လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကိုပုထုဇဉ် ကျွန်တော့်ဆီ စာချွန်လွှာပို့ပြီး မေးထားတာ တစ်ခု ရှိတယ် - ကျွန်တော်လည်း ဖိုရမ်ဘယ်လိုမှ မဝင်နိုင်လိုက်တဲ့ အပတ်နဲ့ တိုက်သွားတော့ ပြန်မဖြေဖြစ်လိုက်ဘူး - လူက နည်းနည်းပျင်းနေတာလည်း ပါတယ်။ မေးမြန်းချက်သူမေးထားတာက - Web စာမျက်နှာကို PDF ပြောင်းယူတဲ့ အချိန်မှာ မလိုတဲ့ အပိုင်းတွေ မပါပဲ - အဓိက ကျတဲ့ အကြောင်းအရာကိုပဲ ၀က်ဆိုဒ် အသွင်အပြင်နဲ့ ထွက်လာတာမျိုး မဟုတ်ပဲ PDF သန့်သန့်လေး ထွက်လာအောင် ဘယ်လို ပြောင်းယူလို့...
Gmail with custom background image themes
Gmail ထဲမှာ ပါတဲ့ Themes တွေ ဟိုပြောင်း ဒီပြောင်း ပြောင်းတာကိုတော့ မိသားစုဝင်အားလုံး သိထားပြီး ဖြစ်ကြလောက်မယ် ထင်ပါတယ် - တကယ်လို့ မရင်းနှီးသေးရင် ကျွန်တော် ဒီနေရာမှာ ရေးထားတဲ့ အကြောင်းအရာလေးကို တစ်ချက်လောက် ပြန်ဖတ်ကြည့်လိုက်ပါ။ Gmail ထဲမှာ အဲ့လိုပဲ Default Themes ကို ပုံစံမျိုးစုံ ပြောင်းနိုင်ဖို့ ဆိုပြီး အရံသင့်ထည့်ထားပေးတဲ့ Themes တော်တော်များများ ရှိတယ် - ဘယ်သူတွေ ဘယ် Theme ကို သဘောကျကြတယ် မသိပေမယ့် ကျွန်တော်က Android theme...
First Platform Preview of Internet Explorer 10
Internet Explorer 9 နှင့် သူ၏ အနာဂတ် ဆိုတာကိုတော့ ရေးခဲ့ဖူးပြီ - ပြောခဲ့ဖူးသလိုပဲ နည်းပညာလိှုင်းက ကြောက်ဖို့ ကောင်းလောက်အောင်ကို တိုးတက်မှု မြန်တယ် - မနေ့ကမှန်တဲ့ အကြောင်းအရာတွေ ဒီနေ့ မှန်ချင်မှ မှန်မယ် - မနေ့ကအသစ်ဆိုတဲ့ Apps တွေ မနက်ဖြန်သစ်ချင်မှ သစ်တော့မယ် - ဒီလောက်လျင်မြန်တဲ့ အရှိန်ဟုန်တြွေကားမှာ ခုချိန်ထိ ကိုယ်တွေ ဖန်တီးသူ မဖြစ်နိုင်သေးပဲ စားသုံးသူ ဖြစ်နေတာရတာ စိတ်ထဲ မကောင်းဘူး - ရတယ် ဒါပေမယ့် စိတ်ဓာတ်မကျပါဘူး - တစ်နေ့ပေါ့ -ဟိုတစ်လောလေးကတင်...
Best “Microsoft Fix it” Troubleshooters
Windows မှာ ပြဿနာ တစ်ခုခု တက်ရင် ဘာမှမလုပ်တတ်တဲ့ အခါ ဖိုရမ်ကိုပဲ ကျွန်တော်တို့ ပြေးကြရတယ် - ဒါပေမယ့် တစ်ချို့ပြဿနာတွေက ဖိုရမ်မှာ မေးမယ်ဆိုရင် ကိုယ်က အလျင်လိုနေပေမယ့် ချက်ချင်း အဖြေပြန်မရတတ်တာမျိုးတွေ ရှိတာမို့လို့ တတ်နိုင်မယ်ဆိုရင် ကျွန်တော့် အနေအနေနဲ့တော့ မမေးခင်မှာ ကိုယ်လိုချင်မယ့် အဖြေကို အင်တာနက်ထဲမှာ ရှိမရှိ အရင်ရှာကြစေချင်တယ် - ဒါမှလည်း နောက်ပိုင်း ပြဿနာတစ်ခုခု ဖြစ်တဲ့ အခါ ကိုယ်ကိုယ်တိုင် ဘာဖြစ်မယ် ဆိုတာ ခန့်မှန်းနိုင်ပြီး အင်တာနက်ထဲမှာလည်း...
Thingyan Feeling
သက္ကရာဇ် ၂၀၀၀ တည်းက သင်္ကြန်ကို ဘာမှန်း မသိခဲ့တာ ခုချိန်ထိလည်း ဘာမှန်း ခံစားခွင့် မရခဲ့ဘူး - သင်္ကြန်ဆို ဒီလိုပဲ အဓိပ္ပါယ်မရှိတဲ့ ပတ်ဝန်းကျင်မှာ ဟိုငေး ဒီငေးနဲ့ တစ်ယောက်တည်း ခပ်ဆွေးဆွေးပဲ နေဖြစ်ခဲ့တယ် - လူဖြစ်ကြတာချင်း တူပေမယ့် ခံစားခွင့် မတူကြတဲ့ သူတွေ - ကိုယ့်အတွက် အခွင့်အရေး မရှိပေမယ့် သူတို့အတွက် အခွင့်အရေး ရှိနေကြတာတွေ တွေ့ရရင် ဘဝဆိုတာ စချိန်ကတည်းက သမာဓိ မရှိတဲ့ လျှာတစ်ဖက်စောင်း ချိန်ခွင်ထဲမှာ ကိုယ့်ကို ထည့်ချိန် ခံနေရသလိုပဲ ခံစားရတယ်...
Windows 8 And The Future Of Computing
စာမရေးတာ တစ်ပတ်လောက်ကြာသွားတော့ အကြောင်းအရာ ခပ်ကြီးကြီးရေးဖို့ ကျွန်တော်လည်း ပျင်းနေတယ် - ဒါပေမယ့် ပြန်အစပျိုးကြည့်ဦးမယ် - အရှိန်ပြန်ယူတဲ့ သဘောပေါ့ - ဒီနေ့ လူသိနည်းသေးတဲ့ အကြောင်းအရာလေး တစ်ခု ပြောပြချင်တယ် - Windows 8 အကြောင်းပေါ့ - Windows 8ဆိုပြီး အရင် Windows 7 ပေါ်ကာစတည်းက အခွေထွက် ဘာထွက်နဲ့ ထွက်လာတာတော့ ရှိတယ် - ဒါပေမယ့် အဲ့တာတွေက Windows 8 အစစ်မဟုတ်ဘူး - သူတို့က Windows 7 ပေါ်မှာ Based ယူပြီး Themes လေးတွေပြောင်း Tweaks လေးတွေလုပ်နဲ့...
Myanmar culture and heritage

ကနေ့ ခေတ်မှာ မြန်မာမှု - မြန်မာ့ဟန် - မြန်မာဓလေ့ အငွေ့အသက်တွေကို မြန်မာမိန်းကလေး - ယောကျာင်္းလေးတွေ မေ့ပျောက်လုလု ဖြစ်နေကြတာ ကျွန်တော် သတိထားမိပါတယ်။ တော်တော်လေး ဝမ်းနည်းစရာ ကောင်းတဲ့ အချက်တစ်ချက်ပါပဲ - ခေတ်နောက်ပြန် ဆွဲနေတာ မဟုတ်ပါဘူး - အများသူငါ လက်ခံထားကြတဲ့ Globalization ကို အံတုတွန်းလှန်ပြီး နွားလှည်းတစ်စီးနဲ့ ၁၉ ရာစုကို ပြန်သွားနေတာလည်း မဟုတ်ပါဘူး - ကျွန်တော် ဆိုလိုတာ။
တိုက်ပုံစွတ်ပြီး ခေါင်းပေါင်း ပေါင်းနေရမယ်လို့ မဆိုလိုပါ...
Fresh Dynamic Views For Your Blog

ဟုတ်တယ် ကျွန်တော် မမှားဘူး - ယုံယုံကြည်ကြည်နဲ့ Blogger မှာ နေခဲ့တာ အချိန်တန်တော့ မျှော်လင့်ထားတာတွေ Google က ဖန်တီးပေးလာတယ် - ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး - ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက် Blogger ကြောင့် တစ်ခါမှ စိတ်မညစ်ခဲ့ရဘူး - Hosting ပြဿနာ ဆိုတာလည်း မရှိဘူး - Site down တယ် ဆိုတာလည်း ရှိကောင်းတော့ ရှိလိမ့်မယ် - ဒါပေမယ့် တစ်ခါမှ မကြုံခဲ့ဖူးဘူး - အလကား ပေးထားတဲ့ ဝန်ဆောင်မှုလို့ မထင်ရလောက်အောင် Users တွေကို ဂရုစိုက်တယ် - ဒါ့ကြောင့်...