Upload your files to multiple file hosting sites !

Leave a Comment
Applications တွေပဲ ဖြစ်ဖြစ် ၊ Movies တွေပဲ ဖြစ်ဖြစ် ၊ သီချင်းတွေပဲ ဖြစ်ဖြစ် ၊ တစ်ခြား ဘာဖိုင်တွေပဲ ဖြစ်ဖြစ် Hosting တစ်ခုခုကို တင်ထားပြီးရင် Links တွေ သေသေကုန်တဲ့ ပြဿနာက ကျွန်တော်တို့ ဖိုရမ်အတွက် တော်တော်လေး စိတ်ညစ်ဖို့ ကောင်းတဲ့ ပြဿနာပါ။ တင်ပေးတဲ့ သူအတွက်လည်း အကျိုးမရှိတော့သလို - ဒေါင်းလုပ်ချချင်တဲ့ သူအတွက်လည်း ဒေါင်းလုပ်ချမယ် ကြံတိုင်း Links တွေသေသေနေတော့ တော်တော် စိတ်ကုန်စရာပါပဲ - ဒီလိုဖြစ်ရတာက Hosting sites တွေက ကိုယ်တင်လိုက်တဲ့ Links တွေကို ဒေါင်းလုပ်ချမယ့်သူ မရှိရင်  ခဏချင်းနဲ့ ဖျက်ဖျက် ပစ်တတ်တာရယ် - တစ်ခါတစ်လေ ကိုယ်တင်လိုက်တဲ့ File name တွေက Copyright နဲ့ ညိှနေလို့ အဖျက်ခံရတာမျိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖျက်ခံရ ခံရ Posts တွေပဲ ကျန်ခဲ့ပြီး Links အလုပ်မလုပ်တော့တဲ့ စာတွေဆိုတာ Spam သဘောမျိုးနဲ့ ဘာမှ သိပ်မခြားလှပါဘူး - ဒါ့ကြောင့် အဖျက်ခံရ တာခြင်း တူရင် Site တစ်ခုက ဖျက်လိုက်တဲ့ အခါ နောက်တစ်ခုမှာ ကိုယ့်ဖိုင်တွေ ကျန်နေအောင် - တစ်လလောက်နေရင် အဖျက် ခံရမယ့် ဖိုင်ကို ၃ - ၄ လလောက်တော့ခံကောင်းခံအောင် ကျွန်တော်တို့ ကြိုးစားကြည့်ပါ့မယ်။


ဒီအကြောင်းအရာက တကယ်တော့ လူတော်တော်များများသိပြီးသားပါ - အဓိက ရေးဖြစ်တာကလည်း ဖိုရမ်မှာ Upload တင်ပြီး မျှဝေချင်သူတွေအတွက် ကိုယ့် ဖိုင်တွေကို ခဏချင်း အဖျက်ခံရတာမျိုးကနေ အတတ်နိုင်ဆုံး တားဆီးထားနိုင်အောင်ရယ်- အဲလို တားဆီးထားနိုင်ခြင်း အားဖြင့် ဖိုရမ်မှာ ခဏခဏ Links တွေပျက်လို့ ပြန်ပြန်တောင်းရတဲ့ ပြဿနာမျိုးကနေ ဖြေရှင်းပြီးသား ဖြစ်အောင်ရယ် သင့်တော်တဲ့ Multiple File-Hosting Sites တွေနဲ့ မိတ်ဆက်ပေးချင်လို့ပါ။

Multiple File-Hosting Sites ဆိုတာ ကိုယ်က ဖိုင်တစ်ခုတည်းကို Site တစ်ခုတည်းမှာ တင်လိုက်ယုံနဲ့ သူကနေပြီး တစ်ခြား သူနဲ့ ချိတ်ဆက်ထားတဲ့ Hosting Sites တွေဆီ သူ့အလိုလျောက် တင်ပေးသွားမယ့် Sites တွေကို ဆိုလိုတာပါ။ ဒီ Multiple File-Hosting Sites တွေကို အသုံးပြုခြင်းအားဖြင့် ခဏခဏ Links ပျက်တဲ့ ပြဿနာကနေ အချိန်တော်တော်ကြာကြာထိ ထိန်းထားနိုင်သလို ဆိုဒ်တစ်ကာလှည့်ပြီး တစ် site မှာ တစ်ခါ file upload တင်နေရတဲ့ ဒုက္ခကနေလည်း သက်သာစေပါတယ်။




ခုဒီအောက်မှာ Multiple File-Hosting Sites ( ၁၁ ) ခုနဲ့ ကျွန်တော် မိတ်ဆက်ပေးချင်ပါတယ်။



( 1 ) InterUpload




ကျွန်တော် Multiple File-Hosting Sites တွေရဲ့ ကြားထဲမှာ Interupload နဲ့ Mirrorcreator ကို တော်တော် သဘောကျပါတယ်။ အရင် ကျွန်တော် သုံးနေကျက Multiupload ပါ။ ဒါပေမယ့် နောက်ပိုင်းပြန်စဉ်းစားကြည့်မိတော့ မြန်မာနိုင်ငံက မိသားစုဝင်တွေ Download ချဖို့အတွက် ဆိုရင် Ifile တို့ Mediafire တို့ ပါမှ အဆင်ပြေကြတာ သတိထားမိပါတယ်။ အဲတာကြောင့် Multiple File-Hosting Sites တွေရဲ့ ကြားထဲမှာမှ Ifile တို့ Mediafire တို့ကို တစ်ပြိုင်နက် Host လုပ်ပေးနိုင်မယ့် Multiple File-Hosting Sites တွေကို လိုက်ရှာတော့ ဒီ ဆိုဒ်လေးကို တွေ့ခဲ့တာပါ။ အသုံးပြုရလည်း လွယ်သလို Register လုပ်ထားသည် ဖြစ်စေ  မလုပ်ထားသည် ဖြစ်စေ Upload တင်လို့ ရပါတယ်။ တစ်ခါတင်ရင် အနည်းဆုံး ဖိုင် ( ၃ ) ခု တစ်ပြိုင်နက် တင်လို့ ရပါတယ်။

( 2 ) MirrorCreator



MirrorCreator ကလည်း ထိပ်တန်း free file hosting services တြွေဖစ်တဲ့ Rapidshare, Megaupload, Mediafire, Ifile, အပါအဝင် တစ်ခြား hosting services တြွေဖစ်တဲ့ Deposit files, Easy Share, Badongo, Load To, FlyUpload .. တွေဆီလည်း လွှဲပြောင်း Upload တင်ပေးနိုင်ပါတယ်။ အသုံးပြုရလည်း လွယ်ကူသလို Register လုပ်ထားသည် ဖြစ်စေ  မလုပ်ထားသည် ဖြစ်စေ Upload တင်နိုင်ပါတယ်။ တစ်ခါတင်ရင် အနည်းဆုံး ဖိုင် ( ၃ ) ခု တစ်ပြိုင်နက် တင်လို့ ရပါတယ်။


( 3 ) MultiUpload



MultiUpload ကို ကျွန်တော် သဘောကျရတဲ့ အကြောင်းအရင်းက သူ့မှာ Upload တင်ဖို့အတွက် သူ့ဆိုဒ်ကို လာစရာမလိုပဲ Multiupload Batch Uploader ကိုသုံးပြီး Windows ထဲကနေ တိုက်ရိုက် တင်လို့ရပါတယ်။ နောက်ထပ် ကောင်းတဲ့ တစ်ချက်က Multiupload Batch Uploader ကိုသုံးပြီး Upload တင်တဲ့ Speed ဟာ ကျွန်တော်တို့ သာမန် Site ကိုသွားပြီး တိုက်ရိုက် Upload တင်တဲ့ Speed ထက် ပိုမြန်တာပါ။ Multiupload Batch Uploader ဟာ အသုံးပြုရလည်း လွယ်ကူသလို Register လုပ်ထားသည် ဖြစ်စေ  မလုပ်ထားသည် ဖြစ်စေ Upload တင်နိုင်ပါတယ်။ သူ့မှာ အားသာချက် နောက်တစ်ခုက တစ်ပြိုင်နက်တည်းနဲ့ ဖိုင်အားလုံးကို Select ပေးထားပြီး Upload တင်ဖို့စီစဉ်ထားလို့လည်း ရပါတယ်။ ( အပေါ်က ဆိုဒ်တွေလိုမျိုး တစ်ခါတင် ( ၃ ) ဖိုင်ဆိုတာမျိုးတွေ မရှိပါဘူး။ ) Multiupload Batch Uploader ကို ဒီနေရာကနေ Download ချနိုင်ပါတယ်။


( 4 ) Gazup




Gazup ကလည်း Multiple File-Hosting Sites တွေထဲမှာ နာမည်ရတဲ့ website တစ်ခုပါပဲ။ Gazup ကို သုံးပြီး ကျွန်တော်တို့ ဖိုင်တွေကို တစ်နေရာတည်းကနေ Rapidshare, Badongo, zshare, 2shared, Netload, နဲ့ FileFactory ဆိုတဲ့ Hosting Sites တွေဆီ တစ်ပြိုင်နက်တည်း လွှဲပြောင်း တင်လို့ ရပါတယ်။




UploadMirrors.com ဆိုတာကလည်း သူ့ Sever ကို Upload တင်လိုက်ယုံနဲ့ တစ်ခြား free file hosts တွေဆီ အလိုလျောက် Upload လွှဲပြောင်းတင်ပေးသွားမယ့် Site တစ်ခု ဖြစ်ပါတယ်။


( 6 ) Upload Jockey




UploadJockey  ဆိုတာလည်း အသုံးပြုရလွယ်ကူတဲ့ Site တစ်ခုပါပဲ။ Free အသုံးပြုနိုင်ပြီး UploadJockey မှာ Upload တင်ပြီး files တွေ share လုပ်ခြင်းအားဖြင့် အပိုဝင်ငွေရှာလို့ပါ ရပါတယ်။ ကျွန်တော်လည်း UploadJockey ကိုများ ပြောင်းသုံးရင် ကောင်းမလား မသိ :D


( 7 ) QOOY



QOOY နဲ့ UploadMirrors နဲ့က တော်တော်လေး ဆင်တူပါတယ်။ သူ့ Site မှာ တစ်နေရာတည်း တင်လိုက်ယုံနဲ့ တစ်ခြား hosting services တွေဆီ ဖြန့်တင်ပေးတာချင်းလည်း တူတူပါပဲ။ စမ်းသုံးကြည့်ပါ။




Sharebee.com >> သူကလည်း Multiple File-Hosting Sites တြွေကားထဲက တစ်ခုပါ။ မြန်မာ sites တော်တော်များများမှာ ဒီ Site လေးကို သုံးတာ ကျွန်တော်တွေ့ဖူးပါတယ်။ သူလည်း သုံးရတာ မဆိုးလှပါဘူး။

( 9 ) RapidSpread




UploadJockey တို့ တစ်ခြား Multiple File-Hosting Sites တွေအတိုင်း Rapidspread ကလည်း Hosting sites ( ၉ ) ခုဆီ ခွဲတင်ဖို့ ခွင့်ပေးပါတယ်။ ads တွေတော့ နဲနဲ များလို့ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပါတယ်။ ဒါပေမယ့်လည်း သုံးပျော်ပါတယ်။

( 10 ) FileDucky




Fileducky က တစ်ခြား Multiple File-Hosting Sites တွေနဲ့ တူပေမယ့် support ပေးတဲ့ Hosting sites နဲပါတယ်။ သူ support ပေးထားတာ rapidshare, badongo, sendspace, zshare လောက်ပဲ မို့လို့ သိပ်တော့ ကျေနပ်စရာ မကောင်းပါဘူး။ ဒါပေမယ့် ဘဲရုပ်လေးလှတော့ မကြာခဏ ရောက်ဖြစ်နေတုန်းပါပဲ။ :D


( 11 ) MassMirror






MasMirror ကလည်း files တွေ share လုပ်တဲ့ နေရာမှာ အသုံးပြုဖို့ အဆင်ပြေတဲ့ site တစ်ခုပါပဲ။



ခု ကျွန်တော်ဖော်ပြခဲ့တဲ့ Multiple File-Hosting Sites တွေထဲက မိမိသဘောကျတဲ့ site တစ်ခုခုကို ရွေးပြီး ဖိုရမ်မှာ files တွေ မျှဝေတဲ့ အချိန် Upload တင်တဲ့ နေရာမှာ အသုံးပြုကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။ အဲတော့မှ Links ခဏခဏပျက်တဲ့ ပြဿနာကို ကာလတစ်ခုလောက်ထိ ထိန်းထားနိုင်ပြီး မိသားစုဝင် အသစ်တွေ အနေနဲ့ စိတ်လက်ချမ်းသာစွာနဲ့ Download ချဖို့ အဆင်ပြေနိုင်မှာပါ။


မိသားစု အားလုံး တတ်စွမ်းသမျှ မျှဝေရင်း မြန်မာမိသားစု ဖိုရမ်မှာ လည်ပတ်လေ့လာနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts