Paragon Partition Manager 8.0 Boot CD User's Guide

Leave a Comment
window တင်ထားသည့် hard disk ဖြစ်စေ၊ window မတင်ထားသည့် hard disk ဖြစ်စေ၊ window XP ဖြစ်စေ၊ Vista ဖြစ်စေ partition ပိုင်းဖို့၊ ခုတ်ဖို့၊ ထစ်ဖို့ အဆင်အပြေဆုံးကတော့ Paragon Partition Manager ပါဘဲ။



ကျွန်တော် အခု Paragon Partition Manager 8.0 ကို သုံးထားပါတယ်။ လက်တွေ့ လုပ်ပြဖို့ အသုံးပြုထားတဲ့ စက်၏ hard disk သည် 233GB ရှိပါတယ်။ အဆိုပါ စက်သည် laptop ဖြစ်သည့်အတွက်် recovery partition တစ်ခု ပါပါတယ်။ recovery partition ကို window ပေါ်တွင် မြင်ရမည် မဟုတ်ဘဲ ထိုpartition သည် 13 GB ရှိပါတယ်။ ထိုကြောင့် С: တွင် 215 GB နဲ့ recovery partition တွင် 13 GB ရှိသည်။


အဆိုပါ hard disk တွင် C: ကို 100 GB ထားပါမယ်။ နောက်ထပ် logical partition တစ်ပိုင်း ထပ်ပိုင်းပါမယ်။ ၎င်း partition size ကို 115 GB ထားပါမယ်။ နဂို recovery partition ကို မူလအတိုင်း ထားပါမယ်။ ထိုကြောင့် မူလက partition ၂ ပိုင်းသာ ရှိသော hard disk တွင် partition ၃ ပိုင်း ရှိလာမည်။

အဆင့်(၁) <Hard disk manager ထဲသို့ ၀င်ရောက်ခြင်း>

CD-ROM ထဲကို Paragon Partition Manager 9.0 Professional ခွေကို ထည့်ပြီး အဆိုပါ CD မှ boot တတ်ပါမယ်။ ပုံ (၁) တွင် ပြထားသည့် အတိုင်း မြင်ရပါက normal mode ကို select လုပ်ပြီး enter နိှပ်ပါ။ ယခု အခြေအနေတွင် mouse ကို အသုံးပြုလို့ ရမည် မဟုတ်ပါ။



ပုံ(၁)


ပုံ(၂)


ပုံ (၂) တွင် ပြထားသည့် အဆင့်ရောက်ရင်တော့ mouse ကို အသုံးပြုလို့ ရပါပြီ။ Paragon Hard disk Manager ကို double-click လုပ်ပါ။

အဆင့်(၂) <C: အား resize လုပ်ခြင်း>

နောက်ထပ် partition ပိုင်းဖို့ ဆိုသည်မှာ ရှေးဦးစွာ အဆိုပါ partition အတွက် လိုအပ်သော နေရာကို ပေးဖို့ နေရာ အလွတ်ရှိရပါမယ်။ အခု နေရာ အလွတ်မရှိပါ။ နေရာလွတ်ရရန် C: ကို resize လုပ်ပါမယ်။



ပုံ(၃)
ပုံ(၃) တွင် ပြထာသည့်အတိုင်း C: partition ကို right-click လုပ်ပြီး Resize/Move ကို select လုပ်ပါ။



ပုံ(၄)


C:ကို 100GB ပေးပါမယ်။ ထိုကြောင့် ပုံ(၄)တွင် 2 ပြထားသော (New size ဆိုတဲ့)နေရာတွင် 100 000 ဟု ဖြည့်ပါ။ (ကျွန်တော် အခု ရိုက်ပြထားသလို 100 နဲ့ နောက်က သုညတွေကို ခွဲမရိုက်ပါနဲ့။ တဆက်တည်း ရိုက်ပါ။) အခု ကျွန်တော်တို့ ဖြည့်ခဲ့သော နေရာ၏ နောက်တွင် Mb ဟု ရိုက်ထားသည်ကို သတိပြုပါ။ ကျွန်တော်တို့ ခွဲချင်သော partition ၏ size မှာ GB ဖြစ်သည်။ ထိုကြောင့် MB နဲ့ GB ၏ ဆက်သွယ်ချက်မှာ 1 000MB = 1GB ဖြစ်သည်။ (အခု ပြောသည့် ဆက်သွယ်ချက်သည် အတိအကျ မဟုတ်ပါ။ ) နောက်က 000 သည် Megabytes ကို ကိုယ်စားပြုသည်။ ရှေ့က 100 သည် Gigabytes ကို ကိုယ်စားပြုသည်။

100000 ဟု ရိုက်ပြီးပါက keyboard မှ tab key ကို နိှပ်ပါ။


free space before ဆိုသည့်နေရာတွင် 0 ဟု ဖြည့်ပါ။ ဘာလို့လဲဆိုတော့ ယခု အသစ်ရလာမည့် partition အပိုင်းကို C:ဆိုသည့် partition နောက်တွင် ပေါ်စေချင်သောကြောင့်ဖြစ်သည်။ တကယ်လို့ free space before အောက်က slide bar ကို အဆုံးထိ ဆွဲပေးပါက အသစ်ရလာမည့် partition အပိုင်းသည် C:ဆိုသည့် partition ရှေ့တွင် ပေါ်မယ်။ slide bar ကို အလယ်တွင် ထားပါက partition ၂ ပိုင်းပေါ်လာမည်။ C: ၏ ရှေ့တွင် ၁ ပိုင်း၊ နောက်တွင် ၁ ပိုင်းဖြစ်သည်။



ပုံ(၅)


ပုံ(၅) တွင် ပြထားသည်အတိုင်း apply button ကို click လုပ်ပါ။



ပုံ(၆)


ထိုအခါ ပုံ(၆) မှာ ပြထားသည့် applying changes ဆိုသည့် dialog box ကျလာမည်။ ထိုအခါ yes button ကို click လုပ်ပါ။

အဆိုပါ ပုံ(၆)တွင် 8 pending operations လို့ ရေးထားပါတယ်။ ကျွန်တော်တို့ C:ကို move လုပ်တဲ့ operation တစ်ခုဘဲ လုပ်ထားပါတယ်။ ဘာလို့ 8 pending operations လို့ ပေါ်နေရတာလဲ ဆိုတော့ ကျွန်တော် အခုပြထားသည့် ပုံသည် ကျွန်တော် C: ကို resize လုပ်ခြင်း၊ partition အသစ် ဖန်တီးခြင်း၊ format ချခြင်း စသည် လုပ်ငန်းစဉ်တွေ အားလုံးပြီးတော့မှ apply button ကို နိှပ်ထားသောကြောင့် ပေါ်လာသော ပုံ ဖြစ်သည်။ ထို့သို့ operation များကို စုပြုံလုပ်ခြင်းသည် data ပျက်စီးမှုနဲ့ လုပ်ငန်းအားလုံးပြီးပြည့်စုံမှု မရှိခြင်းကို ဖြစ်စေသည်။ ကျွန်တော် အခု လုပ်ပြခြင်းသည် သရုပ်ပြခြင်းသည် ဖြစ်ပါတယ်။ hard disk ကို တကယ် partition ခွဲခြင်း မဟုတ်ပါ။

ကျွန်တော်ကတော့ operation တစ်ခု (အဆင့် တစ်ခု)ပြီးတိုင်း apply button ကို နိှုပ်ဖို့ တိုက်တွန်းပါတယ်။



ပုံ(၇)


ပုံ(၇) ကိုကြည့်ပါ။ ရလာသော partition C: သည် 100 GB မဟုတ်ဘဲ 97.7 GB ဟုပြထားသည်။ အဘယ်ကြောင့်ဆိုသော် MB နဲ့ GB ၏ အတိအကျ ဆက်သွယ်ချက်မှာ 1 024 MB = 1GB ဖြစ်သည်။ ကျွန်တော်တို့သည် C: ကို 100 GB အတိအကျ ရချင်ပါက ပုံ(၄)တွင် 2 ပြထားသော (New size ဆိုတဲ့)နေရာတွင် 100 000 ဟု ရိုက်ရမည့် အစား 102 400MB ဟု ဖြည့်ရမည်။


ပုံ(၅) တွင် ပြထားသည်အတိုင်း apply button ကို click လုပ်ပါ။ ထိုအခါ ပုံ(၆) မှာ ပြထားသည့် applying changes ဆိုသည့် dialog box ကျလာမည်။ ထိုအခါ yes button ကို click လုပ်ပါ။

အဆင့်(၃) <extended partition အသစ် ဖန်တီးခြင်း>


အထက်က အဆင့်တွေမှာ ကျွန်တော် မြင်သာအောင်လို့ C:ကို resize လုပ်ပြီးသောအခါ partition အသစ်ရလာသည် ဟု ရေးထားပါတယ်။ သို့သော် C: ကို resize လုပ်ပြီးသောအခါ partition အသစ်ကြီး ချက်ချင်းရလာတာ မဟုတ်ပါဘူး။ format မချမချင်း Hard disk က အဆိုပါ partition ကို မသိပါ။ ယခု အဆင့်ကို ဆက်မလုပ်ဘဲ Hard disk manager ထဲက ထွက်ပြီး window ပေါ်မှ အဆိုပါ hard disk ကို ကြည့်ပါက 120 GB လောက် ပျောက်နေပါလိမ့်မယ်။ အကြောင်းကတော့ C: ကို resize လုပ်ပြီး ရလာသော partition ကို format မချခဲ့သောကြောင့်ဖြစ်သည်။


ကဲ… ကျွန်တော်တို့ရဲ့ အဆင့် (၃)ကို ဆက်ရအောင်။ free ဟု ပြနေသော hard disk ၏ partition အပိုင်းပေါ်တွင် right click လုပ်ပြီး create ကို select လုပ်ပါ။ (ပုံ ၈ ကိုကြည့်ပါ)



ပုံ(၈)
နောက်ထပ် အသစ်တိုးသည့် partition ကို logical partition အဖြစ်ထားချင်ပါတယ်။


logical ဘာလို့ ထားချင်ပါသလဲ?

hard disk တစ်လုံးတွင် primary ၄ ခုသာ ထားလို့ ရပါတယ်။ OS ကို primary ပေါ်တွင်သာ တင်လို့ ရပါသည်။ အဆိုပါ အချက်သည် primary ၏ အားသားချက်ဖြစ်သည်။


logical partition ပေါ်တွင် OS တင်လို့ မရပါ။ သို့သော် hard disk တစ်လုံးပေါ်တွင် logical partition များကို (၄ ခုမက) C: to Z: ခွဲလို့ ရပါတယ်။ အဆိုပါ အချက်သည် logical partition ၏ အားသားချက်ဖြစ်သည်။ (C: to Z: ဟု ပြောရခြင်းမှာ A: နဲ့ B: drive letter များကို floppy drive အတွက် ပေးထားရသောကြောင့်ဖြစ်သည်)


logical partition အားလုံးကို extended partition ပေါ်တွင် ထားရပါတယ်။ အဆိုပါ extended partition သည် primary partition ထဲတွင် အကျုံးဝင်သည်။ extended partition မရှိဘဲ logical partition ကို ခွဲလို့ မရပါ။





ပုံ(၉)


logical partition ခွဲရန် ရှေးဦးစွာ extended partition ခွဲပါမယ်။ ပုံ ၉ မှာ ပြထားသလို create partition as ဆိုသည့်နေရာတွင် extended လို့ ရွေးပါ။ New size ဆိုသည့် အောက်တွင် ရှိသော slide bar ကို အဆုံးထိဆွဲပါ။ Ok button ကို နိှပ်ပါ။


ပုံ(၅) တွင် ပြထားသည်အတိုင်း apply button ကို click လုပ်ပါ။ ထိုအခါ ပုံ(၆) မှာ ပြထားသည့် applying changes ဆိုသည့် dialog box ကျလာမည်။ ထိုအခါ yes button ကို click လုပ်ပါ။


အဆင့်(၄) <logical partition အား format ချခြင်း>



ပုံ(၁၀)


extended partition လို့ သတ်မှတ်လိုက်သောအခါ ပုံ ၁၀ မှာ ပြထားသလို logical partition တစ်ခု အလိုလို ရလာပါပြီ။ အထက်မှာ ပြောခဲ့အလို အဆိုပါ logical partition ကို format ချဖို့ လိုအပ်ပါတယ်။


ထိုမှသာ window က အဆိုပါ logical partition ကို သိမှာ ဖြစ်ပါတယ်။ logical partition အပေါ်တွင် right-click နှိပ်ပြီး format partition ကို select လုပ်ပါ။


ပုံ(၅) တွင် ပြထားသည်အတိုင်း apply button ကို click လုပ်ပါ။ ထိုအခါ ပုံ(၆) မှာ ပြထားသည့် applying changes ဆိုသည့် dialog box ကျလာမည်။ ထိုအခါ yes button ကို click လုပ်ပါ။




ပုံ(၁၁)

ပုံ(၁၁)မှာ ပြထားသလို NTFS ကို ရွေးပြီး OK button ကို click လုပ်ပါ။



အဆင့်(၅) <Hard disk manager မှ ထွက်ခွာခြင်း>


ပုံ(၁၂)


လုပ်ငန်းစဉ် အားလုံးပြီးဆုံးပါ၍ Hard disk manager မှ ထွက်ခွာရန် ပုံ(၁၂) တွင် ပြထားသည့်အတိုင်း General menu ကို click လုပ်ပြီး exit ဆိုသည့် sub-menu ကို click လုပ်ပါ။

နောက်ထပ်ကျလာသော menu တွင် shut down ကို ရွေးချယ်ပါ။



*** အဆင့်တစ်ဆင့် ပြီးဆုံးတိုင်း မိမိ လုပ်နေသော operation ပြီးဆုံးပြီ (All operations have done) ဆိုသည့် စာတမ်း မမြင်မချင်း Esc နိှပ်ခြင်း၊ enter နှိပ်ခြင်းများကို ရှောင်ကြဉ်ပါ။ တစ်ချို့ operation များသည် hard disk size နဲ့ data ရှိမှု အနည်းအများပေါ်မူတည်ပြီး အချိန်ကြာမြင့်ပါသည်။ ၁ နာရီ / ၂ နာရီ ကျော်အထိ ကြာတတ်ပါသည်။ မိမိ၏ စိတ်မရှည်မှုအတွက် မိမိ၏ data များ ပေးဆပ်တတ်ရသည်။


ကျွန်တော် ထပ်သတိပေးပါမယ်။ data များရှိနေသော hard disk ကို partition ပိုင်းမည်ဆိုပါက data များကို တခြားနေရာတွင် ရွေ့ပြီးမှသာ partition ပိုင်းသည့် အလုပ်ကို လုပ်ဆောင်သင့်ပါသည်။

Credit >> ကိုဖြိုးမြင့်သိန်း ( Myanmarfamily )

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts