First Platform Preview of Internet Explorer 10

Leave a Comment
Internet Explorer 9 နှင့် သူ၏ အနာဂတ် ဆိုတာကိုတော့ ရေးခဲ့ဖူးပြီ - ပြောခဲ့ဖူးသလိုပဲ နည်းပညာလိှုင်းက ကြောက်ဖို့ ကောင်းလောက်အောင်ကို တိုးတက်မှု မြန်တယ် - မနေ့ကမှန်တဲ့ အကြောင်းအရာတွေ ဒီနေ့ မှန်ချင်မှ မှန်မယ် - မနေ့ကအသစ်ဆိုတဲ့ Apps တွေ မနက်ဖြန်သစ်ချင်မှ သစ်တော့မယ် - ဒီလောက်လျင်မြန်တဲ့ အရှိန်ဟုန်တြွေကားမှာ ခုချိန်ထိ ကိုယ်တွေ ဖန်တီးသူ မဖြစ်နိုင်သေးပဲ စားသုံးသူ ဖြစ်နေတာရတာ စိတ်ထဲ မကောင်းဘူး - ရတယ် ဒါပေမယ့် စိတ်ဓာတ်မကျပါဘူး - တစ်နေ့ပေါ့ -


ဟိုတစ်လောလေးကတင် Internet Explorer 9 ထွက်တယ် - အတိအကျ ပြောရရင် March 14, 2011 21:00 PDT က - သူ့ကို Windows 7, Windows Server 2008 R2, Windows Vista Service Pack 2 ဒါမှမဟုတ် Windows Server 2008 SP2 တွေမှာ သုံးလို့ရတယ်။ ဒါပေမယ့် Windows XP မှာ သုံးလို့ မရဘူး - ဒါကို အားလုံးလည်း သိပြီးဖြစ်လောက်ပြီ - အရင်လကမှ Internet Explorer 9 ထွက်လို့ အသစ်လေး သုံးရပြီ ဆိုပြီး ပျော်မယ် မကြံနဲ့ - ဒီနေ့ April 12 2011 မှာ Internet Explorer 10 Platform Preview 1 ထွက်လာပြီ - ဟုတ်တယ် အဲ့လောက်ကို မြန်တယ် - မနေ့ တစ်နေ့ကမှ ထွက်တဲ့ Internet Explorer 9 ဆိုတာ Already out of date ဖြစ်သွားပြီ - သူ့ကို Download လိုချင်ရင် Microsoft's Test Drive စာမျက်နှာမှာ ယူလို့ ရတယ်။ ဘာတွေ Support ပေးလာသလဲဆိုရင် Additional web standards တြွေဖစ်တဲ့ CSS Gradients တို့ CSS3 Flexible Box Layout ဆိုတာတွေကို Support ပေးလာတယ် - တစ်ခြား Browsers တွေနဲ့ ယှဉ်လိုက်ရင် ဘယ်တွေ အားသာချက် ရှိလာတယ် ဆိုတာတော့ အောက်မှာ ဖော်ပြထားတဲ့ ဗွီဒီယိုကို ကြည့်လိုက်ရင် ပိုပြီး မြင်သာပါတယ်။



အသုံးပြုနည်း အကြမ်းဖျဉ်း

အသွင်အပြင်ကတော့ လတ်တလော အခြေအနေမှာ Platform Preview အဆင့်မို့လို့ ဘာမှ ထူးထူးခြားခြား မရှိသေးဘူး - အားလုံး အကြမ်းထည်ပဲ - 



Url ရိုက်ချင်ရင် Ctrl+O ဖြစ်ဖြစ် - Page > Open ကနေ ဖြစ်ဖြစ် ခေါ်ပြီး ရိုက်လို့ ရတယ်။ 


Home page ကို ပြောင်းချင်ရင် Desktop ပေါ်က Internet Explorer Platform Preview Icon ကို Right click ပေးပြီး Properties ကနေတစ်ဆင့် Targat မှာ ခုလို ပြောင်းပေးရတယ်။ 



"C:\Program Files\Internet Explorer Platform Preview\iepreview.exe" http://www.bing.com

Bold နဲ့ ပြထားတဲ့ နေရာမှာ ကိုယ်ထားချင်တဲ့ Website လိပ်စာပေါ့ -

Common Keyboard Shortcuts 

သိထားသင့်တဲ့ Keyboard Shortcuts တွေကတော့ -

  • Ctrl + O: Open a webpage
  • F5: Refresh
  • F10: Home
  • F12: Developer Toolbar
  • Alt + 5: Force IE5 rendering mode
  • Alt + 7: Force IE7 rendering mode
  • Alt + 8: Force IE8 rendering mode
  • Alt + 9: Force IE9 rendering mode
  • Alt + 0: Force IE10 rendering mode
  • Ctrl + Alt + 0: Reset Document Mode to the page default
  • Ctrl +/-: zoom in and out
  • Alt + ?: Help
  • Ctrl + S: Save Webpage As…
  • Alt + /: About

တစ်ခြား ထူးခြားချက်တွေ ပြောင်းလဲမှုတွေ ရှိလာရင် ကျွန်တော် ထပ်ပြီး ပြောပြပေးဦးမယ်။ Internet Explorer 10 Platform Preview 1 ကို စမ်းကြည့်ချင်ရင် ဒီနေရာမှာ Download ယူပါ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts