Using Bing Maps

Leave a Comment
Online mapping applications တော်တော်များများမှာ နိုင်ငံ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံခြားက မြို့တော်တွေ ဒါမှမဟုတ် နိုင်ငံ တစ်ခုတည်း အတွင်းက မြို့တွေရဲ့ အကွာအဝေးကို တိုင်းတာတွက်ချက်ပေးနိုင်တဲ့ Distance calculator ဆိုတာ built-in အနေနဲ့ တည်ဆောက်ပါဝင်ပြီးသား ဖြစ်ပါတယ် - Google maps မှာလည်း ထိုနည်းလည်းကောင်း အသုံးပြုနိုင်တဲ့ Distance measurement tool ဆိုတာပါ,ပါတယ် - လတ်တလော ဖော်ပြမယ့် အကြောင်းအရာနဲ့ ဆက်စပ်နေတာ မဟုတ်တဲ့ အတွက် နောက် အားလပ်တဲ့ အချိန်မှာမှ Google maps ရဲ့ Distance measurement tool အကြောင်း ကျွန်တော် ထပ်မံ ဖော်ပြပေးပါမယ် - အခုဖော်ပြမယ့် အကြောင်းအရာကတော့ အပေါ်မှာ ကျွန်တော် ဖော်ပြပြီးခဲ့တဲ့ အတိုင်း မြို့ တစ်မြို့နဲ့ တစ်မြို့ကြားက အကွာအဝေးကို Bing maps သုံးပြီး ဘယ်လို တိုင်းတာ သွားမယ်ဆိုတာ အပျော်သဘောလေး ဖော်ပြသွားပါမယ် - 





Bing maps ဖြင့် အကွာအဝေးတိုင်းတာခြင်း

Bing maps မှာ အရင်က ဒီ tool မရှိပါဘူး - ခုနောက်ပိုင်း ပါလာတဲ့ ဒီ Distance calculator အသစ်ဟာ Google maps မှာ ပါတဲ့ Distance measurement tool နဲ့ နဲနဲ ကွဲပြားသလို နဲနဲလေးလည်း ပိုပြီး အသုံးပြုရလွယ်ကူတယ်လို့ သုံးသပ်မိပါတယ်။ Bing maps မှာပါဝင်တဲ့ Distance calculator ကို အသုံးပြုပြီး မြို့ တစ်မြို့နဲ့ တစ်မြို့ကြားက အကွာအဝေးကို တိုင်းတာ နိုင်ဖို့ အတွက် အရင်ဆုံး ဖော်ပြပါနေရာကနေ သွားရောက်လိုက်ပါ - Bing maps ပြီးသွားရင် ကိုယ်စပြီး တိုင်းတာချင်တဲ့ မြို့ရှိရာကို သွားလိုက်ပါ - ကျွန်တော်ကတော့ ရန်ကုန်ကို Search box ကနေ သွားပါတယ်။ ပြီးတဲ့နောက်မှာ MAP APPS ကနေ တဆင့် “Distance Calculator” ကို ရွေးရပါမယ်။


အဲနောက်မှာ ဘယ်ဘက်ခြမ်း Side bar မှာ မြင်နေရတဲ့ flag ကို drag ဆွဲပြီး ကိုယ်စတင်တိုင်းတာချင်တဲ့ မြို့ပေါ် ချလိုက်ပါတယ်။ ( ရန်ကုန် ) အဲနောက်မှာတော့ ရန်ကုန်ကနေ နောက်ထပ် ဘယ်လောက်ကွာဝေးသလဲ သိချင်တဲ့ မြို့ ( ကျွန်တော်ကတော့ မန္တလေးကို ဥပမာပေး ရွေးလိုက်ပါတယ် ) ကို ရွေးရပါမယ်။ Search box ကနေ Mandalay ဆိုပြီး ရိုက်သွားလိုက်ပါတယ်။ ပြီးနောက်မှာ MAP APPS ကနေ တဆင့် “Distance Calculator” ကို  နောက်တစ်ကြိမ်ထပ်ရွေးပြီး flag ကို မန္တလေးတည်ရာဆီ ချလိုက်ပါတယ် - အဲနောက်မှာတော့ Bing ကနေပြီး ချက်ချင်းဆိုသလို point နှစ်ခုရဲ့ road distance နဲ့ flight distance ကိုတွက်ချက် ပေးပါလိမ့်မယ်။

Airplane icon က လေကြောင်းနဲ့ သွားတဲ့ အချိန်မှာ အတိုဆုံး ပျံသန်းနိုင်မယ့် အကွာအဝေး ဖြစ်ပါတယ်။ Bus နဲ့ car icon ကတော့ Road distance နဲ့ပတ်သတ်ပြီး သင့်တော်မယ့် လမ်းကြောင်းကို ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။ 


အသေးစိတ် ပုံနဲ့ တကွ ဖော်ပြချင်ပေမယ့် ဒီအကြောင်းအရာက ပုံတွေနဲ့ တင်ပြဖို့ မသင့်တော်လို့ ကျွန်တော် screencast လုပ်ပြီး ဖော်ပြလိုက်ပါတယ်။ ဒီအောက်ကနေကြည့်ရှုနိုင်သလို Youtube မှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။ တကယ်လို့ မှုန်ဝါးဝါး ဖြစ်နေတယ်ဆိုရင် Youtube ကို သွားပြီး အောက်ဖော်ပြပါအတိုင်း 720p ကို ပြောင်းလဲ ကြည့်ရှုပါ။






အားလုံးပဲ ပျော်ရွှင်စွာ တိုင်းတာနိုင်ကြပါစေ :D
KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts