Useful Tips for Gtalk Users

Leave a Comment
Google Talk ဆိုတာ Gmail အသုံးပြုသူ အားလုံးနီးပါး အသုံးပြုနေကြတဲ့ Messenger ပါ။ အမှန်အတိုင်း ပြောရရင် ကျွန်တော် Gtalk ကို သိပ်သဘောမတွေ့လှပါဘူး - ဘာကြောင့်လဲဆိုရင် Google Talk 1.0.0.104 Beta ဆိုပြီး Beta version နဲ့  2007 ခုနှစ်လောက်တည်းက ရပ်ထားခဲ့တာ ခုချိန်ထိ Final version ဆိုပြီး ထုတ်မပေးသေးတာရယ် - အမှန်တကယ် ပြင်ဆင်ဖို့ လိုအပ်နေသေးတာ သိနေရက်နဲ့ ဘာမှ ပြင်ဆင်ပြောင်းလဲမှု လုပ်မပေးသေးပဲ ဖြစ်သလို ပစ်ထားတာတွေရယ်ကြောင့် Gtalk ကို မသုံးချင်တာပါ။ မြန်မာနိုင်ငံက ကိုယ့်အပေါင်းအသင်းတွေနဲ့ မိသားစုကလည်း Gtalk ပဲ တော်တော်များများ အသုံးပြုနေကြတာ ကတစ်ကြောင်း - လုပ်ငန်းနဲ့ ပတ်သတ်တဲ့ အသိမိတ်ဆွေတွေကလည်း တစ်ခုခုဆို Gtalk acc ပဲ ပေးကြတော့ ကျွန်တော်လည်း  ဒီ မပြည့်မစုံနဲ့ Gtalk ကိုပဲ အားကိုးနေရတုန်းပါပဲ - ဘယ်လိုပဲ ဖြစ်ဖြစ် မဖြစ်မနေ သုံးနေရပြီ ဆိုတော့ ကိုယ့်အတွက် အသုံးလိုတာလေးတွေ လေ့လာခဲ့ရင်း Gtalk နဲ့ ပတ်သတ်ပြီး ကျွန်တော် သိခဲ့တဲ့  အကြောင်းတရားလေးတွေကို ဝေမျှလိုက်ပါတယ်။ တစ်ချို့လည်း သိပြီးသားတွေ ဖြစ်မှာပါ။ Gtalk နဲ့ ပတ်သတ်တဲ့ အကြောင်းအရာ ( ၁၅ ) ခု ကို တစ်စုတစ်စည်းတည်း ဖြစ်သွားအောင် ပေါင်းပြီး ဖော်ပြလိုက်ပါတယ်။


1. Gtalk အား Answering Machine အဖြစ် အသုံးပြုခြင်း


Gtalk ကို Answering machine တစ်ခုလို အသုံးချလို့ ရတယ်ဆိုတာ သိခဲ့ကြပါလား ?? ဟုတ်ကဲ့ သုံးလို့ ရပါတယ်။ ဘယ်လို အခြေအနေတွေ မှာ သုံးဖို့ သင့်တော်လည်း ဆိုရင် ကိုယ် အလုပ်များနေတဲ့ အချိန်မှာ ဖြစ်စေ - အကြောင်းကိစ္စ တစ်ခုခု ပေါ်လာလို့ အပြင်ခဏ သွားနေချိန်မှာ ဖြစ်စေ - ကိုယ့်ရဲ့ လတ်တလော အခြေအနေကို ကိုယ့်ဆီ ဆက်သွယ် လာသူတွေ သိရှိနိုင်အောင် အလိုလျောက် ပြောကြားစေချင်တဲ့ အခါမှာ ဒီ Answering machine က အတော်လေး အသုံးတည့်ပါတယ်။ 




လိုအပ်မယ့် application ကတော့ GtalkAutoReply ပါ။  အသုံးချပုံကတော့ install လုပ်ဆောင်ပြီးသွားချိန်မှာ username နဲ့ password ကို ထည့် ကိုယ် ပြောချင်တဲ့ စကားကို Message နေရာမှာ ရိုက်သွင်းပြီး Save and Enable Autoreply ကို နှိပ်လိုက်ယုံပါပဲ။ တစ်ယောက်ယောက်က ကိုယ့်ကို သူ့ Gtalk Contact List မှာ တွေ့နေရပေမယ့် ကိုယ့်ဆီ စာရိုက်ပြီး ဆက်သွယ်လိုက်ချိန်မှာ သူပြန်ရမယ့် Message ကတော့ အောက်ဖော်ပြပါ အတိုင်းပါ။ [Download here]



2. လျင်မြန်လွယ်ကူသော Contacts Shortcuts များ ဖန်တီးခြင်း

Google Talk ကို Desktop ပေါ် Shortcut ထုတ်တာတော့ လူတိုင်း နားလည်ကြပါတယ်။ ဒါပေမယ့် အခု ဖန်တီးမှာ Gtalk  shortcut မဟုတ်ပါဘူး - ကျွန်တော်တို့ Google Talk ထဲမှာ ရှိနေတဲ့ သူငယ်ချင်းတွေထဲက ကိုယ်နဲ့ အမြဲလိုလို စကားပြောလေ့ ရှိတဲ့ သူငယ်ချင်းတစ်ချို့နဲ့ အမြန်ဆုံး ဆက်သွယ်နိုင်ဖို့ တစ်ယောက်ချင်းစီကို Shortcut ထုတ်မှာပါ။ ဒီလို လုပ်ဆောင်ထားခြင်း အားဖြင့် အဲဒီ့ Shortcut ကို click လိုက်တာနဲ့ အရင်ကလို Gtalk buddy list ထဲမှာ ကိုယ်စကားပြောမယ့် သူကို မျက်စိမူးလောက်အောင် လိုက်ရှာစရာ မလိုတော့ပဲ ကိုယ်ရည်ရွယ်ထားသူနဲ့ စကားအပြန်အလှန်ပြောနိုင်တဲ့ Chat window တစ်ခု တစ်ခါတည်း တန်းပေါ်လာမှာ ဖြစ်ပါတယ်။


လုပ်ဆောင်နည်းကတော့ Desktop ပေါ်မှာ Right click ပေးပြီး New > Shortcut ကိုသွားလိုက်ပါ။ အောက်မှာ ဖော်ပြထားတဲ့ box မျိုးတွေ့ရပြီ ဆိုရင် gtalk:chat?jid=username@gmail.com ဆိုပြီး ရိုက်ပါ။ မရိုက်ချင်လည်း ဒီကနေ Copy ကူးပြီး Paste လုပ်လိုက်ပါ။ အောက်မှာ အနီနဲ့ ဝိုင်းပြထားတဲ့ username ဆိုတဲ့ နေရာမှာတော့ ကိုယ် စကားပြောချင်တဲ့ သူရဲ့ Gmail လိပ်စာကို ထည့်ပြီး Next ဆက်သွားလိုက်ယုံပါပဲ။ ဒါက Chatting box ကို တိုက်ရိုက် တန်းသွားတဲ့ နည်းလမ်းပါ။




တကယ်လို့ Chatting box ကို တိုက်ရိုက် တန်းသွားတာမျိုး မဟုတ်ပဲ Quick call သဘောမျိုး Shortcut လုပ်ချင်တာ ဆိုရင်လည်း ရပါတယ်။ အပေါ်က စာကြောင်းအစား ဒီစာကြောင်း >> gtalk:call?jid=username@gmail.com ကို သုံးပါ။ Username နေရာမှာတော့ ကိုယ် နဲ့ အစဉ်သဖြင့် စကားပြောလေ့ ရှိတဲ့ သူရဲ့ Account name ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ 

3. Gtalk account တစ်ခုထက်မက အသုံးပြုခြင်း

ဒီ trick ကတော့ တော်တော်များများ သိထားပြီးသားပါ။ Gtalk accounts တွေကို တစ်ခုထက် မက အသုံးပြုချင်သူတွေ အဆင်ပြေနိုင်စေမယ့် နည်းပါ။





  • Gtalk shortcut ကို Desktop ပေါ်တင်ပြီး အဲ့ဒီ့ Desktop icon ပေါ်မှာ Right click ပေးပြီး Properties ထဲ ဝင်ပါ။


  • ” /nomutex ”  ကို ဖော်ပြထားတဲ့ နေရာမှာ ထည့်သွင်းပေးပါ။ 
  • အားလုံး လုပ်ဆောင်ပြီးသွားရင် Gtalk accounts တွေကို တစ်ခုထက် မက အသုံးပြုလို့ ရပါပြီ။
4. Always Idle ဖြင့် အလုပ်ရှုပ်ချင်ဟန်ဆောင်ခြင်း

ဒီ trick ကလည်း အားလုံး သိထားပြီးသား ဖြစ်လိမ့်မယ် ထင်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ဘာသာ စိတ်ရှုပ်နေလို့ ဘယ်သူနဲ့မှ စကားသိပ်မပြောချင်တဲ့ အခါမျိုးမှာ ဖြစ်စေ - အလုပ်များနေလို့ ကိုယ့်ဆီ ဆက်သွယ်လာသူတွေကို Reply မလုပ်နိုင်တဲ့ အခါမျိုးမှာ ဖြစ်စေ - Always Idle လုပ်ထားခြင်း အားဖြင့် မိတ်မပျက်တော့သလို စိတ်ဖြောင့်ဖြောင့်နဲ့လည်း ကိုယ့်လုပ်ငန်း ဆောင်တာတွေကို ဆက်လက် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ 




သူ့ မူရင်း Website ကတော့ ပျက်သွားပါပြီ။ ဒါ့ကြောင့် တိုက်ရိုက် download လိုချင်တယ်ဆိုရင်တော့ Google Docs မှာ ကျွန်တော်တင်ထားတဲ့ ဒီနေရာကနေ ယူလိုက်ပါ။

5. စာသားများအား ပုံစံပြောင်းလဲခြင်း


Google Talk မှာ ကျွန်တော်တို့ ရိုက်နေကျ စာသားပုံစံတွေ အစား bold, italic ပုံစံတွေ ပြောင်းပြီး အထက်ဖော်ပြပါအတိုင်း ရိုက်လို့ ရပါတယ်။ လုပ်ဆောင်နည်းကတော့ ကိုယ်ရိုက်တဲ့ စာသားတွေကို Bold နဲ့ တက်စေချင်တယ် ဆိုရင် ကိုယ်ရိုက်တဲ့ စာလုံးကို *?* ကြားမှာ ထည့်ပေးပါ။ Italic နဲ့ပေါ်စေချင်တယ် ဆိုရင် ကိုယ် italic ဖြစ်စေချင်တဲ့ စာလုံးကို _ ?_  ကြားမှာ ထားပါ။ နှစ်ခုကို တွဲသုံးချင်တယ် ဆိုရင်တော့ အပေါ်မှာ ဖော်ပြထားတ့ဲ အတိုင်းသာ အသုံးချပါ။


6. Nickname ပြောင်းလဲခြင်း


Google Talk မှာ ကိုယ်မြင်နေရတဲ့ Nickname ကိုပြောင်းလဲ ဖို့အတွက် Gmail account > Settings > Accounts tab > edit info ကိုသွားပြီး ကိုယ်ပေးချင်တဲ့ နာမည်ပြောင်းပေးပါ။ နောက် Save Changes ကို Click ပေးပြီး ကိုယ်ပြောင်းထားတဲ့ အတိုင်း Save လုပ်ပါ။







7. Gtalk Startup Parameters များ အသုံးပြုခြင်း

Start > Run ကိုသွားပြီး " c:\Program Files\Google\Google Talk\googletalk.exe " ကိုရိုက်ပါ - သူ့ရဲ့နောက်မှာ ဒီအောက် မှာ ဖော်ပြထားတဲ့ Parameter တစ်ခုခုကို တွဲရိုက်ပြီး အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီ Parameter တွေ သုံးပြီး shortcut အနေနဲ့လည်း သုံးလို့ ရပါတယ်။ တစ်ခြား Parameters တွေရှိသေးပေမယ့် တကယ်အသုံးလိုမယ့် Parameters တွေလောက်ကိုပဲ ဖော်ပြလိုက်ပါတယ်။

/nomutex: ဒီ Parameter က Google Talk ကို တစ်ခုထက် ပိုပြီး ဖွင့်ချင်တဲ့ အခါ သုံးဖို့ Parameter ပါ။ ဘယ်လို အသုံးပြုလည်း ဆိုတာ အထက်မှာလည်း ဖော်ပြခဲ့ပြီးတာမို့ ထပ်ပြီး မဖော်ပြတော့ပါဘူး။

/autostart: Gtalk ကို အလိုလျောက် Start လုပ်ဖို့ လိုအပ်တဲ့ အခါ registry settings ထဲမှာ စစ်ဆေးစေတဲ့ Parameter ပါ။ ဒါပေမယ့် ကိုယ်က Gtalk ရဲ့ “Start automatically with Windows” option ကို unchecked လုပ်ထားခဲ့တယ် ဆိုရင်တော့ autostart ဖြစ်မှာ မဟုတ်ပါဘူး။

/forcestart: /autostart နဲ့ တူတူပါပဲ - ဒါပေမယ့် သူက Gtalk ကို စတင်ဖို့ force ပေးတဲ့ Parameter ပါ။

/S upgrade: Google Talk ကို Upgrade လုပ်ဖို့ သုံးနိုင်တဲ့ Parameter ပါ။

/checkupdate: Versions အသစ်ကို စစ်ဆေးဖို့ ဖြစ်ပါတယ်။

/factoryreset: Settings တွေ အားလုံးကို Default ပြန်ထားမယ့် Parameter ပါ။

/mailto email@host.com: Gmail သုံးပြီး mail ပို့နိုင်မယ့် Parameter ပါ။

/diag: Google Talk မှာ error တစ်ခုခု တက်ရင် စစ်ဆေးခိုင်းနိုင်မယ့် parameter ပါ။

8. သီချင်းများမျှဝေခြင်း


Gtalk မှာ  အထက်ဖော်ပြပါ အတိုင်း Show current music track လုပ်နိုင်ဖို့ Supported players တွေရဲ့ List ကို ဒီမှာကြည့်နိုင်ပါတယ်။ တစ်ဆင့်ပြန်ကူးပြီး ဖော်ပြရရင်တော့ အဲ့ players တွေက -



ဒါပေမယ့်လည်း Show current music track လေး တစ်ခုပြဖို့ နောက် players တစ်ခုခု ပြောင်းတင် ရဦးမယ် ဆိုတာမျိုးကတော့ သိပ်သဘာဝ မကျလှပါဘူး - ဒါ့ကြောင့် တကယ်လို့များ ကျွန်တော်တို့တွေ Windows Media Player ကို သုံးဖြစ်တယ် ဆိုရင် ဒီ Show current music track က တစ်ခြား players တွေ install လုပ်ဖို့ မလိုတော့ပဲ အဆင်သင့် တန်းသုံးနိုင်ပါတယ်။ Windows Media Player ထဲမှာ ကိုယ်နားထောင်နေတဲ့ favourite music တွေကို Gtalk က ကိုယ့်သူငယ်ချင်းတွေ သိရှိစေနိုင်ဖို့  share လုပ်နိုင်တဲ့ inbuilt add-on တစ်ခုပါပါတယ်။ လုပ်ဆောင်ပုံ အနေနဲ့ကတော့




  • ကိုယ်နှစ်သက်ရာ သီချင်းကို WMP နဲ့ ဖွင့်ထားပြီး ပုံမှာ မြင်ရတဲ့ အတိုင်း " Now Playing " ကနေ " Plugins " > "Options " ကို ဆက်သွားပါ။
  • ဖော်ပြပါ options window ရဲ့အောက်မှာ " Plug-ins " option ကိုတွေ့ပါလိမ့်မယ်။ အဲ့ကနေ " Background " ကိုဆက်သွားရင် Google Talk Music Plugin ကိုညာဘက်မှာ တွေ့ရပါလိမ့်မယ်။
  • သူ့ဘေးက Check-box မှာ click ပေးပြီး Ok ပေးလိုက်တာနဲ့ Gtalk မှာ ကိုယ် နားထောင်နေတဲ့ သီချင်းကို စတင်ပြသပါလိမ့်မယ်။ ( Gtalk မှာ Show current music track ဆိုပြီး ထားထားဖို့တော့ လိုပါတယ်။ )

9. Translation Bots များ အသုံးပြုခြင်း



Google Talk ကို အသုံးပြုပြီး မိမိတတ်ကျွမ်းတဲ့ ဘာသာရပ်နဲ့ လေ့လာနေတဲ့ ဘာသာရပ် နှစ်ခု အကြား အလွယ်တကူ ဘာသာပြန်မှု လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ မိသားစုဝင်တော်တော်များများ သိပြီး ဖြစ်လောက်ပါတယ်။ ဒါကိုပဲ မသိရှိသေးသူတွေ အတွက် အလွယ်တကူ ဝေမျှနိုင်အောင် ထပ်မံဖော်ပြလိုက်ပါတယ်။ Bots လို့ ခေါ်တဲ့ ဒီ Program တွေဟာ User တစ်ယောက်ယောက်က ရိုက်သွင်းလိုက်တဲ့ ဘာသာတစ်ခုကို တစ်ခြား ဘာသာတစ်ခုဆီ အချိန်နဲ့ တပြေးညီ ဘာသာပြန်ပေးနိုင်အောင် စွမ်းဆောင်ပေးပါတယ်။ သူက languages နှစ်ခုကြားမှာ အလုပ်လုပ်တဲ့ Bots တြွေဖစ်တာမို့လို့ သူ့ရဲ့ Format က '[from language]2[to language]@bot.talk.google.com' ဖြစ်ပါတယ်။ ဘယ်လို လုပ်ဆောင်လဲ ဆိုတာ ဥပမာ အနေနဲ့ ဆိုရရင် ( English to Spanish ) ဘာသာပြန် bots ဖြစ်တဲ့ en2es@bot.talk.google.com ထဲကို "Hello" ဆိုပြီး ရိုက်သွင်းလိုက်တဲ့ အခါ သူဘာသာပြန်ပေးမှာက "Hola" ဆိုပြီး ဖြစ်ပါလိမ့်မယ်။ ဘာသာပြန်ပေးနိုင်တဲ့ bots တွေရဲ့ စာရင်းကို အောက်မှာ စုပြီး ဖော်ပြပေးထားပါတယ်။ ဒီနေရာကနေ သွားကြည့်လို့လည်း ရပါတယ်။ 



Languages
Bots
Arabic - Englishar2enen2ar
Bulgarian - Englishbg2enen2bg
Czech - Englishcs2enen2cs
Danish - Englishda2enen2da
German - Englishde2enen2de
German - Frenchde2frfr2de
Greek - Englishel2enen2el
Spanish - Englishes2enen2es
Finnish - Englishfi2enen2fi
French - Englishfr2enen2fr
Hindi - Englishhi2enen2hi
Croatian - Englishhr2enen2hr
Italian - Englishit2enen2it
Japanese - Englishja2enen2ja
Korean - Englishko2enen2ko
Dutch - English nl2enen2nl
Norwegian - Englishno2enen2no
Polish - Englishpl2enen2pl
Portuguese - Englishpt2enen2pt
Romanian - Englishro2enen2ro
Russian - Englishru2enen2ru
Swedish - Englishsv2enen2sv
Chinese - Englishzh2enen2zh
Traditional Chinese - Englishzh-hant2enen2zh-hant
Traditional Chinese - Chinesezh-hant2zhzh2zh-hant

* သက်ဆိုင်ရာ bots တွေရဲ့ နောက်မှာ @bot.talk.google.com ဆိုပြီး ထည့် add ဖို့တော့ မမေ့ပါနဲ့။ 


ကျွန်တော် စမ်းသပ်ကြည့်သလောက်တော့ ဒီ translation feature ဟာ 100% ကြီးတော့ မမှန်ပါဘူး - မှန်သင့်သလောက်မှန်ပြီး အသုံးချလို့ ရတယ် ဆိုယုံလောက်ပါ။


အပေါ်မှာ ကြည့်တဲ့ List ထဲမှာ ကျွန်တော်တို့ မြန်မာတွေအတွက် မဖြစ်မနေ လိုအပ်တဲ့ English to Myanmar မပါတာ သတိထားမိကြပါလိမ့်မယ်။ Google ကနေ Support မပေးသေးပေမယ့် MMGEEKS ကနေ လုပ်ထားတဲ့  GTalk Dictionary Bot တစ်ခုတော့ ရှိပါတယ်။ လောလောဆယ် Release ကတော့ en2mm10 ကို ရောက်နေပါပြီ။ အသုံးပြုချင်သူများ ကိုယ့် Gtalk မှာ အောက်ဖော်ပြပါ acc ကို add ပေးပါ။

en2mm10@mmgeeks.org

ဒါပေမယ့် ဒီ အထက်ဖော်ပြပါ acc က အမြဲတမ်း ပုံသေ မဟုတ်ပါဘူး - en2mm acc တစ်ခုမှာ users ပေါင်း  ( 9900 + ) ဖြစ်သွားပြီ ဆိုရင် အဲ့ဒီ့ acc မှာ users ထက် လက်မခံတော့ပဲ  နောက်အကောင့် တစ်ခုမှာ ပြောင်းပြီး  လက်ခံပါတယ်။ ဘယ် acc ကို ပြောင်းသွားပြီလဲ ဆိုတာကတော့ သူ့ရဲ့ Facebook FanPage မှာ သွားကြည့်တာ ပိုကောင်းပါတယ်။

10. အခြားနည်းလမ်းဖြင့် Gtalk အသုံးပြုခြင်း

အရေးကြီး ကိစ္စရှိတယ် - တစ်ယောက်ယောက်နဲ့ ချိန်းထားတယ် - Online မှာ - အလုပ်ကိစ္စ - ချစ်ရေး ချစ်ရာ ဘာညာ သာဓကာ ဒါပေမယ့် Online တက်တော့ GTalk ကိုဝင်လို့ မရဘူး - ဘယ်လိုလုပ်မလဲ - အရေးပေါ်ဖြစ်နေပြီ - တစ်ခြား နည်းလမ်း မရှိတော့ဘူးလား - ဟိုကျော်ဒီခွ လုပ်ရမှာလား - Gtalk ကို တစ်ခြားနည်းနဲ့ လှည့်သုံးလို့ မရတော့ဘူးလား ?? ဟုတ်ကဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ Web-messenger တွေနဲ့ လှည့်သုံးကြည့်ပါ။

http://www.meebo.com/
http://www.ebuddy.com/
http://www.iloveim.com/
http://www.koolim.com/
http://www.messengerfx.com/
http://www.communicationtube.net/
https://imo.im/
http://www.juslol.com/

11. Gtalk တွင် Invisible mode အသုံးပြုခြင်း

တစ်ခြား Messenger တွေမှာ Invisible mode ပါပေမယ့် Gtalk မှာ Invisible mode မပါတာတော့ တော်တော်ဆိုးပါတယ်။ လူတိုင်လည်း ဒါကို လိုချင်ကြတာ သိရက်နဲ့ Google က ခပ်တည်တည်နဲ့ Google Talk 1.0.0.104 Beta ဆိုပြီး Beta version မှာ ရပ်နေတုန်းပါပဲ။ ဘယ်တော့ Final version ထွက်မယ်မှန်းလည်း မပြောတတ်ပါဘူး။ Invisible mode ကို Gmail မှာ သုံးလို့ ရတာ သိကြပေမယ့် ဒီ Invisible mode ကို Gtalk မှာပဲ သုံးချင်တယ် ဆိုရင် လုပ်လို့ ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။  တစ်ချို့ကတော့ Pidgin လိုမျိုး multi-protocol Instant Messaging client ကို အသုံးပြုပြီး Invisible လုပ်ကြတယ်။ အဲလိုမှ မဟုတ်လည်း တစ်ခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဥပမာ Gtalk က နောက်အသစ်ထုတ်ထားတဲ့ Gtalk lab edition ကို သုံးပါ။ အဲ့ဒီ့ lab edition မှာ Invisible mode ပါပါတယ်။ စက်ထဲမှာ Gtalk တစ်ခုရှိပြီးသားမို့ နောက်ထပ် lab edition မသုံးချင်ဘူး ဆိုရင်လည်း ဒီနေရာကနေ အသုံးပြုလို့ ရပါတယ်။

12. အမှန်တကယ် Offline ဖြစ်မဖြစ် စစ်ဆေးခြင်း

ကျွန်တော် တော်တော်များများ ကြုံဖူးပါတယ်။ - တစ်ချို့သူတွေ Online မှာ ရှိနေကြတယ် - ဒါပေမယ့် သူတို့တွေက Invisible နဲ့ နေနေကြတယ်။ အဲတော့ သူတို့တွေ တကယ် Online မှာ ရှိမနေတာလား - ရှိနေရက်နဲ့ Invisible နဲ့ နေနေတာလား ဆိုတာ ကျွန်တော်တို့ သိနိုင်ပါ့မလဲ ?? ဟုတ်ကဲ့ နည်းလမ်း ရှိပါတယ်။ ဒီနည်းလမ်းကို သိထားပြီးသား သူတွေလည်း ရှိကောင်း ရှိမှာပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ တစ်ခါ ဖတ်ခဲ့ဖူးပေမယ့် သုံးလေ့ မရှိလို့ မမှတ်မိတော့တာမျိုး ရှိတတ်ပါတယ်။ အဲ့လို အခြေမျိုးမှာ နောက်တစ်ခါ ပြန်ဖတ်ဖို့ အဆင်ပြေနိုင်အောင်လို့ပါ။

လုပ်ဆောင်ရမယ့် နည်း အသေးစိတ်ကတော့ -

1.) Invisible နဲ့ နေနေတာလား - တကယ် Offline ဖြစ်နေတာလား ကိုယ်ကိုယ်တိုင် ဝေခဲွ မရဖြစ်နေတဲ့ သူကို စစ်ဆေးဖို့ Chat box ဖွင့်လိုက်ပါ။

2.) အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Go off the record အရင်ပေးလိုက်ပါ။ ဘာကြောင့်ပေးလဲ ဆိုရင် ကိုယ်က သူ တကယ် Offline ဖြစ်မဖြစ် စမ်းမှာ မို့လို့ ကိုယ့်ဘက်က Go off the record ပေးမထားဘူး ဆိုရင် သူတကယ် Offline ဖြစ်နေတဲ့ အခါ ကိုယ်ရိုက်လိုက်တဲ့ စာတွေက သူ့ဆီကို Mail တစ်စောင်လို ဝင်သွားပါလိမ့်မယ်။ ဒါဆို သူ့ကို Invisible နဲ့ နေတာ ဟုတ်မဟုတ် စမ်းပြီ ဆိုတာ သူ Online တက်လာရင် သိသွားနိုင်ပါတယ်။ ကျွန်တော်တို့ Go off the record  ပေးထားရင်တော့ သူတကယ် Offline ဖြစ်နေလည်း ကိုယ်ရိုက်ထားတဲ့ စာတွေက သူ့ဆီကို Mail အနေနဲ့လည်း ဝင်မှာ မဟုတ်ပါဘူး - ဒါ့ကြောင့် ကိုယ်စမ်းသပ်ထားတယ် ဆိုတာလည်း သူသိနိုင်မှာ မဟုတ်ပါဘူး။


3.) အောက်ဖော်ပြပါအတိုင်း စတင်ပြီး စာနည်းနည်း ရိုက်လိုက်ပါ။ တကယ်လို့ ကိုယ် Target ထားတဲ့သူက တကယ် Offline ဖြစ်နေတယ်ဆိုရင် ကိုယ်စာရိုက်ပြီးတဲ့ နောက်မှာ အောက်ဖော်ပြပါအတိုင်း စာတက်လာပါလိမ့်မယ်။



4.) တကယ်လို့ ကိုယ် Target ထားတဲ့သူက Online ဒါမှမဟုတ် Invisible လုပ်နေတာ ဆိုရင် ခုလိုမျိုး ဘာစာမှ တက်လာမှာ မဟုတ်ပါဘူး။


Go off the record လုပ်တာက Gmail > Settings > Chat အောက်က Never save chat history. ကနေ လုပ်လည်း ရပါတယ်။ အဆင်ပြေသလိုသာ လုပ်ပါ။ အဲလို လုပ်မယ် ဆိုရင် Save changes လုပ်ဖို့သာ မမေ့ပါနဲ့ - ပြီးရင်တော့ အပေါ်က အတိုင်း စမ်းလို့ရပါပြီ။


13. Blocked ခံထားရခြင်း ဟုတ်မဟုတ် စစ်ဆေးခြင်း




ကိုယ်နဲ့ အမြဲ စကားပြောနေကျ သူတစ်ယောက် Online မှာ ကြာရှည်မတွေ့ရတော့တဲ့ အခါ - တွေ့ပြန်ရင်လည်း ခဏတဖြုတ်ပဲ တွေ့ရလေ့ ရှိပြီး ရက်အတော်ကြာကြာ ပျောက်နေတတ်တာတွေ ကြုံလာရတဲ့အခါ ကိုယ့်ကိုယ် သူများ Blocked လုပ်ထားသလား ဆိုပြီး သံသယ အတွေးနဲ့ နေမထိ ထိုင်မသာ ဖြစ်လာတတ်ပါတယ်။ အဲ့လို ခံစားနေရပြီ ဆိုရင် ကိုယ့်ကို တကယ် Blocked လုပ်ထားမထား စမ်းသပ်ကြည့်နိုင်မယ့် နည်းလမ်းရှိပါတယ်။ ဒီအောက်မှာ ဖော်ပြမယ့် နည်းလမ်းကတော့ ကိုယ့်ကို Blocked လုပ်ထားမထား ဆိုတာ Pidgin ကို သုံးပြီး စမ်းသပ်မယ့် နည်းလမ်းပါ။ စိတ်ပါဝင်စား သူများ Account နှစ်ခုကနေ ကိုယ့်ဘာသာ Block လုပ်ပြီး စမ်းကြည့်နိုင်ပါတယ်။


1. အရင်ဆုံး Pidgin ကို Download ချပြီး Install လုပ်ဆောင်ထားဖို့ လိုပါတယ်။


ဒီနေရာကနေ Pidgin chat client ကို Download ချပြီး install လုပ်ဆောင်လိုက်ပါ။


2. Pidgin ထဲမှာ Gtalk acc များ ထည့်သွင်းပါမယ်။


Gtalk acc တွေ ထည့်သွင်းဖို့ကတော့ Accounts > Manage Account > Add ကနေ ထည့်သွင်းသွားလို့ ရပါတယ်။ ပုံစံတူ တစ်ခု ကျွန်တော် ထည့်ပြထားပါတယ်။ ဒီလိုမျိုးပါ။




3. ဘယ်သူတွေ ကိုယ့်ကို Block ထားသလဲ  ?


ကိုယ့်ကို Blocked လုပ်ထားတယ်လို့ ကိုယ့်စိတ်ထဲ သံသယ ရှိနေတဲ့ သူ တစ်ယောက်ယောက်ရဲ့ Acc ပေါ်မှာ အောက်ဖော်ပြပါ အတိုင်း Right click ထောက်ပြီး Get info ကို click ပေးလိုက်ပါ။




အဲလို လုပ်လိုက်လို့ ကိုယ်သံသယ ရှိနေတဲ့ သူက ကိုယ့်ကိုယ် တကယ် Block လုပ်မထားပဲ အမှန်တကယ် Offline ဖြစ်နေတာ သေချာရင် အောက်ဖော်ပြပါအတိုင်း မြင်ရပါလိမ့်မယ်။




တကယ်လို့ ကိုယ့်ကိုယ် Block လုပ်ထားတယ် ဆိုရင်တော့ Get info ကို Click ပေးတဲ့ အချိန်မှာ အောက်ဖော်ပြပါအတိုင်း ဘာမှကို တွေ့ရမှာ မဟုတ်ပါဘူး။ ဒီနည်းနဲ့ ကိုယ့်ကို တကယ် Block လုပ်ထား မထား စစ်ဆေးကြည့်နိုင်ပါတယ်။




14. Gtalk audio calls များအား Save လုပ်ခြင်း

တစ်ယောက်ယောက်နဲ့ Gtalk မှာ စကားပြောခဲ့တယ် - ဒါပေမယ့်လည်း ဖုန်းချပြီးသွားချိန်မှာ အဲ့အသံလေး ပြန်ကြားချင်နေတုန်း ဒီ အသံလေး ထပ်ကြားချင်နေတုန်း စသဖြင့် Gtalk မှာ အပြန်အလှန် ပြောခဲ့ကြတဲ့ စကားသံတွေကို သိမ်းထားနိုင်ဖို့ အတွက် လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်နည်း အမျိုးမျိုး ရှိပါတယ်။ ကျွန်တော်ကတော့ Total Recorder Professional ကို သုံးပါတယ်။ တစ်ခြား ဒီ့ထက် ပေါ့ပါးပြီး သုံးရလွယ်တဲ့ Solicall ဆိုတာလည်း ရှိပါတယ်။ ဒါပေမယ့် Solicall ဟာ Windows 2000/XP အတွက်ပဲ မို့လို့ Windows Vista - 7 သုံးသူတွေ အတွက် အဆင်မပြေနိုင်ပါဘူး။ Total Recorder Professional ကတော့ အားလုံး အတွက် အဆင်ပြေပါတယ်။



Myanmar Family - Reco Prof
http://mir.cr/L7YFJVRH

15. Yahoo messenger, Gtalk, AIM, MSN ... Chatting အားလုံး Client တစ်ခုတည်းဖြင့် အသုံးပြုခြင်း

Online နဲ့ ပတ်သတ်ဖူးသူတိုင်း Chatting နဲ့ရင်းနှီးကြပါတယ်။ အဲမှာ ကျွန်တော်တို့ နဲနဲ ပြဿနာ တက်တာက ကိုယ်နဲ့ ရင်းနှီးတဲ့ သူတွေက ကိုယ်သုံးတဲ့ Chat Client ကို မသုံးကြတာ - ဥပမာ ပြောရရင် ကျွန်တော်က Yahoo Messenger သုံးတယ် ဆိုပါစို့ ကျွန်တော့် အသိတွေက Window Live Messenger သုံးတဲ့ သူရှိတယ် - Gtalk သုံးတဲ့သူရှိတယ် - နောက် တစ်ခြား Messenger သုံးတဲ့ သူတွေလည်း ရှိသေးတယ် - အဲတော့ ပြဿနာက အားလုံးကို ကျွန်တော်သုံးနေတဲ့ Yahoo Messenger ထဲ ခေါ် Add ထားလို့ မရဘူး - တစ်ခုခု ပြောစရာရှိပြီ ဆိုရင် ကျွန်တော်က သူတို့ သုံးတဲ့ Messenger လိုက်သုံးရမလို ဖြစ်နေတယ် - ဒီလိုပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက် အကောင်းဆုံးက Multiple applications တွေ ဖြစ်တဲ့ ( Yahoo Messenger, Gtalk, MSN Messenger ... စသဖြင့် ) တစ်ခြား Networks အသီးသီးက သူငယ်ချင်းတွေကို တစ်နေရာတည်းကနေ ဆက်သွယ်လို့ ရမယ့် Multi-protocol Instant Messaging client တစ်ခုကို သုံးဖို့ပါ - သူကတော့ Pidgin ပေါ့ - Pidgin ကို သုံးခြင်း အားဖြင့် ကိုယ့်ရဲ့ IM accounts အားလုံးကို တစ်နေရာတည်းကနေ ပေါင်းစည်း သုံးစွဲလို့ ရစေမှာ ဖြစ်ပါတယ်။ ဒီ့ထက်ကောင်းတာကတော့ သူက Open Source ဖြစ်ပြီး Free ပေးတာပါ။


Pidgin


Pidgin နဲ့ အတူတူ လုပ်ဆောင်နိုင်တဲ့ Messenger တွေကတော့

* Google Talk
* MSN
* Yahoo!
* AIM
* ICQ
* IRC
* MySpaceIM
* Bonjour
* Gadu-Gadu
* Groupwise
* QQ
* SILC
* SIMPLE
* Sametime
* XMPP
* Zephyr


Pidgin ဟာ အပေါ်မှာ ပြောထားခဲ့ပြီး သလို IM networks အသီးသီးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် အသုံးပြုနိုင်တဲ့ Client ဖြစ်လို့ AIM က သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောနေတဲ့ အချိန်မှာပဲ Yahoo Messenger က သူငယ်ချင်းနဲ့လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း စကားပြောနိုင်မှာဖြစ်ပါတယ်။ တစ်ခြား Features တွေ အများအပြား ပါဝင်သေးပေမယ့် ကျွန်တော်က Pidgin က အရောင်းမြှင့်တင်ရေး ဝန်ထမ်း မဟုတ်လို့ အကျယ်မချဲ့လိုတော့ပါဘူး - စမ်းသပ်သုံးစွဲချင်သူများ ဤနေရာကနေ ကြွပါ။


13. တစ်စုံတစ်ယောက်၏ IP address အား Chat မှ တစ်ဆင့် ရှာဖြွေခင်း


တစ်ယောက်ပြီး တစ်ယောက် သိချင်ကြတယ် - နိုင်ငံခြား ဖိုရမ်တွေမှာ ကြည့်လည်း ဒီအကြောင်းအရာကိုပဲ ခေါင်းစား လောက်အောင် မေးတာတွေ့ရတယ် - ဘယ်လိုမေးကြလဲ ဆိုတော့ " ကျွန်တော်/ကျွန်မ နဲ့ Chat နေတဲ့ သူရဲ့ IP address ကို ဘယ်လိုများ သိနိုင်ပါသလဲ " ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး တစ်ချို့ကလည်း ဒီလို ဖြေတာ တွေ့ရတယ် -

cmd ကနေ တစ်ဆင့် netstat -n နဲ့ ရှာလို့ ရတယ် ဘာညာ စသဖြင့် - ဒါပေမယ့် ဒီနည်းလမ်းတွေက တရားသေကြီး မဟုတ်ပါဘူး - ဆိုလိုတာ ဒီနည်းလမ်းကို သုံးတာနဲ့ static IP ကို ရပါမယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး - ခုခေတ်မှာ home users တွေလောက်ကလွဲရင် ဘယ်သူမှ static IP ကို မသုံးကြတော့ဘူး - အားလုံးက dynamic IP တွေနဲ့ ချည်း နေကြတာ - ဒါကို ကိုယ်က မသိပဲ ဒီနည်းနဲ့ လုပ်ရင် IP ရတယ် ဆိုပြီး လုပ်နေလို့ကတော့ ကျွန်တော်တို့ အရူးပဲ ဖြစ်မှာပါပဲ -

နောက်ထပ် ပြောစရာ ရှိတာတွေက IP address ဆိုတာမျိုးဟာ လျှို့ဝှက်ထားရလောက်အောင်ထိ သိပ်ပြီး ကြီးကျယ်တဲ့ အကြောင်း အရာမျိုး မဟုတ်ပါဘူး - IP address ဆိုတာ သာမန် စာလုံးတွေပါ - အဲ့ စာလုံးတွေက ကိုယ့်ရဲ့ Personal info တွေကို ဖော်ပြနိုင်တာ မျိုးလည်း မဟုတ်ပါဘူး - ဒီ့ထက် နားလည်လွယ်အောင် ပြောရရင် IP address ဆိုတာ Computer တို့ Router တို့မှာ ရှိနေတဲ့ Network တစ်ခုနဲ့ တစ်ခုကြား ဆက်သွယ်ပေးတဲ့ network devices တွေရဲ့ Address တွေပါ - ဆိုကြပါစို့ ကျွန်တော်တို့ ဒါကို လမ်းလိပ်စာ တစ်ခုအနေနဲ့ ရှုမြင်လိုက်မယ် - ဒီတော့ ဖြစ်လာမှာ network ဆိုတာ လမ်း - ပြီးတော့ network device တစ်ခုချင်းစီက အိမ် တစ်လုံးစီ - ဒါ့ကြောင့် ကျွန်တော့် IP address က '192.168.0.5', ဖြစ်တယ် ဆိုပါစို့ ဒီလိုဆို ကျွန်တော်နေတဲ့ နေရာက လမ်းနံပါတ် '192.168.0' နဲ့ အိမ်နံပါတ် '5' မှာနေတယ် ဒီသဘောပါပဲ။

နောက် လမ်းတစ်ခုစီ အတွက် စာပို့သမား တစ်ယောက်စီ ရှိတယ် ဆိုပါစို့ - ဒီစာပို့သမားတွေက လမ်းနံပါတ်တွေနဲ့ အိမ်လိပ်စာတွေ တိတိကျကျ သိကြတယ်ထား။ နောက်ထပ် ဥပမာ တစ်ခု ကျွန်တော် ထပ်ပြပါ့မယ်။ ကျွန်တော်တို့က Google Talk Messenger ကို စဝင်လိုက်ပြီ - 'Login' button ကို ကျွန်တော်တို့ စပြီး Click ပေးလိုက်တာနဲ့  ကျွန်တော်တို့ရဲ့ Computer ကနေပြီး ချက်ချင်း စာပို့သမားကို လှမ်းပြောလိုက်တယ် "ဟေ့လူ .. ဒီစာလေးငါ့ကို Google Talk Service ကို ပို့ပေးစမ်းပါကွာ - ငါ login ဝင်တော့မယ်လို့ " - အဲလို ပြောလိုက်တာနဲ့ စာပို့သမားကနေပြီး ကျွန်တော်တို့ ရိုက်ထည့်ပေးလိုက်တဲ့ username နဲ့ password ကို စာထဲမှာ ထည့်ယူသွားပြီး Google Talk Service  ကွန်ပြူတာ ကို ပို့ပေးပါလိမ့်မယ်။ အဲလိုပို့လိုက်တဲ့ စာရပြီ ဆိုရင်ပဲ Google Talk Service  ကွန်ပြူတာ ကနေပြီး ဝင်ပါ /ဝင်လို့ မရပါဘူး စတဲ့ စာကို ပြန်အကြောင်းကြား ပို့လွှတ်ပါ လိမ့်မယ်။

--- ဒီအခြေအနေမှာ ကျွန်တော်တို့ကနေပြီး ကျွန်တော်တို့ သုံးနေတဲ့ IP address  ကို အနည်းဆုံး network devices နှစ်ခုဆီ ပေးရပါလိမ့်မယ်။ သူတို့တွေကတော့ လမ်းထဲက စာပို့သမားနဲ့ Google Talk Service  ကွန်ပြူတာပါ။


နောက် file တစ်ခုခုကို Google Talk Messenger ကနေ သူငယ်ချင်း တစ်ယောက်ယောက်ဆီ ပို့လိုက်ပြီ ထား - ကိုယ့် သူငယ်ချင်းက Accept ဆိုတာကို click ပေးလိုက်တာနဲ့ သူ့ ကွန်ပြူတာကနေ " အိုကေပါ - ငါ ဒီ file ကို လက်ခံပါ့မယ် - ဒါ ငါ့ လိမ်စာပါ " ဆိုပြီး စာပြန်လာပါလိမ့်မယ်။

---  ဒီအခြေအနေမှာ ဆိုရင် အနဲဆုံး ကွန်ပြူတာ သုံးလုံးက ကျွန်တော်တို့ သုံးနေတဲ့ IP address ကို သိပါတယ်။ အဲတာကတော့ စာပို့သမား - ကျွန်တော်တို့ ကွန်ပြူတာနဲ့ Google Talk Service  ကွန်ပြူတာပါ။  ခု ဖော်ပြခဲ့တာတွေကတော့ အရိုးရှင်းဆုံး အင်တာနက်ရဲ့ လုပ်ဆောင်ချက်တွေပါပဲ။

နောက်တစ်ဆင့် အနေနဲ့ လူအများ မေးလေ့ ရှိကြတဲ့ သိချင်ကြတဲ့ မေးခွန်း တစ်ချို့ကိုပါ တစ်ဆက်တစ်စပ်တည်း ဖော်ပြပေး သွားပါ့မယ်။

[*]ကျွန်တော့် ကွန်ပြူတာက အင်တာနက်နဲ့ ချိတ်ထားတာမျိုး မရှိဘူး - အဲတာဆိုရင်ရော ကျွန်တော့် ကွန်ပြူတာမှာ IP address ရှိသလား ??
အဖြေကတော့ လမ်းတစ်ခု ထဲမှာ အိမ်ဝယ်လိုက်ရင် အိမ်နံပါတ်တော့ ရတာပဲမလား ?? ဒီသဘောပါပဲ - ကိုယ့်ကွန်ပြူတာက အင်တာနက် ချိတ်ဆက်ထားသည် ဖြစ်စေ ချိတ်ဆက် မထားသည် ဖြစ်စေ Network တစ်ခုခု ထဲမှာ ပါဝင်နေမယ် ဆိုရင်တော့ IP address ဆိုတာ ရှိနေမှာပါပဲ။

[*]IP address ဆိုတာ ကွန်ပြူတာ ထုတ်လုပ်သူတွေကနေ ဆုံးဖြတ်ရွေးချယ်တာမျိုးလား ??
မဟုတ်ပါဘူး အဲတာက ကိုယ် ပါဝင်ထားတဲ့ Network ပေါ် မူတည်ပါတယ်။ တစ်ခါတစ်ရံမှာ Network တွေကနေ IP address ကို အလိုလျောက် ထုတ်ပေးတတ်ပြီး တစ်ခါတစ်လေကျရင်တော့ ကိုယ်ကိုယ်တိုင်ပဲ ဖြည့်သွင်းပေးရပါတယ်။

[*] ကျွန်တော့် IP address ကို ဘယ်လို သိနိုင်မလဲ ?
ဒါက ကိုယ်ရှာနေတာ / ကိုယ်သိချင်တာ ဘယ် IP address ဆိုတာလည်း အပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ကိုယ့် ကွန်ပြူတာက Router တစ်ခုရဲ့ နောက်ကွယ်မှာ ရှိနေတာမျိုးဆိုရင် ကျွန်တော်တို့မှာ internal (LAN) နဲ့ external (internet) IP address ဆိုတာ ရှိလာပါတယ်။  'ipconfig' program ကနေပြီး ( Start > Run > cmd > ipconfig ) ကျွန်တော်တို့ရဲ့ IP address ကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ တကယ်လို့ external IP address ကို သိချင်တာ ဆိုရင်တော့ Webpage တွေပေါ်မှာ တွေ့မြင်နိုင်ပါတယ်။ တကယ်လို့ ကိုယ့်မှာ Router မရှိဘူး အင်တာနက်နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာမျိုး ဆိုရင်တော့ ကျွန်တော်တို့ရဲ့ internal IP address နဲ့ external IP address က အတူတူပဲ ဖြစ်နေမှာပါ။

[*] တစ်ယောက်ယောက်က ကျွန်တော့် IP address ကို သိယုံနဲ့ ကျွန်တော့်ကွန်ပြူတာကို သူလုပ်ချင်သလို လုပ်လို့ ရနိုင်သလား ??
 အရှင်းဆုံး ဖြေရရင်တော့ မရပါဘူး - ဒါပေမယ့် ဒီအကြောင်းအရာက ကိုယ့် ကွန်ပြူတာကို ကိုယ်ဘယ်လို သုံးသလဲ ဆိုတာပေါ်လည်း မူတည်ပါသေးတယ်။ ဒီလို အခြေအနေမျိုးက ကိုယ့်စက်မှာ Malicious program လို့ ခေါ်တဲ့ ( ဥပမာ - trojan )  ဆိုတာမျိုး ရှိနေမယ် ဆိုရင် သူ့ကို အသုံးပြုပြီး ကိုယ့်ကွန်ပြူတာရဲ့ နောက်ကွယ်ကနေ Hackers တွေက လုပ်ချင်သလို လုပ်နေလို့ ရပါတယ်။ ဒါပေမယ့် ယေဘုယျ အားဖြင့်တော့ ကိုယ့်ကွန်ပြူတာက Router နဲ့ တစ်ဆင့် ခံထားမယ် ဒါမှမဟုတ်  firewall နဲ့ ကာထားမယ် ဆိုရင်တော့ ဒီ ပြဿနာ အတွက် စိတ်ပူစရာ မလိုပါဘူး - လုံခြုံပါတယ်။

ခုပြောခဲ့ သလောက်ဟာ တစ်စုံတစ်ယောက်၏ IP address အား Chat မှ တစ်ဆင့် ရှာဖြွေခင်း ဆိုတဲ့့ ခေါင်းစဉ်နဲ့ ပတ်သတ်ပြီး အကျဉ်းချုပ်ပါပဲ။

14. Gtalk Themes များ ပြောင်းလဲ အသုံးပြုခြင်း

Gtalk ကို တစ်ချို့က နဂို ပါလာတဲ့ Themes နဲ့ မသုံးချင်ကြဘူး - အပြောင်းအလဲ လေးနဲ့ လှတပတလေး သုံးကြည့်ချင်ကြတယ် - အဲ့ အတွက် ပြောင်းလဲ နိုင်မယ့် အရောင်ခြောက်မျိုးနဲ့ Themes တွေ စုစည်းပေးလိုက်ပါတယ်။ သူတို့နဲ့ တစ်ဆက်တည်း Gtalk ရဲ့ Colour ကို ဘယ်လို ပြောင်းလဲ နိုင်မလဲ ဆိုတာကိုပါ tutorial နဲ့ ဖော်ပြပေးသွားပါ့မယ်။



  • Blue Theme | Download theme now
  • Pink Theme | Download theme now
  • Black Theme | Download theme now
  • Red Theme | Download theme now
  • Yellow Theme | Download theme now
  • Purple Theme | Download theme now

လုပ်ဆောင်နည်း အဆင့်ဆင့်ကတော့ -

  • 1. ပထမဆုံး Resource Editor/Viewer ရှိဖို့လိုအပ်ပါတယ်။ ပေးထားတဲ့ Link ကနေ ကြိုက်နှစ်သက်ရာကို ရွေးပြီး Download ယူပါ။
  • 2. googletalk.exe ရှိရာကို သွားပါ - ပုံမှန်အားဖြင့်တော့ သူက C:\Program Files\Google\Google Talk folder ထဲမှာ ရှိပါတယ်။
  • 3. တွေ့ရတဲ့ original googletalk.exe ကို မိတ္တူပွားယူပါမယ်။ ဒီလုပ်ငန်းစဉ်မှာ ကျွန်တော်တို့က မူရင်း googletalk.exe ကို ပြင်ယူရမှာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မတော်လို့ အမှားတစ်ခုခု ဖြစ်ရင် အန္တရာယ်ကင်းအောင် မိတ္တူပွားယူတဲ့ သဘောပါ။
  • 4. နောက်တစ်ဆင့် အနေနဲ့ Resource Editor ကို သုံးပြီး ပွားယူထားတဲ့ googletalk.exe ကိုဖွင့်ပါမယ်။
  • 5. အဲလို ဖွင့်လိုက်ရင် တွေ့ရတဲ့ Bitmap tree ကို Expand လုပ်ပြီး bitmaps 139, 5001-5104 နဲ့ 6007 ကို ပြင်ဆင်ရ ပါမယ်။ အဲ့ဒီ ဖိုင်တွေက Colour တွေကို ပြင်ဆင်ရမယ့် ဖိုင်တွေပါ။
  • 6. အဲ့ဒီဖိုင်တွေကို ပြင်ဆင်ပါဆိုတော့ တစ်ခြား ဖိုင်တွေကရောလို့ မေးစရာ ရှိပါတယ်။ တစ်ခြား bitmaps files တွေက Google Talk ရဲ့ တစ်ခြား အပိုင်းတွေကို ကိုယ်စားပြုပါတယ်။
  • 7. ကိုယ်နှစ်သက်တဲ့ colour ကို ပြင်ဆင်ပြီးပြီ ဆိုရင် မူရင်း bitmaps နေရာမှာ ကိုယ်ပြင်ထားတဲ့ bitmaps နဲ့ အစားထိုး ရပါမယ်။
  • 8. အားလုံးပြီး သွားရင် Save လုပ်ပြီး အသုံးပြုနိုင်ပါပြီ။
ဒီလောက်နဲ့ တင် ကျွန်တော် မရပ်ချင်သေးပါဘူး - နောက်ထပ် Gtalk နဲ့ ပတ်သတ်ပြီး အသုံးဝင်မယ့် Gtalk applications တွေ Themes တွေ တည်ရှိရာ နေရာတွေကို လမ်းညွှန်လိုက်ချင်ပါသေးတယ်။

ဒီအောက်မှာ ဖော်ပြထားတဲ့ Links တွေကတော့ Gtalk themes တွေနဲ့ ပတ်သတ်ပြီး ပြင်ဆင်ချင်သူ - အသေးစိတ် လေ့လာလိုသူ - ထပ်မံပြင်ဆင်သေးချင်သူတွေ အတွက် အသုံးဝင်မယ့် Links တွေ ဖြစ်ပါတယ်။


Gtalk Themes ကို ကိုယ်တိုင် လုပ်ချင်သူတွေလည်း ရှိကောင်း ရှိဦးမှာပါ - အဲလို လူတွေ အတွက်တော့ အသင့်ဖော်ပြထားပြီး သားနေရာ ရှိပါတယ်။ ဒီနေရာကနေ သွားပါ။

15. Gtalk ဖြင့် Online Radio နားဆင်ခြင်း


Gtalk2Voip ဆိုတာ ပုံမှန်အားဖြင့်တော့ voice calling service တစ်ခုပါ - ဒါပေမယ့် သူက Gtalk ကနေ Radio နားထောင်လို့ ရအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ Gtalk ကနေ Radio နားဆင်နိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်ရမှာ အနည်းအကျဉ်း လောက်ပါပဲ - ဒီအောက်ဖော်ပြပါ အဆင့်လေးတွေကို လုပ်ဆောင်ကြည့်ပါ -


1) အရင်ဆုံး service@gtalk2voip.com ကို ကိုယ့် IM friend တစ်ယောက်လို Add ရပါမယ်။
2) နောက်တစ်ဆင့် အနေနဲ့ Chat window မှာ Help လို့ ရိုက်ရပါမယ်။ အဲလို ရိုက်လိုက်ရင် သုံးနိုင်မယ့် Commands တွေကို တွေ့ရပါလိမ့်မယ်။
3) အဲ့ကနေ ကျွန်တော်တို့က Radio နားထောင်ချင်တာ မို့လို့ Radio လိုက် ထပ်ရိုက်လိုက်ရင် နားထောင်လို့ ရမယ့် Radio Live Stations တွေကို တွေ့ရပါလိမ့်မယ်။
4) နောက်ဆုံး အဆင့်အနေနဲ့ Chat window မှာ ကိုယ်နှစ်သက်ရာ နားထောင်ချင်တဲ့ radio number ကို  အောက်ဖော်ပြပါ အတိုင်း ရွေးချယ် ရိုက်သွင်း လိုက်ပါမယ်။ ဥပမာ အနေနဲ့ “radio 107” ဆိုကြပါစို့ -




5) ဒီလိုဆိုရင် Online streaming radio ကို နားဆင်ဖို့ gtalk2voip ကနေ ကျွန်တော်တို့ကို Call လုပ်လာပါလိမ့်မယ်။



ဝင်လာတဲ့ Call ကို Accept ပေးလိုက်တာနဲ့ ကျွန်တော်တို့ နားထောင်ချင်တဲ့ Radio ကို စတင်နားဆင်လို့ ရပါပြီ။ ဒါပေမယ့် ကိုယ်နေတဲ့ နေရာပေါ် မူတည်ပြီး တစ်ချို့ Radio Stations တွေက နားထောင်လို့ ရမရ ဆိုတာတွေ ရှိပါသေးတယ်။ အဲ့ အတွက်တော့ Sorry ပါ။

အနှစ်ချုပ်

ဒီအကြောင်းအရာကို စရေးဖို့ ကြိုးစားတုန်းကတော့ အကြောင်းအရာ အမျိုး ၃၀ ကျော်ကျော်လောက် ရေးမလို့ပါပဲ - ဒါပေမယ့် ရေးလာရင်းနဲ့ တကယ်တမ်း မလိုလောက်ပါဘူးလို့ ထင်တာတွေ ဖြုတ်ချခဲ့ရင်း ၁၅ မျိုးပဲ ကျန်ပါတော့တယ်။ အဲ့တော့လည်း ၁၅ မျိုးပဲပေါ့ -

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts