Best “Microsoft Fix it” Troubleshooters

Leave a Comment
Windows မှာ ပြဿနာ တစ်ခုခု တက်ရင် ဘာမှမလုပ်တတ်တဲ့ အခါ ဖိုရမ်ကိုပဲ ကျွန်တော်တို့ ပြေးကြရတယ် - ဒါပေမယ့် တစ်ချို့ပြဿနာတွေက ဖိုရမ်မှာ မေးမယ်ဆိုရင် ကိုယ်က အလျင်လိုနေပေမယ့် ချက်ချင်း အဖြေပြန်မရတတ်တာမျိုးတွေ ရှိတာမို့လို့ တတ်နိုင်မယ်ဆိုရင် ကျွန်တော့် အနေအနေနဲ့တော့ မမေးခင်မှာ ကိုယ်လိုချင်မယ့် အဖြေကို အင်တာနက်ထဲမှာ ရှိမရှိ အရင်ရှာကြစေချင်တယ် - ဒါမှလည်း နောက်ပိုင်း ပြဿနာတစ်ခုခု ဖြစ်တဲ့ အခါ ကိုယ်ကိုယ်တိုင် ဘာဖြစ်မယ် ဆိုတာ ခန့်မှန်းနိုင်ပြီး အင်တာနက်ထဲမှာလည်း ရှာဖွေတတ်လာမှာ - လောလောဆယ် ဒီ Thread ကို ရေးဖြစ်ရခြင်းရဲ့ အကြောင်းက Windows မှာ ဖြစ်တတ်တဲ့ ပြဿနာတွေ ( ဥပမာ - Windows Aero Glass visual effects အလုပ်မလုပ်တာ - Windows File and Folder တွေမှာ ပြဿနာ တက်နေတာကို ပြင်ချင်တာ - CD or DVD Drive တွေက ကောင်းပါရက်နဲ့ မရိုက်နိုင် မဖတ်နိုင် ဖြစ်နေတာ စသဖြင့် ပြဿနာ တက်နေတဲ့ အခါ ဖိုရမ်မှာ မေးစရာမလိုပဲ အတတ်နိုင်ဆုံး ပြေလည်နိုင်စေမယ့် နည်းလမ်းတစ်ခု ရှိနေတာကို မိသားစုဝင်များ သတိထားမိနိုင်အောင် ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။ 

သူ့ရဲ့နာမည်ကတော့ Microsoft Fix it troubleshooters ပါ - တော်တော်များများလည်း သိပြီး ဖြစ်ပါလိမ့်မယ် - ဒါပေမယ့် တော်တော်များများ မသုံးဖြစ်ကြသေးဘူး - သူ့ရဲ့ စွမ်းဆောင်ရည်က ကိုယ့်စက်မှာ ဖြစ်နေတဲ့ ပြဿနာကို သူ့ဘာသာ အဖြေရှာပြီး သူ့အလိုလျောက်ပြင်ဆင်ပေးနိုင်တာ - ဒီနည်းကို ဘာကြောင့် သုံးစေချင်သလဲ ဆိုရင် Windows မှာ ပြဿနာ တစ်ခုခု ဖြစ်တဲ့ အခါ များသော အားဖြင့် ကျွန်တော်တို့ Windows Registryထဲထိ ဝင်ပြင်ကြရတယ် - Windows Registry ကို ဝင်ရောက် ပြင်ဆင်တာဟာ ပြင်ဆင်နေကျ လူတစ်ယောက်အတွက် Step by Step ဘယ်လို သွားရမယ် ဘာတွေ Backup လုပ်ရမယ်ဆိုတာ နားလည်ပေမယ့် လူသစ်တစ်ယောက်အတွက် သူများရေးတဲ့ စာကို ဖတ်ပြီး Windows Registry ကို ဝင်ပြင်တာဟာ အလွန်ကို အန္တရာယ်များပါတယ် - အဲ့တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် Windows ပိုင်း ဆိုင်ရာမှာ ပြဿနာ တစ်ခုခု တက်တဲ့အခါ လူတော်တော်များများ လမ်းညွှန်လေ့ရှိတဲ့ Windows Registry ထဲကို ဝင်ပြင်တဲ့နည်းထက် Microsoft Fix it troubleshooters ကို အသုံးပြုစေချင်ပါတယ် - တကယ်လို့ Fix it troubleshooters သုံးလိုက်လို့မှ ဖြစ်တဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်ဘူး ဆိုရင်လည်း သူကနေ ဘာဆက်လုပ်ရမယ် ဆိုတာ ညွှန်ကြားပေးတတ်ပါတယ်။


လုပ်ဆောင်နည်းကတော့ အောက်မှာ ဖော်ပြပေးထားတဲ့ Mats_run.exe file တွေထဲက ကိုယ့်ပြဿနာနဲ့ အနီးစပ်ဆုံး ဆင်တူပြီး ဖြစ်နိုင်ချေရှိတဲ့ အမည်ကို ရွေးပြီး Download ချပါ - ပြီးရင် Run ပါ - အဲ့လို Run တဲ့ အချိန်မှာ အသုံးပြုနေတဲ့ ကွန်ပြူတာဟာ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့ လိုပါတယ် - ဒါမှ troubleshooter ဟာ ဖြစ်နေတဲ့ ပြဿနာကို ပြုပြင်ဖို့ အတွက် လိုအပ်တဲ့ Components တွေကို Download လုပ်ပြီး သုံးနိုင်မှာပါ - လိုအပ်တဲ့ အစိတ်အပိုင်းတွေကို Download လုပ်ပြီး သွားတာနဲ့ troubleshooter ကနေ ကိုယ့်စက်မှာ ဘာပြဿနာ ဖြစ်နေလဲဆိုတာ သူ့ဘာသာ စစ်ပြီး အလိုလျောက်ပြင်သွားပါလိမ့်မယ်။ တကယ်လို့ သူ မပြင်ပေးနိုင်ခဲ့ဘူး ဆိုရင်တောင် ဘယ်ကိုသွားပါ - ဘာကိုလုပ်ပါ ဆိုတာမျိုး ပြင်ဆင်ရေးအတွက် နေရာကောင်းတွေရှိမယ့် နေရာကို လမ်းညွှန်ပေးပါလိမ့်မယ်။


တကယ်လို့ ဒီနည်းကို မသုံးချင်ရင် နောက်ထပ်တစ်နည်း ရှိပါသေးတယ် - အဲ့တာကတော့ Fix it Solution Center ရဲ့ အကူအညီနဲ့ ဖြေရှင်းတဲ့ နည်းလမ်းပါ - Fix it Solution Center ရဲ့ အကူအညီကို ရယူနိုင်ဖို့ ဒီနေရာကနေ သွားပါ - ရောက်တဲ့ အချိန်မှာ အောက်ဖော်ပြပါအတိုင်း Options လေးတွေတွေ့ရပါလိမ့်မယ် - 




ကိုယ်ဖြစ်နေတဲ့ ပြဿနာရပ်ပေါ် မူတည်ပြီး Windows မှာဖြစ်တဲ့ ပြဿနာလား - Internet Explorer နဲ့ ပတ်သတ်ပြီး ဖြစ်တာလား - Windows Media Player နဲ့ ပတ်သတ်ပြီး ဖြစ်တာလား - စသဖြင့် ဆုံးဖြတ်ပြီး သက်ဆိုင်ရာ ခေါင်းစဉ် တစ်ခုခု အောက်ကို ဝင်ပါ - တကယ်လို့ ဘာနဲ့ ပတ်သတ်ပြီး ပြဿနာ ဖြစ်နေမှန်း ကိုယ်ကိုယ်တိုင် ဂဃနဏ မခွဲခြား တတ်ရင် များသောအားဖြင့် လူဖြစ်များတဲ့ ပြဿနာ ရပ်တွေဟာ Top Solutions အောက်မှာ ရှိနေတတ်ပါတယ်။ တကယ်တော့ ဒီအဆင့်က ကိုယ့် ဖြစ်နေတဲ့ ပြဿနာကို သူပေးထားတဲ့ Solutions တွေ အများကြီး ထဲက အနီးစပ်ဆုံး ရှာတွေ့နိုင်အောင် ဘောင်ချုံ့လိုက်တာ ဖြစ်ပါတယ် - နောက်တစ်ဆင့်မှာ ကိုယ်ဖြစ်တဲ့ ပြဿနာရဲ့ အနီးစပ်ဆုံး ဆင်တူတဲ့ ခေါင်းစဉ်ကို Select a problem area ကနေ ရွေးချယ်ပါ - 



အဲ့လို ရွေးချယ်လိုက်တာနဲ့ ပြဿနာ ဖြေရှင်းနိုင်မယ့် Solutions တွေကို အောက်မှာ Run Now နဲ့ ဖော်ပြသွားပါလိမ့်မယ် - အဲ့ထဲက အနီးစပ်ဆုံး အဖြေကို ထပ်ရှာပြီး Run Now နဲ့ ဖြေရှင်းလိုက်ယုံပါပဲ - 




တကယ်လို့ စိတ်ထဲမှာ ဒိွဟ ဖြစ်နေသေးရင် Run Now မနှိပ်ခင်မှာ Learn More ကို Click ပေးပြီး ကိုယ် Run Now လုပ်မယ့် ကောင်က ဘယ် ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာလဲ ဆိုတာ နောက်တစ်မျက်နှာမှာ အသေးစိတ်ဖတ်နိုင်ပါသေးတယ်။ အောက်မှာ ပုံစံတူ ဥပမာပြထားပါတယ်။



စမ်းသပ်ကြည့်ပါ - အဆင်ပြေခဲ့မယ် ဆိုရင် တစ်ခြားလူတစ်ယောက် ဖြေပေးတာ စောင့်ဖို့မလိုပဲ ကိုယ့်ပြဿနာ အမြန်ဆုံး ပြေလည်နိုင်တာပေါ့ 

ကိုးကားရင်းမြစ်များ

http://www.microsoft.com/downloads/e...1-5295789ec8fe
http://www.askvg.com/list-of-best-mi...r-pc-problems/
http://support.microsoft.com/fixit/
http://fixitcenter.support.microsoft.com/Portal

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts