Online ပေါ်မှာ လည်ပတ် သွားလာမယ် ဆိုရင် Password တွေရဲ့ လုံခြုံရေးကို အရေးစိုက်သင့်တယ် ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး ကျွန်တော် Passwords များ လုံခြုံရေး သတိပြုနိုင်ကြစေရန် - သင့် Password မည်မျှ ကြံ့ခိုင်ပါသနည်း ?? စတဲ့ ခေါင်းစဉ်မျိုးတွေနဲ့ ဆွေးနွေးခဲ့ဖူးသလို မြန်မာမိသားစုဝင် တော်တော်များများလည်း တစ်ယောက်တစ်အားနဲ့ ဝိုင်းဝန်းဆွေးနွေး ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဒီလို အကြောင်းအရာ ဆိုတာမျိုးက အကြံပြုတာသာ ဖြစ်ပြီး လိုက်ပါ လုပ်ဆောင်မယ် -...
Free E-Books for Web Designers
ခုနောက်ပိုင်း Digital ခေတ်မှာ E-books က တော်တော်လေး ခေတ်စားလာတယ် ဆိုပေမယ့် တကယ်တမ်းတော့ စာကြာကြာ ဖတ်မယ်လို့ စိတ်ကူးရင် E-books ကို ကွန်ပြူတာမှာ ဖတ်တာမျိုးထက် စာရွက်နဲ့ Print ထုတ်ပြီး ဖတ်တာမျိုးက လူတိုင်း ပိုပြီး မက်မက်မောမောရှိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်လေ ကွန်ပြူတာနဲ့ စာဖတ်ရတာ မျက်စိစပ်လာရင် ဖတ်မယ့် အပိုင်း လေး ငါး မျက်နှာလောက်ကို မသုံးတော့တဲ့ တစ်ဖက်လွတ် စာရွက်ကြမ်းလေးတွေ ရှာပြီး Print ထုတ် ဖတ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခု မကောင်းတာက...
Cloud computing + Adobe = Project Rome ??
Adobe လို့ ပြောလိုက်ရင် ကွန်ပြူတာ သမား အားလုံးနီးပါး ရင်းနှီးပြီးသား ဖြစ်နေလောက်ပါပြီ - ဘာလို့လဲဆို သူ့ ကုမ္ပဏီက ထုတ်တဲ့ Products တွေက အဆင့်မြင့်တယ် - Web Design နဲ့ Print အတွက် ထုတ်ထားတဲ့ Desktop based products တွေကလည်း အရမ်းကို အရည်အသွေးကောင်းတယ် - ဒီလို ဘက်စုံဒေါင့်စုံကနေ ဖန်တီးမှု ပေါင်းစုံနဲ့ ကြိုးစားနေတဲ့ Adobe က အခု သူ့ ကုမ္ပဏီက ထုတ်တဲ့ Products တွေကို Cloud computing အတွက်ပါ အသက်သွင်းနိုင်ဖို့ ကြိုးစားနေကြပြန်ပါပြီ - Cloud...
Navigating The RAM Maze
ဒီအကြောင်းအရာက Profile မှာရော စာချွန်လွှာနဲ့ပါ ကိုချစ်သားငယ်လေး မေးထားလို့ တစ်ခြား မိသားစုက လေ့လာလိုသူတွေလည်း သိနိုင်အောင် ဒီနေရာမှာ ဖော်ပြပေးလိုက်ပါတယ်။ ကျွန်တော်တို့ အတိုကောက် ခေါ်ကြတဲ့ RAM ဆိုတာ Random Access Memory ဆိုတာတော့ ကွန်ပြူတာနဲ့ ရင်းနှီးထိစပ်နေသူ တော်တော်များများ သိကြပါတယ်။ အတိုကောက် ပြောကြရင်တော့ Memory ပေါ့ - သူက ကွန်ပြူတာတစ်လုံးကို ဘယ်လို ကူညီသလဲ ?? နားလည်လွယ်အောင် ပြောရရင် တကယ်လို့ RAM ဆိုတာ ကျွန်တော်တို့ ခေါင်းထဲက မှတ်ဉာဏ်လိုမျိုးပဲ...
Improve Your Typing Skills With Web-Based Typing Tutors
ခင်ဗျား စာရိုက်တာကလည်း နှေးတာဗျာ - လက်ကွက်ပုံစံကလည်း မမှန်ဘူး - ဒီလိုသာ ရိုက်နေ စာတစ်မျက်နှာရဖို့ ခင်ဗျားကို အချိန်ဘယ်လောက်တောင် ပေးရမှာလဲ ??ဒီ စကားမျိုးတွေက မြန်မာလူမျိုးချင်းချင်းတော့ အားနာတာရော - ယဉ်ကျေးမှု အရရော တော်ယုံ ဘယ်သူမှ ပြောလေ့ မရှိကြ ပါဘူး - ဒါပေမယ့် ကိုယ့်နိုင်ငံ မဟုတ်တဲ့ တစ်ခြား နိုင်ငံကို ရောက်ရင်တော့ ဒီအကြောင်းအရာတွေက စကားပြောလာပြီ - ကိုယ်နဲ့ ရွယ်တူတွေက ကီးဘုတ်မကြည့်ပဲ ဗြောင်းဗြောင်းပြေး ရိုက်နေနိုင်ချိန်မှာ ကိုယ်ကတော့...
Galactic Inbox

ကျွန်တော်က ဂိမ်းနဲ့ ပတ်သတ်ရင် တော်တော်ချာတယ် ပြောရမယ် - သူများတကာတွေ သဘောအကျကြီး ကျပြီး ဆော့နေကြတဲ့ dota allstars တို့ - Manager ဂိမ်းတို့ - နောက် Prince of Persia ဘာတစ်ခုမှကို မဆော့တတ်ဘူး - ကျွန်တော် ဘာဆော့တတ်လဲဆို အာလာဒင်တို့ - မာရီယိုတို့ ရမ်ဘိုတို့ပဲ ဆော့တတ်တယ် - ခုနောက်ပိုင်းတော့ နဲနဲ အဆင့်မြင့်လာပြီ - Farmville တို့ Mafia တို့ ဆော့တတ်လာပီ -:Dခုလည်း ဂိမ်းအကြောင်းရေးမယ် ဆိုပြီး ခေါင်းစဉ်အောက်သာ ဝင်လာတာ နဲနဲတော့ သိမ်ငယ်နေသလိုပဲ :D ဘာမှ...
Google Street View in Antarctica
Antarctica - ကျွန်တော်တို့ မြန်မာအခေါ် အန္တာတိက ဆိုတာ ကမ္ဘာ့တောင်ဘက်ခြမ်း မှာ ရှိနေတဲ့ တောင်ဝင်ရိုးစွန်းဒေသ ဖြစ်ပြီး သူ့ကို တောင်သမုဒ္ဒရာ က ဝန်းရံထားပါတယ်။ သူက ကျွန်တော်တို့ လူသားအများစု နေထိုင်ကြတဲ့ အာရှ, အာဖရိက, မြောက်အမေရိက နဲ့ တောင်အမေရိက ပြီးရင် ပဥ္စမမြောက် အကြီးဆုံးတိုက်တစ်ခုပါ။ ဒီ အန္တာတိကတိုက်ရဲ့ ၉၈% ကို ရေခဲ့ထုတွေနဲ့ ဖုံးလွှမ်းထားပြီး သူ့ရဲ့ အထူက ပျမ်းမျှအနေနဲ့ အနည်းဆုံး ၁.၆ ကီလိုမီတာ ရှိတယ်လို့ သိရပါတယ်။ အန္တာတိက...
Easy Way Of Learning Ubuntu Command Line
Linux အကြောင်း မရေးတာကြာပြီ - အရင်ရေးပြီးသားတွေတောင် မပြီးသေးတာတွေလည်း ရှိပါသေးတယ် - ဒါပေမယ့် စိတ်မပါသေးတာကို ဖြစ်ညှစ်ရေးတာထက် စိတ်ဝင်စားတာလေး လေ့လာတွေ့ရှိ ထားတာလေးကို အရင်ရေးတော့ စာဖတ်သူ အတွက်ရော - ကိုယ့်အတွက်ပါ အကျိုးရှိနိုင်မယ်လို့ ယူဆမိတဲ့ အတွက် ဒီ Linux မှာ အရေးပါတဲ့ Command Line အကြောင်း လေး အစပျိုးဖြစ်လိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် Linux geek တစ်ယောက်နီးပါး ဖြစ်လာဖို့ စိတ်ကူးယဉ်မိတယ် - ဒါပေမယ့် Command Line နဲ့ မယဉ်ပါးဘူး - Command...
Did You Forget To Reply An Email ?
အရင်နှစ် Oct. 20th, 2009 ခုနှစ်တုန်းက Online ထီ ထိုးရင်း ကျွန်တော် ဒေါ်လာ ၃ သောင်းခွဲ ပေါက်ခဲ့ပါတယ်။ အဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဆုကြေး ထုတ်ယူနိုင်ဖို့ သတ်မှတ်ရက်အတွင်း အချိန်မှီ အကြောင်းပြန်ကြားပါဆိုပြီး ကျွန်တော့်ဆီ Mail တစ်စောင်ပါ ဝင်လာပါတယ်။ ကျွန်တော့်မှာ အံ့လည်း အံ့သြ - ဝမ်းလည်း ဝမ်းသာ ဖြစ်ပြီး ပျော်မဆုံး ရွှင်မဆုံးနဲ့ အသိတွေကို ညနေပိုင်း သတင်းကောင်း ပြောပြပြီး လိုက်ပြုစုလိုက်တာ ညရောက်တော့ ကျွန်တော်လည်း နဲနဲများသွားပြီး အိပ်ပျော်သွားတယ်...
Never Give Up !
အရင်တုန်းက ကိုလည်း ငယ့်လိုပဲ သိပ် စိတ်ညစ်ခဲ့ရဖူးတယ် - ကိုကလေ ဘယ်တော့မှ တည်မြဲတဲ့ နေရာမှာ မနေရတဲ့ သူ - အကြောင်းက ဖေဖေ ဝန်ထမ်းဖြစ်နေလို့ - ကို့ကို မွေးတော့ ရန်ကုန် - ကြီးတော့ မန္တလေး - အရွယ်ရောက်တော့ ရန်ကုန် ပြန်ပြောင်း - လူလတ်ပိုင်းမှာ ကျိုင်းတုံ - အခြေတည်တိုင်း အပြောင်းအလဲ တစ်ခု အမြဲ ဖြစ်တဲ့ ဝန်ထမ်းမိသားစု ဘဝကို တော်တော် မုန်းမိတယ် - ငယ်ငယ်တုန်းကတော့ ကလေးအတွေးပေါ့ - တစ်နေရာကနေ တစ်နေရာ ပြောင်းရင် ကိုယ့်အပေါင်းအသင်းတွေနဲ့ ခွဲရမှာ စိတ်ညစ်တယ်...
Home
ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုခဲ့ အိမ် ရံရွေလယ်ထည်ဝါစွာ ဆင်စွယ်နန်း အိမ် ကျူထရံတွေကာရံကာ ဓနိမိုး အိမ် နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုခဲ့ အိမ် ရံရွေလယ်ထည်ဝါစွာ ဆင်စွယ်နန်း အိမ် ကျူထရံတွေကာရံကာ ဓနိမိုးအိမ် နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ် အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ ကလေးလေးတွေ နွေးထွေးဖို့လေ ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေမြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ ကမ္ဘာမြေမှာ...
Sharing everything with your comments
Twitter တို့ Facebook တို့ ဆိုတဲ့ Social sites တွေကို ကျွန်တော်တို့ ဘာလို့ သဘောကျကြသလဲဆိုရင် ကိုယ့်စိတ်ထဲမှာ ပေါ်ပေါက်လာတဲ့ ခံစားချက်တွေကို ခဏချင်း မျှဝေလို့ရတာ - နောက်ပြီး ကိုယ်ရေးထားတဲ့ Blog က Posts တွေ တိုက်ရိုက် Publish လုပ်နိုင်တာ - ကြိုက်တဲ့ သီချင်းလေးတွေ Share လုပ်နိုင်တာ - တစ်ချိန်လည်း တစ်ပြိုင်နက်တည်းမှာ ကိုယ့်မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ အင်တာနက်တည်းမှာ ဂိမ်းတူတူ ဆော့နေနိုင်တာ စတဲ့ အားသာချက်တွေကြောင့် ဖြစ်ပါတယ်။ အဲတော့...
Myanmar

ကျုပ်တော့ ခင်ဗျားတို့ကို နည်းနည်းလေးမှ ကြည့်မရချင်ဘူး -
ခင်ဗျားတို့ကလေ ကိုယ့်လူမျိုး ကိုယ့်ဘာသာစကားကို နည်းနည်းလေးမှ မလေးစားကြဘူး - အထင်လည်း မကြီးကြဘူး - အထင်ကြီးရ ကောင်းမှန်းလည်း မသိကြဘူး - ခင်ဗျားတို့တွေ ကိုယ့်ဘာသာစကား မဟုတ်တဲ့ တစ်ခြား ဘာသာစကားကို သူတို့ နိုင်ငံသားလို ပြောနိုင် ရေးနိုင် ဆွေးနွေးနိုင်တာကို ကျုပ် လေးစားပါတယ် - ဂုဏ်ယူပါတယ် - အဲလိုဖြစ်အောင် အားထုတ်နိုင်ခဲ့တဲ့ ခင်ဗျားတို့ကို တကယ်လည်း ချီးကျူးပါတယ်။ ဒါပေမယ့် ခင်ဗျားတို့တွေ...