Google Talk Guru

Leave a Comment
Google Talk Guru ဆိုပြီး Google ကနေ bot အသစ်ထုတ်တယ် - ဒီနေရာမှာ bot အကြောင်းလေး တစ်ချက် ရှင်းပြချင်တယ် - bot ကို Internet bot, web robot, WWW robot, နောက်ပြီး ရိုးရိုးရှင်းရှင်းပဲ bot ဆိုပြီး မျိုးစုံ ခေါ်ကြတယ် - သူ့ အဓိပ္ပါယ်ကတော့ bot ဆိုတာ software application တစ်ခုပဲ - သူ့ရဲ့ လည်ပတ်တဲ့ ပုံစံက အင်တာနက်ထဲမှာ သူလုပ်ရမယ့် အလုပ်တွေကို သူ့အလိုလျောက် ထိန်းချုပ်လှုပ်ရှား လည်ပတ်တာ - ဒါ့ကြောင့်လည်း သူ့ကို Robot ရဲ့ အတိုကောက် bots ဆိုပြီး ခေါ်ကြတာပေါ့ - အခု Google Talk Guru ဆိုတဲ့ bot ကလည်း ဘယ်လိုစွမ်းဆောင်သလဲ ဆိုရင် - ကျွန်တော်တို့ကနေ မေးခွန်းတစ်ခုခု မေးလိုက်ရင် သူက လူတစ်ယောက်လိုပဲ ကိုယ်မေးလိုက်တဲ့ မေးခွန်းကို အလိုလျောက် ပြန်ပြီး ဖြေကြားပေးတယ် - ဘယ်လို မေးခွန်းမျိုးတွေလဲ ဆိုတာ ဥပမာ ပြောရရင် sports results တို့ weather forecasts တို့ definitions တို့ စတာတွေကို ကျွန်တော်တို့ နေ့စဉ်သုံးနေကျ Google talk chat box ကနေ တစ်ဆင့် မေးလို့ ရတာမျိုး - Gtalk တစ်ခုတည်းမှာမှ မဟုတ်ဘူး - တစ်ခြား Google talk ကို support ပေးတဲ့ chat applications မှာလည်း သူက အလုပ်လုပ်တယ် -
သူ့ကို စမ်းသုံးကြည့်ချင်ရင် ဒီနေရာကနေ သွား - အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရရင် Sign in and invite myself to chat with Guru ဆိုတာကို Click ပေး - 




နောက်တစ်ဆင့်မှာ အောက်မှာပြထားသလို မြင်ရလိမ့်မယ် - အဲ့ကျရင် Invite myself to chat with Guru ကို ထပ်ပြီး Click ပေး - 




အဲ့တာ ပြီးသွားရင် ခုလို မြင်ရလိမ့်မယ် - အဲ့ကျရင် ကိုယ့် Gtalk ကို ပြန်သွားပြီး guru@googlelabs.com က Invite လုပ်တာကို လက်ခံလိုက် - 




စပြီး Chat လို့ ရပြီ - ဘယ်လိုမျိုးတွေ မေးလို့ ရလဲ ဆိုတော့ "weather in Yangon" တို့ - "amplitude definition" တို့ စတာတွေ မေးလို့ ရတယ် - မေးချင်တာ မှန်သမျှတော့ မေးလို့ မရဘူး - ကျွန်တော်မေးချင်တာ လျှောက်မေးထားတာတွေ Gugu ဘယ်လို ဖြေလည်း ဆိုတာတော့ အောက်မှာသာ ကြည့် 


စစချင်း ကျွန်တော် weather yangon ဆိုပြီး မေးလိုက်တယ် - မဆိုးဘူး - ဟုတ်သော်ရှိ မဟုတ်သော်ရှိ ထွက်တော့ ထွက်ချလာတယ် Results တွေ - 



အဲ့တာနဲ့ အားတတ်သရော ထပ်မေးလိုက်တယ် - Define Desktop - Google Guru ရဲ့ အဖြေကတော့ အားရစရာပဲ - 


Quote:
desktop: the top of a desk 

အဲ့တော့ ကျွန်တော် Guru ကို ထပ်ပြီး မမေးရဲတော့ဘူး 

မူလရင်းမြစ်များ

http://googlesystem.blogspot.com/201...talk-guru.html
http://lifehacker.com/#!5787026/goog...ur-chat-window
http://guru.googlelabs.com/

KznT.

How To Create Multiboot USB Flash Drive

Leave a Comment
ဒီအကြောင်းကို ဖတ်ထားခဲ့တာ တော်တော်ကြာပြီ - ဖတ်ပြီးကတည်းက ပြန်ပြောပြမလို့ပဲ တောင်လုပ် မြောက်လုပ် လုပ်နေတာနဲ့ ပြောဖြစ်တဲ့ဘက်ကို မရောက်နိုင်ဘူး ဖြစ်နေတာ - အကြောင်းက အရင် ကျွန်တော်တို့ Windows ကို အကြောင်းအမျိုးမျိုးကြောင့် CD/DVD Drives တွေကနေ တင်လို့ မရတဲ့ အခါ USB ကနေ တင်ဖို့ဆိုပြီး နည်းလမ်းမျိုးစုံနဲ့ ကျွန်တော်တို့ အပေါ်မှာ ပြောခဲ့ကြတာ ရှိတယ် - ပထမဆုံး ကျွန်တော်စဖွင့်ခဲ့တဲ့ Windows 7 USB/DVD Download tool သုံးပြီး ISO File ကို USB Drive ထဲထည့်တဲ့နည်းက ပြောရရင် သိပ်အဆင်မပြေဘူး - ဒါကလည်း ကျွန်တော် အဲ့တုန်းက USB Flash Drive နဲ့ Windows တင်နိုင်ဖို့ သုံးတဲ့ Tools တွေအကြောင်း သိပ်များများ မသိသေးတာလည်း ပါတယ် - နောက်ပိုင်း ကျွန်တော် WinToFlash ကို သိတော့ Windows 7 USB/DVD Download tool ဘက်ကို လှည့်မကြည့်မိတော့ဘူး - အဲ့တာလေးနဲ့ အဆင်ပြေနေတာ တော်တော်လည်း ကြာပြီ - အဲ့တုန်းကလည်း သိသာသိတယ် ပြန်တော့ မပြောပြဖြစ်ခဲ့ဘူး - အဲ့တာ ကိုမင်းသိုက် သတိထားမိပြီး 05-03-2011, 06:51 PM နေ့က ANY WINDOWS INSTALL FROM FLASH DRIVE ဆိုတဲ့ ခေါင်းစဉ်နဲ့ သံလုံငယ်ဆိုဒ်ကနေ ပြန်ပြီး ဖော်ပြပေးတယ် - အဲ့နည်းလေးက ပြောရရင် ကျွန်တော်ရေးထားတဲ့ Windows 7 USB/DVD Download tool နည်းထက် အများကြီး ပိုအဆင်ပြေတဲ့ နည်းပါ - ကျွန်တော်ရေးထားတဲ့ အသုံးသိပ်မဝင်တာကြီး ထိပ်ဆုံးရောက်နေလို့ စိတ်ထဲတောင် သိပ်မကောင်းဘူး

ဒီနေ့ ပြောပြချင်တဲ့ အကြောင်းက အရင်ကျွန်တော်တို့တွေ USB ကနေ ဝင်းဒိုးတင်ကြမယ် ဆိုရင် ဘယ် Tools ကို သုံးသုံး USB တစ်ခုကို Windows တစ်မျိုးပဲ တင်သုံးလို့ ရတယ် - ဒါကို သုံးဖူးတဲ့ သူတွေ အားလုံးပဲ သိပြီး ဖြစ်လိမ့်မယ် - ဆိုလိုတာ 16GB ရှိတဲ့ USB ထဲကို WinToFlash သုံးပြီး Windows ခွေကူးထည့်မယ် ဆိုရင် Windows 7 တင်ချင်တယ်ဆို Windows 7 တစ်ခုတည်း ထည့်လို့ ရမယ် - Windows XP တင်မယ် ဆိုရင်လည်း Windows XP တစ်မျိုးပဲ ထည့်လို့ရမယ် - Windows 7 ကိုရော Windows XP ကိုရော ကျွန်တော်တို့ နှစ်မျိုးလုံး ကူးထည့်လို့ မရဘူး - အဲ့တော့ သဘောက Flash Drive မှာ ပမာဏ ဘယ်လောက်ပဲ ရှိရှိ Flash တစ်ခုကို Windows တစ်ခုပဲ သုံးလို့ ရတယ် ဆိုတဲ့ သဘောဖြစ်နေတာပေါ့ - ဒီလိုဆို USB Flash Drive တစ်ခုကို GB အများကြီးနဲ့ ဝယ်ထားတဲ့ သူတွေအတွက် အများကြီး နစ်နာတယ်လို့ ပြောလို့ ရတယ် - နောက်ပြီး လူတစ်ယောက်မှာ 16GB ပမာဏရှိတဲ့ Flash Drive တစ်ခုရှိတယ် ဆိုပါစို့ - သူ့မှာ ကွန်ပြူတာက နှစ်လုံးရှိတယ် - ကွန်ပြူတာ တစ်လုံးမှာ သူက Windows 7 တင်ချင်တယ် - နောက်တစ်လုံးမှာက XP တင်ချင်တယ် - ( အဲ့လိုမှ မဟုတ်ပဲ ကွန်ပြူတာ တစ်လုံးတည်းမှာပဲ Partitions နှစ်ခုထုတ်ပြီး Partition တစ်ခုမှာ XP - နောက်တစ်ခုမှာ 7 တင်ချင်တယ် ) ဆိုပါစို့ ဒီလိုဆို ပုံမှန်အတိုင်းသာ WinToFlash တို့ တစ်ခြား Tools တစ်ခုခုသာ သုံးမယ် ဆိုရင် သေချာတာက -

ပထမတစ်ခေါက် 

USB ထဲကို Windows 7 ရိုက်လိုက်
တစ်ခြားစက်မှာ တင်လိုက် - နောက်ပြီး အဲ့ USB ထဲက Windows 7 ကိုပြန်ဖျက် နောက်ပြီးရင်

ဒုတိယတစ်ခေါက် 

Windows XP ကို ပြန်ရိုက်
ပြီးရင် တစ်ခြားစက်မှာ ပြန်တင် ဒီလို လေးဆင့် လုပ်ရမှာပေါ့

အချိန်ပေးနိုင်ရင်တော့ အကြောင်းမဟုတ်ဘူး - အချိန်မပေးနိုင်တဲ့သူ အတွက်ကျ ဖျက်လိုက် ရိုက်လိုက် လုပ်ရတာ သိပ်အဆင်မပြေတော့ဘူး - ခု ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ့် tool တစ်ခု ကျွန်တော် တွေ့ထားတာ ရှိတယ် - သူ့ကိုတော့ WinSetupFromUSBလို့ခေါ်တယ် - သူကလည်း Windows ကို USB ကနေတင်ဖို့ သုံးနိုင်တဲ့ WinToFlash လို tool တစ်ခုပဲ - ဒါပေမယ့် သူ့ရဲ့ အားသာချက်က GB ပမာဏ လုံလုံလောက်လောက်ရှိတဲ့ Flash Drive တွေအတွက် Multiboot တစ်ခါတည်း တန်းရိုက်လို့ ရတယ် - ဆိုလိုတာ Windows 7 ရော Windows XP ရော တင်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် တစ်ခုတင်လိုက် ဖျက်လိုက် နောက်တစ်ခု ထပ်ရိုက်လိုက် တင်လိုက် လုပ်ဖို့ မလိုဘူး - တစ်ခါတည်းနဲ့ USB ထဲကို ကိုယ်တင်ချင်တဲ့ Windows နှစ်မျိုးလုံး တန်းရိုက်ထားလို့ ရတယ် - လုပ်တာကတော့ MSFN ကနေ လုပ်ထားတာ -MSFN က Unattended Windows Discussion နဲ့ ပတ်သတ်ပြီး အရင်တည်းက တော်တော်နာမည်ကြီးနဲ့ နိုင်ငံခြားဖိုရမ်တစ်ခု - Windows နဲ့ ပတ်သတ်ပြီး တော်တော်များများကို နိှုက်နိှုက်ချွတ်ချွတ်လေ့လာချင်ရင် MSFN မှာ လေ့လာကြဖို့ ကျွန်တော် Recommend ပေးချင်ပါတယ်။

ခု ကျွန်တော်တို့ WinSetupFromUSB ဆိုတဲ့ Tool တစ်ခုရပြီ - ဘယ်လို သုံးနိုင်သလဲဆို အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း XP နဲ့ Vista ဖြစ်ဖြစ် XP နဲ့ Windows 7 ဖြစ်ဖြစ် - XP နဲ့ Server 2008 ဖြစ်ဖြစ် USB ကနေ Multiboot အဖြစ်ဖန်တီးပြီး တင်လို့ ရပြီ - ပေးထားတာကလည်း Free - ပိုက်ပိုက်ပေးဖို့ မလိုဘူး  ကြီးကြီးကျယ်ကျယ် Command line တွေ ဘာတွေလည်း မပါဘူး - Mouse လေး သုံးလေးချက်ပဲ - အဲ့လောက်ထိကို လွယ်တယ်  Windows တွေချည်းပဲ အချင်းချင်း Multiboot လုပ်လို့ ရတာလား ဆိုတော့ မဟုတ်သေးဘူး - တစ်ခြားကိုယ့်ဆီမှာ UBCD ( Ultimate Boot CD ) တို့ - Ubuntu, Linux distros တို့ ဘာတို့ ရှိသေးရင်လည်း သူတို့တွေနဲ့ပါ Multiboot လုပ်လို့ ရတယ် -

အသုံးပြုနည်းကလည်း ရှုပ်တီးရှုပ်ရှက် မရှိပါဘူး - အောက်ဖော်ပြပါအတိုင်း အဆင့် ( ၃ ) ဆင့်ပဲ ရှိပါတယ် -

( ၁ ) WinSetupFromUSB utility ကို ဒီနေရာကနေ ယူပါ - ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ရင် ခုလိုတွေ့ရပါလိမ့်မယ်။


( ၂ ) WinSetupFromUSB.exe ဆိုတဲ့ ဖိုင်ကို Run ပါ - သူ့ကို မ Run ခင်မှာ ကိုယ့်စက်မှာ USB flash drive တပ်ထားပြီးသား ဖြစ်ဖို့လိုပါတယ်။


( ၃ ) ပြီးသွားရင် Windows 2000/XP/2003 Setup Checkbox ကို Enable ပေးပြီး XP installation files တွေထည့်ထားတဲ့ folder ကို Browse ကနေ ခေါ်ယူပါ - တစ်ခုရှိတာ အရင် ကျွန်တော်တို့ အခွေရိုက်နေကျလိုမျိုး ဒီနေရာမှာ ISO file သုံးလို့ မရပါဘူး - ဥပမာ ကိုယ့်မှာ XP ISO file ရှိနေတယ် ဆိုရင် ဒီနေရာမှာ Browse ကနေ ခေါ်ယူဖို့ အဲ့ဒီ့ XP ISO file ကို 7-Zip utility ( ဒါမှမဟုတ် ) တစ်ခြား WinRAR စတာတွေသုံးပြီး Extract လုပ်ပြီးမှ Browse ကနေ ခေါ်ယူပါ။ ပြီးရင် Vista/7/Server 2008 Setup/PE/RecoveryISO Checkbox ကို Enable ပေးပြီး Vista / Windows 7 installation files folder ရှိတဲ့နေရာကို အထက်ဖော်ပြပါနည်းလမ်းအတိုင်း Browse ကနေတစ်ဆင့် နောက်တစ်ကြိမ် ထပ်ခေါ်ယူပါ - ဒီနေရာမှာလည်း Windows 7 ISO file ဖြစ်နေမယ်ဆို Extract လုပ်ထားဖို့ လိုပါတယ်။ ပြီးသွားရင် အောက်ဆုံးက Go button ကို နှိပ်လိုက်တာနဲ့ အချိန်အတိုင်းအတာ တစ်ခုထိစောင့်ပြီးရင် Windows XP နဲ့ Windows 7 နှစ်မျိုးပါပြီးသား Multiboot USB flash drive တစ်ခုရပါပြီ - အချိန်နည်းနည်းပေးပါ - စိတ်ရှည်ဖို့တော့ လိုပါလိမ့်မယ်။


ဒီ့ထက် အဆင်ပြေမယ့်နည်းတွေ သိရင် ကျွန်တော်ထပ်ပြီး ပြောပေးပါဦးမယ်။ စမ်းသပ်ပါ - မျှဝေပါ - အဆင်မပြေရင် တိတ်တိတ်နေပေးပါ 

မူလရင်းမြစ်များ

http://www.intowindows.com/how-to-cr...-simple-guide/
http://www.intowindows.com/winsetupf...drive-creator/
http://www.msfn.org/board/topic/1204...musb-with-gui/

KznT.

Best And Free Online Virus Scanners

Leave a Comment
ဒီနေ့ လူသိနည်းနေသေးတဲ့ အင်တာနက်ထဲက Online Virus Scanners တွေအကြောင်းနဲ့ သူတို့ရဲ့ အသုံးချပုံတွေ အကြောင်း ပြောပြချင်မိတယ် -

Virus နှင့် AntiVirus မိတ်ဆက်


Windows သမားတိုင်း ကွန်ပြူတာမှာ မဖြစ်မနေလို တင်ကြရတာ Antivirus ပါ - တစ်ချို့က Antivirus ကို ဘာမှန်း မသိလို့ မတင်ကြဘူး - တစ်ချို့က ဘာမှန်း သိပေမယ့် မတင်ကြဘူး - ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်သုံးနေတဲ့ ကွန်ပြူတာရဲ့ System ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် အကောင်းဆုံး အကြံပြုချင်တာက ဖြစ်နိုင်မယ်ဆိုရင် Antivirus တစ်ခု မဖြစ်မနေသုံးပါ - Antivirus အမျိုးအစားတွေကတော့ အများကြီးကို ရှိတယ် - နောက်ဆုံးထွက်တွေကိုမှ လိုချင်ရင် ကိုသန့်ဇင်ဌေး စုစည်းပေးထားတဲ့ ၂၀၁၁ မှ Antivirus များ စုစည်းမူ ဆိုတာ ရှိတယ် - အဲ့နေရာမှာ ယူနိုင်ပါတယ်။ Anti Virus တွေအကြောင်း သိချင်ရင် ဒီနေရာမှာ ငြိမ်းချမ်း(nyeinc8an) စရေးထားတဲ့ အကြောင်းအရာတွေ ရှိတယ် - တစ်ခြား မိသားစုဝင်တွေလည်း ဝင်ပြီး ဆွေးနွေးထားကြတယ် - လတ်တလော သုံးနေတဲ့ Antivirus ကို သဘောမကျလို့ တစ်ခြား Antivirus ပြောင်းတင်ချင်တဲ့ အခါ ဖြုတ်ရပြုရလွယ်ကူအောင် ကို PyaitSone ကနေ AntiVirus Removal Tools ဆိုပြီး ဖော်ပြထားတာ ရှိတယ် - တကယ်အသုံးတည့်ပါတယ် - Antivirus Software တွေ အများကြီးထဲက ဘယ်လို Antivirus မျိုးကို ရွေးသုံးသင့်လဲ ဆိုတာကိုတော့ chitnyimalay ဒီနေရာမှာ ရေးထားတာ ရှိပါတယ် - သိထားသင့်ပါတယ် - အဲ့တော့ ညွှန်းတာတွေ များသွားပြီ - လိုရင်းကို ပြန်ဆက်ရရင် Antivirus သုံးတိုင်း Virus အန္တရာယ် လုံခြုံသွားပြီလားလို့ မေးစရာ ရှိလာတယ် - ဒီမေးခွန်းကိုပဲ ကျွန်တော် အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် ခဏခဏ ပြန်မေးခဲ့ဖူးတယ် - Virus ကို Virus အဖြစ်နဲ့ပဲ လက်ခံထားပြီး ဒီ့ထက်ပို မလေ့လာမိတော့ Virus အမျိုးအစား အမျိုးမျိုးရဲ့ ဖျက်စွမ်းအားတွေကိုလည်း နားမလည်ခဲ့ဘူး - နားမလည်တော့ Virus က ခဏခဏ ကို ကိုက်ခံရတယ် - တစ်ချို့ Virus တွေက ဘာလုပ်ရမှန်း မသိရင် Windows အသစ်ပြန်တင်လိုက်တဲ့ အခါ ကောင်းသွားရော - တစ်ချို့ ဟာတွေကကျတော့ မကောင်းဘူး - Windows အသစ်ပြန်တင်လည်း ပြန်ကိုက်ခံရတာပဲ - တစ်ချို့ Virus တွေက စက်ထဲမှာ Antivirus ရှိနေလျက်နဲ့ကို အလိုလို ဝင်လာတယ် - စိတ်ထဲမှာ တစ်ချိန်က ထင်ခဲ့တာ Antivirus ရှိရင် အားလုံး လုံခြုံပြီ ထင်ခဲ့တာ - သူတင်ထားရင် ဝင်လာသမျှ Virus အားလုံး သူ့ဘာသူသူ သတ်လိမ့်မယ်ပေါ့ - တကယ်တော့ အဲလို မဟုတ်ဘူး - Virus မဝင်အောင် တားဆီးဖို့က Antivirus သုံးယုံနဲ့ မရဘူး - ဒီကွန်ပြူတာကို သုံးနေတဲ့ ကိုယ်ကိုယ်တိုင်ကကို Virus သတိ အမြဲ ရှိနေမှ ရတယ် - အဲ့တာနဲ့ ပတ်သတ်ပြီး Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ ဆိုပြီး ရေးပေးခဲ့တယ် - ကိုပိုးကောင်လေးကလည်းVirus (Adware, spyware တွေအတွက် အန္တရာယ်ကာကွယ်ရေး လမ်းညွှန်ချက် (၂၃) ချက်) ဆိုပြီးရေးပေးထားတယ် - Virus အကြောင်း တိတိကျကျ မသိသူများ ဖတ်ထားသင့်ပါတယ်။

မရှင်းလင်းနိုင်သော မေးခွန်းတစ်ခု အကြောင်း

Antivirus ကို Windows သမားတိုင်း အားလုံးနီးပါး သုံးကြပေမယ့် Antivirus အသုံးပြုတာနဲ့ ပတ်သတ်ပြီး ခုချိန်ထိ တော်တော်များများ မရှင်းလင်းကြသေးတဲ့ မေးခွန်းတစ်ခု ရှိတယ် - အဲ့တာက

ကျွန်တော့်စက်မှာ Antivirus program ကို တစ်ခုထက်ပိုပြီး သုံးလို့ မရဘူးလား ??

ဆိုတဲ့ မေးခွန်းပါ - ဒီမေးခွန်း ဘာကြောင့် မေးကြသလဲ ဆိုတော့ Computer နဲ့ ပတ်သတ်လာပြီ ဆိုရင် လူတော်တော်များများက Virus ဆိုတာကို အနည်းနဲ့ အများ ကြုံဖူးကြတော့ စက်ထဲမှာ Antivirus တင်ထားပေမယ့် ထင်သလောက် လုံခြုံမှု မရဘူး ဆိုတာ သတိထားမိလာကြတယ် - အဲ့တော့ ဘယ်လို သွားတွေးမိလဲ ဆိုရင် Antivirus program ကို တစ်ခုတည်း ငါသုံးလို့ ဒီလို ဖြစ်တာ သုံးလေးခု သုံးရင် ဒီလို ဖြစ်မှာ မဟုတ်ဘူးဆိုပြီး တွေးမိလာကြတယ် - အဲ့အတွေးကြောင့် ခုနကလို မေးခွန်းမျိုး မေးလာကြတယ် - အဲ့လို မေးခွန်းမျိုးနဲ့ ပတ်သတ်ပြီး တော်တော်များများမှာ ပြီးစလွယ် အဖြေတွေ ရှိကြပါတယ် -
  • အာာာာ - မရဘူး ဘာလို့ Antivirus ကို နှစ်ခုသုံးတာလဲ - တစ်ခုပဲ သုံးရတယ် - သေတော့မှာပဲ 
  • Antivirus ဆိုတာ တစ်မျိုးပဲ သုံးရတယ် - နှစ်မျိုးမသုံးရဘူး - အဲ့တာ ပုံသေပဲ မသေမချင်းမှတ် 
  • ဘာ ဘယ်လို - Antivirus ကို နှစ်မျိုးသုံးချင်လို့ - ဟ - Antivirus ဆိုတာ တစ်မျိုးတည်း သုံးရတယ်ဟ - တွဲသုံးလို့ မရဘူး - အဲ့တာ ပုံသေနည်းပဲ။ 
ဒီလိုစကားမျိုးတွေ သူများတွေ ပြောကြတာ ကြားမိသလို ကျွန်တော်ကိုယ်တိုင်လည်း သူများကို ဆရာလုပ်ပြီး ပြောခဲ့ဖူးတယ် - အဲ့လို စကားမျိုးသာ ပြောခဲ့တာ ဒီစကားရဲ့ ရင်းမြစ် " Antivirus ကို တစ်မျိုးထက်ပိုပြီး သုံးလို့ မရဘူးဆိုတာ သေချာရဲ့လား ?? " ဆိုတဲ့ အဖြေကိုတော့ ကျွန်တော် မစဉ်းစားမိခဲ့ဘူး - ပြောရရင် သူများပြောတာလေးလောက်ပဲ မှတ်ပြီး ကိုယ့်အတွေးကို ကိုယ့်ဘာသာ အကျဉ်းချထားတာမျိုးပေါ့ - ခုနောက်ပိုင်းကျတော့ တစ်ခြားလူတစ်ယောက်ယောက်က တစ်ခုခု ပြောလာရင် ဒီစကားက ဘာကို အခြေခံပြီး ပြောသလဲ ဆိုတာ လိုက်ကြည့်မိလာတယ် - အဲ့လိုနဲ့ " Antivirus ကို တစ်မျိုးထက်ပိုပြီး သုံးလို့ မရဘူးဆိုတာ သေချာရဲ့လား ?? " ဆိုတဲ့ မေးခွန်းရဲ့ ရင်းမြစ်နောက်ကိုလည်း သိအောင် လိုက်ခဲ့မိတယ် - တကယ်တော့ Antivirus ကို တစ်မျိုးထက်ပိုပြီး သုံးလို့ မရဘူးဆိုတာ 100% မမှန်ပါဘူး

Anti-Virus programs အများစုဟာ Modes နှစ်မျိုးနဲ့ အလုပ်လုပ်ကြပါတယ် - အဲ့ဒီ့ Modes နှစ်မျိုးက Scan mode နဲ့ Monitor mode ပါ - တစ်ခုချင်းကို ပြန်ရှင်းပေးပါဦးမယ် -

Scan: ဒီ Scan utility ဆိုတာက ကိုယ့်စက်ထဲမှာ malware နဲ့ ပတ်သတ်တဲ့ အရိပ်အယောင်တွေ ရှိနေသလား - ဘယ်ဖိုင်တွေ ဖိုဒါတွေထဲမှာ Viruses ဒါမှမဟုတ် Viruses သဘောတရားနဲ့ ခပ်ဆင်ဆင်တူတဲ့ ဖိုင်မျိုးတွေ ရှိနေလဲ ဆိုတာကို စစ်ဆေးပေးတဲ့ Mode ပါ။

Monitor: သူကိုတော့ နောက်တစ်မျိုးအခေါ် Real time monitoring ( or ) Real time protection အဖြစ် လူသိများပါတယ် - သူ့သဘောက ကိုယ့်ရဲ့ လုပ်ဆောင်ချက် တစ်ခုချင်းစီကို နောက်ကနေလိုက်ပြီး စစ်ပေးနေတဲ့ သဘော - ဆိုလိုတာ ကျွန်တော်တို့ အင်တာနက်ကနေ ဖိုင်တစ်ခုခုကို ဒေါင်းလုပ်ချလိုက်တယ် - အဲ့ဖိုင် ဒေါင်းလုပ်ချလို့ ပြီးသွားတာနဲ့ ဒီဖိုင်ကို ကိုယ်ဖွင့်ပြီး မသုံးခင် ကိုယ်သုံးမယ့်ဖိုင်ထဲမှာ Viruses ပါမပါ သူက ကြိုပြီး စစ်ဆေးပေးထားတယ် - ဒီတော့ အရင်တုန်းကလိုမျိုး Double click ပေးပြီးမှ Virus ဆိုပြီး တက်လာတာမျိုး မဖြစ်တော့ဘူး - Folder ကို ဖွင့်လိုက်တာနဲ့တင် သူက Virus ရှိနေတယ်ဆိုပြီး ကိုယ် ဒီဖိုင်ကို မသုံးခင် တစ်ခါတည်း Alert လုပ်တယ် - ဒါကို ကျွန်တော်တို့က Real time monitoring ( or ) Real time protection လို့ ခေါ်တယ်။

အဲ့တော့ ဒီ Modes နှစ်မျိုးကိုမှ တစ်မျိုးစီ ပြန်ခွဲကြည့်ရင် ကိုယ့်စက်မှာ Anti-virus program ကို တစ်ခုထက်မက ပိုသုံးထားပြီး Scan mode နဲ့ Virus စစ် ဘာပြဿနာမှ တော်ယုံမဖြစ်ဘူး - Scan mode ဆိုတဲ့ သဘောက စတယ် စစ်တယ် ပြီးတော့ ပြီးသွားတယ် - ဒီနည်းနဲ့ သွားတာမျိုးဆိုတော့ Anti-virus program ကို စက်မှာ တစ်ခုထက်မက ပိုသုံးထားလည်း ဘာပြဿနာမှ မရှိဘူး - ဒီ Scan mode ကြောင့်မို့လို့ သုံးထားတဲ့ Anti-virus programs တြွေကားမှာ ဘာပြဿနာမှ မဖြစ်နိုင်ဘူး - ဒါပေမယ့် ပြဿနာ ဖြစ်နိုင်တာ တစ်ခုက -

Real time monitoring - သူကတော့ Scan mode နဲ့ မတူဘူး - သူ့မှာလည်း သူ့လမ်းကြောင်း ရှိတယ် - ခုနောက်ပိုင်းထွက်တဲ့ Anti-virus programs တော်တော်များများက တင်ပြီးတာနဲ့ သူ့ဘာသာသူ အလိုလျောက် Real time protection ကို Enable လုပ်ပြီးသား ဖြစ်နေတတ်တယ် - ကိုယ့်စက်မှာ Anti-virus programs ကို တစ်ခုထက် မက သုံးထားပြီး တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ Real time protection ကလည်း နှစ်မျိုး On နေမယ် ဆိုရင်တော့ စက်က ပြဿနာ တက်တတ်ပါတယ် - ဘာလို့လည်း ဆိုတော့ Anti-virus programs အမျိုးအစား တစ်ခုနဲ့ တစ်ခုက Real time protection လုပ်တဲ့ လုပ်ထုံးလုပ်နည်း မတူပါဘူး - ဒီနှစ်ခုကို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ရောပြီး On ထားလိုက်ရင် Errors တက်တတ်ပါတယ် - Anti-virus programs တွေ crashes ဖြစ်တတ်ပါတယ် - တစ်ခြား System နဲ့ ပတ်သတ်တဲ့ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ် - ဒီလို ပြဿနာမျိုး ဖြစ်မှာဆိုးလို့ တစ်ချို့ Anti-virus programs တွေဆိုရင် စက်ထဲမှာ တစ်ခြား Anti-virus programs တစ်ခု ရှိနေတာနဲ့ Install လုပ်လို့ မရအောင် တစ်ခါတည်း ပြင်ဆင်ထားပေးပါတယ် - ယှဉ်သုံးလို့ မရတာကြောင့် မဟုတ်ပါဘူး - နောက်ဆက်တွဲ ပြဿနာတွေ ရှိနိုင်တာကြောင့် ယှဉ်ပြီး အသုံးမခံတာပါ - ဒီပြဿနာနဲ့ ပတ်သတ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ကြုံခဲ့ဖူးပါတယ် - အဲ့တော့ကျွန်တော့်စက်မှာ Antivirus program ကို တစ်ခုထက်ပိုပြီး သုံးလို့ မရဘူးလား ?? ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး အနှစ်ချုပ်ရရင် Antivirus program ကို တစ်ခုထက်ပိုပြီး အသုံးပြုတာက ပြုလို့ရပါတယ် - ဒါပေမယ့် Real time protection ကိုတော့ Antivirus program တစ်ခုတည်းကပဲ ယူသုံးဖို့ လိုပါလိမ့်မယ် - ဒါတင်မကသေးပါဘူး Antivirus program ကို တစ်ခုထက်ပိုပြီး အသုံးပြုလေ ကွန်ပြူတာရဲ့ စွမ်းဆောင်ရည် ကျဆင်းလေ ဆိုတာကိုလည်း မမေ့သင့်ပါဘူး - ကိုယ့်ကွန်ပြူတာရဲ့ စွမ်းဆောင်ရည်ကို ကိုယ့်ဘာသာ ဆန်းစစ်ပါ - အကောင်းဆုံးကတော့ Antivirus program ကို တစ်ခုတည်းကိုပဲ Updates ပုံမှန်ပေးပြီး သုံးတာ အဖြစ်သင့်ဆုံးပါပဲ။

Online Virus Scanners နှင့် Antivirus များ၏ ကွာခြားချက်များ


အဲ့တော့ Virus နှင့် AntiVirus အကြောင်းကို အထိုက်လျောက် နားလည်ထားပြီးပြီ ဆိုရင် Online Virus Scanners နဲ့ Antivirus တွေရဲ့ ကွာခြားချက်တွေအကြောင်း ပြောပြချင်ပါတယ်။ Virus မဝင်အောင် တားဆီးဖို့က Antivirus သုံးယုံနဲ့ မရဘူး - ဒီကွန်ပြူတာကို သုံးနေတဲ့ ကိုယ်ကိုယ်တိုင်ကကို Virus သတိ အမြဲ ရှိနေမှ ဆိုတာ အပေါ်မှာ ကျွန်တော် ပြောထားခဲ့ပြီးပါပြီ - ဘာလို့လည်းဆို Antivirus တစ်ခုနဲ့ တစ်ခုက ဖိုင် အမျိုးအစား တစ်ခုတည်းကိုပဲ Virus အဖြစ် သတ်မှတ်ပုံ သတ်မှတ်ချက် ပုံစံချင်း မတူကြဘူး - အဲ့လို မတူကြလို့ပဲ NOD32 သုံးတဲ့စက်မှာ Virus လို့ မပြပေမယ့် Kaspersky မှာ Virus Alarm တက်တာမျိုးတွေ ခဏခဏ ဖြစ်ဖူးတာ ကြုံဖူးကြလိမ့်မယ် - အင်တာနက်ထဲ ကျွန်တော်တို့ ဝင်လာတော့ Virus ပြဿနာက ဒီ့ထက်ပို ဂရုစိုက်ဖို့ လိုတာတယ် - သာမန် Antivirus ဆိုတာလောက်နဲ့ မကာကွယ်နိုင်တော့ Internet Security ဆိုတာ Antivirus ကုမ္ပဏီတွေက ထပ်ထုတ်လာကြတယ် - အင်တာနက်နဲ့ အပါးမဝသေးတဲ့သူတွေ ဆိုရင် ရိုးရိုး Antivirus သုံးမယ့် အစား Internet Security Suite တွေသုံးဖို့ ပိုသင့်တော်ပါတယ် - အဲ့အကြောင်းကိုပဲ ဒီနေရာမှာ ရေးထားခဲ့ပြီးပါပြီ - အဲ့ထက်ပိုပြီး လုံခြုံစေချင်တယ် ဆိုရင်တော့ ကိုယ်ကိုယ်တိုင် Virus သတိ အမြဲ ရှိပါ - ဘယ်လို Virus သတိရှိရမလဲ ဆိုရင် ဥပမာ အင်တာနက်ထဲကနေ ဆော့ဖ်ဝဲလ်တစ်ခုခု ဒေါင်းလုပ်ချလိုက်ပြီ ဆိုပါစို့ - စက်ထဲမှာ Antivirus ရှိတာပဲ ဆိုတဲ့ ယုံကြည်ချက်နဲ့ အဲ့ဖိုင်ကို ချက်ချင်းဖွင့်ပြီး မ Run ပါနဲ့ - ကိုယ် ဒေါင်းလုပ်ချလို့ ရလာတဲ့ ဖိုင်ထဲက Keygen တို့ Crack တို့ Patch files ဆိုတဲ့ ဟာတွေကို ချက်ချင်း မ Run သေးပဲ Free သုံးလို့ ရတဲ့ Online Virus Scanners ရှိတဲ့ ဆိုဒ်တွေကိုသွားပြီး Upload တင် Scan စစ်ကြည့်ပါ - အဲ့လို စစ်လိုက်ခြင်း အားဖြင့် ကိုယ့်စက်မှာရှိတဲ့ Antivirus က Virus မရှိဘူးပြပေမယ့် တစ်ခြား Antivirus တွေက ဘာပြောသလဲ ဆိုတာ အလွယ်တကူ သိရှိနိုင်ပါတယ် - ရည်ရွယ်ချက်ကတော့ ဖိုင်တစ်မျိုးတည်းကိုပဲ Virus ရှိမရှိ Antivirus အမျိုးမျိုးရဲ့ ထင်မြင်ချက် ကောက်ခံလိုက်တာပေါ့ - အဲ့ကနေ ရလာတဲ့ Results ကို ကြည့်ပြီး ကိုယ်သုံးမယ် ဖိုင်ဟာ တကယ်သုံးသင့်လား မသုံးသင့်ဘူးလား ဆိုတာ ဆုံးဖြတ်နိုင်ပါတယ် -


Online Virus Scanners တွေမှာမှ တစ်ချို့ Virus scanner တွေဟာ Antivirus engine တစ်မျိုးတည်းကို သုံးပြီး analyzes လုပ်ပေးပေမယ့် - တစ်ချို့ Virus Scanners တွေကတော့ အင်တာနက်ထဲက နာမည်ရ Multiple antivirus engines မျိုးစုံကို အသုံးပြုပြီး analyzes လုပ်ပေးပါတယ် - ကျွန်တော့် စိတ် / ကျွန်တော့်အကြိုက်နဲ့ ပြောရရင် Multiple antivirus engines မျိုးစုံ သုံးပြီးစစ်ပေးတဲ့ Online Virus Scanners ကို အားထား အသုံးပြုပါ - သူတို့ကို သုံးခြင်းအားဖြင့် ကိုယ်စစ်ချင်တဲ့ file တစ်မျိုးတည်းကိုပဲ Antivirus အမျိုးမျိုးရဲ့ အမြင်အသီးသီး ရနိုင်တာမို့ ကျွန်တော် ပိုသဘောကျမိတယ်။ အသုံးပြုနည်းကလည်း လွယ်တယ် - သက်ဆိုင်ရာ Online Virus Scanners ရှိတဲ့ ဆိုဒ်ကိုသွားပြီး ကိုယ်စစ်ချင်တဲ့ ဖိုင်ကို Upload တင် စစ်ခိုင်းလိုက်ယုံပဲ - File size limit တော့ သတ်မှတ်ချက် ရှိတယ် - ဖိုင်အကြီးစားတွေတော့ စစ်လို့ မရဘူး - ဖိုင်အကြီးစားတွေ ဆိုရင်တော့ ကိုယ့်စက်က Antivirus နဲ့ စစ်ပါ - Keygen တို့ Crack တို့ Patch files ဆိုတဲ့ ဟာတွေကို Online Virus Scanners ပေါ်မှာ တင်စစ်ပါ - တကယ်လို့ ကိုယ်စစ်ခိုင်းတဲ့ ဒီဖိုင်ကိုပဲ တစ်ခြားလူတစ်ယောက်က စစ်ထားပြီးသား Result ရှိရင် သူက ထပ်တောင် မစစ်တော့ပဲ တစ်ခါတည်း Result ကြည့်မလားလို့တောင် မေးတတ်တယ် - အဖြေမြန်မြန် လိုချင်တဲ့လူဆို တန်းပြီး Result ကြည့်လို့ ရတယ် - မယုံရင်တော့ နောက်တစ်ကြိမ် ထပ်စစ်ခိုင်းပေါ့ - သူ ထပ်စစ်ပေးပါတယ်။

Online Virus Scanners များ၏ အားသာချက်နှင့် အားနည်းချက်များ

အားသာချက်များ
  • Online Virus Scanners တွေက သုံးရလွယ်တယ်
  • စက်ထဲမှာ ဘာမှ Install လုပ်ထားစရာ မလိုဘူး
  • Multiple antivirus engines သုံးပြီး ဖိုင်တစ်မျိုးတည်းကိုပဲ Antivirus မျိုးစုံနဲ့ စစ်ယူလို့ ရတယ်
  • Online scanners ဖြစ်တဲ့ အတွက် Virus definition databases တွေကလည်း အမြဲ Up-to-date ဖြစ်တယ်
  • အဲ့လိုစစ်ခိုင်းလို့လည်း ပိုက်ဆံ တစ်ပြားတစ်ချပ်ပေးစရာ မလိုဘူး - ( Free services )
အားနည်းချက်များ

အားနည်းချက်တွေကတော့ အပေါ်မှာ ပြောခဲ့ပြီးသလို -
  • ဖိုင်ကြီးကြီးတွေ စစ်လို့ မရဘူး - File size limit ကန့်သတ်ချက် ရှိတယ်
  • စစ်ချင်တဲ့ ဖိုင်ကို Upload တင်ရတာမို့လို့ အင်တာနက် မကောင်းရင် စစ်ဖို့ မလွယ်ဘူး
  • သာမန်တန်းသုံးရတာမျိုးထက် သီးသန့် အချိန်ပေးပြီး စစ်ရတာမျိုးလို့ စိတ်ရှည်ဖို့ လိုတယ် အချိန်နည်းနည်း ပေးရတယ်
  • ထွက်လာတဲ့ Results မှာ အားလုံး Clean ဖြစ်နေရင် အကြောင်းမဟုတ်ပေမယ့် တစ်ခုခု အနီရောင်နဲ့ ပြရင် ဒီဖိုင်ကို ငါသုံးသင့်ပါ့မလား ဆိုပြီး ဒိွဟစိတ် ဝင်လာနိုင်တယ် ( အဲ့လို အခြေအနေမှာ Negative ပြတဲ့ Antivirus engines တွေရဲ့ နာမည်ကို ကြည့်ပြီး Neglect လုပ်သင့်တာ လုပ်လို့ ရတယ် - ဥပမာ Kaspersky, Norton, NOD32, BitDefender, Avast လို နာမည်ရ Antivirus engines တွေ အားလုံးက Negative ပေးထားတယ် မသုံးသင့်ဘူး ဆိုပြီး ပြနေရင်တော့ လက်ရှောင်လိုက်တာ ကောင်းတယ် - တစ်ခြား Antivirus engines အသေးစားလေးတွေ လောက်ကပဲ Negative ပြပြီး လူသိများတဲ့ Antivirus engines အကြီးစားတွေက Pass ပေးထားရင်တော့ Negative ပြနေတဲ့ Antivirus engines တွေရဲ့ ဖော်ပြချက်ကို Neglect လုပ်ပြီး အဲ့ဒီ့ Keygen တို့ Crack တို့ Patch files တို့ကို သုံးနိုင်တယ် )
ခုဖော်ပြခဲ့သလောက်ဆို Online Virus Scanners များအကြောင်းကို တော်တော်များများ တီးမိခေါက်မိ ရှိလောက်မယ် ထင်ပါတယ်။ ခု ဒီ Topic အောက်မှာ အသုံးပြုသင့်တဲ့ Online Virus Scanners တွေ စာရင်းကို တစ်ပေါင်းတည်း ဖော်ပြပေးလိုက်ပါတယ် - ကိုယ့်စက်မှာ ရှိနေတဲ့ Antivirus program နဲ့ အတူ နှစ်သက်သလို ပေါင်းစပ် အသုံးပြုကြပါ။

အသုံးပြုသင့်သော Online Virus Scanners များ
  1. Virus Total
  2. Jotti Malware Scan
  3. VirusChief
  4. VirSCAN
  5. NoVirusThanks
  6. BitDefender Quick Scan
  7. ESET Online Scanner
  8. F-Secure Online Scanner
  9. Panda ActiveScan
  10. CA Threat Scanner
  11. Windows Live OneCare Safety Scanner
  12. Norton Security Scan
  13. Trend Micro HouseCall
  14. Kaspersky File Scanner
  15. Avast! Online Scanner
  16. Dr.Web Online Check

Virus ကင်းစင် ပြုံးပျော်ရွှင်နိုင်ကြပါစေ 

KznT.

Firefox 4.0 Final Reviewer’s Guide

Leave a Comment
March 22 2011 က Firefox 4 ဆိုပြီး Mozilla ကနေ ထုတ်တယ် - အဲ့နေ့တည်းက ရေးပေးဖို့ တစ်ခြား အလုပ်တွေ ရှုပ်နေတာနဲ့ မရေးဖြစ်လိုက်ဘူး - တစ်ချို့လည်း Firefox 4 ကို ပြောင်းသုံးနေကြလောက်ပြီ - ဒါပေမယ့် ကျွန်တော် သတိထားမိသလောက်တော့ တော်တော်များများ မပြောင်းကြသေးဘူး - အရင် Firefox 3.6 ... ပတ်ဝန်းကျင်မှာပဲ လည်နေကြတာ တွေ့ရတယ် - ကျွန်တော် အကြံပြုချင်တာတော့ လတ်တလော Firefox သုံးနေသူများ version 3.6 ... ပတ်ဝန်းကျင် သုံးနေတယ် ဆိုရင် Firefox 4 ကို ပြောင်းသုံးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ် - Firefox 4 မှာဘာတွေ အားသာချက်ရှိလာတယ် ဆိုတာ အောက်မှာ ဆက်ပြီး လေ့လာကြည့်ပါ -

( 1 ) Firefox 4 နှင့် Menu style

Firefox 4 မှာ Menu style က အောက်မှာ ဖော်ပြထားသလိုမျိုး စီမံခန့်ခွဲရ လွယ်ကူအောင် ဘယ်ဘက်ခြမ်း အပေါ်ဘက် အစွန်ကို ရွှေ့သွားပါတယ် - မြှားနေရာကို တစ်ချက် Click လိုက်ရင် ကျွန်တော်တို့ Firefox ပြင်ဆင်ရာမှာ လိုအပ်တဲ့ Options, Add-ons နဲ့ တစ်ခြား လိုတာအကုန်လုံး တွေ့မြင်ရပါလိမ့်မယ် -


( 2 ) Firefox 4 နှင့် Pinning App Tabs

Pinning App Tabs ရဲ့ သဘောက တစ်ချို့ သုံးနေကျ မဟုတ်သူတွေ အတွက် နဲနဲလေး စိမ်းနေနိုင်ပါတယ် - သူ့ရဲ့ သဘောက ကိုယ်အမြဲ သွားနေကျ လည်နေကျ Web စာမျက်နှာတွေကို Tab တစ်ခု အနေနဲ့ တစ်ခါတည်း တွဲပြီး ချိတ်ထားလိုက်တဲ့ သဘောပါ - ဥပမာ ကျွန်တော်တို့ကwww.bing.com ကို Search engine တစ်ခု အဖြစ်နဲ့ အမြဲ သုံးဖြစ်တယ် ဆိုကြပါစို့ - ဒီလိုဆို သူ့ Tab ပေါ်မှာ Right click ထောက်ပြီး Pin as App Tab ဆိုတဲ့ နေရာကို click ပေးလိုက်ရင် အဲ့ဒီ့ Tab ဟာ နောက်ဆို သီးခြား ထပ်ဖွင့်စရာ မလိုတော့တဲ့ App tab တစ်ခုအဖြစ် Browser ဖွင့်တိုင်း ပွင့်နေမှာပါ -


တကယ်လို့ အဲ့လို Pin လုပ်ထားတာကို နောက်ပိုင်း သဘောမကျတော့ပဲ ပြန်ဖြုတ်ချင်မယ် ဆိုရင် အောက်ဖော်ပြပါအတိုင်း အရင်တုန်းက Pin လုပ်ထားတဲ့ Tab ပေါ်မှာ Right click ပြန်ထောက်ပြီး Unpin tab ပြန်ပေးလို့ ရပါတယ် - အဲ့လိုဆို ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ -


( 3 ) Firefox 4 နှင့် Windows 7 Taskbar Previews 

ဒါကတော့ Tabs တွေ ဘယ်နခုပဲ ဖွင့်ထားထား ဖွင့်ထားသမျှ Tabs တွေကို Taskbar မှာ Previews အဖြစ်နဲ့ မြင်ရအောင် လုပ်နိုင်ပါတယ် -Internet Explorer 9 သုံးနေတဲ့ သူတွေ ဆိုရင်တော့ Default အနေနဲ့ ပြင်ပြီးသား ဖြစ်နေတာ သတိထားမိပါလိမ့်မယ် - ( IE 8 မှာလည်း Individual Taskbar Previews က Enable / Disable ပေးလို့ ရပါတယ်။ ) ခု Firefox 4 မှာလည်း Windows 7 Taskbar Previews ကို ထူးထူးခြားခြား ပြင်ယူဖို့ မလိုပဲ အောက်ဖော်ပြပါအတိုင်း ဖန်တီးနိုင်ပါတယ် -


Options > Tabs ရဲ့ အောက်မှာ ရှိတဲ့ Show tab previews in the Windows taskbar ကို Select ပေးပြီး ပြင်ယူပါ - ဒီလိုဆို နောက်ပိုင်း Tabs ဘယ်လောက်ဖွင့်ဖွင့် အောက်ဖော်ပြပါအတိုင်း Windows 7 Taskbar မှာ Previews အဖြစ်တွေ့မြင်ရပါလိမ့်မယ် -


( 4 ) Firefox 4 နှင့် Menu bar အဟောင်း

အရင် Firefox အဟောင်းမှာတော့ Menu bar က Default အနေနဲ့ မြင်ရပြီးသား - ခု Firefox 4 မှာတော့ Menu bar က Default အနေနဲ့ Hide ထားပါတယ် - ဒါကို ပြန်ခေါ်ချင်ရင် Keyboard က Alt key ကို ခဏလောက် နှိပ်ထားပြီး လွှတ်လိုက်ရင်ဖြစ်ဖြစ် - Alt+F ကို တွဲနှိပ်ရင် ဖြစ်ဖြစ် Menu bar ကို ပြန်မြင်ရပါလိမ့်မယ်။


( 5 ) Firefox 4 နှင့် Private Browsing

Chrome သုံးနေကျ သူတွေတော့ Private Browsing ရဲ့ သဘောကို နားလည်ပြီးသား ဖြစ်ပါလိမ့်မယ် - အဲ့ အကြောင်းကို အင်တာနက်အတွင်း Software ရှာဖြွေခင်း ခေါင်းစဉ်အောက်က ဒီနေရာမှာ ရေးခဲ့ဖူးပါတယ် - အဲ့တာကြောင့် ဒီနေရာမှာ ထပ်ပြီး မဖော်ပြတော့ပါဘူး - ခု Firefox 4 မှာလည်း Chrome ရဲ့ Incognito window နဲ့ သဘောချင်း ဆင်တူတဲ့ Private Browsing Mode ပါလာတယ် - ဒါပေမယ့် ခက်တာတစ်ခုက Firefox 4 မှာပါတဲ့ Private Browsing Mode ဟာ Chrome ရဲ့ Incognito window လိုမျိုး သုံးလို့ အဆင်မပြေဘူး - ဖြစ်တဲ့ ပြဿနာက Firefox 4 မှာ Private Browsing Mode ကို ပြောင်းမယ် ဆိုတာနဲ့ လက်ရှိဖွင့်ထားသမျှ Tabs အားလုံး အပိတ်ခံလိုက်ရတယ် - Private Browsing Mode နဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ကိစ္စတွေ အားလုံးပြီးလို့ သူ့ကို ပိတ်ပြီး နောက်တစ်ကြိမ် Firefox ကို ပြန်ဖွင့်တော့မှ ခုနက ပိတ်ခဲ့တဲ့ Tabs တွေကို Restore ပြန်လုပ်ပေးတယ် - အဲ့တာ တစ်ချက်တော့ ဆိုးတယ် - Private Browsing Mode ကို အောက်ဖော်ပြပါအတိုင်း ခေါ်ယူနိုင်ပါတယ် -


( 6 ) Firefox 4 နှင့် Panorama 

Panorama ကို Tab Groups လို့လည်း ခေါ်ကြတယ် - သူ့ရဲ့ သဘောက Tabs တွေ အများကြီး ဖွင့်ထားတဲ့ အချိန်မှာ ကိုယ်အမြန်ပြန်လိုချင်တဲ့ Tabs တွေကို အလွယ်တကူနဲ့ ပြန်ရှာတွေ့နိုင်အောင် နဲ့ Tabs တွေ အများကြီးထဲကမှ တူရာတူရာ ကဏ္ဍအလိုက်စုယူနိုင်အောင် ဖန်တီးပေးနိုင်တဲ့ Firefox 4 ရဲ့ စွမ်းဆောင်ရည် တစ်မျိုးပါ - သူ့ကို သုံးချင်ပြီ ဆိုရင် အောက်ဖော်ပြပါအတိုင်း ညာဘက်ခြမ်း အပေါ်ထောင့်က Down Arrow ကနေ တစ်ဆင့်ဖြစ်စေ - Ctrl+Shift+E ကို တွဲနှိပ်ခေါ်ယူပြီး Tabs တွေကို စီမံခန့်ခွဲနိုင်ပါတယ်။





ဒီ့ထက်ပြည့်ပြည့်စုံစုံ သိချင်မယ် ဆိုရင်တော့ Firefox 4.0 Final Reviewer’s Guide ကို ဒီနေရာကနေ Download ရယူပါ - ခုလောက်ဆို Firefox 4 ပြောင်းလဲ အသုံးပြုမယ့် မိသားစုဝင်တွေ ဘာတွေ အသုံးပြုနိုင်မယ်ဆိုတာ အထိုက်လျှောက်နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Quote:

မူလရင်းမြစ်များ

http://www.mozilla.com/en-US/firefox/4.0/firstrun/
http://www.howtogeek.com/56595/firef...reenshot-tour/
http://www.mozilla.com/en-US/firefox...WT.mc_ev=click
http://www.intowindows.com/download-...viewers-guide/
http://www.intowindows.com/mozilla-f...ally-released/

KznT.

Google & Think Quarterly

Leave a Comment
ဟိုတစ်နေ့က Google ကနေပြီး သူ့ရဲ့ ပထမဆုံး Online Magazine စထုတ်တယ် - နာမည်ကိုတော့ Think Quarterly လို့ ပေးထားတယ် - သူ့ဆိုဒ်ရဲ့ အပြင်အဆင်ကတော့ သာမန်ပဲ - ဘာနဲ့ ပုံစံချင်း ဆင်လဲဆိုတော့ အရင်ကျွန်တော်ရေးခဲ့ဖူးတဲ့ Web အကြောင်း လေ့လာရအောင် ခေါင်းစဉ်အောက်က 20 things I learned about the web ဆိုတဲ့ HTML5 Guide စာအုပ်ပုံစံမျိုးနဲ့ ဆင်တယ် -


ဒါပေမယ့် ဆင်သာ ဆင်တာ သူ့ဆိုဒ်က Articles တွေဖတ်ချင်ရင်တော့ Articles တစ်ခုချင်းစီအလိုက် တစ်မျက်နှာစီ လိုက်ဖတ်မှရမယ် - ရေးထားတဲ့ အကြောင်းအရာလေးတွေက စိတ်ဝင်စားဖို့ ကောင်းတယ် - တကယ်လို့ ဆိုဒ်မှာ မဖတ်အားဘူး - Offline ဖတ်ချင်တယ်ဆိုရင် PDF download ကိုဒီနေရာမှာ ယူလို့ ရတယ် - ISSUU မှာ တင်ထားတာမို့လို့ တစ်ခါတည်း တန်းဖတ်ချင်ရင်လည်း အဆင်ပြေတယ် -


UK နဲ့ Ireland ရဲ့ Google Operations Managing Director - Matt Brittin ကတော့ ဒီ Online magazine: Think Quarterly ဆိုတာ နေ့စဉ်လှုပ်ရှား ရုန်းကန်နေရတဲ့ လူမှုဘဝနယ်ပယ်ထဲက အပန်းဖြေစရာ နေရာတစ်ခု " a breathing space in a busy world. " လို့ ညွှန်းပါတယ် - နောက်ပိုင်း ကာလတွေမှာ Google က ဒီ Online magazine နဲ့ ပတ်သတ်ပြီး ဘယ်လို ခရီးဆက်မယ် ဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့ -

မူလရင်းမြစ်များ

http://thinkquarterly.co.uk/
http://issuu.com/thinkquarterly/docs/01-data
http://downloadsquad.switched.com/20...ink-quarterly/
http://newsgrange.com/think-quarterl...line-magazine/
http://mashable.com/2011/03/24/think-quarterly/

KznT.

Google Chrome 11 Beta With Speech-to-Text Feature

Leave a Comment
Google ကနေပြီး ခုနောက်အသစ်ထွက်တဲ့ Chrome 11 Beta မှာ Feature အသစ်တစ်ခု ထပ်ထည့်ပေးလိုက်တယ် - Google Chrome မှာ ပြောင်းသွားတဲ့ New icons တွေ အကြောင်းတော့ ရေးခဲ့ပြီးပြီ - အခု အသစ်ထပ်ပေါင်းဖြည့်လိုက်တာကတော့ Speech-to-Text Feature တဲ့ - ထူးခြားချက်ကတော့ HTML5 spec တွေထဲက တစ်ခုဖြစ်တဲ့ ကိုယ်က ကွန်ပြူတာကို စကားပြောလိုက်တဲ့ အချိန်မှာ Google Chrome ကနေ စကားပြန်လုပ်ပေးတာမျိုးပေါ့ - နောက်တစ်နည်းပြောရရင် ကျွန်တော်တို့ မိုက်ကရိုဖုန်းကနေ စကားပြောလိုက်တဲ့ အသံကို ဖမ်းနားထောင်ပြီး Google Chrome ကနေ စာသားအဖြစ်နဲ့ ပြန်ပြီး ဖော်ပြပေးနိုင်တယ် -

ရည်ရွယ်ချက်ကတော့ နောက်ပိုင်း ဒီစမ်းသပ်မှု အောင်မြင်လာရင် ကီးဘုတ်ကနေ စာရိုက်ပြီး ကွန်ပြူတာကို ခိုင်းဖို့ မလိုတော့ဘူး - ဟိုကောင် ဘာရှာစမ်း - ဟိုကောင်ကို ပိတ်လိုက် - ဒီကောင်ကို ဖွင့်လိုက်တို့ လုပ်လို့ရတော့မယ်ထင်တယ် တကယ်လို့ Chrome 11 သုံးတယ် ဆိုရင် Speech-to-Text Feature ကို ဒီနေရာကနေ သွားရောက်စမ်းသပ်နိုင်ပါတယ်။


Feature အသစ်ဆိုလို့သာ သွားစမ်းကြည့်တာ - ကျွန်တော် ပြောတာတော့ ဒီကောင် ကောင်းကောင်း နားမလည်ရှာဘူးဗျ  - ပြောတာက hello hello hello ပါဆို ပြတော့ love love love တဲ့ - ဖြည့်တွေးလိုက်ပါတယ် - ငါ့ အသံထွက် အရမ်းကောင်းလို့ သူနားမလည်တာ နေမှာပါဆိုပြီး  - စမ်းကြည့်နိုင်အောင်လို့သာ ရေးလိုက်တာ လောလောဆယ် အခြေအနေထိတော့ သိပ်မပီပြင်သေးပါဘူး


မူလရင်းမြစ်များ

http://chrome.blogspot.com/2011/03/t...ith-html5.html
http://techcrunch.com/2011/03/22/chrome-11-beta/
http://www.callingallgeeks.org/googl...+Technology%29

KznT.

Turn a Wikipedia Article Into a PDF

Leave a Comment
ဝီကီပိဒိယ အကြောင်းကို အစပျိုးလောက် စရေးဖြစ်ပြီး နောက်ပိုင်း သိပ်လှည့်မရေးဖြစ်ဘူး ဖြစ်သွားတယ် - ဝီကီအကြောင်းက ပြောမယ်ဆို ပြောစရာ စကားအများကြီး ရှိပေမယ့် ဖိုရမ်နဲ့ ဝီကီနဲ့ကို သိပ်ပြီး မရောစေချင်တော့ဘူး - စစချင်း ဒီ Thread ကို စဖွင့်တုန်းကတော့ ရည်ရွယ်ချက်က ဝီကီမှာ ရေးသားမျှဝေနည်း အကြောင်းတွေ အသေးစိတ်လေး ရေးမယ်ဆိုပြီး ဖွင့်ခဲ့တာ - ဒါပေမယ့် နောက်တော့ ပြန်စဉ်းစားကြည့်တယ် - ဝီကီမှာ အသုံးပြုရမယ့် ရေးသားမျှဝေနည်းဆိုတာ ဖိုရမ်မှာ ရေးတာထက် ဝီကီမှာ ရေးတာပဲ ပိုကောင်းမယ်လို့ စဉ်းစားမိတော့ အဲ့လို ရေးဖို့ စိတ်ကူးကို စွန့်လိုက်တယ် - ခုနောက်ပိုင်း ရေးဖို့ စိတ်ကူးထားတာကတော့ ဝီကီ ရေးသားမျှဝေနည်း ဆိုတာထက် ဝီကီ အသုံးပြုနည်းလေးတွေ အသားပေး ရေးမယ်ဆိုပြီး စဉ်းစားထားမိပါတယ် -

ရည်ရွယ်ချက်

ဖိုရမ် Admin ပိုင်းကိစ္စတွေရယ် - တစ်ခြားအခက်အခဲလေးတွေ ရှင်းပေးတာရယ်နဲ့ တစ်နေ့တစ်နေ့ အချိန်ကလည်း အများကြီး မရတော့ ခုလို အကြောင်းအရာသီးသန့် ရေးဖြစ်ဖို့ စိတ်ကူးပဲ ရှိတယ် - လူက မကူးနိုင်ဘူး - ဒီနေ့တော့ ဖြစ်အောင်ရေးမယ် ဆိုပြီး Wikipedia မှာ ကိုယ်ကြိုက်တဲ့ စာမျက်နှာလေးတွေကို ချည်းပဲ စုစည်းပြီး စာအုပ်ဘယ်လိုလုပ်လဲ ဆိုတဲ့ အကြောင်းလေး ရေးဖြစ်လိုက်ပါတယ် - Wikipedia ဆို ကျွန်တော်လည်း အရင်တုန်းက သိချင်တာလေး ရှိရင်သာ သွားသွားရှာတာ - ဘာ functions တွေရှိတယ် / ဘယ်လို လေ့လာရတယ် ဆိုတာကို ကောင်းကောင်း သတိထား မကြည့်မိဘူး - နောက်ပိုင်း သူ့ဆီ ရောက်တာ များလာတော့မှ သူ့ကိုသုံးပြီး ဘာတွေ လုပ်လို့ရမလဲ ဆိုတာ သတိထားပြီး လေ့လာဖြစ်တယ် - Wikipedia ဘာလဲဆိုတာတော့ ပြန်ပြောဖို့ လိုမယ် မထင်တော့ဘူး - အပေါ်မှာလည်း ရှင်းခဲ့ပြီးသား ဆိုတော့ - ဒါပေမယ့် ခုပြောချင်တဲ့ Wikipedia Book Creator ဆိုတာ မြန်မာဝီကီမှာ မရှိသေးပါဘူး - ခု အသုံးချနည်းကို http://en.wikipedia.org/ လေ့လာ သူများ အသုံးချနိုင်အောင် အဓိက ရည်ရွယ်ပြီး ဖော်ပြပေးတာပါ။ အကြောင်းက တစ်နေ့နဲ့ တစ်နေ့ စာဖတ်ဖြစ်တဲ့ အချိန်တွေမှာ သိပ်ပြီး ရှင်းရှင်းလင်းလင်း နားမလည်တဲ့ အကြောင်းအရာမျိုး / အသုံးအနှုန်းမျိုး ခဏခဏ ကျွန်တော်တွေ့ရတယ် - တတ်နိုင်သလောက်တော့ ဖတ်တာပဲဗျာ - ဒါပေမယ့် သိတဲ့အတိုင်း Technical terms ဆိုတာကလည်း နေ့စဉ်သုံး အင်္ဂလိပ်စကားပြောနဲ့ ဘာမှတူတာမှ မဟုတ်တာ - သူတို့ဘာသာ Create လုပ်ပြီး သူတို့ ဘာသာ ပေးချင်တဲ့ နာမည်ပေးထားကြတာ - နောက်ဆုံး ဘယ်လိုမှ နားမလည်တော့ Wiki ကို ပြေးရတာပဲ - အဲ့လို တစ်ခုမသိလိုက် ပြေးဖတ်လိုက်နဲ့ နောက်ပိုင်း ကျွန်တော် ဘာသွားတွေးမိလဲ ဆိုတော့ Wiki က ကိုယ်ဖတ်ချင်တဲ့ စာမျက်နှာတွေကို pdf လုပ်ထားလို့ ရရင် ကောင်းမယ်ဆိုပြီး စိတ်ကူး မိလာတယ် - အရင်ကတော့ လူပြိန်းနည်းပေါ့ လိုချင်တဲ့ စာမျက်နှာကို ဖွင့်တယ် Copy ကူးတယ် နောက်ပြီး Word ထဲ ပြန် Save တယ် - အဲ့ကနေ pdf လုပ်တယ် - နောက်ပြီး ကွန်ပြူတာ ဘေးနားမှာ မရှိတဲ့ အားတဲ့ကြားချိန်လေးတွေ / အလုပ်မရှိတဲ့ အချိန်တွေ အဲ့ဒီ့ pdf ကို ထုတ်ဖတ်တယ် - ဒါပေမယ့် နောက်ပိုင်းကျတော့ အဲ့နည်းက အဆင်မပြေတော့ဘူးဗျ - လုပ်ရကိုင်ရတာ လက်ပေါက်ကပ်တယ် - အဲ့တာနဲ့ တစ်ခြားနည်းလမ်းကို လိုက်ရှာတော့ အောက်မှာ ဖော်ပြထားတဲ့ Wiki စာမျက်နှာတွေကို PDF ဖြစ်အောင် Create လုပ်နိုင်မယ့် နည်းကို ကျွန်တော် နားလည်ခဲ့တယ် -

Wikipedia Articles များအား PDF အဖြစ် ပြောင်းလဲခြင်း

Step 1 > Wikipedia Articles တွေကို pdf ဖြစ်အောင် ပြောင်းချင်ရင် အရင်ဆုံး ကိုယ် pdf လုပ်ချင်တဲ့ Wikipedia က စာမျက်နှာ တစ်ခုကို သွားလိုက်ပါ - ( ကျွန်တော်ကတော့ Engineering ဆိုတဲ့ စာမျက်နှာကို သွားလိုက်တယ် ) ကိုယ်လိုချင်တဲ့ စာမျက်နှာကို ရောက်ပြီ ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း ဘယ်ဘက်ခြမ်း Side bar က Print/export ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိတဲ့ Create a book ဆိုတဲ့ နေရာကို ဆက်ဝင်လိုက် - ကျွန်တော်အောက်မှာ ဖော်ပြထားတဲ့ အတိုင်းပေါ့ -


Step 2 > အဲ့လိုဆို နောက်တစ်မျက်နှာမှာ Book creator ဆိုတဲ့ ခေါင်းစဉ်တဲ့ Start book creator ဆိုတဲ့ button အစိမ်းရောင်ကို တွေ့ရလိမ့်မယ် - သူ့ကို click တစ်ချက်ပေးလိုက် -


Step 3 > အဲ့လို လုပ်လိုက်တာနဲ့ ပထမဆုံး ကိုယ်စဝင်ခဲ့တဲ့ စာမျက်နှာကို အောက်ဖော်ပြပါ ပုံစံမျိုးနဲ့ ပြန်ရောက်သွားပြီး စာအုပ်လုပ်ဖို့ စာမျက်နှာတွေ စပြီး စုလို့ ရပြီ - ဆိုကြပါစို့ ကျွန်တော်က ခု ဖွင့်ထားတဲ့ Engineering ဆိုတဲ့ စာမျက်နှာကို ကိုယ့် pdf ထဲ ပါစေချင်တယ် ဆိုရင် ခေါင်းစီးမှာ မြင်နေရတဲ့ Add this page to your book ကို click ပေးလိုက် - ဒါဆို ကိုယ့် pdf စာအုပ်အတွက် တစ်မျက်နှာစုပြီးသွားပြီ -

This image has been resized. Click this bar to view the full image. The original image is sized 609x294.

ဒီနေရာမှာ ခေါင်းစီးမှာ မြင်နေရတဲ့ တစ်ခြား Options လေးတွေ အကြောင်းလည်း ရှင်းပြချင်တယ် -

This image has been resized. Click this bar to view the full image. The original image is sized 610x70.

Add this page to your book ရဲ့ ညာဘက်မှာ ရှိနေတဲ့ Show book ( _ pages) ဆိုတာ ကိုယ့် pdf ထဲမှာ စာမျက်နှာ ဘယ်နမျက်နှာစုပြီးပြီလဲ ဆိုတာ ပြတာ - ( _ ) ထဲမှာ ပြတဲ့ pages အရေအတွက်က Add this page to your book ဆိုတာကို click တစ်ချက်ပေးတိုင်း ပြောင်းလဲ သွားတာ နောက်ပိုင်း သတိထားမိပါလိမ့်မယ်။ Suggest pages ဆိုတာကတော့ ကိုယ်က ဒီ စာမျက်နှာကို pdf ထဲ ထည့်တယ် ဆိုရင် ဒီ စာမျက်နှာလိုပဲ အကြောင်းအရာချင်း ဆင်တူတဲ့ တစ်ခြား လေ့လာသင့်တဲ့ စာမျက်နှာတွေကို Wikipedia က ထည့်ချင်လားဆိုပြီး Suggestion ပေးတာ - အဲ့ဒီ့ link ကို ဆက်လိုက်ရင် ကိုယ့် pdf မှာ ထည့်သင့်တဲ့ တစ်ခြား Suggested pages တွေ တွေ့ရလိမ့်မယ်။

Step 4 > လတ်တလောမှာ ကျွန်တော်တို့ စာမျက်နှာ တစ်ခု စုထားပြီးပြီ ဆိုပါတော့ - pdf လုပ်မှာဆိုတော့ စာမျက်နှာ များများရအောင်လည်း စုဖို့ လိုသေးတယ် - အ့ဲအတွက် လုပ်ရိုးလုပ်စဉ်နည်းအတိုင်း သွားမယ် ဆိုရင်တော့ pdf ထဲထည့်ချင်တဲ့ တစ်ခြားစာမျက်နှာတွေကို tab အသစ်တွေနဲ့ ထပ်ထပ်ဖွင့်ပြီး Add this page to your book ကနေ ပေါင်းလို့ ရတယ် - ဒါပေမယ့် အဲ့နည်းကလည်း ထည့်ချင်တဲ့ စာမျက်နှာများလာရင် အဆင်မပြေပြန်ဘူး - အဲ့လို မဖြစ်ရအောင် Wikipedia ရဲ့ Individual pages တွေကို pdf အဖြစ် စုဆောင်းတဲ့ နေရာမှာ အဆင်ပြေအောင် နောက်ထပ်ဖန်တီးပေးထားတဲ့ နည်းတစ်ခု ရှိသေးတယ် - လုပ်ဆောင်နည်းက ကိုယ်လက်ရှိဖွင့်ထားတဲ့ စာမျက်နှာပေါ်က တစ်ခြား Articles တွေ ရှိရာဆီ links ချိတ်ထားတဲ့ စာသားတွေပေါ်မှာ Mouse ကို ပွတ်ရွှေ့လိုက်တာနဲ့ အောက်မှာ ဖော်ပြထားသလိုမျိုး လင့်ချိတ်ထားသော ဝီကီ စာမျက်နှာအား သင့်စာအုပ်ထဲသို့ ပေါင်းထည့်ပါ ဆိုတဲ့ pop-up message တစ်ခု တက်လာလိမ့်မယ် - အဲ့ကနေပြီး တစ်ခြား စာမျက်နှာကို ကူးသွားစရာ မလိုပဲ ကိုယ်လိုချင်တဲ့ စာမျက်နှာ အားလုံးကို ကျွန်တော်တို့လုပ်နေတဲ့ pdf ထဲ ပေါင်းထည့်ထားလိုက်လို့ ရတယ်။ ပိုမြန်သွားတာပေါ့။


တကယ်လို့ ကိုယ်က စာတစ်မျက်နှာချင်းစီ လိုက်ထည့်ရတာမျိုး မလုပ်ချင်ပဲ ဥပမာ - Engineering နဲ့ ပတ်သတ်တဲ့ Category တစ်ခုလုံးကို စာအုပ်ထဲ ထည့်ပစ်လိုက်ချင်တယ် ဆိုရင်လည်း ဖြစ်တယ် - ကိုယ်ဖွင့်ထားတဲ့ စာမျက်နှာရဲ့ အောက်ဆုံးမှာ ဒီစာမျက်နှာဟာ ဘယ် Categories တွေထဲမှာ ပါလဲ ဆိုတာ ဖော်ပြပေးထားရှိတယ် - အောက်မှာ ပြထားသလိုမျိုးပေါ့ -

This image has been resized. Click this bar to view the full image. The original image is sized 536x240.

အဲ့ကနေ နှစ်သက်ရာ Category အောက်ကို ဆက်ဝင်သွားပြီး Add this category to your book ကနေ တစ်ဆင့် Category တစ်ခုလုံးကို ကိုယ်ဖန်တီးမယ့် pdf ထဲ တစ်ခါတည်း တန်းထည့်လိုက်လို့ ရတယ် -


Step 5 > စာအုပ်တစ်အုပ် ဖန်တီးဖို့အတွက် လုံလောက်တဲ့ စာမျက်နှာ ပမာဏ ရပြီ ဆိုရင်တော့ Show book ကနေတစ်ဆင့် ကိုယ့်စာအုပ်ထဲမှာ ပါမယ့် စာမျက်နှာတွေကို တစ်ချက်ပြန်ကြည့်ပါ -

This image has been resized. Click this bar to view the full image. The original image is sized 663x194.

Show book ဆိုတဲ့ စာမျက်နှာကို ရောက်ရင် ကိုယ်ဖန်တီးထားတဲ့ pdf ကို အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ် - ရပြီ သဘောကျတယ် ဆိုရင် Title လေးဘာလေးပေး - နဲနဲပါးပါး ပြင်ချင်သေးတယ် ဆိုရင် Create chapter / Sort alphabetically တို့ကနေ ပြင်တာပြုတာ - အထက်အောက် ပြန်စဉ်တာ လုပ်လို့ ရပါတယ် - Clear book ဆိုတာကတော့ လုပ်ထားတဲ့ စာအုပ်ကို သဘောမကျရင် ဖျက်ဖို့နေရာပေါ့ -


Step 6 > အားလုံး ပြင်ဆင်ပြီးပြီ - သဘောလည်း ကျပြီ ဆိုရင် သူ့ရဲ့ ညာဘက်ခြမ်းမှာ PDF format နဲ့ Download ချနိုင်ဖို့ ခုအောက်မှာ ဖော်ပြထားသလို တွေ့ရလိမ့်မယ်။


အဲ့ကနေ ဆက်သွားရင် ကိုယ်လုပ်ထားတဲ့ စာမျက်နှာတွေကို Wiki ကနေ သူ့ဘာသာ စုပြီး Download ချဖို့ လင့်ထုတ်ပေးလိမ့်မယ် - အ့ဲအချိန်ကတော့ ခဏလောက်စောင့်ရပါတယ် -

Step 7 > Rendering finished ဖြစ်သွားရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Download the file ဆိုတဲ့ Download ချဖို့ link ကိုတွေ့ရပါလိမ့်မယ် - အဲ့ကနေ ကိုယ်လုပ်ထားတဲ့ pdf ကို သိမ်းယူယုံပါပဲ -

This image has been resized. Click this bar to view the full image. The original image is sized 549x224.

Step 8 > ခုဆို ကျွန်တော် ပြောရင်းဆိုရင်း Wiki ကနေ စာအုပ်တစ်အုပ်ရခဲ့ပါပြီ - အင်တာနက်ရှိမှ Wiki ဖတ်လို့ ရတာ မဟုတ်ပါဘူး - အင်တာနက် မရှိလည်း ဝီကီ ဖတ်ဖို့ အဆင်ပြေအောင် လုပ်လို့ ရတယ် ဆိုတာ နားလည်သွားပါပြီ - ဒီအောက်က ကျွန်တော် ဖန်တီးထားတဲ့ pdf ပုံစံလေးပါ -

This image has been resized. Click this bar to view the full image. The original image is sized 697x480.

တကယ်လို့ pdf အနေနဲ့ မဟုတ်ပဲ စာအုပ်အနေနဲ့ Order မှာချင်တယ် ဆိုရင်လည်း ဖြစ်ပါတယ် - Step 6 မှာ Download အဖြစ်ရွေးခဲ့တာရဲ့ အပေါ်မှာ Order as a printed book ဆိုတာ ရှိပါတယ် -


အဲ့ဒီမှာ ပြထားတဲ့ Preview with PediaPress ကနေ ဆက်သွားရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်း အွန်လိုင်းကနေ ပိုက်ဆံနဲ့ ပေးပြီး စာအုပ်အဖြစ် ဖန်တီးခိုင်းလို့ ရမယ့်နေရာကို ရောက်ပါလိမ့်မယ်။ စိတ်ကြိုက် အဖုံးပုံစံလေးတွေ - အရောင်တွေ ပြင်လို့ ရပါတယ် -


အာလုံးပြင်ပြီးရင် Preview တစ်ချက်ကြည့်ပါ -


ခုဆို ကျွန်တော် Wiki ကနေ ကိုယ်ကြိုက်တဲ့ စာမျက်နှာလေးတွေ စုပြီး စာအုပ်တောင် မှာလို့ ရသွားပြီ - ကျွန်တော့်ဆီ ရောက်လာရင် ဖတ်ရမယ့် စာအုပ်ပုံစံလေးက ခုလိုလေး ဖြစ်နေမှာပါ -

This image has been resized. Click this bar to view the full image. The original image is sized 792x569.

ခုဖော်ပြခဲ့သလောက်ဆို Wiki ကနေပြီး ကိုယ်ကြိုက်တဲ့ Articles လေးတွေ ဘယ်လို စုဆောင်းရတယ် - pdf စာအုပ်ဘယ်လို လုပ်ဆောင်ရတယ် - စာအုပ်ဘယ်လို မှာယူရတယ် ဆိုတာ မိသားစုဝင်များ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် - ဒီအကြောင်းအရာကို ဗွီဒီယို အဖြစ်နဲ့ ကြည့်ချင်မယ်ဆိုရင် ဒီနေရာကနေ Download ယူပါ - ( Download ရလာတဲ့ ဖိုင်ကို ကြည့်ဖို့ကတော့ Browser ထဲကို Drag & Drop ဆွဲသွင်းပြီး ကြည့်လို့ ရပါတယ် ) ခုဖော်ပြခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး သီးခြား ထပ်မံလေ့လာသင့်တဲ့ နေရာတွေကတော့ အောက်ဖော်ပြပါအတိုင်းပါ -

မူလရင်းမြစ်များ

http://en.wikipedia.org/wiki/Help:Books
http://www.nannu.info/forum/showthre...t=15787&page=1
http://en.wikipedia.org/wiki/Help:Bo...sked_Questions
http://en.wikipedia.org/wiki/Help:Books/Printed_books
http://www.makeuseof.com/dir/wikipedia-book-creator/

ဒီနေ့ ကေဇက်တို့ profile ပုံ ချိန်းပါတယ် - Avatar ပြောင်းပါတယ် - Enrique Iglesias ပါ - သူလည်း နှုတ်ခမ်းမွှေးပါတယ် - အရင်ပုံနဲ့ သဘောတရား တူမယ်ထင်တာပဲ 




KznT.

Related Posts