Transforms Ubuntu to Windows 7

Leave a Comment

Windows users တော်တော်များများဟာ Windows ကနေ Linux ( Ubuntu ) ကိုပြောင်းလဲ အသုံးပြုဖို့ဆိုရင် တော်တော်လေး စဉ်းစားကြတာ တွေ့ရပါတယ်။ အခြေခံအားဖြင့် စဉ်းစားကြတာတွေထဲမှာမှ အထူးသဖြင့် စိုးရိမ်ကြတာ Windows နဲ့ မတူတော့ပဲ ပြောင်းလဲသွားမယ့် Linux ( Ubuntu ) ရဲ့ အပြင်အဆင်ကိုပါ။ Windows XP ကနေ Windows 7 ပြောင်းသုံးရင်တောင် ဘယ်နေရာမှာ ဘယ်တွေရှိလဲ - ဘာ Functions တွေ ထူးပြီး တိုးလာလဲ ဆိုတာ ပုံမှန်အားဖြင့် ကြိုတင်မလေ့လာထားခဲ့ရင် ချက်ချင်း မသိနိုင်ပါဘူး။ ဒီလို ပြဿနာမျိုးကို Windows ကနေ Linux ပြောင်းလဲ အသုံးပြုချင်သူ ၊ စမ်းသပ်သုံးစွဲချင်သူ Users တော်တော်များများလည်း စိုးရိမ်ကြတာ တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ စိုးရိမ်စရာ မဟုတ်ပါဘူး။ Windows ရဲ့ အပြင်အဆင်ကို ရင်းနှီးနေပြီး တစ်ခြား OS တစ်ခုနဲ့ မရင်းနှီးသူတွေအတွက် ကိုယ်သုံးနေကြ Windows ပုံစံအတိုင်း အတော်များများ ဆင်တူအောင် ပြောင်းလဲ ပေးနိုင်တဲ့ Pack တစ်ခု Linux ( Ubuntu ) မှာ ရှိနေပါတယ်။ သူ့အမည်ကတော့ Win2-7 Pack ပါ။

Win 2-7 Pack ဟာ Ubuntu Desktop ကနေ Windows 7 နဲ့ အနီးစပ်ဆုံး ဆင်တူအောင် ပြောင်းလဲ ပေးနိုင်တဲ့ Pack တွေထဲမှာတော့ အကောင်းဆုံး Transformation pack တစ်ခုပဲ ဖြစ်ပါတယ်။ Windows ရဲ့ အပြင်အဆင်ကို ရင်းနှီးနေပြီး Ubuntu Desktop ကိုများ အသုံးမပြုချင်ဘူးလား - ဒါဆိုရင်တော့ တစ်ခြားကို မရွေးပါနဲ့ ဒီ Win2-7 Pack ကိုပဲရွေးပြီး Ubuntu Desktop ကနေ Windows 7 ကို ပြောင်းလဲပစ်လိုက်ပါ။ နောက်ပြီး ဒီအောက်က Comment လေးကို တစ်ချက် ဖတ်ကြည့် ပေးပါဦး။


Win 2-7 Pack က ဘယ်လောက်ထိတောင် အသုံးဝင်လဲ ဆိုရင် သူ့ရဲ့ ငါးနှစ်သမီးလေးတောင် Windows 7 ရော Ubuntu Desktop ကိုပါ Win 2-7 Pack ရဲ့ အကူအညီနဲ့ interface problem လုံးဝမရှိပဲ အသုံးပြုနိုင်နေပြီ ဆိုပဲ။ ဒီလိုဆို ငါးနှစ်မကတဲ့ ကျွန်တော်တို့တွေ Linux ကို ကောင်းကောင်း သုံးလို့ ရပြီပေါ့ - :D




ပုံမှန်အားဖြင့်တော့ မူရင်း OS တစ်ခုရဲ့  Skin ကို ပြောင်းလဲပစ်တယ်ဆိုတာ သိပ်ကောင်းတဲ့ လက္ခဏာရပ်တစ်ခု မဟုတ်သလို လူတိုင်းလည်း သဘောမတွေ့ကြပါဘူး။ ဖြစ်နိုင်ရင်တော့ မူရင်း OS ရဲ့ skin ကိုပဲ အသုံးပြုပြီး သူ့ OS ရဲ့ အားသာချက် အားနည်းချက်တွေကို ရင်းနှီးနိုင်အောင် ကြိုးစားနိုင်တာ အကောင်းဆုံးပါပဲ။ ခု ကျွန်တော်ဖော်ပြတဲ့ ဖော်ပြချက်ဟာ OS တစ်ခုရဲ့ အပြင်အဆင်ကို အစွဲကြီးသူများ - နယ်ပယ်တစ်ခုတည်း ပေါ်မှာ ပုံသေသွားချင်သူများ - နည်းပညာနဲ့ အကျွမ်းတဝင် မရှိသေးတဲ့ မိမိရဲ့ ကလေးငယ်များ အတွက် Computer ကို အသုံးပြုရာမှာ အဆင်ပြေလွယ်ကူစေဖို့ ရည်ရွယ်ရင်းပဲ ဖြစ်ပါတယ်။


Gnome-look မှာ ရှိနေတဲ့ OS skinning တွေဟာ Ubuntu desktop ကို Windows 7 ပြောင်းလဲလို့ ရယုံ တစ်ခုတည်းတင် မဟုတ်ပါဘူး။ Ubuntu desktop ကနေ တစ်ခြား OS တစ်ခုကိုလည်း ပုံစံတူ ပြောင်းလဲ အသုံးပြုနိုင်အောင် စီစဉ်ပေးထား ပါသေးတယ်။ ( ဥပမာ - Ubuntu desktop to Mac OS X ) - Ubuntu desktop ကနေ တစ်ခြား OS ပုံစံ - ဘယ်ပုံစံတွေကို ပြောင်းလဲလို့ ရမလဲ - ဘယ် transformation packs တွေရှိသလဲ ၊ တစ်ခုချင်းစီက ဘယ်လောက်ထိ လူကြိုက်များလဲ ဆိုတာ ဒီနေရာကနေ သွားရောက်ကြည့်ရှု့ လေ့လာနိုင်ပါတယ်။


Win 2-7 Pack ကို အသုံးပြုခြင်း အားဖြင့် ကျွန်တော်တို့ ဘာတွေများ ထူးခြားသွားနိုင်ပါသလဲ -

Win2-7 pack ရဲ့ Size က နဲနဲတော့ ကြီးပါတယ်။ 43.39 MB ပါ။ ဘာကြောင့် အဲလောက်တောင် Size က ကြီးနေရတာလဲ။  ဘာကြောင့်လဲဆိုရင် သူ့မှာ Themes တွေရော Extra applications တွေရော များစွာ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။


Pack ထဲမှာ ပါဝင်နေတဲ့ အဓိက အရာတွေကတော့ : -


  • Windows 7 style icon themes
  • Windows 7 style GTK, Metacity & Emerald themes
  • Windows 7 sound theme
  • Wallpapers

ဒါ့အပြင် ဒီအောက်က ဟာတွေပါ ပေါင်းထည့်ထားပါတယ် : -


  • Emesene theme
  • Terminal theme
  • GNOMenu themes
  • Pidgin tweaks
  • OpenOffice splash screen
  • Fonts
  • Emoticons
  • DockBar theme

Download

Download ရယူချင်မယ် ဆိုရင်တော့ ဖော်ပြပါ နေရာကနေ တဆင့် သွားရောက်ရယူနိုင်ပါတယ်။ >> Gnome-look.org

Installation

Installation လုပ်ဆောင်ဖို့ အတွက်ကတော့ ခက်ခက်ခဲခဲ မရှိပါဘူး Download လုပ်လို့ ရလာတဲ့ archive ကို extract လုပ်ပြီး "install.sh" ဆိုတဲ့ file ကို Double-click ပေးပြီး run ယုံပါပဲ။

အခက်အခဲ အားလုံး ကင်းရှင်းနိုင်ကြပါစေ။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts