Wolfram Alpha for Everyone

Leave a Comment

ကျွန်တော် Wolfram Alpha နဲ့ ရင်းနှီးခဲ့တာ နဲနဲတော့ ကြာခဲ့ပါပြီ - ပြောရရင် သူ Beta ဘဝလောက်က စပြီး သတိထားမိခဲ့တာပါ - အဲ့တုန်းက Wolfram Alpha ဆိုတာ Computational knowledge engine လို့ပြောထားပေမယ့် တကယ်တမ်း စမ်းသုံး ကြည့်တော့ ထင်သလောက်ကြီး ပီပီပြင်ပြင် အကောင်အထည် မဖော်နိုင်သေးတာ သတိထားမိခဲ့ပါတယ်။ ဒါပေမယ့်လည်း အလားအလာကောင်းတဲ့ Engine တစ်ခုမို့လို့ မျက်ခြေပျက်မခံပဲ လေ့လာနေခဲ့ရင်း - ခုလက်ရှိအချိန်မှာတော့ Wolfram Alpha ဆိုတာ သူဖွင့်ဆိုထားတဲ့ Computational knowledge engine လို့ လက်ခံနိုင်လောက်အောင် တော်တော်ကြီးကို ပြည့်စုံလာခဲ့ပြီ  ဆိုတဲ့ အကြောင်း မြန်မာမိသားစုထဲမှာ ချပြဖို့ အတွက် ဒီအကြောင်းအရာကို အစပျိုးဖြစ်လိုက်ပါတယ်။


အဲတော့ Wolfram Alpha ဆိုတာ Computational knowledge engine ဆိုတာ သိပြီ - ဒီတော့ Wolfram Alpha က ဘာကောင်းလဲ - သူက ဘာကို challenge လုပ်သလဲ ?? ကျွန်တော့် အမြင်တော့  Wolfram Alpha က သချာင်္သမားတွေ - ကိန်းဂဏန်း အချက်အလက်ကို တိတိကျကျ လိုလားသူတွေ အတွက် သင့်တော်မယ်လို့ ထင်မိတယ် - သူကိုယ်တိုင်ကလည်း အဲလို ပညာရှင်တွေကို သူ့ဆီလာပြီး စမ်းသပ်ဖို့ challenge ခေါ်ထားပါတယ်။ ကျွန်တော်က သချာင်္ပညာရှင်လည်း မဟုတ်ဘူး - သိပ္ပံပညာရှင်လည်း မဟုတ်ဘူး - ဒါပေမယ့် ကိန်းဂဏန်း အချက်အလက် တိကျတာကိုတော့ အရမ်း သဘောကျတယ် - ဒါ့ကြောင့် သူခေါ်ထားတဲ့ challenge ထဲ ဝင်ဖို့ စိတ်ကူးလိုက်ပါတယ် - စမ်းသပ်မယ်ဆိုရင်တော့ ကုန်နိုင်ဖွယ်ရာ မရှိပါဘူး - ဒါပေမယ့် အားလုံးကို မဖော်ပြတော့ပဲ သင့်တော်ရာလေးတွေ ရွေးထုတ်ရင်း နည်းပညာသမားတွေ - ဗဟုသုတ ရှာမှီးသူတွေ အတွက် လေ့လာနိုင်အောင် လွယ်ကူ အဆင်ပြေမှာလေးတွေ ရွေးထုတ်ဖော်ပြလိုက်ပါတယ်။

တစ်နေ့ တစ်နေ့ Google ကိုပဲ အရက်စွဲ စွဲသလို ဖြစ်နေတဲ့ ကျွန်တော်တို့လို လူတွေ အတွက်တော့ အရက်မပျက်ရင်တောင် ခဏလောက် မေ့သွားအောင် Wolfram Alpha ကို တစ်ချက်လောက် စမ်းကြည့်သင့်ပါတယ်။ ကြိုတင် အသိပေးထားချင်တာက Wolfram Alpha ဟာ Computational knowledge engine လို့ ဆိုထားပေမယ့် ကွန်ပြူတာ ဖြစ်တဲ့ အတွက် လူသားတွေလောက်တော့ စေ့စေ့စပ်စပ် နောက်တီးနောက်တောက် ပေါက်တီးပေါက်မြောက် မတွေးနိုင်သေးပါဘူး - လောလောဆယ် အခြေအနေမှာ တော်တော်လေး ပြည့်စုံလာတယ်လို့ ကျွန်တော် အထက်မှာ ဆိုထားပေမယ့် သူလည်း ပြင်ဆင်ဆဲ ကာလပဲ ရှိပါသေးတယ်။ ဒါ့ကြောင့် မေးခွန်း တစ်ခုခုမေးလိုက်လို့ လိုချင်တဲ့ အဖြေမရရင် ကျွန်တော့်ကိုရော - Wolfram Alpha ကိုရော အပြစ်မတင်ကြဖို့ ကြိုတင် အသိပေးပါရစေ -


Wolfram Alpha ကဘာတွေ စွမ်းဆောင်နိုင်တာလဲ ဆိုတာ ဖြေးဖြေးချင်း လေ့လာပြီးသွားတာနဲ့ - Wolfram Alpha ဆိုတာ search engines တွေအားလုံးရဲ့ ကြားထဲမှာ အလားအလာ ကောင်းကောင်းနဲ့ နောင်တစ်ချိန်မှာ ထိုးဖောက်လာနိုင်တဲ့ အလားအလာရှိမယ်ဆိုတာ မိသားစုဝင်တွေ သတိထားမိလာပါလိမ့်မယ်။

ဒီအောက်မှာတော့ Wolfram Alpha နဲ့ ပတ်သတ်တဲ့ အလွယ်ကူဆုံး စမ်းသပ်ချက် (  ၁၁ ) ခု ပါ။ ကျွန်တော်တို့ လေ့လာကြည့်ကြ ရအောင် - 

ဘယ် Website က ပိုပြီး လူသိများသလဲ ??

အင်တာနက်ထဲမှာ Website တွေ တော်တော်များများ ရှိတယ် - တစ်ချို့လည်း တော်တော်လူသိများတယ် - တစ်ချို့ကတော့ ဒီလောက်ကြီး လူမသိဘူး - တစ်ချို့ တစ်လေကတော့ လုံးဝကို လူမသိကြတာ - အားလုံးထဲမှာ ကျွန်တော်တို့ အခု လူသိအများဆုံး Website နှစ်ခု - Google နဲ့ Yahoo ကို ဘယ်ကောင်ပိုပြီး Popular ဖြစ်လဲ ဆိုတာ Wolfram Alpha ကို အဖြေထုတ်ခိုင်းပါမယ်။ Wolfram Alpha က ထုတ်ပေးတဲ့ အဖြေကတော့ အောက်ဖော်ပြပါ အတိုင်းပါပဲ - မိသားစုဝင်များလည်း စမ်းသပ်ကြည့်ကြပါ -


ငါ့ IP က ဘာပါလိမ့် ??

Wolfram Alpha က location နဲ့ ပတ်သတ်ပြီးလည်း တိတိကျကျ ဖော်ပြနိုင်ပါသေးတယ်။ ကိုယ့် IP ဘာမှန်း မသိဘူး စိတ်မပူပါနဲ့ - Wolfram Alpha မှာ IP tracker ရှိပါတယ်။ Search box မှာ ‘Where Am I ?’ လို့ပဲ ရိုက်ရိုက် ‘My IP’ လို့ပဲ ရိုက်ရိုက် သူက ကိုယ့် IP နဲ့ ဘယ်နားမှာ နေတယ် -  co-ordinates ဘယ်လောက်မှာ ဆိုပြီး ခုလို တိတိကျကျ ထုတ်ပေးပါလိမ့် မယ်။ စမ်းသပ်ကြည့်ပါဦး။


အထက်ဖော်ပြပါ အတိုင်း IP နံပါတ်သာမက URL တစ်ခုခုကို ရိုက်သွင်း ပြီးလည်း search string တစ်ခု အနေနဲ့ ရှာဖွေလို့ ရပါတယ်။ ကျွန်တော်က အမြဲ ကြည့်နေကျ burmeseclassic.com ကို ဥပမာပေး ထားပါတယ်။


တိုက်ရိုက် အကွာအဝေး ဘယ်လောက်လဲ ??


Wolfram Alpha မှာ မြို့ တစ်မြို့နဲ့ တစ်မြို့ကြား တိုက်ရိုက် အကွာအဝေး ဘယ်လောက်လဲ ဆိုတာကိုလည်း တွက်ချက်လို့ ရပါတယ်။ သူတွက်ချက်ပြတာတော့ ရေကြောင်း - ကုန်းကြောင်းနဲ့ လေကြောင်းလမ်းခရီး တွေပါ။ တစ်ခြား local times တွေ - နှစ်နေရာ စလုံးရဲ့ locations တွေကိုလည်း တစ်ဆက်တစ်စပ်တည်း ဖော်ပြထားပါတယ်။



ဆွေမျိုး ဘယ်လိုတော်သလဲ မေးရအောင် ??

Wolfram Alpha မှာ Genealogy engine လို့ ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ Engine တစ်ခုလည်း ရှိပါသေးတယ် - ဒါကတော့ စိတ်ဝင်စားစရာပဲ - သူက ဘာကို လုပ်ဆောင်လဲ ဆိုတော့ ကိုယ့်မိသားစု ဆွေစဉ်မျိုးဆက် ရဲ့ ဆွေမျိုးတော်စပ်ပုံကို မြင်သာအောင် ဖော်ပြပေးနိုင်ပါတယ်။ ဘယ်လိုလဲ သိနိုင်အောင် အလွယ်ကူဆုံး မေးခွန်းတစ်ခု မေးလိုက်ပါ့မယ်။ 


အမေ့ အဖေရဲ့ ညီရဲ့သား - ဘာလိုတော်လဲ ရှာစမ်းဟဲ့ :D



ဘယ်လောက်တောင် ရေးရမှာလဲ ??

ကျွန်တော်တို့ စာအုပ်တစ်အုပ် ရေးတော့မယ် - ဥပမာ ရေးချင်တာက စာမျက်နှာ ၅၀၀ လောက် - စာမျက်နှာ ၅၀၀ ဆို စာလုံး ဘယ်နလုံးလောက်တောင် သုံးရမလဲ - ဒီစာအုပ် တစ်အုပ်ပြီးဖို့ အချိန်ဘယ်လောက် ကျွန်တော်တို့ ပေးရမလဲ - ဒါမျိုးတွေ ကိုလည်း Wolfram Alpha က တွက်ချက်ပေးနိုင်ပါတယ်။


အချိန်ဘယ်လောက်တောင် ကွာခြားလဲ ??

Wolfram Alpha ကိုသုံးပြီး မိမိနှစ်သက်ရာ နေရာ အသီးသီးက အချိန်ကွာခြားချက်တွေကိုလည်း အောက်ဖော်ပြပါအတိုင်း တွက်ချက်နိုင်ပါတယ်။

ရာသီဥတု အခြေအနေ ဘယ်လိုလဲ ??

Wolfram Alpha ကိုယ်ရောက်နေတဲ့ အရပ်ဒေသရဲ့ ရာသီဥတုကိုပဲ ဖြစ်ဖြစ် တစ်ခြား ကိုယ်သိချင်တဲ့ နိုင်ငံတစ်ခုခုက ရာသီဥတုကို ဖြစ်ဖြစ် တွက်ချက်ပေးနိုင်ပါတယ်။



ငါ စားနေတာ ဘာတွေလဲ ??

လူဆိုတော့ အစားနဲ့ ပါးစပ်နဲ့ ဘယ်သူမှ ပျက်တယ်လို့ မရှိဘူး - အာဟာရ ဖြစ်ဖို့ တစ်ခုမဟုတ် တစ်ခုတော့ တစ်နေ့နဲ့ တစ်နေ့ စားနေရတာပဲ - အဲလို တစ်နေ့နဲ့ တစ်နေ့ ကိုယ်စားနေတဲ့ အစားအစာတွေထဲမှာ ဘယ်ကောင်က ဘာတွေ ဖြစ်သွားလဲ - ဘယ်ကောင်က ကိုယ့်ခန္ဓာကိုယ် အတွက် Calories ဘယ်လောက်တောင် ဝင်သွားစေပြီ ဆိုတာ တွက်ချက်ပေးတဲ့ Online calorie counter - Wolfram Alpha မှာ ရှိပါတယ်။ အစားအသောက် ဆင်ခြင်နိုင်ဖို့နဲ့ ကိုယ်စားနေတာ ကိုယ့်အတွက် ဥပါဒ် ဖြစ်နေပြီလား မဖြစ်ဘူးလား ဆိုတာ ခန့်မှန်းဖို့တော့ တော်တော်လေး အဆင်ပြေပါတယ်။ လောလောဆယ် Hamburger တစ်လုံးကို တွက်ကြည့်ရအောင် -



တစ်ချို့က အစားလေး ပြီးရင် အသောက်လေးလည်း ပါဦးမှ - အဲတာကြောင့် ဘီယာလေးနဲ့ ဝီစကီလေးလည်း ထည့်တွက်ကြည့် လိုက်တယ် -


ကိုယ်လက်လှုပ်ရှား ဘယ်လောက် လုပ်ရမလဲ ??

တစ်နေ့နဲ့ တစ်နေ့ စားတာ သောက်တာတွေ များတယ် ကိုယ့်ခန္ဓာကိုယ်မှာ Calories တွေ တော်တော်များနေတာလည်း သိတယ် - ချလည်း ချချင်တယ် - ဒါပေမယ့် ကိုယ်လက်လှုပ်ရှား အားကစား လုပ်ရမှာက ပျင်း - ပျင်းတာ ရယ်တော့ မဟုတ် - အဓိကက ကိုယ်ဘယ်လောက် လုပ်ရင် Calories  ဘယ်လောက်ကျမလဲ ဆိုတာ တိတိကျကျလေး သိချင်တာ - ဒီတော့မှ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ရတာ ပို အားတက်တာပေါ့ - ဒီအတွက် မပူပါနဲ့ - Wolfram Alpha က ဘယ်လောက်လုပ်ရင် Calories ဘယ်လောက်ကျမယ်ဆိုတာ တွက်ချက် စွမ်းဆောင်ပေးနိုင်ပါတယ်။  


ဆိုကြပါစို့ - ၂၈ နှစ်အရွယ် ကိုယ်အလေးချိန် ၆၀ ကီလိုဂရမ်နဲ့ မိန်းကလေး တစ်ယောက် - တစ်မိနစ်ကို အလှမ်း ၃၀ နဲ့ ခြေလှမ်း နှစ်ထောင် လှမ်းမယ် - တွက်စမ်း အဖြေ -

ဒါဆို ဒီလို အဖြေထွက်ပါတယ်။


ဘယ်လို အရောင်မျိုးလဲ ??

တစ်ချို့ အရောင်တွေ ရှိတယ် - နာမည်ပဲ သိတယ် - ဘာအရောင်မှန်း မျက်စိထဲ မမြင်ဘူး - ပုံမဖော်တတ်ဘူး - ဒါဆိုလည်း Wolfram Alpha ရှိပါတယ်။ သူက ဘယ်နာမည်က ဘာအရောင်ဆိုတာ ပုံနဲ့ တကွ မြင်သာအောင် ဖော်ပြပေးနိုင်ပါတယ်။


ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ??


လူတိုင်း လူတိုင်း - နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အမှတ်တရ နေ့ရက်ဆိုတာ ရှိပါတယ်။ ဥပမာ ဆိုကြပါစို့ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့နေ့ - ဒီနေ့ကနေ စတင်ရေတွက်လိုက်ရင် လွတ်လပ်ရေးရခဲ့တာ ဘယ်နရက်တောင် ကြာခဲ့ပြီလဲ - ဒါကိုလည်း Wolfram Alpha က တိတိကျကျ တွက်ချက်ပေးတတ်ပါတယ်။




ကျွန်တော် အထက်မှာ ဖော်ပြခဲ့သမျှဟာ Wolfram Alpha အတွက် အလွယ်ကူဆုံး မေးမြန်းချက်တွေပါ - ဒါတွေက Wolfram Alpha ရဲ့ စွမ်းဆောင်နိုင်ရည် အကုန် မဟုတ်သေးပါဘူး - နောက်ထပ်သူ့ကို ဘာတွေ မေးလို့ ရသေးလဲ ဆိုတာ နယ်ပယ်အလိုက် ဒီနေရာကနေ သွားရောက်လေ့လာပြီး သိချင်ရာကို မေးမြန်းနိုင်ပါသေးတယ်။

အထက်မှာ ဖော်ပြခဲ့သလောက်ကို လေ့လာခဲ့ပြီးရင် Wolfram Alpha ရဲ့ စွမ်းဆောင်နိုင်ရည်ကို အတိုင်းအတာ တစ်ခုထိတော့ မိသားစုဝင်တွေ အသိအမှတ်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts