Extra! Extra! Google News

Leave a Comment
Search Engine ဆိုရင် စာဖတ်သူတို့ ဘယ် Search engine ကိုများ အများဆုံး အသုံးပြုဖြစ်ကြပါသလဲ။ ကျွန်တော်လည်း Search Engine တစ်ခုရဲ့ အရေးပါပုံကို သဘောပေါက်လို့ Google မှရယ် မဟုတ်ဘူး - လက်လှမ်းမှီသမျှ Search engine တိုင်းကို တစ်ခုပြီး တစ်ခု ပြောင်းလဲ မြည်းစမ်းကြည့်ခဲ့ဖူးပါတယ်။ လူတိုင်းမှာ သူ့အစွဲနဲ့ သူရှိတယ်လို့များ ပြောရမလား - ကျွန်တော် တစ်ခုပြီး တစ်ခု ပြောင်းသုံးခဲ့ပေမယ့် နောက်ဆုံးတော့ Google ရှိရာဆီပဲ ပြန်လှည့်လာခဲ့ဖြစ်တာပါပဲ။ Google အစား နောက်တစ်ခု ပြောင်းသုံးရမယ် ဆိုရင်တော့ ကျွန်တော် Bing ကို သဘောကျပါတယ်။



အတော်ကြာကြာ စမ်းသပ်ပြင်ဆင်မှုတွေ ပြုလုပ်ပြီးခဲ့တဲ့နောက်မှာ Google ကနေပြီး Google search အတွက် Users တွေအသုံးပြုရ ပိုပြီး လွယ်ကူစေမယ့် Google search - Next edition ကို  လွန်ခဲ့တဲ့ 5/06/2010 ကနေ စပြီး တရားဝင် ထုတ်လွင့်ခဲ့ပါတယ်။ ဘာတွေများ ပြုပြင်ပြောင်းလဲပြီး ဘာတွေ အရင်ကထက် အသုံးပြုရလွယ်ကူ လာပါသလဲ။ အရင် သူတို့ အသုံးပြုနေကျ Google logo ကနေစလို့ - အသေးစိတ်လွယ်လင့်တကူ ရှာဖွေနိုင်စရာ Left-hand menu bar ထိ ကျွန်တော် တစ်ခုချင်း မိတ်ဆက်ပေးသွားပါ့မယ်။

ပထမဆုံး အနေနဲ့ လူတိုင်းသတိထားမိ ခဲ့ကြတာကတော့ Home Page မှာ ပြောင်းလဲသွားတဲ့ Design အပြင်အဆင်ပါ။ ပြောရရင်တော့ Google logo ပေါ့။


ဘယ်လိုပုံစံမျိုးများလဲ - ဟိုးအရင်ကနဲ့ ခုနဲ့ နိှုင်းယှဉ်ကြည့်ရင် ခုလို Google logo က သေသေသပ်သပ် ဖြစ်သွားတာ သတိထား မိပါတယ်။ တစ်ချို့ကတော့ ချောက်ကပ်ကပ် ဖြစ်သွားပါသတဲ့ -



သူတို့ ( ၂ ) ခုကို အချိန်းအပြောင်းလုပ်လိုက်ပြီးသွားတော့ ခု လိုပုံ ဖြစ်သွားတယ်။ ကျွန်တော့် အထင်တော့ သိပ်မဆိုးလှပါဘူး။ သေသေသပ်သပ်လေးပါ - 





Logo ချိန်းတာ ဘာအရေးပါလို့လဲ ?? ဟုတ်ကဲ့ ဘာမှ အရေးမပါပါဘူး - အရေးပါတာက ခုမှ လာမှာပါ။ အကြောင်းအရာတစ်ခုကို Search box မှာ ရိုက်ရှာလိုက်တော့ ခုလို အမြင်ဆန်းတဲ့ Left-hand menu bar နဲ့ Result page တစ်ခုကို စတွေ့ရပါတယ်။ ကျွန်တော်လည်း ဘာရိုက်ရှာပြရမှန်း မသိတာနဲ့ နားထောင်နေကျ အဆိုတော် နာမည်ပဲ ကောက်ရိုက်လိုက်ဖြစ်တယ်။ Taylor Swift -



Result page ရဲ့ Left-hand menu bar မှာ မြင်နေရတဲ့ - Everything, News, Images, Videos, Blogs, တို့ကနေ ကိုယ်ရှာဖွေတဲ့ Result နဲ့ သက်ဆိုင်ရာ အကြောင်းအရာလိုက်ကို သီးသန့်စီ ရှာဖြွေကည့်ရှုနိုင်ပါတယ်။ Everything, News, Images, Videos, Blogs, ..... ဒီလောက်တင်ပဲလား ?? မဟုတ်သေးပါဘူး။ More ကနေ တစ်ဆင့် နောက်ထပ်ဆက်စပ် နေတာတွေကို ရှာဖွေနိုင်ပါသေးတယ်။



ဒါတင်မက အရင်တစ်ချိန်က ဆိုရင် Google Search က Twitter နဲ့ ပတ်သတ်ပြီး ဆက်စပ်မှု မရှိခဲ့ပါဘူး။ ခုတော့ အောက်မှာ မြင်ရတဲ့ အတိုင်း Twitter က Updates တွေကိုပါ ဖော်ပြနေနိုင်ပါပြီ။



ဒီလောက်နဲ့တင် မကျေနပ်သေးဘူး ဆိုရင်လည်း ပုံအမှတ်စဉ် ( ၃ ) မှာ ဖော်ပြထားတဲ့ More search tools ကနေ ဆက်စပ်နေ တဲ့ သတင်းအချက်အလက်တွေကို ထပ်မံတိုးမြှင့် ရှာဖွေနိုင်ပါသေးတယ်။



ကျွန်တော့် အမြင်မှာတော့ Google search ရဲ့ Next edition ဟာ သတင်းအချက်အလက်တစ်ခုကို ရှာဖွေတဲ့ နေရာမှာ အရင်ကထက် ပိုပြီး လွယ်လွယ်ကူကူနဲ့ ထိထိမိမိ ရှာဖွေနိုင်လာတယ်လို့ သုံးသပ်မိပါတယ်။ ကဲ အခုပဲ စမ်းသပ်ကြည့်ကြရအောင် Google Search ဆီ ချီတက်ကြပါစို့။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts