Configuration the Dropbox Folder

Leave a Comment

Originally Posted by ဝင်းအောင်
အစ်ကို ကျွန်တော်လုပ်ကြည် ့တာ Dropbox folder ထဲမှာ အောက်မှာပြထားတဲ ့အတိုင်း အစ်ကို်ပြောတဲ ့ Documents folder မတွေ ့ဘူး။
ကိုဝင်းအောင်ရေ Dropbox folder ထဲမှာ ကျွန်တော်ပြထားသလို Documents folder မတွေ ့ဘူး ဆိုတာက ကျွန်တော့်ဘာသာ ဖိုင်အသစ်တစ်ခုကို Create လုပ်ပြီး ထည့်ထားလို့ပါ။ Dropbox folder ထဲမှာ ကိုဝင်းအောင် ကြိုက်သလောက် Folder တွေ Create လုပ်လို့ ရသလို မကြိုက်တဲ့ Folder တွေကိုလည်း ဖျက်ပစ်နိုင်ပါတယ်။ ကိုဝင်းအောင် လုပ်ဆောင်သမျှကို သူက အလိုလျောက် synchronization လုပ်ဆောင်ပေးသွားပါလိမ့်မယ်။



နောက်ပြီးတော့လည်း အစ်ကိုပုံထဲမှာ ပြသလို မျိူး အစိမ်းရောင် အမှန်ခြစ်တာမျိူးလည်း မတွေ ့ရဘူး ။ဒီအတိုင်း ကွန်ပျူတာမှ ာပေါ်သလိုပေါ်နေတယ် ။
ကျွန်တော့်အထင် ကိုဝင်းအောင် New Account Create မလုပ်ရသေးလို့ များလား။ မလုပ်ရသေးရင် ဒီနေရာကနေ Dropbox account သစ်တစ်ခု လုပ်ဖို့လိုပါတယ်။ ကျွန်တော် ပုံနဲ့ တစ်ဆင့်ချင်း ပြန်ပြပေးပါ့မယ်။ အောက်မှာ ဖော်ပြထားတဲ့ အဆင့်တွေအတိုင်း ဟုတ်မဟုတ် တစ်ချက် ပြန်စစ်ကြည့်ပေးပါ ကိုဝင်းအောင်။

အရင်ဆုံး ကိုဝင်းအောင် Account အသစ်ကို ဒီနေရာကနေ Create လုပ်လိုက်ပါ။


Account ရပြီဆိုရင် စက်ထဲမှာ ရှိနေတဲ့ Software ကို စ Run ပါ့မယ်။


နောက်တစ်ဆင့်မှာမြင်ရတဲ့ အောက်ဖော်ပြပါအဆင့်မှာ Options နှစ်ခုပါတဲ့ အထဲက ကျွန်တော်တို့တွေ Account ရှိပြီးသားမို့ ဒုတိယမြောက်ကိုရွေးပါမယ်။


နောက်တစ်မျက်နှာမှာ ကိုဝင်းအောင် ရဲ့ Dropbox account ကိုဖြည့်ပြီး ဝင်လိုက်ပါ။ အောက်ဖော်ပြပါအတိုင်း ပုံစံတူ ဖြစ်နိုင်ပါတယ်။


နောက်တစ်ဆင့်မှာ မြင်ရတဲ့ အထဲက ကျွန်တော်တို့တွေဟာ free user ဖြစ်မယ်ဆိုရင် 2G ဆိုတာကိုရွေးပြီး ရှေ့ဆက်သွားပါမယ်။


အောက်ဖော်ပြပါအဆင့်တိုင်းကိုတော့ Next နဲ့ ကျော်လာလိုက်ပါ။








အောက်ဖော်ပြပါအဆင့်ကို ရောက်ပြီဆိုရင် နဲနဲလေး ဂရုစိုက်ရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအဆင့်က Dropbox folder ကို ကိုယ့်စက်ထဲက ဘယ်နေရာမှာ ထားမလဲ ဆိုတာရွေးချယ်ပေးရမယ့် အဆင့်ပါ။ Default အနေနဲ့ကတော့ Windows XP မှာဆိုရင် C:\Documents and Settings\KznT\My Documents\My Dropbox ဆိုတဲ့နေရာမှာ သူက Dropbox folder ကို Create လုပ်မှာပါ။ ( စက်တစ်ခုနဲ့ တစ်ခု User name မတူညီနိုင်ပါ။ )


ဒါကို သဘောမကျရင် ကျွန်တော်တို့ ကြိုက်နှစ်သက်ရာ Partitions တွေထဲက တစ်ခုခုအောက်ဆီ အောက်ဖော်ပြပါအတိုင်း Change ကနေ တစ်ဆင့် ပြောင်းထားနိုင်ပါတယ်။


Change လုပ်ပြီးလို့ OK ပေးလိုက်ချိန်မှာ အောက်ဖော်ပြပါအတိုင်း တွေ့ရပါလိမ့်မယ်။


My Computer ကနေ ခေါ်ကြည့်မယ်ဆိုရင် မြင်ရမယ့် ပုံစံကတော့ အောက်ဖော်ပြပါအတိုင်းပါ။


သက်ဆိုင်ရာ Partition တစ်ခုခုအောက်မှာ My Dropbox folder ကို Create လုပ်ပြီးသွားတဲ့အချိန် Taskbar မှာ အောက်ဖော်ပြပါအတိုင်း Working ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ဆိုလိုတာ ကွန်ပြူတာနဲ့ Online Storage ကို ဆက်စပ်မိအောင် သူချိတ်ဆက်နေပြီ ဆိုတာ ဖော်ပြနေတာ ဖြစ်ပါတယ်။


အဲ့နောက်မှာတော့ အောက်ဖော်ပြပါအတိုင်း အစိမ်းရောင် အမှန်ခြစ် အဖြစ်ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။


ဒါဆိုရင် ကိုဝင်းအောင် လိုချင်တဲ့ File synchronization လုပ်ငန်းစဉ်ကို ကွန်ပြူတာထဲကနေ Drag and Drop စတင်လုပ်ဆောင်နိုင်ပါပြီ။

အဆင်ပြေပါစေ ကိုဝင်းအောင်

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts