Split Big Files using WINRAR

Leave a Comment
WinRAR နှင့် အပိုင်းများ စိတ်ပိုင်းခြင်း

ဖိုရမ်မှာ HJ split နဲ့ ဖိုင် ဘယ်လိုခွဲတယ်ဆိုတာ တင်ထားတာတွေ့မိပေမယ့် Winrar နဲ့ ဖိုင်ဘယ်လိုခွဲသလို Password ဘယ်လိုခံမလဲ ဆိုတာ မတွေ့မိတာရယ် - နောက်ဒီနေ့ ဖိုရမ်ထဲဝင်ဖြစ်တော့ ကို minwai က စကားဝိုင်းထဲမှာ မေးထားတာလည်း တွေ့မိလို့ ဒီအကြောင်းကို ရေးဖြစ်လိုက်ပါတယ်။


ပထမဆုံး အနေနဲ့ ကိုယ် အပိုင်းလိုက် ခွဲပစ်ချင်တဲ့ ဖိုဒါရှိတဲ့နေရာကို သွားပါ။ အောက်မှာ ဥပမာ အနေနဲ့ ကျွန်တော် ဖိုဒါတစ်ခုကို အပိုင်း ပိုင်းပြပါမယ်။ ကျွန်တော့်မှာ KznT's songs selection ( 2 ) ဖိုဒါတစ်ခု ရှိပြီး အဲ့ဖိုဒါဟာ မြင်ရတဲ့ အတိုင်း 66.9 ~ 70 MB ရှိပါတယ်။



ကျွန်တော့် အနေနဲ့ ဒီဖိုဒါကို အညီအမျှ အပိုင်းသုံးပိုင်း ပိုင်းချင်တယ် ဆိုပါစို့။ ဒါဆိုရင် အရင်ဆုံး ကျွန်တော်တို့ လုပ်ဆောင်ရမှာ လတ်တလော မြင်နေရတဲ့ 66.9 ~ 70 MB ဆိုတဲ့ပမာဏကို အညီအမျှ ( ၃ ) ပိုင်း အရင်ပိုင်းရမှာပါ။ 66.9 ~ 70 MB ဆိုတာကို ဖြန့်ချလိုက်ရင် အနီးစပ်ဆုံး 70000000B ဖြစ်ပါတယ်။ ( 70MB= 70*10^6 ) ပါ။ အလွယ်မှတ်ချင်ရင် နဂိုမူရင်း 70 ကို ဒီအတိုင်းထားပြီး နောက်က သုည ( ၆ ) လုံးကပ်လိုက်တာပါပဲ။ ဒီလိုမျိုးပေါ့ ( 70 + 000000 )။ ဒီပမာဏ ကို ကျွန်တော်တို့တွေက သုံးပိုင်း အညီအမျှ ပိုင်းချင်တာ မို့လို့ တစ်ပိုင်းချင်းစီဆိုရင် 24MB နီးပါးဆီ ထားရမှာ ဖြစ်ပါတယ်။ ဆိုလိုတာ မူရင်းက 66.9 ~ 70 MB ဆိုတဲ့ပမာဏကို ( ၃ ) ပိုင်း အညီအမျှ ပိုင်းချင်မယ် ဆိုရင် တစ်ပိုင်းချင်းစီမှာ 24MB = 24000000B ပတ်ဝန်းကျင်ရှိရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ( ၃ ) ပိုင်း မပိုင်းချင်တော့ဘူး ( ၂ ) ပိုင်းပဲ ပိုင်းတော့မယ်လို့ စိတ်ကူးပြောင်းသွားရင်လည်း ရပါတယ်။ 70 MB ကို ( 2 ) ပိုင်း ပိုင်းရင် 35MB ဖြစ်တာမို့လို့ တစ်ပိုင်းချင်းစီကို 35000000B ထားရင် ရပါပြီ။ ဒါပေမယ့် တစ်ခု သိထားရမှာ တစ်ချက်က RAR ဆိုတဲ့ သဘောတရားက ချုံ့တာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တစ်ပိုင်းချင်းစီကို ကိုယ်က 35MB ဆိုပြီး ချုံ့ခိုင်းလိုက်ပေမယ့် တကယ်တမ်း ချုံ့လို့ရလာတဲ့ ပမာဏကို ကြည့်လိုက်ရင် ကိုယ်ချုံ့ခိုင်းလိုက်တဲ့ ပမာဏရဲ့ 2MB ပတ်ဝန်းကျင်လောက်လျော့နေတာကို တွေ့ရပါလိမ့်မယ်။ ဒီအောက်က ပုံက  ကျွန်တော် 35MB နဲ့ ( ၂ ) ပိုင်း ပိုင်းပြီးတဲ့နောက်မှာ လျော့ကျသွားတဲ့ ပမာဏကို ပြချင်လို့ ဖော်ပြထားတာပါ။

တစ်ခါတစ်ရံမှာ 70 MB အပြည့်ရှိတဲ့ ဖိုဒါတစ်ခုကို 35 MB ဆိုပြီး ၂ ပိုင်းတည်း ပိုင်းချလိုက်တဲ့ အခါ ( ၂ ) ပိုင်း မထွက်ပဲ ကပ်သီးကပ်သပ် 2MB စာလောက်ပိုထွက်ပြီး နောက်တစ်ပိုင်း ပါလာတတ်ပါတယ်။ စုစုပိုင်း ( ၃ ) ပိုင်း ဖြစ်သွားတတ်တာမျိုးပေါ့။ ဒီလိုပြဿနာမျိုးကို ရှောင်ကျဉ်ဖို့အတွက်ကတော့ ပမာဏ အပြည့်ရှိတဲ့ ဖိုဒါတစ်ခု ( ဥပမာ - 70MB ) ကို ( ၂ ) ပိုင်း သို့မဟုတ် သူ့ထက်ပိုပိုင်းချင်တဲ့ အခါ သူ့ကို ခွဲချင်တဲ့ ပမာဏနဲ့ စားလို့ ရလာတဲ့ Result ကို 2MB ထပ်တိုးပြီး ခွဲပါ။ ( ဥပမာ - 70MB / 2 = 35 MB , 35MB+2MB= 37MB ) ဒါကြောင့် ပိုင်းရမယ့် ပမာဏက နောက်ဆုံး ရလာမယ့် Result က 70MB ရှိတဲ့ ဖိုဒါတစ်ခုကို အညီအမျှ ( ၂ ) ပိုင်း ပိုင်းချင်တဲ့ အခါ တစ်ပိုင်းချင်းစီမှာ 37MB စီရှိရမှာ ဖြစ်ပါတယ်။

ခုကျွန်တော်တို့ အရင်ဦးတည်ထားတဲ့ ( ၃ ) ပိုင်းပိုင်းတဲ့ အစီအစဉ်ကိုပဲ ပြန်သွားကြရအောင်ပါ။ 66.9 ~ 70 MB ပမာဏ ရှိတဲ့ KznT's songs selection ( 2 ) ဖိုဒါကို အညီအမျှသုံးပိုင်း ပိုင်းနိုင်ဖို့ တစ်ပိုင်းချင်းစီမှာ 24MB = 24000000B ပမာဏစီ ထားရမယ်ဆိုတာကို သဘောပေါက်ပါပြီ။ နောက်ဘာဆက်လုပ်ရမယ်ဆိုတာ ဆက်ကြည့်ရအောင်ပါ။

နောက်တစ်ဆင့် အနေနဲ့ ကိုယ်ပိုင်းချင်တဲ့ ဖိုဒါပေါ်မှာ Right-click ထောက်ပြီး ပုံမှာ ပြထားတဲ့အတိုင်း Add to archive ... ကို သွားပါ။

နောက်တစ်ဆင့် အနေနဲ့ အောက်ကပုံကို မြင်ရပြီ ဆိုရင် Split to volumes, bytes နေရာမှာ ကျွန်တော်တို့ ခုနက တွက်ချက်ထားတဲ့ အတိုင်း 24000000 = 24 + 000000 ကို ရိုက်ထည့်ပေးလိုက်ပါ။ အဲတာ ပြီးလို့ OK ကို ပေးလိုက်ရင် ကိုယ်လိုချင်တဲ့ ပမာဏကို စိတ်ပိုင်းပေးထားတ့ဲ WinRAR part1, part2 ... ဆိုတာတွေရပါပြီ။



OK ပေးပြီးတဲ့ အချိန်မှာ WinRAR ကနေ ကျွန်တော်တို့ စေခိုင်းထားတဲ့ အတိုင်း မူရင်းဖိုဒါကို အညီအမျှ စိတ်ပိုင်းသွားမှာ ဖြစ်ပြီး နောက်ဆုံး ရလာမယ့် Result ကတော့ အောက်ဖော်ပြပါအတိုင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်း မြင်ရတဲ့ ပုံမှာ ဆိုရင် ကျွန်တော်တို့ ပိုင်းခိုင်းလိုက်ချိန်က 24MB ဖြစ်ပေမယ့် ပိုင်းပြီးသွားချိန်မှာ 22.8MB ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။


ဒါကတော့ ရိုးရိုးသာမာန် RAR နဲ့ Split လုပ်နည်းပဲ ဖြစ်ပါတယ်။ နောက်တစ်ပိုင်းမှာ RAR သုံးပြီး Split လည်းလုပ်ရင်း Password လည်း ခံရင်း ဖြစ်အောင် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ ဖော်ပြသွားပါ့မယ်။

WinRAR နှင့် password ခံခြင်း

တကယ်လို့ ကိုယ် အပိုင်းလိုက်ခွဲပြီး ချုံ့ထားတဲ့ ဖိုဒါကို ပြန်ဖြည်တဲ့ အခါ Password တောင်းတာမျိုး ပြုလုပ်ချင်မယ်ဆိုရင် အောက်ဖော်ပြပါ နည်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

အောက်ဖော်ပြပါအဆင့်မှာ Split to volumes, bytes ရဲ့ ညာဘက် ဘေးနားမှာ ရှိနေတဲ့ Lock archive ကို အမှန်ခြစ်ပေးပါ။


ပြီးရင် Advanced tab ကို သွားပြီး အောက်မှာ ဖော်ပြထားတဲ့အတိုင်း Set password ကို click ပေးပါ။


အောက်ဖော်ပြပါအတိုင်း Box တစ်ခု တက်လာတဲ့ အချိန်မှာ သူဖော်ပြထားတဲ့ နေရာ ( ၂ ) ခုမှာ ကိုယ်ပေးချင်တဲ့ password ကို ပေးနိုင်ပါပြီ။


ကိုယ်ပေးတဲ့ password စာလုံးပေါင်း မှန်မမှန် - error ပါမပါ ပြန်စစ်ဆေးဖို့အတွက် ဆိုရင်တော့ Show password မှာ click ပေးပြီး ပြန်ကြည့်နိုင်ပါတယ်။ အားလုံး ပြီးဆုံးရင် OK ကို ပေးပါ။ OK ပေးပြီးတဲ့ အချိန်မှာ WinRAR ကနေ ကျွန်တော်တို့ စေခိုင်းထားတဲ့ အတိုင်း မူရင်းဖိုဒါကို အညီအမျှ စိတ်ပိုင်းသွားမှာ ဖြစ်တဲ့ အပြင် ကျွန်တော်တို့ ထည့်ချင်တဲ့ Password ကိုပါ တစ်ပါတည်း ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံး ရလာမယ့် Result ကတော့ အောက်ဖော်ပြပါအတိုင်းပါ။


ရတာတော့ ရပါပြီ။ ဒါပေမယ့် Password တကယ်ပါလာမလာ ပြန်စစ်ဆေးကြည့်ပါဦးမယ်။ Right click ထောက်ပြီး Extract Here ပေးလိုက်ပါတယ်။


ပုံမှာ ဖော်ပြထားတဲ့အတိုင်း Password တောင်းတာကို တွေ့ရပါလိမ့်မယ်။ WinRAR ကို အသုံးပြုပြီး အစိတ်အပိုင်းတွေ ဘယ်လိုပိုင်းမလဲ - Password ဘယ်လိုထည့်မလဲ ဆိုတာနဲ့ ပတ်သတ်ပြီးတော့ ဒီလောက်ပါပဲ။

အားလုံးပဲ အဆင်ပြေကြပါစေ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts