CRC failed Error

Leave a Comment
KznT ခင်ဗျာ ....

ကျွန်တော်တို ့ WinRAR ခွဲထားတဲ့ဖိုင်တွေကို ပြန်ဖြေတဲ့အခါ ကြုံတွေ့နေကျဖြစ်တဲ့ CRC failed , The file is corrupt ဆိုတဲ့ ပြသနာလေးများအကြောင်းလည်း ဒီနေရာလေးမှာ အချိန်ရရင် ရှင်းပြပေးပါအုံးခင်ဗျာ ...ခဏခဏ ကြုံရပါတယ် ... တစ်ခါတစ်လေ အပိုင်း ၂၀ လောက်ဒေါင်းပီး ပြန်ဖြေလိုက်တဲ့အချိန် အဲ့လိုဖြစ်တဲ့အခါ တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ် ... တင်ပေးတဲ့သူရော ဒေါင်းတဲ့သူအတွက်ပါ တော်တော်အလုပ်ရှုပ်စေတဲ့ Error ပါ.... ခဏခဏတွေ့ရတဲ့ Diagnostic messages ပါ

 C:\Users\MyPC\Desktop\New folder\Window XP.part05.rar: CRC failed inWindow XP.rar. The file is corrupt
ဘာကြောင့်အဲ့လိုဖြစ်တာလဲဆိုတာ ခွဲတုန်းက Error လား ဒါမှမဟုတ် ပြန်ဆက်တဲ့ အခါ တက်တာလားဆိုတာ .... ပီးတော့ မဖြစ်အောင်ဘယ်လိုလုပ်ရမလဲ ကျေးဇူးအထူးတင်ပါတယ် ......



ဟုတ်ကဲ့ပါ ကိုမြင့်မိုရ် -

ပုံမှန်အားဖြင့်တော့ CRC failed , The file is corrupt လို့ဖော်ပြတာဟာ ကျွန်တော်တို့ Downloaded လုပ်ခဲ့တဲ့ ဖိုင်က corrupt file ဖြစ်နေတယ်လို့ ဆိုလိုတာပါ။ ဒါက ကျွန်တော် အလွယ်ပြောကြည့်တာပါ။ ဒီလိုပြဿနာမျိုး ကြုံရင် ပထမဆုံး လုပ်ဆောင်သင့်တာကတော့ အဲ့ဖိုင်ကိုပဲ နောက်တစ်ကြိမ် Download ချကြည့်ပါ။ အဲလိုလုပ်ဆောင်တဲ့ နေရာမှာ တစ်ခါတစ်လေ downloader programs တြွေဖစ်တဲ့ Download accelerator, Internet Download manager, flashget, ဆိုတာတွေ မသုံးပဲ browser downloading engine ကိုပြောင်းသုံးပြီး Download ချကြည့်ပါ။  ကိုယ့်စက်မှာ တင်ထားတဲ့ downloading program ကနေ အလိုလျောက် Download ချခြင်းကို တားမြစ်ဖို့ အတွက်ကတော့ download link ကို click ပေးတဲ့ အချိန်မှာ Alt ကိုနှိပ်ထားပြီး click ပေးပါ။ ဒါဆို browser downloading engine နဲ့ သူ Download ချပါလိမ့်မယ်။

Files တွေကို corrupt ဖြစ်မဖြစ် စစ်တဲ့ freeware programs တွေလည်း တော်တော်များများရှိပြီး - Corrupt downloads တွေကို  ပြင်ဖို့အတွက် ထုတ်ထားတဲ့ freeware programs တွေလည်း တော်တော်များများ ရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် စမ်းခဲ့ဖူးသလောက်တော့ Corrupt files တွေကို အဲ့ဒီ့ freeware programs တွေသုံးပြီး ပြင်ဆင်တဲ့ နေရာမှာ တစ်ခုမှ အဆင်ပြေခဲ့ဖူးတာ မရှိခဲ့သေးပါဘူး။

တကယ်လို့ ဒီဖိုင်ကိုပဲ ထပ် Download လုပ်တယ် - ဒါပေမယ့် ပြန်စမ်းပြန်တော့ Corrupt ဖြစ်တုန်းပဲ ဆိုရင် အဲ့ဖိုင်ကိုပဲ အင်တာနက်ထဲမှာ Google Search Engine တို့ Torrent Search Engine ဆိုတာမျိုးတွေကနေ ပြန်ရှာပြီး သင့်တော်ရာနေရာ ကနေ Download ပြောင်းချဖို့ ကြိုးစားကြည့်နိုင်ပါတယ်။

တစ်ခါတစ်ရံမှာ ဒီပြဿနာရဲ့ အရင်းအမြစ်ဟာ File ကြောင့် မဟုတ်ပဲ WinRAR ကိုယ်တိုင်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ တကယ်လို့ ကိုယ့်စက်မှာ သုံးထားတဲ့ WinRAR ဟာ အခုလက်ရှိ မူရင်း Website မှာ ထုတ်ထားတဲ့ နောက်ဆုံး Version ထက် နိမ့်နေခဲ့မယ် ဆိုရင် စက်ထဲမှာ ရှိနေတဲ့ WinRAR ကို အရင်ဆုံး Uninstall လုပ်ပြီး နောက်ထပ် WinRAR versions အသစ်နဲ့ ပြန်စမ်းသပ်ကြည့်နိုင်ပါတယ်။ WinRAR versions အသစ်ဆိုပေမယ့် Beta versions တွေ မသုံးမိဖို့ကိုတော့ သတိပြုပေးပါ။ WinRAR နောက်ဆုံး versions တွေကတော့ ဖိုရမ်မှာလည်း တော်တော်များများရှိပါတယ်။

တစ်ခါတစ်လေ စည်းမျဉ်းစည်းကမ်း သိပ်ကြီးတဲ့ antivirus tool တွေကြောင့်လည်း ဒီပြဿနာ ပေါ်တက်ပါတယ်။ ဒါကြောင့် antivirus tool ရဲ့ auto-protection ခဏ Disable လုပ်ထားပြီး စမ်းကြည့်နိုင်ပါတယ်။

နောက်ထပ်နည်းတစ်နည်း အနေနဲ့ကတော့ WinRAR latest version နဲ့မှ အဆင်မပြေသေးဘူးဆိုရင် WinZip ကို ပြောင်းသုံးပြီး စမ်းကြည့်နိုင်ပါတယ်။

နောက်တစ်မျိုးကတော့ ALZip ပါ - သူနဲ့လည်း စမ်းကြည့်နိုင်ပါတယ်။

CRC ရဲ့ Definition ကတော့ ( Cyclical Redundancy Checking ) ဖြစ်ပြီး digital data တွေကို နေရာတစ်ခုကနေ တစ်ခုရှိရာဆီ transmitting လုပ်တဲ့ အခါမှာ accuracy ဘယ်လောက်ထိ တိကျသေချာသလဲ ဆိုတာကို စစ်ဆေးတဲ့ Error checking technique တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် CRC failed ဆိုတာ digital data တွေကို နေရာတစ်နေရာကနေ တစ်နေရာကို transmit လုပ်တဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ Error အများဆုံး ဖြစ်နိုင်တာမို့လို့ နောက်တစ်ချက် စစ်ဆေးသင့်တာ LAN/Ethernet controllers တွေမှာ ပြဿနာ ရှိမရှိ လေ့လာကြည့်သင့်ပါတယ်။ အဲတာတွေကြောင့်လည်း download ချလိုက်တိုင်း CRC errors ပေါ်တက်ပါတယ်။ ဒါကြောင့် LAN drivers နဲ့ hardware ကိုသေသေချာချာ စစ်ဆေးပြီး ဖြစ်နိုင်ရင် LAN/Ethernet controllers drivers တွေကို သက်ဆိုင်ရာ websites တွေကနေ download ချပြီး အသစ်ပြန် reinstall လုပ်ဆောင်ပြီး စမ်းသင့်ပါတယ်။

တစ်ခု မဟုတ် တစ်ခုကနေတော့ အဖြေရှာတွေ့နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts