Letters To My Daughter ( 3 )

Leave a Comment
အင်တာနက်ထဲ လည်ပြီ ပတ်ပြီ စာတွေဖတ်ပြီ - ဒီလိုဆို သမီးမှာ သူငယ်ချင်းတွေ ရလာတော့မယ်။ သူငယ်ချင်းတွေဆို အနွံတာ ခံပြီး အမြဲ ကူညီပေးချင်တတ်တဲ့ ဖေ့သမီးလေးက အွန်လိုင်းပေါ်က သူငယ်ချင်းတွေ တစ်ခုခုလိုအပ်လို့ ( စာအုပ်တွေ ဖြစ်စေ - Software တြွေဖစ်စေ - သီချင်းတွေ ၊ ဗွီဒီယိုတွေ ဖြစ်စေ ) ဝေမျှဖို့ တောင်းခံလာရင် သမီးမဖြစ်မနေ သိထားဖို့ နောက်တစ်ခု လိုအပ်လာပြီ - အဲတာကတော့ လက်ခံသူနဲ့ ဝေမျှသူကြားမှာ ပေါင်းကူးတံတား အဖြစ် ဆောင်ရွက်ပေးနေတဲ့ Uploading Sites တွေပဲ သမီး - ကပ်စေးနဲပြီး အသုံးနဲ့ အဖြုန်းကို ခွဲခြား သိတတ်တဲ့ သမီးက တော်ရုံနဲ့တော့ Uploading Sites တွေက Premium account ကို ဝယ်မှာ မဟုတ်ဘူး ဆိုတာလည်း ဖေဖေသိတယ်။ ဒီလိုဆို သမီးနဲ့ သမီးရဲ့ သူငယ်ချင်းတွေ ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်နေတဲ့ ဖိုင်တွေ လေလိှုင်းပေါ်ကနေ တစ်ဆင့် ဝေမျှနိုင်ဖို့ ဖေဖေရေးထားဖူးတဲ့ Multiple File-Hosting Sites များအကြောင်း ဆိုတာကို သမီး ဖတ်ထားရတော့မယ်။




ဒီတစ်ခုတည်းတင် ဘယ်ဟုတ်ပါ့မလဲ - File Sharing နဲ့ ပတ်သတ်ရင် နောက်ထပ် သမီး မဖြစ်မနေ ဖတ်ရဦးမယ့် တစ်ခြား အကြောင်းတွေ ဖေဖေ ရေးထားတာ ရှိသေးတယ်။ အဲတာတွေကတော့ လျင်မြန်လွယ်ကူသော Sharing နည်းစနစ်အင်တာနက်အား အကျိုးရှိစွာ အသုံးချခြင်းအလွယ်ကူဆုံး File Sharing နည်းပညာအား အသုံးချခြင်း ဆိုတာတွေလည်း သမီး ဖတ်ထားသင့်သေးတယ်။

တစ်ခါတစ်လေမှာ သမီးရဲ့ သူငယ်ချင်းက သမီးဆီကို Documents တွေ - Images တွေ ဒါမှမဟုတ် Video clips တွေ ပို့ပေးလာကြပြီး သမီးစက်ထဲ ရောက်တော့ သူတို့ ပေးတဲ့ဖိုင်တွေက ဖွင့်လို့ မရဖြစ်နေတာမျိုး သမီး ကြုံရလိမ့်ဦးမယ်။ အဲလို ဖြစ်ရင် သမီး စိတ်မပူနဲ့ - ဒါက သူတို့ မှားတာလည်း မဟုတ်ဘူး - သမီးမှားတာလည်း မဟုတ်ဘူး - ခုလို ဖြစ်နေတာ သမီးစက်ထဲမှာ သက်ဆိုင်ရာ ဖိုင်အမျိုးအစားတွေကို မှန်မှန်ကန်ကန် ဖွင့်ပေးနိုင်တ့ဲ Software တစ်ခု မရှိလို့ပဲ - အဲလို ဖြစ်နေရင် အလွယ်ကူဆုံး ပြင်ဆင်နိုင်တာ online-convert.com ပဲ သမီး -


နောက် သူ့လိုပဲ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ပုံချင်းတူတဲ့ zamzar.com - convertfiles.com နဲ့ တစ်ခြား ဆိုဒ်တွေလည်း အများကြီးကို ရှိသေးတယ် သမီးရေ - ဒီ Free online file converter တွေရဲ့ လုပ်ဆောင်ချက်က ဖိုင်တစ်ခုခု သမီးထည့်လိုက်ရင် Audio ဆို Audio အလျှောက် - Image ဆို Image အလျှောက် - Document ဆို Document အလျှောက် သမီးလိုချင်တဲ့ တစ်ခြား သမီးစက်ထဲမှာ ရှိတဲ့ Software ရဲ့ Format ကို ထုတ်ယူလို့ ရတာပဲ -

သြော် အဲတာနဲ့ စကားစပ်မိတုန်း သမီးကို တစ်ခါတည်း မေးကြည့်ရဦးမယ် - တစ်ခါတစ်လေလေများ Applications တွေ စက်ထဲ Install လုပ် သုံးနေရတာ စိတ်မပျက်မိဘူးလား ?? အဲလိုများ စိတ်ထဲ ဖြစ်လာရင် သမီး သဘောကျတဲ့ Software လေးတွေကို Install လုပ်စရာ မလိုပဲ Portable သုံးလို့ ရသေးတယ် သမီးရဲ့ - အဲ့အတွက်တော့ Portable Software တွေကို တစ်ခုချင်း လိုက်ရှာနေစရာ မလိုပဲ လူကြိုက်များ လူသုံးများတဲ့ Applications တွေအားလုံးကို Portable အဖြစ် စုစည်းပေးထားတဲ့ အသင့်သုံး Portable Apps Suites များ ဆိုတာ ရှိသေးတယ် သမီးရေ - သေချာတာပေါ့ သမီးဖတ်ကို ဖတ်ရလိမ့်ဦးမယ်။ ဖေဖေက တစ်ချိန်လုံး စာဖတ်ခိုင်းနေတာပဲလို့ သမီးကတော့ ပြောတော့မယ်။ ဒါပေါ့ - သမီးက အများကြီး သိချင်တာကိုး - အများကြီး သိချင်တဲ့ သူဆိုတာ ဘယ်တော့မှ သူများကို အမြဲတမ်း အားကိုးလို့ မရဘူး သမီး - ကိုယ်ကိုယ်တိုင်က စာများများဖတ်မှ ကိုယ်သိချင်သလောက်ကို ပြည့်ပြည့်ဝဝ သိနိုင်လိမ့်မယ် - သိချင်စိတ်တော့ ရှိပါရဲ့ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် အားမကိုးပဲ သူများကိုပဲ သမီး အားကိုးနေမယ် ဆိုရင် သူများပေးသလောက်ပဲ ငါ့သမီးလေး ရနေမှာပေါ့ - ဒါ့ကြောင့် ဖေဖေကတော့ သမီးတစ်ခုခု မေးလာရင် စာတွေပဲ ဖတ်ခိုင်းနေရဦးမှာပဲ -

ချစ်သမီးသို့ ပေးစာများ အမှတ် ( ၄ ) ဆက်ရန် -

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts