Myanmar culture and heritage

Leave a Comment
ကနေ့ ခေတ်မှာ မြန်မာမှု - မြန်မာ့ဟန် - မြန်မာဓလေ့ အငွေ့အသက်တွေကို မြန်မာမိန်းကလေး - ယောကျာင်္းလေးတွေ မေ့ပျောက်လုလု ဖြစ်နေကြတာ ကျွန်တော် သတိထားမိပါတယ်။ တော်တော်လေး ဝမ်းနည်းစရာ ကောင်းတဲ့ အချက်တစ်ချက်ပါပဲ - ခေတ်နောက်ပြန် ဆွဲနေတာ မဟုတ်ပါဘူး - အများသူငါ လက်ခံထားကြတဲ့ Globalization ကို အံတုတွန်းလှန်ပြီး နွားလှည်းတစ်စီးနဲ့ ၁၉ ရာစုကို ပြန်သွားနေတာလည်း မဟုတ်ပါဘူး - ကျွန်တော် ဆိုလိုတာ။



တိုက်ပုံစွတ်ပြီး ခေါင်းပေါင်း ပေါင်းနေရမယ်လို့ မဆိုလိုပါ -
ချိတ်ထမီ ဝတ်ပြီး ရင်ဖုံးနဲ့ ပွဲတက်ရမယ်လို့ မရည်ညွှန်းလိုပါ -

ဒါပေမယ့် သိစေချင်တာ တစ်ခုက မြန်မာအမျိုးသား - မြန်မာအမျိုးသမီး တစ်ယောက်လို ဝတ်စားဆင်ယင်ခြင်း ကြောင့် လူပုံအလယ်မှာ အရှက်တကွဲ အကျိုးနဲ မဖြစ်နိုင်သလို - မြန်မာမှု အသိုင်းအဝိုင်းမှာတင်မက ၊ ကမ္ဘာ့အလည်မှာပါ ဂုဏ်ငယ် သေးသိမ် သွားမှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း မြန်မာမိသားစုဝင်များကို သိစေချင်လှပါတယ်။

သင်္ကြန်မိုး

သင်္ကြန်မိုးဆိုတဲ့ ရုပ်ရှင်ကားဟာ ကျွန်တော့် ဘဝတစ်သက်တာ အတွက် အမှတ်တရ အရှိဆုံး သဘောအကျဆုံး ရုပ်ရှင်ကား တစ်ကားပါ။ မြန်မာမှု အငွေ့အသက် - မြန်မာ့ရိုးရာ အတာသင်္ကြန် - မြန်မာ့အလှ - မြန်မာ့အက - မြန်မာ့သင်္ကြန်သီချင်း စစ်စစ် တွေ နဲ့ ပေါင်းစပ်ဖွဲ့တည်ထားတဲ့ သင်္ကြန်မိုး ဇာတ်ကားဟာ ကျွန်တော့် အတွက်တော့ ဘယ်အချိန် ပြန်ကြည့်ကြည့် ကြည့်လို့ မရိုးနိုင်ခဲ့သေးတဲ့ ကားတစ်ကားပါပဲ - ဒီကားလေးကို ကျွန်တော် Burmese Classic ကနေ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သင်္ကြန်တွင်းကြီး Download ချပြီး သိမ်းထားခဲ့တာပါ။


ဒီကားလေးကို ခု သင်္ကြန်နားနီးလာပြီမို့ မြန်မာမှု အငွေ့အသက်ကို ချစ်ခင်မြတ်နိုးသူ - မြန်မာ့ အတာသင်္ကြန် နဲ့ ရိုးရာ အလှအပ ကို ပြန်လည်ခံစား ကြည့်ရှုချင်သူများ အတွက် သိမ်းဆည်းထားနိုင်အောင် ဝေမျှလိုက်ပါတယ်။



ဒီခေတ်မှာ ဒီလို ငွေငန်းကို မြင်ရနိုင်သေးပေမယ်လို့ ခုလို ငွေငန်းဘေးမှာ လှပတင့်ဖူးစွာ ကပြ ဖျော်ဖြေမယ့် အမျိုးသမီး သင်္ကြန်မယ်လေးတွေ  မြင်ရနိုင်ဖို့ ကတော့ မသေချာတော့ ပါဘူး - ဝမ်းနည်းဖို့ အကောင်းဆုံး မြန်မာ့ယဉ်ကျေးမှု ဆိတ်သုန်းမှု တစ်ခုပါပဲ။

မောင်ဇင်။

( ယခင် ရေးသားခဲ့ပြီးသော Post အဟောင်းအား တောင်းဆိုမှုကြောင့် Links အသစ်ဖြည့်သွင်း၍ ပြန်လည် ဖော်ပြလိုက်ပါသည်။ နှစ်သစ်နှင့် အတူ မြန်မာပြည်သူ ပြည်သားအပေါင်း ပျော်ရွှင်အေးချမ်းနိုင်ကြပါစေ။)

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts