Google Takeout

Leave a Comment
Google နဲ့ Facebook နဲ့ကလည်း အပြိုင်လိုကို ဖြစ်နေတယ်။ Facebook အသုံးပြုသူတွေအတွက် ကိုယ့် Facebook မှာ ရှိနေတဲ့ Data တွေကို Export လုပ်ထားနိုင်အောင် နည်းလမ်းအမျိုးမျိုး ဖော်ပြပေးနေချိန်မှာ ခု Google ကလည်း Google users တွေအတွက် ကိုယ့် Google account ထဲမှာ ရှိနေတဲ့ Data တွေကို Online တင်မက Offline မှာပါ သိမ်းဆည်းထားနိုင်အောင် Google Takeout ဆိုပြီး မိတ်ဆက်လိုက်ပြန်ပါပြီ။


Google Takeout မှာ ဟိုးအရင်တစ်လောလေးကမှ Google က မိတ်ဆက်ပေးတဲ့ Google+ အပါအဝင် User တစ်ယောက်အတွက် မဖြစ်မနေ Backup လုပ်ထားဖို့လိုမယ့် Buzz, Contacts and Circles, Picasa Web Albums နဲ့ Profile ဆိုတာတွေပါပါလာတယ်။



Export လုပ်ထားဖို့ Data တွေအားလုံးကို စုပြီး Archive လုပ်လို့ရသလို standalone service အနေနဲ့လည်း သုံးနိုင်တယ်။



Click လေးတစ်ချက်နဲ့ ကိုယ့်ရဲ့ အရေးကြီး Data တွေအားလုံး Online ပေါ်ကနေ ကိုယ့်စက်ထဲမှာ Backup လုပ်ပြီးသား ဖြစ်သွားမှာပါ။


ဒီအောက်မှာ ဖော်ပြထားတာကတော့ Download ချပြီးရင် ကိုယ့်စက်ထဲကို ရောက်လာမယ့် Google Account Backup File ပါ။



Google Takeout ကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ အကြောင်းတစ်စုံတစ်ရာကြောင့် ကိုယ့် Account ဆုံးရှုံးရမယ် ဆိုရင်တောင် ကိုယ့် Account ထဲမှာ ရှိနေတဲ့ Contacts တွေ ၊ Picasa ထဲ တင်ထားတဲ့ ကိုယ့်ဓာတ်ပုံတွေ - စသဖြင့် ကိုယ့်ရဲ့ အရေးကြီး Data တွေ မဆုံးရှုံးရတော့ဘူးပေါ့။ ဒါတင်မက portable နဲ့ open formats ဖြစ်လို့ တစ်ခြား services တွေဆီကိုလည်း အလွယ်တကူ import လုပ်လို့ ရသေးတယ်။ ဒါက Google Takeout ရဲ့ စွမ်းဆောင်ရည်တွေပါပဲ။ Google Takeout ရှိရာဆီ အပြေးသွားရောက် သိမ်းဆည်းလိုက်ကြပါဦး။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts