GNOME Terminal with Google search support

Leave a Comment
ဒီနေ့ အင်တာနက်ထဲ Ubuntu နဲ့ ပတ်သတ်တာလေး စာလိုက်ဖတ်ရင်း သဘောကျတာလေး တစ်ခုတွေ့လို့ ပြောပြချင်တယ် - အဲတာက Terminal ထဲမှာ အလုပ်လုပ်ရင်းနဲ့ ကိုယ်နားမလည်တာ တစ်ခုခုတွေ့ရင် အရင်ကဆို စာကြောင်းကို Select လုပ် Copy ကူးပြီး Google မှာ သွားသွားရှာရတယ် - တစ်ချို့လည်း ဒါကို လုပ်ဖူးလိမ့်မယ် - တစ်ချို့လည်း လုပ်ဖြစ်ကြမယ် မထင်ဘူး - အဲလိုလုပ်ရတာ ဘာဖြစ်လဲဆိုတော့ တစ်ခုသိဖို့ အရေး အဆင့် သုံးလေးဆင့် ခံနေရတာမျိုးပေါ့ - စစချင်း စာကြောင်းကို Select လုပ်ရမယ် - နောက် Copy ကူးရမယ် - နောက် ... ထားပါတော့ ရှည်တယ် -

ခုတော့ အဲလို အဆင့်တွေ အားလုံးကိုကျော်ပြီး GNOME Terminal ထဲကနေ ရှာချင်တဲ့ အကြောင်းအရာကို တစ်ခါတည်း Google မှာတန်းရှာလို့ ရပြီ - အောက်မှာ မြင်ရသလိုပေါ့ -



အားလုံး ပြင်ပြီး သွားပြီ ဆိုရင် အပေါ်မှာ ပြထားတဲ့ အတိုင်း Terminal ထဲမှာ တစ်ခုခုလုပ်လို့ output message မှာ ပြတဲ့ စာကြောင်းတစ်ခုခုက ကမောက်ကမ ဖြစ်နေသလို စိတ်ထဲထင်လာရင် စာကြောင်းကို Select ပေးပြီး Right-click menu ကနေ “Search On Google” ကို သွားလိုက်ယုံပဲ - အဲ့လို GNOME Terminal ထဲမှာ Google Search ရောက်လာဖို့ လုပ်ရကိုင်ရတာကလည်း ဘာမှ မခက်ဘူး - Ubuntu Tweak ကို သိမယ် ထင်ပါတယ် - အရင်စာတွေမှာလည်း သူ့အကြောင်းကတော့ ရေးခဲ့ပြီးသားပါ - Ubuntu သုံးတဲ့ သူတိုင်း Ubuntu Tweak တို့ UCC တို့လောက်တော့ အနည်းလေး သိကြတာမို့ ဒီမှာ အကျယ်ချဲ့ မရေးတော့ပါဘူး - တကယ်လို့ မသိသေးဘူး ဆိုရင်း ဒီနေရာမှာ သွားဖတ်ကြည့်ပြီး စက်မှာ မရှိသေးရင် Install လုပ်ပါ - .deb package မို့လို့ install လုပ်နည်းကတော့ Windows မှာ .exe ကို install လုပ်သလိုမျိုးပါပဲ - 

Ubuntu Tweak တင်ပြီးသွားရင် “Source Center” ကိုသွားပြီး “GNOME Terminal with Google search support” ကို enable ပေးလိုက်ပါ - နောက် “Refresh” ကို Click ပေးပါ - ဒါဆို ရပါပြီ -


တကယ်လို့ code နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားရင် ဒီနေရာမှာ သွားပြီး လေ့လာနိုင်ပါတယ် >> https://code.launchpad.net/~tualatrix/ibentu/gnome-terminal

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts