစ်ခြား စက်တစ်ခုကနေ Google Chrome ကို အသုံးချရတဲ့ အခြေအနေတစ်ခုမှာဖြစ်စေ - တစ်ချိန်က ကိုယ့်စိတ်ကြိုက် ပြင်ဆင်ထားပြီးသား အခြေအနေအတိုင်း Browser preferences တွေ - Themes တွေ - Extensions တွေ - Bookmarks တွေ အားလုံးကို ပြန်ရအောင် ဘယ်လို လုပ်ဆောင်ကြမလဲ - အားလုံးကို တစ်ကနေ ပြန်စပြီး နောက်တစ်ကြိမ် ပြန်သွင်းကြမှာလား။ ဒီလိုဆိုရင်တော့ တော်တော်လေး အချိန်ပေးရပါလိမ့်မယ်။ စိတ်ပျက်စရာလည်း ကောင်းပါလိမ့်မယ်။


ပြောရရင် လုပ်ဆောင်ထားပြီးသား အခြေအနေတစ်ခုကို နောက်ကွန်ပြူတာတစ်ခု ရောက်သွားလို့ ( ဒါမှမဟုတ် ) အခြေအနေတစ်ခု ပြောင်းသွားလို့ နောက်တစ်ကြိမ် ဒီ Process ကိုပဲ ထပ်မံလုပ်ဆောင်ရတာမျိုး မဖြစ်ရအောင် Google Chrome မှာ Sync settings ဆိုတာ ထည့်သွင်းပေးထားပါတယ်။ သူ့ရဲ့ သဘောက ကိုယ်သုံးနေတဲ့ Chrome browser ကို Sync လုပ်ထားလိုက်မယ် ဆိုရင် - လက်ရှိ Browser မှာ ကိုယ်ပြင်ဆင်ထားတဲ့ Browser preferences တွေ - Themes တွေ - Extensions တွေ - Bookmarks တွေ အားလုံးကို Web ပေါ်မှာ ရှိနေတဲ့ ကိုယ့်ရဲ့ Google account နဲ့ ချိတ်ဆက်ပြီး အင်တာနက်ထဲမှာ သိမ်းဆည်းပေးသွားမှာပါ။


ဒီလို Sync လုပ်ဆောင်ထားခြင်း အားဖြင့် စက်တစ်လုံးမှာ ကိုယ်ပြင်ဆင်ထားတဲ့ Google Chrome ရဲ့ အပြင်အဆင်အားလုံးကို နောက်စက်တစ်လုံးမှာ တစ်ကနေစပြီး လိုက်ပြင်ဆင်နေစရာ မလိုတော့ပဲ Personal Stuff [chrome://settings/personal] ကနေတစ်ဆင့် ဝင်ပြီး Sync ကို Set up လုပ်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း အရင်တစ်ချိန်က ပြင်ဆင်ထားပြီးသား Google Chrome ရဲ့ အပြင်အဆင် အားလုံးကို တစ်သွေမတိမ်း ပြန်ရရှိမှာ ဖြစ်ပါတယ်။


Sync feature အား အသုံးပြုခြင်း

Sync feature ကို အသုံးပြုဖို့အတွက် အရင်ဆုံး လုပ်ဆောင်ထားရမှာ လက်ရှိ ကိုယ်သုံးနေတဲ့ အားလုံး စိတ်ကြိုက် ပြင်ဆင်ထားပြီး Google Chrome Browser ကို Sync လုပ်ထားဖို့ လိုပါတယ်။ ဒီ့အတွက် Personal Stuff [chrome://settings/personal] ကိုသွားပြီး Set up sync ကို ဝင်ပါ။


Sync လုပ်ဖို့ ကိုယ် အမြဲတမ်းသုံးချင်တဲ့ Google Account ကိုဝင်ပါ။


နောက်တစ်ဆင့် ဆက်သွားရင် Sync everything လုပ်မှာလား - Customize လုပ်မှာလား ဆိုတဲ့ ရွေးချယ်စရာ နှစ်ခု တွေ့ပါလိမ့်မယ်။ Sync everything ရဲ့ သဘောက Browser နဲ့ ပတ်သတ်ပြီး ကိုယ်ပြင်ဆင်ထားသမျှ သိမ်းဆည်းထားသမျှ အားလုံးကို Web ပေါ်တင်မယ် ဆိုတဲ့ သဘောပါ။ Customize ရဲ့ သဘောကတော့ Bookmarks ဆို Bookmarks သီးသန့် - Extensions ဆို Extensions သီးသန့်ပဲ သိမ်းချင် သူမျိုးတွေအတွက် အသုံးတည့်ပါတယ်။ တကယ်လို့ Customize ကို ရွေးမယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း တွေ့ရမှာဖြစ်ပြီး ကိုယ် Sync မလုပ်စေချင်တဲ့ ကဏ္ဍတွေကို Click ဖြုတ်ခဲ့ပါ။


ဒီလိုဆိုရင် ကိုယ်ရွေးချယ်ပေးတဲ့ အတိုင်းပဲ Sync လုပ်သွားပါလိမ့်မယ်။ လတ်တလောသုံးနေတဲ့ Browser setting ကို Sync လုပ်ပြီးသွားပြီ ဆိုတာနဲ့ နောက်ကြိုက်တဲ့ အချိန်တိုင်း Windows အတင်အချ - Browser အဖြုတ်အတပ် - Computer အချိန်းအပြောင်း လုပ်ဆောင်ချိန်တိုင်းမှာ Google Chrome browser ကို နောက်တစ်ကြိမ် တစ်ကနေ စပြီး Setings ပြန်ချဖို့ မလိုတော့ပဲ။ Personal Stuff [chrome://settings/personal] ကိုသွားပြီး Sync ကို Set up လုပ်လိုက်တာနဲ့ Web ပေါ်မှာ သိမ်းထားပြီးသား ကိုယ့်ရဲ့ Browser settings က ကိုယ့် Google Chrome browser ထဲကို ရောက်လာမှာ ဖြစ်ပါတယ်။

KznT.

How to Use Userscripts


တစ်နေ့နဲ့ တစ်နေ့ အမြဲလိုလို ရောက်ဖြစ်နေတဲ့ အင်တာနက်ကမ္ဘာထဲမှာ အားလပ်ချိန်တိုင်း ဟိုဒီလည်ပတ်ရင်း ကျွန်တော်တို့ရဲ့ အချိန်တွေကုန်ဆုံး သွားတတ်ကြပေမယ့် ဒီ အင်တာနက်ကနေ ကျွန်တော်တို့အတွက် ဘာတွေများ ရယူနိုင်ခဲ့ကြပြီလဲ ??

အင်တာနက်နဲ့ ပတ်သတ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အသုံးချတဲ့ ပုံစံခြင်းတော့ တူကြလိမ့်မယ် မထင်ပါဘူး - တစ်ချို့က ဖျော်ဖြေရေးအတွက် - တစ်ချို့က ပညာရေးအတွက် - တစ်ချို့က စီးပွားရေး - လူမှုရေးတွေအတွက် စသဖြင့် .... ဘယ်လိုပဲ ဖြစ်ဖြစ် အင်တာနက်နဲ့ ပတ်သတ်လာခဲ့ကြပြီ ဆိုရင် ကောင်းတာ မကောင်းတာ နောက်ထား - လူတိုင်းမှာ ကိုယ်စိတ်ဝင်စားရာ စိတ်ဝင်စားရာအလိုက် အကြိုက်ဆုံး web sites - အမြဲ ဝင်ကြည့်ဖြစ်တဲ့ web sites ဆိုတာမျိုး ရှိတတ်ကြပါတယ်။ ဥပမာ Facebook ပဲ ဆိုကြပါစို့ - Facebook နဲ့ ပတ်သတ်ပြီး ခုနောက်ပိုင်း လူငယ်တော်တော်များများ Style တစ်ခုလို သုံးလာကြပြီ - ဂိမ်းတွေ ဆော့ကြတယ် - သူငယ်ချင်းတွေ ရှာကြတယ်။ Facebook ကနေ တစ်ဆင့် ကျွန်တော်တို့ သူငယ်ချင်း အသိမိတ်ဆွေတွေ အများကြီး ရခဲ့ပြီ - ချစ်ဖို့ ကောင်းတဲ့ ဂိမ်းတွေလည်း မနည်းမနောဆော့ခဲ့ဖူးပြီ - အဲ့တာနဲ့ ပတ်သတ်ပြီး ကြုံခဲ့ဖူးတဲ့ Games အတွေ့အကြုံတွေကို Top 20 Facebook Games ဆိုပြီးလည်း ရေးထားပေးခဲ့ဖူးပါတယ်။ ခုနောက်ပိုင်းလည်း Facebook ထဲမှာပဲ ဆော့လို့ရတဲ့ဂိမ်း အသစ်တွေ ထပ်ပေါ်လာတာ ရှိတယ်။ ဒါပေမယ့် Facebook သုံးဖြစ်ခဲ့တဲ့ ကာလတစ်လျှောက် တကယ်ရော စိတ်ကျေနပ်မှု ရခဲ့ရဲ့လား။

တကယ်တော့ လူဆိုတာ ဘယ်တော့မှ လိုလားချက် မပြည့်ဝနိုင်တဲ့ သက်ရှိတွေလို့များ ပြောရမလား ?? Facebook နဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ သဘောမကျစရာတွေ တော်တော်များများ ရှိပါတယ်။ ဥပမာ ပြောရရင် ကျွန်တော် တစ်ချိန်က Facebook မှာ လယ်စိုက်တဲ့ FarmVilleဂိမ်းဆော့ခဲ့တယ်။ သူ့ သဘောက မျိုးစေ့လေးတွေ ချပြီးသွားရင် နောက်တစ်နေ့ ( သူသတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုထိ ) စောင့်ပြီးတော့မှ ပေါက်လာတဲ့ အပင်လေးတွေက အသီးအနှံလေးတွေကို ပြန်ရိတ်သိမ်းရတာ။ ကျွန်တော်က တစ်ခါစိုက်ထားပြီးရင် ပုံမှန် ပြန်ဝင်ကြည့်ဖြစ်လေ့ မရှိဘူး - သူက နောက်တစ်ရက် ကြာမယ်လို့ ပြောထားရင် နောက်ရက် ဝင်ကြည့်ရမယ် ဆိုတာ သိပေမယ့် ဘယ်နှစ်နာရီ ပြန်ဝင်ကြည့်ရမယ် ဆိုတာမျိုးကို တွက်ပြီး မှတ်မထားမိတော့ တစ်ခါတစ်လေ နောက်ကျပြီး အပင်လေးတွေ သေသေသွားကြတယ်။ အပင်သေတော့ ပိုက်ဆံ မရဘူးပေါ့ဗျာ။  နောက်ပြီး ခဏခဏ ရောက်လာတတ်တဲ့ လက်ဆောင်တွေကို ကလစ်တစ်ခါ ပေးမှ တစ်ခုရတာမျိုး ကျွန်တော် မကြိုက်ဘူး။ Neighbors လိုလို့ Add ချင်ပြန်ရင်လည်း ထိုနည်းလည်းကောင်း တစ်ယောက်ချင်းစီ လိုက် Add နေရတယ်။ ပြောရရင် အချိန်ကုန်တယ်ပေါ့ဗျာ။ နောက်ပြီး ဒီနေ့ သူငယ်ချင်း အယောက် ၁၀ဝ၀ ရှိတယ်ထား - နောက်နေ့ကျတော့ ၁၀ဝ၀ မပြည့်တော့တာမျိုးလည်း ဖြစ်ဖူးကြမယ် ထင်တယ်။ အလွယ်ပြောရရင်တော့ တစ်ယောက်ယောက်က ကိုယ့်ကိုယ် Friend list ကနေ ဖျက်သွားတာမျိုးပေါ့ - ဒီလိုဆို ဘယ်သူက ဖျက်လို့ ဖျက်သွားမှန်းလည်း မသိ။ ပြန်ကြည့်လို့ ကလည်း မလွယ်။ အဲ့တာမျိုးတွေလည်း ကျွန်တော် မကြိုက်ဘူး။

နောက်ပြီး Mafia ဆော့ခဲ့ဖူးတယ်။ Mafia မှာ Job help ခေါ်တယ် ဆိုတာ ရှိတယ် - သူက တစ်ခါခေါ်ရင် သတ်မှတ်ထားတဲ့ လူအရေအတွက်အတိုင်း ကိုယ့် သူငယ်ချင်းတွေက ကိုယ့် Job ကို ဝင်ကူမှ ပိုက်ဆံရော Mission ရော အပြည့်ရတယ်။ အဲ့မှာ ဖြစ်တာက Job help ခေါ်ရင် လူစောင့်ရတဲ့ ပြဿနာ - ဘယ်သူတွေ ဘယ်တော့ ဝင်ကူမလဲ ဆိုတာ ကျွန်တော် လူစောင့်ရတာမျိုး လုံးလုံး သဘောမကျဘူး - Friend lists ထဲက လူတွေကလည်း အဲ့တုန်းက Mafia ဆော့ကြတာ နည်းတော့ သိပ်လည်း အကူအညီတောင်းလို့ မရဘူး - Mafia ဆော့တဲ့ သူတွေကို ရှာပြီး Add ထားရင် ရပေမယ့်လည်း မသိတဲ့ သူတွေကျပြန်တော့ Job help လေး ကူခိုင်းချင်တာ တစ်ခုတည်း အတွက်နဲ့ Friend lists ထဲ မထည့်ချင်ဘူး - အဲ့တာနဲ့ ဘယ်လို လုပ်လဲ ဆိုတော့ Facebook အကောင့်ကို ၁၀ ခု မက လုပ်လိုက်တယ်။  နာမည်တွေတော့ မျိုးစုံ ပေးတာပေါ့ဗျာ - ဥပမာ - မိုက်ခဲလေး - လေးခဲမိုက် - ခဲမိုက်လေး စသဖြင့်ပေါ့ -  ပြီးတော့ ဒီဘက် အကောင်ကနေ Job help ခေါ်ရင် ဟိုဘက် ၁၀ ကောင်ကနေ ခေါ်တဲ့ Job help ကို ပြန်လိုက်ကူတယ်။ ဒါဆို ဘယ်သူ့ကိုမှ မစောင့်ရတော့ဘူးပေါ့။  ဒါပေမယ့် အဲ့လို လုပ်တာတွေ ကြာလာပြန်တော့ စိတ်က မသက်မသာ ဖြစ်လာပြန်ရော။ Job help တစ်ခုကို အကောင့် ၁၀ ခုကနေ ဝင်ကူဖို့ ဆိုတာ Facebook အကောင့်ကို ဟိုဘက်ဝင်လိုက် ဒီဘက်ထွက်လိုက် ( ၁၀ ) ခါ မက လုပ်ရတယ်လေ - အဲ့တာကို သဘောမကျတော့ပြန်ဘူး။

စသဖြင့်ပေါ့ - ခုဖော်ပြခဲ့တာတွေဟာ Favourite websites တွေ ဆိုပေမယ့် စိတ်တိုင်းမကျ စရာတွေ ရှိတတ်တယ် ဆိုတာ မြင်သာအောင် ပြောပြတာပါ။ ဒီလို အဖြစ်အပျက်မျိုးတွေ စိတ်တိုင်းမကျမှုမျိုးတွေ လိုအပ်ချက်တွေက Facebook မှာမှ မဟုတ်ပါဘူး - တစ်ခြား ကျွန်တော်တို့ သုံးနေကျ Google - Youtube - Twitter - Flickr - MySpace စတဲ့ Websites တွေမှာလည်း အသုံးပြုကြတဲ့ ပုံစံပေါ် မူတည်ပြီး သဘောမကျကြတဲ့ အချက်တွေ ရှိတတ်ပါတယ် - တကယ်တော့ ဒီလို အခက်အခဲလေးတွေ အလိုမကျမှု လေးတွေဆိုတာ တစ်ချိန်က ကျွန်တော်တို့ ဖြေရှင်းနည်း မသိခဲ့လို့ပါ။ ဖြေရှင်းနည်း မသိတော့ စိတ်မသက်မသာ ဖြစ်ရတယ်။ လူပင်ပန်းရတယ်။ အချိန်တွေ ကုန်ခဲ့တယ်။ အဲ့တော့ Favourite websites တွေကို Browser ကနေ Access လုပ်တဲ့ အခါမှာ ကိုယ် မလိုချင်တာတွေ ပျောက်ပြီး ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း တော်တော်များများ တူလာအောင် - လိုချင်တဲ့ Features လေးတွေ များများစားစား ပါလာအောင် ဘယ်လို ဖန်တီးယူကြမလဲ။

Userscripts များ အကြောင်း

Userscripts တို့ ( Userstyles ) ဆိုတဲ့ စကားလုံးတွေကို လေ့လာသူ တစ်ယောက် မဟုတ်ရင်တောင် အင်တာနက်ထဲမှာ ဟိုဒီလျှောက်သွားရင်းနဲ့ တွေ့ဖူးကောင်း တွေ့ခဲ့ကြမှာပါ။ Userscripts ရဲ့ သဘောကို Userscripts.org ကနေ နားလည်လွယ်အောင် "power-ups for your browser," ဆိုပြီး အဓိပ္ပါယ်ဖွင့်ပါတယ်။ တကယ်တော့ Userscripts အကြောင်းကို ဒီ့ထက်နည်းနည်းလေးလောက် အသေးစိတ်ကြည့်မယ် ဆိုရင် Userscripts ဆိုတာ JavaScript ကိုသုံးပြီး Site တစ်ခုရဲ့ အသွင်အပြင် ပုံပန်းသဏ္ဍန်နဲ့ လိုချင်တဲ့ function တွေပါလာအောင် ဖြည့်ယူပေးနိုင်တဲ့ Scripts မျိုးတွေပေါ့ - ဒီ Scripts တွေကို Scripting language နဲ့ ပတ်သတ်ပြီး နီးစပ် နှံ့စပ် ကျွမ်းကျင်သူတွေကနေ ရေးကြတယ်။ တစ်ချို့က အပျော်တမ်း ရေးတာရှိတယ်။ တစ်ချို့က စီးပွားရေး သဘောနဲ့ ရေးတာ ရှိတယ်။ ကျွန်တော်တို့ အတွက် လိုအပ်တာက ဒီ Scripting language တွေကို ရေးတတ်တယ် မရေးတတ်ဘူး ဆိုတာထက် သူများရေးထားတာကို ဘယ်နေရာမှာ ဘယ်လိုသုံးရမယ် ဆိုတာတော့ သိထားဖို့ လိုတယ် မဟုတ်ပါလား။ အဲ့တော့ Userscripts တွေ သုံးပြီး ကျွန်တော်တို့ ဘာတွေ လုပ်လို့ ရလာနိုင်သလဲ။ ဘာတွေ ကောင်းကျိုး ဆိုးကျိုးတွေ ရှိလာမလဲ။

Userscripts အသုံးပြုခြင်း၏ ကောင်းကျိုးများ

အတိုချုံး ပြောရရင် Userscripts တွေ အသုံးပြုခြင်း အားဖြင့် အပေါ်မှာ ဖော်ပြခဲ့ပြီးသလို အလိုမကျ ဖြစ်နေတဲ့ လိုလားချက်တွေကို ဖြည့်စွက်ပေးနိုင်ပါလိမ့်မယ်။ ဥပမာလေးတွေ တစ်ခုနှစ်ခုလောက် လေ့လာကြည့်ရအောင် - ကျွန်တော် အပေါ်မှာ ဂိမ်းဆော့ခဲ့စဉ် တစ်ချိန်တုန်းက Facebook account တွေကို ဝင်လိုက် ထွက်လိုက် လုပ်ရတာမျိုးကို သဘောမကျဘူးလို့ ပြောခဲ့ပါတယ်။ ဒီ အခက်အခဲကို ပြေလည်နိုင်စေဖို့Facebook Switch Accounts ဆိုတဲ့ Script ရှိပါတယ်။ Google Chrome သုံးသူများ သူ့ကို ဒီနေရာမှာ တိုက်ရိုက် Install လုပ်နိုင်ပါတယ်။ သူ့ကို Install လုပ်ပြီးသွားတာနဲ့ Facebook ထဲကို ဝင်လိုက်တဲ့ အချိန်မှာ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Switch Accounts ဆိုတဲ့ Menu တစ်ခု အပိုပါလာတာ တွေ့ရပါလိမ့်မယ်။ သူကနေ တစ်ဆင့် Add Account ဆိုတာကို ဆက် Click ပေးပြီး ပေါ်လာမယ့် Box မှာ လက်ရှိ Account ကနေ Switch လုပ်ချင်တဲ့ Acoount ကို ဖြည့်ပေးပါ။


ပြီးသွားရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ကိုယ်ပြောင်းချင်တဲ့ နောက် Account တစ်ခုကို အဝင်အထွက် ခဏခဏ လုပ်စရာမလိုပဲ Click တစ်ချက်နဲ့ ပြောင်းနိုင်ပါပြီ။


ဒါတင်ပဲလား - မကသေးပါဘူး - ဥပမာ FarmVille မှာ Neighbors လို နေတဲ့သူတွေ - အလိုလျောက် Neighbors Add ချင်တဲ့ သူတွေအတွက်လည်းFacebook Auto Neighbor Adder ဆိုတာ ရှိပါတယ်။ သူ့ကို သွင်းထားပြီး Neighbor page ကို သွားလိုက်တာနဲ့ ရှိနေတဲ့ သူတွေကို အလိုလျောက် ဆင့်ခေါ်စာ ပို့သွားပါလိမ့်မယ်။ 

ဒီလောက်နဲ့တင် မပြီးသေးဘူး - Farmville Harvest Calculator ဆိုတာ ရှိသေးတယ်။ သူကတော့ စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်ကို အလိုလျောက် တွက်ချက်ပေးနိုင်တယ်။ အရိတ်နောက်ကျလို့ လယ်ပျက်ရတာမျိုး မဖြစ်တော့ဘူးပေါ့ -


နောက်ပြီး Unfriend Finder - သူကတော့ Facebook မှာ တစ်ယောက်ယောက်က ကိုယ့်ကို သူ့ရဲ့ Friend lists ထဲကနေ ဖျက်ထုတ်လိုက်တာမျိုး ရှိရင် ကိုယ့်ကို ဘယ်သူကတော့ မင်းကို သူငယ်ချင်း အဖြစ်က ရပ်စဲလိုက်ပြီ ဆိုတာ အသိပေးပေးတယ်။


နောက် ခဏခဏ Gifts တွေ ရောက်ရောက်လာပြီး တစ်ခုချင်းစီကို Accept လုပ်ရတာ ပျင်းနေသလား - ဒါဆိုလည်း LotsGiftsAccepter ဆိုတာ ရှိတယ်။ သူက ဝင်လာသမျှ Gifts တိုင်းကို Auto လက်ခံပေးသလို ကိုယ့်ဆီ ပို့ပေးတဲ့ သူတိုင်းကိုလည်း အလိုလျောက် Gifts ပြန်ပို့ပေးတယ်။ အကောင့်ထဲမှာ လူတွေ အရမ်းများနေလို့ ဖျက်ထုတ်ချင်ပြန်ပြီ ဆိုရင်လည်း FacebookDeletes ဆိုတာ ရှိတယ်။ တကယ်လို့ ကိုယ့် account ထဲမှာ လူရှိပေမယ့် ကိုယ်ဆော့တဲ့ ဂိမ်းမှာ သူငယ်ချင်းနည်းနေတယ် ဆိုပြန်ရင်လည်း ကိုယ့် Friend lists ထဲက အဲ့ဂိမ်းဆော့နေတဲ့ သူငယ်ချင်းတွေကိုFacebook Invites သုံးပြီး တစ်ခါတည်း အများကြီး Invite လုပ်လို့ ရတယ်။ ဒါတင်မက FarmVille မှာ Bonuses ယူတာ - အကောင်မွေးတာ - ဆီယူတာ - ကြက်ဥဖောက်တာ - ဆိုတာတွေ အားလုံးကို တစ်နေရာတည်းကနေ စီမံခန့်ခွဲပေးမယ့် FarmVille Wall Manager ဆိုတာလည်း ရှိသေးတယ်။

ခုဖော်ပြခဲ့တာတွေက Userscripts တွေ အသုံးပြုခြင်းရဲ့ ကောင်းကျိုးတွေထဲက ကဏ္ဍအသေးအဖွဲ လေးတွေပါ။ ဒီ့ထက်ပိုပြီး ကျယ်ပြန့်တဲ့ ကဏ္ဍအစုံက Userscripts တွေကို ဒီနေရာကနေ တဆင့် သွားရောက် ကြည့်ရှု အသုံးချနိုင်ပါသေးတယ်။

Userscripts များ အသုံးချနိုင်စေရန် ပြင်ဆင်ခြင်း

နောက်ပြီး ခု ဥပမာ ပေးခဲ့တဲ့ နေရာမှာ Google Chrome ကနေ အသုံးပြုပုံကိုပဲ ကျွန်တော် အဓိက ဥပမာပေး ပြောခဲ့ပါတယ်။ အကြောင်းက Google Chrome ဟာ Userscripts သုံးမယ်ဆိုရင် တစ်ခြားဘာမှ ထပ်သွင်းစရာမလိုပဲ Support ပေးထားပြီးသား ဖြစ်နေလို့ပါ။ တကယ်လို့ မိသားစုဝင်များ Firefox သုံးမယ်ဆိုရင်တော့ Userscripts တွဲဖက် အသုံးပြုလို့ ရအောင် အရင်ဆုံး Greasemonkey သွင်းထားဖို့ လိုပါတယ်။ Safari မှာ ဆိုရင်တော့GreaseKit ဆိုတာ သုံးရပါမယ်။

Userscripts အသုံးပြုခြင်း၏ ဆိုးကျိုးများ

ရွေးချယ်မှု ရှိလာတဲ့ အကြောင်းအရာတိုင်းမှာ ကောင်းကျိုးဆိုတာ ရှိသလို ဆိုးကျိုးဆိုတာလည်း တွဲပါလာတတ်ပါတယ်။ Userscripts ဆိုတာဟာ Scripting language ကို အသုံးပြုပြီး ရေးထားတာ ဖြစ်တဲ့ အတွက်ကြောင့် သူရေးထားတဲ့ Language ကို နားမလည်တဲ့ သူတစ်ယောက်အတွက် တွေ့သမျှ Userscripts တိုင်းကို မဆန်းစစ်ပဲ သုံးမယ်ဆိုရင် အန္တရာယ် ရှိနိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ Userscripts တွေမှာ ကိုယ့်ကွန်ပြူတာကို ပျက်စီးစေနိုင်မယ့် ( ဝါ ) ကိုယ့်ရဲ့ Personal informations ကို ခိုးယူမယ့် Scripting language တွေလည်း ရောပါနေတတ်လို့ပါ။ ဒါ့ကြောင့် Userscripts တစ်ခုကို သုံးမယ်လို့ စိတ်ကူးရှိရင် ဖြစ်သင့်တာ -


( ၁ ) Rating ကို ကြည့်ပါ။
( ၂ ) Posts တွေကို လေ့လာပါ။
( ၃ ) Fans တွေကို စစ်ဆေးပါ။
( ၃ ) Installs အရေအတွက်ကို အကဲခတ်ပါ။

ဒါမှသာ Userscripts တွေကို အန္တရာယ်ကင်းကင်းနဲ့ အသုံးချရာ ရောက်ပါလိမ့်မယ်။ Userscripts များ အကြောင်းနဲ့ ပတ်သတ်ပြီး မိသားစုဝင်များ အန္တရာယ်ကင်းရှင်းစွာနဲ့ ယုံကြည်စိတ်ချစွာ အသုံးချနိုင်ကြပါစေ။ 


KznT.

Fish Story

လူ့သက်တမ်း တစ်ဝက်ကျိုးပြီ ထင်တယ် - ဒါပေမယ့် ခုချိန်ထိ ခြေတစ်လှမ်း မလှမ်းရသေးဘူး - ဒီ ခြေလှမ်းလှမ်းမယ့် အချိန်ကိုပဲ စောင့်နေတဲ့ သူရှိတယ် - ဘာဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင်လုပ်တဲ့ - လူလေကွာ - စိတ်မပါတဲ့ အရာကို ဖြစ်ညှစ်လုပ်ပြီး အောင်မြင်သွားပါတယ်ဆိုတဲ့ သူ ကမ္ဘာမှာ မင်း ဘယ်နှစ်ယောက်တွေ့ဖူးလို့လဲ - ရှိချင်လည်း ရှိမှာပေါ့ - ငါ ဗဟုသုတ နည်းတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။

နောက်တော့ ဖြစ်လာမှာပေါ့ ဆိုတဲ့ စကားတွေ ကျေးဇူးပြုပြီး ငါ့ကို မပြောကြစမ်းပါနဲ့ - ငါ အဲ့စကားတွေနဲ့ ငါ့ အနာဂတ်ကို ငါ့ဘာသာ အမှောင်ချပြီး ဖြတ်သန်းလာတာ ဆယ်စုနှစ် တစ်နှစ်ကျော်ခဲ့ပြီ - ဘယ်မှာတုန်း နောက်တော့ - ဘယ်မှာတုန်း ဖြစ်လာမှာပေါ့ - ဘာမှ ဖြစ်မလာဘူး တွေ့ကြလား - ငါဆိုတဲ့ကောင် မနေ့ကလည်း ဒါပဲ - ဒီနေ့လည်း ဒါပဲ - အဲ့ဒီ့ နောက်တော့ ဆိုတာကို မျှော်မှန်းပြီး ရေလိုက် ငါးလိုက် နေလာတာ - ခု ငါဆိုတဲ့ ကောင် ရေထဲက ငါးသာသာဖြစ်နေပြီ - ဘယ်တော့ ငါ့ကို ပိုက်ကွန်ချမလဲ ဆိုတာ ငါတွေးကြောက်နေရပြီ။



ကိုယ်ပိုင်အတွေးတွေ ကိုယ်ပိုင်စိတ်ကူးတွေ အကြိမ်ပေါင်းမနည်း ဖြစ်တည်ခဲ့ဖူးပေမယ့် လူကြီးနဲ့ လူငယ် သဟဇာတ မမျှတမှုတွေ ကြားမှာ သူတို့တွေဖြစ်စေချင်တဲ့ အတိုင်း အဖိုးဖြတ်လို့မရတဲ့ ဘဝရည်မှန်းချက်တွေကို အဖန်တရာတေနေတဲ့ ခေါက်ရိုးကျိုး ဘဝတွေကြား ဈေးပေါပေါချရောင်းပြီး အပျင်းကြော အကြိမ်တစ်ရာမက ဆန့်ရင်း ဖြတ်သန်းခဲ့လိုက်တယ် - ခေါက်ရိုးချိုးခံရတာ များလို့လား မသိဘူး ခုတော့ အကြောတွေ ဆိုင်းနေပြီ - မတ်မတ်ရပ်ဖို့ ရုတ်တရက် ခါးကို ဆန့်တော့ ငါ့ခါးနောက်က မျက်ကနဲ အချက်ပြတယ် - ဒါ ဆုတ်ယုတ်မှုလား -

ဟင့်အင်း မလုပ်ကြပါနဲ့ - ကျေးဇူးပြုပြီး ငါ့ကို မတ်မတ်ရပ်ခွင့် ပြုကြပါ - ငါ့လေကို ငါရှုပါရစေ - ငါ့အနာဂတ်တွေကို ငါ့မျက်လုံးတွေနဲ့ ကိုယ်ပိုင်ကြည့်ခွင့် ရပါရစေ - ငါ့ အိပ်မက်တွေမှာ ငါကိုယ်တိုင်ပဲ ခြယ်လှယ်ခွင့် ရပါရစေ။

Play Angry Birds in any Web Browser

ကျွန်တော့် အကြိုက်ဆုံး Angry Birds ဂိမ်းလေး အခု Browser ထဲမှာ ဆော့လို့ ရနေပြီ - အရင်ထိပ်ဆုံးမှာ တင်ပေးခဲ့တုန်းက စက်ထဲမှာ Install လုပ်ရတာတွေ ဘာတွေနဲ့ မျက်စိနောက်စရာကောင်းနေတာ - ခု ဘာတစ်ခုမှ Install စရာမလိုပဲ Browser ကနေ တန်းဆော့လို့ ရတော့ ပိုအဆင်ပြေသွားတယ်။ Angry Birds ချစ်သူများ chrome.angrybirds.com မှာ ခုပဲ သွားရောက်ဆော့ကစားနိုင်ပါပြီ။


တကယ်လို့ URL မှတ်ထားရတာ ဝါသနာ မပါဘူးဆိုရင်လည်း Angry Birds ကို Chrome app တစ်ခု အနေနဲ့ Google Chrome ထဲမှာ ထည့်ထားလို့ ရပါတယ်။ Google Chrome - Chrome နဲ့ ပြောပြောနေလို့ ဒီ Angry Birds ကို Google Chrome တစ်ခုတည်းမှာပဲ ဆော့လို့ ရတာ မဟုတ်ပါဘူး - IE - Mozilla နဲ့ တစ်ခြား Browser တွေမှာပါ chrome.angrybirds.com ကနေ တစ်ဆင့် စိတ်ကြိုက် ဆော့နိုင်ပါတယ်။


ကမ္ဘာမကျေဌက်နှင့် အဆာမပြေဝက်

အရင်ပထမရေးထားတဲ့ ပို့စ်မှာကတည်းက ဌက်နဲ့ဝက် ဘာလို့ ဒီလောက် ကမ္ဘာမကျေ ဖြစ်နေကြလဲ ဆိုတာ တစ်ခါ ပြောထားခဲ့ဖူးတယ်။ ခု ဒီ့ထက်ပိုပြီး ဖြစ်ကြောင်းရယ်မှ ကုန်စင် နားလည်ချင်တယ်ဆိုရင် နောက်မှာ ဖော်ပြထားတဲ့ Video clip လေးကို တစ်ချက်ကြည့်ကြည့်ပါ။ ဌက်တွေ ဘာလို့ဒီလောက်တောင် ဒေါသထွက်နေကြတယ် ဆိုတာ ပိုသဘောပေါက်သွားလိမ့်မယ်။


LVL ခိုးနည်း နိဿရည်း


Angry Birds မှာ lvl တစ်ခုကို 3 Stars ရဖို့ တစ်ချို့အဆင့်တွေမှာ တော်တော်လေး ခက်တာ ဆော့ဖူးသူတိုင်း သိကြလိမ့်မယ်။ အဲ့အတွက်တော့ မပူနဲ့ - lvl အားလုံး 3 stars ရအောင်ခိုးနည်း ရှိတယ်  အထူးသဖြင့်တော့ lvl ကျော်ပြီး ဆော့ကြည့်ချင်သူတွေအတွက် ပိုအဆင်ပြေတာပေါ့။


လုပ်ရမယ့်နည်းက Game ကိုဖွင့်ထားပြီး အောက်မှာ Quote နဲ့ ပြထားတဲ့ စာကြောင်းကို Browser address bar မှာ Copy > Paste လုပ်ယုံပဲ။

Quote:
javascript: var i = 0; while (i<=69) { localStorage.setItem('level_star_'+i,'3'); i++; } window.location.reload();
နဂိုအတိုင်း ပြန်ဖြစ်ချင်ရင် ဒီအောက်က စာကြောင်းကို ပြန် Copy > Paste လုပ်။

Quote:
javascript: var i = 1; while (i<=69) { localStorage.setItem('level_star_'+i,'-1'); i++; } window.location.reload();
ဒီနည်းက မနေ့က Wesbos မှာ စာဖတ်ရင်းနဲ့ သိလာတာ။ Thanks to Wesbos who found this hack.

ပြောစရာလည်း ကုန်ပြီ - ဆော့ဖို့ပဲ ကျန်တော့တယ်။ Bye!

KznT.

How to use your laptop

Amit Agarwal ဆိုတာ ကမ္ဘာပေါ်က လူဖတ်အများဆုံး how-to blogs တွေထဲက blog တစ်ခု ဖြစ်တဲ့ Digital Inspiration Blog ကို ဦးစီးတည်ထောင် ရေးသားနေသူ စာရေးဆရာတစ်ယောက်ပါ။ ကျွန်တော် သူ့ ဘလော့ကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စဖတ်ဖြစ်ခဲ့တယ် ထင်တယ်။ Amit ရဲ့ အရေးအသားတွေကို ကျွန်တော် သိပ်မဘောကျတယ် - သူက စေ့စေ့ပေါက်ပေါက် ရှာတယ် - ကျကျနနရေးတယ်။ စာဖတ်သူ ဘာဖတ်ချင်လဲ ဆိုတာ သူကောင်းကောင်းသိတယ်။ သူ့အကြောင်း အသေးစိတ်နဲ့ အောင်မြင်မှုတွေကို ဒီနေရာမှာ ဖတ်ရှု့နိုင်ပါတယ်။


သူ့ ဘလော့မှာ စာဖတ်ရင်း ကျွန်တော် မသိသေးတာတွေ တော်တော်များများ သိခဲ့ရသလို ကျွန်တော် သိခဲ့တာတွေကိုလည်း ကျွန်တော့်မိသားစုဆီ ဝေမျှပေးနိုင်ခ့ဲတယ်။ ကျွန်တော့်ကို စာဖတ်ချင်စိတ် ဖြစ်လာအောင် ပထမဆုံး စွဲဆောင်ခဲ့တဲ့ စာရေးဆရာ ( မြင်ဆရာ ) လို့ သုံးနှုန်းမယ်ဆိုရင်လည်း မှားမယ် မထင်ဘူး။ ခုလည်း မနေ့က Maintain a Good Posture While Using your Laptop ဆိုတဲ့ ပို့စ်လေး ဖတ်လိုက်ရတယ်။ ဖတ်ပြီးပြီးချင်း ကျွန်တော် အရင်ရေးဖူးတဲ့ အင်တာနက်နှင့် ကျန်းမာရေး ခေါင်းစဉ်လေးကို ပြန်သတိရမိတာနဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး စုံစုံလင်လင်လေး ဖြစ်သွားအောင် ဒီအောက်မှာ ထပ်ပေါင်းရေးလိုက်ပါတယ်။

Laptop computer သုံးနေသူတွေအတွက် အမှုမဲ့ အမှတ်မဲ့ သတိမထားမိ ဖြစ်နေတတ်တဲ့ ကိုယ်နေဟန်ထားတွေကို အောက်မှာ ဖော်ပြထားတဲ့ Video clips တွေက မိနစ်အနည်းငယ်အတွင်း သတိထား မြင်သာမိစေပါလိမ့်မယ်။ ဒီ Video clips လေးတွေကို ကြည့်ပြီးရင် ကွန်ပြူတာ သမားတွေ ကိုယ့်ရဲ့ ကိုယ်နေဟန်ထား ပျက်ယွင်းမှုဟာ ကျန်းမာရေးအတွက် ဘယ်လို သက်ရောက်မှု ရှိနေတယ် ဆိုတာနဲ့ ဘယ်လို ပြင်ဆင်နေထိုင်သင့်မယ်ဆိုတာ သိသာစေပါလိမ့်မယ်။

Video A: သူကတော့ အိမ်မှာ ( ဒါမှမဟုတ် ) ရုံးမှာ Laptop သုံးတဲ့ အချိန် ဘယ်လို အသုံးပြုရမယ် ဆိုတာ သင်ကြားပေးပါတယ်။


Video B: သူကတော့ ခရီးသွားနေစဉ် အတောအတွင်း ( ဒါမှမဟုတ် ) Hotel တစ်ခုမှာ Laptop သုံးတဲ့ အချိန် ဘယ်လို အသုံးပြုရမယ် ဆိုတာ သင်ကြားပေးပါတယ်။



KznT.

The Khan Academy

အင်တာနက်ဆိုတာ လေ့လာနည်း မသိခဲ့ရင် ဘာမှ လေ့လာစရာမရှိတဲ့ ဖျော်ဖြေရေးသီးသန့် ဝန်ဆောင်မှု တစ်ခုလိုပဲ - အင်တာနက် အသုံးပြုခြင်းဟာ ကောင်းလား ဆိုးလားဆိုတဲ့ မေးခွန်းကို ကိုယ်ကိုယ်တိုင်ပဲ ကြိမ်ဖန်မနည်း မေးခဲ့ဖူးတယ် - အဲ့မေးခွန်းကိုပဲ ကိုယ့်ဘာသာကိုယ် နည်းမျိုးစုံနဲ့ ကြိမ်ဖန်မနည်း ဖြေခဲ့ဖူးပြီ - ဒါပေမယ့် အင်တာနက် သုံးလာခဲ့တာ ကာလအပိုင်းအခြား တစ်ခုကို ရောက်လာခဲ့တော့ အင်တာနက်ရဲ့ ကောင်းမွေဆိုးမွေတွေ အကြောင်းကို တော်တော်လေး တီးမိခေါက်မိ ရှိလာခဲ့ပြီ -

တစ်ချို့ လူကြီးတွေက အင်တာနက် သုံးတာ မကောင်းဘူးလို့ မြင်တယ်။
တစ်ချို့ လူငယ်တွေက အင်တာနက်ဟာ မရှိမဖြစ်လို့ ယူဆတယ်။
အင်တာနက်ကြောင့်ပဲ လူငယ်တော်တော်များများ ပျက်စီးနေကြတယ်။
အဲ့ဒီ့ အင်တာနက်ကြောင့်ပဲ လူငယ်တော်တော်များများ ထိပ်ကို ရောက်သွားကြတယ်။


တကယ်တော့ အင်တာနက်ဟာ ကောင်းမွေ ဆိုးမွေဆိုတဲ့ အကျိုးသက်ရောက်မှုကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဖန်တီးမပေးဘူး - အင်တာနက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းမွေ ဆိုးမွေဆိုတာ လူငယ်တွေ ကိုယ်တိုင်ပဲ ဖန်တီးနေကြတာ။ တကယ်တော့ အင်တာနက်ဟာ လေ့လာမယ်ဆိုရင် လူငယ်တွေအတွက် တန်ဖိုးဖြတ်လို့ မရတဲ့ ပညာရေးရင်းမြစ်တွေ မကုန်မခမ်းနိုင်အောင် ရိှပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ ရောထွေးနေတယ်။ လူဆိုတဲ့ သဘောက ကောင်းကောင်းကန်းကန်း တန်ဖိုးရှိတဲ့ အရာဆိုရင် ဘယ်သူမှ အလကား မပေးချင်ကြဘူး - ဥပမာ ကိုယ့်အတွက် အကျိုးရှိမှ - ကိုယ့်အတွက် ချက်ချင်း မကျိုးမဖြစ်တောင် နောက်တစ်ချိန်မှာ အကျိုး ရှိကောင်း ရှိလာနိုင်မယ်လို့ ထင်မှ ပေးကမ်းပါတယ် စွန့်ကျဲပါတယ် လှူဒါန်းပါတယ် အမည်ခံပြီး ပေးချင်ကမ်းချင် ကြတာမျိုး။ ဒီလို လူတွေက ဘဝထဲမှာတင် ရှိတာမဟုတ်ဘူး - အင်တာနက်ပေါ်မှာလည်း ရှိတယ်။ အဲ့လို လူတွေများလာတော့ နောက်ပိုင်း ဘယ်လိုဖြစ်လာလဲ ဆိုရင် သူလိုကိုယ်လို လူတော်တော်များများက အလကားပေးတာဆို အင်လို့ပဲ ထင်ကြတော့တယ်။ ပိုက်ဆံလေး ပေးပြီးဝယ်သုံးလိုက်ရမှ အစစ်ရတော့ မလိုလို - ငွေလေးပေးလိုက်ရမှ အပြည့်အတင်း ရတော့မလို ထင်မှတ်လာကြတယ်။ တကယ်တော့ အင်တာနက်ပေါ်မှာ ပညာရေးပိုင်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး အလကားမတ်တင်း ပိုက်ဆံတစ်ပြားတစ်ချပ် မရပဲ ကိုယ်ပိုင်အချိန်တွေထဲကနေ အတိုင်းအတာ တစ်ခုထိ အချိန်ပေးပြီး မျှဝေပေးနေတဲ့ ပညာရပ်ပိုင်းဆိုင်ရာ ဖြန့်ဖြူးသူတွေ ဝက်ဘ်ဆိုဒ်ကောင်းတွေ တော်တော်များများကို ရှိပါတယ်။

တစ်ချို့က စာအုပ်စာတမ်းတွေ Free ပေးတယ် - တစ်ချို့က Video clips တွေလုပ်ပြီး ဝေမျှတယ် - လူတစ်မျိုး ပုံစံတစ်ခုနဲ့ ဝေမျှနေကြတာကို ကြည့်ပြီး တစ်ချို့က အလကားမတ်တင်း ရတဲ့ ဒီဝေမျှကို နည်းမျိုးစုံနဲ့ ကဲ့ရဲ့နေကြတာ ရှိတယ်။ တကယ်တော့ မျှဝေမှုတစ်ခု ကောင်းတယ် မကောင်းဘူးဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ သီးသန့်အမြင်တစ်ခုတည်းနဲ့ ပိုင်းဖြတ်လို့ မရနိုင်ပါဘူး။ တကယ်လို့ ကိုယ်က ပညာရပ်ပိုင်း ဆိုင်ရာ Professor တစ်ယောက်ဆိုရင် Techanical terms တွေကို ကောင်းကောင်း သိတာမို့လို့ ဆွေးနွေးမှု တစ်ခုကို ကြည့်တဲ့ အခါ သူကျွမ်းကျင်ပြီးသား စာလုံးတွေနဲ့ ဖော်ပြတာမျိုးကို ပိုပြီး သဘောကျကောင်း ကျလိမ့်မယ်။ ဒါပေမယ့် Techanical terms ကိုဘာမှ မသိတဲ့ လေ့လာသူတစ်ယောက်ဆိုရင်တော့ တတ်နိုင်သမျှ အခြေခံအကျဆုံးထိ ဆင်းပြီး ရှင်းပြတာမျိုးကို ပိုလိုချင်လိမ့်မယ်။ အဲ့တော့ လူတစ်ယောက်ချင်းစီရဲ့ ကျွမ်းကျင်မှုပေါ် မူတည်ပြီး လိုလားချက်က ပြောင်းသွားတာမို့လို့ ဒီလိုမျိုး ကိစ္စတွေက အငြင်းပွားနေဖို့ မသင့်ဘူး။ ကျွန်တော့် အမြင်နဲ့ ပြောရရင်တော့ သင်ကြားမှုတစ်ခုဟာ သင်ယူမယ့်လူရဲ့ အခြေခံအရည်အသွေးကို လိုက်ပြီး တတ်နိုင်သမျှ အသေးစိတ်တာ အဖြစ်သင့်ဆုံးပဲလို့ ထင်မိတယ်။

အဲ့တာနဲ့ ဆက်စပ်ပြီး ကိုယ် ဖြတ်သန်းခဲ့ရတဲ့ ပညာရေးစနစ် - ကိုယ်ရပ်တည်ခဲ့တဲ့ မြန်မာမှု ပညာရေး အသိုင်းအဝိုင်းကို ပြန်ကြည့်တော့ လွဲမှားနေတာတွေလည်း မနည်းမနောတွေ့ခဲ့ရတယ်။ ဥပမာ ဆိုကြပါစို့ -

ကျွန်တော်တို့ကို ကလေးတစ်ယောက်က သူနားမလည်တဲ့ သချာင်္ပုစ္ဆာ တစ်ပုဒ်ကို ဖြေရှင်းနည်း လာမေးပါပြီတဲ့ - ကျွန်တော်တို့ သူလာမေးတဲ့ ပုစ္ဆာကို ကြည့်လိုက်တော့ အကြည့်တစ်ချက်နဲ့တင် အဖြေက တန်းထွက်နေပြီ - သူ့အတွက် အရမ်းခက်ခဲနေတဲ့ ပုစ္ဆာလေးကို ကျွန်တော်တို့ တစ်ချက်ကြည့်ရအောင် - ပုစ္ဆာက -

7x = 14

ဒီပုစ္ဆာကို ကျွန်တော်တို့ ဖြတ်ကနဲကြည့်တော့ x ရဲ့ တန်ဖိုးဟာ 2 ဆိုတဲ့ အဖြေကို ချက်ချင်း တန်းရတယ် - အဖြေတန်းရတာတော့ ဟုတ်ပြီ - အဲ့အဖြေဘယ်လို ရတယ်ဆိုတာ ကလေးကို ကျွန်တော်တို့ ဘယ်လို ရှင်းပြကြမလဲ ? ဒီအချိန်မှာ ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတဲ့ ပညာရေး စနစ်ကို တစ်ချက်လောက် ပြန်ဆွဲခေါ်ကြည့် ကြရအောင်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတာ ဘာလာလာ အလွတ်ကျက် ပညာရေး စနစ်ဖြစ်တယ်။ 7x = 14 ဆိုတဲ့ ပုစ္ဆာကို မဖြေရှင်းနိုင်တဲ့ ကျောင်းသားတစ်ယောက် ကျွန်တော့်ကို စာလာမေးရင် ကျွန်တော် အရင်ဆုံး မှတ်ချက်ပေးမိမှာတော့ မင်းအလီမကျက်ဘူးလားဆိုတဲ့ မှတ်ချက်ပဲ ဖြစ်မှာပဲ။

သွား အလီစာအုပ်ယူ - အလီ ခုချက်ချင်း ကျက်
အလီရရင် ပြန်လာခဲ့ - အလီကျက်လို့ ရရင် ဒီ ပုစ္ဆာမင်းတွက်လို့ ရလိမ့်မယ်။

ကလေးက ကျက်ပါပြီ -

တစ်တစ်လီ တစ် - နှစ်နှစ်လီ နှစ်
လေးနှစ်လီ ရှစ် - ဆယ့်နှစ် နှစ်လီ နှစ်ဆယ့်လေး

ကျက်လို့ ရသွားတော့ ကလေးက ပြန်လာပြီ -

ဒီမှာတွေ့လား ပုစ္ဆာက 7x = 14 - အဲ့တော့ x နဲ့ မြှောက်ထားတဲ့ 7 ကို ညီမျြှခင်းရဲ့ ဟိုဘက်ကို ပို့ - ဒီဘက်မှာ 7 က x နဲ့ မြှောက်ထားတယ်ဆိုတော့ ဟိုဘက်ခြမ်းကို ရောက်ရင် 14 ကို 7 နဲ့စား။ အဲ့လို စားတော့ ခုနှစ် နှစ်လီ 14 မဟုတ်ဘူးလား - အဲ့တော့ x = 2 ရတယ်။ ဒါ ကျွန်တော်တို့ ရှင်းပြနေကျ နည်းပဲ။ အဲ့တော့ အဖြေကတော့ ထွက်ပါပြီ။ ဒါပေမယ့် ဒီ သင်ကြားမှု စနစ်ကနေ ကလေး ဘာရသွားသလဲ ?? တကယ်တော့ ကလေးဘာမှ မရပါဘူး - ကလေးစိတ်ထဲမှာ ဒီပုစ္ဆာကနေ ပညာမရပဲ ငါအလီ မရရင် ဒီပုစ္ဆာတွက်လို့ မရနိုင်တော့ဘူး ဆိုတဲ့ Pressure ပဲ ရသွားတယ်။ဒါဟာ သိပ်ကြောက်ဖို့ကောင်းတဲ့ ပညာရေး ရည်မှန်းချက် ဆုံးရံှုးမှုတစ်ခုပဲ။ ဒီမှားယွင်းတဲ့ ယုံကြည်ချက်နဲ့ ရှင်သန်နေတဲ့ ကျွန်တော်တို့ရဲ့ သင်ကြားမှုစနစ်ကြောင့် Pressure ဒဏ်ကို မခံနိုင်တဲ့ လူငယ်တော်တော်များများ ပညာရေးကို စိတ်ကုန်သွားကြတယ်။ တစ်ချို့လူငယ်တွေ ပညာရေးတစ်ပိုင်း တစ်စနဲ့ လမ်းမှားလိုက်သွားကြတယ်။

အဲ့တော့ 7x = 14 ဆိုတဲ့ ပုစ္ဆာကနေ အလီကျက်စရာ မလိုပဲ ကလေးတစ်ယောက်ကို ဖြေရှင်းနည်း ဘယ်လို သင်ပေးကြမလဲ။ တကယ်တော့ 7x = 14 ဆိုတာ x ကို ခုနစ်ကြိမ် ခုနစ်ခါ ပေါင်းထားခြင်းဟာ 14 နဲ့ ညီတယ်ဆိုတဲ့ သဘောကို ကလေး အရင် သိထားဖို့ လိုတယ်။ ဆိုလိုတာ -

x + x + x + x + x + x + x = 14 ပေါ့

အဲ့ကနေ ညီမျြှခင်း တစ်ဖက်နဲ့ တစ်ဖက်ကို အောက်ဖော်ပြပါအတိုင်း အချိုးညီအောင် ပိုင်းပြီး အဖြေရှာရင် အလီကျက်စရာမလိုပဲ အဖြေရမယ်ဆိုတာကိုတော့ ကျွန်တော်တို့ ငယ်ရွယ်စဉ် တစ်ချိန်က မသိခဲ့ကြဘူး။


တကယ်တော့ ဒီအကြောင်းအရာက Khan Academy အကြောင်းရေးထားတဲ့ ပို့စ်တစ်ခုကို ဖတ်မိပြီး စိတ်ထဲ ဖြစ်မိတာလေးကို ပြန်ရေးထားတာပါ။



Khan Academy ဆိုတာ လေ့လာသူ ကျောင်းသားလူငယ်တွေအတွက် Free educational videos တွေကို ဝေမျှပေးနေတဲ့ ပညာရေး ဆိုဒ်တစ်ခုလို့ ပြောလို့ ရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်က "Deliver a world-class education to anyone anywhere." ပါ။ ပြောရရင် အပေါ်မှာ ပြောခဲ့ပြီးတဲ့ ပိုက်ဆံတစ်ပြားတစ်ချပ် မရပဲ ကိုယ်ပိုင်အချိန်တွေထဲကနေ အတိုင်းအတာ တစ်ခုထိ အချိန်ပေးပြီး မျှဝေပေးနေတဲ့ ပညာရပ်ပိုင်းဆိုင်ရာဆိုဒ်ကောင်း တစ်ခုပေါ့ - အံ့သြဖို့ ကောင်းတာ ဆိုဒ်ကို တည်ထောင်ပြီး lessons ပေါင်းများစွာကို အခမဲ့မျှဝေပေးနေတဲ့ Mr.Khan ရဲ့ အားထုတ်မှုပါပဲ။


အဲ့မှာ တင်ပေးထားတဲ့ Videos တွေကို ကြည့်မိတော့ ဘာမှ အတွေ့အကြုံ မရှိတဲ့ လူတစ်ယောက်ကိုတောင် နားလည်နိုင်အောင် ရှင်းပြပေးနိုင်တာ တွေ့ရတယ်။ သွား ခု အလီကျက်ဆိုတဲ့ Pressure ပေးနည်းမျိုး မဟုတ်ဘူး။  ဒီအောက်မှာ ဖော်ပြပေးထားတဲ့ ဗွီဒီယိုလေးကို အစမ်းကြည့် ကြည့်ပါ။


အဲ့တော့ ဘာသွား သတိထားမိလည်းဆိုရင် နိုင်ငံတိုးတက်ဖို့ ဖွံ့ဖြိုးဖို့ဆိုတာ ခဏဘေးချိတ်ထားလိုက်ဦး ကျွန်တော်တို့ သားသမီးတွေရဲ့ အနာဂတ်ပညာရေးအတွက် ကျွန်တော်တို့တွေရဲ့ ခေါင်းဟာ Pressure ပညာရေး ကို လက်ဆင့်မကမ်းမိဖို့ အများကြီး လေ့လာဖို့လိုပြီ ဆိုတာ သတိထားမိ လာခဲ့တယ်။

အဲ့တော့ နိဂုံးချုပ်ချင်တာ မိသားစုဝင်များ အနေနဲ့ အင်တာနက်ကို အသုံးပြုပြီး ကိုယ့်ဘဝအတွက် အကျိုးပြုမယ့် လေ့လာမှုတွေ လုပ်ဆောင်ကြပါ - လက်ဆင့်ကမ်းနိုင်ဖို့ ပြင်ဆင်ကြပါ။ အင်တာနက်ကြောင့် ပျက်စီးရတဲ့ လူငယ်မျိုး မဖြစ်စေပဲ - အင်တာနက်ကြောင့် ထိပ်ကို ရောက်သွားတဲ့ လူငယ်တွေ ဖြစ်လာဖို့ တည်ဆောက်ကြပါလို့ အဆုံးသတ်မှာလိုက်ချင်ပါတယ်။


KznT.

Farm Mania – Hot Vacation

ဒီခေါင်းစဉ်ကို စခဲ့တုန်းကတော့ Angry Birds ဆိုတဲ့ နာမည်နဲ့ စခဲ့တယ် - နောက်ပိုင်း ကျွန်တော် မိသားစုဝင်တွေကို ဆော့စေချင်တဲ့ ဂိမ်းလေးတွေ များများလာတော့ Angry Birds ဆိုတဲ့ ခေါင်းစဉ် တစ်ခုတည်းနဲ့ အဆင်မပြေတော့ဘူး - အဲ့တာကြောင့် All Smart Games ဆိုတဲ့ နာမည်ပြောင်းပြီး ရေးဖြစ်လိုက်ပါတယ်။ ခု ဒီနေရာမှာ ဖော်ပြသွားမယ့် ဂိမ်းတွေဟာ ကျွန်တော် http://allsmartgames.com/ ကနေ ဒေါင်းလုပ်ချပြီး သီးသန့် ပြန်တင်ပေးယုံ သက်သက်ပါ။ ဘာလို့လည်း ဆိုတော့ http://allsmartgames.com/ မှာ တင်ပေးထားတဲ့ ဂိမ်းလေးတွေဟာ အကုန် Full ပေးထားတယ် - ဘာ Crack တို့ Patch တို့မှ သုံးစရာမလိုဘူး - ဒါပေမယ့် သူတို့က တင်ပေးရင် FileSonic ကနေပဲ တင်ပေးတယ် - FileSonic က ဒေါင်းလုပ်ချရတာ အရမ်း စိတ်ပျက်ဖို့ ကောင်းတယ် - အဲ့တာကြောင့် ကျွန်တော် တင်ပေးရင် သုံးနေရာခွဲပြီး တင်ပေးမယ် - Up4Vn - MultiUpload နဲ့ MediaFire - အဲ့နေရာ သုံးခုကနေ တင်ပေးမယ်။ ကလေးဂိမ်းလို့ ပြောလို့ ရပေမယ့် ဆော့တာတော့ တကယ်ဆော့လို့ ကောင်းတယ် - လောလောဆယ် Farm Mania – Hot Vacation တင်ပေးလိုက်ပါတယ်။ ဆော့နည်းကလည်း ခက်ခက်ခဲခဲ ဘာမှ သိပ်မရှိဘူး - Mouse click ကို မြန်မြန်နဲ့ မှန်မှန် ပေးတတ်ဖို့လိုတယ်။ အချိန်နဲ့ ဆော့ရတယ်။ http://allsmartgames.com/ မှာ သွားကြည့်လို့ ကိုယ်ဆော့ချင်တဲ့ ဂိမ်းမျိုးလေးတွေ တွေ့ပေမယ့် ဒေါင်းလုပ်ချဖို့ အခက်အခဲ ဖြစ်နေမယ်ဆိုရင်လည်း တောင်းခဲ့နိုင်တယ်။ အတတ်နိုင်ဆုံး အဆင်ပြေအောင် ကျွန်တော်တို့ ကူညီပေးပါမယ်။

System Requirements:

OS: Windows XP/Vista
CPU: 1.2 GHz
RAM: 512 MB
DirectX: 9.0
Hard Drive: 220 MB

Download via Up4Vn!!
Farm_Mania_-_Hot_Vacation.rar (73.74 MB)
http://up4vn.com/?d=CZPTYUFE

( or ) 

Download via MultiUpload!!
Farm Mania - Hot Vacation.rar (73.7 MB)
http://www.multiupload.com/EBK782NZ6H


( or ) 

Download via MediaFire!!
Farm_Mania_-_Hot_Vacation.rar (73.74 MB)
http://www.mediafire.com/?iux10mrx6a5lz7l

KznT.

Complete Guide For Proxy Users

ဒီအကြောင်းက ကိုနိုးတူးကို စာပြန်ဖို့ ရေးရင်းနဲ့ အားလုံးအတွက် အကျိုးပြုလိမ့်မယ်ထင်လို့ သီးသန့် Thread ထုတ်လိုက်ပါတယ်။ ကိုနိုးတူးကို စာပြန်ထားတဲ့ ပုံစံလေးအတိုင်းပဲ တင်လိုက်ပါတယ်။
အကို Kznt ကျွန်တော် Proxy Switcher ဆိုတဲ့ Extension ကို မသုံးတတ်ဘူးဖြစ်နေလို့.. ဘယ်လို အသုံးပြုရပြီး ဘယ်လိုမျိုး အသုံးဝင်တယ် ဆိုတာ ရှင်းပြပေးနိုင်ရင် ရှင်းပြပေးစေချင်ပါတယ်.. ကျေးဇူးအထူးတင်လျက်ပါ အကို..

ကျွန်တော် မိတ်ဆက်ပေးခဲ့သမျှထဲမှာ Proxy Switcher လို့ရယ်တော့ တစ်ခါမှ မမိတ်ဆက်ပေးခဲ့ဖူးသလိုပဲ - Proxy Switchy! ကို ပြောတာလား မသိဘူး။

Proxy Switchy! သုံးနည်း သိချင်တာဆိုရင်တော့ တော်တော်လေး ပြောရခက်မယ်။ ဘာလို့လည်း ဆိုတော့ သူ့ မူရင်းဝက်ဘ်ဆိုဒ် မှာကို FAQs ဆိုတာ မရှိဘူး - အဲ့လိုဖြစ်ရတာကလည်း သူ့တည်ဆောက်ပုံကိုက Google Chrome Browser ကနေ ယူသုံးထားတဲ့ ကွန်ပြူတာ ထဲမှာ ရှိနေပြီးသား System proxy settings ကို User တွေအတွက် ပိုသုံးရလွယ်အောင် Extension တစ်ခုအနေနဲ့ ထုတ်ထားတာမို့လို့။ အဲ့တာကြောင့် Proxy Switchy! သုံးဖို့ အတွက်ဆိုရင် အရင်ဆုံး ဒီအောက်မှာ ဖော်ပြထားတဲ့ မေးခွန်းသုံးခုကို နားလည်ထားဖို့ လိုပါတယ်။

( ၁ ) Proxy ဆိုတာဘာလဲ ??
( ၂ ) Proxy အသုံးပြုတဲ့ နည်းလမ်းဘယ်နခု ရှိသလဲ ??
( ၃ ) Proxies အသုံးပြုနည်း တွေက ဘယ်လိုတွေလဲ ??

ဒါမေးခွန်းတွေကို အခြေခံ သိထားဖို့ လိုပါတယ်။ လူတော်တော်များများ သိထားကြတာတော့ Proxy ဆို ပိတ်ထားတဲ့ ဆိုဒ်တစ်ခုခုကို ကျော်တဲ့ ဘန်းကျော်လို့ပဲ အလွယ်ပြောကြတယ်။ တကယ်တမ်းက Proxy သုံးနေတဲ့ သူတစ်ယောက်ဟာ အဲ့လောက် သိထားယုံနဲ့ မလုံလောက်ပါဘူး။ ကျွန်တော် ခု ဒီနေရာမှာ Proxy အသုံးပြုနည်းနဲ့ ပတ်သတ်ပြီး အထက်မှာ ပြောထားခဲ့တဲ့ မေးခွန်းသုံးခုကို အတိုချုံး ရှင်းပြသွားပါမယ်။ အတိုချုံးလို့ ပြောရတာကလည်း အကျယ်မရှင်းပြနိုင်လို့ပါ။ Proxy အကြောင်းက လေ့လာရင် လေ့လာသလောက် ကျယ်ပြန့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဆဲပါ။ အများကြီး မသိသေးပါဘူး။

( ၁ ) Proxy ဆိုတာဘာလဲ ??

Proxy ဆိုတာ Computer တစ်လုံး ဒါမှမဟုတ် Server တစ်ခုကနေပြီး ကိုယ်သွားချင်တဲ့ နေရာတစ်ခုကို ရောက်အောင် ကြားခံ Services တစ်ခုခု ယူပြီး လှည့်ထွက်တဲ့ နည်းကို ခေါ်ပါတယ်။ မြင်သာအောင် အောက်က ပုံကို ကြည့်ပါ။

အဲ့လို Proxy ခံပြီး လှည့်ထွက်ခြင်း အားဖြင့် ဘာတွေ အားသာချက် ရသလဲဆိုတော့ အသုံးပြုသူရဲ့ Privacy ပိုင်းဆိုင်ရာ လုံခြုံမှုတွေ ရလာတယ်။ ကိုယ်သွားချင်တဲ့ နေရာကို တံခါးမရှိ ဓါးမရှိ ဝင်နိုင်ထွက်နိုင်တယ်။ နောက်ကွယ်ကနေ IP address ကို ခြေရာခံပြီး တကောက်ကောက် လိုက်နေတာမျိုး မခံရတော့ဘူး - ဒီ့ထက် မြင်သာအောင် ဥပမာ ပေးရရင် ကိုယ်က Proxy သုံးထားတဲ့ အချိန်မှာ တစ်ယောက်ယောက်က ကိုယ့် IP address ကို ခြေရာခံ လိုက်ရင် ကိုယ်ရှိနေတဲ့ IP address အစစ်အမှန်ကို မရနိုင်ပဲ Server မှာ သုံးထားတဲ့ IP address ကိုပဲ သူရမှာမျိုးပါ။ စသဖြင့် အားသာချက်တွေ ရှိတာမို့လို့ ခုနောက်ပိုင်း Proxy က လူတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားလာတယ်။

( ၂ ) Proxy အသုံးပြုတဲ့ နည်းလမ်းဘယ်နခု ရှိသလဲ ??

Proxy connections ကို အသုံးပြုဖို့ အခြေခံအားဖြင့် မှတ်ထားနိုင်တဲ့ နည်းလမ်း ( ၃ ) ခု ရှိပါတယ်။ အဲ့တာတွေက -

နည်းလမ်း ( ၁ ) >> Web စာမျက်နှာမှနေ၍ တဆင့်ခံ ကျော်ယူသောနည်း - ဒီနည်းက ကျွန်တော်တို့ မြန်မာမိသားစုဖိုရမ်မှာတင် ကျော်ခွမယ့်ဆိုက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ မိသားစုဝင် တော်တော်များများ အသုံးတည့်နေကြတဲ့ ကျော်ခွဆိုဒ်လေးတွေ ဝင်ရေးနေကြတာ ရှိတယ်။ အဲ့တာတွေကို ကျွန်တော်တို့က Web Proxy လို့လည်း ခေါ်တယ်။ Free web proxy တွေကို ဒီဖိုရမ်မှာ ဖော်ပြထားတာတင် မဟုတ်ပဲ ဒီ့ထက်များများ ပိုလိုချင်ရင် Google မှာ Free web proxy လို့ ရိုက်လိုက်ယုံနဲ့ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။

နည်းလမ်း ( ၂ ) >> Browser ၏ Proxy settings မှနေ၍ ပြင်ဆင် ယူသောနည်း - အဲ့တာကတော့ Google Chrome မှာဆိုရင် Options > Under the Hood > Network > Change proxy settings မှာ ရှိတယ်။


အဲ့ဒီ ဖော်ပြထားတဲ့ နေရာတွေမှာ ထည့်ဖို့ Port တွေနဲ့ Address တွေကိုတော့ ကျော်ခွမယ့်ဆိုက်များ ဆိုတဲ့ ခေါင်းစဉ်အောက်က ဒီနေရာမှာ ဖော်ပြထားတာ ရှိသလို -ချိန်းချင်သလောက်ချိန်း proxy ဆိုပြီး ဖော်ပြထားတာလည်း ရှိပါတယ်။ ကိုယ့်ဘာသာ အင်တာနက်ထဲကနေ ရှာချင်တယ်ဆိုရင်လည်း Google Search ကနေပြီး Port Proxy လို့ ရိုက်ပြီး အလွယ်တကူ စိတ်ကြိုက် ရှာဖွေနိုင်ပါတယ်။ ဒီနည်းကိုတော့ Port Proxies သုံးတဲ့နည်းလို့ အလွယ်ခေါ်လို့ ရပါတယ်။ Port proxies တွေ သုံးမယ်ဆိုရင် အောက်ဖော်ပြပါ နေရာအသီးသီးမှာ ကိုယ်သုံးနေတဲ့ Browser အလိုက် IP နဲ့ Port တွေ ပြင်ထည့်ပေးဖို့လိုပါတယ်။ ကျွန်တော် Port Proxies သုံးမယ်ဆိုရင်တော့ များသောအားဖြင့် ဒီနေရာက Proxy တွေ ယူသုံးလေ့ ရှိပါတယ်။ အဲ့မှာ ဆိုရင် ကိုယ်သုံးချင်တဲ့ နိုင်ငံအလိုက် ရွေးလို့ ရတယ်။ Anonymity level ရွေးလို့ရတယ်။ Protocol type ရွေးလို့ရတယ်။ စသဖြင့် စိတ်ကြိုက် ရွေးယူလို့ ရပါတယ်။

Mozilla Firefox: Tools > Options > Advanced > Settings > Manual proxy configuration.
Google Chrome: Tools > Options > Under the bonnet > Network > Change proxy settings > LAN settings > Use a proxy server > Advanced > HTTP.
Internet Explorer: Tools > Internet options > Connections > LAN settings > Use a proxy server > Advanced > HTTP.
Opera: Tools > Preferences > Advanced > Network.

နည်းလမ်း ( ၃ ) >> သီးသန့်ပြင်ဆင်ထားသော Software များအား အသုံးပြု၍ ကျော်ယူသောနည်း - ဒီအကြောင်းကိုတော့ Online လုံခြုံရေး နှင့် VPN Services များအကြောင်း ဆိုပြီး ကျွန်တော်ရေးထားပေးတာ ရှိပါတယ်။ ဒီနည်းဟာ တကယ်တော့ Privacy နဲ့ ပတ်သတ်ပြီး အထူးအရေးကြီးတဲ့ Advanced users တွေ အတွက်ပါ။ Advanced users တွေအတွက်လို့ ဆိုထားတ့ဲ အတိုင်း ဒီနည်းကို သုံးမယ်ဆိုရင် ပိုက်ဆံအကုန်အကျ မခံနိုင်ပဲ သုံးဖို့ အဆင်မပြေနိုင်ဘူး။ Free ပေးထားတာတွေ ရှိပေမယ့် ဒီနည်းက အရမ်းကန့်သတ်ချက်များတယ်။ အသေးစိတ်ကိုတော့ ဖော်ပြထားတဲ့ နေရာမှာ ဆက်ဖတ်ပေးပါ။

ဒီဖော်ပြခဲ့တဲ့ နည်းလမ်း ( ၃ ) ခုမှာ တော်တော်များများကတော့ ပထမနဲ့ တတိယနည်းလမ်းကို သုံးကြတယ်။ Free သုံးချင်တဲ့ သူတွေအတွက်တော့ ပထမ နည်းလမ်းက သုံးဖို့ အသင့်တော်ဆုံးပါပဲ။ ဒုတိယနည်းလမ်းက Free ရပေမယ့် လုပ်ရကိုင်ရ လက်ပေါက်ကပ်ပါတယ်။ တတိယနည်းကတော့ ပိုက်ဆံပေးမသုံးနိုင်ရင် သုံးဖို့ သိပ်အဆင်မပြေလှပါဘူး။

( ၃ ) Proxies အသုံးပြုနည်း တွေက ဘယ်လိုတွေလဲ ?? 

ဒီအကြောင်းကိုတော့ အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ အကြောင်းအရာတွေမှာရော အောက်မှာ ချိတ်ဆက်ထားတဲ့ အကြောင်းအရာတွေမှာပါ ပါဝင်ပြီးသားမို့လို့ သီးသန့်ထပ်ပြီး မဖော်ပြတော့ပါဘူး။ လေ့လာကြည့်ကြပါ။ Proxy နဲ့ ပတ်သတ်ပြီး ဒီ့ထက်ပို နားလည်ချင်ရင် အောက်ဖော်ပြပါ နေရာတွေကို ကိုလည်း သီးသန့် အချိန်ပေးပြီး ဖတ်ရှုထားဖို့ တိုက်တွန်းချင်ပါတယ်။

About Proxy Server 
Network Address Translation နှင့် Proxy Server တို့ကို နှိုင်းယှဉ်လေ့လာခြင်း
မြန်မာပြည်က ပရုပ်ဆီ ပရုပ်ဆီ အော်နေသူများအတွက်
Proxy အသုံးပြုနည်းများ
ByPass Proxy အကြောင်း
အင်တာနက် စီစစ်ခြင်းအား ကျော်လွှားခြင်း
ပိတ်ခံထားရတာလား စီစစ်ခံထားရတာလား?
ထောက်လှမ်းခြင်းနှင့် သိုဝှက်ခြင်း
အင်တာနက်အလုပ်လုပ်ပုံ
အင်တာနက်ကို ဘယ်သူထိန်းချုပ်ထားလဲ
စီစစ်ခြင်းနည်းပညာ
ရိုးစင်းသော လှည့်ကွက်များ
Web Proxy ဆိုသည်မှာ
Psiphon ကိုအသုံးပြုခြင်း
Psiphon2 ကိုအသုံးပြုခြင်း
Web Proxy ၏ ဆိုးကျိုးများ
အဆင့်မြင့်နည်းလမ်းများ
HTTP Proxy ဆိုသည်မှာအဘယ်နည်း
Switch Proxy တစ်ခုထောင်ခြင်း
Switch Proxy အားအသုံးပြုခြင်း
(Tor-the onion router)
Tor Browser Bundle အားအသုံးပြုခြင်း
Tor IM Browser Bundle ကို အသုံးပြုခြင်း
Tor ကို Bridges များဖြင့်အသုံးပြုခြင်း
JonDo အကြောင်း
VPN နှင့် Tunneling အကြောင်း
OpenVPN ကိုအသုံးပြုခြင်း
SSH Tunneling
Socks Proxies ကို အသုံးပြုခြင်း
WEB PROXIES ထောင်ခြင်း
PHProxy ထည့်သွင်းခြင်း 
Psiphon အား Install ပြုလုပ်ခြင်း 
Tor Bridge တစ်ခုတည်ဆောက်ခြင်း
Proxy တစ်ခုတည်ဆောက်ခြင်း၏ အန္တရာယ်များ

ကျွန်တော် ခု ဖော်ပြခဲ့သလောက် အပြည့်အစုံကြီး မဟုတ်ပေမယ့် Proxy နဲ့ ပတ်သတ်ပြီး အသုံးပြုပုံတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို မိသားစုဝင်များ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

KznT.

Top Posts for Natty Narwhal users

ဧပြီ ၂၈ ရက်နေ့က Ubuntu 11.04 Final Release ထွက်တယ် - ကျွန်တော် သူ့ကို Beta 2 ထွက်တုန်းက တစ်ခါ စမ်းသုံးဖြစ်သေးတယ် - အရင် Ubuntu Version တွေနဲ့ မတူဘူး - ခု Ubuntu က Beta 2 အဆင့်ရောက်လာတာတောင် Errors တွေတော်တော်တက်နေတာ တွေ့ရတယ် - အရင် Version အဟောင်းတွေတုန်းက Beta အဆင့်ဆိုရင်တောင် သုံးရတာ တော်တော်လေး အဆင်ပြေနေပြီ - အဲ့လိုနဲ့ Final Release ထွက်လာတယ် - ဘယ်သူတွေ ဘယ်လို သဘောကျတယ်တော့ မပြောတတ်ဘူး - ကျွန်တော်ကတော့ ပြောရရင် သိပ်ပြီး သဘောမတွေ့လှဘူး - ကျွန်တော် သိပ်မသုံးတတ်သေးလို့လည်း ဖြစ်ကောင်း ဖြစ်မယ် - နောက်ပြီး အရင် ပုံစံဟောင်းနဲ့ အသားကျနေတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ လတ်တလောတော့ Unity ကို ကျွန်တော် ခံစားလို့ မရဘူး - အရင်က Ubuntu တင်ပြီးရင် Software လေးတင် - Theme လေး ပြောင်းယုံနဲ့ အဆင်ပြေသွားပေမယ့် ခု 11.04 မှာ မကြိုက်တာတွေ နဲနဲများတော့ တစ်ခုချင်းစီ လိုက်ပြင်ရတာနဲ့တင်ကို ၁ နာရီလောက် အချိန်ပုတ်သွားတယ် -


ဒါပေမယ့်လည်း သီးခံနိုင်ပါတယ် - အလကားပေးထားတဲ့ OS တစ်ခုကို ၆ လတစ်ကြိမ် ပြောင်းလဲမှု လုပ်ပေးနေတာ တော်ယုံဖြည့်ဆည်းမှုလား။ နောက်ပြီး ခု version ကို သဘောမကျဘူး ဆိုပေမယ့် Ubuntu က 11.04 မှာ ရပ်နေမှာမှ မဟုတ်ပဲ - နောက်ထပ် Version တွေထွက်လာဦးမှာပဲလေ - နောက်ပြီး 11.04 မှာ ကျွန်တော် ထူးထူးထွေထွေ သဘောမကျတာ Unity တစ်ခုလောက်ပါပဲ - တစ်ကယ်လို့ ဒါကို သဘောမကျလည်း ကျွန်တော်တို့ အရင်သုံးနေကျ Ubuntu Classic အတိုင်း ဖြစ်အောင် Login Screen မှာ Ubuntu Classic လို့ ရွေးပေးပြီး ပြန်ပြောင်းလိုက်လို့ ရတယ်။ အဲ့တော့ ကျွန်တော် အရင်သုံးနေတဲ့ 10.10 ကနေ 11.04 ပြောင်းသုံးတော့ ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့တာလေးတွေ ပြောပြချင်တယ် - ပြောပြချင်တယ် ဆိုပေမယ့် ကျွန်တော် အရင်လိုတော့ တစ်ခုချင်းစီ ရေးပေးနိုင်မှာ မဟုတ်တော့ဘူး - အရင်တုန်းက ကျွန်တော် ရေးပေးခဲ့တယ် ဆိုတာတွေကလည်း ဒီလိုပဲ အင်္ဂလိပ်ဘလော့တွေက ရေးထားတာတွေကို နားလည်သလို ဘာသာပြန်ပြီး ရေးပေးတာဆိုတော့ ခု ဒီ Thread မှာ Ubuntu 11.04 သုံးချင်မယ့် လူတွေအတွက် တင်ပြီးသွားရင် ဘာတွေ ပြုပြင်ပြောင်းလဲမှု လုပ်သင့်မယ်ဆိုတာကို ဖတ်ထားသင့်မယ့် စာမျက်နှာတွေနဲ့ တွဲဖက်ပြီး Links လေးတွေ ချိတ်ဆက်ဖော်ပြပေးသွားချင်ပါတယ်။

How to Upgrade to Ubuntu 11.04 "Natty Narwhal" Easily - လောလောဆယ်မှာ Ubuntu 10.10 Maverick Meerkat သုံးနေတဲ့သူဆိုရင် Ubuntu 11.04 ကို ဘယ်လို Upgrade အလွယ်တကူ လုပ်နိုင်မယ်ဆိုတာ ဒီ ပို့စ်လေးကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။

How to upgrade from Ubuntu 10.04, 10.10 to Ubuntu 11.04 Natty Narwhal | Desktop & Server - တကယ်လို့ Ubuntu 10.04, 10.10 နှစ်မျိုးလုံးကနေ Ubuntu 11.04 Natty Narwhal ကို upgrade လုပ်ချင်ရင် ဘယ်လိုလုပ်ရမယ် ဆိုတာကိုတော့ unixmen.com က ဖော်ပြပါ ပို့စ်လေးကို ဖတ်ပေးပါ။

Cleaning up Ubuntu after every Upgrade or fresh Install | Natty Narwhal - Upgrade လုပ်လုပ် - Fresh install ပဲ လုပ်လုပ် Natty Narwhal ကို ပြောင်းပြီးသွားရင် Ubuntu ကို သန့်ရှင်းရေး ဘယ်လိုလုပ်ရမယ်ဆိုတာ ဖော်ပြပါ ပို့စ်ကိုဖတ်ပါ။

Our complete guide to Unity in Ubuntu 11.04 - Ubuntu 11.04 သုံးမယ်ဆိုရင်တော့ Unity အကြောင်း သိထားဖို့လိုပြီ - သူများမကြိုက်လို့ ကိုယ်လိုက်မကြိုက်တာမျိုးတော့ မဖြစ်သင့်ဘူး - သူတို့ ဘာလို့ ဒီ Unity ဆိုတဲ့ new desktop environment ကိုသုံးတာလဲ - ဒါတွေက အကြောင်းရှိတယ် - နာမည်ရှိပြီးသား Brand တစ်ခုကို နာမည်ပျက်အောင်တော့ ဘယ်သူမှ မပြင်ကြဘူး - ကောင်းလို့ ပြင်တာပေါ့ - အားသာချက်တွေ ရှိလို့ ပြောင်းတာပေါ့ - ဘာတွေ အားသာချက်ရှိတယ်ဆိုတာသိဖို့ ဖော်ပြပါ omgubuntu.co.uk က ပို့စ်လေးကို မပျက်မကွက် ဖတ်ကြစေချင်ပါတယ်။

12 Things I did After Installing New Ubuntu 11.04 "Natty Narwhal" - Ubuntu 11.04 "Natty Narwhal" တင်ပြီးသွားရင် တဆက်တစပ်တည်း ဖတ်သင့်တာကတော့ ခုဖော်ပြထားတဲ့ ပို့စ်ပါ။ သူ့ကို ဖတ်ပြီးရင် Themes တွေ Applications တွေတင်တာ ပြင်တာ အလှဆင်တာတွေအားလုံး သဘောပေါက်သွားပါလိမ့်မယ်။

Things To Tweak / Fix After Installing Ubuntu 11.04 Natty Narwhal - နောက်ထပ် မဖြစ်မနေ ဖတ်ဖို့ သင့်တာကတော့ webupd8.org က ဖော်ပြပါ ပို့စ်ပါ - 11.04 မှာဖြစ်နေတဲ့ လူတော်တော်မျာများ သဘောမကျကြတဲ့ ပြဿနာရပ် တော်တော် များများကို အဲ့ဒီ့ ပို့စ်လေးက ဖြေရှင်းပေးပါလိမ့်မယ်။

How To Remove Mounted Drives From The Ubuntu Unity Launcher - Ubuntu တင်ပြီးရင် Drive တစ်ခုခုကို Open လိုက်တဲ့ အခါ Mounted Drives တွေ တက်တက်လာတဲ့ ပြဿနာကလည်း တော်တော်စိတ်ရှုပ်ဖို့ ကောင်းတယ် - ကျွန်တော့်စက်မှာက Partitions က 8 ခု ရှိတော့ တစ်ခုဖွင့်တိုင်း တစ်ခါ Desktop ပေါ် တက်တက်လာတာ ကြည့်လို့ကို မရဘူး - အရင်ကတော့ Ubuntu Tweak လေးသုံးလိုက်ရင် အဆင်ပြေသွားတယ် - ခု Ubuntu 11.04 မှာကျတော့ Ubuntu Tweak သုံးလိုက်ရင် Desktop ပေါ်က Mounted drives တွေပျောက်သွားပေမယ့် Ubuntu Unity Launcher ထဲက Mounted drives တွေကတော့ ပျောက်မသွားဘူး - အဲ့ပြဿနာကို ပြေလည်စေချင်ရင် ဖော်ပြထားတဲ့ Post ကို ဖတ်ပါ။

10 things to do after installing Ubuntu 11.04 - ဒါက omgubuntu.co.uk ရဲ့ လက်ရာပါ - အပေါ်မှာ ဖော်ပြခဲ့တဲ့ Posts အားလုံးကို ဖတ်ပြီးသွားရင် ဒီပို့စ်က အရံသဘောမျိုးလောက်ပဲ အသုံးဝင်ပါလိမ့်မယ်။ အသစ်အဆန်း သိပ်မရှိတော့ပါဘူး - ဒါပေမယ့် ဖတ်ထားတာ မမှားပါဘူး။ တစ်ချို့ သိထားသင့်တာလေးတွေ ရှိပါတယ်။

Top Things to do after installing Ubuntu 11.04 Natty Narwhal - ဒီပို့စ်က unixmen.com ရဲ့ လက်ရာပါ။ များများလေ့လာ ပြင်ဆင်ချင်တဲ့ သူတွေ ဖတ်ထားသင့်ပါတယ်။


How to move back from Unity to gnome2 classic in ubuntu 11.04 natty narwhal - ဒီပို့စ်လေးကတော့ Unity နဲ့ အဆင်မပြေဖြစ်ပြီး gnome2 classic ကိုမှ ပြန်သုံးချင်မယ့် ကျွန်တော့်လို လူမျိုးတွေအတွက် ဖတ်ထားသင့်တဲ့ ပို့စ်ပါ - ဒီနည်းက ဒုတိယနည်းပါ - တစ်ခြားနည်းတစ်ခုက အပေါ်မှာ ဖော်ပြပေးခဲ့ပြီးတဲ့ ပြင်ဆင်ရေးနည်းလမ်းတွေ မှာတင် ဖော်ပြပေးထားတာ ရှိပါတယ်။ ကြိုက်တဲ့နည်းကို သုံးနိုင်ပါတယ်။

31 Useful Ubuntu 11.04 Unity Keyboard/Mouse Shortcuts - ဒါကတော့ Unity Shortcuts နဲ့ တစ်ခြား Keyboard shortcuts လေ့လာသူတွေအတွက် ဖတ်ထားသင့်တဲ့ ပို့စ်ကောင်း တစ်ခုပါ။

Installing GNOME 3 on Ubuntu 10.10 - Ubuntu 10.10 မှာ GNOME3 သုံးချင်တဲ့သူတွေအတွက် ဒီပို့စ်လေး ဖတ်ထားသင့်ပါတယ်။ ကျွန်တော် ပြောင်းကြည့်တာ အားလုံး အဆင်ပြေတယ် - ဒါပေမယ့် ၂ နာရီလောက် အချိန်ပေးလိုက်ရတယ်။ ကိုယ်သုံးနေတဲ့ Internet connection ပေါ်လိုက်ပြီး တော်တော်စောင့်ရလိမ့်မယ်။ စမ်းမယ်လို့ စိတ်ကူးရှိရင် အရင်ဆုံး ပို့စ်ကို တစ်ခေါက်ဖတ်ပြီး အဆင့်တွေကို သဘောပေါက်တော့မှ ပြောင်းဖို့ ဆုံးဖြတ်ပါ။

ကျွန်တော် ခု ဖော်ပြခဲ့သလောက်ဆို Ubuntu 11.04 "Natty Narwhal" သုံးနေတဲ့သူတွေ အတွက် ရင်ဆိုင်နေရတဲ့ ပြဿနာကို အတိုင်းအတာတစ်ခုထိ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။


KznT.

Reading and Self Learning

စာဘာကြောင့် ဖတ်သင့်တယ် - စာဖတ်ခြင်းကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရမယ် - ဘယ်လိုနေရာတွေမှာ စာဖတ်သင့်မယ် ဆိုတာကို ကျွန်တော်ရှေ့မှာ တော်တော်များများ အကြံပြုခဲ့ပြီးပြီ - ဒီ စာဖတ်ခြင်းနဲ့ပဲ ပတ်သတ်ပြီး ကိုzo ကနေ ဒီနေရာမှာ 10 steps to improving reading ဆိုတာ ရေးပေးနေတာ ရှိတယ် - တကယ်ကို တန်ဖိုးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အင်တာနက်ထဲမှာ အားတဲ့အချိန်တိုင်း စာဖတ်လေ့ ရှိပေမယ့် vocabulary တိုင်းကို နားမလည်နိုင်သေးဘူး - ဖတ်လေ မသိလေလို့ ပြောရင်တောင် ပိုမှန်မလားပဲ - အဲ့အတွက်လည်း အားငယ်စရာ မလိုဘူး - စာဖတ်သူတစ်ယောက် အနေနဲ့ ဘယ်လို ခံယူချက်ထားရမယ် - ဘယ်လို ပြင်ဆင်ရမယ် ဆိုတာကို ကိုzo ရေးတဲ့ 10 steps to improving reading မှာ လေ့လာနိုင်သလို ကျွန်တော် တစ်ချိန်က ရေးခဲ့ပေးဖူးတဲ့ Self-Learner and Self-Learning ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း လေ့လာနိုင်ပါတယ် -

လူတစ်ယောက် စာဖတ်ဖြစ်လာဖို့အတွက် ဘာတွေ အဓိက အလိုအပ်ဆုံးလဲ ဆိုတာကို ကျွန်တော် အချိန်တိုင်း စဉ်းစားဖြစ်တယ် - လိုအပ်ချက်တွေကတော့ အများကြီးပေါ့လေ - ဒါပေမယ့် အားလုံးထဲက အခြေခံ အကျဆုံးဖြစ်နိုင်လောက်မယ့် အချက်တွေကို ခွဲထုတ်ကြည့်တော့ စုစုပေါင်း သုံးချက်ရှိတာ သွားတွေ့ရတယ် - အဲ့တာတွေက -

( ၁ ) စာဖတ်ချင်စိတ် ဖြစ်ပေါ်စေမှု - ဘယ်စာအုပ် ဘယ်လောက်ကောင်းပါတယ် ပြောပြော - ဘယ် အကြောင်းအရာက ဘယ်လောက် သိသင့်ပါတယ်ဆိုဆို လူတစ်ယောက်မှာ စာဖတ်ချင်စိတ် ရှိမနေရင် ဘယ်စာကိုမှ ဖတ်ဖြစ်လာမှာ မဟုတ်ပါဘူး - အဲ့ဒီ့စိတ် မိသားစုဝင်တိုင်းမှာ ဖြစ်လာစေဖို့ ကျွန်တော်တို့ဘက်က ဖန်တီးပေးဖို့ မဖြစ်နိုင်သလို ဘေးလူတစ်ယောက်က ဝင်ပြီး ပျိုးထောင်ပေးဖို့လည်း မလွယ်ကူနိုင်ပါဘူး - ဒီစိတ်ဟာ ကိုယ်ကိုယ်တိုင် ပျိုးထောင်ယူရမယ့် အခြေခံအဆင့်ပါ - ဒီစိတ်ကို အောင်နိုင်ဖို့အတွက် တစ်နေ့ကို ဖတ်ရမလွယ်တဲ့ စာ ( ၂ ) ပုဒ်လောက် နေ့စဉ်ပုံမှန် အချိန်ပေးပြီး ဖတ်ကြည့်ပါ - ဖတ်ရမလွယ်တဲ့ စာ ( ၂ ) ပုဒ်လောက် ဆိုလို့ မိသားစုဝင်များ ဘယ်လိုပါလိမ့်လို့ သိချင်ကြလိမ့်မယ်။



ဖတ်ရမလွယ်သော စာ ( ၂ ) ပုဒ်

ကျွန်တော်တို့ မြန်မာမိသားစုဖိုရမ်ဟာ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ပြုနိုင်ရေးအတွက် ဦးတည်ချက်ထားပြီး တည်ဆောက်ခဲ့တာမို့လို့ ကျွန်တော် ဒီနေရာမှာ နည်းပညာကို အခြေခံပြီးပဲ ဥပမာ ပေးပါရစေ - ကျွန်တော် လက်လှမ်းမှီသမျှ မြန်မာလူငယ်အများစုကို လေ့လာကြည့်တဲ့ အချိန်မှာ လူငယ်တော်တော်များများ စာဖတ်အားနည်းကြတာ သတိထားခဲ့မိသလို - စာဖတ်လေ့ဖတ်ထရှိတဲ့ လူငယ်တွေ ဆိုရင်လည်း မြန်မာဘလော့တွေ ဖိုရမ်တွေနဲ့ ဝက်ဘ်ဆိုဒ် တော်တော်များများကိုပဲ လည်ပတ်သွားလာကြတာကိုပဲ တွေ့ရတယ် - ဒါတောင် နေ့တိုင်း ဖတ်ဖြစ်တာမျိုး မဟုတ်သေးဘူး - နည်းပညာပိုင်းဆိုင်ရာ လေ့လာလိုတဲ့ မြန်မာလူငယ်တွေ အနေနဲ့ မြန်မာဘလော့တွေ ဖိုရမ်တွေနဲ့ ဝက်ဘ်ဆိုဒ် တော်တော်များများက ရေးလေ့ရှိတဲ့ အကြောင်းအရာ ဖတ်ယုံနဲ့တင် မလုံလောက်ပါဘူး -

ဘာကြောင့် ဒီစကားကို ပြောလဲဆိုရင် နည်းပညာနဲ့ ပတ်သတ်နေတဲ့ မြန်မာဘလော့ ဖိုရမ်တွေ တော်တော်များများဟာ စာကို အပေါ်ယံလောက်ကနေပဲ ရှပ်ရေးကြတာ များတယ် - တကယ်တမ်း ကိုယ်အသေးစိတ် သိချင်တဲ့ အကြောင်းအရာတွေဆိုရင် အဖျားရှုးပြီး လမ်းစပျောက် သွားတတ်ကြတယ် - ဒါကလည်း ဘယ်သူ့အပြစ်မှ မဟုတ်ဘူး - လူတိုင်းက သူ့ကိုယ်ပိုင်အချိန်နဲ့ လည်ပတ်ရတာမို့လို့ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့လည်း မဖြစ်နိုင်ဘူး - နည်းပညာနဲ့ ဆိုင်တဲ့ မြန်မာဘလော့ တော်တော်များများဟာ စာဖတ်အားနည်းမှု - အချိန်မပေးနိုင်မှု ဆိုတာတွေကြောင့် တကယ်တမ်း လေ့လာသူတစ်ယောက်အတွက် သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို ချမပြနိုင်ကြတာများတယ် - စာဖတ်သူမေးတဲ့ မေးခွန်းလေးတွေ အချိန်ရရင် ဖြေပေးမယ် - တောင်းတာလေးတွေ ဖြည့်ဆည်းပေးမယ် - အချိန်ရလို့ ဖတ်ဖြစ်ခဲ့ပြီး ကိုယ်သိထားတာလေး တစ်ခုစ နှစ်ခုစ ပြန်ရေးပေးမယ် ဒါက မြန်မာနည်းပညာ ဘလော့တွေ ဖိုရမ်တွေတိုင်း လည်ပတ်နေကြတဲ့ ပုံစံပါ - အဲ့တော့ စာရေးသူတွေ ဘက်ကမကြည့်ပဲ ကျွန်တော်တို့ စာဖတ်သူတွေဘက်က ကြည့်မယ်ဆိုရင် ဘာတွေဆုံးရံှုးသွားလဲ ဆိုတော့ နည်းပညာနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေ မသိရတော့ဘူး - စာရေးသူ အားသလောက်လေး ရေးထားတာကိုပဲ ဖတ်ဖြစ်တာမို့လို့ သူပေးသလောက်ပဲ သိတယ် - တစ်ခြားထူးပြီး ဘာမှ မသိဘူး - နောက်ပြီး စာရေးသူ တော်တော်များများက အချိန်ပေး အားစိုက်ပြီး ရှင်းပြတာမျိုး တော်ယုံမရှိတတ်လို့ မြန်မာဘလော့တွေ ဖိုရမ်တွေ ဖတ်ရတာ အင်မတန်မှကို လွယ်တယ် - ဒါသိချင်လား ဟိုကိုသွား - ဟိုဟာလား ဟိုလိုလုပ်လိုက်လေ နဲ့ ရေးတတ်တာမျိုး ဆိုတော့ မျက်လုံးတစ်ချက် အထက်အောက် စုန်ဆန်ကြည့်လိုက်တာနဲ့တင် ဒီပို့စ်ကနေ ကိုယ့်အတွက် ဘာအကျိုးကျေးဇူး ရနိုင်မယ်ဆိုတာ ခန့်မှန်းလို့ ရတယ် - ခုလို အခြေအနေမျိုးတွေမှာ တစ်နေ့နဲ့ တစ်နေ့ တက်လာသမျှ မြန်မာဘလော့ ဖိုရမ်တိုင်းက စာတွေ လှည့်ပတ်ဖတ်ဖြစ်ယုံနဲ့ ကိုယ်ကိုယ်ကိုယ် စာဖတ်ဖြစ်ပါတယ်လို့ ထင်နေရင် အမှားကြီး မှားပါလိမ့်မယ်။ အဲ့တာကြောင့် မိသားစုဝင်တွေအနေနဲ့ စာဖတ်မယ်လို့ စိတ်ကူးရှိတဲ့ အခါ ဖတ်ရလွယ်တဲ့ အကြောင်းအရာတွေတင်မက ဖတ်ရမလွယ်တဲ့ နိုင်ငံခြား ဖိုရမ် ဘလော့ ဝက်ဘ်ဆိုဒ်တွေက အကြောင်းအရာတွေ ဖတ်ဖြစ်ဖို့ကိုပါ ကြိုးစားကြည့်ပါ -

နိုင်ငံခြားဘာသာနဲ့ ပတ်သတ်ရင် မြန်မာလူငယ် တော်တော်များများ အင်္ဂလိပ်ဘာသာနဲ့ အကျွမ်းဝင်ကြတာမို့လို့ အင်္ဂလိပ်လိုရေးထားတဲ့ ဘလော့တွေဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်တယ် - အကျွမ်းဝင်တယ်ဆိုတာ ကျွမ်းကျင်တာ မဟုတ်ပါဘူး - ဒါ့ကြောင့် ဖတ်ဖြစ်တဲ့ အချိန်မှာ မလောပါနဲ့ - ဒီစာလုံးလေးတွေလွယ်ပါတယ် ဆိုပြီး ကျော်မဖတ်ပါနဲ့ - အဲ့ဒီ့လွယ်တဲ့ နားလည်ထားပြီးသား အင်္ဂလိပ်စာလုံးတွေကပဲ တစ်ခြားစာလုံးတစ်ခုခုနဲ့ ဆက်တွဲလိုက်တဲ့ အခါ နောက်တစ်မျိုး အဓိပ္ပါယ် ပြောင်းသွားတာတွေ - စာကြောင်းတစ်ခုနဲ့ တစ်ခုကို ဆက်ထားတဲ့ စကားဆက်တွေမှာ အသုံးပြုတဲ့ နေရာပေါ်မူတည်ပြီး ရည်ညွှန်းချက် မတူတာတွေက အစ သတိထားမိနိုင်ဖို့ ကြိုးစားဖတ်ပြီး ဘာသာပြန်ယူကြည့်ပါ - Posts အရေအတွက် များများဖတ်ဖြစ်ဖို့ ကျွန်တော်တို့အတွက် အရေးမကြီးဘူး - ဖတ်ဖြစ်တဲ့ Post ကို ကိုယ်ဘယ်လောက်ထိ နားလည်သလဲ ဆိုတာက ပိုပြီး အရေးကြီးပါတယ် - ကိုယ်နားလည်ထားတာလေးတွေ ဖတ်မိတာလေးတွေကို မြန်မာမိသားစုဖိုရမ်က မဖတ်ဖြစ်သေးတဲ့ တစ်ခြား မိသားစုဝင်တွေအတွက် လာပြီး မျှဝေလှည့်ပါ - ဒီလိုမျိုးသာ မိသားစုဝင်တွေ တစ်နေ့ကို နှစ်ပုဒ် နှစ်ပုဒ်နဲ့ ဖတ်ဖြစ် မျှဝေဖြစ်လာရင် နောက် လနဲ့ချီလာတဲ့ အခါ မိသားစုဝင်တွေ ကိုယ်တိုင်လည်း စာဖတ်အား တက်လာသလို ကျွန်တော်တို့ ဖိုရမ်ဆိုတာလည်း Contributors တွေ အများကြီးကို ဖြစ်လာလိမ့်မယ်။ အဲ့တာကြောင့်မလို့ ဖတ်ရမလွယ်တဲ့ စာ ( ၂ ) ပုဒ်လောက် နေ့စဉ် ဖတ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

( ၂ ) ဖတ်ရှု့ရမည့် နေရာကောင်းများ မသိရှိမှု - တစ်ချို့က စာဖတ်ချင်စိတ် ရှိပေမယ့် ဘယ်နေရာတွေမှာ စာဖတ်ရမယ်မှန်း တိတိကျကျ မသိကြဘူး - အဲ့လိုမဖြစ်ရအောင် စာဘယ်လိုဖတ်ရမယ် ဆိုတာ ကျွန်တော် ဒီ လူငယ်နှင့် ပညာရေး ဆိုတဲ့ Thread အောက်က ပထမဆုံး post မှာ ဖော်ပြပေးခဲ့ပါတယ်။ အဲ့အကြောင်းကို စရေးခဲ့စဉ်တုန်းက ကျွန်တော့်ဆီမှာ Blogs ပေါင်း ရ၈၀ ပဲ ရှိသေးတယ် - ခု ကျွန်တော် စုထားတာ ဝက်ဘ်ဆိုဒ်ပေါင်း ၁၀၀၃ ခုရှိသွားပါပြီ - လိုအပ်သူများ ဒီနေရာကနေ ယူနိုင်ပါတယ်။ ကျွန်တော့် စိတ်ကြိုက် စုထားတာတွေမို့လို့ မိသားစုဝင်တွေ ဖတ်ရှုချင်တဲ့ ဘလော့မျိုးတွေ မပါလာတာမျိုး ရှိကောင်း ရှိနိုင်ပါတယ် - အဲ့အတွက် ကျွန်တော်ထပ်ပြီး ဝက်ဘ်ဆိုဒ်ကောင်းတွေ ဘယ်လိုရှာဖွေရမယ် ဆိုတာ ရေးပေးပါဦးမယ်။

( ၃ ) အခြေအနေ အချိန်အခါနှင့် အခွင့်အရေး မရရှိမှု - မအောင်မြင်ကြတဲ့ လူတိုင်းမှာ ဆင်ခြေရှိသလို - မလုပ်ဖြစ်လိုက်တဲ့ သူတိုင်းမှာလည်း အသင့်ပေးစရာ ဆင်ခြေက ရှိနေပြီးသား ဖြစ်နေတတ်တယ် - ကျွန်တော်ကိုယ်တိုင်လည်း တစ်ခုခု မလုပ်ဖြစ်ရင် ကိုယ်တကယ် မလုပ်နိုင်ခဲ့တာ သေချာရဲ့လား ဆိုတာ အရင်မဆန်းစစ်ပဲ တစ်ခြားအကြောင်းအရာတစ်ခုခုက ကိုယ့်ကိုယ် တုပ်နှောင်ထားလို့ မလုပ်ဖြစ်သလိုမျိုး ဆင်ခြေအရင်ဆုံး ပေးခဲ့ဖူးတယ် - ကျွန်တော်တို့ မြန်မာလူငယ်တွေ သိထားသင့်တာ တစ်ခုက အခွင့်အရေးဆိုတာ ဆင်ခြေပေးတတ်သူတွေအတွက် ဘယ်တော့မှ အသင့်ရှိမနေတတ်ဘူး - အခွင့်အရေးလိုချင်ရင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးတတ်သူ မဖြစ်အောင် အရင်ဆုံး ပြင်ဆင်ပါ။

ဒီအဆင့် သုံးခုကို ဖြတ်ကျော်ပြီးရင် အခွင့်အရေးရှိရာကို သွားတတ်တဲ့ ( ဝါ ) မိမိအတွက် - မိမိ မိသားစု မိမိပတ်ဝန်းကျင် - မိမိလူမျိုး - မိမိနိုင်ငံအတွက် အခွင့်အရေး ရလာအောင် ဖန်တီးတတ်တဲ့ မျိုးဆက်သစ်တွေ ဖြစ်လာဖို့ အစပျိုးပြီး ဖြစ်ပါလိမ့်မယ်။

KznT.

Windows Experience Index: An In-Depth Look

Windows Experience Index အကြောင်းက တစ်ခါတုန်းကလည်း 2010 2011 Ultimate Software Guide for Windows Users အောက်မှာ ရေးပေးခဲ့ဖူးပါတယ် - တစ်ချို့ ဖတ်ဖြစ်တဲ့လူလည်း ရှိတယ် - တစ်ချို့ကလည်း စာဖတ်ဖို့ထက် Software လိုချင်စိတ်ပဲ များနေတာမို့ ကျော်ချသွားတဲ့လူတွေလည်း ရှိကောင်း ရှိလိမ့်မယ် - အဲ့တာကြောင့် ဒီအကြောင်းကိုပဲ နောက်ထပ်တစ်ခေါက် ထပ်ရေးဖြစ်လိုက်ပါတယ်။ ခုရေးမယ့် အကြောင်းအရာမှာတော့ နဲနဲ အသေးစိတ်ထားတယ် - Windows Experience Index အကြောင်း တစ်ခုတည်းတင် မဟုတ်ပဲ - သူ့ရဲ့ အားသာချက် အားနည်းချက်တွေ - လှည့်ကွင်း လှည့်ကွက်တွေနဲ့ သတိပြုသင့်တဲ့ အချက်တွေအကြောင်းပါ ထည့်သွင်းဆွေးနွေးသွားပါမယ်။

Windows Experience Index ဆိုသည်မှာ

Windows Experience Index ဆိုတာ Windows Vista နဲ့ 7 သုံးသူတွေ အတွက် Windows တင်အပြီးမှာ ကိုယ့်စက်ရဲ့ Performance ဘယ်လောက် ရှိနိုင်သလဲ ဆိုတာ စစ်ဆေးတဲ့ နေရာပါ - အလွယ်ပြောရရင် သူ့ကို Run လို့ ရလာတဲ့ Result ကို ကြည့်ပြီး - Performance အတွက် ဘာတွေ တိုးရမယ် - ဘာတွေချွေသုံးရမယ် - ဒီ Windows ကို ဆက်ပြီး သုံးသင့်သလား - မသုံးသင့်ဘူးလား - ဆိုတာမျိုးတွေထိ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။ Windows Vista နဲ့ Windows 7 Users တွေအတွက် Windows Experience Index ကို စစ်ဆေးရမယ့် နေရာက Control Panel \ Performance Information and Tools အောက်က Windows Experience Index Base Score နေရာမှာပါ။


Windows Experience Index အကြောင်းကို အသေးထပ်စိတ်ပြီး ရှင်းရရင် သူက ကိုယ့်ကွန်ပြူတာထဲမှာ ရှိနေတဲ့ Hardware နဲ့ Software တွေရဲ့ လက်ရှိ စွမ်းဆောင်နိုင်ရည်တွေကို တိုင်းတာ စစ်ဆေးပေးတဲ့ ညွှန်းကိန်းဖြစ်ပြီး Component ( ၅ ) မျိုးကို တိုင်းတာစစ်ဆေးပါတယ်။ အဲဒီ့ Component ( ၅ ) မျိုးကတော့ Processor - Memory ( RAM ) - Graphics - Gaming graphics - Primary hard disk တို့ ဖြစ်ပြီး တစ်ခုချင်းစီကနေ သူ စစ်ဆေးလို့ ရလာတဲ့ အထက်ဖော်ပြပါ ကိန်းဂဏန်းတွေထဲက အငယ်ဆုံး ကိန်းဂဏန်းကို ယူပြီး Windows Experience Index Base Score ( ကွန်ပြူတာ၏ စွမ်းဆောင်ရည်ပြ အခြေခံညွှန်းကိန်း ) ကို ဖော်ပြပါတယ်။ ဒီဂဏန်းတွေ ဘာကို ရည်ညွှန်းသလဲ ဆိုရင် Subscore နိမ့်တာနဲ့ အမျှ ကိုယ့်ကွန်ပြူတာရဲ့ စွမ်းဆောင်နိုင်ရည်ဟာ သိသိသာသာ နှေးကွေးလေးလံမယ် ဆိုတာ ရည်ရွယ်တာဖြစ်ပြီး Subscore မြင့်တာ နဲ့ အမျှ ကွန်ပြူတာရဲ့ စွမ်းဆောင်ရည် မြန်ဆန်မြင့်မားမယ် ဆိုတာကို ဖော်ကျူးတာ ဖြစ်ပါတယ်။ မိမိစက်မှာ ရှိတဲ့ Windows Experience Index Base Score ကို စစ်ဆေးဖို့ အတွက် ဖော်ပြပါ Update my score ကို click ပေးရပါမယ်။

ဖော်ပြပါ Hardware component တစ်ခုချင်းစီမှာ သီးခြား Subscore တစ်ခုစီရှိပြီး ကျွန်တော်တို့ ကွန်ပြူတာ ကွန်ပြူတာရဲ့ Windows Experience Index Base Score ဆိုတာ အဲ့ဒီ့ Hardware component တစ်ခုချင်းစီက ရလာတဲ့ Subscore အားလုံးထဲက အနိမ့်ဆုံး Subscore ကို ရွေးယူဖော်ပြတာဖြစ်ပါတယ်။ အထက်ဖော်ပြပါပုံမှာ ဆိုရင် ကျွန်တော့်ကွန်ပြူတာရဲ့ Subscore အနိမ့်ဆုံးဟာ 4.7 ဖြစ်တဲ့ အတွက်ကြောင့် ကျန်တဲ့ Components တွေ အားလုံးဟာ 5 ကျော် 6 ရပေမယ့် ကွန်ပြူတာရဲ့ Windows Experience Index Base Score မှာတော့ 4.7 ပဲ ဖြစ်သွားပါတယ်။ ( Base score ဟာ Components တွေ အားလုံးက ရလာတဲ့ subscore တွေအားလုံးကို ပေါင်းပြီး Average ရှာထားတာ မဟုတ်ပါဘူး။ ) ဒါကြောင့် ဆိုလိုတာ ကိုယ့်ကွန်ပြူတာမှာ Processor ဘယ်လောက်ကောင်းကောင်း RAM မကောင်းရင် - Hard disk မကောင်းရင် သို့တည်းမဟုတ် Graphics မကောင်းရင် Windows Experience Index က ကျနေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Windows Experience Index ကို ကြည့်ပြီး ကွန်ပြူတာတစ်လုံးရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ထိ မြင့်မားတယ်ဆိုတာ အလွယ်နည်းနဲ့ စစ်ဆေးနိုင်ပါတယ်။ ထိုနည်း လည်းကောင်း ကိုယ့်ကွန်ပြူတာရဲ့ စွမ်းဆောင်ရည်ကို လက်ရှိအခြေအနေထက် မြှင့်ချင်ပြီဆိုရင်လည်း ဖော်ပြပါ Windows Experience Index မှာ ဖော်ပြထားတဲ့ Components တစ်ခုချင်းစီရဲ့ Subscore ကိုကြည့်ပြီး ဘယ် Components တွေကို မြှင့်ဖို့လိုမယ် ဆိုတာ အလွယ်တကူ ဆုံးဖြတ်နိုင်ပါတယ်။

အကြမ်းဖျဉ်းအားဖြင့် သုံးသပ်မယ် ဆိုရင် Windows Vista နဲ့ Windows 7 သုံးထားတဲ့ ကွန်ပြူတာတိုင်းဟာ အနိမ့်ဆုံး Windows Experience Index Base Score 3 နဲ့ 3 အထက် ( 4, 5 .... ) စသဖြင့် ရထားဖို့ လိုပြီး - 3 ထက် နိမ့်နေမယ် ဆိုရင်တော့ နိမ့်နေတဲ့ Hardware Components ကို အတတ်နိုင်ဆုံး မြှင့်တင်ဖို့လိုပါတယ်။ ဘာကြောင့်လည်း ဆိုရင် base score အနည်းဆုံး 3 ရထားတဲ့ ကွန်ပြူတာသာ Windows Vista - 7 မှာပါတဲ့ Windows Aero နဲ့ new features တွေကို Run နိုင်ဖို့ အခြေခံအား ဖြင့် ပြည့်စုံတယ်လို့ ဆိုနိုင်ပြီး base score 4 ဒါမှမဟုတ် 5 နဲ့ အထက် ရထားမှ new features အားလုံးကို စွမ်းအားပြည့် Run နိုင်မယ်လို့ အကြမ်းဖျဉ်းအားဖြင့် သုံးသပ်လို့ ရပါတယ်။ Windows Experience Index base score 3 အောက်ကို ရောက်နေမယ် ဆိုရင်တော့ Hardware Components ကို မြှင့်နိုင်ရင် မြှင့် မမြှင့်နိုင်ရင် Windows ပြောင်းသုံးဖို့ စဉ်းစားရပါ လိမ့်မယ်။ ပြောင်းသုံးဖို့ မစဉ်းစားပဲ ပေကပ်ပြီး သုံးမယ်ဆိုရင်တော့ မိမိအသုံးပြုတာ ကြမ်းရင် ကြမ်းသလို စက်မှာ ပြဿနာ တစ်ခုမဟုတ် ဖြစ်လာပါလိမ့်မယ်။

Windows Experience Index နှင့် မသမာမှုများအကြောင်း

အဲ့တော့ Windows Experience Index ရဲ့ သဘောကို အကြမ်းဖျဉ်းအားဖြင့် သိပြီ - သူ့ကို သိထားယုံနဲ့ ဘာတွေ ခန့်မှန်းနိုင်မယ် - ဘာတွေဆုံးဖြတ်နိုင်မယ် ဆိုတာ လူတော်တော်များများ သတိထားမိ လာကြတော့ နောက်ပိုင်းမှာ စက်တစ်ခုရဲ့ စွမ်းဆောင်ရည်ကို တစ်ယောက်နဲ့ တစ်ယောက် မေးကြရင် RAM ဘယ်လောက်လဲ - Processor ဘာလဲ - Graphic ဘယ်လိုလဲ ဆိုတာမျိုး တော်ယုံ ဘယ်သူမှ မမေးကြတော့ဘူး - ခင်ဗျားကွန်ပြူတာ Base score ဘယ်လောက်ရလဲ ဆိုတာမျိုးပဲ တိုက်ရိုက်ဦးတည် မေးကြတော့တယ် - ဒီတော့ Windows Experience Index ဆိုတာ ကွန်ပြူတာတစ်လုံးလုံးရဲ့ အသက်တစ်ခုလို တိုက်ရိုက် ပတ်သတ်လာတော့တာပေါ့ - ဒီအားသာချက်ကို သိလာတဲ့ လူတစ်ချို့က Windows Experience Index နဲ့ ပတ်သတ်ပြီး လှည့်ကွက်တစ်ချို့ လုပ်လာကြတယ် - ဆိုလိုတာ စက်တစ်လုံးရဲ့ Performance က တကယ်ဒီလောက် ကောင်းတာ မဟုတ်ပဲနဲ့ Subscore ကို မြင့်အောင် လုပ်လာကြတာမျိုးပေါ့ - တစ်ချို့ကတော့ ဒီလှည့်ကွက်ကို တစ်ယောက်နဲ့ တစ်ယောက် စနောက်ဖို့ အပျော်သဘောနဲ့ လုပ်ကြတယ် - တစ်ချို့ကတော့ မသိနားမလည်သူတွေကို ခုတုံးလုပ်ပြီး စီးပွားရေး အမြတ်ထုတ်ဖို့အတွက် လုပ်ဆောင်ကြတယ်။ ဒါ့ကြောင့် မိသားစုဝင်တွေအနေနဲ့ ကွန်ပြူတာတစ်လုံးကို ဝယ်ယူတော့မယ် ဆိုရင် အသစ်တစ်လုံး ဝယ်ယူရာမှာ ဖြစ်ဖြစ် - တစ်ခြား စက်အဟောင်းတစ်လုံးကို ဝယ်ယူရာမှာ ဖြစ်ဖြစ် စက်တစ်လုံးကို စစ်ဆေးတဲ့ နေရာမှာ Base score ကို စစ်ဆေးကြဖို့ - ရောင်းချသူရဲ့ ပါးစပ်က ထွက်တဲ့ Base score ကို မယုံကြဖို့ နဲ့ မျက်မြင်တွေ့ရယုံတင် မဟုတ်ပဲ ကိုယ်တိုင်ပါ စစ်ဆေးကြည့်ပြီးမှ ထွက်လာတဲ့ Base score ကို ယုံကြည်ကြဖို့ မှာချင်ပါတယ်။

Base score လှည့်ကွက်များအကြောင်း

ရောင်းချသူ / အသုံးပြုနေသူရဲ့ ကွန်ပြူတာဟာ Windows Vista / 7 တစ်ခုသုံးထားတယ်ဆိုရင် Performance ဘယ်လောက်ပဲ ရှိရှိ - အမြင့်ဆုံး Windows Experience Index 7.9 အထိ မြှင့်ယူလို့ ရပါတယ်။ အောက်ဖော်ပြပါ ပုံများကို ကြည့်ပါ - ခု အောက်မှာ မြင်ရတဲ့ပုံမှာ ကျွန်တော့်စက်မှာ ရှိနေတဲ့ Windows 7 Ultimate ရဲ့ Base score ဖြစ်ပါတယ်။ 4.7 ပါ။ ဒါဟာ Windows Experience Index ကို ဘာမှ ပြင်မယူရသေးခင် အဖြေအနေ ဖြစ်ပါတယ်။


ဒါကို တစ်ခြားသူတစ်ယောက်ကို ပြတဲ့နေရာမှာ မျက်နှာပန်းလှအောင် ကျွန်တော်ပြင်ယူလိုက်ပြီ - ခု အောက်မှာ ဖော်ပြထားတဲ့ ပုံကိုကြည့်ပါ။ အမြင့်ဆုံး Windows Experience Index 7.9 ကို ကျွန်တော့်စက်ရသွားပါပြီ။


အဲ့တော့ ပုံနှစ်ပုံရဲ့ ချက်ခြင်းဆိုသလို ကွာခြားသွားတဲ့ ပြောင်းလဲမှုကိုကြည့်ပြီး Windows Experience Index ရဲ့ Base Score ကို မြင်ယုံနဲ့ စက်တစ်လုံးရဲ့ Performance ကို ဆုံးဖြတ်ဖို့ စောလွန်းသွားပြီ ဆိုတာ သတိထားမိပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ ??

Base score မြှင့်တင်မှု လမ်းကြောင်းများ

Performance မကောင်းလည်းပဲ Base score မြှင့်လို့ရတယ်ဆိုတာ ကျွန်တော်တို့ အပေါ်မှာ သိခဲ့ပြီ - အဲ့တော့ Subscore မြင့်လာအောင် ကျွန်တော်တို့ ဘယ်လို လုပ်ဆောင်လို့ ရမလဲ - Base score မြင့်လာအောင် လုပ်ဆောင်ရတဲ့ လမ်းကြောင်းက ခက်ခက်ခဲခဲ ရှုပ်ရှုပ်ရှက်ရှက် သိပ်မရှိပါဘူး - အောက်မှာ ဖော်ပြထားတဲ့ လမ်းကြောင်းအတိုင်း သွားပါ -

Quote:
C:\Windows\Performance\WinSAT\DataStore
DataStore ဆိုတဲ့ Folder အောက်ကို ရောက်ရင် အောက်ဖော်ပြပါအတိုင်း (date) Formal.Assessment (Initial).WinSAT.xml ဆိုတဲ့ တည်ဆောက်ပုံနဲ့ .xml ဖိုင်တစ်ခုတွေ့ပါလိမ့်မယ်။ အဲ့ဖိုင်ဟာ Windows Experience Index စာမျက်နှာမှာ ဖော်ပြနေတဲ့ Base score နဲ့ Subscore တွေ အားလုံးကို ချုပ်ထိန်းထားတဲ့ နေရာပါပဲ။


သူ့ကို ပြင်ဖို့အတွက် Right click ထောက်ပြီး WordPad နဲ့ ဖွင့်ပါ။ ပြီးရင် 4.7 ဆိုတဲ့ Code မျိုးနဲ့ ဆင်တူတဲ့ စာကြောင်းကို ရှာပါ။


ဒီနေရာမှာ 4.7 ဆိုတာ ကျွန်တော့်စက်ရဲ့ Base score ဖြစ်ပါတယ်။ ဒါကို ကိုယ့်စက်က Base score နဲ့ အစားသွင်းပြီး အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Ctrl+F ကနေတစ်ဆင့် 4.9 ဆိုတဲ့ ပုံစံနဲ့လည်း ရှာနိုင်ပါတယ်။


ရှာလို့တွေ့ရင် လတ်တလော တွေ့နေရတဲ့ Current Rating ကို 7.9 ကို ပြောင်းပါ ( ဒါက ကျွန်တော် အကြမ်းဖျဉ်း ပြထားတာပါ - တကယ်တမ်း ယုတ္တိရှိဖို့ ဆိုရင် Base score ဟာ Subscore အနိမ့်ဆုံးနဲ့ ညီရမှာမို့လို့ လိုချင်တဲ့ Base score နဲ့ Subscore ကို ညှိထားတတ်ဖို့ လိုပါတယ်။ ) တကယ်လို့ Base Score တစ်ခုတည်းကို မဟုတ်ပဲ - ကျွန်တော် ပြောင်းပြထားသလို Subscore တွေအားလုံးကိုပါ ပြောင်းချင်သေးတယ် ဆိုရင် တစ်ခြား သက်ဆိုင်ရာ Components အားလုံးရဲ့ Subscore တွေကိုပါ လိုက်ရှာပြီး ပြောင်းပေးဖို့ လိုပါတယ်။ အားလုံးပြောင်းပြီးရင် Save လုပ်ပြီး Control panel အောက်က Windows Experience Index ကို သွားကြည့်ကြည့်ပါ - ကိုယ်ပြောင်းထားတဲ့ အတိုင်း ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။


အဲ့တော့ ကျွန်တော်တို့တွေ Windows Experience Index ကို Fake Score ရအောင် ဘယ်လို လုပ်ရလဲ ဆိုတာ သိပြီ - သူများကိုယ့်ကို လှိမ့်လာရင် မခံရအောင်ရော ဘယ်လိုပြန်လုပ်ရမလဲ - အဲ့တာက လွယ်ပါတယ်။ အောက်ဖော်ပြပါ နေရာကနေ Windows Experience Index ကိုနောက်တစ်ကြိမ် ပြန် Run လိုက်ပါ - ရလဒ် အစစ်ပြန်ထွက်လာပါလိမ့်မယ်။


မှတ်ချက် - (date) Formal.Assessment (Initial).WinSAT.xml ဆိုတဲ့ ဖိုင်ကို Edit လုပ်တဲ့ နေရာမှာ အဲ့ဖိုင်ဟာ Windows file အမျိုးအစားထဲမှာ ပါတာမို့လို့ Edit လုပ်ပြီး Save လုပ်တဲ့ အချိန်မှာ Save လို့ မရတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့လို အခြေအနေမှာ Ownership ယူဖို့ လိုပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဖိုင်ကို Download ယူပါ - ရလာတဲ့အခါ အောက်ဖော်ပြပါ ဖိုင်ကို Run ပြီး Take Ownership Option ကို Right Click Menu မှာခေါ်ယူ သုံးစွဲနိုင်ပါတယ်။


Quote:
Add Take Ownership Option
http://www.mediafire.com/?6xysdx3nuzlv1fm
ခုဖော်ပြခဲ့သလောက်ဆို Windows Experience Index အကြောင်း အားသာချက် အားနည်းချက်တွေ - လှည့်ကွင်း လှည့်ကွက်တွေနဲ့ သတိပြုသင့်တဲ့ အချက်တွေအကြောင်း နားလည်နိုင်ကြလိမ့်မယ် ထင်ပါတယ်။ ခုဖော်ပြခဲ့တဲ့ ဖော်ပြချက်ဟာ တစ်ခြားသူတစ်ယောက်ရဲ့ မသိနားမလည်မှုကို အမြတ်ထုတ်ပြီး ကိုယ်ကျိုးရှာဖို့ ဖော်ပြထားတာ မဟုတ်ပါဘူး - မိသားစုဝင်များ ဗဟုသုတ ရှိစေဖို့နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကို ခန့်မှန်းနိုင်စေဖို့ပါ - အခြားလူတစ်ယောက် အခက်အခဲရှိနေရင်လည်း ကူညီပါ - မသိနားမလည်သူကို ဘာမှမခက်ခဲတဲ့ ပညာရပ်တစ်ခုနဲ့ ဆရာလုပ်ပြီး ပညာပြတဲ့သူဟာ တစ်သက်လုံး ဘာမှအဖြစ်မရှိတဲ့ ပညာရပ်နဲ့ပဲ အသက်မွေးရတတ်ပါတယ်။

KznT.

New Channels for Firefox

လတ်တလော ကျွန်တော်မကြာမကြာ ရေးဖြစ်နေတဲ့ ခေါင်းစဉ်လေးတွေ သုံးလေးမျိုး ရှိတယ် - အဲ့တာတွေက Google ၏ ပြောင်းလဲမှုများ အကြောင်းChrome အကြောင်း သိကောင်းစရာ နဲ့ Windows 8 အကြောင်း တစ်စေ့တစ်စောင်း - နောက်ပြီး တစ်ခြား ရေးလက်စတွေလည်း တော်တော်များများ ရှိသေးတယ် - ဒီလိုပဲ ကျွန်တော်တော့ စိတ်ကူးတည့်ရာ လှည့်လှည့်ရေးတယ် - ရည်ရွယ်ချက်ကတော့ ဟင်းတစ်မျိုးတည်း စားနေရရင် လျှာရင်းမမြတ်မှာ စိုးလို့ ကျွန်တော် ဟင်းပြောင်းပြောင်း ချက်ကျွေးနေတာပါ

အဲ့လိုနဲ့ ဒီနေ့ Firefox ရဲ့ ပြောင်းလဲမှု တစ်ခုအကြောင်း ရေးချင်လို့ ဘယ်ခေါင်းစဉ်အောက် ရေးရမလဲ ဆိုပြီး ခေါင်းစဉ်ဟောင်း လိုက်ရှာတော့ ဒီ Firefox Tips & Tricks ဆိုတဲ့ ခေါင်းစဉ်ဟောင်းကို တွေ့တယ် - ရေးချင်တာက Firefox Tips & Tricks တော့ မဟုတ်ဘူး - သတင်းနဲနဲ ပိုဆန်နေတယ် - Firefox ၏ ပြောင်းလဲမှုများ အကြောင်းလို့ ပြောရမလား - ကျွန်တော်လည်း မသိတော့ဘူး -

ခုနောက်ပိုင်း Google Chrome ရယ် - Internet Explorer ရယ် Firefox ရယ် Browser သုံးမျိုး အကြီးအကျယ် အားပြိုင်လာတာ တွေ့ရတယ် - Internet Explorer ဆိုရင်လည်း IE9 ထွက်တာမှ ဘယ်လောက်မှ မကြာသေးဘူး အခု Internet Explorer 10 Platform Preview ဆိုပြီး ထွက်လာပြီ - Google Chrome ဆိုရင်လည်း Canary build > Dev channel > Beta channel > Stable channel ဆိုပြီး Channel လေးခုနဲ့ တစ်ဟုန်ထိုးကို သွားနေတယ် - သူတို့တွေရဲ့ အားပြိုင်မှု ကြားထဲမှာ Firefox လည်း ပြတ်ကျန်ခဲ့လို့ မဖြစ်တော့ အခု Google Chrome ထုတ်နေတဲ့ ပုံစံအတိုင်း Channel လေးခုနဲ့ အဆင့်လိုက်သွားတဲ့ ပုံစံပြောင်းပြီး ဝင်ရောက်လာပြီ - အဲ့ Channel လေးခုက -

  • Nightly - ဒီ Channel အောက်မှာ ရှိတဲ့ Firefox အနွယ်ဝင် Browser တွေက တစ်နေ့ကို တစ်ခါ Update ပြောင်းတယ်။ တန်းမဝင်သေးတဲ့ အကြမ်းထည်ထုတ်ကုန် သဘောပေါ့။
  • Aurora - သူက ဘာနဲ့တူလဲဆို Google Chrome က Dev Channel နဲ့တူတယ် - အစမ်းသပ်ခံ ထုတ်ကုန်တစ်ခုပေါ့ - ဒါပေမယ့် အချောထည် မဟုတ်သေးဘူး - Bugs တွေ ရှိမယ် - Feedback လုပ်ရမယ် - သူတို့ ထပ်ပြင်မယ်။ ဒီလို သဘော။
  • Beta - အတည်ပြုဖို့ ရည်ရွယ်ထားပြီ - ဘာတွေ အားနည်းချက်ရှိလဲ စမ်းသုံးခိုင်းထားတယ် - ပြဿနာ အနည်းအကျဉ်း ရှိနိုင်သေးတယ် - Feedback လုပ်နိုင်တယ်။ သူတို့ ထပ်ပေါင်းဖြည့်ပေးမယ်။ ဒီအဆင့်ကို ရောက်လာတဲ့ Firefox တွေက ကုန်ချောဖြစ်ဖို့ တော်တော်နီးစပ်သွားတဲ့ အဆင့်။
  • Release - ဒါကတော့ ကုန်ချောအဆင့် - လူအများ သုံးနိုင်ပြီ - Stable ဖြစ်တယ် - ပြည့်စုံတယ် - အာမခံချက်ရှိတယ်။



အခု Firefox က အရင် Channel သုံးဆင့်ပဲ ရှိတဲ့ process ကနေ Aurora Channel ကို ထပ်တိုးပြီး လေးဆင့် ဖြစ်သွားပြီ - သူတို့သွားနေတဲ့ လမ်းကြောင်းကို ဒီအောက်မှာ အသေးစိတ်ကြည့်နိုင်ပါတယ်။


ဒါက ကျွန်တော့်စက်မှာ စမ်းသုံးထားတဲ့ Aurora ပါ။


စက်ထဲမှာလည်း Browsers တွေ တော်တော်များနေပြီ - တစ်ခုခုတော့ ပြန်ဖြုတ်ရဦးမယ် 



မူလရင်းမြစ်များ

http://blog.mozilla.com/blog/2011/04...apid-releases/
http://download.cnet.com/8301-2007_4-20054123-12.html
https://developer.mozilla.org/devnew...apid-releases/
http://www.chromium.org/getting-involved/dev-channel
http://downloadsquad.switched.com/20...-how-to-enabl/
http://www.ghacks.net/2011/04/15/the...-need-to-know/

KznT.

Related Posts