Google Demo Slam: Extra Spicy

Leave a Comment
ဒီနေ့ Digital Inspiration မှာ စာဖတ်ဖြစ်တယ် - ကျွန်တော် အဲ့မှာ စာဖတ်ခဲ့တာ ကြာပြီ - အဲ့က စာရေးဆရာ Amit Agarwal က တော်တော် စေတနာ ထားတယ် ဆိုရမယ် - အကြောင်းအရာ တစ်ခုကို ဘယ်တော့မှ ဖြစ်သလို မရေးဘူး - ကိုယ်တွေလို အကြောင်းအရာသေးသေးလေးကို ပုံကြီးချဲ့ မရေးသလို - ရေးပြီ ဆိုရင်လည်း စာဖတ်သူအတွက် တစ်ခုခု အကျိုးပြုနိုင်မယ့် အကြောင်းအရာတွေကို သေသေချာချာ စုစည်းပြီး အသေးစိတ် ရေးတာတွေ့ရတယ် - English blog ဆိုပေမယ့် သူက အင်္ဂလိပ် လူမျိုးမဟုတ်လို့ သူရေးတဲ့ Blog မှာ သုံးနှုန်းထားတဲ့ စကားလုံး အသုံးအနှုန်း တော်တော်များများက လေ့လာသူ တစ်ယောက်အတွက် မစိမ်းတာ တွေ့ရတယ် - နည်းပညာနဲ့ ပတ်သတ်ပြီး လေ့လာလိုသူတွေ အတွက် ဖတ်သင့်တဲ့ အင်္ဂလိပ် blog ကောင်းတစ်ခုပါ -


ဒီနေ့လည်း အဲ့မှာ စာဖတ်ရင်း အရင်ကျွန်တော် ဖော်ပြဖူးတဲ့ Google Translate's Conversation Mode နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာ တစ်ခု သွားတွေ့မိတယ် - Google Translate's Conversation Mode ဆိုတာ အတိုပြန်ချုံးရရင် Google Translate ပါပဲ - ပို့စ်နံပါတ် ( ၁၁ ) မှာ ဖော်ပြခဲ့ပြီးသားမို့လို့ ဒီနေရာမှာ အကျယ်ပြန်မချဲ့တော့ပါဘူး - သူ့ထူးခြားချက်က အားလုံးလည်း သိထားပြီးတဲ့ အတိုင်း ကိုယ်နားမလည်တဲ့ ဘာသာနဲ့ ရေးထားတဲ့ အကြောင်းအရာတွေကို တစ်ခြား language တစ်ခုကနေ ကိုယ်နားလည်တဲ့ language တစ်ခုစီ ပြောင်းလဲ ပေးတယ် - အဲလိုပြောင်းလဲ ပေးတဲ့ နေရာမှာ စာသားပြောင်းလဲယုံတင် မဟုတ်ပဲ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း စကားပြောအနေနဲ့ပါ နားထောင်လို့ ရအောင် ပြောင်းလဲပေးတာမျိုးပါ - Listen ဆိုတဲ့ icon ကို click ပေးလိုက်ရင် ကိုယ် ပြောင်းလိုက်တဲ့ ဘာသာစကားရဲ့ အသံထွက်ကိုပါ သူက ရွတ်ပြပေးပါတယ် -


သဘောတရား ရေးရာအရ ကြည့်မယ်ဆိုရင်တော့ ဒီ Google translate ဆိုတာ အကြောင်းအရာ တစ်ခုကို ကိုယ့်ဘာသာ လေ့လာတဲ့ နေရာမျိုးမှာပဲ သုံးလို့ ရမယ်လို့ ထင်စရာရှိပါတယ် - တကယ်လို့ ဒီ Google translate feature ကို နောက် အခြေအနေတစ်မျိုး ဥပမာ - ကိုယ့်ဘာသာကို သူနားမလည်တဲ့ သူရယ် - သူ့ဘာသာစကားကို ကိုယ်နားမလည်တဲ့ သူရယ် နှစ်ယောက်သား ဖုန်းပြောကြတဲ့ နေရာမှာ အသုံးချမယ် ဆိုရင်ရော ?? အရင်ဆုံး ကိုယ်ပြောချင်တဲ့ စကားတွေကို ကိုယ့်မိခင်ဘာသာစကားနဲ့ Google translate မှာ အရင်စာရိုက်ပြီး translate လုပ်ထားမယ် - နောက် အဲလို translate လုပ်ပြီး ထွက်လာတဲ့ စာသားကို listen icon ကနေ တစ်ဆင့် စကားပြောခိုင်းပြီး ဖုန်းပေါ်ကနေ တစ်ဆင့် တစ်ဖက်လူကို နားထောင်ခိုင်းမယ်

ဒီနည်းက တကယ်ရော အလုပ်ဖြစ်ပါ့မလား ??

မယုံမရှိပါနဲ့ - ဒီနည်းကိုသုံးပြီး မိန်းကလေး နှစ်ယောက် ကိုယ်နားမလည်နဲ့ Hindi ဘာသာစကားကို Google Translate က “Text to Speech” feature ကို သုံးပြီး ဖုန်းကနေ တစ်ဆင့် Indian restaurant မှာ Order လှမ်းမှာခဲ့တဲ့ Video လေး Demo Slam မှာ ဖော်ပြထားတာ ရှိပါတယ် - တော်တော်လည်း တတ်နိုင်တဲ့ မိန်းကလေးတွေ

Google chrome မှာ Google Translate ကို tab bar တွေ အများကြီးနဲ့ ဖွင့်ထားပြီး ကိုယ်ပြောချင်တာတွေ အားလုံးကို သူတို့ဘာသာ English ကနေ Hindi version ကို Translate လုပ်ထားတယ် - နောက်တော့ စားသောက်ဆိုင်ကို ဖုန်းလှမ်းခေါ်တယ် - ဖုန်းကိုင်တော့ listen ခလုတ်ကို နှိပ်ပြီး Hindi လို ပြောခိုင်းတယ် - သူတို့ဘာသာ သူတို့တော့ ဟုတ်နေတာပဲ - ဒါပေမယ့် တကယ်တော့ အလုပ်ဖြစ်သွားတယ်ဗျ - ခဏစောင့်တော့ သူတို့ မှာထားတဲ့ အတိုင်း ရောက်ချလာတယ်



ဒီအကြောင်းက ဘာရယ်တော့ မဟုတ်ဘူး သူတို့ရဲ့ စူးစမ်းတတ်တဲ့ စိတ်ကူးလေးရယ် - စိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်ပြီး ဖြစ်မြောက်အောင် ကြိုးစားတဲ့ အမူအကျင့်လေးရယ်ကို သဘောကျလို့ ဝေမျှလိုက်တာပါ -

လေ့လာစမ်းသပ်ကြည့်ကြပါဦး - အဆင်ပြေရင် ဗွီဒီယိုလေးပါ ရိုက်ကူး မှတ်တမ်းတင်ပြီး မိသားစုမှာ တင်ပေးကြပါဦးဗျာ

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts