ကျွန်တော် Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန် ဆိုပြီး ရေးသားခဲ့တုန်းက ပုံစံအတိုင်း တစ်နေ့နည်းနည်းချင်း ရေးသားသွားပြီး အားလုံးကို ပြန်ခြုံမိအောင် ဒီအောက်မှာ အနှစ်ချုပ်ဆိုပြီး ခေါင်းစဉ်တစ်ခု ရေးသားပြီးတိုင်းမှာ သူ့အောက်ကိုလာပြီး ပြန်လည် ချိတ်ဆက်ပေးသွားပါ့မယ်။
အနှစ်ချုပ်
( ၁ ) ဝေါဟာရများ
( ၂ ) Linux, FLOSS နှင့် GPL license များ၏ နိဒါန်း
( ၃ ) Distribution ရွေးချယ်ခြင်း
( ၄ ) ဘာကြောင့် Linux က ကောင်းသလဲ ?? - အပိုင်း ( ၁ )
( ၅ ) ဘာကြောင့် Linux က ကောင်းသလဲ ?? - အပိုင်း ( ၂ )
( ၆ ) ဘာကြောင့် Linux က ကောင်းသလဲ ?? - အပိုင်း ( ၃ )
( ရ ) Ubuntu ဆိုတာ ဘာလဲ ??
( ၈ ) Ubuntu versions များ၏ ကွာခြားချက်များ။
( ၉ ) Ubuntu ၏ Nickname များနှင့် Version number များအကြောင်း
( ၁၀ ) Ubuntu - Download ရယူနိုင်သော နေရာများ
( ၁၁ ) Ubuntu CD ပြုလုပ်နည်းများ။
( ၁၂ ) Minimum System Requirements များအား စစ်ဆေးခြင်း
( ၁၃ ) Ubuntu Installation အမျိုးအစားများ
( ၁၄ ) Windows နှင့် Ubuntu အား Dual-booting စနစ်ဖြင့် ယှဉ်တွဲ အသုံးပြုခြင်း - အပိုင်း(၁)
( ၁၅ ) Windows နှင့် Ubuntu အား Dual-booting စနစ်ဖြင့် ယှဉ်တွဲ အသုံးပြုခြင်း - အပိုင်း(၂)
( ၁၆ ) Ubuntu 10.04 Lucid Lynx Installation လုပ်ဆောင်ခြင်း (နိဂုံး)
( ၁ ) ဝေါဟာရများ
GUI - GUI ဆိုတာ Graphical User Interface ဖြစ်ပြီး ကွန်ပြူတာထဲမှာ ရှိနေတဲ့ Elements တြွေဖစ်တဲ့ files, folders တွေ စတာတွေကို User တစ်ယောက်က တစ်ခုခု လုပ်ဆောင်လိုက်ရင် လုပ်ဆောင်လိုက်တဲ့ အတိုင်းမျက်စိရှေ့ မှာမြင် သာအောင် ဖော်ပြပေးတဲ့ နည်းလမ်းကို ခေါ်ပါတယ်။ ဆိုလိုတာ folder တစ်ခုကို ကိုယ်က ဖျက်ချင်လို့ delete လုပ်လိုက်တဲ့ အချိန်မှာ မျက်စိရှေ့မှာ မြင်နေရတဲ့ folder ကြီး ပျောက်သွားမယ် - ဒီလို ကိုယ်လုပ်လိုက်တဲ့ အရာတစ်ခုကို မျက်မြင် ကိုယ် တွေ့ မြင်နေရတာ ဘာမှန်းညာမှန်းမသိ ခင်ဗျား folder ကြီး ပျောက်သွားပြီ ဖြစ်ပါတယ်ခင်ဗျာလို့ စာတက်လာတာထက် စာရင်တော့ ပိုအရသာ ရှိတယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ခုနောက်ပိုင်း OS တွေအားလုံးဟာ Users အများစု လက်ခံကြတဲ့ visual representations ကိုပဲ အသုံးပြုဖို့ လုပ်ဆောင်လာကြပါတယ်။
( ၂ ) Linux, FLOSS နှင့် GPL license များအကြောင်း
လူအများစုက Linux ဆိုရင် လေ့လာရတာ ခက်တယ် ၊ အဲ့ကောင်က System administrators တွေလောက်ပဲ သုံးနိုင်တာ ဆိုပြီး ထင်ကြပါတယ်။ အဲ့လို သတင်းကြားတာနဲ့ စမ်းကြည့်ရင်ကောင်းမလား ဆိုတဲ့ အတွေးကပျောက်ပြီး ခြေဦးလှည့်မလို လှမ်းပြင်မိရာကနေ နောက်တစ်လှမ်းကိုပါ အလိုလို ဆုတ်မိလျက်သား ဖြစ်သွားကြပါတယ်။ လူတစ်ချို့ကတော့ ဇွဲမလျော့ပဲ -ဘာပဲ ဖြစ်ဖြစ် စမ်းကြည့်ဦးမယ်ကွာ ဆိုပြီး အင်တာနက်ထဲဝင် ဟိုလိုက်ရှာ ဒီလိုက်ရှာလုပ် အသုံးလိုတာတွေကျတော့ ရှာမတွေ့ - တွေ့ပြန်တော့လည်း CLI / Terminal ဆိုတာတွေနဲ့ ရှုပ်ယှက်ခက်နေပြီး Experienced users တွေအတွက် ဦးတည်ရေးထားတဲ့ စာမျိုးတွေရဲ့ ကြားမှာ စိတ်ဓာတ်အကြီးအကျယ်ကျလို့ Linux ကို နောက်တစ်ကြိမ်လေ့လာဖို့ နောက်တွန့်သွားကြတတ်ပါတယ်။ ဒီ စာရဲ့ရည်ရွယ်ချက်ကလည်း အဲလို စိတ်ဓာတ်ပျက်နေတဲ့ ၊ ပျက်သွားကြတဲ့ ၊ စိတ်ဓာတ်ပျက်လာဦးမယ့် သူတွေအတွက်ပဲ ရည်ရွယ်ပြီး ရေးဖြစ်တာပါ။
ကျွန်တော်ပြောချင်တာ Command Line ဆိုတာတွေကို မကြောက်ပါနဲ့။ Linux ကို Terminal / CLI တွေနဲ့ သုံးရတယ် - နားမလည်ဘူး ခက်တယ် ဆိုပြီး ထင်ကြတယ်။ ကျွန်တော်ပြောမယ်။ ကျွန်တော်တို့ ခုသုံးနေကြတဲ့ Windows မှာရော Command Line ဆိုတာ မရှိလို့လား။ ရှိတာပဲ။ ဒါပေမယ့် တကယ်တမ်း သူလို ကိုယ်လို သုံးနေတဲ့သူတော် တော်များများကို လိုက်မေးကြည့်လိုက်ပါ။ ဘယ်သူ Command Line အကြောင်း ကောင်းကောင်းသိသလဲ။ မသိတဲ့သူ မသုံးတတ် တဲ့သူ တော်တော်များပါတယ်။ ဆိုလိုချင်တာက Windows မှာလည်း Command လိုင်းပါပြီး - သူ့ရဲ့ Commands တွေကို တစ်လုံးမှ မသိတဲ့ ( ၂ ) နှစ်သား ( ၃ ) နှစ်သား ကလေးက အစ Windows ကိုသုံးလို့ တတ်သလို - Linux မှာလည်း သူ့ Commands တွေကို တစ်လုံးမှ နားမလည်လဲ ခုချိန်မှာ အလွယ်တကူ သုံးလို့ ဖြစ်နေပါပြီ။ တကယ်ရော သေချာလို့လား ?? တကယ်ပါ။ Command Lines ကို မလိုအပ်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ Linux ကိုသုံးဖို့အတွက် Command Lines ကို ဂဃနဏ မသိလည်း သုံးဖို့ ဖြစ်နိုင်ပါတယ်လို့ ဆိုလိုတာပါ။
ဒါကြောင့် ဒီစာမှာ Windows ကိုပဲ လတ်တလော သုံးစွဲနေသူ - Linux ကို လုံးဝ တီးမိခေါက်မိ မရှိသူ - ဘယ်ကနေ စလို့ စရမှန်း မသိသူတွေအတွက် ဘယ်လို အလွယ်တကူ သုံးစွဲနိုင်မယ်ဆိုတာ အကြောင်းအရာ တစ်ခုချင်းစီအလိုက် ချိတ်ဆက်မိသွားအောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်။
တကယ်လို့ ကျွန်တော်တို့ဟာ Linux ကို စမ်းသပ် ကူးပြောင်းတော့မယ် ဆိုတာနဲ့ ပထမဆုံးမှားလေ့ရှိကြတဲ့ အမှားတစ်ခု ရှိပါတယ်။ အဲတာကတော့ Linux ကို Operating system တစ်ခုလို့ ယူဆနေကြတဲ့ ထင်မြင်ယူဆချက်ပါ။ ဟုတ်ကဲ့ပါ။ တကယ်တော့ အဲ့ ထင်မြင်ချက်က မမှန်ပါဘူး။ ဆိုလိုတာက Linux ဟာ OS တစ်ခု မဟုတ်ပါဘူး။ တကယ်လို့ OS လို့ ပြောချင်ရင် Linux kernel ပေါ်မှာ အခြေတည်ထားတဲ့ Fedora, Ubuntu, openSuSE ဆိုပြီး ဒီလိုပဲ ပြောရမှာ ဖြစ်ပါတယ်။
Kernel ဆိုတာကို အပြောမှာ ပြောခဲ့ပြီးပါပြီ။ အဲတာက အကြမ်းဖျဉ်းပြောခဲ့တာပါ - အတော်များများကလည်း Kernel ဆိုတာ ဘာလဲဆိုတာကို မြင်သာအောင်ပြောကြတဲ့ အချိန်မှာ နားလည်လွယ်အောင် hardware နဲ့ software applications တြွေကားက လုပ်ဆောင်ချက်တွေကို အချင်းချင်း ပေါင်းစပ်လုပ်ဆောင်နိုင်အောင် ပေါင်းကူးပေးတဲ့ ကြားခံလူ - ( တတိယလူ ) ဒီလိုပဲ အလွယ် ပြောကြပါတယ်။
အဲတော့ Linux kernel နဲ့ ကွာခြားချက်က ဘာလဲ ??
Linux kernel ရဲ့ ကွာခြားချက်ဆိုတာကတော့ Linux kernel ပေါ်မှာ run နေတဲ့ applications အတော်များများဟာ Free/Libre/Open Source Software community ကနေ အသေးစိတ်က အစ ကြီးကြပ်ဆောင်ရွက်နေတဲ့ applications တွေ ဖြစ်ပါတယ်။ အဲ့အဖွဲ့အစည်းကို အတိုကောက် FLOSS လို့လည်း ခေါ်ပါတယ်။ FLOSS ကနေထွက်တဲ့ software တွေဆိုတာ users တွေ အသုံးပြုနိုင်ဖို့ ပိုက်ဆံနဲ့ ရောင်းတာမျိုး မရှိပဲ အမြဲတမ်း အလကားပေးယုံသာ မက ၊ အသုံးပြုသူတိုင်းကိုလည်း အဲ့ software ရဲ့ သက်ဆိုင်ရာ Source code ကိုလည်း ကြည့်ခွင့် ပေးထားပါတယ်။ ( ဒီနေရာမှာ တစ်ခုမေးစရာ ရှိလာတာက Source code ဆိုတာဘာလဲ ?? Source code ဆိုတာ Windows ဆို Windows အလိုက် ၊ Software ဆို Software အလိုက် သူတို့တွေကို Windows ရယ် Software ရယ်လို့ ရပ်တည်နိုင်လာအောင် အသေးစိတ် ရေးသားတည်ဆောက် ထားတဲ့ မူလအရင်းအမြစ် Code တွေကို ဆိုလိုတာပါ။ ) တကယ်လို့ သုံးစွဲသူက နားလည်တတ်ကျွမ်းလို့ စိတ်လည်းဝင်စားတယ် ဆိုရင် ဒီ Software ကိုပဲ ဒီ့ထက်ကောင်းအောင် ပြင်ရေးချင်သလား - ဒါမှမဟုတ် ကိုယ်လိုချင်ရာလေးကိုပဲ ဖယ်ထုတ်ပြီး အသစ်တစ်ခု အနေနဲ့ ပြန်လုပ်သုံးမလား - သူဖော်ပြပေးထားတဲ့ Source code ကိုကြည့်ပြီး ကြိုက်သလို ပြင်ဆင်ရေးသား လုပ်ဆောင်လို့ ရပါတယ်။ ဒါက ဘာကို ဆိုလိုတာလဲ ဆိုရင် တတ်ကျွမ်းနားလည်တဲ့ developers တွေ အနေနဲ့ သက်ဆိုင်ရာ applications တွေအလိုက် စိတ်ဝင်စားရင် ဝင်စားသလို အလကားမတ်တင်း ဝင်ရောက်ကူညီ ပူးပေါင်း ဆောင်ရွက်နိုင်သလို - တစ်ခြားတစ်ဖက်ကနေ sponsorships အနေနဲ့ လုပ်ဆောင်ချင်တယ် ဆိုရင်လည်း Canonical တို့ IBM companies တွေရဲ့ အကူအညီနဲ့ လုပ်ဆောင်လို့လည်း ရပါတယ်။ အဲလို sponsorships နဲ့ လုပ်ဆောင်မယ် ဆိုရင်တော့ ကိုယ်ကိုယ်တိုင်ကလည်း ဒီ Applications နဲ့ ပတ်သတ်ပြီး တကယ် စွမ်းဆောင်ရည် တိုးတက်လာအောင် ကြံစည်နိုင်ရမှာ ဖြစ်ပါတယ်။
Microsoft ရဲ့ Windows source code တွေကျတော့ရော ??
Microsoft ရဲ့ Windows source code တွေကိုတော့ Microsoft မှာ တာဝန်ထမ်းဆောင်နေတဲ့ သက်ဆိုင်သူတွေကလွဲရင် တစ်ခြားသူတွေ သိခွင့်ကြည့်ခွင့် မရှိပါဘူး။ သိခွင့်ကြည့်ခွင့် ရှိတဲ့သူဆိုရင်လည်း Microsoft က ပြဌာန်းထားတဲ့ မူပေါ်မှာသာလျှင် ပြုပြင်ပြောင်းလွဲခွင့် ရှိပြီး ကိုယ့်စိတ်ကြိုက် လုပ်ဆောင်လို့ မရအောင် ဥပဒေတွေနဲ့ ကန့်သတ်ထားပါတယ်။ ဒါကြောင့် ကိုယ်က တတ်ကျွမ်းနားလည်သူ တစ်ယောက် ဖြစ်မယ် ဆိုရင်တောင် မူရင်း Windows kernel ပေါ်မှာ ပြုပြင်ပြောင်းလဲခွင့် ပြင်ဆင်ရေးသားခွင့် မရှိပါဘူး။ ဒါ့အပြင် တခြားပြဿနာတွေ အတွက်လည်း ကိုယ်ကိုယ်တိုင် တတ်ကျွမ်း နားလည်ရင်တောင် ပြင်ဆင်ခွင့် မရှိဘူး။ အဲလိုဘာတစ်ခုမှ လုပ်ပိုင်ခွင့် မရှိမှတော့ ကိုယ်ကောင်းသထက် ကောင်းမွန် လာအောင် ပြင်ဆင်ထားတဲ့ Windows version ကို distribute လုပ်ဖို့ဆိုတာလည်း ဘယ်လိုမှ အသက်ဝင်လာနိုင်စရာ မရှိတော့ပါဘူး။
" Free " ဆိုတာဘာလဲ ??
Linux လို့ ဆိုလိုက်ရင် အားလုံးက Free ဆိုတဲ့ စကားလုံးနဲ့ တွဲပြီး မှတ်မိကြတယ်။ Free ဆိုတာ ဘာများလဲ - Free ဆိုတာ ငွေကြေး အမြတ်အစွန်း မယူပဲ အလကားပေးတာကို ဦးတည်ချက်ထားပြီး Linux က Free လို့ သုံးခဲ့တာ မဟုတ်ပါဘူး။ Linux က သုံးတဲ့ Free ဆိုတဲ့ အဓိပ္ပါယ်ဟာ Freedom ဖြစ်မှုကို ဆိုလိုပါတယ်။ လွတ်လပ်ငြိမ်းချမ်းစွာ ရှင်သန်နိုင်မှု ဆိုတာ အားလုံးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ပဲ မဟုတ်ပါလား။
Linux ရဲ့ Freedom ဆိုတာကို ထပ်ပြီး ရှင်းရရင် >> သူ့ကို သုံးတဲ့ အတွက် ဘောင်သတ်မှတ်ချက် မရှိဘူး - Copy ကူးချင်လား ရတယ်။ ဘေးအိမ်က လူကို ဒီ OS လေး သဘောကျလို့ ဝေဌချင်လား ရတယ်။ ဒါတင်ပဲလား >> OS ကို သုံးတဲ့အတွက် သူ့ကို သုံးစွဲရလွယ်ကူအောင် Software တွေ သုံးလာရပြီ။ ဒါပေမယ့် သူ့မှာ Windows တုန်းကလို Software က ကိုယ့်ကို ချုပ်ကိုင်ထားတာမျိုး မရှိဘူး။ ကိုယ်မကြိုက်ရင် မကြိုက်သလို ဒီ Program ထဲမှာ ရှိနေတဲ့ သဘောမကျတဲ့ အပိုင်းတွေ ဖြုတ်ထုတ်ပစ်လို့ ရတယ်။ ဒီ့ထက်ပိုကောင်းအောင် ကိုယ်က လုပ်ဆောင်ချင်သလား >> လုပ်ဆောင်လို့ ရတယ်။ ကန့်သတ်ချက် မရှိဘူး။ ဆိုလိုတာ Program က ကိုယ့်ကို ထိန်းချုပ်ခံနေရတာမျိုး မရှိတော့ပဲ ကိုယ်က သူ့ကို စိတ်ကြိုက် ချုပ်ကိုင်ထားလို့ ရတယ်။ ဒါက အနှစ်သာရ ဖြစ်ပါတယ်။
Linux နဲ့ Windows ဘယ်သူက ပိုသာလဲ ??
ဒီမေးခွန်းနဲ့ ပတ်သတ်ပြီးလို့တော့ ကျွန်တော် အငြင်းမပွားပါရစေနဲ့။ လူတိုင်းမှာ ဦးနှောက်ရှိပါတယ်။ ခံစားချက် နဲ့ ယုံကြည်ချက် ရှိပါတယ်။ ယုံကြည်ချက် တစ်ခုအတွက် အငြင်းပွားရတာမျိုး ကျွန်တော် မလိုလားပါဘူး။ Linux က Windows ထက် ပိုသာပါတယ်လို့ မဆိုလိုပါဘူး။ Linux ကို စမ်းသပ်ကြည့်ပါ။ ဘာတွေသာတယ် ဘာတွေ လိုအပ်သေးမယ် ဆိုတာကတော့ ကိုယ်ကိုယ်တိုင်သာ စဉ်းစားချင့်ချိန်ဆုံးဖြတ်ပါ။
GNU General Public License ဆိုတာ ဘာလဲ ??
GNU General Public License ဆိုတာကတော့ သူဟာ free ဖြစ်တယ် ၊ သူနဲ့ တည်ဆောက်ထားတဲ့ software ဆိုတာ copyleft license ဖြစ်ပြီး မည်သူမဆို စိတ်ကြိုက် အသုံးချပိုင်ခွင့်ရှိတယ်။ ပြုပြင်ပြောင်းလဲချင်သလား ပြောင်းလဲနိုင်တယ်။ Share လုပ်ချင် သလား လုပ်လို့ရတယ်။ ကောင်းသထက်ကောင်းအောင် ဖန်တီးချင်သလား ဖန်တီးနိုင်တယ်။ အားလုံးကို လုပ်ဆောင်ခွင့် ရှိတယ်။ ဒါကို ဆိုလိုတာ ဖြစ်ပါတယ်။
( ၃ ) Distribution ရွေးချယ်ခြင်း
Linux ကို စတင်အသုံးပြုမယ့် သူတစ်ယောက်အတွက် မဖြစ်မနေသိထားသင့်တာ distribution ရွေးချယ်မှုပါ။ ဘာကြောင့် ဒါက အရေးပါသလဲ ဆိုရင် Linux ဟာ Windows လိုမျိုး XP, Vista, 7 , .... စတာတွေလောက်ပဲ ရှိတာမျိုး မဟုတ်ပါဘူး။ Open source ဖြစ်တဲ့ လျော်ညီစွာ အသုံးပြုသူ User တိုင်းက ကိုယ်ကြိုက်ရာ ကြိုက်ရာလေးတွေကို ရွေးထုတ်ပြီး OS တစ်ခု လုပ်ကြပါတယ်။ နောက်ပြီး သူတို့ ထုတ်ထားတဲ့ OS လေးတွေကို တစ်ခြား သူ ကြိုက်လို့ သုံးချင်လည်း သုံးလို့ရအောင် ဆိုပြီး Internet ထဲမှာ ဝေမျြှကပါတယ်။ စစချင်း တစ်ယောက်စ နှစ်ယောက်စ ၊ အဖွဲ့စည်း တစ်ခုစ ၊ နှစ်ခုစ ဝေမျှရာ ကနေ နောက်ပိုင်း ဝေမျှတဲ့သူ များပြီး Distros တွေကလည်း ဗုံးပေါလအော ဖြစ်လာပါတယ်။ Distros များတာ အကြောင်း မဟုတ်ပါဘူး။ Distros တိုင်းမှာ သူ့ဟာနဲ့သူ အားသာချက် ၊ အားနည်းချက် ဆိုတာ ရှိပါတယ်။ Windows မှာ ဆိုရင် XP, Vsta, 7 .... ဘယ်ဟာက သုံးလို့ပိုကောင်းလဲ ?? ဘယ်ကောင်က ဘယ်လိုလူမျိုးအတွက် ပိုသင့်တော်မလဲ ဆိုတာ သုံးနေကျသူ တစ်ယောက်ကို မေးလိုက်တာနဲ့ ချက်ချင်း အနီးစပ်ဆုံး အဖြေကို တန်းပေးနိုင်ပေမယ့် Linux Distros တွေမှာတော့ မူကွဲတွေများ လွန်းလို့ ဘယ်ဟာက ဘယ်ဟာထက် ပိုကောင်းတယ်။ ဘယ်လိုလူမျိုးကတော့ ဘယ်လိုမျိုး Distros ကို သုံးသင့်တယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောပြနိုင်ကြပါဘူး။ သုံးဖူးနေကျ သူ << အကုန်လုံး မဟုတ်ရင်တောင် Distros တော်တော်များများကို လက်တည့်စမ်းဖူးသူ လောက်သာ အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်လောက်ပါတယ်။
Linux distributions အများစုဟာ users တွေ အသုံးပြုရလွယ်ကူအောင် base system နဲ့အတူ applications တွေကိုပါ ပေါင်းထည့်ပြီး ပြင်ဆင်ပေးထားကြပါတယ်။ အဲလို လုပ်ဆောင်ပေးထားခြင်း အားဖြင့် OS တစ်ခုကို ဖျော်ဖြေမှု တစ်ခုသာသာ သာ အသုံးပြုတဲ့ users တစ်ယောက်အတွက် OS တစ်ခုကို အသက်သွင်းပြီးချိန်မှာ မလိုလားအပ်တဲ့ အပိုစာသား applications ရှာဖွေရတဲ့ အခြေအနေမျိုးက လွတ်ကင်းပြီး အရံသင့် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ distributions အများစုရဲ့ ကြားမှာ လူကြိုက်များတာကတော့ Ubuntu, Fedora, SuSE, Linux Mint, Mandriva .... စတာတွေ ဖြစ်ပြီး ဘာကြောင့် သူတို့ လူသုံးများကြသလဲ ဆိုရင် အဲ့ဒီ့ OS တွေက အသုံးပြုရလွယ်ကူတယ်။ အချိန်နဲ့ တပြေးညီ ပုံမှန် Drivers အသစ်တွေ ထုတ်ပေးတယ် - applications အသစ်အသစ်တွေ ဖြည့်သွင်းပေးတယ်။ ရှိနေပြီးသား applications တွေကိုလည်း သုံးစွဲရ ပိုမိုလွယ်ကူ ကောင်းမွန်လာအောင် လုပ်ဆောင်ပေးတယ်။ Users တွေဆီက လာတဲ့ feed back တွေကို လက်ခံတယ်။ ဆွေးနွေးညိှနိှုင်း အဖြေရှာပေးတယ်။ အကောင်းဆုံးတွေကို ဖြည့်သွင်းပေးတယ်။ ဒါတွေကြောင့်ပဲ ဖြစ်ပါတယ်။
Linux distros ပေါင်း ဘယ်လောက်တောင် များလဲ ဆိုတာ ကျွန်တော် ဒီနေရာမှာ ရေးသားခဲ့ပြီးပါပြီ။ သူတို့ အားလုံးရဲ့ ကြားမှာမှ တစ်ချို့ distros တွေက ခွဲထွက်ပြီး ဘာကြောင့် နာမည်ကြီးလာရသလဲ ဆိုရင် newbie တစ်ယောက်အသုံးပြုမယ် ဆိုရင်တောင် သုံးစွဲရလွယ်ကူတာမျိုး - နောက် advanced users ဖြစ်မယ် ဆိုရင်လည်း power tools တွေကို သုံးပြီး OS တစ်ခုကို စိတ်ကြိုက် ပြင်ဆင်သုံးစွဲနိုင်တာမျိုး စတာတွေကြောင့် ဖြစ်ပါတယ်။
Linux ကို စမ်းသပ်တော့မယ်ဆိုရင် အရေးကြီးဆုံး သတိထားရမယ့် တစ်ချက်ရှိပါသေးတယ်။ အဲတာကတော့ hardware compatibility ပါ။ ကိုယ့်စက်မှာ ရှိနေတဲ့ hardware တွေနဲ့ ကိုယ်သုံးမယ့် Linux distributions နဲ့က support ရော ဖြစ်ရဲ့လား။ ပုံမှန်အားဖြင့်တော့ Linux distributions အများစုဟာ hardware တော်တော်များများကို support ပေးပါတယ်။ ဒါပေမယ့်လည်း လူသုံးတော်တော်နည်းပြီး မထင်ရှားတဲ့ hardware မျိုးတွေကိုတော့ Linux က support ပေးမှာ မဟုတ်ပါဘူး။ တကယ်လို့ ကိုယ်အသုံးပြုတ့ဲ Device တစ်ခုခုကို Default အနေနဲ့ support မပေးဘူး ဆိုရင်လည်း အင်တာနက် ထဲမှာ ငွေကြေးအမြတ်အစွန်း မယူပဲ အလကားမတ်တင်း အကူအညီပေးနေတဲ့ tutorials ဆိုဒ်တွေ၊ forum တွေကနေ တစ်ဆင့် unsupported drivers တွေကို ဘယ်လို အသုံးပြုလို့ ရနိုင်မလဲ ဆိုတာ စုံစမ်းမေးမြန်းနိုင်ပါတယ်။
Linux distributions ကို ဘယ်လိုရွေးချယ်မလဲ ဘာကြောင့် သူ့ကို ရွေးချယ်မှုက အရေးပါလဲ ဆိုတာဖော်ပြပြီးတဲ့ နောက်မှာ ကိုယ်နဲ့ ကိုက်ညီမယ့် distributions ကို ရွေးချယ်နိုင်ဖို့အတွက် သိထားသင့်တဲ့ ဆိုဒ် တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ ဒီအကြောင်းအရာကို အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ပြီးသား ဖြစ်ပေမယ့် ဒီနေရာမှာ ပြည့်စုံသွားအောင် အနှစ်ချုပ် ပြန်ထည့်သွင်းလိုက်ပါတယ်။
- Linux Distribution Chooser – သူကတော့ အင်တာနက်ကနေမှ တဆင့် Linux အသုံးပြုသူ user တွေအတွက် မှန်ကန်သင့်လျှော်မယ့် Linux Distro တွေကို ရွေးချယ်နိုင်အောင် အစဉ်အမြဲ ကူညီပေးနေတဲ့ နေရာ ဖြစ်ပါတယ်။
- Linux Releases – ဒီနေရာကနေပြီး အသစ်အသစ်ပေါ်ထွက်လာတဲ့ Linux Distro တွေအကြောင်း နဲ့ အကောင်းဆုံး လူသုံးအများဆုံး distros တွေက ဘာတွေလည်း ဆိုတာ အလွယ်တကူ သိရှိနိုင်ပါတယ်။
- List of Linux Distributions - ကျွန်တော်တို့ အတွက် ဒီနေရာကနေ များပြားလွန်းတဲ့ Linux Distro တွေအကြောင်း လေ့လာလို့ ရသလို လူသိများ ကျော်ကြားတဲ့ Linux Distro တွေရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ သူတို့ရဲ့ Screenshot images တွေကိုလည်း လေ့လာလို့ ရပါတယ်။
- Netbook Distro - Linux Distro တွေထဲက Netbook အကြောင်း အသေးစိတ်ညွှန်းဆိုပြထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
- Comparison of Linux distributions – ဒီနေရာကနေပြီး အမျိုးမျိုးကွဲပြားနေတဲ့ Linux Distro တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ ကွဲပြားခြားနားချက်တွေ၊ ဘယ် Processor နဲ့ support ဖြစ်သလဲ ၊ ဘယ် distro ပေါ်မှာ အခြေခံထားသလဲ စသဖြင့် ပြည့်ပြည့်စုံစုံ သိနိုင်တဲ့ နေရာ ဖြစ်ပါတယ်။
( ၄ ) ဘာကြောင့် Linux က ကောင်းသလဲ ?? - အပိုင်း ( ၁ )
Linux နဲ့ Windows ဘယ်သူ ပိုသာသလဲ ဆိုတာ ကျွန်တော် မဖော်ပြခဲ့ပေမယ့် Linux ရှိရာဆီကို လူသစ်တစ်ယောက် ခြေချမိအောင် ဆွဲဆောင်နိုင်ဖို့က Linux က ဘာတွေ ကောင်းသလဲ ဆိုတာကို တိတိကျကျ ဖော်ပြနိုင်ဖို့ပါ။ အဲ့အတွက် ကျွန်တော် ဘာကြောင့် Linux က ကောင်းသလဲ ဆိုတဲ့ ခေါင်းစဉ်ကို ဖော်ပြလိုက်ပါတယ်။
- Virus အကြောင်း မေ့ထားပါ။
- ဘာကြောင့်လဲ ဆိုရင် ပထမဆုံး အချက်က - လူအများစုဟာ Microsoft Windows ကို အသုံးပြုကြတဲ့ အတွက်ကြောင့်မို့ မသမာသူများ ရဲ့ Target ကလည်း Windows ကိုသာ အများဆုံး ဦးတည်ကြပါတယ်။ ဒါ့အပြင်က Microsoft ကနေ Apache web server နဲ့အပြိုင် သူ့ Microsoft Windows တွေအတွက် သုံးတဲ့ Microsoft's IIS ဆိုတဲ့ web server ဟာ Virus ဖြန့်ဖြူးရေး သမားတွေရဲ့ သည်းခြေကြိုက် Server တစ်ခု ဖြစ်နေတာလည်း ပါပါတယ်။ ဒီနေရာမှာ တစ်ခုမေးစရာ ရှိလာတာက အဲ့ဒီ Web sever တွေက ဘာလုပ်တာလဲ ဆိုတာပါ။ ( ဒီ web sever တွေဆိုတာ remote computer တွေထဲမှာ ရှိနေတဲ့ program တြွေဖစ်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ users တစ်ယောက်ယောက်ကနေ သတင်းအချက်အလက် တစ်ခုခုကို စုံစမ်းလိုက်တဲ့ အခါမှာ စုံစမ်းသူရှိနေတဲ့ Browsers ဆီကို သက်ဆိုင်ရာ သတင်းအချက်တွေ ပါဝင်တဲ့ web pages တွေ ပြန်လည် ပို့လွှတ်ပေးတဲ့ လုပ်ငန်းစဉ်မျိုးကို လုပ်ဆောင်ပါတယ်။ ) Virus ဆိုတာမျိုးတွေက ဒီလို အင်တာနက်ကနေ တစ်ဆင့်ပဲ အများဆုံးရောက်လာကြတာ မလား။ ဒါကြောင့် virus ဖြန့်ဖြူးရေး သမားတွေရဲ့ က လူသုံးများတဲ့ Windows များတည်ရှိရာ Microsoft's IIS sever ကို Target ထားကြတာ ဖြစ်ပါတယ်။
- နောက်တစ်ချက်ကတော့ Authorization Management ပိုင်း ဆိုင်ရာကို အလေးထားပါတယ်။ ဆိုရရင် Windows မှာ ကျွန်တော်တို့ တင်ထားတဲ့ Software တစ်ခုခုက Error တက်နေပြီ - အဲတာကို ကျွန်တော်တို့ မကြိုက်တော့ဘူး >> သူ့ကို ဖြုတ်ထုတ်ချင်တယ်။ Control Panel ကိုသွားပြီး ဖျက်ထုတ်လိုက်တယ်။ မရှင်းသေးဘူး - အဲတာနဲ့ System ထဲထိ လိုက်ဖျက်ရတယ်။ ပျက်သွားပြီပဲ ဆိုကြပါစို့။ ဖျက်ထုတ်တုန်းကတော့ ဘာပြဿနာမှ မရှိသေးဘူး။ ဒါပေမယ့် reboot ပေးလိုက်တာနဲ့ ပြဿနာက စပြီ။ system stuff ကိုဖျက်လို့ နောက်တစ်ခုပါ အလုပ်မလုပ်ရတော့တာတို့ - ဒီကောင်ကို ဖြုတ်ထုတ်လိုက်လို့ ဟိုဘက်က ဘာမှ မဆိုင်တဲ့ ကောင်ကပါ အလုပ်မလုပ်တော့တာတို့ - ဒီလိုပြဿနာမျိုးတွေ မနည်းမနော Windows မှာရှိပါတယ်။
- Linux မှ ကာကွယ်ပေးထားပါသည်။
- Firewall ကို install လုပ်ရမယ်။
- Antivirus program မဖြစ်မနေ တင်ရမယ်။
- Anti-adware program တွေလည်း ထည့်ထားရမယ်။
- Internet Explorer တို့ Outlook တို့ကို ဖယ်ထုတ်ပြီး Firefox တို့Thunderbird တို့ တင်ရမယ်။
- ကိုယ့်စက်မှာ ရှိနေတဲ့ Protections တွေကို ကျော်ပြီး စက်ထဲဝင်လာနိုင်လောက်တဲ့ထိ Virus က အားမကောင်းပါစေနဲ့လို့လည်း ဆုတောင်းနေရဦးမယ်။ တကယ်လို့ဒီ security အားနည်းချက်ကို ရှာတွေ့ပြီပဲ ထားဦး Microsoft ကနေ update ထွက်လာဖို့ တစ်လတန်သည် နှစ်လတန်သည် စောင့်ရဦးမယ်။
Microsoft မှာတော့ Source code တွေကို သတ်မှတ်ထားတဲ့ လူအနည်းစု အခွင့်ရှိသူသာ ကြည့်ရှုခွင့် ရှိတာကြောင့် သူ့အားနည်းချက်ကို သူတို့ကိုယ်တိုင် သတိမထားမိလိုက်ရင် - သူတို့ သတိလက်လွတ်ချိန်နဲ့ သတိထားမိချိန် ဆိုတဲ့ မကြာလှတဲ့ ကြားကာလ အပိုင်းအခြား တစ်ခုလေးမှာတင် - အချက်အလက်ခိုးယူသူ - virus ဖြန့်ဖြူးသူ - hackers စတဲ့ မသမာသူတွေရဲ့ ထိုးနှက်တိုက်ခိုက်မှုကို ခဏချင်း ခံရပါတော့မယ်။ တော်တတ်ထက်မြတ်တဲ့ ကမ္ဘာအနှံ့က programmers တွေ ဆိုတာကလည်း အားနည်းချက်ကို သိရင်တောင် Microsoft က တာဝန်ရှိသူတွေ မဟုတ်လို့ ပြင်ဆင်ပိုင်ခွင့် မရှိသလို ၊ ငုတ်တုတ် ငေးကြည့်ယုံကလွဲရင် ဘာမှလုပ်ဆောင်ပေးဖို့လည်း မတတ်နိုင်ကြပါဘူး။ ဒါဟာ Linux နဲ့ Windows ကြားက အကြီးမားဆုံး ကွာဟချက်ပါပဲ။
- Stable ဖြစ်ဖို့လိုပါသည်။
ခုနောက်ဆုံး ထွက်ရှိလာတဲ့ Windows 7 မှာတော့ ဒီလို ပြဿနာမျိုးနဲ့ ပတ်သတ်ပြီး တော်တော်နည်းသွားတာ လုံးဝ အရှင်းပျောက်သွားတာမျိုး မဟုတ်ပါဘူး။ မကြာ တစ်ခါတော့ ဖြစ်နေဆဲပါပဲ။ ဟုတ်ပါတယ်။ operating system မှန်သမျှ perfect ဖြစ်တယ် ဆိုတာတော့ မရှိပါဘူး။ ကျုပ်သုံးတဲ့ OS ကတော့ တစ်ခါမှကို Crash မဖြစ်ဘူး - ကောင်းလိုက်တာမှ လွန်ရော ဆိုတာ အဲတာလိမ်နေတာပါ။ ယုံကြည်စရာ မရှိပါဘူး။ ဒါပေမယ့် တစ်ချို့ တစ်ချို့သော operating systems တွေက တော်တော်လေးကို Stable ဖြစ်တာကို တွေ့ရပါတယ်။ အဲ့ OS ကိုသုံးတဲ့ Users တွေဆိုတာ နှစ်တော်တော်လေး သုံးတာ ကြာလာခဲ့တာတောင် system crashes ဖြစ်တာမျိုးကို မကြုံဖူးကြတဲ့ သူတွေ များစွာ ရှိပါတယ်။ ဟုတ်ကဲ့ပါ။ အဲတာ Linux ပါပဲ။ တစ်နေကုန်ဖွင့် တစ်ညလုံးဖွင့် ကြိုက်သလောက်သုံး - shut down တွေ restarted တွေ ပေးစရာမလိုပဲ ပုံမှန် လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နိုင်နေသေးတယ် ဆိုတာ OS တစ်ခုမှာ မလွဲမသွေ ပြည့်စုံရမယ့် အရည်အချင်း တစ်ခုပဲ မဟုတ်ပါလား။
- OS တစ်ခုအတွက် ပိုက်ဆံ အကုန်အကျ ခံရန် မလိုပါ။
အခြားတစ်ဖက်ကနေ ကြည့်လိုက်မယ် ဆိုရင် Linux ဟာ completely free of charge ဖြစ်ပါတယ်။ မှန်ပါတယ်။ Linux မှာ ပူးပေါင်း ဆောင်ရွက်နေကြတဲ့ သူတွေ အားလုံးဟာ လုံခြုံပြည့်စုံပြီး တန်ဖိုးရှိတဲ့ system တစ်ခုကို လူသားအားလုံး လွတ်လပ်စွာ မျှဝေသုံးစွဲနိုင်ဖို့ အတွက် ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေ ၊ လူမှုရေး ကိစ္စတွေကို ဘေးချိတ်ပြီး နေ့ရောညပါ ကြိုးစားနေကြတာပါ။ Linux ကို completely free လို့ ကျွန်တော်ပြောခဲ့ပေမယ့် တစ်ချို့ companies တွေက စီးပွားရေး လုပ်ငန်းဆိုင်ရာတွေအတွက် အသုံးချတဲ့ နေရာမှာ Linux ကို အကောင်းမွန်ဆုံးနဲ့ အလုံခြုံဆုံး ဖြစ်အောင် ကိုယ်တိုင် ဖန်တီးပြင်ဆင်ပြီး သူတို့ရဲ့ ကိုယ်ပိုင် Linux versions ကို ရောင်းချတာတွေလည်း ရှိပါတယ်။ အဲ့ Linux မျိုးတွေက ပိုက်ဆံပေးဝယ်ရတာ မှန်ပေမယ့် အချိန်တိုင်း ပေးဖို့ လိုအပ်နေတာမျိုးတော့ မဟုတ်ပါဘူး။
- အရံသင့်ပြင်ဆင်ထားပါသည်။
- တစ်ချက်ကလစ်ယုံမျှဖြင့် Software အားလုံး Update ဖြစ်စေမည်။
- လွတ်လပ်စွာ ခံစား၍ - ပြည့်ဝသည့် စောင့်ရှောက်မှု ရရှိနိုင်မည်။
- ရှာဖွေရ လွယ်ကူသော Start Menu အားပြင်ဆင်ထားရှိသည်။
- အဟောင်းများ အသစ်ဖြစ်နိုင်သည်။
Windows ကို ကျွန်တော်တို့ တစ်စိုက်မက်မက် သုံးခဲ့ကြတယ် >> ( 95, 98, 2000, Me, XP, Vista, 7 ... စသဖြင့် ) သူတို့ ကြားမှာ version တစ်ခု တိုးမြင့်လာတိုင်း ပြောင်းလဲသွားတဲ့ ကွာခြားမှု က ဘာများလဲ - သတိထားကြည့်မိ ကြပါရဲလား။ ဟုတ်ပါတယ်။ Hardware power ကို တိုးမြှင့်တောင်းခံလာတာပါပဲ။ Windows XP သုံးတုန်းက RAM 128 MB လောက်ရှိရင် ကောင်းကောင်း သုံးလို့ ရနေပြီ။ 1 G ဆိုရင်များဆို ကိုယ့်စက်က မိုးပေါ်ပျံနေမလားပဲ။
ဒါပေမယ့် Vista ထွက်လာတော့သိပ် မဟုတ်ချင်တော့ဘူး။ Windows 7 လည်းရောက်ရော Minimum requirements ကတောင် 1G တောင်းသွားပြီ။ 64 bit ဆို 2G !! Oh!! My God.
ကျွန်တော် တစ်ချက် ပြန်စဉ်းစားကြည့်မိတယ်။ ကျွန်တော်တို့ ပိုက်ဆံကို တွင်းထဲကနေ များနိှုက်ထုတ်လို့ ရနေသလား။ နောက်ပြီး ကျွန်တော်တို့ဟာ နောင်ရေးအတွက် ရှာဖွေနေသူတွေလား - မိဘပိုက်ဆံ ထိုင်ဖြုန်းနေသူတွေလား။ အသုံးနဲ့ အဖြုန်းဆိုတာကိုရော ကိုယ့်ကိုယ်တိုင် သိရဲ့လား။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိတယ်။ Versions တစ်ခု မြင့်တိုင်းသာ သူ့ကို လိုက်မှီဖို့ Hardware power ထက်မြှင့်ရမယ် ဆိုရင် ကျွန်တော်တို့ ရှာသမျှ ပိုက်ဆံ အိတ်ပေါက်နဲ့ ဖားကောက်နေသလိုပဲ ဖြစ်နေတော့မှာပေါ့။
Windows 7 မကောင်းဘူးလား။ ဟုတ်ကဲ့ ကောင်းပါတယ်။ ဘာကောင်းတာလဲ။ လူတော်တော်များများကို ကျွန်တော် လိုက်မေးကြည့်တယ်။ ဘာကောင်းတာလဲတော့ တိတိကျကျ မသိဘူး။ ပိုလှလာတယ်တော့ ထင်တာပဲ။ သုံးရတာ ငြိမ့်လည်း ငြိမ့်လာတယ်။ သူတို့ ဒီလိုပဲ ဖြေကြတယ်။ ကျွန်တော်သိတယ် ကွန်ပြူတာကို အသုံးပြုပါတယ် ဆိုသူတိုင်းဟာ Power users မဟုတ်ကြဘူး။ ဖျော်ဖြေရေးအတွက်သုံးတယ်။ Personal အတွက်သုံးတယ်။ ဒီလိုရည်ရွယ်ချက်နဲ့ သုံးကြတဲ့ Home users က တော်တော်များပါတယ်။ ဒီ OS နဲ့ ဟို OS ဘယ်ကောင်က စွမ်းဆောင်ရည် ပိုကောင်းလဲ ဒါကို ဘယ်သူမှ တန်ဖိုးဒီလောက် မထားကြဘူး။ သူတို့တန်ဖိုးထားကြတာ OS ( ၂ ) ခုယှဉ်ရင် ပိုလှတဲ့ OS ကို ရွေးမယ်။ အဲ့ထဲကမှ လှလည်းပိုလှ စွမ်းဆောင်ရည်လေးလည်း မဆိုးဘူးဆိုလို့ကတော့ ( ၂ ) ခါမကြည့်ဘူး။ ရွေးပြီးသားပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့လို လူထဲမှာပါပါတယ်။
ဒါပေမယ့် အဲ့ဒီ့ လှတယ်ဆိုတဲ့စိတ် - သူများတွေက 7 ဖြစ်နေပြီ ငါက XP ကနေ မကူးနိုင်သေးဘူးဆိုတဲ့ စိတ်နဲ့ အဲ့ OS နောက်ကို ပြေးလိုက်တဲ့ အခါ ကျွန်တော်တို့ ပထမဆုံး ရင်ဆိုင်ရမှာ သူတောင်းတဲ့ System Requirements ကို လိုက်မှီနိုင်ဖို့ Hardware power တိုးမြှင့်ဖို့ပါ။ ကိုယ်ကိုယ်တိုင် ပြန်ပြီး သေသေချာချာ စဉ်းစား ကြစေလိုပါတယ်။ အင်တာနက်ထဲ ဝင်ကြည့်၊ ဒေါင်းလုပ်လေးချ၊ စာစီစာရိုက်လေးလုပ်၊ မေးလ်လေးပို့၊ အခွေလေး ကြည့်ယုံလောက်နဲ့ OS တစ်ခုထွက်ထွက်လာတိုင်း Hardware power လိုက်တိုးနေရတာ အဓိပ္ပါယ် ရှိပါရဲ့လား။ OS အသစ်ထွက်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် အဲ့ OS ကို လိုက်မှီနိုင်ဖို့ System Requirements တွေ တိုးတိုးတောင်းနေတာကတော့ တော်တော်လေးကို အရုပ်ဆိုးလွန်းပါတယ်။ ကျွန်တော်တို့ Bill Gates မဟုတ်ပါဘူး။
Linux - သူကတော့ ကျွန်တော်တို့ စက် ဘယ်လောက်ဟောင်းဟောင်း Hardware အဟောင်းလေးနဲ့ပဲ ပျော်အောင် နေတတ်ပါတယ်။ အဲ့စက်အဟောင်းမှာပဲ Windows XP ကို တင်ကြည့်လိုက်ပါ - မရဘူး တင်လို့မရဘူး ဘာညာနဲ့ ဟိုပြဿနာတက် ဒီ ပြဿနာပြ နောက်ဆုံး ချော့လိုက် ချောက်လိုက်နဲ့ တင်လိုက်တော့ ခနော်နီခနော်နဲ့ နဲ့ Windows တက်ကောင်းတက်သွားပါလိမ့်မယ်။ ဒါပေမယ့် မပျော်ပါနဲ့ဦး Windows တက်သွားပေမယ့် click တစ်ချက် အသက်ဝင်ဖို့ စက္ကန့် ( ၂၀ ) လောက် စောင့်ရတာမျိုးတွေ မလွဲမသွေ ကြုံတွေ့ရပါလိမ့်မယ်။ Linux ကတော့ အဲလိုမဟုတ်ပါဘူး။ ဒီကွန်ပြူတာ အဟောင်းလေးမှာပဲ Web ကြည့်ချင်သလား - စာရေးချင်သလား - သီချင်းနားထောင်ချင်သလား - မေးလ်ပို့ချင်သလား - ပုံမှန်အတိုင်း လုပ်ဆောင်နေနိုင်တာ တအံ့တသြ တွေ့ရပါလိမ့်မယ်။
- Workspaces ပေါင်းများစွာဖြင့် ဖြန့်ခွဲ လုပ်ဆောင်နိုင်သည်။
- Defragmenting နှင့် ဝေးကွာသော အရပ်တွင် နေထိုင်နိုင်ပါသည်။
ဘာကြောင့်လဲ ??
တစ်ယောက်က ယောကျာင်္လေး ၊ တစ်ယောက်က မိန်းကလေး -
- ယောကျာင်္းလေး ဆိုတာမျိုးက ဘာလုပ်မလဲ - သိုလှောင်ရုံထဲကို သိုလှောင်ဖို့ ကုန်တွေ ( ဖိုင်တွေ ) ရောက်လာပြီ။ ဒါဆိုရင် သူ ဘာလုပ်မလဲ။ ဖိုင်တွေမရှိတော့တဲ့ အံနေရာတွေကိုသူ အရင်ရှင်းပစ်မယ်။ ပြီးရင် နောက်ရောက်လာတဲ့ ဖိုင်တွေအားလုံးကို အံရဲ့ အရွယ်အစားနဲ့ ကိုက်ညီအောင် အပိုင်းသေးသေးလေးတွေ ဖြစ်အောင် ခွဲပစ်မယ်။ နောက်ပြီး အပိုင်း တစ်ခုချင်းစီကို အစီအစဉ်ကျတာ မကျတာ ဘေးချိတ်ပြီး အံထဲဝင်ပြီးရော လွတ်နေတဲ့ နေရာမှန်သမျှ ပစ်ထည့်ပြီး သိမ်းမယ်။ အထိကက သူ့အလုပ်မြန်မြန်ပြီးဖို့နဲ့ သိုလှောင်ရုံတစ်ခုရဲ့ တာဝန်ဖြစ်တဲ့ ပစ္စည်းသိမ်းဖို့ဆိုတဲ့ တာဝန်ကျေဖို့ ဒါကိုပဲ သူ ဦးစားပေးမှာ ဖြစ်ပါတယ်။
- မိန်းကလေး တွေကတော့ ယောကျာင်္းလေးတွေ လုပ်ဆောင်ပုံနဲ့ မတူပါဘူး။ သူတို့တွေက သေးသေး ပိစိလေး တွေက စလို့ အသေးစိတ် ဘယ်နေရာက ဘယ်အံမှာ ဆိုရင် ဘယ်လို ဖိုင်လေးတွေ သိမ်းလို့ရမယ်ကနေ စပြီး တိတိကျကျ စူးစမ်းမှတ်သားထားတယ်။ တစ်ခြား ဖိုင်အသစ်တွေ သိမ်းဖို့ရောက်လာပြီ ဆိုရင်လည်း ကြုံသလို ပစ်မထည့်ဘူး။ ငါ ဘယ်နားလေးမှာ သူတို့တွေကို အစဉ်လိုက် သိမ်းရင်ကောင်းမလဲ - ငါဒီလို သိမ်းထားမှ နောင်ငါပြန်လိုချင်တဲ့ အခါ လွယ်လွယ်ကူကူနဲ့ ပြန်ထုတ်ပေးနိုင်မယ် စသဖြင့် ကြိုတင် အကွက်ချစီစဉ်ပြီးမှ ဖိုင်တွေကို သက်ဆိုင်ရာ အံအသီးသီးမှာ စနစ်တကျ သိမ်းဆည်းတတ်ကြပါတယ်။ သူတို့တွေရဲ့ တိကျ သပ်ရပ်မှုကြောင့် ကျွန်တော်တို့ရဲ့ သိုလှောင်ရုံ ဆိုတာကလည်း အစဉ်အမြဲ ပိပိရိရိ နဲ့ နှစ်ခါပြန်ပြီး ဖိုင်တွေ အံတွေ စီစစ်စရာ မလိုပဲ သေသေသပ်သပ် တည်ရှိနေမှာ ဖြစ်ပါတယ်။
Windows ဆိုတာ ကျွန်တော်ပြောခဲ့တဲ့ နည်းလမ်း ( ၂ ) ခုထဲက ပထမနည်းလမ်းကို သုံးပါတယ်။ Linux ကတော့ ဒုတိယနည်းလမ်းကို သုံးပါတယ်။ ဆိုလိုတာ Windows ကို ကြာကြာသုံးလေ - Fragmented ဖိုင်တွေ ပိုမိုများပြားလေ ဖြစ်ပြီး - မိမိအလိုရှိရာဖိုင်တွေကို access လုပ်ဖို့ တစ်နေ့ထက် တစ်နေ့ ပိုမိုလေးလံလာစေမှာ ဖြစ်ပါတယ်။ Linux ကို သုံးရင်တော့ သူနဲ့ ပြောင်းပြန်ပါပဲ။ ကျွန်တော်တို့ ဘာကို ရွေးချယ်မှာပါလဲ ??
Linux ??
OR
Windows ??
ရွေးချယ်မှုက မိသားစုဝင်တွေ အပေါ်မှာပဲ မူတည်ပါတယ်။ ဘာကြောင့် Linux က ကောင်းသလဲ ?? ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ကျွန်တော့်ရဲ့ ဆွေးနွေးချက်က ဒီလောက်ပါပဲ။ နောက်နေ့မှာ နောက်အကြောင်း အရာသစ် တစ်ခုကို ကျွန်တော် ဆက်လက် ဖော်ပြသွားပါမယ်။
ကျွန်တော်တို့ Linux နဲ့ သူ့ရဲ့ OS တွေ အကြောင်းကို သိပ်အပြည့်စုံဆုံး သိရှိပြီးပြီလို့ မဆိုနိုင်သေးပေမယ့် အခြေခံတစ်ချို့ ဖြစ်တဲ့ သူရဲ့ ဝေါဟာရတစ်ချို့၊ သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ခံယူချက်တွေ ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေ၊ နောက် Windows နဲ့ Linux နဲ့ ကွာခြားချက် တစ်ချို့ စတာတွေကို လေ့လာသုံးသပ်ခဲ့ပြီးတဲ့နောက်မှာ Linux ကို စမ်းသပ်ကြည့်တော့မယ့် အခြေခံ User တစ်ယောက်အတွက် အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ Distros ပေါင်းများစွာထဲက အသင့်တော်ဆုံး ဖြစ်နိုင်မယ့် Linux OS တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Ubuntu ပါပဲ။ တော်တော်များများလည်း သိပြီးကြမယ်ထင်ပါတယ်။ သူဟာ African စာလုံး ဖြစ်ပြီး ၊ သူ့နာမည်ကို ခေါ်ရင် "oo-BOON-too" လို့ခေါ်ပါတယ်။ Ubuntu ရဲ့ သမိုင်းကြောင်းကို ရှင်းလင်းချင်တာ မဟုတ်လို့ ကျွန်တော် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါ့မယ်။ အကျယ်ချဲ့ပြီး သိချင်ခဲ့မယ် ဆိုရင်တော့ ဒီနေရာကနေ သွားရောက် လေ့လာနိုင်ပါတယ်။
Ubuntu ဆိုတာ Linux kernel ပေါ်မှာ အခြေခံထားတဲ့ OS တစ်ခုဖြစ်ပါတယ်။ Linux kernel ပေါ်မှာ အခြေခံထားတဲ့ OS ပေါင်းမြောက်များစွာ ရှိပြီး Ubuntu ဆိုတာ အဲ့ အမျိုးအစားပေါင်း မြောက်များစွာ ထဲကမှ Linux OS တစ်မျိုးပဲ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဒီနေရာမှာ Ubuntu အကြောင်းကိုပဲ ဦးစားပေး ဖော်ပြသွားမှာ ဖြစ်ပြီး - ကျွန်တော့်ရဲ့ ဖော်ပြချက်ဟာ Ubuntu က အကောင်းဆုံး - လူတိုင်း လူတိုင်းအတွက် Ubuntu က အသုံးသင့်ဆုံးလို့ ဆိုလိုတာမျိုး recommend ပေးတာမျိုး မဟုတ်ပါဘူး။ Linux အကြောင်းကို မိမိကိုယ်တိုင် တတ်ကျွမ်းနားလည်ရင် တတ်ကျွမ်းနားလည်သလို မိမိအသုံးတည့်ရာ OS ကို ရွေးချယ်ကြဖို့ပဲ တိုက်တွန်းလိုပါတယ်။
ကျွန်တော်က ခုလို Linux distros ပေါင်း များစွာတည်းကမှ Ubuntu ကို ရွေးချယ်ရပါသလဲ ??
ဟုတ်ကဲ့ - အကြောင်းရှိပါတယ်။ ဘာကြောင့်လည်း ဆိုတာ ကျွန်တော် တစ်ချက်ချင်း ဖော်ပြသွားပါ့မယ်။
- အကြောင်းပြချက် ( ၁ ) -Ubuntu ဟာ သူ့ OS အတွက် အမြဲတမ်း cost-free ဖြစ်ရစေမယ်လို့ အာမခံထားပါတယ်။
- အကြောင်းပြချက် ( ၂ ) - Linux ဟာ OS တစ်ခုတည်းသာ free ပေးတာမျိုး မဟုတ်ပဲ သူ့အထဲမှာ ပါဝင်မယ့် software အားလုံးကိုပါ free ပေးတာ ဖြစ်ပါတယ်။
- အကြောင်းပြချက် ( ၃ ) - Ubuntu မှာ တစ်ခြား Linux distros တွေနဲ့ မတူတာ တစ်ခု ရှိပါသေးတယ်။ အဲတာကတော့ တစ်ခြား Linux distributions တွေက သူတို့ရဲ့ distros တွေကို ပုံမှန် update လုပ်ပေးနိုင်ဖို့ ခက်ခဲနေချိန်မှာ Ubuntu ကတော့ ခြောက်လတစ်ကြိမ် ပုံမှန် Update လုပ်ပေးပါ့မယ်လို့ ဆိုပါတယ်။
- အကြောင်းပြချက် ( ၄ ) - လူတိုင်း လူတိုင်းဟာ OS အသစ် တစ်ခုကို စတင်ပြီး အသုံးပြုပြီ ဆိုတဲ့ အခါ အဲ့ဒီ OS က users တွေအတွက် ဘယ်လောက်ထိ သုံးရလွယ်ကူပါတယ်လို့ပဲ ဆိုဆို အနဲနဲ့ အများတော့ အခက်အခဲ ရှိတတ်ကြတာချည်းပါပဲ။ Windows ကနေ Linux ပြောင်းဖို့နေနေသာသာ - Windows အချင်းချင်းမှာတောင် Windows XP သုံးနေကျသူ တစ်ယောက် Windows 7 ပြောင်းသုံးတဲ့ အချိန်မှာ အခက်အခဲ ရှိတတ်ပါတယ်။
အဲလို အားသာချက်တွေကြောင့် Linux distros ပေါင်း များစွာတည်းက Ubuntu ကို ရွေးချယ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Ubuntu က ဘာလဲ - ဘာကြောင့် ဒီ Ubuntu ကိုရွေးချယ်တာလဲ ဆိုတာနဲ့ ပတ်သတ်လို့တော့ ဒီလောက်ပါပဲ။ နောက်နေ့မှာ ဆက်စပ်နေတဲ့ နောက် အကြောင်းအရာ တစ်ခုကို ဆက်လက်ဖော်ပြသွားပါဦးမယ်။
( ၈ ) Ubuntu versions များ၏ ကွာခြားချက်များ။
Ubuntu ကို ကျွန်တော်တို့ အကြောင်းပြချက် အမျိုးမျိုးကြောင့် ရွေးချယ်မယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ နောက်ထပ် ရွေးချယ်နိုင်သေးတဲ့ Ubuntu versions တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူတို့က ဘာတွေကွာလဲ - ဘယ်လိုရွေးချယ်ရမလဲ ဆိုတာ ကျွန်တော်ဆက်ပြီး ဆွေးနွေးသွားပါ့မယ်။
- Ubuntu main release သူကတော့ Ubuntu ရဲ့ standard version ဖြစ်ပြီး users တွေ အသုံးပြုရ လွယ်ကူစေမယ့် Gnome desktop environment ကို အသုံးပြု ထားပါတယ်။ ဒါ့အပြင် Windows အတိုင်း အသုံးပြုရလွယ်ကူစေမယ့် programs တွေကိုလည်း စီစဉ်ထည့်သွင်း ထားပါတယ်။ တကယ်လို့ Ubuntu versions တွေထဲမှာမှ ဘာကိုရွေးချယ် ရမှန်း ဆုံးဖြတ်လို့ မရဘူး ဖြစ်နေမယ် ဆိုရင်တော့ ဒီ Ubuntu main release ကို ရွေးချယ်နိုင်ပါတယ်။
- Kubuntu သူကတော့ Ubuntu နေပဲ ခွဲထွက်လာပြီး GNOME အစား KDE desktop environment ကို အသုံးပြုထားတာပါ။ သူကလည်း Ubuntu project ရဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပြီး အခြေခံတည်ဆောက်ပုံချင်းလည်း ဆင်တူပါတယ်။ ဒါ့အပြင် Ubuntu နဲ့ Kubuntu က repositories ချင်းလည်း တူတူပါပဲ။
- Edubuntu သူကလည်း Ubuntu ကနေပဲ တရားဝင်ထုတ်လုပ်ထားတဲ့ ပညာရေးအထောက်အကူပြု OS တစ်ခု ဖြစ်ပါတယ်။ သူ့မှာ ပညာရေးဆိုင်ရာ အသုံးချ applications ပေါင်းများစွာ ထည့်သွင်းပြင်ဆင်ပေးထားပြီး GCompris, KDE Edutainment Suite, Schooltool Calendar စတာတွေပါဝင်ပါတယ်။ Edubuntu ရဲ့ ရည်ရွယ်ချက်ကတော့ ဆရာဆရာမများ - အသိပညာရှင် အတတ်ပညာရှင်များအတွက် အသုံးဝင်မယ့် OS တစ်ခုကို ဖန်တီးတင်ဆက်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
- Xubuntu သူလည်း Ubuntu ကနေ တရားဝင်ထုတ်လုပ်ထားတဲ့ OS တစ်ခုပါပဲ။ သူကတော့ Ubuntu မှာ အသုံးပြုတဲ့ GNOME အစား Xfce desktop environment ကို အသုံးပြုထားတဲ့ OS တစ်ခု ဖြစ်ပါတယ်။ သူ့ကို ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဟောင်းနွမ်းနေတဲ့ ကွန်ပြူတာတွေ ၊ အထူးသဖြင့် အရမ်းဟောင်းနွမ်းပြီး ရှာဖွေရခက်ခဲ့တဲ့ hardware drivers တွေတပ်ဆင်ထားရာ ကွန်ပြူတာတွေမှာ အဆင်ပြေပြေ အလုပ်လုပ်နိုင်ဖို့ hardware အားလုံးနဲ့ အစဉ်ပြေအောင် စီစဉ်ပေးထားတဲ့ OS တစ်ခုပဲ ဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ software တွေကိုတော့ Ubuntu main release မှာပါဝင်တဲ့ အတိုင်း အကုန်လုံးနီးပါး ပါဝင်အောင် စီစဉ်ထားပါတယ်။
- Gobuntu သူလည်း Ubuntu ခွဲထွက်ဖြစ်ပြီး သူ့မှာ ထူးခြားတာကတော့ Gobuntu ဟာ သူ့ရဲ့ desktop environment မှာ 100 % free ဖြစ်ရမယ်လို့ ဦးတည်ချက်ထားတဲ့ Free Software Foundation ရဲ့ ဦးတည်ချက်အတိုင်း ဘယ်သူ ဘယ်ဝါပိုင်ဆိုင်တယ်လို့ ခေါင်းစဉ်တပ်ထားတဲ့ software မျိုးတွေ ၊ ပြုပြင်ပြောင်းလဲခွင့် မရှိ - ပြောင်းလဲပြင်ဆင်ခွင့် မရှိဆိုပြီး တံဆိပ်တပ်ထားတဲ့ software မျိုးတွေကို လုံးဝအသုံးမပြုပါဘူး။ ဒါပေမယ့် Gobuntu ဟာ March 2009 ကနေ စပြီး Gobuntu 8.04.1 ကို သူ့ရဲ့ နောက်ဆုံး versions အဖြစ် ကြေငြာခဲ့ပြီး သူ့ရဲ့ project တွေအားလုံးကို Free Software တွေကိုပဲ အမြဲ ထည့်သွင်းမယ်လို့ ဦးတည်ချက်ထားတဲ့ Ubuntu ဆီကို ပေါင်းစည်းခဲ့ပါတယ်။
- MythBuntu သူကတော့ MythTV digital video recording software တွေထည့်သွင်းထားတဲ့ OS ပဲ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဒီနေရာကနေ သွားရောက်လေ့လာနိုင်ပါတယ်။
( ၉ ) Ubuntu ၏ Nickname များနှင့် Version number များအကြောင်း
( ၁၀ ) Ubuntu - Download ရယူနိုင်သော နေရာများ
ကျွန်တော်လည်း ခုနောက်ပိုင်း နဲနဲ စာရေး ကျဲနေမိတယ်။ အလုပ်နဲနဲ များနေလို့ စာပဲ ဖတ်ဖြစ်ပြီး စာရေးတဲ့ဘက် မလှည့်နိုင် ဖြစ်နေလို့ပါ။ ဒီနေ့တော့ ကျွန်တော် နည်းနည်း အားနေတာနဲ့ ရေးလက်စ Ubuntu အကြောင်းလေး ဆက်လိုက်ပါတယ်။
Ubuntu ကို Download ရယူဖို့ အတွက်ဆိုရင်တော့ အလွယ်ကူဆုံးနည်းဟာ Ubuntu website ရှိရာဆီ သွားလိုက်ခြင်းပါပဲ။ အဲလိုမှ မသွားချင်ဘူးဆိုလည်း ဒီနေရာကနေ နှိပ်လိုက်ပြီး သွားနိုင်ပါတယ်။ ဖော်ပြပါနေရာမှာ 32 bit ကို လိုချင်တာလား 64 bit ကို လိုချင်တာလားဆိုတာ ရွေးချယ်ပေးပြီး Download button ကို နှိပ်လိုက်ယုံပါပဲ။ ကိုယ့်စက်က 32 bit လား 64 bit လား ဆိုတာကို မခွဲခြား တတ်ခဲ့ဘူး - 32 bit နဲ့ 64 bit ဘာတွေကွာခြားလဲ ဆိုတာလည်း သိချင်မယ်ဆိုရင် ကျွန်တော် ဒီနေရာမှာ ရေးထားခဲ့ပြီးသား ရှိပါတယ်။ သွားရောက် ဖတ်ရှုနိုင်ပါတယ်။
တစ်ချို့ တိုက်ရိုက်ဒေါင်းလုပ်ချဖို့ အဆင်မပြေပဲ တစ်ခြားနည်းနဲ့ ရယူလိုသူများအတွက် Torrent နဲ့ ဒေါင်းလုပ်ချနိုင်ဖို့ကိုလည်း စီစဉ်ပေးထားပါတယ်။ ဒီနေရာကနေ သွားပေးပါ။ ဖော်ပြပါ နေရာမှာ Download ကို မိမိနေထိုင်ရာ Location ကို လိုက်ပြီး အနီးစပ်ဆုံးနေရာကနေ ဒေါင်းလုပ်ချနိုင်အောင် Mirror List တြွေပည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။
တစ်ချို့သူတွေအနေနဲ့ Torrent နဲ့ Download ချဖို့ မရင်းနှီးကြပဲ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ အခက်တွေ့နေကြသူတွေ ရှိပါတယ်။ ဒီအတွက် ဒီနေရာမှာ Torrent ကို ဘယ်လို အသုံးချရမယ်ဆိုတာ ကျွန်တော် အသေးစိတ်ဖော်ပြထားတာ ရှိပါတယ်။ တစ်ချက် ဖတ်ကြည့်ပေးပါ။
တကယ်လို့ အခွေကို ဒေါင်းလုပ်ချပြီး CD burn ရတာမျိုး မလုပ်ဆောင်ချင်ပဲ Ubuntu ကနေ တိုက်ရိုက်ပို့ပေးလာတဲ့ Ubuntu CD ကိုလိုချင်မယ်ဆိုရင်တော့ Ubuntu ရဲ့ Ship-It service ကနေ ဝန်ဆောင်မှု ပေးနေတာရှိပါတယ်။ ဒီနေရာကနေ သွားပြီး Free မှာယူနိုင်ပါတယ်။ ခုလို CD ကို Ship-It service ကနေ မှာယူမယ်ဆိုရင်တော့ မိမိနေထိုင်ရာ ဒေသကို လိုက်ပြီး သက်ဆိုင်သူဆီ ရောက်ရှိဖို့ ( ၆ ) ပတ်ကနေ ( ၁၀ ) ပတ်ကြား ကြာမြင့်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ စီဒီ တစ်ချပ်တည်း ပို့ဆောင်မှုအတွက် ကြာမြင့်ချိန်ဖြစ်ပြီး တကယ်လို့ Special Request အနေနဲ့ အချပ်ရေများများ ပိုမိုမှာယူမယ် ဆိုရင်တော့ ကြာမြင့်ချိန်ကလည်း ( ၁၂ ) ပတ်ကနေ ( ၁၆ ) ပတ်လောက်ထိ ပိုမိုကြာမြင့်သွားမှာ ဖြစ်ပါတယ်။ ဒါတွေ အကုန်လုံးက Free ပါ။ တကယ်လို့ Donate လုပ်ပြီး မှာယူချင်တာမျိုးဆိုလည်း ဖြစ်ပါတယ်။ မြန်မြန်လိုချင်တယ် မြန်မြန်သုံးချင်မယ် ဆိုရင်တော့ official Ubuntu shop ဖြစ်တဲ့ ဒီနေရာကနေ အမြန်ကြေးနဲ့ ဝယ်ယူနိုင်ပါတယ်။ အဲတာကတော့ Free မဟုတ်ပါဘူး။ သတ်မှတ်ကြေး ပေးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Ubuntu DVD‐ROM ဆိုတာလည်း ရှိပါသေးတယ် - သူ့မှာတော့ Ubuntu မှာထည့်သွင်းလို့ ရသမျှ Programs တွေ အားလုံးကို ထည့်သွင်းပေးထားပါတယ်။ ပုံမှန်အားဖြင့်တော့ Ubuntu DVD‐ROM ဟာ ဆောင်ထားဖို့ မလိုပါဘူး။ ဘာကြောင့်လဲ ဆိုရင် Ubuntu software အားလုံးဟာ လိုအပ်တဲ့ အချိန်တိုင်း အလကား ဒေါင်းလုပ်ချလို့လည်း ရနေပြီး - Update software တွေဆိုတာလည်း ခဏခဏ ထွက်နေလို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်တာနက်နဲ့ ချိတ်ဆက်ပြီး အစဉ်အမြဲ Update မပေးနိုင်သူ - အင်တာနက်နဲ့ ချိတ်ဆက်ပြီး Software ဒေါင်းလုပ် မလုပ်နိုင်သူတွေ အတွက်တော့ ဒီ Ubuntu DVD‐ROM က ဆောင်ထားဖို့ သင့်ပါတယ်။ တကယ်လို့ Ubuntu DVD‐ROM ကို ရယူချင်မယ်ဆိုရင် ဒီနေရာနေ ရယူနိုင်ပါတယ်။ 4 G ရှိပါတယ်။
Ubuntu Download ရယူနိုင်မယ့် နည်းလမ်း အဆင့်ဆင့် အနေနဲ့တော့ ဒီလောက်ပါမယ်။ နောက်နေ့တွေမှာ Install လုပ်ဆောင်နည်းတွေ အကြောင်းကို ဆက်လက်ဖော်ပြသွားပါ့မယ်။
( ၁၁ ) Ubuntu CD ပြုလုပ်နည်းများ။
95 / 98 / ME / 2000 / XP / Server 2003 / Vista: Infra Recorder
- Free ပေးပြီး Opensource ဖြစ်တဲ့ Infra Recorder ကို ဖော်ပြပါနေရာကနေ အရင်ဆုံး Download ရယူပြီး install လုပ်ဆောင်လိုက်ပါ။
- Blank CD တစ်ခုကို drive ရှိရာဆီ ထည့်သွင်းပါ။ တကယ်လို့ Autorun dialog တက်လာမယ်ဆိုရင် ပိတ်ပစ်လိုက်ပါ။
- Infra Recorder ကိုဖွင့်ပြီး main screen မှာ ရှိနေတဲ့ 'Write Image' button ကို click ပေးပါ။ နောက်တစ်နည်း လုပ်ဆောင်လို့ ရတာကတော့ 'Actions' menu ကနေ 'Burn image' ကို click ပေးလို့လည်း ရပါတယ်။
- Download ချထားတဲ့ Ubuntu CD image file ရှိရာနေရာကို ရွေးချယ်ပေးပြီး 'Open' ကို နှိပ်ပါ။
- 'OK' ကို click ပေးပါ။
- ISO Recorder ကို ဖော်ပြထားရာနေရာကနေ ဦးစွာ download ရယူပြီး install လုပ်ဆောင်လိုက်ပါ။
- CD အလွတ်တစ်ချပ်ကို drive ရှိရာဆီ ထည့်သွင်းပါ။
- Windows Explorer button ကနေတဆင့် ISO file ရှိရာကို browse လုပ်ပြီး "Next" ကိုဆက်သွားပါ။
Windows 7
အပေါ်မှာ ဖော်ပြခဲ့တဲ့ Software တွေ နည်းလမ်းတွေက Windows 7 မှာ သုံးမရလို့လား ဆိုတော့ မဟုတ်ပါဘူး။ သုံးလို့ ရပါတယ်။ ကျွန်တော် ဒီအောက်မှာ Windows 7 ကနေ အခွေရိုက်ပုံကို ဆက်လက်ဖော်ပြဖြစ်တဲ့ အကြောင်းအရင်းက Windows 7 မှာ မူရင်းပါပြီးသား အခြွေပုလုပ်ပုံ လုပ်ငန်းစဉ်ကို သတိမပြုမိသူတွေ - သတိပြုမိစေဖို့ပဲ ဖြစ်ပါတယ်။
- ISO image ပေါ်မှာ Right-click ပေးပြီး “Burn disc image” ကိုရွေးချယ်ပါ။
-
- ကိုယ့်စက်မှာ ရှိနေတဲ့ disk burner (drive) ကို ရွေးချယ်ပေးပြီး "Burn" ကိုနှိပ်လိုက်ယုံပါပဲ။
Ubuntu CD ပြုလုပ်ပုံ ပြုလုပ်နည်း အနေနဲ့ကတော့ ဒီလောက်ပါပဲ။ နောက်နေ့တွေမှာ Install လုပ်ဆောင်နည်းတွေ အကြောင်း စတင်ပါတော့မယ်။
( ၁၂ ) Minimum System Requirements များအား စစ်ဆေးခြင်း
ဖြည်းဖြည်းချင်း ရေးလာခဲ့တာ ခုဆို တဖြည်းဖြည်းနဲ့ အရေးပါတဲ့ အခန်း ကဏ္ဍကို ရောက်လာခဲ့ပါပြီ။ ကျွန်တော်လည်း ဒီ လူစိတ်မဝင်စားကြတဲ့ အကြောင်းအရာကို တစ်ယောက်တည်း ရေးနေရတာ ပျင်းလာလိုက် - နောက် ခေါင်းစဉ်ဆန်းဆန်းလေး တစ်ခုဆီ ပြောင်းရေးလိုက်နဲ့ အကြောင်းအရာကို ရှေ့ဆက်ရေးဖို့ တော်တော်အားမွေးနေရပါတယ်။ ခု စိတ်မဝင်စားကြပေမယ့် လည်း နောင်တစ်ချိန်တော့ သူတို့ အားလုံး အသုံးလိုတဲ့ အခါ အထောက်အကူ ရနိုင်ကောင်းပါရဲ့ ဆိုတဲ့ စိတ်တစ်ခုနဲ့ ဆက်ပြီး ရှေ့တိုးနေတာပါ။
ကျွန်တော် ဒီတစ်ခါ ဆွေးနွေးမယ့် အကြောင်းအရာက Minimum System Requirements အား စစ်ဆေးခြင်းပါ။ ခေါင်းစဉ်သေးပေမယ့် သူ့က အကြောင်းအရာ တော်တော် ကျယ်ပြန့်ပါတယ်။ အရင်အတိုင်းပဲ နဲနဲချင်း ရှေ့တိုးရမှာပါပဲ။ အပေါ်မှာ ကျွန်တော် တဆင့်ချင်း ဆွေးနွေးခဲ့တဲ့ အတိုင်း Ubuntu ( Linux ) ရဲ့ အကြောင်းကို တီးမိခေါက်မိရှိပြီ။ Windows နဲ့ Linux မှာ ဘာတွေ အားသာချက် အားနည်းချက်တွေ ရှိလဲ ဆိုတာလည်း သိပြီ။ ကိုယ့်အတွက် ဘယ်လို Distros ကိုရွေးချယ်မယ်ဆိုတာလည်း ဆုံးဖြတ်လို့ ရပြီ - ဟုတ်ပါပြီ - ဒါဆိုရင် ကျွန်တော်တို့ Install လုပ်ဆောင်ဖို့ တော်တော်များများ အသင့်ဖြစ်နေပါပြီ။
ဒါပေမယ့် မလောပါနဲ့ဦး - ကျွန်တော်တို့ ဆုံးဖြတ်ဖို့ နောက်တစ်ဆင့် ကျန်ပါသေးတယ်။ Ubuntu အတွက် သတ်မှတ်ထားတဲ့ Minimum System Requirements တွေ ပြည့်စုံပြီလား ?? ဒါကို ကျွန်တော်တို့ Ubuntu Install လုပ်ဆောင်မယ့် ကွန်ပြူတာမှာ စစ်ဆေးရပါမယ်။ ဘာကြောင့်လဲ ဆိုရင် လိုအပ်မယ့် Minimum System Requirements ကို မပြည့်မှီမယ့် Computer မျိုးတွေမှာ Ubuntu ကို Install လုပ်ဆောင်မိတဲ့ အခါ နောက်ဆက်တွဲ ပေါ်ပေါက်လာနိုင်မယ့် ပြဿနာရပ်တွေကို Install မလုပ်ခင်တည်းက ကာကွယ်တားဆီး ထားနိုင်အောင်လို့ပါ။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက်တယ် မဟုတ်ပါလား။
Ubuntu Desktop (GUI) Installation လုပ်ဆောင်ရန် အတွက် လိုအပ်သော Recommended Minimum System Requirements
- 1 GHz x86 processor
- 1 Gb of system memory (RAM)
- 15 Gb of disk space
- Graphics card and monitor capable of 1024x768
- CD-ROM drive
- Sound support
- Internet access
Ubuntu Server (CLI) Installation လုပ်ဆောင်ရန် အတွက် လိုအပ်သော Recommended Minimum System Requirements
- 300 MHz x86 processor
- 128 MiB of system memory (RAM)
- 1 GB of disk space
- Graphics card and monitor capable of 640x480
- CD-ROM drive
Ubuntu Desktop နဲ့ Ubuntu sever တစ်ခုချင်းစီအလိုက် ဘယ်လောက်ထိ Minimum System Requirements တွေ လိုအပ်မယ်ဆိုတာ ကျွန်တော်တို့ ခု သိပါပြီ။ ဒါပေမယ့် ကွန်ပြူတာနဲ့ ပတ်သတ်ပြီး ရင်းနှီးမှု သိပ်မရှိသေးတဲ့ Newbies တွေ အနေနဲ့ ကိုယ့်စက်မှာ ရှိနေတဲ့ System Information ကို ဘယ်လို သိနိုင်မလဲ ဆိုတာ နားလည်ရခက်နေတတ်ပြန်ပါတယ်။ ဒီအတွက် ကိုယ့်စက်မှာ ရှိနေတဲ့ System Information တွေကို ဘယ်လို သိရှိအောင် လုပ်ဆောင်နိုင်မလဲ ဆိုတာ တစ်လက်စတည်း မိတ်ဆက်ပေးသွားပါ့မယ်။ အဲလို သိရှိမှလည်း ကိုယ့်စက်မှာ ရှိနေတဲ့ System Information နဲ့ အပေါ်မှာ ဖော်ပြထားတဲ့ Minimum System Requirements ကို နိှုင်းယှဉ်သုံးသပ်လို့ ရမယ် မဟုတ်ပါလား။
မိမိကွန်ပြူတာမှာ ရှိနေတဲ့ System information ကို သိရှိနိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်နည်းတွေကတော့ မြောက်များစွာ ရှိပါတယ်။ ဒါပေမယ့် အားလုံးထဲကမှ အသုံးပြုရလွယ်ကူပြီး လူကြိုက်များတဲ့ Software ( 2 ) ခုနဲ့ မိတ်ဆက်ပေးသွားပါ့မယ်။ သူတို့ ( ၂ ) မျိုးကတော့ -
- Everest Ultimate Edition နဲ့
- SIW - System Information for Windows ပဲ ဖြစ်ပါတယ်။
Everest Ultimate Edition ဟာ system diagnostic နဲ့ report generator software တစ်ခုဖြစ်ပါတယ်။ သူ့ကို အသုံးပြုမယ် ဆိုရင် ကိုယ့်စက်ထဲမှာ ရှိနေတဲ့ System information ကိုလည်း သိရှိနိုင်သလို - ကိုယ့် OS မှာ ဖြစ်ပျက်နေတဲ့ ပြဿနာရပ်တွေကို ရှာဖွေပေးနိုင်ပြီး ဘာတွေ ဖြစ်နေလည်း ဆိုတာကိုပါ Report ထုတ်ပေးနိုင်ပါတယ်။ Everest Ultimate Edition ဟာ ကောင်းတာ မှန်ပေမယ်လို့ အသုံးပြုချင်တယ်ဆိုရင် ပုံမှန်အရ Buy it now. ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်တာနက် ကမ္ဘာရဲ့ ထုံးစံအတိုင်း Software နာမည်ကြီးတာမှန်ရင် ဘယ်လောက်ပဲ ပိုက်ဆံတောင်းတောင်း အလကား သုံးလို့ ရအောင် ဖန်တီးထားပြီးသားတွေ ရှိနေပါတယ်။ အသုံးလိုမယ် ဆိုရင် ဒီအောက်ကနေ ရယူနိုင်ပါတယ်။ Versions နှစ်မျိုး တင်ပေးထားတာပါ။ တစ်ခု ဒေါင်းလုပ်ချရင်ကို လုံလောက်ပါတယ်။ ( ၂ ) ခုလုံးမလိုပါဘူး။
Download Here !!
- Lavalys EVEREST All Editions v5.50.2100 + Serials 13.863 MB
- EVEREST 5.30 Build 1900 9.683 MB
SIW - System Information for Windows သူကတော့ Windows မှာရှိနေတဲ့ System information အသေးစိတ် တွေကို စစ်ဆေးဖော်ပြပေးတဲ့ Tool တစ်မျိုး ဖြစ်ပါတယ်။ စစ်ဆေးဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း (CSV, HTML, TXT သို့မဟုတ် XML) တွေနဲ့ Report လုပ်ပေးနိုင်ပါတယ်။ သူ့မှာ Pro versions နဲ့ Free versions ဆိုပြီး နှစ်မျိုး ရှိပြီး System information ကို သိယုံလောက် အတွက်ဆိုရင်တော့ Free version ကို သုံးယုံနဲ့တင် အဆင်ပြေပါတယ်။ အသုံးလိုမယ် ဆိုရင် ဒီအောက်ကနေ ရယူနိုင်ပါတယ်။ Versions နှစ်မျိုး တင်ပေးထားတာပါ။ SIW With Installer ဆိုတာ Install လုပ်ဆောင် အသုံးပြုရမှာ ဖြစ်ပြီး SIW Without Installer (English-Only) ကတော့ Portable သဘောမျိုး ဖြစ်ပါတယ်။ ( ၂ ) ခုလုံးက Free versions တြွေဖစ်ပါတယ်။
Download Here !!
- ATI ( some may require the proprietary fglrx driver )
- Intel ( i915 or better, except GMA 500, aka "Poulsbo" )
- NVidia (with their proprietary driver )
Graphic cards နဲ့ ပတ်သတ်ပြီး ပြည့်စုံတဲ့ အချက်အလက်တွေ နောက်ထပ်သိချင်ဦးမယ် ဆိုရင်တော့ ဒီနေရာကနေ သွားရောက် လေ့လာနိုင်ပါသေးတယ်။
ခုဆိုရင် ကျွန်တော်တို့ Ubuntu Desktop နဲ့ Ubuntu sever တစ်ခုချင်းစီအလိုက် Recommended Minimum System Requirements ဘယ်လောက်ရှိလဲ ဆိုတာသိပြီ။ Windows မှာ ရှိနေတဲ့ System information ကို အသေးစိတ်ရှာဖွေ ပေးနိုင်မယ့် Tools တွေကိုလည်း သိပြီ။ အဲ့ Software တွေ ဘယ်လို Download ရယူရမယ် ဆိုတာလည်း သိပြီ။ ဒါဆိုရင် ခုပဲ ကိုယ့် စက်မှာရှိနေတဲ့ System information ဟာ Recommended Minimum System Requirements နဲ့ လိုက်မှီမမှီ စစ်ဆေးကြည့်လိုက်ပါ။
တကယ်လို့ ကိုယ့်စက်မှာ ရှိနေတဲ့ System information မှာ ဖော်ပြထားတဲ့ hardware တွေက Recommended Minimum System Requirements ထက် နိမ့်ကျနေခဲ့မယ် ဆိုရရင်ရော ?? ဒီလိုဆိုရင်တော့ ကျွန်တော်တို့ Versions ပြောင်းလဲပစ်ဖို့ လိုပါပြီ။ Lightweight GUI နဲ့ ( Xubuntu ) ဆိုတာ ရှိပါတယ်။ အပေါ်မှာလည်း ဖော်ပြခဲ့ပြီးသားပါ။
Xubuntu အတွက်လိုအပ်မယ့် Minimum system requirements တွေကတော့ -
- 256 MiB of system memory (RAM)
- 2 GB of disk space
- Graphics card and monitor capable of 800x600 resolution
( ၁၃ ) Ubuntu Installation အမျိုးအစားများ
အထက်ပါ စာကြောင်းတွေကို ဖတ်မိတာနဲ့ ဒီ install လုပ်ဆောင်နည်းက နဲနဲပိုရှုပ်တော့မလို ထင်စရာ ရှိပါတယ် - ဒါပေမယ့် လည်း ထင်သလောက် ခက်ခက်ခဲခဲ မရှိပါဘူး - Windows နဲ့ side-by-side အလိုလျောက် ယှဉ်တွဲပြီး intall လုပ်ဆောင်နိုင်ဖို့ Ubuntu installation software မှာ Install them side by side, choosing between them each startup. ဆိုတဲ့ option ပါဝင်ပြီးသား ဖြစ်ပါတယ်။ တကယ်လို့ Install them side by side, choosing between them each startup. ဆိုတဲ့ option နဲ့ install မလုပ်ဆောင်ချင်ပဲ တစ်ခြား Options တွေနဲ့ လုပ်ဆောင်မယ်ဆိုလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအကြောင်းအရာက ကျယ်ပြန့်တဲ့ အတွက်ကြောင့် ကျွန်တော် ဖြေးဖြေးရှင်း ပြည့်စုံအောင် ကြိုးစားပေးသွားပါ့မယ်။ Linux ကို လေ့လာတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ သူတစ်ယောက်အတွက် လတ်တလောမှာ လေ့လာထားသင့်တဲ့ မြန်မာဘာသာ သင်ခန်းစာတွေကို ဒီအောက်မှာ ပူးတွဲ ဖော်ပြလိုက်ပါတယ်။
Ubuntu Linux 7.04 Install လုပ်ဖို့အတွက် မြန်မာလိုပုံလေးတွေနဲ့ ရှင်းပြထားတဲ့စာအုပ်လေးပါ။ ( ကိုဟိန်း )
Linux မြန်မာဘာသာ သင်ခန်းစာများ
( ၂ ) Windows အတွင်း Install လုပ်ဆောင်ခြင်း။
Windows software တစ်ခုဖြစ်တဲ့ Wubi ဆိုတာ Windows filesystem အတွင်းမှာပဲ Ubuntu ကို virtual hard disk files တွေအနေနဲ့ install လုပ်ဆောင်ပြီး အသုံးပြုနိုင်ဖို့ ဖန်တီးပေးတဲ့ software ဖြစ်ပါတယ်။ Install လုပ်ဆောင်ပြီးတဲ့ အချိန်မှာလည်း booting လုပ်တဲ့ အချိန်မှာ Ubuntu ကို သုံးမှာလား Windows ကိုသုံးမှာလား ဆိုတာ မေးမြန်းပြီး ကြိုက်နှစ်သက်ရာကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ တကယ်လို့ ကိုယ်က Ubuntu ကို သုံးမယ်ဆိုပြီး ရွေးချယ်ဝင်ရောက် လိုက်တဲ့ အချိန်မှာ ခုနက ပြောခဲ့တဲ့ virtual hard disk files တွေဟာ ချက်ချင်းဆိုသလို real disks အနေနဲ့ ပြောင်းလဲသွားပြီး OS လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ထားရတဲ့ ရည်ရွယ်ချက်ကတော့ user တွေအနေနဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် partition-based installation တွေကို ဘာမှ သိထားစရာ မလိုပဲ Ubuntu ကို အသုံးပြုနိုင်အောင် စီမံပေးချင်တဲ့ Ubuntu ရဲ့ စေတနာပဲ ဖြစ်ပါတယ်။
Wubi ကို သုံးပြီး Ubuntu ကို install လုပ်ဆောင်တာဟာ ပုံမှန် ကျွန်တော်တို့ Windows မှာ software တစ်ခုခုကို install လုပ်ဆောင်ရတာနဲ့ ဘာမှ ထူးပြီး မကွာခြားလှပါဘူး - ပုံမှန်အတိုင်း သူ့ကို Remove လုပ်ချင်တယ် ဆိုရင်လည်း Windows ရဲ့ Add/Remove Programs ထဲမှာ Ubuntu က ရှိနေပြီး အဲကနေ တစ်ဆင့် Remove လုပ်လိုက်ယုံပါပဲ။ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်တဲ့ partition-based installation နဲ့ ကွာခြားသွားတဲ့ အချက်တစ်ခုက Wubi ကို သုံးပြီး install လုပ်ဆောင်ထားတဲ့ Ubuntu ဟာ partition-based installation ထက် performance ပိုင်းဆိုင်ရာမှာ နဲနဲလေး ညံ့နေတယ်ဆိုတာပါ။
ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ကျွန်တော် ဒီခေါင်းစဉ်ကို မရေးသားခင်တည်းက ပြည့်စုံအောင် ဆွေးနွေးပေးထား ကြတဲ့ မိသားစုဝင်တွေ ရှိပါတယ်။ လေ့လာစေချင်ပါတယ်။ ပြည့်စုံပြီးသား အကြောင်းအရာတစ်ခု ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော့်အနေနဲ့ ဒီအကြောင်းအရာကို နောက်ကဏ္ဍတွေမှာ ဖြည့်သွင်းဆွေးနွေးသွားမှာ မဟုတ်ပါဘူး။
Windows ပေါ်မှာ Ubuntulinux ကို ဘယ်လို Install လုပ်ပြီး run မလဲ။ ( ကိုပိုးကောင်လေး ၈ရ )
Windows ပေါ်မှာ Ubuntu Linux ကို ဘယ်လို Install လုပ်ပြီး run မလဲ။ ( ကိုပိုးကောင်လေး ၈ရ )
( ၃ ) Virtual box အား အသုံးပြု၍ install လုပ်ဆောင်ခြင်း။
နောက်နည်းလမ်း တစ်ခုကတော့ virtual computer application လို့ခေါ်တဲ့ VirtualBox ကို အသုံးပြုပြီး Ubuntu ကို install လုပ်ဆောင်ခြင်းပါ။ သူ့ကို ဒီနေရာကနေ Free ရယူနိုင်ပါတယ်။ ဒီကောင်ကို အသုံးပြုခြင်း အားဖြင့် Ubuntu ကို ကျွန်တော်တို့ ရဲ့ Windows desktop ပေါ်မှာပဲ Install လုပ်ထားတဲ့ program တစ်ခုလို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းကို အသုံးပြုခြင်းအားဖြင့် Ubuntu ကို စမ်းသပ်တဲ့နေရာမှာ partition-based installation လိုမျိုး partition ပိုင်းရတဲ့ ဒုက္ခတွေ လွတ်ကင်းပြီး မူရင်းဝင်းဒိုးကို မထိခိုက်စေပဲ Ubuntu ကိုစမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆုတ်ယုတ်မှု အနေနဲ့ကတော့ VirtualBox နဲ့ စမ်းသပ်တဲ့ Ubuntu ဆိုတာ တကယ့် Ubuntu ကို partition ပိုင်းပြီး အသုံးပြုနေရသလိုမျိုး ထူးခြားချက်တွေကို ခံစားရမှာ မဟုတ်ပါဘူး ဥပမာအနေနဲ့ ပြောရရင် desktop visual effects တွေ အလုပ်လုပ်မှာ မဟုတ်ပါဘူး - ဒါတင်မက VirtualBox နဲ့ Ubuntu ကိုစမ်းသပ်တဲ့အချိန်မှာ ပုံမှန်စွမ်းဆောင်ရည် ရရှိနိုင်စေဖို့အတွက် ကိုယ့်ကွန်ပြူတာမှာ အနည်းဆုံး Memory 1 GB နဲ့ အထက်ရှိနေဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ VirtualBox နဲ့ ပတ်သတ်ပြီး ဘယ်လို အသုံးပြုရမယ်ဆိုတာ မိသားစုဝင်တွေ ဆွေးနွေးထားပြီးသားရှိပါတယ်။ ပြည့်စုံပြီးသား အကြောင်းအရာတစ်ခု ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော့်အနေနဲ့ ဒီအကြောင်းအရာကို နောက်ကဏ္ဍတွေမှာ ဖြည့်သွင်းဆွေးနွေးသွားမှာ မဟုတ်ပါဘူး။ အောက်ဖော်ပြပါ links အသီးသီး ကနေ VirtualBox ကို ဘယ်လို အသုံးပြုရတယ်ဆိုတာ သွားရောက် လေ့လာနိုင်ပါတယ်။
How To Install Ubuntu 10.04 on Virtual Box. ( ကိုကျောက်ဖြူ )
Hard disk အတုများတည်ဆောက်၍ စိတ်ကြိုက် OS များ install လုပ်ခြင်း။ ( ကိုဇော် - ဒဂုံ )
Virtual box. ( ကိုဘိုငယ် )
http://www.youtube.com/watch?v=5baDknt6Z7w
( ၁၄ ) Windows နှင့် Ubuntu အား Dual-booting စနစ်ဖြင့် ယှဉ်တွဲ အသုံးပြုခြင်း - အပိုင်း ( ၁ )။
ကျွန်တော် ဒီအကြောင်းကို ရေးမယ် ရေးမယ်နဲ့ ရှေ့မဆက်ဖြစ်ခဲ့တာ တော်တော်လေး ကြာပါပြီ - အကြောင်းကလည်း ဖိုရမ်က တစ်ခြား အခက်အခဲလေးတွေ နိုင်သလောက် လိုက် ဖြေရှင်း ပေးနေတာရယ် - တစ်ခြား စိတ်ကူးထဲ ရေးချင်စိတ် ပေါ်လာ တာလေးတွေ ပြောင်းရေး နေတာရယ်ကြောင့် ရှေ့မဆက်နိုင်ပဲ ဖြစ်နေတာပါ။ ခုတော့ ပြန်ဆက်လိုက်ပါဦးမယ်။
Windows နှင့် Ubuntu အား Dual-booting စနစ်ဖြင့် ဘယ်လို ယှဉ်တွဲပြီး အသုံးပြုမလဲ ဆိုတာ ပုံမှန် Dual-boot နဲ့ ဝင်းဒိုး ( ၂ ) ခု တွဲသုံးဖူးသူတိုင်း အနည်းနဲ့ အများ လုပ်ဆောင်တတ်ကြပါတယ်။ လုပ်ဆောင်ရတဲ့ နည်းလမ်းတွေ ဆိုတာကလည်း ပုံမှန်အားဖြင့်တော့ သိပ်အများကြီး မကွာခြားလှပါဘူး - ဒါပေမယ့် ကျွန်တော် ဒီခေါင်းစဉ်ကို စရေးကတည်းကိုက နားလည်ပြီးသား သူတွေအတွက် ရည်ရွယ်ပြီး ရေးတာ မဟုတ်လို့ အခြေခံလေ့လာသူတွေအတွက် နားလည်လွယ်အောင် တတ်နိုင်သမျှ ပြည့်စုံသထက် ပြည့်စုံအောင် ကျွန်တော်ကြိုးစားသွားမှာပါ။ တစ်ချို့က လောတတ်ကြပါတယ်။ ရှေ့ကို အရမ်းရောက်ချင်ကြတယ်။ ကျွန်တော် အကြံပြုချင်တာကတော့ တကယ်တမ်း ရှေ့ကိုရောက်ချင်တာ မှန်ရင် မလောပါနဲ့ - အခြေခံလေးတွေကို သေသေချာချာ လေ့လာပြီးမှ ရှေ့ကိုတိုးပါ။ Windows ပဲ ဖြစ်ဖြစ် Linux ပဲ Mac OS X ပဲ ဖြစ်ဖြစ် ဘယ် OS မျိုး မဆို users သုံးရလွယ်အောင် လုပ်ထားတာ ချည်းပါပဲ - အခြေခံ သဘောတရားတွေကို ကျေကျေညက်ညက် သဘောပေါက် သွားရင် နောင်တစ်ချိန် အဆင့်မြင့်တဲ့ အကြောင်းအရာတွေကို လေ့လာတဲ့ အခါ အခြေခံ ရှိရာဆီ နောက်ပြန်လှည့်ကြည့်စရာ မလိုတော့ပဲ ဖြောင့်ဖြောင့်တန်းတန်း ရှေ့ဆက်လေ့လာ နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ ရှေ့ဆက်ကြရအောင်ပါ။
အဖွင့်
အရင်တစ်ချိန် ကွန်ပြူတာ စသုံးခါစတုန်းကတော့ OS ဆိုတာလည်း မသိဘူး - Windows ဆိုတာလည်း မသိဘူး - ကွန်ပြူတာ တစ်လုံးမှာ OS နှစ်ခု တွဲသုံးလို့ ရတယ် ဆိုတာလည်း မသိဘူး - ယုတ်စွအဆုံး User accounts တောင် တစ်ခုထက် ပိုသုံးလို့ ရတယ် ဆိုတာ မသိခဲ့ပါဘူး - တကယ်တော့ ကိုယ့်လက်ထဲမှာ ကွန်ပြူတာ တစ်လုံး ရှိနေပြီ ဆိုရင် စက်ရဲ့ စွမ်းဆောင်ရည်ကို လိုက်ပြီး OS တစ်ခုထက် မက ပိုသုံးလို့ရပါတယ်။ သူက ဘယ်လိုလုပ်ဆောင်သွားတာလဲ ဆိုရင် ကွန်ပြူတာကို စဖွင့်လိုက်တဲ့ ချိန်မှာ ကိုယ် installed လုပ်ထားတဲ့ OS တွေထဲက ဘယ် OS ကို အသုံးပြုမှာလဲ ဆိုတာ ကွန်ပြူတာက ရွေးချယ်ခိုင်းပြီး အသုံးပြုသူက မိမိအသုံးပြုချင်ရာ OS ကို ရွေးချယ် အသုံးပြုသွားနိုင်တဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ ဒါကိုပဲ ကျွန်တော်တို့က dual-booting လို့ ခေါ်ဆိုကြပါတယ်။
Dual-booting အသုံးပြုခြင်း၏ ကောင်းကျိုးများ
တကယ်လို့ Windows နဲ့ Ubuntu ကို Dual-booting စနစ်နဲ့ ယှဉ်တွဲ အသုံးပြုမယ် ဆိုရင် ရရှိနိုင်မယ့်ကောင်း ကျိုး တွေကတော့ အောက်ဖော်ပြပါအတိုင်းပဲ ဖြစ်ပါတယ်။
- အကြောင်းအမျိုးမျိုးကြောင့် Windows ကို access လုပ်ဖို့ အခက်အခဲ ရှိလာတဲ့ အချိန်မှာ Ubuntu ကနေပြီး Windows ကို အထိုက်လျောက် ပြင်ဆင်နိုင်ပါလိမ့်မယ်။ ဘယ်လိုမှ ပြင်ဆင်လို့မရတဲ့ အခြေအနေနဲ့ ကြုံခဲ့ရမယ် ဆိုရင်တောင် Windows ထဲမှာ ရှိနေတဲ့ မိမိရဲ့ အရေးပါတဲ့ ဖိုင်တွေ ၊ ဖိုဒါတွေကို သိမ်းဆည်းနိုင်ပါလိမ့်မယ်။
- Windows မှာပဲ သုံးလို့ ရတဲ့ applications မျိုးတွေ အတွက် အသုံးလိုလာရင် Windows ထဲကို ဝင်ပြီး အသုံးပြုနိုင် ပါလိမ့်မယ်။
- Ubuntu နဲ့စိမ်းနေသေးတဲ့ သူတစ်ယောက် အတွက် Ubuntu အကြောင်း လေ့လာရင်း ဘာတွေ လုပ်ဆောင်ထားဖို့ လိုအပ်မလဲ ဆိုတာ အသေးစိတ် ဖြေးဖြေးချင်း စီစဉ်သွားနိုင်ပါတယ်။
Dual-booting အသုံးပြုခြင်း၏ ဆိုးကျိုးများ
- Operating systems နှစ်ခုကို installed လုပ်ဆောင်ထားတာ ဖြစ်တဲ့ အတွက် hard disk space ကို ပိုပေးထားရပါလိမ့် မယ်။
- Windows နဲ့ နောက် versions အသစ်တစ်ခု ပေါ်လို့ Upgrade လုပ်တဲ့ အခါ ( သို့တည်းမဟုတ် ) Windows အသစ်တင်တဲ့ အခါမှာ dual-boot configuration မှာ အပြောင်းအလဲတွေ ဖြစ်ပြီး Ubuntu ကို access လုပ်မရ ဖြစ်တတ်ပါတယ်။
- Start-up time သာမန်ထက်ပိုပြီး နဲနဲကြာတတ်ပါတယ်။
- OS နှစ်ခုကို တင်ပြီး အသုံးပြုနေတာမို့လို့ Operating system တစ်ခုတည်း တင်ပြီး အသုံးပြုနေရတာထက် ပိုပြီး လုပ်ဆောင်ရ ရှုပ်ထွေးတတ်ပါတယ်။
အခြေခံ အကြောင်းအရာများ
- Hard disk ကို partitions တွေအဖြစ် စိတ်ပိုင်းရပါမယ်။
- တကယ်လို့ hard disk drive တစ်ခုထက်မက ရှိနေရင် partition တစ်ခုချင်းစီဟာ manage လုပ်နိုင်တဲ့ အနေအထားမှာ ရှိရပါမယ်။
- Operating systems တွေကို မတူညီတဲ့ partitions တွေမှာ install လုပ်ဆောင်ရပါမယ်။
- Boot loader ကနေပြီး ဘယ် operating system ကို ရွေးချယ်မှာလဲ ဆိုတာနဲ့ စတင်ပါလိမ့်မယ်။
Hard disk partitions များအကြောင်း
Partition တစ်ခုချင်းစီတိုင်းဟာ filesystem တွေနဲ့ format ချ ဖွဲ့စည်းထားပါတယ်။ Formatting လုပ်တယ်ဆိုတာ partition တစ်ခုပေါ်မှာ filesystem တစ်ခုကို ဖွဲ့စည်းတည်ဆောက်တာပါ။ ဒီ filesystem တွေပေါ် မူတည်ပြီး OS တွေက လည်ပတ်လှုပ်ရှားတာ ဖြစ်ပါတယ်။ filesystem အမျိုးအစား အမျိုးမျိုးရှိပြီး တစ်ခုခြင်းစီမှာ သူ့ရဲ့ ကိုယ်ပိုင် အားသာချက်တွေ ကန့်သတ်ချက်တွေ ရှိပါတယ်။ Dual boot system မှာ အသုံးပြုလို့ ရတဲ့ ယေဘုယျ filesystem တွေကတော့ NTFS, FAT32, ext3 နဲ့ ext4 တို့ပဲ ဖြစ်ပါတယ်။ NTFS ဆိုတာ Windows မှာ default အနေနဲ့ သုံးတဲ့ filesystem ဖြစ်ပြီး Linux အနေနဲ့ အဲ့ဒီ့ filesystem ပေါ်မှာ Data တွေကို လုံလုံခြုံခြုံ မရေးသားနိုင်ပါဘူး။ Ubuntu က အဲ့ဒီ့ filesystem ကို read-only အနေနဲ့ပဲ သတ်မှတ်ပြီး Linux ရဲ့ မူလလက်ဟောင်း filesystem ကတော့ ext3 ပဲဖြစ်ပါတယ်။ အဲ့ဒီ့ Linux filesystem တွေကို Windows ကနေ access လုပ်နိုင်တဲ့ tools အမျိုးမျိုး ရှိပြီး ဥပမာ အနေနဲ့ ပြရရင် ext2fsd ပဲ ဖြစ်ပါတယ်။ FAT32 ( သူ့ကို vfat အနေနဲ့လည်း သိကြပါတယ်။ ) ဆိုတာကလည်း Linux အတွက် Data တွေကို လုံလုံခြုံခြုံရေးသားနိုင်တဲ့ filesystem တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ dual system ကို သုံးမှာ ဖြစ်တဲ့ အတွက်ကြောင့် ပုံမှန်အားဖြင့် ဖြစ်သင့်တာက Linux နဲ့ Windows နဲ့ ကြားမှာ files တွေကို Sharing လုပ်ပြီး သုံးချင်တယ် ဆိုရင် အကောင်းဆုံးက FAT32 filesystem ကို အသုံးပြုဖို့ပါပဲ။ တကယ်လို့ ext3 နဲ့ ext4 ဆိုတဲ့ Linux filesystem တွေကို အသုံးပြုပြီး Dual - boot အနေနဲ့ Ubuntu ကို install လုပ်လိုက်တဲ့ အခါ Ubuntu မှာ Windows files တွေကို access လုပ်နိုင်ပေမယ့် Windows မှာတော့ Ubuntu partitions တွေထဲမှာ ရှိနေတဲ့ ဖိုင်တွေကို access လုပ်လို့ မရတဲ့ ပြဿနာနဲ့ ကြုံနိုင်ပါတယ်။
Partition အမျိုးအစားတွေအနေနဲ့ ( ၂ ) မျိုး နှစ်စား ရှိပြီး အဲတာတွေကတော့ Primary partitions နဲ့ Extended partitions ပါ။ Primary partitions ဆိုတာ filesystem တစ်မျိုးပဲ ပါဝင်နိုင်ပြီး hard disk တစ်လုံးအတွက် အများဆုံး ခွဲနိုင်တဲ့ primary partitions ပမာဏက ( ၄ ) ခု ဖြစ်ပါတယ်။ Extended partitions မှာတော့ ( ၄ ) ခုထက် မကတဲ့ partitions ပေါင်းများစွာ ဖွဲ့စည်းနိုင်ပြီး သူရဲ့ ကန့်သတ်ချက် ကတော့ hard disk တစ်လုံးမှာ Extended partition တစ်ခုပဲ ထားလို့ရပါတယ်။
Boot-loader ဆိုသည်မှာ
ကျွန်တော်တို့ Ubuntu ကို install လုပ်ဆောင်လိုက်တဲ့ အခါမှာ boot loader ပါ တစ်ခါတည်း ပါဝင်လာမှာ ဖြစ်ပြီး ကွန်ပြူတာ boot တက်တာနဲ့ ဘယ် operating system ကို အသုံးပြုမှာလဲ ဆိုတာ သူက မေးမြန်းပါလိမ့်မယ်။ ဒီ boot loader ကို ကျွန်တော်တို့က GRUB လို့ ခေါ်ပါတယ်။
( ၁၅ ) Windows နှင့် Ubuntu အား Dual-booting စနစ်ဖြင့် ယှဉ်တွဲ အသုံးပြုခြင်း - အပိုင်း ( ၂ )။
ဒီအကြောင်းအရာကို ဆက်ရေးချင်ပေမယ့် အမှန်အတိုင်း ပြောရရင် စိတ်ဝင်စားတဲ့သူ နည်းနေတော့ အားမရှိသလောက် ဖြစ်နေပါပြီ။ အဲတာကြောင့် ပုံမှန်ဆက်မရေးဖြစ်ပဲ ပျက်လိုက်ရေးလိုက် ဖြစ်နေတာပါ။ ဒါပေမယ့်လည်း ဝါသနာအရ ဆက်လိုက်ပါဦး မယ်။
ကျွန်တော်တို့ Dual-booting ရဲ့ ကောင်းကျိုးဆိုးကျိုးတွေ - အခြေခံအကြောင်းအရာတွေ - Partitions အကြောင်းတွေ - boot-loader တွေအကြောင်းကို အနဲအကျဉ်း နားလည်ပြီးတဲ့နောက်မှာ နောက်တစ်ဆင့် အနေနဲ့ dual-boot configuration အတွက် ဘယ်လို plan ချမလဲ ဆိုတာကို ဆွေးနွေးပါ့မယ်။
ဘာကြောင့် Planning အကြောင်းကို အရင်ဆုံး ဆွေးနွေးရလဲ ဆိုရင် dual-boot system တစ်ခုကို ဖန်တီးတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ အရေးကြီးတဲ့ ပြောင်းလဲမှု တစ်ချို့ လုပ်ဆောင်ရမှာပါ။ Plan မရှိပဲ dual-boot system တစ်ခု ဖန်တီးခဲ့မယ်ဆိုရင် အခန့်မသင့်တဲ့အခါ dual-boot setup မှာ Error တွေတက်တတ်ပါတယ်။ Error တက်လာတော့မှ ဘာကြောင့်ဖြစ်လဲ ဆိုပြီး လိုက်ရှာရတာ လူလည်း ပင်ပန်းသလို အချိန်လည်း ကုန်ပါတယ်။ Applications ကြောင့် ဖြစ်တဲ့ Error တွေဟာ ဖြေရှင်းဖို့ လွယ်ပေမယ့် OS က ဖြစ်တဲ့ Error တွေဟာ ပြင်ဖို့လည်း ခက်သလို ဘာကြောင့် ဖြစ်လည်း ဆိုတာ လေ့လာတဲ့ အခါမှာလည်း Options တွေ တော်တော်များများပြီး ဘာကောင်က Error အစစ်အမှန်မှန်း ဝေခွဲမရ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ OS operations တစ်ခုခု လုပ်တော့မယ် ဆိုတဲ့ အခါမှာ Plan ချပြီး လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။
လက်ရှိ Hard Drive အခြေအနေအား လေ့လာခြင်း
Dual-booting လုပ်ဖို့အတွက် HD ကို Partition မပိုင်းခင် အရင်ဆုံး သိထားသင့်တာ လတ်တလော ကိုယ့် HD မှာ Partitions ဘယ်နခု ရှိနေသလဲ တစ်ခုချင်းစီရဲ့ Capacity အခြေအနေက ဘယ်လိုလဲ ဆိုတာတွေပါ။ ကျွန်တော်တို့ စက်ထဲမှာ ရှိနေတဲ့ hard disk drive ရဲ့ total storage capacity နဲ့ သူ့အပေါ်မှာ ပိုင်းခြမ်း စိတ်ဖြာထားတဲ့ Partitions တွေရဲ့ အခြေအနေတွေကို အောက်ဖော်ပြပါအတိုင်း ရှာဖွေနိုင်ပါတယ်။
( ၁ ) Start > My computer ( Right-click ) > Manage ကို သွားပါ။
( ၂ ) အောက်ဖော်ပြပါအတိုင်း ပုံပေါ်လာရင် Disk Management ကို သွားလိုက်ပါ။
( ၃ ) ဒါဆို ကိုယ့် HD ပေါ်က Partitions တစ်ခုချင်းစီတိုင်းရဲ့ အသေးစိတ် အချက်အလက်တွေ တွေ့ရပါလိမ့်မယ်။
( ၄ ) ကိုယ့် HD ရဲ့ total capacity နဲ့ Partitions တစ်ခုချင်းစီတိုင်းရဲ့ Capacity နဲ့ Free Space ကို မှတ်ထားပေးပါ။
မည်သည့် Partition အား အသုံးပြုမည်ကို စဉ်းစားဆုံးဖြတ််ခြင်း
အပေါ်မှာ ဖော်ပြခဲ့တဲ့ ကိုယ့် HD ရဲ့ အခြေအနေတွေကို လေ့လာပြီးတဲ့နောက်မှာ နောက်တစ်ဆင့် စဉ်းစားဆုံးဖြတ်ရမှာ ဘယ် Partition ကို Ubuntu အတွက် အသုံးပြုမှာလဲ ဆိုတဲ့ အပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ရမှာ Windows အတွက် Disk space ဘယ်လောက်ပေးပြီး Ubuntu အတွက် Disk space ဘယ်လောက်သုံးမလဲ ဆိုတာ ချင့်ချိန်ပိုင်းဖြတ်ရမှာ ဖြစ်ပါတယ်။ Ubuntu ကို Windows နဲ့ တွဲပြီး Dual-boot သုံးတဲ့ နေရာမှာ တစ်ချို့က Windows partition ကိုပဲ Shrink Volume လုပ်ဖို့ ဥပမာ ပြထားကြတာတွေ တွေ့ဖူးပါတယ်။
ဒါပေမယ့်လည်း Windows partition မှာ Shrink Volume လုပ်တယ်ဆိုတာ ကန့်သတ်ချက် တော်တော်များပါတယ်။ ဘာကြောင့်လဲ ဆိုတာကို မရှင်းခင် Shrink Volume လုပ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ အရင်ရှင်းပြပါမယ်။ Shrink Volume လုပ်ဆောင်တယ်ဆိုတာ နဂို Data တွေရှိနေတဲ့ Partition တစ်ခုထဲက Data တွေ မထည့်ရသေးပဲ လွတ်နေတဲ့ပမာဏကို နောက်ထပ် Partition အသစ်တစ်ခု ( သို့မဟုတ် ) တစ်ခုထက်မက ဖန်တီးပြီး Partition အသစ်အဖြစ် သီးခြား အသုံးပြုနိုင်အောင် ခွဲထုတ်ယူတဲ့ လုပ်ဆောင်ချက်ကို ခေါ်တာပါ။ ထပ်ရှင်းရရင် ကျွန်တော်တို့စက်မှာ Partition ( H:) ဟာ Movies တွေထည့်ဖို့ ပိုင်းထားတဲ့ တဲ့ Partitions တစ်ခု ဖြစ်တယ်ဆိုပါစို့။ အောက်ဖော်ပြပါပုံကိုကြည့်ပါ။
သူ့ရဲ့ Total Size ဟာ 59.5 GB ဖြစ်ပြီး Free Space ကတော့ 49.3 GB ပါ။ အဲဒီမှာမှ Shrink Volume လုပ်တယ်ဆိုတာ Total Size - 59.5 GB ပမာဏထဲက Used ထားပြီးသား ဖြစ်တဲ့တဲ့ 10.2 GB ( 59.5 GB - 49.3 GB ) ကို နဂိုအတိုင်း ချန်ထားပြီး Free Space 49.3 GB ထဲကနေ နောက်ထပ် Partitons တွေ ခွဲထုတ်လို့ ရအောင် Unallocated space တွေ ခွဲထုတ်ယူလိုက်တာပါ။ ကိုလိုချင်တဲ့ ပမာဏကို Shrink volume လုပ်ပြီးသွားတဲ့ အချိန်မှာ တွေ့ရမယ့် ပုံစံက ခုလိုပုံစံမျိုးပါ။
Shrink volume ရဲ့ အကြောင်းက ဒီလောက်နဲ့ ပြီးမသွားပါဘူး - Windows partition မှာ Shrink Volume လုပ်တယ်ဆိုတာ ကန့်သတ်ချက် တော်တော်များပါတယ်လို့ ကျွန်တော် အပေါ်မှာ ပြောခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ Shrink space တစ်ခု ဖန်တီးတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ Hard drive ပေါ်မှာ ရှိနေတဲ့ virtual memory page file, System Protection maximum storage space size လို့ခေါ်တဲ့ System Restore points တွေ နဲ့ hibernation files တွေပေါ် မူတည်ပြီး ကန့်သတ်ချက်တွေရှိလာလို့ပါ။ ပြောရရင် အဲ့ဖိုင်တွေဟာ Hard drive ပေါ်မှာ ရှိနေပြီး ဟိုဟိုဒီဒီ ရွှေ့လို့ မရပါဘူး။ သူတို့တွေက unmovable တွေပါ။ ဒါ့ကြောင့် Disk Management ကနေလည်း သူတို့တွေကို relocate လုပ်လို့ မရပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ ပုံကို ဆက်ကြည့်ကြည့်ပါ။
နောက်တစ်ခု ရှိသေးတာက တကယ်လို့များ အဲ့ဒီ့ unmovable files ( အစိမ်းရောင် ) တွေဟာ HD Partition ထဲက free space တွေရဲ့ အလယ်မှာ ( သို့တည်းမဟုတ် ) ကိုးလိုးကန့်လန့် နေရာမှာများရှိနေခဲ့ရင် unmovable files တွေရဲ့ ဘယ်ဘက်ခြမ်းက free space ( အဖြူရောင် ) အပိုင်းပြတ်တွေဟာ Free Space ဖြစ်တာ မှန်ပေမယ်လို့ အသုံးချလို့ မရတော့ပဲ သူ့ ညာဘက်ခြမ်းက free space ( အဖြူရောင် ) တွေကပဲ new partition တစ်ခု Create လုပ်ဖို့အတွက် အသုံးချလို့ ရတော့မှာ ဖြစ်ပါတယ်။ ဒီလို ကန့်သတ်ချက်တွေကြောင့် ကိုယ့် HD ရဲ့ Partition က Free Space ပမာဏကို စစ်ကြည့်တဲ့အခါ အသုံးမပြုရသေးတဲ့ Free space ပမာဏ အများအပြား ကျန်နေသေးတာ မှန်ပေမယ်လို့ တကယ်တမ်း Shrink Volume လုပ်ဖို့ အတွက်ပြင်ဆင်တဲ့ အချိန်မှာ available ဖြစ်တဲ့ ပမာဏက နည်းနေတာမျိုးတွေ တွေ့ရတတ်ပါတယ်။ ကျွန်တော် အထက်မှာ ပြောခဲ့တဲ့ ဒီအကြောင်းအရာကိုပဲ ဒီအောက်က ပုံမှာ ဖော်ပြထားတာ ဖတ်ကြည့်နိုင်ပါတယ်။
ဒီလို ဖြစ်ရပ်မျိုး မကြုံရအောင် လုပ်ဆောင်သင့်တာကတော့ Shrink Volume မလုပ်ခင်မှာ မလိုအပ်တဲ့ ဖိုင်တွေကို Cleaner အစရှိတဲ့ Cleaner Software တစ်ခုခုနဲ့ ရှင်းထုတ်ပြီး Shrink Volume လုပ်မယ့် partition ကို Defragment လုပ်တာ အကောင်းဆုံးပါပဲ။
အနှစ်ချုပ်ပြီး ပြန်ဖော်ပြရရင် Shrink Volume လုပ်တယ်ဆိုတာ Windows ထဲကနေ လုပ်ဆောင်တာမို့လို့ တစ်ခြား 3rd party software တစ်ခုခု အသုံးချစရာ မလိုပဲ လုပ်ဆောင်လို့ ရတာ မှန်ပေမယ်လို့ သူ့မှာ ကန့်သတ်ချက်တွေ များပြီး စဉ်းစား ဆုံးဖြတ်ရမယ့် အပိုင်းတွေ - မလုပ်ခင်မှာ ကြိုတင်ပြင်ဆင်ရမယ့် အပိုင်းတွေ တော်တော်လေး များတယ်လို့ သုံးသပ်ရပါတယ်။ ဒါ့အပြင် Data တွေရှိနေတဲ့ Partition တစ်ခုကို Shrink Volume လုပ်ဆောင်တဲ့ နေရာမှာ ဒီအတိုင်း ပြီးပြီးရော လုပ်လိုက်တာထက် အရေးကြီးတဲ့ Data တွေ အဲ့ဒီ့ Partition ထဲမှာ ရှိရင် ရှိသလို Backup plan ဆွဲပြီးမှ Shrink Volume ကို လုပ်ဆောင်ကြဖို့ အကြံပေးလိုပါတယ်။ Backup Plan လုပ်ဆောင်မထားတဲ့ သူတစ်ယောက်အတွက် Error တက်လာတဲ့ အခါမှာ Data တွေ ဆုံးရံှုးမှာ စိုးလို့ပါ။ ဒါကြောင့် Ubuntu နဲ့ Windows ကို Dual-boot သုံးတော့မယ့် သူတစ်ယောက်အတွက် အလွယ်ကူဆုံး လုပ်ဆောင်သင့်တာ Shrink Volume လုပ်ငန်းစဉ်ကို ခဏ ဘေးချိတ်ပြီး ကိုယ့်စက်ထဲက size အသေးဆုံး Partition တစ်ခုကို ရှာ - အဲ့ထဲက Data တွေကို တစ်ခြား partition တစ်ခုခုထဲက Free Space ရှိရာဆီ ပေါင်းထည့်ပြီး 3rd party software ( Paragon Partition Manager ) တစ်ခုခုနဲ့ ရှင်းသွားတဲ့ Partition ကို Format ပြန်ချစေချင်ပါတယ်။ သက်ဆိုင်ရာ File System တွေ အနေနဲ့ Format မချချင်လည်း ရိုးရိုး Unallocated Space အနေနဲ့ ထားပြီး Ubuntu install လုပ်မှ File system ကို ပြန်ရွေးပေးလို့လည်း ရပါတယ်။ Paragon Partition Manager မသုံးချင်ရင်လည်း Ubuntu CD ထဲမှာပဲ ပါတဲ့ Gparted ကနေတစ်ဆင့်လည်း ဒီလုပ်ငန်းစဉ်တွေက လုပ်ဆောင်လို့ ရပါတယ်။ Options တွေကတော့ အများကြီးပါ။ ဒါပေမယ့် အများကြီး မစဉ်းစားရအောင် လောလောဆယ်မှာ Paragon Partition Manager ကိုပဲ မိတ်ဆက်ပေးသွားပါ့မယ်။
Paragon Partition Manager အသုံးပြုနည်းနဲ့ Partition စိတ်ပိုင်းနည်းကို ဒီနေရာမှာ ကိုဖြိုးမြင့်သိန်း အသေးစိတ်ရှင်းလင်း ထားတာ ရှိပါတယ်။ ကိုဖြိုးမြင့်သိန်း ပုံနဲ့တကွ ရှင်းပြထားတာကို သေသေချာချာ လေ့လာကြည့်ရင် Partition တစ်ခုကို ဘယ်လိုဖျက်မယ် Resize/Move ဘယ်လိုလုပ်မယ် extended partition အသစ်တွေ ဘယ်လို ဖန်တီးမယ်ဆိုတာ နားလည်လာပါ လိမ့်မယ်။ ( ကိုဖြိုးမြင့်သိန်း ကျေးဇူးပါ။ )
ကျွန်တော့် အနေနဲ့ ခုချိန်မှာ Ubuntu နဲ့ Windows ကို Dual-Boot Setup လုပ်ဆောင်ဖို့ အတွက် Unallocated Space တစ်ခုကို မိသားစုဝင်တွေ အပေါ်မှာ ပြောပြခဲ့တဲ့ နည်းတွေအတိုင်း ဖန်တီးလို့ ရခဲ့ပြီးပြီလို့ ယူဆလိုက်ပါမယ်။ ဒါကြောင့် နောက်တစ်ဆင့်မှာ Ubuntu Installation လုပ်ဆောင်ခြင်း လုပ်ငန်းစဉ်ကို စတင်ဆွေးနွေးသွားပါ့မယ်။
( ၁၆ ) Ubuntu 10.04 Lucid Lynx Installation လုပ်ဆောင်ခြင်း
အဲဒီ့ Windows 7 Partition ပေါ်မှာ Right click ထောက်ပြီး အောက်ဖော်ပြပါအတိုင်း Resize/Move ကိုရွေးချယ်ပါ။
အောက်ဖော်ပြပါအတိုင်း slider ကို Drag ဆွဲပြီးတော့ပဲ ဖြစ်စေ - Partition အတွက် ကိုယ်စိတ်ကူးထားတဲ့ Size ကိုပဲ MBs အနေနဲ့ ထည့်သွင်းပြီး ဖြစ်စေ ဖန်တီးလိုက်ပါ။ ( 1024 MB = 1 GB ) ဆိုတဲ့ ညီမျြှခင်းနဲ့တွက်ပြီး Resize လုပ်ရမှာ ဖြစ်ပါတယ်။ မိမိလိုချင်တဲ့ ပမာဏကို ချိန်ညှိပြီးတဲ့နောက်မှာ Resize/Move ကို click ပေးပါ။ ဒါဆို အကြမ်းဖျဉ်း Resize လုပ်လို့ပြီးသွားပါပြီ။ ဒါပေမယ့် ဒီ Operations တွေဟာ တကယ် အတည်ပြုရသေးတာ မဟုတ်ပါဘူး - တကယ်လို့ စိတ်ကူးပြောင်းပြီး ပြန်ပြင်ချင်လည်း ပြင်လို့ ရပါသေးတယ်။
ဒီဖော်ပြချက်ဟာ မိသားစုဝင်များအတွက် နားလည်ဖို့ ခက်သလို မှတ်ဖို့လည်း ခက်မယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါ့ကြောင့် Swap ပမာဏ ထားရှိမှုနဲ့ ပတ်သတ်ပြီး ဒီ့ထက် မှတ်သားဖို့ လွယ်ကူမယ့် နည်းလမ်း တစ်မျိုးနဲ့ မိတ်ဆက်ပေး ပါဦးမယ်။
ကျွန်တော် နှစ်လနီးပါးလောက် အချိန်ယူပြီး ရေးခဲ့ရတဲ့ ဒီ အားလုံးအတွက် Ubuntu ( Linux ) ဆိုတဲ့ ခေါင်းစဉ်ကတော့ ဒီမှာပဲပြီးပါပြီ။ Linux နဲ့ ပတ်သတ်ပြီး နောက်ဆက်တွဲ အခန်းဆက်နဲ့ ရေးဖို့ ပြင်ဆင်ထားပြီးသား ခေါင်းစဉ် တစ်ခုလည်း ကျွန်တော့်မှာ အသင့်ရှိနေပါတယ်။ ဒါ့ကြောင့် အားလုံးအတွက် Ubuntu ( Linux ) အကြောင်းကို ဒီလောက်နဲ့ ရပ်နားခွင့်ပေး ကြပါလို့ မေတ္တာရပ်ခံရင်း နောက်ထပ် Thread တစ်ခုမှ ပြန်လည်ဆုံတွေ့ကြပါစို့။ ဒီ Thread တစ်ခု အစကနေ ဆုံးခန်းတိုင်အောင် မညီးမညူဖတ်ရှုပေးကြတဲ့ နည်းပညာ လိုက်စားကြသူ အားလုံး - ဆက်ရေးဖို့ တွန်းအားပေးကြသူ အားလုံးနဲ့ မြန်မာမိသားစုဝင် အားလုံးကို ဒီနေရာကနေပဲ ကျေးဇူးတင်ကြောင်း ပြောကြားပါရစေ။
Mg Zin.
I want to your myanmar font from this site.
ReplyDeleteI can't read your site in my computer offline.
please!