New Google Search Homepage

Leave a Comment

ဘယ်သူတွေ ဘယ်လို Home page ထားရတာ သဘောကျတယ် ဆိုတာတော့ ကျွန်တော်လည်း တိတိကျကျ မသိပါဘူး - Home page ထားတဲ့ ကိစ္စရပ်နဲ့ ပတ်သတ်ပြီး ကျွန်တော် ဒီနေရာမှာ တစ်ခါ ရေးခဲ့ဖူးပါတယ် - ကျွန်တော်ကတော့ Google နဲ့ အမြဲ လက်ပွန်းတတီး နေတာမို့လို့ Home page လို့ ဆိုလိုက်ရင် ဘာမှ ရှည်ရှည်ဝေးဝေး မစဉ်းစားပဲ Google ကိုပဲ အမြဲ ထားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Microsoft ကထုတ်တဲ့ Bing Search Engine ပေါ်လာတော့ ကျွန်တော် Bing Home page ကို တော်တော်လေး သဘောကျမိလိုက်ပါသေးတယ် - သူ့ အပြင်အဆင်နဲ့ Home page မိတ်ဆက်ကလည်း တော်တော်လေးကို အသုံးဝင် ရိုးရှင်းလွန်းတယ်လို့ ကျွန်တော် သုံးသပ်မိပါတယ် -



ဒါပေမယ့်လည်း ကိုယ်သုံးနေတဲ့ Applications တွေနဲ့ Bing နဲ့က အလှမ်းဝေးနေတာ မို့လို့ Google ကိုပဲ ပြန်ပြောင်းခဲ့ရတာပါပဲ - အဲ့တုန်းက Bing ကနေ Google ကို ပြန်ပြောင်းခဲ့ရပေမယ့် စိတ်ထဲမှာတော့ Google လည်း ဖြစ်နိုင်ရင် Bing လိုပဲ Background image လေးများ ပြောင်းပေးရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့ စိတ်ထဲ ဖြစ်မိလိုက်ပါသေးတယ် - 

အခုတော့ Google ကနေပြီး သူ့ရဲ့ လိုအပ်ချက် တစ်ခုကို ဖြည့်ဆည်းလိုက်ပြန်ပါပြီ - Google ရဲ့ Background image ကို ကျွန်တော်တို့ Bing လိုပဲ လှလှပပ ပြောင်းလဲလို့ ရပါပြီ - ဖော်ပြပါ လုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ အတွက် Google.com ဆီ ဦးတည်လိုက်ပါ - ကျွန်တော်တို့ ရဲ့ Mouse ကို screen ရဲ့ ဘယ်ဘက် အောက်ထောင့်ကို ရွေ့ပြီး background image ကို ပြောင်းလဲနိုင်ပါပြီ။


ဖော်ပြပါအတိုင်း ပြောင်းလဲတဲ့ နေရာမှာ ကိုယ့်ကွန်ပြူတာထဲမှာ ရှိနေတဲ့ ဓာတ်ပုံကို ဖြစ်စေ - ကိုယ့်ရဲ့ ကိုယ်ပိုင် Picasa Web Album မှာ ရှိနေတဲ့ ဓာတ်ပုံကို ဖြစ်စေ - Picasa မှာပဲ ရှိနေတဲ့ Public gallery ထဲက အလှဆုံး ဆိုတဲ့ ဓာတ်ပုံတွေကိုပဲဖြစ်စေ ဆွဲယူ ဖော်ပြနိုင်ပါသေးတယ်။ 

ကျွန်တော်ဖော်ပြထားတဲ့ Google ရဲ့ New feature ကို ခုသုံးလို့ မရခဲ့သေးဘူး ဆိုရင်လည်း စိတ်မပျက်သွားပါနဲ့ဦး - လတ်တလော အခြေမှာ U.S အတွင်းမှာ ရှိနေတဲ့ Google users တွေအတွက်ပဲ အသုံးပြုနိုင်အောင် အတည်ပြုရသေးလို့ပါ - ဒါပေမယ့် မကြာခင်ရက်အတွင်းမှာတင် တစ်ကမ္ဘာလုံး အသုံးပြုနိုင်အောင် Google က အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး အသေးစိတ် သိချင်သေးမယ် ဆိုရင် ဒီနေရာကနေ သွားရောက် ဖတ်ရှုနိုင်ပါသေးတယ်။

မြန်မာမိသားစုများအားလုံး လှပတဲ့ Google Background image တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ -

KznT.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts