Hands On with Firefox 4 Beta 1

Leave a Comment
Browsers ပေါင်းများစွာရဲ့ ကြားမှာ လူသုံးအများဆုံးနဲ့ မြန်မာ unicode အတွက် အဆင်အပြေဆုံး Mozilla Firefox ရဲ့ ဆန်းသစ်မှုတွေကို ကျွန်တော်တို့ အခု စတင်ခံစားပါပြီ။ လောလောဆယ် Beta versions အဆင့်မှာပဲ ရှိသေးပေမယ့် Firefox ရဲ့ အထူးပြင်ဆင်မှု တွေကတော့ အံ့မခန်း ပါပဲ။ ဘာတွေ ဘယ်လို ပြင်ဆင်ထားသလဲ ဘာတွေ အသစ်အဆန်းတွေ ပါဝင်လာသလဲ - ဘယ်လို အသွင်ဆန်းတွေ ပြောင်းလဲ သွားသလဲ ကျွန်တော်တို့ လေ့လာကြည့်ရအောင်ပါ။


မနေ့က Mozilla ကနေပြီး ပထမဆုံး Firefox 4 beta ကို ထုတ်လုပ်လိုက်ပါတယ်။ ကျွန်တော် Firefox 4 ကို Alpha Release ကတည်း က စမ်းခဲ့တာပါ။ အဲ့တုန်းကတော့ Alpha Release လည်းဖြစ် ဘာမှလည်း ပြည့်ပြည့်စုံစုံ မဖြစ်သေးတော့ အမြင်လှယုံကလွဲပြီး တော်တော်ကြီးကို သုံးလို့ အဆင်မပြေခဲ့ပါဘူး။ ခု Firefox 4 beta စထွက်လာတော့ သူ့ရဲ့ new features တွေ - ပုံသဏ္ဍန် အသစ်အဆန်းတွေ - HTML5 specs တွေကိုပါ support ပေးထားတယ်ဆိုတာတွေ တော်တော်များများ ပြည့်စုံနေတာ တွေ့ခဲ့ရပါတယ်။


ဒါကတော့ Firefox 4 beta နဲ့ ပတ်သတ်တဲ့ ကျွန်တော့်ရဲ့ screenshot  လေးတွေပါ။


  • Tabs များ အပေါ်တွင် ရှိနေသည် အရင်တုန်းကဆို Tabs တွေက Address bar ရဲ့ အောက်မှာ ရှိနေရာနေ အခု Default အနေနဲ့ အပေါ်ရောက်သွားပါပြီ။ တကယ်လို့ Tabs တွေ အပေါ်ရောက်နေတာ သဘောမကျခဲ့ရင်လည်း Toolbar ပေါ်က လွတ်တဲ့ တစ်နေရာမှာ Right click ထောက်ပြီး Tabs on Top ကို click ဖြုတ်ထားနိုင်ပါတယ်။  


  • အရင်တုန်းက Browser မှာ အလဟဿ နေရာအပို ပေးနေရတဲ့ menu bar နေရာကို Firefox button နဲ့ အစားထိုးလိုက်ပါတယ်။ တကယ်လို့ Firefox button ကို သဘောမကျလို့ အရင်တုန်းက menu bar အတိုင်း ပြန်လိုချင်တယ် ဆိုရင်လည်း Toolbar ပေါ်က လွတ်တဲ့ တစ်နေရာမှာ Right click ထောက်ပြီး Menu bar ကို Check ပေးလိုက်ပြီး အရင်ပုံအတိုင်း Menu bar ကို ပြန်ယူလို့ ရပါတယ်။ ဒါမှမဟုတ်လည်း Firefox button မှာ click ပေးပြီး Customize ကနေ တစ်ဆင့် Menu bar ကိုပြန်ခေါ်လို့ ရပါတယ်။





  • အရင် Firefox မှာတော့ stop နဲ့ reload buttons ( ၂ ) ခုက သပ်သပ်စီပါ။ အခုတော့ buttons ( ၂ ) ခုကို တစ်ခုတည်း အနေနဲ့ ပေါင်းစည်းလိုက်ပါတယ်။

  • Bookmarks Toolbar ကို Default အနေနဲ့ ညာဘက်ခြမ်းကို ရွှေ့ပြောင်းလိုက်ပါတယ်။ တကယ်လို့ သဘောမကျရင် လည်း ကိုယ်ကြိုက်သလို ရွှေ့ပြောင်းလို့ ရပါတယ်။ 


  • တကယ်လို့ Adobe Flash, Apple Quicktime ဒါမှမဟုတ် Microsoft Silverlight plugins installed လုပ်ထားတယ် ဆိုရင် ဖြစ်လေ့ရှိတဲ့ crash တွေအတွက် Crash protection ထည့်သွင်းထားပါတယ်။

  • HD HTML5 WebM video format ကို ကောင်းကောင်း Support ပေးပါပြီ။ WebM ဆိုတာ Google ကနေ ထုတ်ထားတဲ့ Resolution မြင့် Video Format တစ်ခု ဖြစ်ပါတယ်။ 

  • Add-ons manager ကလည်း ပုံစံအသစ်နဲ့ပါ။ 


  • Page loading progress က အရင်လို မဟုတ်တော့ပဲ အောက်ဖော်ပြပါအတိုင်း ပြောင်းလဲ သွားပါတယ်။


Firefox 4 Beta 1 နဲ့ပတ်သတ်ပြီး မိတ်ဆက် အနေနဲ့ ကတော့ ဒီလောက်ပါပဲ။ ကိုယ်တိုင် စမ်းသပ်ကြည့်ချင်ပြီ ဆိုရင်တော့ ဒီအောက်က link ကနေ သွားရောက် ရယူနိုင်ပါတယ်။




KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts